ယွီဝမ်ထုန်က အကန်ခံချင်နေတာလား။
................................................
လင်းကျန်နှင့် လင်းကျောက်ဝမ်တို့က ယနေ့မနက်တွင် ထွက်သွားပြီး နောက်တစ်နေ့အထိ ပြန်မလာချေ။ သူတို့ ချီစီရင်စုသို့ သွားရသည့်အကြောင်းရင်းမှာ ထိုနေရာတွင် ရောင်းချမည့် ဆေးစိုက်ခင်းတစ်ခုရှိသောကြောင့်ပင်။ ၎င်း၏ယခင်ပိုင်ရှင်မှာ ချီစီရင်စုမှ တရားသူကြီးဖြစ်ခဲ့ပြီး ယခုအခါတွင် အကျဉ်းချခံထားရကာ ပိုင်ဆိုင်မှုများမှာလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် အသိမ်းခံလိုက်ရသည်။ ဒေသခံအစိုးရက ဆေးစိုက်ခင်းကို ရောင်းချရန် ဆုံးဖြတ်ထားသည်။
ဆေးစိုက်ခင်းက အတော်ကျယ်ပြီး လူအများအပြားက ၎င်းကိုဝယ်ချင်သော်လည်း လင်းမိသားစုဝင်များက ဈေးပြိုင်ပေးသောအခါ ထိုလူအားလုံး လက်လျှော့သွားသည်။
ထိုဆေးစိုက်ခင်းကို တရားဝင်လက်လွှဲယူရန်အတွက် လင်းကျန်နှင့်သူ့ဦးလေးတို့က အနည်းငယ်အလုပ်ရှုပ်ရသည်။ သူတို့က ဆေးစိုက်သမားများမှလွဲ၍ ထိုစိုက်ခင်းမှ ကျန်သည့်လူအားလုံးကို အလုပ်ဖြုတ်လိုက်သည်။ လင်းကျောက်ဝမ်က ကျိုးချွမ်းဖူကို ဤဆေးစိုက်ခင်းအား တာဝန်ယူစေသည်။ ထန်းယန်မြို့တောင်ပိုင်းမှဆေးစိုက်ခင်းကို ကျိုးချွမ်းဖူ၏အလုပ်သင်၊ ယခုအခါ ရာထူးတိုးသွားသော ဝုကန်က တာဝန်ယူရသည်။
ချီစီရင်စုနှင့် ထန်းယန်မြို့က ဝေးသည်။ ထိုနေရာနှစ်ခုအကြား သွားလာဆက်သွယ်လျှင် အချိန်ကြာမည်ဖြစ်ရာ ဆေးစိုက်ခင်းကို စောင့်ကြည့်မည့် လုံခြုံရေးအစောင့်များကို လိုလာသည်။
လင်းကျန်က ထိုနေရာတွင် ညအိပ်ခဲ့သည်။ အရေးအကြီးဆုံးကိစ္စများကို လင်းကျောက်ဝမ်နှင့်အတူ ကိုင်တွယ်ပြီးနောက် လင်းကျန်က အစောင့်အချို့ကို ခန့်အပ်ကာ ကြီးကြပ်လီကိုနေစေခဲ့ပြီး ထန်းယန်သို့ပြန်လာသည်။
ချီစီရင်စု၌ နေနေစဉ်တွင် လင်းကျန်က မည်သည့်ရည်ရွယ်ချက်ဖြင့် မဟာမာန်တောင်သို့သွားမှန်း မသိရသော နယ်စောင့်တပ်သားအသစ် တစ်သောင်းကျော်က ချီစီရင်စုအနီးမှ ဖြတ်သွားသည်ကို တွေ့ခဲ့ရသည်။
*****
"တိုင်ချိန့်ရဲ့လူတွေ မဟာမာန်တောင်ဘက်သွားတာကို ကျွန်တော် တွေ့ခဲ့ရတယ်။ တပ်သားတွေမှ အများကြီးပဲ။" လင်းကျန်က အိမ်ပြန်ရောက်ပြီးနောက် ယွီဝမ်ထုန်ကို အသိပေးလိုက်သည်။
"မဟာမာန်တောင်ပေါ်ကဖြတ်လမ်းက မြို့တော်ကိုရောက်ဖို့အချိန်ကို တော်တော်လျော့စေတယ်။ တစ်ယောက်ယောက်က အဲ့ဒါကိုအခွင့်ကောင်းယူပြီး ထပ်ပုန်ကန်မှာကို ဧကရာဇ်ကစိုးရိမ်လို့ တိုင်ချိန့်ကို လမ်းပိတ်ခိုင်းလိုက်တာ။ ကျန်ချောင်းရဲ့လူတွေက အဲ့နေရာမှာ နှစ်တွေချီပြီး ခိုးတူးထားတာဆိုတော့ လမ်းပိတ်ဖို့ဆို တစ်လ၊နှစ်လလောက် ကြာလိမ့်မယ်။" ယွီဝမ်ထုန်က ပြန်ပြောသည်။
"ဒီတော့ တိုင်ချိန့်က ထန်းယန်မှာ တစ်လ၊နှစ်လလောက် နေဦးမှာပေါ့။"
"ဟုတ်တယ်။ ဒီတာဝန်အတွက် ဧကရာဇ်ယုံနိုင်တာက သူ့အပြင်မရှိဘူး။ ပြီးတော့ ထန်းယန်ရဲ့နယ်စောင့်တပ်မှူးကို ဘယ်သူ့ခန့်မလဲဆိုတာ မဆုံးဖြတ်ရသေးဘူး။"
"ဘယ်သူ တာဝန်အပေးခံရမလဲဆိုတာ ကျွန်တော်သိချင်မိသား။"
တပ်မှူးအသစ်က ကျန်ချောင်းနှင့်တူမည်ကို လင်းကျန်စိုးရိမ်မိသည်။ ထိုသို့သာဆိူလျှင် ထန်းယန်မြို့သားများက ထပ်မံခံစားရလိမ့်မည်။
ယွီဝမ်ထုန်က ၎င်းကိုအဖြေထုတ်ပြီးသကဲ့သို့ အတော်တည်ငြိမ်နေသည်။
သူ၏အမူအရာက အနည်းငယ်သံသယဝင်စရာကောင်းကြောင်း သတိထားမိသောလင်းကျန်က သူ့နားသို့တိုးကာ မေးလိုက်သည်။ "ခင်ဗျား သတင်းရထားတယ်မဟုတ်လား။"
ယွီဝမ်ထုန်က သူ့ကိုတစ်ချက်ကြည့်သည်။ "မင်းသိချင်တာလား။"
လင်းကျန်က သူ့ကို မျှော်လင့်ချက် တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ "သိချင်တယ်။"
ယွီဝမ်ထုန်က မျက်ခုံးပင့်ကာ ရုတ်တရက်မေးဆတ်၍ လင်းကျန်ကိုအချက်ပြသည်။
လင်းကျန်မှာ ဇဝေဇဝါဖြစ်သွား၏။ 'ဘာပြောချင်တာလဲ။'
ယွီဝမ်ထုန်က သူ့ကိုငေးသာကြည့်နေသည်။
လင်းကျန်က အတော်ကြာစဉ်းစားပြီးနောက် သဘောပေါက်လာသည်။ ထို့နောက် သူ့မျက်နှာရဲသွားကာ မကျေမနပ်ကြည့်လိုက်သည်။ "ခင်ဗျားအဲ့ဒါကိုသိပ်သိနေရင် သိမ်းထားလိုက်။"
'သူက ငါ့ကိုစပြီးနမ်းစေချင်တာလား။ လုံးဝမရဘူး။' သူကတွေးသည်။
ခဏအကြာတွင် ယွီဝမ်ထုန်က ရုတ်တရက်ကိုင်းလာကာ သူ့နှုတ်ခမ်းများကို မွတ်မွတ်သိပ်သိပ်ဖြင့် အသံထွက်၍နမ်းသည်။
ဤတုန့်ပြန်မှုက လင်းကျန်ကို ဆွံ့အသွားစေသည်။
'ယွီဝမ်ထုန်က အရိုက်ခံချင်နေတာလား။'
"ဧကရာဇ်က ဟယ့်ရှောင့်ကို ဒီမှာတာဝန်ချဖို့ ရည်ရွယ်ထားတယ်။"
ဟယ့်ရှောင်လား။ လင်းကျန် စိတ်ပျံ့လွင့်သွားသည်။ ထောင်ဖန်းဆီသို့ သူယခင်နေ့က သွားခဲ့ခြင်းမှာ အကူအညီဖြစ်သွားသည်။ ဟယ့်ရှောင်ကမည်သူမှန်း သူသိပြီးသားပင်။
ဟယ့်ရှောင်က တိုင်ချိန့်ကဲ့သို့ပင် ဧကရာဇ်ထံ သစ္စာရှိပြီး ဧကရာဇ်၏လူယုံ၊ အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သည်။ သူက တော်ဝင်ကိုယ်ခံပညာအရည်အချင်းစစ်ပွဲတွင် ပထမနေရာဖြင့် အောင်မြင်ခဲ့ကာ ငယ်ရွယ်၍ ထောင်လွှားမှုကင်းသည်။
သူက စစ်ဘက်ဖြင့် အသက်မွေးဝမ်းကြောင်းမှု စတင်စဉ်ကတည်းကပင် တိုင်ချိန့်၏လက်အောက်တွင် အလုပ်လုပ်ခဲ့သည်။ မြို့တော်မှ တိုင်ချိန့်ထွက်လာပြီးနောက် သူကမြို့စောင့်တပ်၏ယာယီတပ်မှူးအဖြစ် တာဝန်ရခဲ့ပြီး ၎င်းက ဧကရာဇ်၏ သူ့အပေါ် ယုံကြည်မှုကို ထင်ရှားစွာ ပြသနေသည်။
"ဒါပေမဲ့ ဟယ့်ရှောင်က ငယ်လွန်းတယ်။ ဧကရာဇ်က တကယ် သူ့ကို နယ်စောင့်တပ်မှူးခန့်မလို့လား။" လင်းကျန် တော်တော်အံ့ဩသွားသည်။
"ဘာကြောင့်လဲဆိုတော့ ဟယ့်ရှောင်ရဲ့နောက်ခံက မေးခွန်းထုတ်စရာမလိုလောက်အောင် ရှင်းတယ်လေ။ သူ အဆင့်တစ်နဲ့မအောင်ခင်ကတည်းက သူ့ကိုတိုင်ချိန့်ကိုယ်တိုင် ရွေးပြီးလေ့ကျင့်ပေးထားတာ။ သူက အစကတည်းက ဧကရာဇ်ရဲ့သစ္စာခံဖြစ်နေလောက်တယ်။ ပြီးတော့ ဟယ့်ရှောင်က ဖြောင့်မတ်တယ်။ သူက ကိုယ့်ရဲ့ဂုဏ်သတင်းကိုလက်မခံဘူးလို့ တစ်ခါ ပွင့်ပွင့်လင်းလင်း ပြောဖူးတယ်။ ကိုယ်မြို့တော်ကို လွန်ခဲ့တဲ့သုံးနှစ်က ပြန်လာတုန်းကဆို တိုင်ချိန့်လက်အောက်မှာ တာဝန်ကျနေတဲ့သူက ကိုယ့်ကိုပြိုင်မယ်ဆိုပြီး စိန်ခေါ်ဖူးတယ်။ သူ့ရဲ့ကွန်ဖူးစွမ်းရည်ကတော်တော်ကောင်းသလို သူ့ရဲ့စစ်ဗျူဟာနဲ့ နည်းလမ်းတွေကလည်း ထူးခြားတယ်။ ဧကရာဇ်က သူ့ကို အင်မတန်အထင်ကြီးတယ်။
အဲ့ဒါအပြင် ထန်းယန်ရဲ့တပ်မှူးနေရာလွတ်သွားတော့ မြို့တော်မှာ လူတွေအများကြီးက ဒီရာထူးကိုရဖို့ နောက်ကွယ်မှာ ကြိုးကိုင်နေကြတယ်။ မင်းသားခြောက်နဲ့ကျန်ချောင်းတို့ ပုန်ကန်ဖို့ကြိုးစားတော့ ဧကရာဇ်ယုံကြည်နိုင်တဲ့လူတွေက နည်းနည်းပဲရှိတော့တယ်။ သူက ကျန်တဲ့လူတွေကို ထန်းယန်မှာ ဘယ်လိုမှ တာဝန်ချပေးမှာမဟုတ်ဘူး။"
'အားလုံးကို နိဂုံးချုပ်လိုက်ရင် ဧကရာဇ်က ဟယ့်ရှောင်ကို ထန်းယန်ဆီပို့လိုက်တဲ့ အကြောင်းရင်းက ယွီဝမ်ထုန်နဲ့မသင့်မြတ်လို့ ဖြစ်နေတယ်။
သူက ယွီဝမ်ထုန်ကို ခက်ခဲအောင်လုပ်နေတာပဲ။'
လင်းကျန် စိတ်မအေးတော့ပေ။ 'လင်းမိသားစုနဲ့ ယွီဝမ်မိသားစုကြားက သက်ဆိုင်မှုနဲ့ဆိုရင် အဲ့ဒိဟယ့်ရှောင်ဆိုတဲ့လူက လင်းမိသားစုကို ပြဿနာရှာလောက်တယ်။'
သူ ထိုဟယ့်ရှောင်ကို ထန်းယန်သို့ မလာစေချင်ပေ။
သို့သော် ယွီဝမ်ထုန်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်မရှိပေ။
လင်းကျန်က အခိုက်အတန့်မျှတွေးပြီးနောက် မအောင့်နိုင်ဘဲ မေးလိုက်သည်။ "ခင်ဗျား သူ့ကိုလူစားထိုးတာပဲဖြစ်ဖြစ်၊ ထန်းယန်ကို သူလာမှာကို တားတာပဲဖြစ်ဖြစ် လုပ်နိုင်လား။"
'တခြားအုပ်စုကလူဆို အဆင်ပြေတယ်။ အဲ့လူတွေက မရူးနေသရွေ့ ယွီဝမ်ထုန်နဲ့ ကတောက်ကဆဖြစ်မှာ မဟုတ်ဘူး။' လင်းကျန်ကတွေးသည်။
ယခုတစ်ကြိမ်တွင် ယွီဝမ်ထုန်က ဘာမှပြန်မပြောချေ။ သူက တစ်ခါထပ်၍ မေးဆတ်ပြသည်။
ဤတုန့်ပြန်ပုံက လင်းကျန်ကို ပြောစရာမဲ့သွားစေသည်။
သူက ယွီဝမ်ထုန်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
ယွီဝမ်ထုန်က သူ့ဘက်မှစ၍ လှုပ်ရှားရဦးမည်ကို သိပြီး သက်ပြင်းချသည်။ သူကလင်းကျန်၏ခါးကိုဖက်ကာ တစ်ချက်နမ်းသည်။
"ထန်းယန်ကို တခြားလူလာတာထက် ဟယ့်ရှောင်လာတာက ပိုဘေးကင်းတယ်။"
'ဘာပြောချင်တာလဲ။' လင်းကျန်က ယွီဝမ်ထုန်ကို ပဟေဋ္ဌိဖြစ်ဖြစ်နှင့် ကြည့်သည်။ "ဘာလို့လဲ။"
"ကိုယ်နဲ့ဟယ့်ရှောင်က တစ်ခါမှ မတည့်ပေမဲ့ သူက ကျင့်ဝတ်မှန်တယ်။ ပြီးတော့ ပွင့်လင်း၊ ရိုးသားတယ်။ နောက်ကွယ်မှာလှည့်စားပြီး လူတွေကိုခြေထိုးခံတဲ့လူတွေနဲ့ယှဉ်ရင် သူကဘာအန္တရာယ်မှ မပေးနိုင်ဘူး။"
ယွီဝမ်ထုန်၏ပြောစကားကို လင်းကျန်အကြမ်းဖျင်းနားလည်သွားသော်လည်း တစ်စုံတစ်ခုက မူမမှန်ဖြစ်နေသည်ကို သူစိတ်ထင့်နေဆဲပင်။ 'ယွီဝမ်ထုန်က ငါ့ကိုဖုံးထားတာ ရှိရမယ်။'
သို့သော် ယုံကြည်ချက်ဆိုင်ရာတွင် သူကယွီဝမ်ထုန်ကို လုံးဝစိတ်ချသည်။ ဟယ့်ရှောင်က အသင့်တော်ဆုံးလူဟု ယွီဝမ်ထုန်ကပြောရာ တကယ်သင့်တော်လိမ့်မည်။
"ကောင်းပါပြီ။ ကျွန်တော့်ဦးလေးပြင်ဆင်ထားလို့ရအောင် ကျွန်တော်သွားပြောလိုက်ဦးမယ်။"
လင်းကျန်က သူ့ဦးလေးနှင့်စကားပြောပြီးနောက် အစောင့်များ၏ခြံသို့သွားသည်။
*****
သူအစောင့်များ၏ခြံသို့ ရောက်ခါစသာရှိသေးစဉ်တွင် တစ်စုံတစ်ခုထူးဆန်းနေသည်ကို တွေ့သွားသည်။ ယန်လျှိုကျီနှင့်လူအချို့သည် ရိုက်ခံထားရသကဲ့သို့ မျက်ကွင်းညိုကာ ပွန်းပဲ့ဒဏ်ရာရထားကြသည်။
ကနဦးတွင် လင်းကျန်က အံ့ဩကာ တွေးမိသည်။ 'ယွီဝမ်ထုန်က သူတို့ကို ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့်ပေးခဲ့တာလား။ သူက သူတို့ကို ရိုက်နှက်ခဲ့တာပေါ့။'
သို့သော် မကြာခင်တွင် ထိုအတွေးကို ဖျောက်လိုက်သည်။ ယွီဝမ်ထုန်ကသာ သူတို့ကို အပြစ်ပေးချင်လျှင် ဤသို့လုပ်မည်မဟုတ်ပေ။ ဤသို့သော အပြစ်ပေးမှုမျိုးက အချိန်တိုသာ နာကျင်စေသည်။ သူသာ ထိုလူများကို အပြစ်ပေးလျှင် ယင်းက သူတို့၏နှလုံးသားထဲတွင် အချိန်အတော်ကြာမျှ စွဲကျန်နေလိမ့်မည်။ သူက ရုပ်ပိုင်းဆိုင်ရာဒဏ်မဖြစ်စေဘဲ ဤကမ္ဘာတွင် မွေးဖွားလာရသည်ကိုသာ နောင်တရစေလိမ့်မည်။
"ခင်ဗျားတို့ ဘာဖြစ်ကြတာလဲ။" လင်းကျန်က မျက်နှာတစ်ခုချင်းစီကို ကြည့်လိုက်သည်။
ယန်လျှိုကျီတို့က လင်းကျန်နှင့် အကြည့်မဆုံဝံ့ပေ။ "ကျွန်တော်...ကျွန်တော်တို့တွေ မတော်တဆ ချော်လဲကျတာပါ၊ သခင်လေး။"
လင်းကျန် မျက်နှာမည်းသွားသည်။ သူက ထိုလူများကို စိုက်ကြည့်ရင်း တိတ်နေသည်။
အခြေအနေက ချက်ချင်းပြောင်းလဲသွား၏။ ယန်လျှိုကျီနှင့်အဖွဲ့က အမှန်တရားကို မဖုံးထားရဲချေ။ "အဲ့ဒါက လွှတ်ခနဲ ထွက်သွားမိတာပါ၊ သခင်လေး။ ကျွန်...ကျွန်တော်တို့တွေ အရိုက်ခံရတာပါ။"
"ဘယ်သူ့ဆီမှာလဲ။"
ယန်လျှိုကျီနှင့်အဖွဲ့က ဝမ်တရှန်တို့ကို လှမ်းကြည့်သည်။
ဝမ်တရှန်တို့က ယန်လျှိုကျီတို့နှင့် အကြည့်ဆုံသောအခါ ဤလူများက ငကြောက်များနှင့်တူသည်ဟု ခံစားမိကာ တိတ်တဆိတ်အံကြိတ်မိကြသည်။
သို့သော် ဝမ်တရှန်တို့က လင်းကျန်နှင့်အကြည့်ဆုံသောအခါ ယန်လျှိုကျီတို့ထက်ပင် မြန်ဆန်စွာ ကြောက်ရွံ့တွန့်ဆုတ်သွားကြသည်။
"သခင်လေးခင်ဗျ၊ ကျွန်တော်တို့က သူတို့နဲ့ကြမ်းကြမ်းတမ်းတမ်း ကစားမိရုံပါ။"
"ကျွန်တော်တို့က အစီအရင်နဲ့ပက်သက်ပြီး သူတို့ဘယ်လောက်သိသလဲဆိုတာ စမ်းသပ်ခဲ့ပါတယ်။ သူတို့က တအားညံ့လို့ ရိုက်လိုက်တာပါ။"
လင်းကျန်၏မျက်နှာက သုန်မှုန်သွားသည်။ 'သူတို့ရဲ့လုပ်ရပ်ကို ငါမသိဘူးလို့ ထင်နေတာလား။ ဒီအကြောင်းပြချက်နှစ်ခုကြောင့်သာဆို သူတို့က ဒီလောက်ပြင်းပြင်းထန်ထန် ရိုက်မှာမဟုတ်ဘူး။'
"ခင်ဗျားတို့တွေ အမှန်အတိုင်းပြောနေတာ ဟုတ်ရဲ့လား။" လင်းကျန် ဒေါသထွက်သွားသည်။
ဝမ်တရှန်တို့က ချက်ချင်းကြောက်လန့်သွားကာ အမှန်အတိုင်း မြန်မြန်ပြောသည်။ "သူတို့က စစ်သူကြီးဆီမှာ ကိုယ်တိုင်အသင်ခံရတာကို ကျွန်တော်တို့တွေ မနာလိုဖြစ်မိလို့ပါ၊ သခင်လေး။"
ဤစကားက လင်းကျန်ကိုဆွံ့အသွားစေသည်။
သူကပြောစရာမဲ့သွားသဖြင့် ခေတ္တမျှတိတ်နေသည်။
"ဘာမှ အသုံးမကျတဲ့လူတွေ။"
'ယွီဝမ်ထုန်က ဘာများထူးခြားနေလို့လဲ။ လူတိုင်းလိုပဲ ခေါင်းတစ်လုံး၊ လက်နှစ်ချောင်းပါတဲ့ လူတစ်ယောက်ပဲလေ။ ဒီလို ရေးကြီးခွင့်ကျယ်လုပ်တာ ဘာကောင်းကျိုးရှိလဲ။ တအားရှက်စရာကောင်းတယ်။'
"ယွီဝမ်ထုန်က ခင်ဗျားတို့ရဲ့ခေါင်းပေါ်တင်ပြီးပြေးခိုင်းတဲ့ ကျောက်တုံးတွေ ရှိသေးလား။"
ဝမ်တရှန်တို့က ထိုစကားကိုကြားကာ အနည်းငယ်ကြောက်သွားကြသည်။ "ဟုတ်... ဟုတ်ကဲ့။"
"အဲ့ဒါတွေကို ခင်ဗျားတို့ရဲ့ခေါင်းပေါ်တင်ပြီး နှစ်နာရီပြေးရမယ်။"
ဤအမိန့်က သူတို့၏မျက်နှာများကို ညှိုးငယ်သွားစေသော်လည်း သူတို့က မဖီဆန်ရဲချေ။ သူတို့ထံတွင် ရွေးချယ်စရာမရှိသဖြင့် ထိုကျောက်တုံးများကိုသယ်ကာ ခေါင်းပေါ်တင်လိုက်ရသည်။
"ခင်ဗျားတို့က ကျွန်တော့်ရဲ့လူတွေဖြစ်ပေမဲ့ ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေကို ယွီဝမ်ထုန်ကြောင့် ရိုက်နှက်ခဲ့တယ်။ အဲ့ဒါက ဘာမှသုံးစားမရတဲ့လူတွေရဲ့ လုပ်ရပ်ပဲ။ အပြင်ကလူတစ်ယောက်ယောက်သာ ဒါကိုသိသွားရင် ကျွန်တော် သိပ်အရှက်ကွဲမှာ။ ဒါကို သင်ခန်းစာယူပါ။ ဒါက အစဉ်အလာတစ်ခုလိုဖြစ်သွားရင် ကျောက်တုံးရွက်ပြီး ပြေးခိုင်းတာလောက်နဲ့ မပြီးဘူး။ အခု စပြေးကြတော့။"
ဝမ်တရှန်တို့က စိတ်ပျက်သွားကာ မြန်မြန်ပြေးကြသည်။
လင်းကျန်က ထိုလူများပြေးနေသည်ကိုကြည့်ကာ အနည်းငယ် သောကလျော့သွားပြီး ဝမ်လျှိုကျီတို့ဘက်သို့ လှည့်လာသည်။ "အခု ခင်ဗျားတို့တွေ မနေ့ကဘာသင်ယူခဲ့သလဲဆိုတာ ကျွန်တော့်ကိုသရုပ်ဖော်ပြ။"
"ဟုတ်ကဲ့ပါ၊ သခင်လေး။" မတုန့်ဆိုင်းရဲသည့် ယန်လျှိုကျီတို့က သူတို့သင်ယူခဲ့သော အကွက်များကို စတင်၍သရုပ်ဖော်ကြသည်။
ဝမ်တရှန်တို့က ပြေးနေရင်း အဝေးသို့ရောက်သောအခါမှသာ တစ်ယောက်ကိုတစ်ယောက် တိုးတိုးလေးပြောရဲကြသည်။ "သခင်လေး တအားဒေါသထွက်နေတယ်။"
"သခင်လေး နောက်ဆုံးပြောတဲ့စကားက ဘာကိုဆိုလိုချင်တာလဲ။" ချိုးပင်းက ဒွိဟဖြစ်နေသည်။ "အခုကစပြီး ငါတို့တွေကို စစ်သူကြီးနဲ့တွေ့ရင် စိတ်လှုပ်ရှားတာကို လုံးဝမပြဖို့ သူသတိပေးနေတာလား။"
"အရူးကောင်။ ငါတို့တွေက သူ့လူတွေဆိုတော့ အထိန်းအချုပ်မဲ့မနေရဘူးလို့ သခင်လေးကပြောတာ။ မဟုတ်ရင် သူ့ကိုအရှက်ကွဲစေလိမ့်မယ်။" ကျိုးရှန်းက ကောက်ချက်ချသည်။
"တော်လောက်ပြီ။ ငါတို့က တကယ်အဆင်အခြင်မဲ့ခဲ့တယ်။ အဲ့ဒါက နောက်ထပ်မလုပ်သင့်တဲ့အမှားပဲ။ ငါတို့တွေ သူတို့ကို ထပ်ရိုက်ရင်တောင် သခင်လေးမသိအောင် လုပ်ရမယ်။" ဝမ်တရှန်ကပြောသည်။
"အစ်ကိုကြီးဝမ် မှန်တယ်။" အခြားလူများက တစ်ပြိုင်နက် ပြောကြသည်။
လျှိုရိက သူတို့ကိုတစ်ချက်ကြည့်ကာ သွေးဆောင်သောလေသံဖြင့်ပြောသည်။ "တစ်နေ့ကျရင် သခင်လေးက စစ်သူကြီးနဲ့လက်ထပ်မှာပဲ။ လင်းမိသားစုရဲ့လူမှုအဆင့်အတန်းက ယွီဝမ်မိသားစုလောက် မမြင့်တော့ ငါတို့တွေက စစ်သူကြီးယွီဝမ်ကိုရှိန်နေရင် သခင်လေးက မနှစ်သက်ခံရတဲ့လူဖြစ်သွားလိမ့်မယ်။ လူတွေက ဒီနေ့ဖြစ်ရပ်ကို ဟာသလို့ မှတ်ယူနိုင်ပေမဲ့ အဲ့ဒါကထုံးတမ်းအစဉ်အလာကြီးလိုဖြစ်သွားရင် ငါတို့ကို တစ်မျိုးထင်ကြလိမ့်မယ်။ အဲ့ဒါက ငါတို့သခင်လေးရဲ့ဂုဏ်သတင်းကို အပျက်သဘောဆောင်စေမှာ ဧကန်မုချပဲ။"
ဝမ်တရှန်တို့ ကြောင်အမ်းသွားကြသည်။ သူတို့က ဤကိစ္စကိုလုံးဝမတွေးမိကြသည်မှာ သိသာသည်။
သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။
"ငါတို့တွေက တော်တော်အသုံးမကျတာပဲ။ သခင်လေးကို သိက္ခာချခဲ့တယ်။" ချိုးပင်းက လေသံဖြင့်ပြောသည်။
"ဒီကိစ္စနဲ့ပက်သက်ပြီး အစ်ကိုကြီးလျှိုရဲ့သဘောထားက တကယ်အရှင်းလင်းဆုံးပဲ။ အစ်ကိုသာ သတိမပေးရင် ကျွန်တော်တို့တွေ နားလည်မှာမဟုတ်ဘူး။" ကျိုးရှန်းကလည်း မှတ်ချက်ပေးသည်။
"မင်းက ကိစ္စတွေကို ငါတို့မမြင်နိုင်တဲ့ရှုထောင့်ကနေ မြင်နိုင်တယ်။ ဒီလိုအခြေအနေမျိုးထပ်ရှိလာရင် ငါတို့တွေပိုသတိထားပြီးကိုင်တွယ်နိုင်အောင်လို့ ကျေးဇူးပြုပြီးသတိပေးပါဦး။" ဝမ်တရှန်ကပြောသည်။
လျှိုရိက "ကောင်းပြီ။" ဟုပြန်ပြောသည်။ သူက နောက်ရက်အနည်းငယ်တွင် လင်းကျန်နှင့်အတူ မြို့တော်သို့ လိုက်သွားမည့်ကိစ္စအား သိုဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။
ဝမ်တရှန်တို့က ရူးမိုက်သောအမှားကိုလုပ်မိကြောင်း သဘောပေါက်သွားကြ၍ ပို၍ပြင်းထန်စွာပြေးကြကာ အဓိပ္ပါယ် မဲ့သောစကားများကို မပြောရဲကြတော့ပေ။
လင်းကျန်က ထိုအဖြစ်ကိုတွေ့သောအခါ အနည်းငယ်အံ့ဩသွားသော်လည်း သူတို့အားလုံးက အမှားကိုသဘောပေါက်ကာ ပြစ်ဒဏ်အား လိုလားစွာလက်ခံလိုက်ပုံပေါ်၍ သူပိုကျေနပ်မိသည်။ နှစ်နာရီပြည့်သောအခါ သူက ထိုလူများကိုရပ်ခိုင်းလိုက်သည်။
ဝမ်တရှန်တို့က ကျောက်တုံးများကို မြန်မြန်အောက်ချကာ လင်းကျန်နားတွင် ဝိုင်းနေကြသည်။
"အစီအရင်ရဲ့ လေးခုမြောက်အခင်းအကျင်းကို လေ့ကျင့်ထားကြပါ။ ဘယ်သူမှ မပေါ့ဆရဘူး။"
"ဟုတ်ကဲ့ပါ၊ သခင်လေး။"
ဝမ်တရှန်နှင့်အဖွဲ့ လေ့ကျင့်နေသော အခင်းအကျင်းက ယန်လျှိုကျီတို့ကို နက်ရှိုင်းစွာအားကျစေပြီး အစီအရင်၏အခြေခံတရားများအား ပို၍ကြိုးကြိုးစားစားလေ့ကျင့်ရန် နှိုးဆွပေးခဲ့သည်။
{ဒီရေခဲမုန့်လေးကို သီတင်းကျွတ်မုန့်ဖိုးပေးချင်ရင် Kpay No. 09250077560 ကနေတစ်ဆင့် ပေးလို့ရပါတယ်။ 🍨❤🍨}
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ယြီဝမ္ထုန္က အကန္ခံခ်င္ေနတာလား။
................................................
လင္းက်န္ႏွင့္ လင္းေက်ာက္ဝမ္တို႔က ယေန႕မနက္တြင္ ထြက္သြားၿပီး ေနာက္တစ္ေန႕အထိ ျပန္မလာေခ်။ သူတို႔ ခ်ီစီရင္စုသို႔ သြားရသည့္အေၾကာင္းရင္းမွာ ထိုေနရာတြင္ ေရာင္းခ်မည့္ ေဆးစိုက္ခင္းတစ္ခုရွိေသာေၾကာင့္ပင္။ ၎၏ယခင္ပိုင္ရွင္မွာ ခ်ီစီရင္စုမွ တရားသူႀကီးျဖစ္ခဲ့ၿပီး ယခုအခါတြင္ အက်ဥ္းခ်ခံထားရကာ ပိုင္ဆိုင္မႈမ်ားမွာလည္း နိုင္ငံေတာ္ဘ႑ာအျဖစ္ အသိမ္းခံလိုက္ရသည္။ ေဒသခံအစိုးရက ေဆးစိုက္ခင္းကို ေရာင္းခ်ရန္ ဆုံးျဖတ္ထားသည္။
ေဆးစိုက္ခင္းက အေတာ္က်ယ္ၿပီး လူအမ်ားအျပားက ၎ကိုဝယ္ခ်င္ေသာ္လည္း လင္းမိသားစုဝင္မ်ားက ေဈးၿပိဳင္ေပးေသာအခါ ထိုလူအားလုံး လက္ေလွ်ာ့သြားသည္။
ထိုေဆးစိုက္ခင္းကို တရားဝင္လက္လႊဲယူရန္အတြက္ လင္းက်န္ႏွင့္သူ႕ဦးေလးတို႔က အနည္းငယ္အလုပ္ရႈပ္ရသည္။ သူတို႔က ေဆးစိုက္သမားမ်ားမွလြဲ၍ ထိုစိုက္ခင္းမွ က်န္သည့္လူအားလုံးကို အလုပ္ျဖဳတ္လိုက္သည္။ လင္းေက်ာက္ဝမ္က က်ိဳးခြၽမ္းဖူကို ဤေဆးစိုက္ခင္းအား တာဝန္ယူေစသည္။ ထန္းယန္ၿမိဳ႕ေတာင္ပိုင္းမွေဆးစိုက္ခင္းကို က်ိဳးခြၽမ္းဖူ၏အလုပ္သင္၊ ယခုအခါ ရာထူးတိုးသြားေသာ ဝုကန္က တာဝန္ယူရသည္။
ခ်ီစီရင္စုႏွင့္ ထန္းယန္ၿမိဳ႕က ေဝးသည္။ ထိုေနရာႏွစ္ခုအၾကား သြားလာဆက္သြယ္လွ်င္ အခ်ိန္ၾကာမည္ျဖစ္ရာ ေဆးစိုက္ခင္းကို ေစာင့္ၾကည့္မည့္ လုံၿခဳံေရးအေစာင့္မ်ားကို လိုလာသည္။
လင္းက်န္က ထိုေနရာတြင္ ညအိပ္ခဲ့သည္။ အေရးအႀကီးဆုံးကိစၥမ်ားကို လင္းေက်ာက္ဝမ္ႏွင့္အတူ ကိုင္တြယ္ၿပီးေနာက္ လင္းက်န္က အေစာင့္အခ်ိဳ႕ကို ခန့္အပ္ကာ ႀကီးၾကပ္လီကိုေနေစခဲ့ၿပီး ထန္းယန္သို႔ျပန္လာသည္။
ခ်ီစီရင္စု၌ ေနေနစဥ္တြင္ လင္းက်န္က မည္သည့္ရည္႐ြယ္ခ်က္ျဖင့္ မဟာမာန္ေတာင္သို႔သြားမွန္း မသိရေသာ နယ္ေစာင့္တပ္သားအသစ္ တစ္ေသာင္းေက်ာ္က ခ်ီစီရင္စုအနီးမွ ျဖတ္သြားသည္ကို ေတြ႕ခဲ့ရသည္။
*****
"တိုင္ခ်ိန့္ရဲ႕လူေတြ မဟာမာန္ေတာင္ဘက္သြားတာကို ကြၽန္ေတာ္ ေတြ႕ခဲ့ရတယ္။ တပ္သားေတြမွ အမ်ားႀကီးပဲ။" လင္းက်န္က အိမ္ျပန္ေရာက္ၿပီးေနာက္ ယြီဝမ္ထုန္ကို အသိေပးလိုက္သည္။
"မဟာမာန္ေတာင္ေပၚကျဖတ္လမ္းက ၿမိဳ႕ေတာ္ကိုေရာက္ဖို႔အခ်ိန္ကို ေတာ္ေတာ္ေလ်ာ့ေစတယ္။ တစ္ေယာက္ေယာက္က အဲ့ဒါကိုအခြင့္ေကာင္းယူၿပီး ထပ္ပုန္ကန္မွာကို ဧကရာဇ္ကစိုးရိမ္လို႔ တိုင္ခ်ိန့္ကို လမ္းပိတ္ခိုင္းလိုက္တာ။ က်န္ေခ်ာင္းရဲ႕လူေတြက အဲ့ေနရာမွာ ႏွစ္ေတြခ်ီၿပီး ခိုးတူးထားတာဆိုေတာ့ လမ္းပိတ္ဖို႔ဆို တစ္လ၊ႏွစ္လေလာက္ ၾကာလိမ့္မယ္။" ယြီဝမ္ထုန္က ျပန္ေျပာသည္။
"ဒီေတာ့ တိုင္ခ်ိန့္က ထန္းယန္မွာ တစ္လ၊ႏွစ္လေလာက္ ေနဦးမွာေပါ့။"
"ဟုတ္တယ္။ ဒီတာဝန္အတြက္ ဧကရာဇ္ယုံနိုင္တာက သူ႕အျပင္မရွိဘူး။ ၿပီးေတာ့ ထန္းယန္ရဲ႕နယ္ေစာင့္တပ္မႉးကို ဘယ္သူ႕ခန့္မလဲဆိုတာ မဆုံးျဖတ္ရေသးဘူး။"
"ဘယ္သူ တာဝန္အေပးခံရမလဲဆိုတာ ကြၽန္ေတာ္သိခ်င္မိသား။"
တပ္မႉးအသစ္က က်န္ေခ်ာင္းႏွင့္တူမည္ကို လင္းက်န္စိုးရိမ္မိသည္။ ထိုသို႔သာဆိူလွ်င္ ထန္းယန္ၿမိဳ႕သားမ်ားက ထပ္မံခံစားရလိမ့္မည္။
ယြီဝမ္ထုန္က ၎ကိုအေျဖထုတ္ၿပီးသကဲ့သို႔ အေတာ္တည္ၿငိမ္ေနသည္။
သူ၏အမူအရာက အနည္းငယ္သံသယဝင္စရာေကာင္းေၾကာင္း သတိထားမိေသာလင္းက်န္က သူ႕နားသို႔တိုးကာ ေမးလိုက္သည္။ "ခင္ဗ်ား သတင္းရထားတယ္မဟုတ္လား။"
ယြီဝမ္ထုန္က သူ႕ကိုတစ္ခ်က္ၾကည့္သည္။ "မင္းသိခ်င္တာလား။"
လင္းက်န္က သူ႕ကို ေမွ်ာ္လင့္ခ်က္ တလက္လက္ေတာက္ပေနေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနသည္။ "သိခ်င္တယ္။"
ယြီဝမ္ထုန္က မ်က္ခုံးပင့္ကာ ႐ုတ္တရက္ေမးဆတ္၍ လင္းက်န္ကိုအခ်က္ျပသည္။
လင္းက်န္မွာ ဇေဝဇဝါျဖစ္သြား၏။ 'ဘာေျပာခ်င္တာလဲ။'
ယြီဝမ္ထုန္က သူ႕ကိုေငးသာၾကည့္ေနသည္။
လင္းက်န္က အေတာ္ၾကာစဥ္းစားၿပီးေနာက္ သေဘာေပါက္လာသည္။ ထို႔ေနာက္ သူ႕မ်က္ႏွာရဲသြားကာ မေက်မနပ္ၾကည့္လိုက္သည္။ "ခင္ဗ်ားအဲ့ဒါကိုသိပ္သိေနရင္ သိမ္းထားလိုက္။"
'သူက ငါ့ကိုစၿပီးနမ္းေစခ်င္တာလား။ လုံးဝမရဘူး။' သူကေတြးသည္။
ခဏအၾကာတြင္ ယြီဝမ္ထုန္က ႐ုတ္တရက္ကိုင္းလာကာ သူ႕ႏႈတ္ခမ္းမ်ားကို မြတ္မြတ္သိပ္သိပ္ျဖင့္ အသံထြက္၍နမ္းသည္။
ဤတုန့္ျပန္မႈက လင္းက်န္ကို ဆြံ႕အသြားေစသည္။
'ယြီဝမ္ထုန္က အရိုက္ခံခ်င္ေနတာလား။'
"ဧကရာဇ္က ဟယ့္ေရွာင့္ကို ဒီမွာတာဝန္ခ်ဖိဳ႕ ရည္႐ြယ္ထားတယ္။"
ဟယ့္ေရွာင္လား။ လင္းက်န္ စိတ္ပ်ံ့လြင့္သြားသည္။ ေထာင္ဖန္းဆီသို႔ သူယခင္ေန႕က သြားခဲ့ျခင္းမွာ အကူအညီျဖစ္သြားသည္။ ဟယ့္ေရွာင္ကမည္သူမွန္း သူသိၿပီးသားပင္။
ဟယ့္ေရွာင္က တိုင္ခ်ိန့္ကဲ့သို႔ပင္ ဧကရာဇ္ထံ သစၥာရွိၿပီး ဧကရာဇ္၏လူယုံ၊ အဆင့္ျမင့္အရာရွိတစ္ေယာက္ျဖစ္သည္။ သူက ေတာ္ဝင္ကိုယ္ခံပညာအရည္အခ်င္းစစ္ပြဲတြင္ ပထမေနရာျဖင့္ ေအာင္ျမင္ခဲ့ကာ ငယ္႐ြယ္၍ ေထာင္လႊားမႈကင္းသည္။
သူက စစ္ဘက္ျဖင့္ အသက္ေမြးဝမ္းေၾကာင္းမႈ စတင္စဥ္ကတည္းကပင္ တိုင္ခ်ိန့္၏လက္ေအာက္တြင္ အလုပ္လုပ္ခဲ့သည္။ ၿမိဳ႕ေတာ္မွ တိုင္ခ်ိန့္ထြက္လာၿပီးေနာက္ သူကၿမိဳ႕ေစာင့္တပ္၏ယာယီတပ္မႉးအျဖစ္ တာဝန္ရခဲ့ၿပီး ၎က ဧကရာဇ္၏ သူ႕အေပၚ ယုံၾကည္မႈကို ထင္ရွားစြာ ျပသေနသည္။
"ဒါေပမဲ့ ဟယ့္ေရွာင္က ငယ္လြန္းတယ္။ ဧကရာဇ္က တကယ္ သူ႕ကို နယ္ေစာင့္တပ္မႉးခန့္မလို႔လား။" လင္းက်န္ ေတာ္ေတာ္အံ့ဩသြားသည္။
"ဘာေၾကာင့္လဲဆိုေတာ့ ဟယ့္ေရွာင္ရဲ႕ေနာက္ခံက ေမးခြန္းထုတ္စရာမလိုေလာက္ေအာင္ ရွင္းတယ္ေလ။ သူ အဆင့္တစ္နဲ႕မေအာင္ခင္ကတည္းက သူ႕ကိုတိုင္ခ်ိန့္ကိုယ္တိုင္ ေ႐ြးၿပီးေလ့က်င့္ေပးထားတာ။ သူက အစကတည္းက ဧကရာဇ္ရဲ႕သစၥာခံျဖစ္ေနေလာက္တယ္။ ၿပီးေတာ့ ဟယ့္ေရွာင္က ေျဖာင့္မတ္တယ္။ သူက ကိုယ့္ရဲ႕ဂုဏ္သတင္းကိုလက္မခံဘူးလို႔ တစ္ခါ ပြင့္ပြင့္လင္းလင္း ေျပာဖူးတယ္။ ကိုယ္ၿမိဳ႕ေတာ္ကို လြန္ခဲ့တဲ့သုံးႏွစ္က ျပန္လာတုန္းကဆို တိုင္ခ်ိန့္လက္ေအာက္မွာ တာဝန္က်ေနတဲ့သူက ကိုယ့္ကိုၿပိဳင္မယ္ဆိုၿပီး စိန္ေခၚဖူးတယ္။ သူ႕ရဲ႕ကြန္ဖူးစြမ္းရည္ကေတာ္ေတာ္ေကာင္းသလို သူ႕ရဲ႕စစ္ဗ်ဴဟာနဲ႕ နည္းလမ္းေတြကလည္း ထူးျခားတယ္။ ဧကရာဇ္က သူ႕ကို အင္မတန္အထင္ႀကီးတယ္။
အဲ့ဒါအျပင္ ထန္းယန္ရဲ႕တပ္မႉးေနရာလြတ္သြားေတာ့ ၿမိဳ႕ေတာ္မွာ လူေတြအမ်ားႀကီးက ဒီရာထူးကိုရဖို႔ ေနာက္ကြယ္မွာ ႀကိဳးကိုင္ေနၾကတယ္။ မင္းသားေျခာက္နဲ႕က်န္ေခ်ာင္းတို႔ ပုန္ကန္ဖို႔ႀကိဳးစားေတာ့ ဧကရာဇ္ယုံၾကည္နိုင္တဲ့လူေတြက နည္းနည္းပဲရွိေတာ့တယ္။ သူက က်န္တဲ့လူေတြကို ထန္းယန္မွာ ဘယ္လိုမွ တာဝန္ခ်ေပးမွာမဟုတ္ဘူး။"
'အားလုံးကို နိဂုံးခ်ဳပ္လိုက္ရင္ ဧကရာဇ္က ဟယ့္ေရွာင္ကို ထန္းယန္ဆီပို႔လိုက္တဲ့ အေၾကာင္းရင္းက ယြီဝမ္ထုန္နဲ႕မသင့္ျမတ္လို႔ ျဖစ္ေနတယ္။
သူက ယြီဝမ္ထုန္ကို ခက္ခဲေအာင္လုပ္ေနတာပဲ။'
လင္းက်န္ စိတ္မေအးေတာ့ေပ။ 'လင္းမိသားစုနဲ႕ ယြီဝမ္မိသားစုၾကားက သက္ဆိုင္မႈနဲ႕ဆိုရင္ အဲ့ဒိဟယ့္ေရွာင္ဆိုတဲ့လူက လင္းမိသားစုကို ျပႆနာရွာေလာက္တယ္။'
သူ ထိုဟယ့္ေရွာင္ကို ထန္းယန္သို႔ မလာေစခ်င္ေပ။
သို႔ေသာ္ ယြီဝမ္ထုန္၏မ်က္ႏွာေပၚတြင္ စိုးရိမ္ပူပန္ေနေသာ အရိပ္အေယာင္မရွိေပ။
လင္းက်န္က အခိုက္အတန့္မွ်ေတြးၿပီးေနာက္ မေအာင့္နိုင္ဘဲ ေမးလိုက္သည္။ "ခင္ဗ်ား သူ႕ကိုလူစားထိုးတာပဲျဖစ္ျဖစ္၊ ထန္းယန္ကို သူလာမွာကို တားတာပဲျဖစ္ျဖစ္ လုပ္နိုင္လား။"
'တျခားအုပ္စုကလူဆို အဆင္ေျပတယ္။ အဲ့လူေတြက မ႐ူးေနသေ႐ြ႕ ယြီဝမ္ထုန္နဲ႕ ကေတာက္ကဆျဖစ္မွာ မဟုတ္ဘူး။' လင္းက်န္ကေတြးသည္။
ယခုတစ္ႀကိမ္တြင္ ယြီဝမ္ထုန္က ဘာမွျပန္မေျပာေခ်။ သူက တစ္ခါထပ္၍ ေမးဆတ္ျပသည္။
ဤတုန့္ျပန္ပုံက လင္းက်န္ကို ေျပာစရာမဲ့သြားေစသည္။
သူက ယြီဝမ္ထုန္ကို တိတ္ဆိတ္စြာ ၾကည့္လိုက္သည္။
ယြီဝမ္ထုန္က သူ႕ဘက္မွစ၍ လႈပ္ရွားရဦးမည္ကို သိၿပီး သက္ျပင္းခ်သည္။ သူကလင္းက်န္၏ခါးကိုဖက္ကာ တစ္ခ်က္နမ္းသည္။
"ထန္းယန္ကို တျခားလူလာတာထက္ ဟယ့္ေရွာင္လာတာက ပိုေဘးကင္းတယ္။"
'ဘာေျပာခ်င္တာလဲ။' လင္းက်န္က ယြီဝမ္ထုန္ကို ပေဟ႒ိျဖစ္ျဖစ္ႏွင့္ ၾကည့္သည္။ "ဘာလို႔လဲ။"
"ကိုယ္နဲ႕ဟယ့္ေရွာင္က တစ္ခါမွ မတည့္ေပမဲ့ သူက က်င့္ဝတ္မွန္တယ္။ ၿပီးေတာ့ ပြင့္လင္း၊ ရိုးသားတယ္။ ေနာက္ကြယ္မွာလွည့္စားၿပီး လူေတြကိုေျခထိုးခံတဲ့လူေတြနဲ႕ယွဥ္ရင္ သူကဘာအႏၱရာယ္မွ မေပးနိုင္ဘူး။"
ယြီဝမ္ထုန္၏ေျပာစကားကို လင္းက်န္အၾကမ္းဖ်င္းနားလည္သြားေသာ္လည္း တစ္စုံတစ္ခုက မူမမွန္ျဖစ္ေနသည္ကို သူစိတ္ထင့္ေနဆဲပင္။ 'ယြီဝမ္ထုန္က ငါ့ကိုဖုံးထားတာ ရွိရမယ္။'
သို႔ေသာ္ ယုံၾကည္ခ်က္ဆိုင္ရာတြင္ သူကယြီဝမ္ထုန္ကို လုံးဝစိတ္ခ်သည္။ ဟယ့္ေရွာင္က အသင့္ေတာ္ဆုံးလူဟု ယြီဝမ္ထုန္ကေျပာရာ တကယ္သင့္ေတာ္လိမ့္မည္။
"ေကာင္းပါၿပီ။ ကြၽန္ေတာ့္ဦးေလးျပင္ဆင္ထားလို႔ရေအာင္ ကြၽန္ေတာ္သြားေျပာလိုက္ဦးမယ္။"
လင္းက်န္က သူ႕ဦးေလးႏွင့္စကားေျပာၿပီးေနာက္ အေစာင့္မ်ား၏ၿခံသို႔သြားသည္။
*****
သူအေစာင့္မ်ား၏ၿခံသို႔ ေရာက္ခါစသာရွိေသးစဥ္တြင္ တစ္စုံတစ္ခုထူးဆန္းေနသည္ကို ေတြ႕သြားသည္။ ယန္လွ်ိုက်ီႏွင့္လူအခ်ိဳ႕သည္ ရိုက္ခံထားရသကဲ့သို႔ မ်က္ကြင္းညိုကာ ပြန္းပဲ့ဒဏ္ရာရထားၾကသည္။
ကနဦးတြင္ လင္းက်န္က အံ့ဩကာ ေတြးမိသည္။ 'ယြီဝမ္ထုန္က သူတို႔ကို ၾကမ္းၾကမ္းတမ္းတမ္း ေလ့က်င့္ေပးခဲ့တာလား။ သူက သူတို႔ကို ရိုက္ႏွက္ခဲ့တာေပါ့။'
သို႔ေသာ္ မၾကာခင္တြင္ ထိုအေတြးကို ေဖ်ာက္လိုက္သည္။ ယြီဝမ္ထုန္ကသာ သူတို႔ကို အျပစ္ေပးခ်င္လွ်င္ ဤသို႔လုပ္မည္မဟုတ္ေပ။ ဤသို႔ေသာ အျပစ္ေပးမႈမ်ိဳးက အခ်ိန္တိုသာ နာက်င္ေစသည္။ သူသာ ထိုလူမ်ားကို အျပစ္ေပးလွ်င္ ယင္းက သူတို႔၏ႏွလုံးသားထဲတြင္ အခ်ိန္အေတာ္ၾကာမွ် စြဲက်န္ေနလိမ့္မည္။ သူက ႐ုပ္ပိုင္းဆိုင္ရာဒဏ္မျဖစ္ေစဘဲ ဤကမၻာတြင္ ေမြးဖြားလာရသည္ကိုသာ ေနာင္တရေစလိမ့္မည္။
"ခင္ဗ်ားတို႔ ဘာျဖစ္ၾကတာလဲ။" လင္းက်န္က မ်က္ႏွာတစ္ခုခ်င္းစီကို ၾကည့္လိုက္သည္။
ယန္လွ်ိုက်ီတို႔က လင္းက်န္ႏွင့္ အၾကည့္မဆုံဝံ့ေပ။ "ကြၽန္ေတာ္...ကြၽန္ေတာ္တို႔ေတြ မေတာ္တဆ ေခ်ာ္လဲက်တာပါ၊ သခင္ေလး။"
လင္းက်န္ မ်က္ႏွာမည္းသြားသည္။ သူက ထိုလူမ်ားကို စိုက္ၾကည့္ရင္း တိတ္ေနသည္။
အေျခအေနက ခ်က္ခ်င္းေျပာင္းလဲသြား၏။ ယန္လွ်ိုက်ီႏွင့္အဖြဲ႕က အမွန္တရားကို မဖုံးထားရဲေခ်။ "အဲ့ဒါက လႊတ္ခနဲ ထြက္သြားမိတာပါ၊ သခင္ေလး။ ကြၽန္...ကြၽန္ေတာ္တို႔ေတြ အရိုက္ခံရတာပါ။"
"ဘယ္သူ႕ဆီမွာလဲ။"
ယန္လွ်ိုက်ီႏွင့္အဖြဲ႕က ဝမ္တရွန္တို႔ကို လွမ္းၾကည့္သည္။
ဝမ္တရွန္တို႔က ယန္လွ်ိုက်ီတို႔ႏွင့္ အၾကည့္ဆုံေသာအခါ ဤလူမ်ားက ငေၾကာက္မ်ားႏွင့္တူသည္ဟု ခံစားမိကာ တိတ္တဆိတ္အံႀကိတ္မိၾကသည္။
သို႔ေသာ္ ဝမ္တရွန္တို႔က လင္းက်န္ႏွင့္အၾကည့္ဆုံေသာအခါ ယန္လွ်ိုက်ီတို႔ထက္ပင္ ျမန္ဆန္စြာ ေၾကာက္႐ြံ႕တြန့္ဆုတ္သြားၾကသည္။
"သခင္ေလးခင္ဗ်၊ ကြၽန္ေတာ္တို႔က သူတို႔နဲ႕ၾကမ္းၾကမ္းတမ္းတမ္း ကစားမိ႐ုံပါ။"
"ကြၽန္ေတာ္တို႔က အစီအရင္နဲ႕ပက္သက္ၿပီး သူတို႔ဘယ္ေလာက္သိသလဲဆိုတာ စမ္းသပ္ခဲ့ပါတယ္။ သူတို႔က တအားညံ့လို႔ ရိုက္လိုက္တာပါ။"
လင္းက်န္၏မ်က္ႏွာက သုန္မႈန္သြားသည္။ 'သူတို႔ရဲ႕လုပ္ရပ္ကို ငါမသိဘူးလို႔ ထင္ေနတာလား။ ဒီအေၾကာင္းျပခ်က္ႏွစ္ခုေၾကာင့္သာဆို သူတို႔က ဒီေလာက္ျပင္းျပင္းထန္ထန္ ရိုက္မွာမဟုတ္ဘူး။'
"ခင္ဗ်ားတို႔ေတြ အမွန္အတိုင္းေျပာေနတာ ဟုတ္ရဲ႕လား။" လင္းက်န္ ေဒါသထြက္သြားသည္။
ဝမ္တရွန္တို႔က ခ်က္ခ်င္းေၾကာက္လန့္သြားကာ အမွန္အတိုင္း ျမန္ျမန္ေျပာသည္။ "သူတို႔က စစ္သူႀကီးဆီမွာ ကိုယ္တိုင္အသင္ခံရတာကို ကြၽန္ေတာ္တို႔ေတြ မနာလိုျဖစ္မိလို႔ပါ၊ သခင္ေလး။"
ဤစကားက လင္းက်န္ကိုဆြံ႕အသြားေစသည္။
သူကေျပာစရာမဲ့သြားသျဖင့္ ေခတၱမွ်တိတ္ေနသည္။
"ဘာမွ အသုံးမက်တဲ့လူေတြ။"
'ယြီဝမ္ထုန္က ဘာမ်ားထူးျခားေနလို႔လဲ။ လူတိုင္းလိုပဲ ေခါင္းတစ္လုံး၊ လက္ႏွစ္ေခ်ာင္းပါတဲ့ လူတစ္ေယာက္ပဲေလ။ ဒီလို ေရးႀကီးခြင့္က်ယ္လုပ္တာ ဘာေကာင္းက်ိဳးရွိလဲ။ တအားရွက္စရာေကာင္းတယ္။'
"ယြီဝမ္ထုန္က ခင္ဗ်ားတို႔ရဲ႕ေခါင္းေပၚတင္ၿပီးေျပးခိုင္းတဲ့ ေက်ာက္တုံးေတြ ရွိေသးလား။"
ဝမ္တရွန္တို႔က ထိုစကားကိုၾကားကာ အနည္းငယ္ေၾကာက္သြားၾကသည္။ "ဟုတ္... ဟုတ္ကဲ့။"
"အဲ့ဒါေတြကို ခင္ဗ်ားတို႔ရဲ႕ေခါင္းေပၚတင္ၿပီး ႏွစ္နာရီေျပးရမယ္။"
ဤအမိန့္က သူတို႔၏မ်က္ႏွာမ်ားကို ညွိုးငယ္သြားေစေသာ္လည္း သူတို႔က မဖီဆန္ရဲေခ်။ သူတို႔ထံတြင္ ေ႐ြးခ်ယ္စရာမရွိသျဖင့္ ထိုေက်ာက္တုံးမ်ားကိုသယ္ကာ ေခါင္းေပၚတင္လိုက္ရသည္။
"ခင္ဗ်ားတို႔က ကြၽန္ေတာ့္ရဲ႕လူေတြျဖစ္ေပမဲ့ ခင္ဗ်ားတို႔ရဲ႕ ညီအစ္ကိုေတြကို ယြီဝမ္ထုန္ေၾကာင့္ ရိုက္ႏွက္ခဲ့တယ္။ အဲ့ဒါက ဘာမွသုံးစားမရတဲ့လူေတြရဲ႕ လုပ္ရပ္ပဲ။ အျပင္ကလူတစ္ေယာက္ေယာက္သာ ဒါကိုသိသြားရင္ ကြၽန္ေတာ္ သိပ္အရွက္ကြဲမွာ။ ဒါကို သင္ခန္းစာယူပါ။ ဒါက အစဥ္အလာတစ္ခုလိုျဖစ္သြားရင္ ေက်ာက္တုံး႐ြက္ၿပီး ေျပးခိုင္းတာေလာက္နဲ႕ မၿပီးဘူး။ အခု စေျပးၾကေတာ့။"
ဝမ္တရွန္တို႔က စိတ္ပ်က္သြားကာ ျမန္ျမန္ေျပးၾကသည္။
လင္းက်န္က ထိုလူမ်ားေျပးေနသည္ကိုၾကည့္ကာ အနည္းငယ္ ေသာကေလ်ာ့သြားၿပီး ဝမ္လွ်ိုက်ီတို႔ဘက္သို႔ လွည့္လာသည္။ "အခု ခင္ဗ်ားတို႔ေတြ မေန႕ကဘာသင္ယူခဲ့သလဲဆိုတာ ကြၽန္ေတာ့္ကိုသ႐ုပ္ေဖာ္ျပ။"
"ဟုတ္ကဲ့ပါ၊ သခင္ေလး။" မတုန့္ဆိုင္းရဲသည့္ ယန္လွ်ိုက်ီတို႔က သူတို႔သင္ယူခဲ့ေသာ အကြက္မ်ားကို စတင္၍သ႐ုပ္ေဖာ္ၾကသည္။
ဝမ္တရွန္တို႔က ေျပးေနရင္း အေဝးသို႔ေရာက္ေသာအခါမွသာ တစ္ေယာက္ကိုတစ္ေယာက္ တိုးတိုးေလးေျပာရဲၾကသည္။ "သခင္ေလး တအားေဒါသထြက္ေနတယ္။"
"သခင္ေလး ေနာက္ဆုံးေျပာတဲ့စကားက ဘာကိုဆိုလိုခ်င္တာလဲ။" ခ်ိဳးပင္းက ဒြိဟျဖစ္ေနသည္။ "အခုကစၿပီး ငါတို႔ေတြကို စစ္သူႀကီးနဲ႕ေတြ႕ရင္ စိတ္လႈပ္ရွားတာကို လုံးဝမျပဖို႔ သူသတိေပးေနတာလား။"
"အ႐ူးေကာင္။ ငါတို႔ေတြက သူ႕လူေတြဆိုေတာ့ အထိန္းအခ်ဳပ္မဲ့မေနရဘူးလို႔ သခင္ေလးကေျပာတာ။ မဟုတ္ရင္ သူ႕ကိုအရွက္ကြဲေစလိမ့္မယ္။" က်ိဳးရွန္းက ေကာက္ခ်က္ခ်သည္။
"ေတာ္ေလာက္ၿပီ။ ငါတို႔က တကယ္အဆင္အျခင္မဲ့ခဲ့တယ္။ အဲ့ဒါက ေနာက္ထပ္မလုပ္သင့္တဲ့အမွားပဲ။ ငါတို႔ေတြ သူတို႔ကို ထပ္ရိုက္ရင္ေတာင္ သခင္ေလးမသိေအာင္ လုပ္ရမယ္။" ဝမ္တရွန္ကေျပာသည္။
"အစ္ကိုႀကီးဝမ္ မွန္တယ္။" အျခားလူမ်ားက တစ္ၿပိဳင္နက္ ေျပာၾကသည္။
လွ်ိုရိက သူတို႔ကိုတစ္ခ်က္ၾကည့္ကာ ေသြးေဆာင္ေသာေလသံျဖင့္ေျပာသည္။ "တစ္ေန႕က်ရင္ သခင္ေလးက စစ္သူႀကီးနဲ႕လက္ထပ္မွာပဲ။ လင္းမိသားစုရဲ႕လူမႈအဆင့္အတန္းက ယြီဝမ္မိသားစုေလာက္ မျမင့္ေတာ့ ငါတို႔ေတြက စစ္သူႀကီးယြီဝမ္ကိုရွိန္ေနရင္ သခင္ေလးက မႏွစ္သက္ခံရတဲ့လူျဖစ္သြားလိမ့္မယ္။ လူေတြက ဒီေန႕ျဖစ္ရပ္ကို ဟာသလို႔ မွတ္ယူနိုင္ေပမဲ့ အဲ့ဒါကထုံးတမ္းအစဥ္အလာႀကီးလိုျဖစ္သြားရင္ ငါတို႔ကို တစ္မ်ိဳးထင္ၾကလိမ့္မယ္။ အဲ့ဒါက ငါတို႔သခင္ေလးရဲ႕ဂုဏ္သတင္းကို အပ်က္သေဘာေဆာင္ေစမွာ ဧကန္မုခ်ပဲ။"
ဝမ္တရွန္တို႔ ေၾကာင္အမ္းသြားၾကသည္။ သူတို႔က ဤကိစၥကိုလုံးဝမေတြးမိၾကသည္မွာ သိသာသည္။
သူတို႔အားလုံး တိတ္ဆိတ္သြားၾကသည္။
"ငါတို႔ေတြက ေတာ္ေတာ္အသုံးမက်တာပဲ။ သခင္ေလးကို သိကၡာခ်ခဲ့တယ္။" ခ်ိဳးပင္းက ေလသံျဖင့္ေျပာသည္။
"ဒီကိစၥနဲ႕ပက္သက္ၿပီး အစ္ကိုႀကီးလွ်ိုရဲ႕သေဘာထားက တကယ္အရွင္းလင္းဆုံးပဲ။ အစ္ကိုသာ သတိမေပးရင္ ကြၽန္ေတာ္တို႔ေတြ နားလည္မွာမဟုတ္ဘူး။" က်ိဳးရွန္းကလည္း မွတ္ခ်က္ေပးသည္။
"မင္းက ကိစၥေတြကို ငါတို႔မျမင္နိုင္တဲ့ရႈေထာင့္ကေန ျမင္နိုင္တယ္။ ဒီလိုအေျခအေနမ်ိဳးထပ္ရွိလာရင္ ငါတို႔ေတြပိုသတိထားၿပီးကိုင္တြယ္နိုင္ေအာင္လို႔ ေက်းဇူးျပဳၿပီးသတိေပးပါဦး။" ဝမ္တရွန္ကေျပာသည္။
လွ်ိုရိက "ေကာင္းၿပီ။" ဟုျပန္ေျပာသည္။ သူက ေနာက္ရက္အနည္းငယ္တြင္ လင္းက်န္ႏွင့္အတူ ၿမိဳ႕ေတာ္သို႔ လိုက္သြားမည့္ကိစၥအား သိုဝွက္ထားရန္ ဆုံးျဖတ္လိုက္သည္။
ဝမ္တရွန္တို႔က ႐ူးမိုက္ေသာအမွားကိုလုပ္မိေၾကာင္း သေဘာေပါက္သြားၾက၍ ပို၍ျပင္းထန္စြာေျပးၾကကာ အဓိပ္ပါယ် မဲ့ေသာစကားမ်ားကို မေျပာရဲၾကေတာ့ေပ။
လင္းက်န္က ထိုအျဖစ္ကိုေတြ႕ေသာအခါ အနည္းငယ္အံ့ဩသြားေသာ္လည္း သူတို႔အားလုံးက အမွားကိုသေဘာေပါက္ကာ ျပစ္ဒဏ္အား လိုလားစြာလက္ခံလိုက္ပုံေပၚ၍ သူပိုေက်နပ္မိသည္။ ႏွစ္နာရီျပည့္ေသာအခါ သူက ထိုလူမ်ားကိုရပ္ခိုင္းလိုက္သည္။
ဝမ္တရွန္တို႔က ေက်ာက္တုံးမ်ားကို ျမန္ျမန္ေအာက္ခ်ကာ လင္းက်န္နားတြင္ ဝိုင္းေနၾကသည္။
"အစီအရင္ရဲ႕ ေလးခုေျမာက္အခင္းအက်င္းကို ေလ့က်င့္ထားၾကပါ။ ဘယ္သူမွ မေပါ့ဆရဘူး။"
"ဟုတ္ကဲ့ပါ၊ သခင္ေလး။"
ဝမ္တရွန္ႏွင့္အဖြဲ႕ ေလ့က်င့္ေနေသာ အခင္းအက်င္းက ယန္လွ်ိုက်ီတို႔ကို နက္ရွိုင္းစြာအားက်ေစၿပီး အစီအရင္၏အေျခခံတရားမ်ားအား ပို၍ႀကိဳးႀကိဳးစားစားေလ့က်င့္ရန္ ႏွိုးဆြေပးခဲ့သည္။
{ဒီေရခဲမုန့္ေလးကို သီတင္းကြၽတ္မုန့္ဖိုးေပးခ်င္ရင္ Kpay No. 09250077560 ကေနတစ္ဆင့္ ေပးလို႔ရပါတယ္။ }