အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

48.4K 7.1K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 50

358 63 2
By Alittlecoin

"သောက်ကျိုးနည်း Livestream"

ထန်းရှောင်ရဲ့ဂိမ်းaccountကို ဖော်ထုတ်ခံလိုက်ရပေမဲ့ သူမဆီမှာ fanအသစ်တွေလည်း အများကြီး ရသွားတယ်။

ထန်းရှောင်က ထန်းရှီဟုတ်မဟုတ်နဲ့ ပတ်သက်ပြီး အဖွဲ့မှူးနင်က သူမကို တိတ်တဆိတ်နေပြီး သဘောတူဖို့ ပြောလိုက်တယ်။

Spirit Roadက ထို့နောက်မှာတော့ သူမကို ထန်းရှီရဲ့လက်နက်ပစ္စည်းတွေနဲ့ တူညီတဲ့ female enchantress accountတစ်ခုကို ပေးလာတယ်။

ထန်းရှောင်က ထိုaccountကို နံမည်ပေးလိုက်တယ်။
__စောက်ရမ်း "" တဲ့ အမျိုးသား

မူလက "စောက်ရမ်းလှလွန်းတဲ့ အမျိုးသားဆိုတဲ့" နံမည်ကို သူမရွေးထားပေမဲ့ တစ်ယောက်ယောက်က ထိုနံမည်ကို ယူထားပြီးဖြစ်တာကြောင့် နောက်ကနေ "လ"ဆိုတာကို ပြောင်းလိုက်တယ်။

အဖွဲ့မှူးနင်ကတော့ သူမရဲ့အများရှေ့မှာချပြထားတဲ့ ချစ်ဖို့ကောင်းပြီး အေးဆေးတည်ငြိမ်တဲ့ နတ်ဘုရားမပုံရိပ်က သူမရဲ့မူလက ဂိမ်းထဲမှာမွှေထားတဲ့ အပြုအမူတွေကြောင့် ကွဲကြေပျက်စီးပြီးပြီလို့ ပြောလာတယ်။

ထို့ကြောင့် ဂိမ်းဆော့တဲ့အချိန် သူမတတ်နိုင်သလောက် အပြတ်ချဲလို့ရပြီဟုပင်။

ပြီးတော့လည်း Live streamလုပ်တဲ့အချိန် သူတို့အားလုံးအတူတကွ ပူးပေါင်းရမှာ ဖြစ်တယ်။

Livestream Battleပွဲမှာ ပါဝင်ဖို့အတွက် စာရင်းသွင်းကြတဲ့ လူတွေက များသထက်များပြားလာကာ လူတိုင်းက LanRe Serverကိုပဲ အပြေးအလွှားသွားပြီး စာရင်းလာပေးနေကြတော့တယ်။

ကုမ္ပဏီဘက်က ဘက်ပေါင်းစုံကနေ ပြန်လည်စဉ်းစားသုံးသပ်ပြီးနောက်, ဂိမ်းထဲမှာ ပါဝင်ဖို့အတွက် တခြားသောhigh levelled playerတချို့ကိုပါဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သူတို့က အနုပညာရှင်တွေကို ညီတူညီမျှ နှစ်သင်းခွဲလိုက်တယ်။

ထန်းရှောင်နဲ့ မူချောင်ကိုလည်း အသင်းခွဲပစ်လိုက်တယ်။

ထန်းရှောင်က မက်မွန်မြေသူရဲကောင်းနဲ့အတူ Huxiao teamမှာ ပါဝင်ကာ မူချောင်က Longyin teamကို ရောက်သွားတယ်။

ကစားသမားတချို့က ထန်းရှောင်အပေါ်  အမြင်ကောင်းမရှိပေ။
သူမ ဒီဂိမ်းကို ကစားဖူးတယ်ဆိုတော့ရော ဘာလုပ်ရမှာလဲ? မက်မွန်မြေသူရဲကောင်းက သူမရဲ့ဘက်မှာ ရှိနေတော့ရော ဘာလုပ်ရမှာလဲ? သူမသာ ရိုက်နှက်ခံရဖို့ ထိုက်တန်တယ်ဆိုရင် ကြိုးနဲ့တုပ်ပြီး အရိုက်နှက်ခံရမှာပဲ။

***

တိုက်ရိုက်ထုတ်လွှင့်မဲ့နေ့ရောက်တဲ့အခါ ပါဝင်ဆော့ကစားမဲ့ နှစ်သင်းက liveမစခင် အသီးသီးလိုအပ်တာတွေ ပြင်ဆင်လိုက်ကြတယ်။

သူတို့တွေ ပြင်ဆင်နေကြတုန်းမှာပဲ လူတွေက ထုတ်လွှင့်မှုကို စတင်ဖို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတယ်။

ရိုက်ကူးရေးအတွက် များစွာအလုပ်ရှုပ်နေကြကာ မူချောင်နဲ့ မက်မွန်မြေသူရဲကောင်းတို့လည်း ရောက်ရှိနေကြပြီ ဖြစ်တယ်။

ထန်းရှောင်အတွက် မက်မွန်မြေသူရဲကောင်းကို အပြင်မှာတွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်။

အရင်က သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုတွေကို သူမကြည့်ဖူးပေမဲ့ သူက အမြဲတမ်း မျက်နှာမှာ maskတပ်ထားလေ့ရှိတယ်။

အခုလည်း သူက maskတပ်ထားတယ်ဆိုပေမဲ့ သူ့ရဲ့မက်မွန်သီးလို ရွန်းလဲ့တောက်ပနေတဲ့ မျက်လုံးတွေက အမှန်တကယ်ကို တမူးထူးခြားနေသည်ပင်။

"မင်းဘာတွေစဉ်းစားနေတာလဲ?"
မူချောင်က ထန်းရှောင် မက်မွန်မြေသူရဲကောင်းကို အကြာကြီးစိုက်ကြည့်နေတာကို မြင်ပြီး မနေနိုင်စွာ မေးလိုက်တယ်။

"ကျွန်မစဉ်းစားနေတာ သူက ဘာလို့ ဂိမ်းထဲက သူ့ရဲ့ရွှေရောင်တောက်ပတဲ့အချိန်တွေကို ရပ်လိုက်ပြီး livestreamerလုပ်ဖို့ ဆုံးဖြတ်လိုက်တာလဲလို့"
ထန်းရှောင် ပြောလိုက်တယ်။

မက်မွန်မြေသူရဲကောင်းဆိုတာ battleပေါင်းများစွာမှာ တစ်ဦးတည်း ချန်ပီယံစွဲခဲ့တဲ့ နံမည်ကြီး playerတစ်ယောက်ဖြစ်တယ်။

LanRe Serverက old serverဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာ newer serverတွေထက်တောင် ပိုပြီး အသက်ဝင်လှုပ်ရှားနေတာ ကစားသမားတော်တော်များများက LanRe Serverက မက်မွန်မြေသူရဲကောင်းကို အထင်ကြီးလေးစားကြလို့ဖြစ်တယ်။

ဒါကြောင့် သူက ရုတ်တရတ်ကြီး သူ့ရဲ့ဂိမ်း accountကို ရောင်းလိုက်ပြီး gaming livestreamerဖြစ်လာတဲ့အချိန်မှာ သူတို့အားလုံးက သူလုပ်သမျှကို အကုန်ထိုင်ကြည့်ပြီး အားပေးကြတာဖြစ်တယ်။

"သူ့မှာလည်း ကိုယ်ပိုင်အကြောင်းပြချက်တွေရှိမှာပဲ"

ထိုအချိန် မက်မွန်မြေသူရဲကောင်းက သူမတို့ဘက်ဆီ လှည့်ကြည့်တာနဲ့ ဆုံသွားကာ သူမတို့နှစ်ယောက်ကို တောက်ပတဲ့အကြည့်တစ်ချက်နဲ့ နှုတ်ဆက်လိုက်တယ်။

"မင်း နှင်းမြေခွေးတွေကို တိုက်ခိုက်တဲ့ဗီဒီယိုကို ကျွန်တော်ကြည့်ပြီးပြီ"
မက်မွန်မြေသူရဲကောင်းက ရုတ်တရပ် သူမဘက်လှည့်လာပြီး ပြောလိုက်တယ်။

"???"

"မင်းတို့တစ်ဖွဲ့လုံး တစ်ညလုံးအထောင်းခံရတဲ့နေရာ"

ထန်းရှောင် အေးခဲသွားတယ်။

သူမမှတ်မိသေးတယ်။
နှင်းမြေခွေးquestကို စတင်လိုက်တဲ့အချိန်မှာ, ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးက စိတ်တွေလှုပ်ရှားပြီး အုပ်စုဖွဲ့လိုက်ကာ တစ်အုပ်လုံး သူ့ဦးဆောင်ရာနောက်လိုက်ရင်း တောထဲ တရှိန်ထိုးပြေးသွားလိုက်ကြတယ်။

သေဖို့ရာအတွက်။

သူတို့က ဒီဟာကို recordလုပ်ပြီး ဗီဒီယိုကို လိုင်းပေါ်မှာ တင်လိုက်ကြတယ်။

ဗီဒီယိုထဲမှာ, ထန်းရှောင်ရဲ့သေလမ်းရှာတဲ့ နည်းလမ်းပေါင်းတစ်ရာ့တစ်သွယ်ဆိုပြီး မှတ်တမ်းတင်ထားတယ်။

တခြားserverက ကစားသမားတွေက ထိုဗီဒီယိုကို ကြည့်မိတဲ့အချိန်
ခြေလှမ်းသုံးလှမ်း လှမ်းလိုက်ရုံနဲ့တင် ကြွသွားတာရယ်, ငါးလှမ်းမြောက်လှမ်းဖို့ အလိုမှာ အုတ်ဂူတူးလိုက်တဲ့ ထန်းရှောင်ကို ကြည့်ပြီး ရှောခ့်ရကုန်ကြတယ်။
သူမတကယ့်ကို ဘယ်လိုကျွမ်းကျင်စွာသေမလဲဆိုတဲ့နေရာမှာ အကောင်းဆုံးစံထားရမဲ့ဥပမာပဲ။

ထန်းရှောင်:.....

"ခဏနေကျ ဆော့တဲ့အချိန်, မင်း ဒီအတိုင်းဟိုဟိုဒီဒီ လျှောက်သွားနေလို့ရတယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းစရာမလိုဘူး"
မက်မွန်မြေသူရဲကောင်းက ထပ်ပြောလိုက်တယ်။

ထန်းရှောင်ရဲ့ဗီဒီယိုကို သူကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့ ထိန်းချုပ်မှုတွေက သိပ်မဆိုးပေမဲ့ သူမက တခြားသူတွေနဲ့ ပူးပေါင်းဆက်သွယ်တဲ့နေရာမှာ တကယ်ဆိုးရွားနေတာကို သူသတိထားမိသွားတယ်။

ဒါတင် ဆိုးရွားတာမဟုတ်, တခြားသူတွေကိုပါ သူမနဲ့အတူသေဖို့ ဆွဲခေါ်သွားတာပင်။

ထို့ကြောင့် မက်မွန်မြေသူရဲကောင်းက ထန်းရှောင်ကို တခြားလူတွေကို သူမ ထိခိုက်ရင်ထိခိုက်ပါစေ သူတို့teamကို မထိခိုက်သရွေ့ လွတ်လပ်တဲ့စွန်လို စိတ်ကြိုက်ပျံသန်းဖို့ လွှတ်ထားလိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ပြောပြီးသွားတာနဲ့, သူက တခြားဘက်ကို လှည့်လိုက်ပြီး အဖွဲ့ထဲကလူတွေနဲ့ စကားပြောလိုက်တယ်။

တိုက်ရိုက်ထုတ်လွှင့်မှုစတင်တာနဲ့ နှစ်သင်းလုံးက အသီးသီးနေရာယူလိုက်ကြတယ်။

ကင်မရာကို စတင်ချိန်လိုက်တာနဲ့ ပွဲတင်ဆက်သူhostက မိတ်ဆက်စကားအနည်းငယ်ကို စပြောလိုက်တယ်။

မူချောင်နဲ့ မက်မွန်မြေသူရဲကောင်းတို့က လူတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာ အတွေ့အကြုံပြည့်ဝနေကြကာ, လိုင်းပေါ်က တိုက်ရိုက်ကြည့်နေကြတဲ့ ပရိတ်သတ်တွေကို လက်ဝှေ့ယမ်းပြလိုက်ပြီး နှုတ်ဆက်လိုက်ကြတယ်။

သူတို့ရှေ့မှာ ရှိတဲ့ screenပေါ်မှာ ဆက်တိုက်တက်လာတဲ့ commentတွေက အများအပြားပင်။

လိုင်းပေါ်က ဖန်တွေအများကြီးက မူချောင်, မူချောင် လို့အော်ဟစ်နေကြတယ်။

ဂိမ်း Playerများစွာကတော့ မက်မွန်မြေသူရဲကောင်းရဲ့ နံမည်ကို အထပ်ထပ်အခါခါရွတ်ရင်း တသီတတန်းကြီး အားပေးနေကြတယ်။

ထန်းရှောင်မှာတော့ ထိုနှစ်ယောက်ရဲ့ ကြီးမားလွန်းတဲ့ နံမည်ကျော်ကြားမှုရဲ့အလယ်မှာ အကူအညီမဲ့စွာ ပိတ်မိနေသည်ပင်။

Battleပွဲစတင်ဖို့ ပြင်ဆင်နေတဲ့အချိန် ကြည့်ရူသူတွေဆီက ရောက်လာတဲ့စာတွေက screenရဲ့ဘေးနားက စာပို့တဲ့chat boxမှာ ဆက်တိုက်ပေါ်နေတယ်။

ထန်းရှောင် သူမရဲ့ကိုယ်ပိုင်နံမည်ကို မြင်လိုက်ရတယ်။

___ထန်းရှီလေး! ငါတို့LanRe Serverအတွက် အောင်မြင်မှုသရဖူကို အပိုင်သယ်လာခဲ့!
Spirit Roadရဲ့ Serverခန်းတွေကို ပြာကျသွားအောင်လုပ်လိုက်တဲ့အချိန်တုန်းက မင်းရဲ့ အံ့မခန်းရဲစွမ်းသတ္တိကို မှတ်မိသေးတယ်မလား! တခြားအသင်းကကောင်တွေကို ဖင်ဆောင့်ကန်ပစ်လိုက်! သေမယ်ဆိုရင်လည်း အလှပဆုံးသေခဲ့!

ထန်းရှောင်: "....."

Server roomတွေကို သူမ ဖျက်စီးပစ်လိုက်တဲ့အကြောင်းကို ဒီထက်ပိုပြီး မပြောပါနဲ့တော့။
Spirit Roadက သူမဆီ လျော်ကြေးလာတောင်းရင်, သူမတကယ်ပဲ ပေးစရာတစ်ပြားတချပ်မှ မရှိဘူးလို့!

Battleစတင်လိုက်တာနဲ့, နှစ်သင်းလုံးက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ ရှေ့ကို အမြန်ပြေးသွားလိုက်ကြတယ်။

ပါဝင်ကစားတဲ့ ကစားသမားတွေကို ကုမ္ပဏီက သေချာဂရုစိုက်ပြီး ရွေးချယ်ထားတယ်။

ထန်းရှောင် သူမရဲ့ဘေးမှာ ရင်းနှီးတဲ့မျက်နှာတစ်ခုမှ မတွေ့ရပေ။ ဒါပေမဲ့ တစ်ဖက်မှာတော့ LanRe Serverက ကစားသမားအများကြီးကို သူမမြင်လိုက်ရတယ်။

ထိုထဲမှာ အားကောင်းတဲ့ဟော့ပေါ့လေးနဲ့ ရွှေရောင်နေ့ရက်လေးများ ပါပါဝင်နေတယ်။

တိုက်ပွဲရဲ့နည်းလမ်းကတော့ လူတွေရဲ့ဦးခေါင်းကို ဖြတ်ယူသတ်ဖြတ်ရုံနဲ့ မပြီးသေးချေ။ သူတို့က ဆန့်ကျင့်ဘက်အသင်း ဖွဲ့စည်းထားတဲ့ ခံတပ်နဲ့ ကာကွယ်ရေးစနစ်တွေကိုပါ တိုက်ခိုက်ရမှာဖြစ်တယ်။

Systemက ကစားသမားတွေ သူတို့ရဲ့ခံတပ်ကို တည်ဆောက်ပြီး တစ်ဖက်က တိုက်ခိုက်လာမှုတွေကို တားဆီးနိုင်တဲ့ဗျူဟာတွေကို ဖွဲ့စည်းနိုင်ဖို့ လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေ ပေးထားမှာဖြစ်တယ်။

ပုံမှန်အားဖြင့် ပွဲစတင်ပြီး ပထမဆုံးနှစ်မိနစ်အတွင်းမှာ အသင်းတစ်သင်းက သူတို့ရဲ့ခံတပ်ကို တည်ဆောက်မယ်, လိုအပ်တဲ့အကာအကွယ်နည်းဗျူဟာတွေကို ဖွဲ့စည်းကြပြီး ထို့နောက်မှာတော့ တိုက်ခိုက်မှုကို စတင်ကြတာဖြစ်တယ်။

"ပုံမှန်အားဖြင့်"ဆိုတာက အချိန်အများစုမှာ ဖြစ်လေ့ရှိတာကို ပြောတာပင်။

ဆိုလိုတာက ဒါတွေအားလုံးစတင်ဖို့ အချိန်အနည်းငယ်သာ ဖယ်ထုတ်ပေးထားတာဖြစ်တယ်။

ထန်းရှောင်တစ်ယောက်ကတော့ မက်မွန်မြေသူရဲကောင်းနဲ့ အသင်းသားတွေ  ရှေ့တန်းကိုသွားပြီး ခုခံတိုက်ခိုက်ကြတဲ့အဖွဲ့ထဲလည်း လိုက်မသွား, တဖက်ခံတပ်ကို ပျက်စီးအောင် ဖောက်ထွင်းဝင်ရောက်ကြမဲ့ သူတွေနောက်လည်း မပါ, တိုက်ပွဲနယ်မြေထဲမှာ လတ်လျားလတ်လျားနဲ့ လမ်းသလားနေတဲ့ တစ်ဦးတည်းသောအလုပ်မရှိဆုံးသူပဲ ဖြစ်လိမ့်မယ်။

Battleစတင်တဲ့အချိန်မှာ သူမတစ်ယောက်တည်းသာ စိတ်နဲ့လူနဲ့ လုံးဝမကပ်သေးကာ, မျက်တောင်တမှိတ်အတွင်းမှာပဲ ခံတပ်ထဲမှာ လူတစ်ယောက်မှ မရှိတော့ပေ။

သူမတစ်ယောက်တည်းသာ ဖုန်လုံးအလိမ့်လိမ့်ထဲမှာ ကျန်ရစ်ခဲ့တော့တယ်။

ရလဒ်အနေနဲ့, သူမတစ်ယောက်တည်းသာ ရှိနေခဲ့တဲ့ ခံတပ်ကို ဘယ်တကောင်တမြီးမှ လာမဖောက်ထွင်းကြပေ။

မူချောင်က သူ့ဘေးမှာ အားကောင်းတဲ့ ဟော့ပေါ့လေးနဲ့ ရွှေရောင်နေ့ရက်လေးများတို့လို ကစားသမားအနည်းငယ်ကို ခေါ်လာတယ်။

မျက်စိရှေ့က ထိုအုပ်စုနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ထန်းရှောင် အထီးကျန်နေတဲ့ကြွက်စုတ်လေးလို ဖြစ်လာတယ်။

မုန်တိုင်းထန်နေတဲ့ တိုက်ပွဲနယ်မြေထဲမှာ သူမရဲ့ဆွဲဆောင်မှုရှိနေတဲ့ enchantressပုံရိပ်က ချက်ချင်းကို အထီးကျန်ဆန်လာတော့တယ်။

မူချောင်က မူလက တစ်ဖက်နဲ့တိုက်ခိုက်ပြီးပြန်လာတဲ့ အဖွဲ့သားတွေအတွက် ခြုံခိုစခန်းတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ထားပေမဲ့ မိနစ်အနည်းငယ်အတွင်းမှာ ဆန့်ကျင်ဘက်အသင်းကို အနိုင်ယူနိုင်ဖို့ရာမဖြစ်နိုင်တာကြောင့်, တစ်ဖက်အသင်းရဲ့ခံတပ်ထဲဝင်ပြီး အချို့သောထောက်ပံ့ပစ္စည်းတွေကို သိမ်းယူလိုက်တယ်။

ဒါပေမဲ့ ဘယ်သူကသိခဲ့မှာလဲ, ဒီပစ္စည်းတွေအားလုံးကို ဘာချွေးမှထွက်စရာမလိုဘဲ အလကားလက်ဆင့်ကမ်းပေးမဲ့ ထန်းရှောင်ရှိနေလိမ့်မယ်ဆိုတာကို။

ကင်မရာက ဂိမ်းထဲမှာ သူတို့ရောက်နေတဲ့နေရာကို ချိန်ပြထားကာ, တစ်ဖက်မှာက မူချောင်ရဲ့အဖွဲ့ကြီး ဖြစ်ပြီး ကျန်တဲ့တစ်ဖက်မှာတော့ ၄၅ဒီဂရီအထက်ကို မော့ကြည့်နေတဲ့ ထန်းရှောင်ရဲ့သနားစရာမျက်နှာလေးကို ရိုက်ပြနေလေတယ်။

သူမရဲ့ဘေးမှာ ကြောင်တောင်တောင် username တစ်ခုလည်း ရှိနေကာ, ချက်ချင်းဆိုသလို စကားပြောတဲ့chatမှာ ပွက်လောရိုက်သွားတယ်။

___လာ,လာ, လာကြည့်လဲ့ကြ။ သန်မာတဲ့ယောကျာ်းသားဆယ်ယောက်နဲ့ ကောင်မလေးက တစ်ယောက်တည်း။ သူတို့တွေxxxxxလုပ်ကြတော့မှာ။ မင်းတို့တွေ ဒါကို ကြည့်နိုင်မဲ့အခွင့်အရေးကို လွတ်မသွားကြစေနဲ့!

ထန်းရှောင်:.....ဒါ တော်တော်ညစ်ပတ်တာပဲ။

မူချောင်ရဲ့လက်က လုံးဝနှေးကွေးတုံ့ဆိုင်းခြင်းမျိုးမရှိဘဲ သွက်လက်မြန်ဆန်စွာ တိုက်ခိုက်နေတယ်။

ထန်းရှောင်မှာ လျင်မြန်စွာနဲ့ နောက်ကိုပြန်ဆုတ်လိုက်ပြီး အော်လိုက်တယ်။
"မလုပ်ပါနဲ့, မလုပ်နဲ့, ကျွန်မကို နည်းနည်းလောက်တော့ ညှာတာပေးပါ။ ကျွန်မတို့က တိုက်ရိုက်ထုတ်လွှင့်နေတာလေ။ အနည်းဆုံးတော့ အသက်နည်းနည်းလေး ရှင်ချိန်ပေးပါအုံး။ အားယို့, လခွမ်းပဲဟေ့****!"

လူတိုင်းရဲ့ headphoneတွေက ချိတ်ဆက်ထားကာ သူတို့က ဂိမ်းထဲမှာဖြစ်နေတဲ့ အရာအားလုံးကို ကြားနေရတယ်။

ထိုစကားက သူတို့ရဲ့နားကြပ်တွေထဲ ရောက်လာတာနဲ့ ချက်ချင်းပဲ မော်နီတာပေါ်က လှုပ်ရှားပြသနေတဲ့ ဗီဒီယိုကို သူတို့ကြည့်လိုက်ကြတယ်။

ဂိမ်းထဲမှာတော့ ခေါင်းဆောင်အနည်းငယ်က အံ့ဩသွားကြတယ်။

ထန်းရှောင်မှာ ရှက်လွန်းလို့ သူမမျက်နှာကိုတောင် မြေကြီးထဲ သွားမြုပ်ပစ်ချင်စိတ်ပေါက်နေတယ်။

အစကတည်းက ကစားသမားတွေက ထန်းရှောင်အပေါ် မျှော်လင့်ချက်အများကြီးမရှိကြတာကြောင့် သူတို့ရဲ့မျက်လုံးတွေကို တိတ်တဆိတ် မျက်ဖြူလှန်ပြလိုက်ကြတယ်။

ပွဲစတာဖြင့် ဘယ်လောက်မှတောင် မကြာသေးတာကို သူမက အခုကတည်းက အသက်ရှင်ခွင့်ရဖို့ တောင်းဆိုနေရပြီတဲ့လား?

တစ်ဖက်မှာတော့, လူတွေက သူမရဲ့သနားညှာတာပေးပါဆိုတဲ့ ငိုသံကိုကြားပြီး ပိုပြီးစိတ်လှုပ်ရှားလာကြတယ်။

အထူးသဖြင့် မူချောင်မှာ ထန်းရှောင်ရဲ့ ငိုချင်းချနေတဲ့အသံကို ကြားလိုက်ရပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေက အပေါ်ကိုတွန့်ကွေးသွားတယ်။

ကင်မရာက ထိုပုံရိပ်ကို အမိအရဖမ်းယူနိုင်လိုက်ကာ, female playerတွေမှာ သူတို့ရဲ့screenတွေကို ချက်ချင်းယက်ချင်စိတ်ပေါက်သွားတော့တယ်။

စကားchatထဲမှာတော့ LanRe Serverသားတွေက အော်ဟစ်နေကြတယ်။
အပြတ်ကြမ်းပစ်လိုက်! အပြတ်အမှုန့်ချေပစ်လိုက်!

မော်နီတာထက်မှာတော့ ကစားသမားတွေက တိတ်ဆိတ်စွာ အသည်းအသန်တိုက်ခိုက်နေကြတယ်။

မူချောင်က တကယ့်ကို သူတို့ကို စိတ်ကျေနပ်စေနိုင်တဲ့သူပဲ။

မူချောင်က အနီးကပ်တိုက်ခိုက်မှုကိုပြုလုပ်နေပြီး ရွှေရောင်နေ့ရက်လေးများက အဝေးကနေ ခုခံတိုက်ခိုက်နေတယ်။

တခြားသူတွေ အလှည့်ကျ ပြင်းထန်စွာတရစပ်တိုက်ခိုက်နေချိန်မှာ အားကောင်းတဲ့ဟော့ပေါ့လေးက အရံတပ်ကူအနေနဲ့ ရှိနေတယ်။

ထန်းရှောင်ကတော့ ခံတပ်ဘေးပတ်လည်မှာ ခွေးလိုက်ဆွဲခံရသလို ပတ်ပြေးနေတယ်။

နောက်ဆုံးအသက်မထွက်ခင်ထိ အကြိမ်ရေအနည်းငယ်လောက်တော့ သူမထွက်ပြေးနိုင်လိုက်တယ်။

သေဆုံးပြီးနောက်မှာ, သူမကို ကုသပေးသူတစ်ယောက်က ပြန်လည်အသက်သွင်းပေးတာပဲ ဖြစ်ဖြစ်, systemကနေ သူမကို ပြန်လည်ရှင်သန်ခြင်းနေရာဆီ ပို့ပေးတာပဲဖြစ်ဖြစ် သူမစောင့်နေလိုက်တယ်။

စောင့်နေတုန်း, ထန်းရှောင် သူမရဲ့အားလပ်သွားတဲ့ လက်နှစ်ဖက်ကို အကြောလျှော့လိုက်တယ်။

[လက်ရှိ] အားကောင်းတဲ့ ဟော့ပေါ့လေး:....
"ထန်းရှီလေးက တစ်မိနစ်တောင်မကြာဘူး။ သေရွာရောက်သွားပေါ့။ ငါတို့ရဲ့serverကို မျက်နှာပျက်အောင် လုပ်လိုက်တာပဲ"

[လက်ရှိ] အပ်ချောင်း အယောင်ဆောင်ထားသော သံမဏိဓာတ်ချောင်း: "ဟမ်? ထန်းရှောင်က ဘယ်မှာလဲ? ငါ သူမကို မတွေ့ပါဘူး။ ငါမြင်တာ စောက်ရမ်းလစ်လွန်းတဲ့ အမျိုးသားဆိုတဲ့ IDကိုပဲ တွေ့တာပါ"

ထန်းရှောင် သူမရဲ့အင်္ကျီလက်နားစတွေကို ပင့်တင်ပြီး သူ့ကို အသေရိုက်သတ်ချင်စိတ်ပေါက်သွားတယ်!

ဒီနံမည်က "စောက်ရမ်းလှလွန်းတဲ့ အမျိုးသား" လို့ ပြောချင်တာ ရှင်းနေတာပဲမဟုတ်လား!!!

ငါ့ကိုသာ ပြောနေ, မင်းကမှ မင်းရဲ့***အချောင်းက အစကတည်းက အပ်ချောင်းသာသာလောက်ပဲ ရှိနေတာ!

ကဲ ပြောစမ်း, ဘယ်သူက ပိုလစ်တာလဲဆိုတာ??

[လက်ရှိ] စောက်ရမ်း "လ" လွန်းတဲ့ အမျိုးသား: "ငါက ဒီမှာ။ အဲဒီ "လ" ဆိုတာ အရမ်းလှတာ, ငါက စောက်ချောက်ကြီးဆိုတာကို ပြောတာ -__-||"

တချို့ကစားသမားတွေက ထန်းရှောင် ဘယ်IDကို သုံးနေလဲဆိုတာ အမှန်တကယ်ကို မသိကြပေ။ သူတို့တွေထင်တာ သူမက မူချောင်ကို သဘောကျနေမှတော့ သူမရဲ့IDကို "မူချောင်"လို့ပဲ ပေးထားမည်လို့ပင်။

Battleမှာ ပါဝင်တိုက်ခိုက်နေကြတဲ့ ကစားသမားတွေမှာ အိမ်မှာနေရင်းတိုက်ခိုက်နေကြတာကြောင့် စကားchatကို မမြင်ကြသေးပေ။ ထို့ကြောင့် မြင်လိုက်ရတဲ့ သူတို့တွေ လုံးဝရှောခ့်ရကုန်ကြတယ်။

[လက်ရှိ] သံမဏိဓာတ်ချောင်း: "....ဖာခ့်***, မင်းက ထန်းရှောင်လား? ညီအကို, မင်းရဲ့နံမည်က တကယ်လန်းလှချည်လား"

[လက်ရှိ] စောက်ရမ်း "လ" တဲ့အမျိုးသား: "....ကျေးဇူးပဲ, မင်းနံမည်ကလည်း တကယ်မိုက်ပါတယ်"

စကားchatထဲမှာတော့ နောက်တစ်ကြိမ် ပွတ်ပွက်ညံကုန်ကြတယ်။

ထန်းရှောင်ရဲ့IDအကြောင်းကို ပြောဆိုဆွေးနွေးနေကြတဲ့ သူတွေက အများအပြားပင်။

မူလက သူတို့တွေက မူချောင်နဲ့ မက်မွန်မြေသူရဲကောင်းအကြောင်း ပြောနေကြတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့က ထန်းရှောင်ဘက်ဆီ ခေါင်းစဉ်ပြောင်းသွားတယ်။

....ဒီIDက တကယ့်ကို အဆိပ်ပြင်းတာပဲ, 666 (စောက်ရမ်းမိုက်တယ်, စောက်ရမ်းမိုက်တယ်.....)

....ဖြစ်နိုင်တာ ဟိုသတင်းက မှန်တယ်ထင်တယ်။ ထန်းရှောင်က လိင်ပြောင်းဖို့ သူ့ရဲ့ခေါင်းလောင်းကို ဖြုတ်ထားတယ်ဆိုတာလေ။

.....ထန်းရှောင်, အခု မင်း ဆေးသောက်ရမဲ့အချိန်ရောက်ပြီ။ မူချောင်က မင်းကို တုတ်ထိုးကင်စားဖို့ကျ ခေါ်သွားပြီးတော့ မင်း ဆေးသောက်ဖို့ကျ ဘာလို့ သူက ဆေးမယူလာခဲ့တာလဲ?



#2999 words
Ive Latte(mm)

----------------------------------------------

Continue Reading

You'll Also Like

139K 23.7K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
6.3K 745 21
🖤He loves his mother's new husband.🖤 ■□●○•■□●○•■□●○•■□●○•■□ _Jujubes_ (Xiys58w47s)®️_
928K 76.3K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...