ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

1M 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

140

3.2K 558 9
By Vanilla_IceCream61

လင်းကျန်ရဲ့ 'ပျော့ညံ့တဲ့ပုံစံ' ပျောက်သွားပြီ။
.......................................................

'သူက ဒီလိုအခြေအနေမျိုးမှာတောင် ငါ့ကိုစနောက်နေသေးတယ်။ ငါသူ့ကို ဒီဟာအတွက်ကြောင့် လက်ထပ်ဖို့ငြင်းလိုက်မှာကို မစိုးရိမ်ဘူးလား။'

လင်းကျန်က ယွီဝမ်ထုန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ယွီဝမ်ထုန်က ခဲခဲယဉ်းယဉ်း အရယ်ရပ်လိုက်ရသည်။ "ကောင်းပြီ၊ ကောင်းပြီ။ စားတော့။"

'ဒါဆို အရယ်ရပ်တော့လေ။' လင်းကျန်က ဆက်လက်တိတ်ဆိတ်နေကာ သူ့ကိုနောက်တစ်ခါထပ်ကြည့်လိုက်ပြီး စိတ်ထဲ၌ ငေါ့လိုက်သည်။ မနေ့ကအဖြစ်အပျက်ကြောင့် သူအပြစ်ရှိသကဲ့သို့ခံစားနေရခြင်းသာမဟုတ်လျှင် ယွီဝမ်ထုန် ဝင့်ဝါစွာရယ်နေသည်ကို သည်းခံမည်မဟုတ်ပေ။

မနက်စာစားပြီးနောက် လင်းကျန်က အဝတ်လဲကာ လုမိသားစုသို့ လင်းကျောက်ဝမ်နှင့်အတူသွားသည်။ ကိုယ် မည်သူမည်ဝါဖြစ်ကြောင်း အရေးမထားသော ယွီဝမ်ထုန်က သူတို့နှင့်အတူလိုက်ရန် ဆုံးဖြတ်သည်။

"ခင်ဗျား ကျွန်တော်တို့နဲ့အတူလိုက်လာရင် အုတ်အော်သောင်းတင်းတွေ ဖြစ်ကုန်တော့မယ်။ ကျွန်တော်တို့တွေ အဲ့လူတွေဆီကနေ ဝိုင်းအုံခံရလိမ့်မယ်။" လင်းကျန်က ဝေဖန်သည်။

"စိတ်အေးမေးထားပါ။ သူတို့ မလုပ်ရဲပါဘူး။" ယွီဝမ်ထုန်က ထိုကဲ့သို့သော အခြေအနေမျိုးကို ကိုင်တွယ်သည့်အတွေ့အကြုံနှင့် ပက်သက်၍ အလွန်ယုံကြည်ချက်ရှိပုံဖြင့် ပြန်ပြောသည်။

တကယ်ကိုပင် ထိုလူများက အနားမကပ်ရဲပေ။ သူတို့ လုမိသားစု၌ရှိနေစဉ်တွင် ယွီဝမ်ထုန်က အစမှအဆုံးတိုင် မျက်နှာတည်နေပြီး အနီးကပ်လာချင်သူတိုင်းကို တားဆီးထားသည်။

သူတို့က ဖြောင့်မတ်သော ဤအထင်ကရစစ်သူရဲကောင်းကို လေးစားသော်လည်း သူ့အနီးဝန်းကျင်မှ အေးစက်စက်နှင့် လူသတ်လိုသော အရှိန်အဝါအား မခံနိုင်ပေ။

လုဖုန်းနျန်နှင့် လုကွေ့က သူတို့ထံသို့လျှောက်လာသည်။ ကနဦးတွင် သူတို့က ယွီဝမ်ထုန်ကို အဖော်ပြုရန်ရည်ရွယ်သော်လည်း ယွီဝမ်ထုန်က သူတို့ကို စကားအနည်းငယ်ဖြင့် ပထုတ်ကာ လင်းကျန်၏ဘေးတွင်သာ တစ်ချိန်လုံး နေနေသည်။

ထိုလူများက အနားမကပ်ရဲသော်လည်း မျက်လုံးအကြည့်ကိုမထိန်းချုပ်နိုင်ပုံပေါ်သည်။ တစ်ယောက်ချင်းစီတိုင်းက သူ့ဘက်သို့သာကြည့်နေကြရာ လင်းကျန် အလွန်မသက်မသာခံစားရသည်။

အခမ်းအနားကျင်းပတော့မည့် တာအိုဘုန်းတော်ကြီးကပင် ယွီဝမ်ထုန်သည် စစ်နတ်ဘုရားဝင်စားသကဲ့သို့ပင် သူ့အနီးအနားမှ အလေးအမြတ်ထားအပ်စရာ အရှိန်အဝါက တစ္တေများ၊ မကောင်းဆိုးဝါး ဝိညာဉ်များကို တားဆီးပေးထားရာ လုမိသားစုတွင် ယွီဝမ်ထုန်ရှိနေခြင်းက သူရိုးရာပွဲ ဆယ်ပွဲမျှကျင်းပခြင်းထက် ပို၍ထိရောက်သည်ဟု ဆိုသည်။

သူ၏မှတ်ချက်က လင်းကျန်ကို တိတ်ဆိတ်သွားစေသည်။ 'အဲ့ဒါက တကယ်ထိရောက်မယ်ဆိုရင် ငါနဲ့ငါ့မိသားစုက တအားကံမကောင်းသင့်ဘူးလား။'

ယွီဝမ်ထုန်က သူ့နားထဲသို့ပင် တီးတိုးပြောလိုက်သေးသည်။ "အခု ကိုယ်ကဘယ်လောက်ကောင်းတယ်ဆိုတာ မင်းသိပြီမဟုတ်လား။"

လင်းကျန် အလွန်အံ့အားသင့်ကာ ဆွံ့အသွားသည်။

'အတ္တသမား။'

အချိန်အတော်ကြာလာသော်လည်း လုမိသားစုတွင် အခမ်းအနားက မပြီးသေးချေ။ လင်းကျန်က သူတို့ နေ့လည်စာအမီပြန်နိုင်မည်မဟုတ်ကြောင်း သိသောအခါ သူတို့မိသားစု၏စားဖိုမှူး စောင့်မနေစေရန်အတွက် အစေခံတစ်ယောက်ကို အိမ်ပြန်ပြောခိုင်းလိုက်သည်။

နောက်ဆုံးတွင်တော့ မွန်းတည့်ချိန်၌ အခမ်းအနားပြီးသွားသည်။ ပုံမှန်အတိုင်းဆိုလျှင် ယခုက ဧည့်သည်များပြန်ရမည့်အချိန်ဖြစ်သော်လည်း ယွီဝမ်ထုန်ရှိနေသောကြောင့် လူတိုင်းက နေရာတွင်သာနေနေကြသည်။ မည်သူ့တွင်မှ ထွက်သွားရန်ရည်ရွယ်ချက် မရှိပေ။

လင်းကျောက်ဝမ်က လုကွေ့၏ရင်းနှီးသောမိတ်ဆွေဖြစ်ရာ အရင်ဆုံးထွက်သွား၍ မဖြစ်ချေ။

ဖြစ်လိုရာဖြစ်စေတော့ဟု သဘောထားလိုက်သည့် လင်းကျန်မှာ ဒဏ်ရာကိုပတ်တီးလဲစရာရှိသည်ဟူသည့် အကြောင်းပြချက်ပေးကာ ယွီဝမ်ထုန်နှင့် အရင်ဆုံးပြန်လိုက်ရသည်။

သူတို့ထွက်သွားသည်နှင့် ဧည့်သည်များက အားမရစွာသက်ပြင်းချကာ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားသည်။

လုကွေ့က တစ်နေ့လုံး အလုပ်များခဲ့သဖြင့် ယခင်ပိန်လှီသောမျက်နှာက ပို၍ချောင်ကျနေသည်။

"မင်းကြည့်ရတာ နေမကောင်းသလိုပဲ။ မင်းကို အနှောင့်အယှက်ပေးနေတာ ရှိလို့လား။" လင်းကျောက်ဝမ်က စိုးရိမ်ပူပန်နေသောလေသံဖြင့် မေးသည်။

"မရှိပါဘူး။ ငါက ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးစားနေတာ။ လွန်ခဲ့တဲ့ရက်က ငါကိုယ်အလေးချိန်အများကြီးတိုးလာလို့ ကျန်းမာရေးထိန်းသိမ်းရမယ်ဆိုပြီး သမားတော်ကပြောတယ်။ ငါ အဲ့ဒါနဲ့ပက်သက်ပြီး အချိန်တစ်ခုလောက် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပေမဲ့ အခုတော့ပြဿနာမဟုတ်တော့ပါဘူး။" လုကွေ့က ဟက်ဟက်ပက်ပက် ရယ်သည်။ သူက အတော်ပိန်နေပုံပေါ်သော်လည်း ရွှင်ရွှင်ပြပြရှိသည်။

လင်းကျောက်ဝမ်က ဤသည်ကိုမြင်ကာ စိတ်အေးသွားသည်။ "နောက်ရက်ပိုင်းလောက်ကျရင် မင်းကရုံးတော်မှာ ညာထုန်ကျီရာထူးလက်ခံရတော့မှာဆိုတော့ လုပ်စရာအလုပ်တွေအများကြီးက စောင့်နေတယ်နော်။ မင်းရုံးမတက်ခင် အချိန်ရတုန်း ကျန်းမာရေးကောင်းဖို့ အားဆေးနည်းနည်းသောက်ထားသင့်တယ်။"

ထန်းယန်မှ ရာထူးမြင့်၊ ရာထူးနိမ့် အရာရှိအများအပြား အလုပ်ထုတ်ခံလိုက်ရသည်။ ရလဒ်အနေဖြင့် ထောင်ဖန်းနှင့်လုကွေ့တို့က အလွန်အလုပ်ရှုပ်နေကြပြီး ဝန်ထုပ်ဝန်ပိုးအားမျှဝေရန် ကိုယ်ပွားဆယ်ခုမျှ ဖန်တီးနိုင်စွမ်းကိုပင် လိုချင်နေကြသည်။ လုကွေ့က လုမိသားစု၏အခမ်းအနား၌ မဖြစ်မနေရှိရမည့်အချက်ကြောင့်သာမဟုတ်လျှင် ထောင်ဖန်းက သူ့ကိုခွင့်ရက်ပေးမည်မဟုတ်ပေ။

လုကွေ့က ပြုံးသည်။ "စိတ်ချပါ၊ ငါစီမံနိုင်ပါတယ်။ တကယ်တော့ ငါရက်နည်းနည်းလောက် စောင့်စရာမလိုဘူးထင်တယ်။ ငါအဲဒိကို မနက်ဖြန်ကျ သွားမယ်။"

သို့သော် လင်းကျောက်ဝမ်က သဘောမကျပေ။ "အဲ့ဒါ သိပ်တော့မကောင်းဘူး။ မင်း အရင်ဆုံး အားဆေးနည်းနည်းသောက်ထားသင့်တယ်။ နောက်ရက်ပိုင်းလောက်တော့ နားလိုက်ပါ။"

သူ၏ဇွဲမလျှော့သောအမူအရာကိုမြင်သောအခါ လုကွေ့သဘောတူလိုက်ရသည်။

"ဝူစီရင်စု၊ တိုင်စီရင်စုနဲ့ ချီစီရင်စုတွေရဲ့ အောက်ရုံးတရားသူကြီး နေရာလပ်ကိစ္စတွေက အမှုထမ်းအသိုင်းအဝိုင်းကကိစ္စပဲ။ တခြားဟာတွေကော။" လုကွေ့ကမေးသည်။

လင်းကျောက်ဝမ်က သူ့ကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။ "မင်း ဘာပြောချင်တာလဲ။"

"ဒါက ရွှေအခွင့်အရေးကြီးလေ။" လုကွေ့က သူ့အနားသို့တိုးလာကာ အသံတိုးတိုးဖြင့်ပြောသည်။ "ကျန်ချောင်းပုန်ကန်တဲ့ကိစ္စမှာ အတွင်းကျကျသက်ဆိုင်တဲ့ သူကြွယ်ကုန်သည်တွေ၊ မြေပိုင်ရှင်တွေက ဒီတစ်ကြိမ်မှာ မလွတ်ဘူး။ သူတို့နာမည်နဲ့စာရင်းသွင်းထားတဲ့ပိုင်ဆိုင်မှုတွေကို ငါတို့အသုံးချနိုင်တာ အများကြီးပဲ။ ငါက တရားမဝင်ကိစ္စလုပ်ဖို့ ပြောနေတာမဟုတ်ဘူး။ ငါပြောချင်တာကကွာ၊ ငါတို့က အဲ့ဒိပိုင်ဆိုင်မှုတွေကို နည်းလမ်းတကျနဲ့ မျှမျှတတဝယ်လို့ရတယ်။ ဒါက တစ်သက်မှာတစ်ခါပဲကြုံရတဲ့ အခွင့်အရေးကြီးလေ။ ငါတို့အဲ့ဒါကိုလက်လွှတ်လိုက်ရင် ရှက်စရာကောင်းတယ်။"

လင်းကျောက်ဝမ်က ပြုံးကာ ပြန်ပြောလိုက်သည်။ "မင်းလှုပ်ရှားမဲ့အချိန်ကိုသာ ငါစောင့်နေရင် တော်တော်နောက်ကျသွားလောက်ပြီ။ စိတ်ချပါ။ ငါကျန်အာနဲ့ တိုင်ပင်ပြီး ဘယ်ဟာကို ဝယ်သင့်တယ်၊ ဘယ်ဟာကိုအလကားယူနိုင်တယ်တယ်ဆိုတာ စပြီးကိုင်တွယ်နေပြီ။"

"ဘာ၊ မင်းက ငါ့ကိုချန်ထားတယ်ပေါ့။" လုကွေ့ သောကရောက်သွားသည်။

လင်းကျောက်ဝမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်သွားသည်။ သူကနှာနှစ်ချက်မှုတ်ကာ စာရွက်တစ်ရွက်ကို အင်္ကျီလက်ထဲမှ ထုတ်လိုက်သည်။ "ယူလိုက်။ ငါမင်းကို စွန့်ပစ်လိုက်သလို လုပ်မနေနဲ့တော့။ ငါတို့က အဲ့ဒိလောက် မရင်းနှီးဘူး။"

စိတ်လောနေသော လုကွေ့က စာရွက်ကိုယူကာ ဖြန့်ကြည့်လိုက်သည်။ သူက ၎င်းကိုဖတ်နေရင်း ပြုံးလာသည်။ "မင်းက ဘယ်လိုလုပ် အဲ့လိုပြောနိုင်ရတာလဲ။ ငါတို့မိတ်ဆွေဖြစ်တာဖြင့် နှစ်တွေအများကြီးရှိပြီ။ မင်းအဲ့ဒါကို ငြင်းရက်လို့လား။"

သူ့မှတ်ချက်က လင်းကျောက်ဝမ်ကို ဆွံ့အသွားစေသည်။

လုကွေ့က ထိုစာရွက်ကို ရတနာတစ်မျိုးကဲ့သို့ ဂရုတစိုက်သိမ်းပြီး ပါးစပ်နားရွက်တပ်ချိတ်သည်အထိ ပြုံးနေသည်။ "ကျေးဇူးပဲ၊ ရောင်းရင်း။ ငါမင်းကို နောက်နေ့ကျရင် အရက်လိုက်တိုက်မယ်။"

အရက်တိုက်ရုံမျှဖြင့် ကျေးဇူးပြန်ဆပ်ခံရမည့် လင်းကျောက်ဝမ်က ဒေါသတကြီးထကာ နှာမှုတ်ပြီး ထွက်သွားသည်။

လုံးဝစိတ်မဆိုးသည့် လုကွေ့က စီစဉ်စရာရှိသည်များကိုစီစဉ်ရန် နောက်လှည့်လိုက်သည်။

လင်းကျန်နှင့်လင်ကျောက်ဝမ်တို့က လင်းမိသားစု၏အင်အားကိုတိုးမြှင့်ရန် ဤအခွင့်အရေးကိုမည်သို့အသုံးချမည်ဖြစ်ကြောင်း ဆွေးနွေးပြီးသားပင်။ လင်းမိသားစု၏လက်ရှိအာဏာနှင့် ယွီဝမ်ထုန်၏ပံ့ပိုးမှုကြောင့် ဘယ်အရာကိုမဆို သူတို့ရနိုင်သည်။ သို့သော် လင်းကျန်နှင့် သူ့ဦးလေးက အလွန်အကျွံမလုပ်ရန် ဆုံးဖြတ်ထားသည်။ သူတို့၏မိသားစုက အင်အားမကြီးလွန်း၊ ငွေကြေးမချမ်းသာလွန်း ဖြစ်သွားနိုင်သော်လည်း သူတို့၏ဘက်တော်သားများပါ ကောင်းစားရန်ကူညီပေးခြင်းက ပိုအကျိုးရှိမည်ဟု ယုံကြည်သည်။

ကျန်ချောင်း နှစ်ပေါင်းများစွာမျှ အနိုင်ကျင့်ကာ ခေါင်းပုံဖြတ်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များရှိသည်။ သူတို့ထဲမှအများစုမှာ ကျန်ချောင်းနှင့်အတူလှည့်ဖြားရန် မလိုလားသဖြင့် ထိုသို့ဖိနှိပ်ခံရခြင်းဖြစ်ရာ သူတို့၏ အကျင့်စာရိတ္တအားထောက်၍ ပူးပေါင်းရန်ထိုက်တန်သည်။

လင်းကျန်က အိမ်တော်ထိန်းလီကို ထိုလူများနှင့်လျှို့ဝှက်ဆက်သွယ်ခိုင်းကာ အကြံအချို့ ကမ်းလှမ်းထားသည်။

ထိုလူအားလုံးက လင်းကျန်၏အကြံကိုများစွာ အသိအမှတ်ပြုကြသည်။ သူတို့အားလုံးသည်လည်း လင်းမိသားစု၏နောက်ခံ၊ ယွီဝမ်ထုန်က ထန်းယန်မှအခြေအနေကိုပြောင်းလဲရန် စီမံခဲ့သူဖြစ်၍ သူတို့ကလင်းမိသားစုအပေါ် ကျေးဇူးတုံ့ပြန်ရမည်ဖြစ်ကြောင်း သိကြသည်။ ရလဒ်အနေဖြင့် သူတို့အားလုံးက ပူးပေါင်းဆောင်ရွက်လိုစိတ်ထက်သန်ကြပြီး အခြေအနေကောင်းသည်နှင့် ထန်းယန်တွင် အင်အားမျှတရန် ဆန္ဒရှိနေကြသည်။

ယင်းက အချိန်အပေါ် မူတည်နေသောကိစ္စပင်။ နယ်စောင့်တပ်အသစ်က ဓားပြများကိုအမြစ်ပြတ်ရှင်းပြီးသည်နှင့် သူတို့ စလှုပ်ရှားလိမ့်မည်။

ယခုမှစ၍ အုပ်စုသုံးအုပ်စုက ထိပ်တိုက်ရင်ဆိုင်ရတော့မည်။

ထောင်ဖန်း၊ သူ၏ငယ်သားများနှင့် ဘက်တော်သားများက အုပ်စုသုံးခုထဲမှ တစ်ခုပင်။ ထန်းယန်၏နယ်စောင့်တပ်အသစ်က နောက်တစ်အုပ်စုဖြစ်သည်။ တတိယမြောက်အုပ်စုမှာ လင်းမိသားစုကဦးဆောင်သောအုပ်စုပင်။

အုပ်စုသုံးခုတွင် လင်းကျောက်ဝမ်နှင့် ထောင်ဖန်း၏ကြားရှိ ပုဂ္ဂိုလ်ရေးအဆက်အသွယ်အရ ထိုအုပ်စုနှစ်ခုသည် သဟဇာတအရှိဆုံး ဖြစ်လိမ့်မည်။ အနည်းဆုံးတော့ လင်းမိသားစုဝင်များက သူတို့လုပ်သင့်သည့်အရာများကို ကောင်းစွာသိကြသည်။ လင်းကျောက်ဝမ်က အရူးမဟုတ်ပေ။ လင်းမိသားစုက အခြားအုပ်စုနှစ်ခုနှင့် မည်သို့ဆက်ဆံရမည်ကို သူကောင်းကောင်းသိသည်။

နယ်စောင့်တပ်အသစ်ကမူ ကျန်ချောင်း၏ယခင်ပုန်ကန်မှုကြောင့် အရေအတွက် သိသိသာသာ အလျှော့ခံရလိမ့်မည်။ ထို့အပြင် သူခိုးဓားပြများ၏ရန်မရှိတော့သဖြင့် နယ်စောင့်တပ်က ထောင်ဖန်းထက် အာဏာပိုလွှမ်းမိုး၍မရတော့ရာ ထောင်ဖန်း၏အုပ်ချုပ်မှုအောက်သို့ တစ်စိတ်တစ်ပိုင်း ရောက်သွားနိုင်သည်။

သို့သော် လင်းမိသားစု၏ကိစ္စက ထူးခြားလွန်းသည်။ ထောင်ဖန်းက မည်သို့သောအခြေအနေတွင်မှ လင်းမိသားစုကိုဖြစ်စေ၊ ၎င်းတို့၏နောက်ခံယွီဝမ်ထုန်ကိုဖြစ်စေ အမှားကျူးလွန်သည်အထိ ရူးမိုက်မည်မဟုတ်ရာ နယ်စောင့်တပ်အသစ်က မည်သည့်ဘက်သို့ယိမ်းမည်ကို ပြောရခက်သည်။ ၎င်းမှာ အချိန်ကဖြေရှင်းပေးသွားမည့် ပဟေဠိ ပင်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

လင္းက်န္ရဲ႕ 'ေပ်ာ့ညံ့တဲ့ပုံစံ' ေပ်ာက္သြားၿပီ။
.......................................................

'သူက ဒီလိုအေျခအေနမ်ိဳးမွာေတာင္ ငါ့ကိုစေနာက္ေနေသးတယ္။ ငါသူ႕ကို ဒီဟာအတြက္ေၾကာင့္ လက္ထပ္ဖို႔ျငင္းလိုက္မွာကို မစိုးရိမ္ဘူးလား။'

လင္းက်န္က ယြီဝမ္ထုန္ကို တိတ္ဆိတ္စြာ ၾကည့္ေနသည္။

ယြီဝမ္ထုန္က ခဲခဲယဥ္းယဥ္း အရယ္ရပ္လိုက္ရသည္။ "ေကာင္းၿပီ၊ ေကာင္းၿပီ။ စားေတာ့။"

'ဒါဆို အရယ္ရပ္ေတာ့ေလ။' လင္းက်န္က ဆက္လက္တိတ္ဆိတ္ေနကာ သူ႕ကိုေနာက္တစ္ခါထပ္ၾကည့္လိုက္ၿပီး စိတ္ထဲ၌ ေငါ့လိုက္သည္။ မေန႕ကအျဖစ္အပ်က္ေၾကာင့္ သူအျပစ္ရွိသကဲ့သို႔ခံစားေနရျခင္းသာမဟုတ္လွ်င္ ယြီဝမ္ထုန္ ဝင့္ဝါစြာရယ္ေနသည္ကို သည္းခံမည္မဟုတ္ေပ။

မနက္စာစားၿပီးေနာက္ လင္းက်န္က အဝတ္လဲကာ လုမိသားစုသို႔ လင္းေက်ာက္ဝမ္ႏွင့္အတူသြားသည္။ ကိုယ္ မည္သူမည္ဝါျဖစ္ေၾကာင္း အေရးမထားေသာ ယြီဝမ္ထုန္က သူတို႔ႏွင့္အတူလိုက္ရန္ ဆုံးျဖတ္သည္။

"ခင္ဗ်ား ကြၽန္ေတာ္တို႔နဲ႕အတူလိုက္လာရင္ အုတ္ေအာ္ေသာင္းတင္းေတြ ျဖစ္ကုန္ေတာ့မယ္။ ကြၽန္ေတာ္တို႔ေတြ အဲ့လူေတြဆီကေန ဝိုင္းအုံခံရလိမ့္မယ္။" လင္းက်န္က ေဝဖန္သည္။

"စိတ္ေအးေမးထားပါ။ သူတို႔ မလုပ္ရဲပါဘူး။" ယြီဝမ္ထုန္က ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးကို ကိုင္တြယ္သည့္အေတြ႕အႀကဳံႏွင့္ ပက္သက္၍ အလြန္ယုံၾကည္ခ်က္ရွိပုံျဖင့္ ျပန္ေျပာသည္။

တကယ္ကိုပင္ ထိုလူမ်ားက အနားမကပ္ရဲေပ။ သူတို႔ လုမိသားစု၌ရွိေနစဥ္တြင္ ယြီဝမ္ထုန္က အစမွအဆုံးတိုင္ မ်က္ႏွာတည္ေနၿပီး အနီးကပ္လာခ်င္သူတိုင္းကို တားဆီးထားသည္။

သူတို႔က ေျဖာင့္မတ္ေသာ ဤအထင္ကရစစ္သူရဲေကာင္းကို ေလးစားေသာ္လည္း သူ႕အနီးဝန္းက်င္မွ ေအးစက္စက္ႏွင့္ လူသတ္လိုေသာ အရွိန္အဝါအား မခံနိုင္ေပ။

လုဖုန္းန်န္ႏွင့္ လုေကြ႕က သူတို႔ထံသို႔ေလွ်ာက္လာသည္။ ကနဦးတြင္ သူတို႔က ယြီဝမ္ထုန္ကို အေဖာ္ျပဳရန္ရည္႐ြယ္ေသာ္လည္း ယြီဝမ္ထုန္က သူတို႔ကို စကားအနည္းငယ္ျဖင့္ ပထုတ္ကာ လင္းက်န္၏ေဘးတြင္သာ တစ္ခ်ိန္လုံး ေနေနသည္။

ထိုလူမ်ားက အနားမကပ္ရဲေသာ္လည္း မ်က္လုံးအၾကည့္ကိုမထိန္းခ်ဳပ္နိုင္ပုံေပၚသည္။ တစ္ေယာက္ခ်င္းစီတိုင္းက သူ႕ဘက္သို႔သာၾကည့္ေနၾကရာ လင္းက်န္ အလြန္မသက္မသာခံစားရသည္။

အခမ္းအနားက်င္းပေတာ့မည့္ တာအိုဘုန္းေတာ္ႀကီးကပင္ ယြီဝမ္ထုန္သည္ စစ္နတ္ဘုရားဝင္စားသကဲ့သို႔ပင္ သူ႕အနီးအနားမွ အေလးအျမတ္ထားအပ္စရာ အရွိန္အဝါက တေစၱမ်ား၊ မေကာင္းဆိုးဝါး ဝိညာဥ္မ်ားကို တားဆီးေပးထားရာ လုမိသားစုတြင္ ယြီဝမ္ထုန္ရွိေနျခင္းက သူရိုးရာပြဲ ဆယ္ပြဲမွ်က်င္းပျခင္းထက္ ပို၍ထိေရာက္သည္ဟု ဆိုသည္။

သူ၏မွတ္ခ်က္က လင္းက်န္ကို တိတ္ဆိတ္သြားေစသည္။ 'အဲ့ဒါက တကယ္ထိေရာက္မယ္ဆိုရင္ ငါနဲ႕ငါ့မိသားစုက တအားကံမေကာင္းသင့္ဘူးလား။'

ယြီဝမ္ထုန္က သူ႕နားထဲသို႔ပင္ တီးတိုးေျပာလိုက္ေသးသည္။ "အခု ကိုယ္ကဘယ္ေလာက္ေကာင္းတယ္ဆိုတာ မင္းသိၿပီမဟုတ္လား။"

လင္းက်န္ အလြန္အံ့အားသင့္ကာ ဆြံ႕အသြားသည္။

'အတၱသမား။'

အခ်ိန္အေတာ္ၾကာလာေသာ္လည္း လုမိသားစုတြင္ အခမ္းအနားက မၿပီးေသးေခ်။ လင္းက်န္က သူတို႔ ေန႕လည္စာအမီျပန္နိုင္မည္မဟုတ္ေၾကာင္း သိေသာအခါ သူတို႔မိသားစု၏စားဖိုမႉး ေစာင့္မေနေစရန္အတြက္ အေစခံတစ္ေယာက္ကို အိမ္ျပန္ေျပာခိုင္းလိုက္သည္။

ေနာက္ဆုံးတြင္ေတာ့ မြန္းတည့္ခ်ိန္၌ အခမ္းအနားၿပီးသြားသည္။ ပုံမွန္အတိုင္းဆိုလွ်င္ ယခုက ဧည့္သည္မ်ားျပန္ရမည့္အခ်ိန္ျဖစ္ေသာ္လည္း ယြီဝမ္ထုန္ရွိေနေသာေၾကာင့္ လူတိုင္းက ေနရာတြင္သာေနေနၾကသည္။ မည္သူ႕တြင္မွ ထြက္သြားရန္ရည္႐ြယ္ခ်က္ မရွိေပ။

လင္းေက်ာက္ဝမ္က လုေကြ႕၏ရင္းႏွီးေသာမိတ္ေဆြျဖစ္ရာ အရင္ဆုံးထြက္သြား၍ မျဖစ္ေခ်။

ျဖစ္လိုရာျဖစ္ေစေတာ့ဟု သေဘာထားလိုက္သည့္ လင္းက်န္မွာ ဒဏ္ရာကိုပတ္တီးလဲစရာရွိသည္ဟူသည့္ အေၾကာင္းျပခ်က္ေပးကာ ယြီဝမ္ထုန္ႏွင့္ အရင္ဆုံးျပန္လိုက္ရသည္။

သူတို႔ထြက္သြားသည္ႏွင့္ ဧည့္သည္မ်ားက အားမရစြာသက္ျပင္းခ်ကာ တစ္ေယာက္ၿပီးတစ္ေယာက္ ျပန္သြားသည္။

လုေကြ႕က တစ္ေန႕လုံး အလုပ္မ်ားခဲ့သျဖင့္ ယခင္ပိန္လွီေသာမ်က္ႏွာက ပို၍ေခ်ာင္က်ေနသည္။

"မင္းၾကည့္ရတာ ေနမေကာင္းသလိုပဲ။ မင္းကို အႏွောင့္အယွက္ေပးေနတာ ရွိလို႔လား။" လင္းေက်ာက္ဝမ္က စိုးရိမ္ပူပန္ေနေသာေလသံျဖင့္ ေမးသည္။

"မရွိပါဘူး။ ငါက ကိုယ္အေလးခ်ိန္ေလွ်ာ့ဖို႔ ႀကိဳးစားေနတာ။ လြန္ခဲ့တဲ့ရက္က ငါကိုယ္အေလးခ်ိန္အမ်ားႀကီးတိုးလာလို႔ က်န္းမာေရးထိန္းသိမ္းရမယ္ဆိုၿပီး သမားေတာ္ကေျပာတယ္။ ငါ အဲ့ဒါနဲ႕ပက္သက္ၿပီး အခ်ိန္တစ္ခုေလာက္ စိတ္အႏွောင့္အယွက္ျဖစ္ေနခဲ့ေပမဲ့ အခုေတာ့ျပႆနာမဟုတ္ေတာ့ပါဘူး။" လုေကြ႕က ဟက္ဟက္ပက္ပက္ ရယ္သည္။ သူက အေတာ္ပိန္ေနပုံေပၚေသာ္လည္း ႐ႊင္႐ႊင္ျပျပရွိသည္။

လင္းေက်ာက္ဝမ္က ဤသည္ကိုျမင္ကာ စိတ္ေအးသြားသည္။ "ေနာက္ရက္ပိုင္းေလာက္က်ရင္ မင္းက႐ုံးေတာ္မွာ ညာထုန္က်ီရာထူးလက္ခံရေတာ့မွာဆိုေတာ့ လုပ္စရာအလုပ္ေတြအမ်ားႀကီးက ေစာင့္ေနတယ္ေနာ္။ မင္း႐ုံးမတက္ခင္ အခ်ိန္ရတုန္း က်န္းမာေရးေကာင္းဖို႔ အားေဆးနည္းနည္းေသာက္ထားသင့္တယ္။"

ထန္းယန္မွ ရာထူးျမင့္၊ ရာထူးနိမ့္ အရာရွိအမ်ားအျပား အလုပ္ထုတ္ခံလိုက္ရသည္။ ရလဒ္အေနျဖင့္ ေထာင္ဖန္းႏွင့္လုေကြ႕တို႔က အလြန္အလုပ္ရႈပ္ေနၾကၿပီး ဝန္ထုပ္ဝန္ပိုးအားမွ်ေဝရန္ ကိုယ္ပြားဆယ္ခုမွ် ဖန္တီးနိုင္စြမ္းကိုပင္ လိုခ်င္ေနၾကသည္။ လုေကြ႕က လုမိသားစု၏အခမ္းအနား၌ မျဖစ္မေနရွိရမည့္အခ်က္ေၾကာင့္သာမဟုတ္လွ်င္ ေထာင္ဖန္းက သူ႕ကိုခြင့္ရက္ေပးမည္မဟုတ္ေပ။

လုေကြ႕က ၿပဳံးသည္။ "စိတ္ခ်ပါ၊ ငါစီမံနိုင္ပါတယ္။ တကယ္ေတာ့ ငါရက္နည္းနည္းေလာက္ ေစာင့္စရာမလိုဘူးထင္တယ္။ ငါအဲဒိကို မနက္ျဖန္က် သြားမယ္။"

သို႔ေသာ္ လင္းေက်ာက္ဝမ္က သေဘာမက်ေပ။ "အဲ့ဒါ သိပ္ေတာ့မေကာင္းဘူး။ မင္း အရင္ဆုံး အားေဆးနည္းနည္းေသာက္ထားသင့္တယ္။ ေနာက္ရက္ပိုင္းေလာက္ေတာ့ နားလိုက္ပါ။"

သူ၏ဇြဲမေလွ်ာ့ေသာအမူအရာကိုျမင္ေသာအခါ လုေကြ႕သေဘာတူလိုက္ရသည္။

"ဝူစီရင္စု၊ တိုင္စီရင္စုနဲ႕ ခ်ီစီရင္စုေတြရဲ႕ ေအာက္႐ုံးတရားသူႀကီး ေနရာလပ္ကိစၥေတြက အမႈထမ္းအသိုင္းအဝိုင္းကကိစၥပဲ။ တျခားဟာေတြေကာ။" လုေကြ႕ကေမးသည္။

လင္းေက်ာက္ဝမ္က သူ႕ကို ေဘးတိုက္တစ္ခ်က္ၾကည့္လိုက္သည္။ "မင္း ဘာေျပာခ်င္တာလဲ။"

"ဒါက ေ႐ႊအခြင့္အေရးႀကီးေလ။" လုေကြ႕က သူ႕အနားသို႔တိုးလာကာ အသံတိုးတိုးျဖင့္ေျပာသည္။ "က်န္ေခ်ာင္းပုန္ကန္တဲ့ကိစၥမွာ အတြင္းက်က်သက္ဆိုင္တဲ့ သူႂကြယ္ကုန္သည္ေတြ၊ ေျမပိုင္ရွင္ေတြက ဒီတစ္ႀကိမ္မွာ မလြတ္ဘူး။ သူတို႔နာမည္နဲ႕စာရင္းသြင္းထားတဲ့ပိုင္ဆိုင္မႈေတြကို ငါတို႔အသုံးခ်နိဳင္တာ အမ်ားႀကီးပဲ။ ငါက တရားမဝင္ကိစၥလုပ္ဖို႔ ေျပာေနတာမဟုတ္ဘူး။ ငါေျပာခ်င္တာကကြာ၊ ငါတို႔က အဲ့ဒိပိုင္ဆိုင္မႈေတြကို နည္းလမ္းတက်နဲ႕ မွ်မွ်တတဝယ္လို႔ရတယ္။ ဒါက တစ္သက္မွာတစ္ခါပဲႀကဳံရတဲ့ အခြင့္အေရးႀကီးေလ။ ငါတို႔အဲ့ဒါကိုလက္လႊတ္လိုက္ရင္ ရွက္စရာေကာင္းတယ္။"

လင္းေက်ာက္ဝမ္က ၿပဳံးကာ ျပန္ေျပာလိုက္သည္။ "မင္းလႈပ္ရွားမဲ့အခ်ိန္ကိုသာ ငါေစာင့္ေနရင္ ေတာ္ေတာ္ေနာက္က်သြားေလာက္ၿပီ။ စိတ္ခ်ပါ။ ငါက်န္အာနဲ႕ တိုင္ပင္ၿပီး ဘယ္ဟာကို ဝယ္သင့္တယ္၊ ဘယ္ဟာကိုအလကားယူနိုင္တယ္တယ္ဆိုတာ စၿပီးကိုင္တြယ္ေနၿပီ။"

"ဘာ၊ မင္းက ငါ့ကိုခ်န္ထားတယ္ေပါ့။" လုေကြ႕ ေသာကေရာက္သြားသည္။

လင္းေက်ာက္ဝမ္၏ ႏႈတ္ခမ္းေထာင့္မ်ား အနည္းငယ္တြန့္သြားသည္။ သူကႏွာႏွစ္ခ်က္မႈတ္ကာ စာ႐ြက္တစ္႐ြက္ကို အကၤ်ီလက္ထဲမွ ထုတ္လိုက္သည္။ "ယူလိုက္။ ငါမင္းကို စြန့္ပစ္လိုက္သလို လုပ္မေနနဲ႕ေတာ့။ ငါတို႔က အဲ့ဒိေလာက္ မရင္းႏွီးဘူး။"

စိတ္ေလာေနေသာ လုေကြ႕က စာ႐ြက္ကိုယူကာ ျဖန့္ၾကည့္လိုက္သည္။ သူက ၎ကိုဖတ္ေနရင္း ၿပဳံးလာသည္။ "မင္းက ဘယ္လိုလုပ္ အဲ့လိုေျပာနိုင္ရတာလဲ။ ငါတို႔မိတ္ေဆြျဖစ္တာျဖင့္ ႏွစ္ေတြအမ်ားႀကီးရွိၿပီ။ မင္းအဲ့ဒါကို ျငင္းရက္လို႔လား။"

သူ႕မွတ္ခ်က္က လင္းေက်ာက္ဝမ္ကို ဆြံ႕အသြားေစသည္။

လုေကြ႕က ထိုစာ႐ြက္ကို ရတနာတစ္မ်ိဳးကဲ့သို႔ ဂ႐ုတစိုက္သိမ္းၿပီး ပါးစပ္နား႐ြက္တပ္ခ်ိတ္သည္အထိ ၿပဳံးေနသည္။ "ေက်းဇူးပဲ၊ ေရာင္းရင္း။ ငါမင္းကို ေနာက္ေန႕က်ရင္ အရက္လိုက္တိုက္မယ္။"

အရက္တိုက္႐ုံမွ်ျဖင့္ ေက်းဇူးျပန္ဆပ္ခံရမည့္ လင္းေက်ာက္ဝမ္က ေဒါသတႀကီးထကာ ႏွာမႈတ္ၿပီး ထြက္သြားသည္။

လုံးဝစိတ္မဆိုးသည့္ လုေကြ႕က စီစဥ္စရာရွိသည္မ်ားကိုစီစဥ္ရန္ ေနာက္လွည့္လိုက္သည္။

လင္းက်န္ႏွင့္လင္ေက်ာက္ဝမ္တို႔က လင္းမိသားစု၏အင္အားကိုတိုးျမႇင့္ရန္ ဤအခြင့္အေရးကိုမည္သို႔အသုံးခ်မည္ျဖစ္ေၾကာင္း ေဆြးႏြေးၿပီးသားပင္။ လင္းမိသားစု၏လက္ရွိအာဏာႏွင့္ ယြီဝမ္ထုန္၏ပံ့ပိုးမႈေၾကာင့္ ဘယ္အရာကိုမဆို သူတို႔ရနိုင္သည္။ သို႔ေသာ္ လင္းက်န္ႏွင့္ သူ႕ဦးေလးက အလြန္အကြၽံမလုပ္ရန္ ဆုံးျဖတ္ထားသည္။ သူတို႔၏မိသားစုက အင္အားမႀကီးလြန္း၊ ေငြေၾကးမခ်မ္းသာလြန္း ျဖစ္သြားနိုင္ေသာ္လည္း သူတို႔၏ဘက္ေတာ္သားမ်ားပါ ေကာင္းစားရန္ကူညီေပးျခင္းက ပိုအက်ိဳးရွိမည္ဟု ယုံၾကည္သည္။

က်န္ေခ်ာင္း ႏွစ္ေပါင္းမ်ားစြာမွ် အနိုင္က်င့္ကာ ေခါင္းပုံျဖတ္ခဲ့ေသာ စီးပြားေရးလုပ္ငန္းရွင္မ်ားရွိသည္။ သူတို႔ထဲမွအမ်ားစုမွာ က်န္ေခ်ာင္းႏွင့္အတူလွည့္ျဖားရန္ မလိုလားသျဖင့္ ထိုသို႔ဖိႏွိပ္ခံရျခင္းျဖစ္ရာ သူတို႔၏ အက်င့္စာရိတၱအားေထာက္၍ ပူးေပါင္းရန္ထိုက္တန္သည္။

လင္းက်န္က အိမ္ေတာ္ထိန္းလီကို ထိုလူမ်ားႏွင့္လွ်ို႔ဝွက္ဆက္သြယ္ခိုင္းကာ အႀကံအခ်ိဳ႕ ကမ္းလွမ္းထားသည္။

ထိုလူအားလုံးက လင္းက်န္၏အႀကံကိုမ်ားစြာ အသိအမွတ္ျပဳၾကသည္။ သူတို႔အားလုံးသည္လည္း လင္းမိသားစု၏ေနာက္ခံ၊ ယြီဝမ္ထုန္က ထန္းယန္မွအေျခအေနကိုေျပာင္းလဲရန္ စီမံခဲ့သူျဖစ္၍ သူတို႔ကလင္းမိသားစုအေပၚ ေက်းဇူးတုံ႕ျပန္ရမည္ျဖစ္ေၾကာင္း သိၾကသည္။ ရလဒ္အေနျဖင့္ သူတို႔အားလုံးက ပူးေပါင္းေဆာင္႐ြက္လိုစိတ္ထက္သန္ၾကၿပီး အေျခအေနေကာင္းသည္ႏွင့္ ထန္းယန္တြင္ အင္အားမွ်တရန္ ဆႏၵရွိေနၾကသည္။

ယင္းက အခ်ိန္အေပၚ မူတည္ေနေသာကိစၥပင္။ နယ္ေစာင့္တပ္အသစ္က ဓားျပမ်ားကိုအျမစ္ျပတ္ရွင္းၿပီးသည္ႏွင့္ သူတို႔ စလႈပ္ရွားလိမ့္မည္။

ယခုမွစ၍ အုပ္စုသုံးအုပ္စုက ထိပ္တိုက္ရင္ဆိုင္ရေတာ့မည္။

ေထာင္ဖန္း၊ သူ၏ငယ္သားမ်ားႏွင့္ ဘက္ေတာ္သားမ်ားက အုပ္စုသုံးခုထဲမွ တစ္ခုပင္။ ထန္းယန္၏နယ္ေစာင့္တပ္အသစ္က ေနာက္တစ္အုပ္စုျဖစ္သည္။ တတိယေျမာက္အုပ္စုမွာ လင္းမိသားစုကဦးေဆာင္ေသာအုပ္စုပင္။

အုပ္စုသုံးခုတြင္ လင္းေက်ာက္ဝမ္ႏွင့္ ေထာင္ဖန္း၏ၾကားရွိ ပုဂၢိုလ္ေရးအဆက္အသြယ္အရ ထိုအုပ္စုႏွစ္ခုသည္ သဟဇာတအရွိဆုံး ျဖစ္လိမ့္မည္။ အနည္းဆုံးေတာ့ လင္းမိသားစုဝင္မ်ားက သူတို႔လုပ္သင့္သည့္အရာမ်ားကို ေကာင္းစြာသိၾကသည္။ လင္းေက်ာက္ဝမ္က အ႐ူးမဟုတ္ေပ။ လင္းမိသားစုက အျခားအုပ္စုႏွစ္ခုႏွင့္ မည္သို႔ဆက္ဆံရမည္ကို သူေကာင္းေကာင္းသိသည္။

နယ္ေစာင့္တပ္အသစ္ကမူ က်န္ေခ်ာင္း၏ယခင္ပုန္ကန္မႈေၾကာင့္ အေရအတြက္ သိသိသာသာ အေလွ်ာ့ခံရလိမ့္မည္။ ထို႔အျပင္ သူခိုးဓားျပမ်ား၏ရန္မရွိေတာ့သျဖင့္ နယ္ေစာင့္တပ္က ေထာင္ဖန္းထက္ အာဏာပိုလႊမ္းမိုး၍မရေတာ့ရာ ေထာင္ဖန္း၏အုပ္ခ်ဳပ္မႈေအာက္သို႔ တစ္စိတ္တစ္ပိုင္း ေရာက္သြားနိုင္သည္။

သို႔ေသာ္ လင္းမိသားစု၏ကိစၥက ထူးျခားလြန္းသည္။ ေထာင္ဖန္းက မည္သို႔ေသာအေျခအေနတြင္မွ လင္းမိသားစုကိုျဖစ္ေစ၊ ၎တို႔၏ေနာက္ခံယြီဝမ္ထုန္ကိုျဖစ္ေစ အမွားက်ဴးလြန္သည္အထိ ႐ူးမိုက္မည္မဟုတ္ရာ နယ္ေစာင့္တပ္အသစ္က မည္သည့္ဘက္သို႔ယိမ္းမည္ကို ေျပာရခက္သည္။ ၎မွာ အခ်ိန္ကေျဖရွင္းေပးသြားမည့္ ပေဟဠိ ပင္။

Continue Reading

You'll Also Like

39.4K 4.1K 46
ဘာသာပြန်သူ စွဲညို့အသင်း
1.8M 273K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
51.5K 5.7K 86
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
57K 3.9K 49
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.