အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

48.6K 7.1K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 49

350 57 6
By Alittlecoin

"အမုန်းလွန်သွားတဲ့ Antiဖန်က အလိုအလျောက် အမာခံပရိသတ်ဖြစ်လာခြင်း၂"

ထိုညမှာ ထန်းရှောင်တို့နဲ့အတူ အသားကင်ချောင်း လိုက်စားကြတဲ့လူတွေထဲမှာ ချောင်ရိကျင်, ရှောင်လင်နဲ့ ရှကျိယန်တို့ပါ ပါလာကြတယ်။

ညဘက်ကြီးမှာ နေကာမျက်မှန်တွေ တပ်ထားတာမျိုးက မသင့်လျော်ကာ maskတပ်တာမျိုးကျလည်း အစားစားနေတုန်း အဆင်ပြေမှာမဟုတ်ပေ။

ထို့ကြောင့် မူချောင်နဲ့ ထန်းရှောင်တို့က မျက်နှာပုံစံဖုံးရုံလောက်သာ ဦးထုပ်တွေဆောင်းထားကြတယ်။

Hမြို့တော်က လမ်းတစ်လမ်းမှာတော့ အစားအသောက်ပေါင်းစုံနဲ့ ပြည့်နေကာ ထိုညမှာ အစားအသောက်ပွဲတော်လည်း ရှိနေတာကြောင့် လူငါးယောက်မှာ အကင်တန်းရှိတဲ့ဆီ အလျင်အမြန်သွားလိုက်ကြတယ်။

သူတို့က ဝိုင်းတစ်ဝိုင်းကို အမြန်မှာလိုက်ပြီး အသားကင်ချောင်းတွေကို စောင့်ရင်း အဆာပြေအဖြစ် အာလူးကြော်တွေကို ထိုင်စားနေလိုက်ကြတယ်။

ဒီညမှာ အစားအသောက်ပွဲတော်အကြောင်းကို သတင်းဌာနတစ်ခုက liveလွှင့်ပြီး ပြသနေကာ သတင်းထောက်တစ်ဦးကလည်း ဆိုင်ခန်းတွေထဲဝင်ပြီး လူတွေကို မေးမြန်းတင်ဆက်နေလေတယ်။

ရလဒ်အနေနဲ့ ထိုသတင်းထောက်ကို ရိုက်ပြနေတဲ့ နောက်ခံမြင်ကွင်းထဲမှာ မူချောင်နဲ့ ထန်းရှောင်တို့က မထင်မရှားနဲ့ ပါလာတယ်။

ကင်မရာက သူတို့ရှိရာဆီ ချိန်ပြနေကာ, ထိုအချိန်မှာ မူချောင်က ထန်းရှောင်ရဲ့ပါးကို ဖွဖွလေးလှမ်းဆွဲလိုက်တယ်။

အရေးကြီးဆုံးကတော့ သတင်းထောက်က ထိုအုပ်စုထဲကလူတွေက ဘယ်သူတွေလဲဆိုတာ လုံးဝသတိမပြုမိကာ သူက ထန်းရှောင်ကိုတောင် အလွန်စိတ်လှုပ်ရှားစွာနဲ့ မေးမြန်းလိုက်တယ်။
"ဟုတ်ကဲ့, စိတ်မရှိနဲ့ဗျ, ဒီညရဲ့ အစားအသောက်ပွဲတော်ကို ဒီကညီမ ဘယ်လိုထင်လဲ?"

ထန်းရှောင်မှာ ရုတ်တရုတ်ကြီးအမေးခံလိုက်ရတာကြောင့် အနည်းငယ်ကြောင်တောင်တောင် ဖြစ်သွားကာ အူတူတူနဲ့ ပြန်ဖြေလိုက်တယ်။
"အဆင်ပြေပါတယ်"

သတင်းထောက်က ဆက်ပြီးမေးလိုက်တယ်။
"မင်းရဲ့သူငယ်ချင်းတွေနဲ့ အတူလာတာလား?"

ထန်းရှောင် ခေါင်းညိတ်ပြလိုက်တယ်။

ထို့နောက်မှာ ကင်မရာက တခြားဘက်ဆီ လှည့်သွားတော့တယ်။

ဘယ်သူမှ သတိမထားမိခင်မှာပဲ ထိုဟာကို တစ်နိုင်ငံလုံးရဲ့တီဗီသတင်းမှာ ထုတ်လွှင့်ပြသပြီးပြီ ဖြစ်တယ်။

တီဗီရှေ့ထိုင်ကြည့်နေကြတဲ့ Hမြို့တော်သားတွေမှာ ပထမတော့ ထိုစုံတွဲက အများပြည်သူရှေ့ ခွေးစာကျွေးနေတယ်လို့ ထင်ကြကာ သူတို့ရဲ့လျှာတွေကို စုတ်သတ်လိုက်ကြတယ်။

ထို့နောက် သူတို့နောက်တစ်ခေါက် သေချာပြန်ကြည့်လိုက်တဲ့အခါမှာ, နောက်ဆုံးတော့ သတိပြုမိသွားကြတယ်။

လခွမ်း***!

အဲဒါ သတင်းထိပ်ဆုံးမှာရောက်နေတဲ့ ထန်းရှောင်မဟုတ်လား!

သောက်ကျိုးနည်း***!

သူမရဲ့ဘေးက မူချောင်မို့လား!!!

အင်တာနက်တစ်ခွင် ပြဲပြဲစင်အောင် ပွက်လောရိုက်ကုန်ကြတယ်။

ထန်းရှောင်က စုပိုင်နဲ့ မူချောင်ရဲ့ကြားထဲ ဝင်စနိုက်ကျော်သူလို့ စွပ်စွဲပြောဆိုကြပြီး စုပိုင်ရဲ့ဖန်တွေအကုန်လုံး ထန်းရှောင်ရဲ့Weiboမှာ အုံလိုက်ကျင်းလိုက် သွားဆဲကြတယ်။

ထိုအချိန် မူချောင်ရဲ့ဖန်တွေကတော့ ပျော်လွန်းလို့ သူတို့ရဲ့လက်ဖဝါးတွေကို ပွတ်လိုက်ကြတယ်။

အခုနောက်ပိုင်း မူချောင်က ချစ်မှုရေးရာကင်းမဲ့နေသည်မဟုတ်ပါလား, စုပိုင်နဲ့ ကောလဟာလတွေမှာတောင်, သက်သေခိုင်မာတဲ့ ဓာတ်ပုံတွေဆိုတာမျိုး မရှိ။

အားလုံးက shipperဖန်တွေရဲ့စိတ်ကူးယဉ်ဇာတ်လမ်းတွေသာ ဖြစ်လေတယ်။

ထို့ကြောင့် သူတို့မှာ ဖျော်ဖြေရေးလောကထဲမှာရှိတဲ့ မူချောင်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ
တစ်ယောက်ပြီးတစ်ယောက် လက်ထပ်ကုန်ကြတာကိုသာ ကြည့်နေရကာ, မူချောင်ဘက်မှာတော့ လုံးဝလှုပ်ရှားမှုမရှိခဲ့ပေ။

ဖျော်ဖြေရေးလောကရဲ့ နံမည်ကြီးသတင်းဆိုဒ်တွေကတောင် မူချောင်က လိင်တူကြိုက်သူတစ်ယောက်လားလို့ မေးခွန်းထုတ်ခဲ့ကြလေတယ်။

ဒါပေမဲ့ အခုတော့ သူတို့ရဲ့အိုင်ဒေါက မိန်းကလေးတွေကိုပဲ သဘောကျတဲ့သူဆိုတာ သက်သေပြသွားပြီ မဟုတ်ပါလား!

သူတို့ရဲ့Male idolက နောက်ဆုံးတော့ တခြားလူတွေရဲ့ စံပြအမျိုးသားဆိုတာမျိုး ဆက်ဖြစ်စရာမလိုတော့ဘူး။

သူတို့ကြိုးပမ်းစုဆောင်းခဲ့တဲ့ ပိုက်ဆံတွေကလည်း နောက်ဆုံးတော့ တခြားသူတွေအတွက် မင်္ဂလာလက်ဖွဲ့စာအိတ်နီဖိုးပေးရမဲ့ ငွေမဟုတ်တော့ဘူး!

ဒါပေမဲ့ ပြင်ဘက်လောကမှာတော့, ထန်းရှောင်က မူချောင်ရဲ့ခြေထောက်ကို ဖက်ပြီး အပေါ်ကို တွယ်တက်နေတာလို့ ပြောနေကြသူတွေ များပြားနေတော့တယ်။

ရှောင်လင်က ထန်းရှောင်ရဲ့Weibo commentတွေကို ပိတ်လိုက်ပေမဲ့ လိုင်းပေါ်မှာ အမုန်းစကားတွေဖြန့်နေတဲ့ လူတွေအများအပြားရှိနေကြတုန်းပင်။

ထိုညအလွန်မှာတော့ ထန်းရှောင်တစ်ယောက်တည်း ဝက်ဝက်ကွဲနံမည်ကြီးသွားတာ မဟုတ်ပေ။

ထိုညက တင်ဆက်သူသတင်းထောက်မှာလည်း နံမည်ကြီးသွားလေတယ်။

သူက ထန်းရှောင်နဲ့ မူချောင် အပြင် ချောင်ရိကျင်ကိုပါ မျက်နှာချင်းဆိုင် အရှင်လတ်လတ်ကြီး တွေ့ခဲ့တာကို ဘယ်မျက်နှာကိုမှ တကယ်ကြီးမမှတ်မိဘူးတဲ့လား? သူက သူတို့ကို ပုံမှန်ပြည်သူတွေလို့တောင် သဘောထားပြီး အင်တာဗျူးလုပ်လိုက်သေးတယ်။

ပြီးတော့ ထန်းရှောင်ကလည်း အမှန်တိုင်းကို ရိုးရိုးသားသားနဲ့ ပြန်ဖြေခဲ့လိုက်သေးတယ်။

ထိုလူနှစ်ယောက်က ရုတ်တရတ်ကြီး "အူတူတူအတွဲ"ဖြစ်လာတယ်။

Weiboမှာ memeအချို့ ဖြစ်ပေါ်လာကာ, ထန်းရှောင်ဆိုရင် "အူတူတူထန်းရှောင်", ပြီးတော့လည်း အနုပညာရှင်နှစ်ယောက်နဲ့ ဒါရိုက်တာတစ်ယောက်က အသားကင်ချောင်းတွေပေါ် အမှီပြုပြီး သတင်းတွေထဲပါအောင် ကြိုးစားကြခြင်း ဆိုတာမျိုးတွေ။

ထန်းရှောင်မှာ ထိုliveလွှင့်ပြသခဲ့တဲ့ ဗီဒီယိုကိုကြည့်လိုက်ပြီး သူမရဲ့မျက်နှာက တကယ်ကို အရူးနဲ့တူနေသလိုမျိုး ခံစားလိုက်ရတယ်။

အဖွဲ့မှူးနင်ကတော့ ဘာတစ်ခွန်းမှမပြောမဆိုဘဲ အပြေးအလွှားရောက်လာကာ သူ့လက်ကအင်္ကျီစတွေကို လက်မောင်းရင်းထိ ရောက်အောင် ပင့်တင်လိုက်ပြီး သူမကို ဆုံးမဖို့ ပြင်လိုက်တယ်။

အဲယားကွန်း remoteကို အဖွဲ့မှူးနင် ကောက်ကိုင်လိုက်ကတည်းက ထန်းရှောင်မှာ မူချောင့်ရဲ့နောက်ကို တစ်ခါတည်းပြေးဝင်ပုန်းလိုက်တယ်။

"ဒီကို ထွက်လာစမ်း"
အဖွဲ့မှူးနင်က ရှင်းရှင်းလင်းလင်းကြီးကို ဒေါသထွက်နေပြီပင်။

ဒီနှစ်ရက်အတွင်း သူ့မှာ မတရားကို အလုပ်များနေခဲ့တာ။

ထန်းရှောင်နဲ့ တစ်ခဏဝေးလိုက်တဲ့ မျက်စိတစ်မှိတ်စာအတောအတွင်းမှာတင် ဒါကို လွတ်သွားပြီး ကိစ္စတွေက ဒီလိုဖြစ်လာရသလား?

"သူမကို နာအောင်မလုပ်နဲ့" မူချောင် ပြောလိုက်တယ်။

"ထန်းရှောင်က မင်းမိသားစုက ထမင်းကိုစားပြီး ကြီးခဲ့လို့လား? သူမက မင်းဂရုစိုက်မဲ့သူ မဟုတ်ဘူး"

"ကျွန်တော့်မိသားစုက ထမင်းကို သူမ စားနိုင်တယ်"
မူချောင်က လေသံတစ်ချက်မှ မလျှော့။

လူနှစ်ယောက်က အတည်ပေါက်ပုံစံကြီးတွေ ဖြစ်နေကြပြီး, တစ်ယောက်ကို တစ်ယောက် အခွင့်သာခွင့်မပေးကြပေ။

မူချောင်က ထန်းရှောင်ကို အဖွဲ့မှူးနင် ဆွဲခေါ်ထုတ်လို့ မရအောင် ကာကွယ်ပေးလိုက်တယ်။

အဆုံးသတ်မှာတော့, သူမတစ်ယောက် ကောင်းကောင်းအကာအကွယ်ခံလိုက်ရတယ်။

အဖွဲ့မှူးနင် အနေရခက်သွားသလိုမျိုး မဖြစ်အောင်, ရှောင်လင်က အဖွဲ့မှူးနင် ဆွဲချင်ရင် ဆွဲပလေ့စေဆိုပြီး သူမရဲ့လက်မောင်းနဲ့ ရှေ့ကိုထုတ်တားလိုက်တယ်။

အဖွဲ့မှူးနင်က remoteကို ဆိုဖာပေါ် ပစ်တင်လိုက်ကာ,
"ကောင်းပြီ, ထွက်လာတော့။ အရင်တုန်းကတောင် ငါဘယ်တုန်းက မင်းကို ရိုက်ဖူးလို့လဲ?"

ထန်းရှောင် အဖွဲ့မှူးနင်ရဲ့ အင်္ကျီစကို ဆွဲလိုက်ပြီး ချော့မော့စွာ ပြုံးပြလိုက်တယ်။

ပုံမှန်အားဖြင့်, အဖွဲ့မှူးနင်က သူမကို နဖူးတောက်တာမျိုး, ပါးစပ်ကြီးတစ်လုံးနဲ့ ဗြစ်တောက်ဗြစ်တောက် ပြောတာမျိုး လုပ်လေ့ရှိပေမဲ့ "တော်ပြီ" လို့ပြောလိုက်တာနဲ့ တကယ်ရပ်လိုက်တာဖြစ်တယ်။

"ဒီရက်တွေအတွင်း, အိမ်အပြင်ကို ခြေလုံးဝမကြွနဲ့။ နောက်ကျ မင်းဘာပဲလုပ်လုပ်, ငါ့ကို အရင်ဆုံးပြောပြီးမှ လုပ်။ မနေ့ညတုန်းက မင်းမျက်နှာရှေ့တည့်တည့် မိုက်ခရိုဖုန်းတစ်လုံးလုံး ရောက်လာတာတောင် အူတူတူနိုင်တုန်းပဲလား? ငါ မင်းရဲ့မထုံတက်ထေးမျက်နှာကို မြင်လိုက်တုန်းကဆို ချက်ချင်းကို ဖိလစ်ပိုင်ထိ ရောက်အောင် ကန်ထည့်ချင်စိတ်ပေါက်သွားတာ"
အဖွဲ့မှူးနင်က သူ့နှဖူးကြောကို ဖိပွတ်နေတယ်။

ထန်းရှောင်:.....

****
နေ့လည်ခင်းမှာတော့ ထန်းရှောင်က အိမ်ပြန်ဖို့ရာ အထုတ်အပိုးတွေထည့် ပြင်ဆင်ပြီး အဖွဲ့မှူးနင် လာကြိုတာကို စောင့်နေလိုက်တယ်။

ဒါပေမဲ့ အဖွဲ့မှူးနင်အစား စုပိုင်ရောက်လာတယ်။

စုပိုင်က အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ လှပကြော့ရှင်းတဲ့ နတ်သမီးတစ်ပါးအလား။

ဂျင်းဘောင်းဘီနဲ့ တီရှပ်လက်တိုကို ဝတ်ဆင်ထားတဲ့ ထန်းရှောင်နဲ့ ယှဉ်လိုက်ရင် နှစ်ယောက်ကြားမှာ ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးလိုပင်။

"တို့ မင်းကို တစ်ခုခုကူညီပေးနိုင်မလားလို့ လာတွေ့တာ" စုပိုင်က စကားစပြောလိုက်တယ်။

ထန်းရှောင်က တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ပြီး, သူမကို ကြိုဆိုတဲ့အပြုံးလေးနဲ့ ပြုံးလိုက်တယ်။

"မနေ့ညတုန်းက, မင်း မူချောင်နဲ့ သတင်းထဲပါသွားတော့, မင်းအတွက် အနှောင့်အယှက်ဖြစ်သွားမှာပဲ" စုပိုင်ရဲ့အသံက နားဝင်ချိုလှကာ, နူးညံ့သိမ်မွေ့သလို ညင်သာစွာနဲ့ ထွက်ပေါ်လာတယ်။

ထန်းရှောင် သူမ(စုပိုင်)ကို နွားနို့တစ်ခွက် ဖျော်ပေးလိုက်တယ်။
"ရပါတယ်။ ကျွန်မက နည်းနည်းဉာဏ်နည်းတယ်လေ။ ဒါကြောင့် သူတို့တွေ ဘယ်လိုထင်ကြလဲဆိုတာ ကျွန်မ တကယ်ဂရုမစိုက်ဘူး"

စုပိုင်က နားလည်ပါတယ်ဆိုတဲ့ ပုံစံနဲ့ ရယ်လိုက်ကာ,
"ထန်းရှောင်, တို့ကို အရမ်းကြီးဆန့်ကျင်စရာမလိုပါဘူး။ တို့ကလည်း မင်းနဲ့တူတာမို့ မင်းကို အကောင်းဆုံးနားလည်တယ်"

ထန်းရှောင် ဘာမှမပြောဘဲ တစ်ဖက်က ထပ်ပြောမဲ့စကားကို စောင့်နေလိုက်တယ်။

"ဒီလောကထဲကို တို့ ပထမဆုံးစဝင်တဲ့အချိန်ကတည်းက မူချောင်က ထိပ်ဆုံးမှာ ရပ်တည်နေပြီ။ သူ့မှာ ပရိတ်သတ်တွေလည်းအများကြီးပဲ။ ဖန်တွေဆိုတာက သူတို့ရဲ့အိုင်ဒေါတွေ လက်ထပ်ကြမှာကို သဘောမကျကြတဲ့သူချည်းပဲလေ။ သူတို့တွေ လက်ထပ်သွားရင်တောင် သူတို့ရဲ့အိုင်ဒေါက သူနဲ့ကိုက်ညီတဲ့သူမျိုးကိုပဲ လက်တွဲကြမှာကို မျှော်လင့်ကြတာ။ တို့အမြဲတမ်းတွေးဖြစ်တယ်။ တို့သာ ပိုပြီးအလုပ်ကြိုးစားပြီး ပိုပြီးအရည်အချင်းရှိတဲ့သူဖြစ်လာရင် သူ့ဘေးနားမှာ နေနိုင်မလားဆိုပြီးတော့လေ? ဒါကြောင့် ဒီနှစ်တွေအတွင်းမှာ, သူ့ဘေးနားမှာ သူနဲ့အတူရပ်တည်နိုင်တဲ့သူဖြစ်ဖို့ အကောင်းဆုံးပေးပြီး ကြိုးစားခဲ့တယ်"

စုပိုင်က ပြောပြီးတာနဲ့သူမရဲ့အမူအရာက တိတ်ဆိတ်သွားတယ်။
"ဒါပေမဲ့ အခု သူက သူ့ရွေးချယ်မှုကို လုပ်ပြီးသွားပြီ"

"....."

"ဒီနေ့, တို့လာတယ်ဆိုတာ, မင်းက ဒီထက်ပိုပြီး အများကြီး ရှေ့ကိုသွားနိုင်တယ်လို့ ဒါရိုက်တာချောင် ပြောတာကို ကြားခဲ့လို့။ ဒီတော့ မင်းလုပ်နိုင်ရင် ဘာလို့မလုပ်ကြည့်ရမှာလဲ? ပိုပြီးကောင်းမွန်တစ်စုံတစ်ယောက်, မူချောင့်ဘေးမှာ ရှိဖို့ ထိုက်တန်တဲ့ တစ်စုံတစ်ယောက်ဖြစ်လာပါ"

စုပိုင်ရဲ့စကားလုံးတွေက ထန်းရှောင်ရဲ့စိတ်အတွင်းဆုံးထဲက တစ်စုံတစ်ခုကို နှိုးဆွသွားစေတယ်။

မူချောင့်ဘေးမှာ ရပ်တည်နိုင်တဲ့သူဖြစ်လာပါဆိုတဲ့ စကားက အရမ်းကိုကောင်းမွန်တဲ့ ဆွဲဆောင်မှုဆိုပေမဲ့ ဒီစကားက အဖွဲ့မှူးနင်ရဲ့ပါးစပ်ကနေ ထွက်လာတာမျိုးဆိုရင်တော့ သူမ ယုံလိုက်မှာပင်။
ဒါပေမဲ့ စုပိုင်ဆီက ထွက်လာတာမျိုးဆိုတော့, ဒါက တစ်ဖက်လူ ပြောချင်နေတဲ့ အဓိကအကြောင်းအရာမဟုတ်သလိုမျိုး သူမခံစားလိုက်ရတယ်။

စုပိုင်က အိတ်ထဲကနေ ဇာတ်ညွှန်းစာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်တယ်။

"မကြာသေးခင်တုန်းက,တို့ နိုင်ငံခြားScheduleတွေ ရိုက်ကူးရေးတွေလုပ်ပြီး ကိုယ့်ကိုကိုယ် ပိုတိုးတက်လာအောင် ကြိုးစားနေတာ။ မင်း ဒါရိုက်တာကျိကို ကြားဖူးလောက်မှာပါ။ သိတယ်မလား? မင်းသာ သူ့နဲ့ဆက်မိသွားရင်, A-listစတား မင်းသမီးတစ်လက်ဖြစ်လာဖို့ ဝေးမှာ မဟုတ်တော့ဘူး။ ဒါကြောင့် မူချောင်က မင်းကို ရွေးလိုက်ရင်တောင်, မင်း ဒီထက်ပိုပြီး ရှေ့ဆက်အောင်မြင်သွားဖို့ တို့မျှော်လင့်တယ်"

{T/N: ဒါရိုက်တာကျိကို မှတ်မိကြတယ်မလား။ ထန်းရှောင်နဲ့ အိပ်ချင်တယ်ပြောလို့ မူချောင် ကော်ဖီခွက်နဲ့လောင်းလိုက်တဲ့ တစ်ယောက်လေ}

တစ်ရက်မှာ, မင်းရဲ့အချစ်ပြိုင်ဘက်က မင်းဆီကို ရောက်လာပြီး မင်းလက်တွေကို ဆုပ်ကိုင်ရင်း ငြိမ်းချမ်းရေးယူချင်တယ်လို့ ပြောလာတယ်။ မင်းကိုလည်း ကံကောင်းဖို့ အောင်မြင်ဖို့ ဆုတောင်းပေးတယ်။ ပြီးတော့ နံမည်ကြီးဒါရိုက်တာတစ်ယောက်ရဲ့ ဇာတ်ညွှန်းကိုလည်း ကမ်းလှမ်းပေးလာသေးတယ်ဆိုတော့, ဒါက ဘာကို ဆိုလိုချင်တာလဲ?

ဒါမျိုးက  Mary-Sueဝတ္ထုစာအုပ်တွေထဲမှာပဲ ဖြစ်လေ့ရှိတဲ့အရာမျိုးမဟုတ်လား။

(Mary-Sueဇာတ်ကောင်ဆိုရင် မင်းသားတွေအကုန်လုံးက ကောင်မလေးတစ်ယောက်တည်းကိုပဲ ဝိုင်းကြိုက်ပြီး, လူတိုင်းက သူမကိုပဲ သဘောကျတဲ့သူပါ)

လက်တွေ့ဆိုရင်တော့, ဘာသံသယဖြစ်စရာတစ်ခုမှ မရှိဘူးဆိုရင်, ဖြစ်နိုင်တာ စုပိုင်ရဲ့ဦးနှောက်က တံခါးနဲ့ဝင့်ဆောင်ပြီး အတွင်းကြေသွားလို့ပဲနေမှာ။

ထန်းရှောင် သူမရဲ့လက်ထဲက နွားနို့ခွက်ကို ဇွန်းနဲ့မွှေလိုက်ပြီး, ဇာတ်ညွှန်းစာအုပ်ကို တစ်ချက်ကြည့်လိုက်ကာ,
"ကျွန်မ ဇာတ်ညွှန်းတစ်ခုကို ယူမယ်ဆိုရင် ကုမ္ပဏီကနေပဲ အဆင့်ဆင့်သွားရမယ်ဆိုတဲ့ စည်းကမ်းရှိတယ်မလား။ ပြီးကျရင် ကျွန်မ အဖွဲ့မှူးနင်ကို မေးကြည့်လိုက်ပါ့မယ်"

စုပိုင်က ထန်းရှောင်ရှေ့ကို ဇာတ်ညွှန်းစာအုပ်ကို တွန်းပို့လိုက်တယ်။
"ဒါရိုက်တာကျိက အဖွဲ့မှူးနင်နဲ့ ဆက်သွယ်ပြီးပြီ။ ဒါပေမဲ့ အဖွဲ့မှူးနင်က ကုမ္ပဏီက တခြားတစ်ယောက်ကို ပေးလိုက်တာ။ ထန်းရှောင်.... မင်းရဲ့ကိုယ်ပိုင်အခွင့်အလမ်းတွေကိုလည်း ကိုယ်တိုင်ဆွဲယူရမယ်လေ"
စုပိုင်က အဓိပ္ပာယ်အပြည့်နဲ့ ပြောလိုက်တယ်။

ဒီလိုအခြေအနေမျိုးမှာ တခြားတစ်ယောက်ယောက်ဆိုရင်တော့ ကုမ္ပဏီက သူတို့ကြိုက်တဲ့သူကိုပဲ ရွေးပြီး လူတိုင်းကို တူညီတဲ့အခွင့်အရေးပေးမှာမဟုတ်ဘူးလို့ ထင်ကြမှာပင်။

ပြောရရင် ထန်းရှောင်အတွက် တကူးတက ကမ်းလှမ်းလာတာမျိုးဖြစ်တဲ့အပြင် လက်ရှိမှာ သူမမှာ ဘာလုပ်စရာမှ မရှိပေ။
အဖွဲ့မှူးနင်က ဒါကို ငြင်းပယ်လိုက်တယ်ဆိုကတည်းက သေချာပေါက် အကြောင်းပြချက်တစ်ခုတော့ ရှိမှာဖြစ်တယ်။

ထန်းရှောင် ဇာတ်ညွန်းအကြောင်းကို ဒီထက်ပိုပြီးမတွေးတော့ပေ။
"တစ်ယောက်ယောက်ကို ရွေးပြီးပြီဆိုမှတော့ နောက်ကျမှပဲ နောက်ထပ်ပူးပေါင်းနိုင်မဲ့ အခွင့်အရေးကို ကျွန်မစဉ်းစားကြည့်လိုက်ပါမယ်"

စုပိုင်က သူမကို အရမ်းကြီးတွန်းအားပေးလို့မရတာကို သိတာကြောင့်,
"ထပ်ပြီး စဉ်းစားကြည့်လိုက်ပါ။ မင်းအတွက် ဒါရိုက်တာကျိရဲ့ဖုန်းနံပါတ်ကို ပေးခဲ့မယ်။ ဒီတော့ ဇာတ်ညွှန်းကိုလည်း သေချာလေးဖတ်ကြည့်လိုက်။ လိုအပ်ရင် မင်း သူနဲ့လည်း မေးစရာရှိတာ မေးလို့ရတယ်"

စုပိုင်ထွက်သွားတာနဲ့ ဒါရိုက်တာကျိရဲ့ဖုန်းနံပါတ်ကို ရေးထားတဲ့စာရွက်ကို ထန်းရှောင် အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တယ်။

ဒါပေမဲ့ စုပိုင်ရဲ့စကားတစ်ချို့က သူမရဲ့နှလုံးသားထဲကို ဝင်ရောက်နေတယ်။

-----ပိုပြီးကောင်းမွန်တဲ့ တစ်စုံတစ်ယောက်ဖြစ်လာဖို့....

အရင်တုန်းကလည်း အဖွဲ့မှူးနင်က သူမကို မူချောင်နဲ့ ကောလဟာလသတင်းတွေထဲ မပါမိစေဖို့ ပြောခဲ့ဖူးတယ်။

မူချောင်က အရမ်းနံမည်ကြီးတာကြောင့် သူမက မူချောင်နဲ့ ချိတ်ဆက်မိလိုက်တာနဲ့, သူမစိတ်ရင်းနဲ့ ကြိုးစားအားထုတ်ထားတာတွေကို လူတွေက သံသယဝင်လာကြပြီး သူမကို တိုက်ခိုက်ကြတယ်။

ပုံမှန်အားဖြင့် သရုပ်ဆောင်မင်းသမီးတွေအတွက် ဒီလိုမျိုးတိုက်ခိုက်ခံရတာနဲ့ သူတို့ရဲ့ နံမည်ကျော်ကြားမှုက ကျဆင်းပြီး အောက်ဆုံးထိ လဲကျသွားဖို့ လွယ်လွယ်လေးပင်။

ဒီရက်တွေမှာ, ထန်းရှောင် အွန်လိုင်းပေါ်ကိုလည်း မတက်ဖြစ်တာကြောင့် ပြင်ပကမ္ဘာကြီးမှာ သူမကို ဘယ်လိုဆဲဆိုနေကြလဲဆိုတာ သူမမသိပေ။

မူချောင်နဲ့ အဖွဲ့မှူးနင်က ကောလဟာလအတင်းအဖျင်းတွေကို လျော့ကျသွားအောင် လုပ်နေတာတောင်မှ လိုင်းပေါ်မှာ သူမအကြောင်းပြောနေကြတဲ့ လူတွေက သေချာပေါက် ရှိနေကြတုန်း။

ထန်းရှောင် ပထမဆုံးအကြိမ်အနေနဲ့ မူချောင့်ဘေးမှာ ဂုဏ်ယူစွာနဲ့ ရပ်တည်နိုင်တဲ့သူဖြစ်လာဖို့ သူမရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုတွေအပေါ် မှီခိုချင်လာတော့တယ်။

အဖွဲ့မှူးနင် သူမကို လာခေါ်တဲ့အချိန် ထန်းရှောင်တစ်ယောက် ဆိုဖာပေါ် ငြိမ်ငြိမ်လေးထိုင်ရင်း အတွေးထဲနစ်မြောနေတယ်။

"မင်း ဘာဖြစ်နေတာလဲ?"
အဖွဲ့မှူးနင်မှာ ထန်းရှောင်ရဲ့ဒီလိုငြိမ်ကုပ်နေတဲ့ ပုံစံကို မရင်းနှီးပေ။ လိုင်းပေါ်က သူမကို တိုက်ခိုက်နေတဲ့ အမုန်းစကားတွေကြောင့် သူမ ဒီလိုဖြစ်နေတာဖြစ်မယ်လို့ သူတွေးလိုက်တယ်။

"ရှင် လုံးဝဘက်မလိုက်ဘဲနဲ့ အမှန်တိုင်းပြောကြည့်။ မူချောင့်ကို ရှင်ဘယ်လိုထင်လဲ?"

အဖွဲ့မှူးနင်က ခဏလောက်တွေးလိုက်ပြီး,
"အရမ်းတော်တယ်"

အဖွဲ့မှူးနင်လိုလူဆီကနေ "အရမ်းတော်တယ်"ဆိုတဲ့ စကားလုံးမျိုး ထွက်လာဖို့ဆိုရင်, ဆိုလိုတာက မူချောင်က အမှန်တကယ်ကို အဲ့လောက်ထိ အရည်အချင်းရှိတယ်လို့ ပြောနေတာပင်။

"မင်း ဘာပြောချင်တာလဲ?"

ထန်းရှောင် အဖွဲ့မှူးနင်ကို နက်ရှိုင်းစွာကြည့်လိုက်တယ်။
"ကျွန်မ မူချောင်နဲ့ ဒိတ်လုပ်ချင်တယ်"

အဖွဲ့မှူးနင်ရဲ့မျက်နှာက မည်းနက်သွားကာ,
"တစ်စုံတစ်ယောက်ကို တိတ်တိတ်လေးသဘောကျတာမျိုးကို "တစ်ဖက်သတ်အချစ်"လို့ ခေါ်တယ်။ မင်းလိုဟာမျိုးဆိုရင်တော့ "မိုးမမြင်လေမမြင်"လို့ ပြောကြတာပေါ့"

ထန်းရှောင် ခေါင်းကို ပြင်းပြင်းထန်ထန်ယမ်းပြလိုက်တယ်။
"ကျွန်မပြောချင်တာ အဲလိုမဟုတ်ဘူး။ ကျွန်မက မူချောင်နဲ့ ဂိမ်းထဲမှာ စုလျားရစ်ပတ်ထိမ်းမြားပြီးပြီ။ လာမဲ့ရက်တွေထဲမှာ သူနဲ့အတူ အိပ်ရဖို့ ပြင်ဆင်နေတာ။ ဒါပေမဲ့ ဒီရက်တွေထဲမှာတော့, ကျွန်မ အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်ချင်နေတယ်"

အဖွဲ့မှူးနင်:.....

"မင်းက...ပျင်းကြောထူနေတာကို ရပ်ပြီး ကြီးကျယ်ခမ်းနားလွန်းတဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို ခဏအတွင်းရောက်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့လေ"

ထန်းရှောင် သက်ပြင်းချလိုက်တယ်။
"ရှင်ယုံဖို့ ဒီစကားတွေကို ကျွန်မရဲ့နောက်ကျောမှာ စာရွက်နဲ့ရေးပြီး ကပ်ပြရအုံးမှာလား? အခုတလော ဘာအလုပ်ရှိလဲ?"

"Spirit Road ကုမ္ပဏီဘက်က မင်းနဲ့ မူချောင်ကို game live stream လုပ်ဖို့ စီစဉ်နေတယ်။ ရလဒ်တွေသာ ကောင်းရင် မင်းကို ကမ်းလှမ်းတာမျိုးတွေ ရလာလိမ့်မယ်။ ဒီတစ်ခုကိုတော့ ငါသဘောတူလိုက်တယ်။ မင်းက ဂိမ်းဆော့နေကျဆိုတော့ ပရိတ်သတ် အနည်းငယ်ရပြီးသားပဲ။ အခုခေတ်လူငယ်တွေက ဂိမ်းဆော့ရတာသဘောကျတဲ့ မိန်းကလေးမျိုးဆို သဘောကျကြတယ်မို့လား"

ထန်းရှောင် နာခံစွာခေါင်းညိတ်ပြလိုက်တယ်။

"မင်း ဒီနေ့ဘာဖြစ်နေတာလဲ?"
ထန်းရှောင်ရဲ့ပြောဆိုရလွယ်ကူနေတဲ့ ပုံစံကြောင့် အဖွဲ့မှူးနင် အနည်းငယ်စိတ်ပူနေတယ်။

ထန်းရှောင် အလွန်တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။
"စုပိုင်ပြောတာမှန်တယ်။ မူချောင့်ရဲ့ ဘေးမှာရှိနိုင်ဖို့ဆို, ကျွန်မကိုယ်ကျွန်မ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့လိုတယ်။ ကျွန်မ သတ်မှတ်ထားတဲ့ အောင်မြင်မှုနိဗ္ဗာန်ဘုံကို ‌ရောက်တာနဲ့, ကျွန်မ ကောင်းကင်အထိရောက်အောင် ပျံသန်းလို့ရပြီ။ အဲ့အချိန်ကျရင် ကျွန်မ ရှင့်ကိုလည်း သေချာပေါက်ခေါ်သွားမှာပါ။ ရှင်လည်း ဆင်ဖြူတော်မှီပြီး ကြံရိုးစုတ်လို့ ရတာပေါ့"

အဖွဲ့မှူးနင်: "...."

Spirit Roadဘက်က မူချောင်နဲ့ ထန်းရှောင်အပြင် တခြားနံမည်ရ အသေးစားceleနှစ်ယောက်အပြင် တစ်ချိန်က နံမည်ကြီး ဂိမ်းplayer မက်မွန်မြေသူရဲကောင်း အပါအဝင် လူငါးယောက်ကို တစ်ဖွဲ့ဖွဲ့လိုက်ကာ တိုက်ပွဲမှာ တခြားကစားသမားတွေကို ဦးဆောင်စေလိုက်တယ်။

ထိုပွဲအကြောင်းကို လိုင်းပေါ်ကြေညာလိုက်တာနဲ့,ထိုတိုက်ပွဲမှာ ပါဝင်ဖို့  sign upလုပ်ကြတဲ့ လူတွေကြောင့် Spirit Roadရဲ့Serverတွေမှာ နောက်တစ်ဖန်ပေါက်ကွဲလုနီးပါးပင်။

မူချောင်တဲ့လား...အား!!!!!!!!

Female playerတွေအကုန်လုံးကို သူတို့ရဲ့မော်နီတာမျက်နှာပြင်ကို ကုန်းယက်ချင်စိတ်ပေါ်လာအောင် လုပ်နိုင်တဲ့သူ!

ထန်းရှောင်....အား!!!!!!

Spirit Roadရဲ့ Serverတွေကို ပျက်စီးအောင်လုပ်ဖို့ လူတိုင်းကို သွေးထိုးဦးဆောင်ခဲ့တဲ့ အမှိုက်ထုပ်!

ပြီးတော့ မက်မွန်မြေသူရဲကောင်းရော ပါသေးတယ်။ Spirit Roadကစားသမားတိုင်းရဲ့ အိုင်ဒေါကြီး!!!!

မက်မွန်မြေသူရဲကောင်းIdolရဲ့ လှပပြီး ခန့်ညားလွန်းတဲ့အသံဩဇာကို ဘယ်သူက မသိချင်ပဲ နေပါ့မလဲ။

ဒါပေါ့, တစ်ဖက်ဆန့်ကျင်ဘက်အသင်းအတွက်လည်း ထောက်ခံပြီးsign upလုပ်ကြတဲ့သူတွေ အများကြီးရှိကြတယ်။

ဒီပွဲမှာ သူတို့ အသတ်ခံရရင်တောင် ပျော်ပျော်ကြီး သေပေးကြမယ်လို့!


#3550 words
Ive Latte (mm)

.........................................................

[ အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး အတွဲတွေရဲ့ အပိုပြဇာတ်ငယ်]

အဖွဲ့မှူးနင် : "လင်ဝမ်, မင်းသင်ခန်းစာတွေကို သတိရသေးရဲ့လား, ဟင်? မင်းတိုးတက်လာမလာ ကြည့်ကြသေးတာပေါ့

ရှောင်လင်: ကျွန်မလည်း တိုးတက်လာချင်ပါတယ်လို့

အားကောင်းတဲ့ ဟော့ပေါ့လေး: ရှင်က ကျွန်မနဲ့ အိပ်ချင်နေတာလား?

ရွှေရောင်နေ့ရက်လေးများ: အရိုးသားဆုံး ပြောရရင်, ဟုတ်တယ်။

ဂျူလိုင်(နတ်ပြည်က ဘိုးအေကြီး): ဒီည....

ခွဲခွာခြင်းတေးသံ( ရှကျိယန်) : အွန်း

ထန်းရှောင်: ဘာမှပြောစရာမလိုဘူး! ကျွန်မ ကောင်းကောင်းပြင်ဆင်ပြီးပြီ! အတူအိပ်ဖို့လား? ရှင့်အတွင်းခံတွေ အကုန်လုံးကို ချွတ်လိုက်! ပြီးရင် ဒီမှာ လာလှဲ! ရှင့်တို့ဖူးခန္ဓာကိုယ်ကို ကျွန်မကို ပေးတော့!

မူချောင်:.....

Continue Reading

You'll Also Like

227K 35K 81
Title : Villain in the Kindergarten Author : Mù Zhī Chū (慕之初) Total Chapters : 76 + 1 extra (77) Genre : Comedy, Shounen Ai, Slice of Life English Tr...
177 34 23
no se, estoy aburrido y hago puras weas cuento estoy aburrido xd
134K 19.8K 70
ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်​ထွေးသွားစေခဲ့မိသည်​။ ထို့က...
895K 132K 153
Guide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 E...