ရပ်နား / သဘာဝလွန်လောကထဲမှာ ချ...

By cof-fee_cilla

31.3K 5.1K 193

Title - Falling In Love In The Supernatural World Author - 即墨遥 Total Chapters - 47 Genre - Horror, Romance, A... More

Description
Chapter 1 : My Ex-boyfriend
Chapter 2 : Reunion
Chapter 3 : Rainbow Farts
Chapter 4 : The Murderer
Chapter 5 : Ghost? (A)
Chapter 5 : Ghost? (B)
Chapter 6 : Come!
Chapter 7 : He Died (A)
Chapter 7 : He Died (B)
for Part 8
Chapter 8 : Identity
Part 9 : Returning Home
Part 10 : Date (A)
Part 10 : Date (B)
Chapter 10 : Date (C)
Chapter 11 : Mishap (A)
Chapter 11 : Mishap (B)
Chapter 12 : Why Should It? (A)
Chapter 12 : Why Should It? (B)
part 13 ..
Chapter 13 : Summoning Spell (A)
Chapter 13 : Summoning Spell (B)
Update
Chapter 14 : Secret (A)
Chapter 14 : Secret (B)
Chapter 15 : He Came (A)
Chapter 15 : He Came (B)

Chapter 16 : Dealing With It (A)

681 104 4
By cof-fee_cilla

[Zawgyi ]

.

ရဲေတြက တတိယထပ္ ၾကမ္းျပင္ေပၚမွ ေသြးကြက္မ်ားကို ၾကည့္ၿပီးေနာက္ ၾကမ္းျပင္ေပၚမွာ သတိလစ္ေနတဲ့ ဝမ္ဖုန႔္ကို ၾကည့္လိုက္သည္။ ေကာင္ငယ္ေလးရဲ႕ ထိတ္လန႔္တၾကားငိုယိုကာ ေအာ္ဟစ္အကူအညီေတာင္းသံကို ၾကားလိုက္တဲ့အခါ အားလုံးက တစ္ခါတည္း သူတို႔ေသနတ္ေတြကို ဆြဲလိုက္ၿပီး ယြိစစ္က်ယ္နဲ႔ ဖန႔္ခ်ဴတို႔ကို ခ်ိန္လိုက္ၾကသည္။ ရဲအရာရွိေတြက သူတို႔ကို သတိရွိရွိၾကည့္လိုက္ရင္း သူတို႔ထဲက တစ္ဦးက

"ငါျမင္ႏိုင္တဲ့ေနရာမွာ လက္ေတြကို ေျမႇာက္ထားစမ္း!" ဟု ေအာ္လာသည္။

ဖန႔္ခ်ဴက ေကာင္စုတ္ေလးကို စိုက္ၾကည့္လိုက္ေသာ္လည္း သူ႔လက္ေတြကိုေတာ့ အျမန္ပဲေျမႇာက္လိုက္ပါတယ္။ နားလည္မႈလြဲေနတာကို သူျဖည္းျဖည္းခ်င္း ရွင္းျပႏိုင္ေသာ္လည္း ခုခံျခင္းက သူ႔ကို သတ္ပစ္ႏိုင္ၿပီး ဒါက မထိုက္တန္ပါေလ။

(TN - ကိုယ္မွန္တယ္ဆိုၿပီး လက္ကိုမေျမႇာက္ပဲ တင္းခံေနရင္ ေသနတ္နဲ႔အပစ္ခံရႏိုင္ၿပီး ဒါေလးအတြက္နဲ႔ အပစ္ခံရတာက မတန္ဘူးလို႔ ေျပာတာပါ)

ဒါေပမယ့္ ဖန႔္ခ်ဴ ေဘးကို လွမ္းၾကည့္လိုက္ေတာ့ ယြိစစ္က်ယ္ရဲ႕အိတ္ကပ္ထဲမွာ လက္တစ္ဖက္က်န္ေနေသးတာကို ေတြ႕လိုက္ရၿပီး သူက ဘာမွမျဖစ္သလိုရပ္လို႔ေနသည္။ လက္နက္ခ်ဖို႔ လုံးဝအစီအစဥ္မရွိပုံရၿပီး ဖန႔္ခ်ဴရဲ႕ နဖူးေပၚကေန ေခြၽးေအးေတြ တစ္ဖန္ျပန္စီးက်လာရေတာ့သည္။

F က သူ႔ကို တံေတာင္နဲ႔တြက္လိုက္ၿပီး "ေဟး ပညာရွိတစ္ေယာက္က အေျခအေနမေပးတဲ့အခါေတြမွာ မတိုက္ခိုက္ဘူးေနာ္.." လို႔ အသံတိုးတိုးနဲ႔ အႀကံေပးလိုက္တယ္။

ယြိစစ္က်ယ္ ဖန႔္ခ်ဴကို တစ္ေစ့တစ္ေစာင္းၾကည့္လိုက္သည္။

ဖန႔္ခ်ဴမွာ သူ၏ လွ်ိဳ႕ဝွက္ဆန္းၾကယ္အၾကည့္ေၾကာင့္ ထိတ္လန႔္သြားရသည္။
ညီအစ္ကိုေရ၊ မင္းတကယ္ကို အာဏာႀကီးမွန္း ငါသိေပမဲ့ ဘယ္ေလာက္ပဲ အစြမ္းထက္ေနပါေစ မင္းရဲ႕ သာလြန္မႈႀကီးကို မင္းဆႏၵအတိုင္း ျပလို႔မရေသးဘူးေလေနာ္.. ဒီကမာၻေပၚက လူတစ္ေယာက္ခ်င္းစီက မင္းကိုသိေနမွာ မဟုတ္ဘူးေလ။ ရဲေတြက ငါတို႔ကို သူတို႔ေသနတ္နဲ႔ခ်ိန္ထားတာတာ မျမင္ဘူးလား။

သူ႔ရဲ႕ စည္း႐ုံးမႈေတြက ယြိစစ္က်ယ္အေပၚမွာ သက္ေရာက္မႈမရွိဘူးဆိုတာ ဖန႔္ခ်ဴေျပာႏိုင္တယ္.. ဒါေၾကာင့္ သူ ရဲအရာရွိေတြကို ေဖာ္ေ႐ြစြာ ၿပဳံးျပၿပီး "ကြၽန္ေတာ္တို႔ အညံ့ခံပါတယ္ ကြၽန္ေတာ္တို႔ အညံ့ခံပါတယ္! မပစ္လိုက္ပါနဲ႔!"

အဲ့ဒီအခ်ိန္မွာပဲ ဝမ္ေထာင္းက သူဘာေတြလုပ္ထားခဲ့တယ္ဆိုတာကို မသိၾကတဲ့ ရဲေတြရဲ႕ကာကြယ္မႈေအာက္မွာ ရွိေနၿပီမို႔ ေကာင္ေလးက သူတို႔ေတြရဲ႕ အလိုေလ်ာက္ ကာကြယ္မႈနဲ႔ စာနာမႈေတြကို ႏႈိးဆြေပးလိုက္ကာ သူတို႔ေတြက အလ်င္အျမန္ပဲ သူ႔ေရွ႕ကို ကာကြယ္ဖို႔ေလွ်ာက္လာခဲ့ၾကေတာ့တယ္။

ဒါေၾကာင့္ပဲ ဝမ္ေထာင္းက အခုဆို ရဲအရာရွိေတြရဲ႕ေနာက္မွာ ပုန္းကြယ္ေနၿပီး ဖန႔္ခ်ဴကို ခပ္ေလွာင္ေလွာင္အၾကည့္နဲ႔ လွမ္းဆြေလတယ္။

ဖန႔္ခ်ဴ ေတြးလိုက္သည္.. #&*&?#@!!

ကေလးတစ္ေယာက္ကို ႐ိုက္ႏွက္ပစ္လိုက္ဖို႔အထိ စိတ္ေပါက္လာရတာ ဒါပထမဆုံးအႀကိမ္ပါပဲ။

ရဲေတြက သူတို႔နဲ႔ နီးကပ္လာေပမယ့္လည္း ယြိစစ္က်ယ္ကေတာ့ မလႈပ္မယွက္ ျဖစ္ေနသည္။ ေအးစက္စက္ ေခြၽးမ်ားက ဖန႔္ခ်ဴရဲ႕ကိုယ္ေပၚ သြန္ခ်လာၿပီး ဒီေန႔မွာေတာ့ သူ တကယ္ပဲ ကံမေကာင္းေၾကာင္း ခံစားလိုက္ရသည္။ ေစာေစာကေတာ့ သူ႔ခါးေပၚကဓားဒဏ္ရာဆီကေန ဘယ္လိုနာက်င္မႈကိုမွ လုံးဝမခံစားခဲ့ရေပမယ့္ အခုမွ နာတာႀကီးက သူ႔ခႏၶာကိုယ္ကို မီးနဲ႔ထိုးေနသလိုျဖစ္ၿပီး မ်က္ေမွာင္မၾကဳတ္ပဲ မေနႏိုင္ေတာ့ပါေခ်။

ယြိစစ္က်ယ္က ဒါကိုခ်က္ခ်င္းသတိျပဳမိလိုက္ၿပီး ဖန႔္ခ်ဴရဲ႕ဒဏ္ရာကိုျမင္လိုက္တဲ့အခါ သူ႔အၾကည့္ေတြက ေအးစက္လာၿပီး ဖန႔္ခ်ဴကိုလက္ေမာင္းကိုေန တြဲကိုင္ကာ ထြက္သြားဖို႔လုပ္လိုက္တယ္။ ယြိစစ္က်ယ္ မလႈပ္မယွက္ေနတာက အဆင္ေျပေပမယ့္ ဒီလို ႐ုတ္တရက္လႈပ္ရွားမႈႀကီးက ရဲေတြကို ခ်က္ခ်င္းတုန္လႈပ္သြားေစကာ သူတို႔ထဲက တစ္ေယာက္က ေအာ္လာခဲ့တယ္။
"ခမ်ားဘာလုပ္ေနတာလဲ!"

ဖန႔္ခ်ဴ စကားမေျပာႏိုင္ေတာ့။

ဒီအေျခအေနက ပိုဆိုး႐ြားလာေစၿပီး ရဲေတြက သံသယရွိသူေတြကို ႏွိမ္နင္းခါနီးေလးမွာပဲ ရဲအရာရွိငယ္တစ္ေယာက္က ႐ုတ္တရက္ ဝင္ခ်လာၿပီး တည္တည္ၾကည္ၾကည္ ေမးလိုက္တယ္။

"ဘာေတြျဖစ္ေနတာလဲ"

ထိုသူက ေရွ႕တည့္တည့္ကို ေလွ်ာက္လာခဲ့ၿပိး ၾကည့္လိုက္တဲ့အခါမွာေတာ့ သူရဲေကာင္းဆန္ဆန္ ရဲတင္းတဲ့မ်က္ႏွာတစ္ခုက သူ႔ဦးထုပ္ေအာက္ကေန ထြက္ေပၚလာခဲ့သည္။ ထိုသူက ကုန္းေယာင္ယင္းပဲျဖစ္သည္!

ဖန႔္ခ်ဴ သူ႔ကိုျမင္လိုက္ခ်ိန္မွာ အရမ္းကိုတုန္လႈပ္သြားၿပီး ငိုခ်ေတာ့မတတ္ျဖစ္သြားရသည္။

သူႏွင့္ အရာရွိကုန်းတို႔ကို ေနာက္ျပန္ၾကည့္ရရင္; သူတို႔က အေပ်ာ္စီးသေဘၤာေပၚမွာ မၾကာေသးမီကပဲ ေတြ႕ဆုံခဲ့ၾကၿပီး အသိအကြၽမ္းေဟာင္းမ်ားျဖစ္တာေၾကာင့္ သူနဲ႔ စကားေျပာရတာက ပိုမိုလြယ္ကူႏိုင္ၿပီး အနည္းငယ္ေသာ စုံစမ္းစစ္ေဆးမႈနဲ႔တင္ ရဲေတြက နားလည္မႈလြဲေနတာကို ေျဖရွင္းႏိုင္သြားမွာပင္။

ဖန႔္ခ်ဴနဲ႔ ယြိစစ္က်ယ္တို႔ ထိုေနရာမွာ ရပ္ေနၾကတာကိုေတြ႕ေတာ့ ကုန္းေယာင္ယင္း အံ့ဩသြားတယ္။

ဝမ္ေထာင္းက သူတို႔ကိုၾကည့္လိုက္ၿပီး ေက်နပ္ေနရင္း ရဲေတြ သူတို႔ကို ေခၚသြားမွာကို ေစာင့္ၾကည့္ဖို႔ အသင့္ျဖစ္ေနေတာ့သည္။

ဖန႔္ခ်ဴအသက္ျပင္းျပင္းရႉလိုက္သည္။ ၿပီးေနာက္ သူ႔ဘာသူ ရွင္းျပဖို႔လုပ္လိုက္သည္။

အဲ့ဒီခ်ိန္မွာပဲ ကုန္းေယာင္ယင္းက ႐ုတ္တရက္ ေတာင့္တင္းသြားၿပီး ယြိစစ္က်ယ္ဆီ အလ်င္အျမန္ အေလးျပဳလ်က္ တေလးတစား ေျပာလိုက္တယ္၊

"Sir ခမ်ားက ဒီမွာပဲကိုး၊ ခမ်ား ေတာ္ေတာ္ေလး အလုပ္ႀကိဳးစားခဲ့တာပဲ! က်န္တာေတြကို ေျဖရွင္းဖို႔ ကြၽန္ေတာ္နဲ႔ထားခဲ့ၿပီး သြားလို႔ရပါၿပီဗ်ာ။"

ဖန႔္ခ်ဴ နဲ႔ ဝမ္ေထာင္းမွာ ရႈပ္ေထြးကုန္ရတယ္။

အျခားေသာ ရဲေတြကလည္း စကားမေျပာႏိုင္။

ယြိစစ္က်ယ္က ကုန္းေယာင္ယင္းကို ဂ႐ုမစိုက္ပဲ လွည့္လိုက္တယ္။ သူက ဖန႔္ခ်ဴရဲ႕လက္ကိုဆြဲၿပီးတာနဲ႔ ဘာတစ္ခြန္းမွာ မေျပာပဲ ထြက္သြားပါေတာ့တယ္။

ဖန႔္ခ်ဴမွာ စိတ္ေတြရႈပ္ေထြးလ်က္ ဘယ္လိုေၾကာင့္ ကိစၥေတြက ဒီလိုမ်ိဳးေလးတင္ ၿပီးဆုံးသြားရတယ္ဆိုတာကို နားမလည္ႏိုင္ျဖစ္ေနဆဲပင္။ သူတို႔က ဒီလိုေလးပဲ ထြက္သြားေတာ့ဖို႔ လုပ္ေနတာကို ေတြ႕ေတာ့ သူက မယုံၾကည္ႏိုင္ေသးပဲ

"ခဏေနပါဦး ၊ ဒါက.... "

ဝမ္ေထာင္းလည္း စိုးရိမ္သြားရသည္။ ယြိစစ္က်ယ္က လူဆိုးတစ္ေယာက္နဲ႔ လုံးဝကို ဆင္တူေနတာမို႔ မူလမွာ သူက အဲ့ဒီလူကို လူသတ္သမားအေနနဲ႔ အကြက္ခ်ခ်င္ခဲ့ေပမယ့္ မေမွ်ာ္လင့္စြာနဲ႔ ထိုရဲသားေတြက အဲ့ဒီလူကို ဘာေလးမွ မေမးမျမန္း ဒီတိုင္း သြားခြင့္ျပဳလိုက္ၾကတာပဲ။ ဝမ္ေထာင္းက ေအာ္ငိုလိုက္ရင္း

"ခမ်ားတို႔ သူ႔ကို ဘယ္လိုမ်ား သြားခြင့္ျပဳႏိုင္ရတာလဲ.. သူက ကြၽန္ေတာ့္အေဖနဲ႔အေမကို သတ္တဲ့ လူသတ္သမားဗ်.. ခမ်ားတို႔ေတြ ဘယ္လိုမ်ား.... "

သူဘာမွမေျပာတာကမွ ပိုေကာင္းဦးမယ္၊ ဒါေပမယ့္ အခု သူက ကုန္းေယာင္ယင္းရဲ႕ အာ႐ုံကို ဆြဲေဆာင္မိသြားေလၿပီ။

ကုန္းေယာင္ယင္းက မ်က္ေမွာင္ၾကဳတ္ကာ လွည့္လိုက္ၿပီး ဝမ္ေထာင္းကို ေလးေလးနက္နက္ စိုက္ၾကည့္လိုက္တယ္။

ဝမ္ေထာင္းရဲ႕ ႏွလုံးသားေလးက ဒိန္းကနဲ တစ္ခ်က္ခုန္သြားသည္။ ဒီရဲရဲ႕အၾကည့္က သူ႔ကို အလြန္စိတ္မသက္မသာျဖစ္ေစၿပီး သူ႔အမူအရာမွာ စာနာတာေတြ သနားတာေတြ လုံးဝမရွိပါ။ ဆန႔္က်င္ဘက္အေနနဲ႔ ထိုရဲက ဝမ္ေထာင္းကို ရာဇဝတ္သားအေနနဲ႔ အစ္ေအာက္စစ္ေမးေနပုံနဲ႔ တူေနသည္။

မျဖစ္ႏိုင္ဘူး... ဒီရဲက သူလိမ္ေနမွန္း သိဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ သူတို႔ေတြ အခုထိေတာင္ စုံစမ္းဖို႔ အခ်ိန္ရေသးတာမဟုတ္ဘူးေလ!

ကုန္းေယာင္ယင္းက ေရွ႕ကို ေျခတစ္လွမ္းတိုးလိုက္သည္။

ဝမ္ေထာင္းကေတာ့ ေနာက္ကို ေျခတစ္လွမ္းဆုတ္သြား၏။

ကုန္းေယာင္ယင္းရဲ႕ ႏႈတ္ခမ္းေထာင့္က ျဖည္းညႇင္းစြာ ေကာ့တက္သြားလ်က္ ေထ့ေငါ့ေနပုံရသည္။ သူ႔ေလသံက ပေရာ္ဖက္ရွင္နယ္ဆန္ၿပီး ခပ္တင္းတင္းနဲ႔

"အဲ့လိုလား။ ဒါဆို မင္း ဘာလို႔ ငါနဲ႔အတူ ဒီအမႈကို ကူၿပီး ေဖာ္ထုတ္မေပးရမလဲ။ သူတို႔က မင္းမိဘေတြကို သတ္တယ္လို႔ မင္းကေျပာလာေတာ့ ဒါဆို ေက်းဇူးျပဳၿပီး အမႈျဖစ္စဥ္နဲ႔ပတ္သတ္လို႔ အေၾကာင္းအရာေတြကို အေသးစိတ္ေလး ေျပာျပေပးပါဦး .. လူသတ္လက္နက္က ဘယ္မွာမွာဆိုတာမ်ိဳး.. ၿပီးေတာ့ သူတို႔ ဘယ္လိုပုံစံ သတ္လိုက္တယ္ဆိုတာမ်ိဳးေပါ့။"

အဲ့ဒီတုန္းက ဝမ္ေထာင္းက စိတ္ကူးေပါက္ရာ ေလွ်ာက္ေျပာခဲ့႐ုံေလးသာျဖစ္ၿပီး သူဘယ္ေလာက္ပဲ ေသြးေအးေနပါေစ သူက ဆယ့္သုံးႏွစ္အ႐ြယ္ ကေလးတစ္ေယာက္သာသာပဲျဖစ္လို႔တယ္။ ၿပီးေတာ့ စိတ္လိုက္မာန္ပါသတ္မိခဲ့တာျဖစ္သည္။ ဒီေတာ့ သူက ဘယ္လိုလုပ္ၿပီး ကိစၥေတြကို ေစ့ေစ့စပ္စပ္ ေတြးေတာႏိုင္ပါ့မလဲေလ။ ဝမ္ေထာင္းတစ္ေယာက္ ကုန္းေယာင္ယင္းရဲ႕ ေမးခြန္းတြဲႀကီးေနာက္မွာ အငိုက္မိသြားရင္း အမူအရာကင္းမဲ့လ်က္ ေျပာလိုက္တယ္။

"အ.. သူတို႔က လူသတ္သမားေတြပဲ.. သူတို႔သတ္ေနတာကို ကြၽန္ေတာ္ျမင္ခဲ့တယ္ဗ်..."
ကုန္းေယာင္ယင္းက ပတ္ပတ္လည္ကို လွမ္းၾကည့္ကာ ေျမျပင္ေပၚမွာ လဲေလ်ာင္းေနဆဲျဖစ္ေသာ ဝမ္ဖုန႔္ကို လ်င္ျမန္စြာ ေတြ႕လိုက္ရသည္။ သတိလစ္ေနေသာ္လည္း သူမေသေသးေၾကာင္း ကုန္းေယာင္ယင္း အၾကည့္တစ္ခ်က္နဲ႔တင္ ေျပာႏိုင္တာမို႔ "ဒါ မင္းအေဖလား" လို႔ေမးလိုက္တယ္။

ဝမ္ေထာင္းက တုန္လႈပ္သြားရင္း ေခါင္းညိတ္ျပသည္။

ကုန္းေယာင္ယင္းက သူ႔ကို ေအးစက္စြာ ၾကည့္ၿပီး

"သူက လုံးဝကို မေသေသးပါဘူး၊ သူ႔ကို တစ္ေယာက္ေယာက္က သတ္လိုက္တာလို႔ မင္း ဘယ္လိုေျပာႏိုင္တာလဲ။"

ဝမ္ေထာင္း ျပန္ေျပာစရာ စကားမဲ့သြားခဲ့ရသည္။

ကုန္းေယာင္ယင္းက ဆက္ၿပီး
"မင္းအေမကိုလည္း သူတို႔သတ္တာလို႔ မင္းေျပာတယ္ေနာ္.. ဒါဆို အေလာင္းက ဘယ္မွာလဲ"

ဝမ္ေထာင္းတစ္ေယာက္ ထပ္ၿပီး ျပန္မေျပာႏိုင္ျဖစ္ရျပန္သည္.. သူေတြးၾကည့္ႏိုင္တာတစ္ခုက
"အေလာင္းက ေပ်ာက္သြားၿပီ" ဆိုတာပင္။

ကုန္းေယာင္ယင္းရဲ႕ မ်က္လုံးေတြက ထက္ရွေနၿပီး ဝမ္ေထာင္းကို မ်က္ဝန္းေသႀကီးနဲ႔ ၾကည့္လိုက္သည္။ သူ႔မ်က္ႏွာထားက အလြန္ပဲ ေလးနက္တည္ၿငိမ္ေနၿပီး သူ႔ရဲ႕ ရဲယူနီေဖာင္းက ဝမ္ေထာင္းကို အလြန္အမင္း တုန္လႈပ္ေနေစ၏။

"ဒါဆို မင္း လိမ္ေနတာလား။ ဘာလို႔ လိမ္တာမ်ားလဲ။ ရည္႐ြယ္ခ်က္ကဘာျဖစ္မလဲ။ ေက်းဇူးျပဳၿပီး အခု ငါတို႔နဲ႔ လိုက္ခဲ့ၿပီး မင္းဘာမင္း ရွင္းျပပါ!"

ဝမ္ေထာင္း ထိတ္လန႔္သြားသည္။ ရဲသားႀကီးက ဘယ္လိုမ်ား ဒီလိုပုံစံျဖစ္ရတာလဲ။ အားနည္းသူအေပၚမွာ သူက ဘယ္လိုမ်ား စာနာစိတ္ေလးေတာင္ မခံစားရတာလဲ?! ရဲေတြ သသူ႔ကို စစ္ေဆးၾကေတာ့မယ္ဆိုရင္ေတာင္ သူတို႔ေတြ ယြိစစ္က်ယ္တို႔ကို အရင္စစ္ေဆးသင့္တာပဲေလ။ သူတို႔က ပိုၿပီး သံသယျဖစ္ဖြယ္မေကာင္းဘူးလား?


ဝမ္ေထာင္းက သူ႔မွာ ထြက္ေပါက္မရွိေတာ့တာကို သိတဲ့အတြက္ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ က်ယ္ေလာင္စြာ ေျပာလိုက္တယ္
"ခမ်ား ကြၽန္ေတာ့္ကို ေခၚသြားလို႔မရဘူး၊ ကြၽန္ေတာ္က အသက္မျပည့္ဘူး!"

ကုန္းေယာင္ယင္းက ႐ုတ္တရက္ မခ်ိၿပဳံးၿပဳံးလိုက္သည္။ ဒီကေလးက အေတာ္ေလး နားလည္ေနတာပဲ.. ၿပီးေတာ့ ၾကည့္ရတာ သူနဲ႔ပတ္သတ္လို႔ တစ္ခုခုေတာ့ တကယ္ႀကီးလြဲလို႔ေနပုံရသည္။

____________________

Hello.. Long Time No Seeပါရွင္..

Click ssေလးေတြနဲ႔ လာလာျပေပးၾကတဲ့ တာဝန္ေက်ပြန္တဲ့သူေလးေတြကို ျမင္ရေတာ့ အားေတြတက္ၿပီး အမ်ားႀကီး ဂုဏ္ယူမိပါတယ္။

ရွမ္းဆိုင္ေလးတစ္ဖက္နဲ႔ အျခားအလုပ္ေတြၾကားမွာ မလႈပ္ႏိုင္ျဖစ္ေနလို႔ ေျပာထားသလို ဆယ္ေယာက္ျပည့္တာနဲ႔ တစ္ပိုင္းဆိုၿပီး မတင္ေပးႏိုင္ပဲ အစ္မဘက္က ပ်က္ကြက္ခဲ့ရပါတယ္။

ဒါကိုေတာင္ readerေလးေတြက စိတ္မကြက္ပဲ ေန႔စဥ္ click ssေလးေတြကို လာျပေနၾကဆဲမို႔ တကယ္ပဲ အံ့ဩဝမ္းသားခဲ့ရပါတယ္။

ေငြေရးေၾကးေရးနဲ႔ ပတ္သတ္လို႔ ႐ုန္းကန္ေနရတဲ့ကာလျဖစ္ေနတာဆိုေတာ့ ဆက္ၿပီး နားလည္ေစာင့္ဆိုင္းေပးၾကပါဦးလို႔ အစ္မေမတၱာရပ္ခံပါရေစ.. ။ ေက်းဇူးတင္ပါတယ္ေနာ္။


--------------------


[ Unicode ]

.

ရဲတွေက တတိယထပ် ကြမ်းပြင်ပေါ်မှ သွေးကွက်များကို ကြည့်ပြီးနောက် ကြမ်းပြင်ပေါ်မှာ သတိလစ်နေတဲ့ ဝမ်ဖုန့်ကို ကြည့်လိုက်သည်။ ကောင်ငယ်လေးရဲ့ ထိတ်လန့်တကြားငိုယိုကာ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်တဲ့အခါ အားလုံးက တစ်ခါတည်း သူတို့သေနတ်တွေကို ဆွဲလိုက်ပြီး ယွိစစ်ကျယ်နဲ့ ဖန့်ချူတို့ကို ချိန်လိုက်ကြသည်။ ရဲအရာရှိတွေက သူတို့ကို သတိရှိရှိကြည့်လိုက်ရင်း သူတို့ထဲက တစ်ဦးက

"ငါမြင်နိုင်တဲ့နေရာမှာ လက်တွေကို မြှောက်ထားစမ်း!" ဟု အော်လာသည်။

ဖန့်ချူက ကောင်စုတ်လေးကို စိုက်ကြည့်လိုက်သော်လည်း သူ့လက်တွေကိုတော့ အမြန်ပဲမြှောက်လိုက်ပါတယ်။ နားလည်မှုလွဲနေတာကို သူဖြည်းဖြည်းချင်း ရှင်းပြနိုင်သော်လည်း ခုခံခြင်းက သူ့ကို သတ်ပစ်နိုင်ပြီး ဒါက မထိုက်တန်ပါလေ။

(TN - ကိုယ်မှန်တယ်ဆိုပြီး လက်ကိုမမြှောက်ပဲ တင်းခံနေရင် သေနတ်နဲ့အပစ်ခံရနိုင်ပြီး ဒါလေးအတွက်နဲ့ အပစ်ခံရတာက မတန်ဘူးလို့ ပြောတာပါ)

ဒါပေမယ့် ဖန့်ချူ ဘေးကို လှမ်းကြည့်လိုက်တော့ ယွိစစ်ကျယ်ရဲ့အိတ်ကပ်ထဲမှာ လက်တစ်ဖက်ကျန်နေသေးတာကို တွေ့လိုက်ရပြီး သူက ဘာမှမဖြစ်သလိုရပ်လို့နေသည်။ လက်နက်ချဖို့ လုံးဝအစီအစဉ်မရှိပုံရပြီး ဖန့်ချူရဲ့ နဖူးပေါ်ကနေ ချွေးအေးတွေ တစ်ဖန်ပြန်စီးကျလာရတော့သည်။

F က သူ့ကို တံတောင်နဲ့တွက်လိုက်ပြီး "ဟေး ပညာရှိတစ်ယောက်က အခြေအနေမပေးတဲ့အခါတွေမှာ မတိုက်ခိုက်ဘူးနော်.." လို့ အသံတိုးတိုးနဲ့ အကြံပေးလိုက်တယ်။

ယွိစစ်ကျယ် ဖန့်ချူကို တစ်စေ့တစ်စောင်းကြည့်လိုက်သည်။

ဖန့်ချူမှာ သူ၏ လျှို့ဝှက်ဆန်းကြယ်အကြည့်ကြောင့် ထိတ်လန့်သွားရသည်။
ညီအစ်ကိုရေ၊ မင်းတကယ်ကို အာဏာကြီးမှန်း ငါသိပေမဲ့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်းရဲ့ သာလွန်မှုကြီးကို မင်းဆန္ဒအတိုင်း ပြလို့မရသေးဘူးလေနော်.. ဒီကမ္ဘာပေါ်က လူတစ်ယောက်ချင်းစီက မင်းကိုသိနေမှာ မဟုတ်ဘူးလေ။ ရဲတွေက ငါတို့ကို သူတို့သေနတ်နဲ့ချိန်ထားတာတာ မမြင်ဘူးလား။

သူ့ရဲ့ စည်းရုံးမှုတွေက ယွိစစ်ကျယ်အပေါ်မှာ သက်ရောက်မှုမရှိဘူးဆိုတာ ဖန့်ချူပြောနိုင်တယ်.. ဒါကြောင့် သူ ရဲအရာရှိတွေကို ဖော်ရွေစွာ ပြုံးပြပြီး "ကျွန်တော်တို့ အညံ့ခံပါတယ် ကျွန်တော်တို့ အညံ့ခံပါတယ်! မပစ်လိုက်ပါနဲ့!"

အဲ့ဒီအချိန်မှာပဲ ဝမ်ထောင်းက သူဘာတွေလုပ်ထားခဲ့တယ်ဆိုတာကို မသိကြတဲ့ ရဲတွေရဲ့ကာကွယ်မှုအောက်မှာ ရှိနေပြီမို့ ကောင်လေးက သူတို့တွေရဲ့ အလိုလျောက် ကာကွယ်မှုနဲ့ စာနာမှုတွေကို နှိုးဆွပေးလိုက်ကာ သူတို့တွေက အလျင်အမြန်ပဲ သူ့ရှေ့ကို ကာကွယ်ဖို့လျှောက်လာခဲ့ကြတော့တယ်။

ဒါကြောင့်ပဲ ဝမ်ထောင်းက အခုဆို ရဲအရာရှိတွေရဲ့နောက်မှာ ပုန်းကွယ်နေပြီး ဖန့်ချူကို ခပ်လှောင်လှောင်အကြည့်နဲ့ လှမ်းဆွလေတယ်။

ဖန့်ချူ တွေးလိုက်သည်.. #&*&?#@!!

ကလေးတစ်ယောက်ကို ရိုက်နှက်ပစ်လိုက်ဖို့အထိ စိတ်ပေါက်လာရတာ ဒါပထမဆုံးအကြိမ်ပါပဲ။

ရဲတွေက သူတို့နဲ့ နီးကပ်လာပေမယ့်လည်း ယွိစစ်ကျယ်ကတော့ မလှုပ်မယှက် ဖြစ်နေသည်။ အေးစက်စက် ချွေးများက ဖန့်ချူရဲ့ကိုယ်ပေါ် သွန်ချလာပြီး ဒီနေ့မှာတော့ သူ တကယ်ပဲ ကံမကောင်းကြောင်း ခံစားလိုက်ရသည်။ စောစောကတော့ သူ့ခါးပေါ်ကဓားဒဏ်ရာဆီကနေ ဘယ်လိုနာကျင်မှုကိုမှ လုံးဝမခံစားခဲ့ရပေမယ့် အခုမှ နာတာကြီးက သူ့ခန္ဓာကိုယ်ကို မီးနဲ့ထိုးနေသလိုဖြစ်ပြီး မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပါချေ။

ယွိစစ်ကျယ်က ဒါကိုချက်ချင်းသတိပြုမိလိုက်ပြီး ဖန့်ချူရဲ့ဒဏ်ရာကိုမြင်လိုက်တဲ့အခါ သူ့အကြည့်တွေက အေးစက်လာပြီး ဖန့်ချူကိုလက်မောင်းကိုနေ တွဲကိုင်ကာ ထွက်သွားဖို့လုပ်လိုက်တယ်။ ယွိစစ်ကျယ် မလှုပ်မယှက်နေတာက အဆင်ပြေပေမယ့် ဒီလို ရုတ်တရက်လှုပ်ရှားမှုကြီးက ရဲတွေကို ချက်ချင်းတုန်လှုပ်သွားစေကာ သူတို့ထဲက တစ်ယောက်က အော်လာခဲ့တယ်။
"ခများဘာလုပ်နေတာလဲ!"

ဖန့်ချူ စကားမပြောနိုင်တော့။

ဒီအခြေအနေက ပိုဆိုးရွားလာစေပြီး ရဲတွေက သံသယရှိသူတွေကို နှိမ်နင်းခါနီးလေးမှာပဲ ရဲအရာရှိငယ်တစ်ယောက်က ရုတ်တရက် ဝင်ချလာပြီး တည်တည်ကြည်ကြည် မေးလိုက်တယ်။

"ဘာတွေဖြစ်နေတာလဲ"

ထိုသူက ရှေ့တည့်တည့်ကို လျှောက်လာခဲ့ပြိး ကြည့်လိုက်တဲ့အခါမှာတော့ သူရဲကောင်းဆန်ဆန် ရဲတင်းတဲ့မျက်နှာတစ်ခုက သူ့ဦးထုပ်အောက်ကနေ ထွက်ပေါ်လာခဲ့သည်။ ထိုသူက ကုန်းယောင်ယင်းပဲဖြစ်သည်!

ဖန့်ချူ သူ့ကိုမြင်လိုက်ချိန်မှာ အရမ်းကိုတုန်လှုပ်သွားပြီး ငိုချတော့မတတ်ဖြစ်သွားရသည်။

သူနှင့် အရာရှိကုန်းတို့ကို နောက်ပြန်ကြည့်ရရင်; သူတို့က အပျော်စီးသင်္ဘောပေါ်မှာ မကြာသေးမီကပဲ တွေ့ဆုံခဲ့ကြပြီး အသိအကျွမ်းဟောင်းများဖြစ်တာကြောင့် သူနဲ့ စကားပြောရတာက ပိုမိုလွယ်ကူနိုင်ပြီး အနည်းငယ်သော စုံစမ်းစစ်ဆေးမှုနဲ့တင် ရဲတွေက နားလည်မှုလွဲနေတာကို ဖြေရှင်းနိုင်သွားမှာပင်။

ဖန့်ချူနဲ့ ယွိစစ်ကျယ်တို့ ထိုနေရာမှာ ရပ်နေကြတာကိုတွေ့တော့ ကုန်းယောင်ယင်း အံ့ဩသွားတယ်။

ဝမ်ထောင်းက သူတို့ကိုကြည့်လိုက်ပြီး ကျေနပ်နေရင်း ရဲတွေ သူတို့ကို ခေါ်သွားမှာကို စောင့်ကြည့်ဖို့ အသင့်ဖြစ်နေတော့သည်။

ဖန့်ချူအသက်ပြင်းပြင်းရှူလိုက်သည်။ ပြီးနောက် သူ့ဘာသူ ရှင်းပြဖို့လုပ်လိုက်သည်။

အဲ့ဒီချိန်မှာပဲ ကုန်းယောင်ယင်းက ရုတ်တရက် တောင့်တင်းသွားပြီး ယွိစစ်ကျယ်ဆီ အလျင်အမြန် အလေးပြုလျက် တလေးတစား ပြောလိုက်တယ်၊

"Sir ခများက ဒီမှာပဲကိုး၊ ခများ တော်တော်လေး အလုပ်ကြိုးစားခဲ့တာပဲ! ကျန်တာတွေကို ဖြေရှင်းဖို့ ကျွန်တော်နဲ့ထားခဲ့ပြီး သွားလို့ရပါပြီဗျာ။"

ဖန့်ချူ နဲ့ ဝမ်ထောင်းမှာ ရှုပ်ထွေးကုန်ရတယ်။

အခြားသော ရဲတွေကလည်း စကားမပြောနိုင်။

ယွိစစ်ကျယ်က ကုန်းယောင်ယင်းကို ဂရုမစိုက်ပဲ လှည့်လိုက်တယ်။ သူက ဖန့်ချူရဲ့လက်ကိုဆွဲပြီးတာနဲ့ ဘာတစ်ခွန်းမှာ မပြောပဲ ထွက်သွားပါတော့တယ်။

ဖန့်ချူမှာ စိတ်တွေရှုပ်ထွေးလျက် ဘယ်လိုကြောင့် ကိစ္စတွေက ဒီလိုမျိုးလေးတင် ပြီးဆုံးသွားရတယ်ဆိုတာကို နားမလည်နိုင်ဖြစ်နေဆဲပင်။ သူတို့က ဒီလိုလေးပဲ ထွက်သွားတော့ဖို့ လုပ်နေတာကို တွေ့တော့ သူက မယုံကြည်နိုင်သေးပဲ

"ခဏနေပါဦး ၊ ဒါက.... "

ဝမ်ထောင်းလည်း စိုးရိမ်သွားရသည်။ ယွိစစ်ကျယ်က လူဆိုးတစ်ယောက်နဲ့ လုံးဝကို ဆင်တူနေတာမို့ မူလမှာ သူက အဲ့ဒီလူကို လူသတ်သမားအနေနဲ့ အကွက်ချချင်ခဲ့ပေမယ့် မမျှော်လင့်စွာနဲ့ ထိုရဲသားတွေက အဲ့ဒီလူကို ဘာလေးမှ မမေးမမြန်း ဒီတိုင်း သွားခွင့်ပြုလိုက်ကြတာပဲ။ ဝမ်ထောင်းက အော်ငိုလိုက်ရင်း

"ခများတို့ သူ့ကို ဘယ်လိုများ သွားခွင့်ပြုနိုင်ရတာလဲ.. သူက ကျွန်တော့်အဖေနဲ့အမေကို သတ်တဲ့ လူသတ်သမားဗျ.. ခများတို့တွေ ဘယ်လိုများ.... "

သူဘာမှမပြောတာကမှ ပိုကောင်းဦးမယ်၊ ဒါပေမယ့် အခု သူက ကုန်းယောင်ယင်းရဲ့ အာရုံကို ဆွဲဆောင်မိသွားလေပြီ။

ကုန်းယောင်ယင်းက မျက်မှောင်ကြုတ်ကာ လှည့်လိုက်ပြီး ဝမ်ထောင်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်တယ်။

ဝမ်ထောင်းရဲ့ နှလုံးသားလေးက ဒိန်းကနဲ တစ်ချက်ခုန်သွားသည်။ ဒီရဲရဲ့အကြည့်က သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေပြီး သူ့အမူအရာမှာ စာနာတာတွေ သနားတာတွေ လုံးဝမရှိပါ။ ဆန့်ကျင်ဘက်အနေနဲ့ ထိုရဲက ဝမ်ထောင်းကို ရာဇဝတ်သားအနေနဲ့ အစ်အောက်စစ်မေးနေပုံနဲ့ တူနေသည်။

မဖြစ်နိုင်ဘူး... ဒီရဲက သူလိမ်နေမှန်း သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့တွေ အခုထိတောင် စုံစမ်းဖို့ အချိန်ရသေးတာမဟုတ်ဘူးလေ!

ကုန်းယောင်ယင်းက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။

ဝမ်ထောင်းကတော့ နောက်ကို ခြေတစ်လှမ်းဆုတ်သွား၏။

ကုန်းယောင်ယင်းရဲ့ နှုတ်ခမ်းထောင့်က ဖြည်းညှင်းစွာ ကော့တက်သွားလျက် ထေ့ငေါ့နေပုံရသည်။ သူ့လေသံက ပရော်ဖက်ရှင်နယ်ဆန်ပြီး ခပ်တင်းတင်းနဲ့

"အဲ့လိုလား။ ဒါဆို မင်း ဘာလို့ ငါနဲ့အတူ ဒီအမှုကို ကူပြီး ဖော်ထုတ်မပေးရမလဲ။ သူတို့က မင်းမိဘတွေကို သတ်တယ်လို့ မင်းကပြောလာတော့ ဒါဆို ကျေးဇူးပြုပြီး အမှုဖြစ်စဉ်နဲ့ပတ်သတ်လို့ အကြောင်းအရာတွေကို အသေးစိတ်လေး ပြောပြပေးပါဦး .. လူသတ်လက်နက်က ဘယ်မှာမှာဆိုတာမျိုး.. ပြီးတော့ သူတို့ ဘယ်လိုပုံစံ သတ်လိုက်တယ်ဆိုတာမျိုးပေါ့။"

အဲ့ဒီတုန်းက ဝမ်ထောင်းက စိတ်ကူးပေါက်ရာ လျှောက်ပြောခဲ့ရုံလေးသာဖြစ်ပြီး သူဘယ်လောက်ပဲ သွေးအေးနေပါစေ သူက ဆယ့်သုံးနှစ်အရွယ် ကလေးတစ်ယောက်သာသာပဲဖြစ်လို့တယ်။ ပြီးတော့ စိတ်လိုက်မာန်ပါသတ်မိခဲ့တာဖြစ်သည်။ ဒီတော့ သူက ဘယ်လိုလုပ်ပြီး ကိစ္စတွေကို စေ့စေ့စပ်စပ် တွေးတောနိုင်ပါ့မလဲလေ။ ဝမ်ထောင်းတစ်ယောက် ကုန်းယောင်ယင်းရဲ့ မေးခွန်းတွဲကြီးနောက်မှာ အငိုက်မိသွားရင်း အမူအရာကင်းမဲ့လျက် ပြောလိုက်တယ်။

"အ.. သူတို့က လူသတ်သမားတွေပဲ.. သူတို့သတ်နေတာကို ကျွန်တော်မြင်ခဲ့တယ်ဗျ..."
ကုန်းယောင်ယင်းက ပတ်ပတ်လည်ကို လှမ်းကြည့်ကာ မြေပြင်ပေါ်မှာ လဲလျောင်းနေဆဲဖြစ်သော ဝမ်ဖုန့်ကို လျင်မြန်စွာ တွေ့လိုက်ရသည်။ သတိလစ်နေသော်လည်း သူမသေသေးကြောင်း ကုန်းယောင်ယင်း အကြည့်တစ်ချက်နဲ့တင် ပြောနိုင်တာမို့ "ဒါ မင်းအဖေလား" လို့မေးလိုက်တယ်။

ဝမ်ထောင်းက တုန်လှုပ်သွားရင်း ခေါင်းညိတ်ပြသည်။

ကုန်းယောင်ယင်းက သူ့ကို အေးစက်စွာ ကြည့်ပြီး

"သူက လုံးဝကို မသေသေးပါဘူး၊ သူ့ကို တစ်ယောက်ယောက်က သတ်လိုက်တာလို့ မင်း ဘယ်လိုပြောနိုင်တာလဲ။"

ဝမ်ထောင်း ပြန်ပြောစရာ စကားမဲ့သွားခဲ့ရသည်။

ကုန်းယောင်ယင်းက ဆက်ပြီး
"မင်းအမေကိုလည်း သူတို့သတ်တာလို့ မင်းပြောတယ်နော်.. ဒါဆို အလောင်းက ဘယ်မှာလဲ"

ဝမ်ထောင်းတစ်ယောက် ထပ်ပြီး ပြန်မပြောနိုင်ဖြစ်ရပြန်သည်.. သူတွေးကြည့်နိုင်တာတစ်ခုက
"အလောင်းက ပျောက်သွားပြီ" ဆိုတာပင်။

ကုန်းယောင်ယင်းရဲ့ မျက်လုံးတွေက ထက်ရှနေပြီး ဝမ်ထောင်းကို မျက်ဝန်းသေကြီးနဲ့ ကြည့်လိုက်သည်။ သူ့မျက်နှာထားက အလွန်ပဲ လေးနက်တည်ငြိမ်နေပြီး သူ့ရဲ့ ရဲယူနီဖောင်းက ဝမ်ထောင်းကို အလွန်အမင်း တုန်လှုပ်နေစေ၏။

"ဒါဆို မင်း လိမ်နေတာလား။ ဘာလို့ လိမ်တာများလဲ။ ရည်ရွယ်ချက်ကဘာဖြစ်မလဲ။ ကျေးဇူးပြုပြီး အခု ငါတို့နဲ့ လိုက်ခဲ့ပြီး မင်းဘာမင်း ရှင်းပြပါ!"

ဝမ်ထောင်း ထိတ်လန့်သွားသည်။ ရဲသားကြီးက ဘယ်လိုများ ဒီလိုပုံစံဖြစ်ရတာလဲ။ အားနည်းသူအပေါ်မှာ သူက ဘယ်လိုများ စာနာစိတ်လေးတောင် မခံစားရတာလဲ?! ရဲတွေ သသူ့ကို စစ်ဆေးကြတော့မယ်ဆိုရင်တောင် သူတို့တွေ ယွိစစ်ကျယ်တို့ကို အရင်စစ်ဆေးသင့်တာပဲလေ။ သူတို့က ပိုပြီး သံသယဖြစ်ဖွယ်မကောင်းဘူးလား?


ဝမ်ထောင်းက သူ့မှာ ထွက်ပေါက်မရှိတော့တာကို သိတဲ့အတွက် ကြောက်ကြောက်လန့်လန့်နဲ့ ကျယ်လောင်စွာ ပြောလိုက်တယ်
"ခများ ကျွန်တော့်ကို ခေါ်သွားလို့မရဘူး၊ ကျွန်တော်က အသက်မပြည့်ဘူး!"

ကုန်းယောင်ယင်းက ရုတ်တရက် မချိပြုံးပြုံးလိုက်သည်။ ဒီကလေးက အတော်လေး နားလည်နေတာပဲ.. ပြီးတော့ ကြည့်ရတာ သူနဲ့ပတ်သတ်လို့ တစ်ခုခုတော့ တကယ်ကြီးလွဲလို့နေပုံရသည်။

____________________

Hello.. Long Time No Seeပါရှင်..

Click ssလေးတွေနဲ့ လာလာပြပေးကြတဲ့ တာဝန်ကျေပွန်တဲ့သူလေးတွေကို မြင်ရတော့ အားတွေတက်ပြီး အများကြီး ဂုဏ်ယူမိပါတယ်။

ရှမ်းဆိုင်လေးတစ်ဖက်နဲ့ အခြားအလုပ်တွေကြားမှာ မလှုပ်နိုင်ဖြစ်နေလို့ ပြောထားသလို ဆယ်ယောက်ပြည့်တာနဲ့ တစ်ပိုင်းဆိုပြီး မတင်ပေးနိုင်ပဲ အစ်မဘက်က ပျက်ကွက်ခဲ့ရပါတယ်။

ဒါကိုတောင် readerလေးတွေက စိတ်မကွက်ပဲ နေ့စဉ် click ssလေးတွေကို လာပြနေကြဆဲမို့ တကယ်ပဲ အံ့ဩဝမ်းသားခဲ့ရပါတယ်။

ငွေရေးကြေးရေးနဲ့ ပတ်သတ်လို့ ရုန်းကန်နေရတဲ့ကာလဖြစ်နေတာဆိုတော့ ဆက်ပြီး နားလည်စောင့်ဆိုင်းပေးကြပါဦးလို့ အစ်မမေတ္တာရပ်ခံပါရစေ.. ။ ကျေးဇူးတင်ပါတယ်နော်။

Continue Reading

You'll Also Like

545K 88.1K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
10.9K 2K 57
☠️ කොහොමද මිස්ටර් හන්..? මාව මතක ඇති කියලා හිතෙනවා. මොකද මගෙ මූන ඔයාට අමතක වෙන්න විදියක් නෑ. එහෙම නේද ? 🧔 ආ... ජො..ජෝකර්. මම උබව මැර...
91K 5.4K 21
Age gap 🏳️‍🌈 (Unicode + Zaw gyi)
356K 6.4K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...