Zawgyi
ကေလးႏွစ္ေယာက္က ေရခ်ဳိးဖို႔အတြက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေျပးသြားၾကတဲ့အခ်ိန္မွာ ႐ွဳရန္က မီးဖိုေခ်ာင္႐ွိရာဆီကို လမ္းေလွ်ာက္လာခဲ့တယ္။ လ်ဳိထံုက မီးဖိုေခ်ာင္ထဲမွာ ေရေႏြးအိုးတည္ေနတာ ျဖစ္တယ္။ အဲ့အခ်ိန္မွာပဲ သူ႔ရဲ႕႐ွည္လ်ားတဲ့ပံုရိပ္က မီးအလင္းေရာင္ကို ကြယ္သြားၿပီးေတာ့ ႐ွဳရန္တစ္ေယာက္ သူ႔ကိုအေနာက္ကေန ေငးစိုက္ၾကည့္ေနမိတယ္။ ဒီလူက သူ႔ဘဝတစ္ေလွ်ာက္လံုး အတူတူ ကုန္ဆံုးသြားခ်င္မိတဲ့ လူတစ္ေယာက္ ျဖစ္ၿပီးေတာ့ သူ႔ဘဝတစ္ေလွ်ာက္လံုး ဂ႐ုစိုက္သြားခ်င္မိတဲ့ မိသားစုဝင္တစ္ေယာက္လည္း ျဖစ္တယ္။
ညအခ်ိန္တြင္ ႐ွဳရန္နဲ႔လ်ိဳထံုတို႔တေတြက သူတို႔ရဲ႕အစီအစဥ္အေၾကာင္းကို အေသးစိတ္ ထပ္မံေဆြးေႏြးၾကျပန္တယ္။ အိမ္အသစ္ရဲ႕ေဆာက္လုပ္ေရးလုပ္ငန္းခြင္က ဒီလိုမ်ဳိး ဆံုးျဖတ္ခ်က္ခ်လိုက္ၾကတယ္။ ႐ွဳရန္က အထပ္ႏွစ္ထပ္႐ွိတဲ့ ေလးေထာင့္ေနအိမ္ေလးကို ေဆာက္ခ်င္ေနတာ ျဖစ္တယ္။ ဒီလိုမ်ဳိး ဧရိယာအႀကီးႀကီးကို လႊမ္းျခံဳထားတာေၾကာင့္ အိမ္အသစ္က ေသခ်ာေပါက္ကို ေငြအတံုးငါးရာေလာက္ ကုန္က်လိမ့္မယ္ဆိုတာကို သူတို႔ေတြသိပါတယ္။
သူတို႔ႏွစ္ေယာက္စလံုးက ေငြကိစၥနဲ႔ပတ္သက္ၿပီး ခန္႔မွန္းတြက္ဆေနၾကဆဲပါပဲ။ ေနာက္တစ္ေန႔တြင္ သူတို႔ရဲ႕ကေလးႏွစ္ေယာက္က သူတို႔ကို အံ့အားသင့္စရာအႀကီးႀကီးတစ္ခု ေပးလာလိမ့္မယ္လို႔ သူတို႔ေတြ မေမွ်ာ္လင့္ထားခဲ့ၾကမိပါဘူး။
. . .
တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔တေတြက မနက္ခင္းတြင္ အျပင္ဘက္က ကေလးတစ္အုပ္စုရဲ႕ ေခၚထုတ္သြားျခင္းကို ခံလိုက္ရတဲ့အခ်ိန္က သူတို႔ရဲ႕မနက္စာကို စားၿပီးလုနီးပါး ျဖစ္ေနခဲ့ၾကတဲ့အခ်ိန္ ျဖစ္တယ္။ သူတို႔ႏွစ္ေယာက္စလံုးက သူတို႔ရဲ႕ပန္းကန္လံုးေတြကို ေအာက္ခ်လိုက္ၾကၿပီးေတာ့ အျပင္ဘက္ကို ေျပးထြက္သြားၾကတယ္။ သူတို႔ရဲ႕ေခြးေလးေတြကိုေတာင္ သူတို႔ဂ႐ုမစိုက္ႏိုင္ၾကေတာ့ပဲ သူတို႔ေတြကို ဒီအတိုင္း အေနာက္နားကေန ေျပးလိုက္ခိုင္းလိုက္ၾကတယ္။
သူတို႔ေတြ အလ်င္စလို ေျပးထြက္သြားတာကို ျမင္လိုက္ရေတာ့ ႐ွဳရန္ကလည္း ေနာက္ထပ္ ပါးစပ္အျပည့္ ထမင္းလုတ္ႏွစ္လုတ္ကို စားလိုက္ၿပီးေနာက္ အစားစားေနတာကို ရပ္လိုက္တယ္။ သူလ်ဳိထံုကို ေျပာလိုက္တယ္။ "ထံုထံု ကိုယ္အျပင္ထြက္ၿပီးေတာ့ တစ္ခ်က္ သြားၾကည့္ၾကည့္လိုက္မယ္။ ဘာလို႔ ကေလးေတြအမ်ားႀကီး ေရာက္လာၾကတာလဲ?"
လ်ဳိထံုက ေခါင္းၿငိမ့္ျပလိုက္တယ္။ "ေကာင္းၿပီ။ ငါတို႔ရဲ႕ကေလးေတြကို အႏိုင္က်င့္ခိုင္းခြင့္ မျပဳနဲ႔ေနာ္။"
အေၾကာင္းျပခ်က္အခ်ဳိ႕ေၾကာင့္ ႐ွဳရန္တစ္ေယာက္ သူတို႔ရဲ႕ကေလးေတြကို အႏိုင္က်င့္ၾကမွာ မဟုတ္ဘူးဆိုတာကို အျမဲခံစားမိေနေပမဲ့လည္း သူေခါင္းၿငိမ့္ျပလိုက္ၿပီးေတာ့ ျပန္ေျဖလိုက္ဆဲပါပဲ။ "မစိုးရိမ္ပါနဲ႔။ ကိုယ္သူတို႔ေတြကို ဂ႐ုစိုက္မွာပါ။"
သူတို႔ေလးေတြက ကေလးအုပ္စုႀကီးတစ္စု ျဖစ္တာေၾကာင့္ လြယ္ကူတဲ့ပစ္မွတ္တစ္ခု ျဖစ္တယ္။ သိပ္မၾကာခင္မွာပဲ ႐ွဳရန္တစ္ေယာက္ တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔တေတြ မေန႔တုန္းက ျပာေတြအေျမာက္အျမားကို မီး႐ွိဳ႕ေနခဲ့ၾကတဲ့ေနရာျဖစ္တဲ့ သူတို႔အိမ္ရဲ႕အေနာက္ဘက္ကို သြားေနၾကတဲ့ ကေလးတစ္အုပ္စုကို ႐ွာေတြ႔သြားေတာ့တယ္။ ႐ွဳရန္ကလည္း သူတို႔အေနာက္နားကေန တိတ္တဆိတ္ လိုက္လာခဲ့လိုက္တယ္။
တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ေတြက ကေလးအုပ္စုကို ျပာပံုအႀကီးႀကီး႐ွိရာဆီကို ဦးေဆာင္ေခၚသြားလိုက္ၾကတယ္။ တ်န္းတ်န္းက သူ႔ရဲ႕ရင္ဘတ္ထဲကေန ေၾကးဒဂၤါးျပားတစ္ဒါဇင္ကို ယူထုတ္လိုက္ၿပီးေနာက္ ေျခတစ္လွမ္း အေနာက္ကို ဆုတ္ၿပီး ေနရာယူလိုက္တယ္။ ေကာ္ေကာ္က ေျခႏွစ္လွမ္း အေ႐ွ႕ကို တိုးလိုက္ၿပီးေတာ့ အေလးအနက္ထား ေၾကညာလိုက္တယ္။ "ဒီေန႔ ငါမင္းတို႔အားလံုးကို ဒီေနရာဆီ ဖိတ္ေခၚလိုက္ရတာက မင္းတို႔ေတြအတြက္ ေငြ႐ွာႏိုင္မဲ့ အခြင့္အေရးတစ္ခုကို ေပးခ်င္လို႔ပဲ။ ဘယ္သူပဲျဖစ္ျဖစ္ ျပာေတြအမ်ားႀကီးရေအာင္ မီး႐ွိဳ႕ႏိုင္ေနသေရြ႕ အဲ့လူက ငါတို႔ဆီကေန ေၾကးဒဂၤါးတစ္ျပားကို ခ်က္ခ်င္းယူသြားႏိုင္တယ္။ တကယ္လို႔ မင္းတို႔ေတြ ငါတို႔အတြက္ အလုပ္လုပ္ေပးဖို႔ လိုလားၾကမယ္ဆိုရင္ မင္းတို႔ေတြ ေနခဲ့ႏိုင္တယ္။ တကယ္လို႔ မင္းတို႔ မလိုလားဘူးဆိုရင္လည္း မင္းတို႔အခုခ်က္ခ်င္း ျပန္သြားႏိုင္တယ္။"
သူတို႔ေတြ ေငြ႐ွာႏိုင္တယ္ဆိုတာကို ၾကားလိုက္ရေတာ့ လက္႐ွိ႐ွိေနၾကတဲ့ အသက္ငါးႏွစ္ကေန ႐ွစ္ႏွစ္အရြယ္ကေလးေတြက အရမ္းစိတ္လႈပ္႐ွားသြားၾကၿပီးေတာ့ တစ္ေယာက္ကမွ မထြက္သြားၾကပါဘူး။
ဒါဟူကလည္း ကေလးအုပ္စုၾကားထဲမွာ ႐ွိေနတာ ျဖစ္တယ္။ သူက အသက္အနည္းငယ္ႀကီးေနၿပီ ျဖစ္တာေၾကာင့္ သူ႔ေခါင္းကိုသူ ထိလိုက္ၿပီးေတာ့ ေကာ္ေကာ္ကို ေမးလိုက္တယ္။ "ေကာ္ေကာ္ ဒီျပာေတြကို ဘယ္လိုမ်ဳိးမီး႐ွိဳ႕ရတာလဲ?"
"ဟုတ္တယ္။ ဟုတ္တယ္!"
တစ္ျခားကေလးေတြကလည္း သံေယာင္လိုက္ ေျပာလိုက္ၾကတယ္။
ဒီျမင္ကြင္းက အဲ့တုန္းက ႐ွဳရန္တစ္ေယာက္ သူတို႔ရဲ႕ေျမကြက္႐ိုင္းေတြ ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ကူညီေပးဖို႔ လူေတြကို ႐ွာေဖြေနတဲ့ အခ်ိန္တုန္းက ျမင္ကြင္းနဲ႔ တူညီေနတယ္။
ေကာ္ေကာ္က သူ႔လက္ေတြကို သူ႔ေနာက္ေက်ာဘက္မွာ ထားလိုက္ၿပီးေတာ့ အေလးအနက္ျဖစ္ေနတဲ့ ပံုစံမ်ဳိးျဖစ္ေအာင္ သူအေကာင္းဆံုး ႀကိဳးစားဖမ္းယူလိုက္တယ္။ "မင္းေကာက္႐ိုးအခ်ဳိ႕ကို သြားျဖတ္ယူလိုက္လို႔ရတယ္။ ဒါမွမဟုတ္ရင္လည္း ေတာင္ေပၚမွာ ထင္းေတြကို သြား႐ွာလိုက္လို႔လည္း ရတယ္။ ဒါေပမဲ့ ေကာက္႐ိုးေတြကို ျဖတ္တာကေတာ့ ပိုၿပီးလြယ္ကူၿပီးေတာ့ ပိုၿပီးျမန္ဆန္တယ္။ မင္းကိုယ္ပိုင္တံစဥ္းေတြကို အသံုးျပဳရမယ္။ မင္းမီးပံုေပၚမွာလည္း မ်က္စိ႐ွင္႐ွင္ထားရမယ္။ တစ္ျခားအရာေတြကို မီးေလာင္သြားေစလို႔ မရဘူးေနာ္။ ျပာအမ်ားဆံုးရေအာင္ မီး႐ွိဳ႕ႏိုင္တဲ့လူကို ဆုအေနနဲ႔ ေၾကးဒဂၤါးတစ္ျပားအပို ဆုခ်ီးျမႇင့္မယ္။"
ေကာ္ေကာ္က ဆုအေၾကာင္း စကားေျပာေနတဲ့အခ်ိန္မွာ တ်န္းတ်န္းကလည္း သူ႔လက္ထဲက ေၾကးဒဂၤါးျပားေတြကို တမင္တကာ ရည္ရြယ္ခ်က္႐ွိ႐ွိ လႈပ္ယမ္းျပလိုက္တယ္။
ကေလးတစ္အုပ္စုက ေၾကးဒဂၤါးျပားေတြကို ျမင္သြားၾကတဲ့အခ်ိန္မွာ သူတို႔ရဲ႕မ်က္လံုးေလးေတြက ၾကယ္ေလးေတြလိုမ်ဳိး ေတာက္ပသြားၾကတယ္။ သူတို႔မွာ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး တစ္ျခားကြဲျပားတဲ့ ထင္ျမင္ယူဆခ်က္မ်ဳိး တစ္ခုမွမ႐ွိတဲ့အေၾကာင္း သူတို႔ေတြအားလံုး ေဖာ္ျပလာၾကၿပီးေနာက္ အုတ္အုတ္က်က္က်က္ ဆူဆူညံညံနဲ႔ လမ္းခြဲလိုက္ၾကၿပီးေတာ့ သူတို႔ရဲ႕တိုက္ပြဲဝင္ လက္နက္ကိရိယာေတြကို ယူဖို႔အတြက္ အိမ္ကို ျပန္လာခဲ့ၾကေတာ့တယ္။
႐ွဳရန္က ဒါေတြအားလံုးကို ေနာက္ကြယ္ကေန ၾကည့္႐ွဳေနၿပီးေတာ့ သူ႔ႏွလံုးသားထဲကေန သူ႔ကေလးႏွစ္ေယာက္ကို ေျမႇာက္ပင့္ခ်ီးက်ဴးလိုက္မိတယ္။ သူတက္ႂကြေပ်ာ္ျမဴးစြာ ေတြးလိုက္မိတယ္။ "ဒါမွ တကယ့္ အေဖ့သားေတြကြ!"
ကေလးအုပ္စုက ႐ွဳရန္ကို မျမင္ၾကသလို သူကလည္း တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကို မေႏွာင့္ယွက္ခ်င္ပါဘူး။ သူ႔လက္ေတြကို သူ႔ေနာက္ေက်ာဘက္မွာ ထားလိုက္ရင္း သူအိမ္ကိုသာ ျပန္လာခဲ့လိုက္တယ္။
အားလံုးထြက္သြားၾကၿပီးတဲ့ေနာက္မွာမွ ေကာ္ေကာ္တစ္ေယာက္ ခ်က္ခ်င္း စိတ္သက္သာရာ ရသြားမိၿပီးေတာ့ တ်န္းတ်န္းဆီကို အေျပးေလး သြားလိုက္တယ္။ "အစ္ကိုႀကီး စကားအမ်ားႀကီးေျပာရတာက တကယ္ကို အရမ္းပင္ပန္းတာပဲ!"
တ်န္းတ်န္းက သူ႔ကို ေပြ႔ဖက္လိုက္ၿပီးေတာ့ သူ႔ေခါင္းကို ပြတ္သပ္ေပးလိုက္တယ္။ "ေကာင္းၿပီ။ အဲ့ဒါဆိုရင္ ေနာက္က်ရင္ ဒီလိုမ်ဳိးကိစၥေတြကို ငါလုပ္မယ္။ မင္းကေတာ့ ဒီအတိုင္း ငါ့လက္ေထာက္လုပ္။"
ေကာ္ေကာ္က ေပ်ာ္ရႊင္စြာ ေခါင္းၿငိမ့္ျပလိုက္တယ္။ "ေကာင္းတယ္!"
ေတာင္ခါးပန္းေပၚမွာ ရပ္ေနၾကတဲ့ သူတို႔ႏွစ္ေယာက္က ပဲေစ့လံုးေလး ႏွစ္လံုးအတိုင္းပါပဲ။ ညီအစ္ကိုႏွစ္ေယာက္စလံုးက ႐ုပ္ရည္သြင္ျပင္၊ အရပ္အနိမ့္အျမင့္ တူညီၾကၿပီးေတာ့ တူညီတဲ့ အဝတ္အစားေတြကိုေတာင္ ဝတ္ဆင္ထားၾကပါတယ္။ ၿပီးေတာ့ အခုခ်ိန္အခိုက္အတန္႔မွာလည္း သူတို႔ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႔ဖက္ထားလိုက္ၾကေသးတယ္။ ဘယ္ေလာက္ေတာင္ လွပလိုက္တဲ့ ျမင္ကြင္းေလးလဲ!
အိမ္ထဲကို ျပန္သြားၾကည့္မယ္ဆိုရင္ ႐ွဳရန္တစ္ေယာက္ သူတို႔ရဲ႕ကေလးႏွစ္ေယာက္ကို လ်ဳိထံုအေ႐ွ႕မွာ မကူႏိုင္မကယ္ႏိုင္ ေျမႇာက္ပင့္ခ်ီးက်ဴးေနမိတယ္။ သူတို႔ႏွစ္ေယာက္စလံုးက အရမ္းငယ္ရြယ္ေနၾကေသးေသာ္ျငားလည္းပဲ သူတို႔ေတြက စစ္သူႀကီးေတြလိုမ်ဳိး သ႐ုပ္ေဆာင္ေနၾကတာက အမွန္တကယ္ကို အရမ္း႐ွားပါးလြန္းတယ္။ ထို႔ေနာက္ ႐ွဳရန္က ဒါေတြအားလံုးက လ်ဳိထံုရဲ႕ပညာသင္ၾကားေရး ေကာင္းမြန္တာေၾကာင့္လို႔ေျပာရင္း လ်ဳိထံုကိုလည္း မ်က္ႏွာခ်ဳိေသြး ေျမႇာက္ပင့္လိုက္တယ္။
လ်ဳိထံုတစ္ေယာက္ ေျမႇာက္ပင့္ျခင္း ခံလိုက္ရတာေၾကာင့္ ႐ွက္ရြံ႕ေနမိေသာ္ျငားလည္းပဲ အမွန္တကယ္မွာေတာ့ သူ႔စိတ္ထဲမွာက အမွန္ကို ေပ်ာ္ရႊင္ေနတာျဖစ္တယ္။ ဒီလိုမ်ဳိး ဆိုးရြားခက္ခဲတဲ့ အခ်ိန္ေတြမ်ဳိးမွာ ဒီလိုမ်ဳိး ကေလးႏွစ္ေယာက္ကို သူရ႐ွိထားတာက မ်ဳိးဆက္ေပါင္းေျမာက္ျမားစြာ က်င့္ၾကံအားထုတ္လာၿပီးတဲ့ေနာက္မွာမွ ရ႐ွိလာခဲ့တဲ့ အမွန္တကယ္ကို သူ႔ရဲ႕ႀကီးမားတဲ့ ေကာင္းခ်ီးေတြေၾကာင့္လို႔ သူခံစားလိုက္ရတယ္။
သိပ္မၾကာခင္မွာပဲ အျပင္ဘက္မွ ကေလးေတြရဲ႕ အားေပးေႂကြးေၾကာ္သံေတြကို သူတို႔ေတြ ၾကားလိုက္ရတယ္။ ျခံဝင္းထဲမွာ မတ္တပ္ရပ္ေနရင္း ႐ွဳရန္တစ္ေယာက္ တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ေတြက ကေလးတစ္အုပ္စုကို ေျမကြက္႐ိုင္းဆီ ဦးေဆာင္ေခၚသြားေနၿပီးေတာ့ အရာအားလံုးက စနစ္တက်နဲ႔ အစီအစဥ္တက် ေကာင္းေကာင္းမြန္မြန္ သြားေနတာကို ေစာင့္ၾကည့္ေနမိတယ္။
ကေလးမ်ားစြာက ႐ွဳရန္ကို ျမင္သြားၾကၿပီးေတာ့ သူ႔ကိုအျပံဳးေလးေတြနဲ႔ ႏႈတ္ဆက္လာၾကတယ္။ ႐ွဳရန္ကလည္း သူတို႔ေလးေတြကို ျပံဳးေပ်ာ္ရႊင္စြာနဲ႔ ျပန္တံု႔ျပန္လိုက္တယ္။
ေနာင္လာမဲ့ဆယ္ရက္အတြင္းမွာ ႐ွဳရန္တစ္ေယာက္ အဲ့ဒီကေလးေတြဆီကေန အားေပးေႂကြးေၾကာ္သံေတြ၊ ရယ္ေမာသံေတြနဲ႔ ေအာ္ဟစ္သံေတြကို မနက္ခင္းတိုင္း ၾကားေနခဲ့ရတယ္။ သူတို႔ေလးေတြက အမွန္တကယ္ကို အားအင္အျပည့္၊ ဖ်တ္လတ္တက္ႂကြမႈအျပည့္ ျဖစ္ေနခဲ့ၾကတယ္။
႐ွဳရန္ရဲ႕အိမ္အသစ္ေဆာက္လုပ္မဲ့ကိစၥကလည္း အစီအစဥ္အတိုင္း သြားေနၿပီျဖစ္တယ္။ ေဆာက္လုပ္မဲ့ေျမေနရာကို ဆံုးျဖတ္ခ်က္ခ်ထားၿပီးၿပီ ျဖစ္တယ္။ အဲ့အခ်ိန္မွာပဲ ႐ွဳရန္နဲ႔လ်ိဳထံုတို႔တေတြက ေကာင္းမြန္တဲ့အုတ္ခဲ၊ အုတ္ႂကြပ္ျပားေတြကို ၾကည့္ဖို႔အတြက္ စတင္ေျပးလႊားေနရၿပီ ျဖစ္တယ္။
Unicode
Chapter(85):သူတို့လေးတွေရဲ့ မြင့်မားတဲ့ညဏ်ရည်-2
ကလေးနှစ်ယောက်က ရေချိုးဖို့အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးသွားကြတဲ့အချိန်မှာ ရှုရန်က မီးဖိုချောင်ရှိရာဆီကို လမ်းလျှောက်လာခဲ့တယ်။ လျိုထုံက မီးဖိုချောင်ထဲမှာ ရေနွေးအိုးတည်နေတာ ဖြစ်တယ်။ အဲ့အချိန်မှာပဲ သူ့ရဲ့ရှည်လျားတဲ့ပုံရိပ်က မီးအလင်းရောင်ကို ကွယ်သွားပြီးတော့ ရှုရန်တစ်ယောက် သူ့ကိုအနောက်ကနေ ငေးစိုက်ကြည့်နေမိတယ်။ ဒီလူက သူ့ဘဝတစ်လျှောက်လုံး အတူတူ ကုန်ဆုံးသွားချင်မိတဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ သူ့ဘဝတစ်လျှောက်လုံး ဂရုစိုက်သွားချင်မိတဲ့ မိသားစုဝင်တစ်ယောက်လည်း ဖြစ်တယ်။
ညအချိန်တွင် ရှုရန်နဲ့လျိုထုံတို့တတွေက သူတို့ရဲ့အစီအစဉ်အကြောင်းကို အသေးစိတ် ထပ်မံဆွေးနွေးကြပြန်တယ်။ အိမ်အသစ်ရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဒီလိုမျိုး ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ ရှုရန်က အထပ်နှစ်ထပ်ရှိတဲ့ လေးထောင့်နေအိမ်လေးကို ဆောက်ချင်နေတာ ဖြစ်တယ်။ ဒီလိုမျိုး ဧရိယာအကြီးကြီးကို လွှမ်းခြုံထားတာကြောင့် အိမ်အသစ်က သေချာပေါက်ကို ငွေအတုံးငါးရာလောက် ကုန်ကျလိမ့်မယ်ဆိုတာကို သူတို့တွေသိပါတယ်။
သူတို့နှစ်ယောက်စလုံးက ငွေကိစ္စနဲ့ပတ်သက်ပြီး ခန့်မှန်းတွက်ဆနေကြဆဲပါပဲ။ နောက်တစ်နေ့တွင် သူတို့ရဲ့ကလေးနှစ်ယောက်က သူတို့ကို အံ့အားသင့်စရာအကြီးကြီးတစ်ခု ပေးလာလိမ့်မယ်လို့ သူတို့တွေ မမျှော်လင့်ထားခဲ့ကြမိပါဘူး။
. . .
တျန်းတျန်းနဲ့ကော်ကော်တို့တတွေက မနက်ခင်းတွင် အပြင်ဘက်က ကလေးတစ်အုပ်စုရဲ့ ခေါ်ထုတ်သွားခြင်းကို ခံလိုက်ရတဲ့အချိန်က သူတို့ရဲ့မနက်စာကို စားပြီးလုနီးပါး ဖြစ်နေခဲ့ကြတဲ့အချိန် ဖြစ်တယ်။ သူတို့နှစ်ယောက်စလုံးက သူတို့ရဲ့ပန်းကန်လုံးတွေကို အောက်ချလိုက်ကြပြီးတော့ အပြင်ဘက်ကို ပြေးထွက်သွားကြတယ်။ သူတို့ရဲ့ခွေးလေးတွေကိုတောင် သူတို့ဂရုမစိုက်နိုင်ကြတော့ပဲ သူတို့တွေကို ဒီအတိုင်း အနောက်နားကနေ ပြေးလိုက်ခိုင်းလိုက်ကြတယ်။
သူတို့တွေ အလျင်စလို ပြေးထွက်သွားတာကို မြင်လိုက်ရတော့ ရှုရန်ကလည်း နောက်ထပ် ပါးစပ်အပြည့် ထမင်းလုတ်နှစ်လုတ်ကို စားလိုက်ပြီးနောက် အစားစားနေတာကို ရပ်လိုက်တယ်။ သူလျိုထုံကို ပြောလိုက်တယ်။ "ထုံထုံ ကိုယ်အပြင်ထွက်ပြီးတော့ တစ်ချက် သွားကြည့်ကြည့်လိုက်မယ်။ ဘာလို့ ကလေးတွေအများကြီး ရောက်လာကြတာလဲ?"
လျိုထုံက ခေါင်းငြိမ့်ပြလိုက်တယ်။ "ကောင်းပြီ။ ငါတို့ရဲ့ကလေးတွေကို အနိုင်ကျင့်ခိုင်းခွင့် မပြုနဲ့နော်။"
အကြောင်းပြချက်အချို့ကြောင့် ရှုရန်တစ်ယောက် သူတို့ရဲ့ကလေးတွေကို အနိုင်ကျင့်ကြမှာ မဟုတ်ဘူးဆိုတာကို အမြဲခံစားမိနေပေမဲ့လည်း သူခေါင်းငြိမ့်ပြလိုက်ပြီးတော့ ပြန်ဖြေလိုက်ဆဲပါပဲ။ "မစိုးရိမ်ပါနဲ့။ ကိုယ်သူတို့တွေကို ဂရုစိုက်မှာပါ။"
သူတို့လေးတွေက ကလေးအုပ်စုကြီးတစ်စု ဖြစ်တာကြောင့် လွယ်ကူတဲ့ပစ်မှတ်တစ်ခု ဖြစ်တယ်။ သိပ်မကြာခင်မှာပဲ ရှုရန်တစ်ယောက် တျန်းတျန်းနဲ့ကော်ကော်တို့တတွေ မနေ့တုန်းက ပြာတွေအမြောက်အမြားကို မီးရှို့နေခဲ့ကြတဲ့နေရာဖြစ်တဲ့ သူတို့အိမ်ရဲ့အနောက်ဘက်ကို သွားနေကြတဲ့ ကလေးတစ်အုပ်စုကို ရှာတွေ့သွားတော့တယ်။ ရှုရန်ကလည်း သူတို့အနောက်နားကနေ တိတ်တဆိတ် လိုက်လာခဲ့လိုက်တယ်။
တျန်းတျန်းနဲ့ကော်ကော်တို့တွေက ကလေးအုပ်စုကို ပြာပုံအကြီးကြီးရှိရာဆီကို ဦးဆောင်ခေါ်သွားလိုက်ကြတယ်။ တျန်းတျန်းက သူ့ရဲ့ရင်ဘတ်ထဲကနေ ကြေးဒင်္ဂါးပြားတစ်ဒါဇင်ကို ယူထုတ်လိုက်ပြီးနောက် ခြေတစ်လှမ်း အနောက်ကို ဆုတ်ပြီး နေရာယူလိုက်တယ်။ ကော်ကော်က ခြေနှစ်လှမ်း အရှေ့ကို တိုးလိုက်ပြီးတော့ အလေးအနက်ထား ကြေညာလိုက်တယ်။ "ဒီနေ့ ငါမင်းတို့အားလုံးကို ဒီနေရာဆီ ဖိတ်ခေါ်လိုက်ရတာက မင်းတို့တွေအတွက် ငွေရှာနိုင်မဲ့ အခွင့်အရေးတစ်ခုကို ပေးချင်လို့ပဲ။ ဘယ်သူပဲဖြစ်ဖြစ် ပြာတွေအများကြီးရအောင် မီးရှို့နိုင်နေသရွေ့ အဲ့လူက ငါတို့ဆီကနေ ကြေးဒင်္ဂါးတစ်ပြားကို ချက်ချင်းယူသွားနိုင်တယ်။ တကယ်လို့ မင်းတို့တွေ ငါတို့အတွက် အလုပ်လုပ်ပေးဖို့ လိုလားကြမယ်ဆိုရင် မင်းတို့တွေ နေခဲ့နိုင်တယ်။ တကယ်လို့ မင်းတို့ မလိုလားဘူးဆိုရင်လည်း မင်းတို့အခုချက်ချင်း ပြန်သွားနိုင်တယ်။"
သူတို့တွေ ငွေရှာနိုင်တယ်ဆိုတာကို ကြားလိုက်ရတော့ လက်ရှိရှိနေကြတဲ့ အသက်ငါးနှစ်ကနေ ရှစ်နှစ်အရွယ်ကလေးတွေက အရမ်းစိတ်လှုပ်ရှားသွားကြပြီးတော့ တစ်ယောက်ကမှ မထွက်သွားကြပါဘူး။
ဒါဟူကလည်း ကလေးအုပ်စုကြားထဲမှာ ရှိနေတာ ဖြစ်တယ်။ သူက အသက်အနည်းငယ်ကြီးနေပြီ ဖြစ်တာကြောင့် သူ့ခေါင်းကိုသူ ထိလိုက်ပြီးတော့ ကော်ကော်ကို မေးလိုက်တယ်။ "ကော်ကော် ဒီပြာတွေကို ဘယ်လိုမျိုးမီးရှို့ရတာလဲ?"
"ဟုတ်တယ်။ ဟုတ်တယ်!"
တစ်ခြားကလေးတွေကလည်း သံယောင်လိုက် ပြောလိုက်ကြတယ်။
ဒီမြင်ကွင်းက အဲ့တုန်းက ရှုရန်တစ်ယောက် သူတို့ရဲ့မြေကွက်ရိုင်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးဖို့ လူတွေကို ရှာဖွေနေတဲ့ အချိန်တုန်းက မြင်ကွင်းနဲ့ တူညီနေတယ်။
ကော်ကော်က သူ့လက်တွေကို သူ့နောက်ကျောဘက်မှာ ထားလိုက်ပြီးတော့ အလေးအနက်ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်အောင် သူအကောင်းဆုံး ကြိုးစားဖမ်းယူလိုက်တယ်။ "မင်းကောက်ရိုးအချို့ကို သွားဖြတ်ယူလိုက်လို့ရတယ်။ ဒါမှမဟုတ်ရင်လည်း တောင်ပေါ်မှာ ထင်းတွေကို သွားရှာလိုက်လို့လည်း ရတယ်။ ဒါပေမဲ့ ကောက်ရိုးတွေကို ဖြတ်တာကတော့ ပိုပြီးလွယ်ကူပြီးတော့ ပိုပြီးမြန်ဆန်တယ်။ မင်းကိုယ်ပိုင်တံစဉ်းတွေကို အသုံးပြုရမယ်။ မင်းမီးပုံပေါ်မှာလည်း မျက်စိရှင်ရှင်ထားရမယ်။ တစ်ခြားအရာတွေကို မီးလောင်သွားစေလို့ မရဘူးနော်။ ပြာအများဆုံးရအောင် မီးရှို့နိုင်တဲ့လူကို ဆုအနေနဲ့ ကြေးဒင်္ဂါးတစ်ပြားအပို ဆုချီးမြှင့်မယ်။"
ကော်ကော်က ဆုအကြောင်း စကားပြောနေတဲ့အချိန်မှာ တျန်းတျန်းကလည်း သူ့လက်ထဲက ကြေးဒင်္ဂါးပြားတွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လှုပ်ယမ်းပြလိုက်တယ်။
ကလေးတစ်အုပ်စုက ကြေးဒင်္ဂါးပြားတွေကို မြင်သွားကြတဲ့အချိန်မှာ သူတို့ရဲ့မျက်လုံးလေးတွေက ကြယ်လေးတွေလိုမျိုး တောက်ပသွားကြတယ်။ သူတို့မှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ခြားကွဲပြားတဲ့ ထင်မြင်ယူဆချက်မျိုး တစ်ခုမှမရှိတဲ့အကြောင်း သူတို့တွေအားလုံး ဖော်ပြလာကြပြီးနောက် အုတ်အုတ်ကျက်ကျက် ဆူဆူညံညံနဲ့ လမ်းခွဲလိုက်ကြပြီးတော့ သူတို့ရဲ့တိုက်ပွဲဝင် လက်နက်ကိရိယာတွေကို ယူဖို့အတွက် အိမ်ကို ပြန်လာခဲ့ကြတော့တယ်။
ရှုရန်က ဒါတွေအားလုံးကို နောက်ကွယ်ကနေ ကြည့်ရှုနေပြီးတော့ သူ့နှလုံးသားထဲကနေ သူ့ကလေးနှစ်ယောက်ကို မြှောက်ပင့်ချီးကျူးလိုက်မိတယ်။ သူတက်ကြွပျော်မြူးစွာ တွေးလိုက်မိတယ်။ "ဒါမှ တကယ့် အဖေ့သားတွေကွ!"
ကလေးအုပ်စုက ရှုရန်ကို မမြင်ကြသလို သူကလည်း တျန်းတျန်းနဲ့ကော်ကော်တို့ကို မနှောင့်ယှက်ချင်ပါဘူး။ သူ့လက်တွေကို သူ့နောက်ကျောဘက်မှာ ထားလိုက်ရင်း သူအိမ်ကိုသာ ပြန်လာခဲ့လိုက်တယ်။
အားလုံးထွက်သွားကြပြီးတဲ့နောက်မှာမှ ကော်ကော်တစ်ယောက် ချက်ချင်း စိတ်သက်သာရာ ရသွားမိပြီးတော့ တျန်းတျန်းဆီကို အပြေးလေး သွားလိုက်တယ်။ "အစ်ကိုကြီး စကားအများကြီးပြောရတာက တကယ်ကို အရမ်းပင်ပန်းတာပဲ!"
တျန်းတျန်းက သူ့ကို ပွေ့ဖက်လိုက်ပြီးတော့ သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်။ "ကောင်းပြီ။ အဲ့ဒါဆိုရင် နောက်ကျရင် ဒီလိုမျိုးကိစ္စတွေကို ငါလုပ်မယ်။ မင်းကတော့ ဒီအတိုင်း ငါ့လက်ထောက်လုပ်။"
ကော်ကော်က ပျော်ရွှင်စွာ ခေါင်းငြိမ့်ပြလိုက်တယ်။ "ကောင်းတယ်!"
တောင်ခါးပန်းပေါ်မှာ ရပ်နေကြတဲ့ သူတို့နှစ်ယောက်က ပဲစေ့လုံးလေး နှစ်လုံးအတိုင်းပါပဲ။ ညီအစ်ကိုနှစ်ယောက်စလုံးက ရုပ်ရည်သွင်ပြင်၊ အရပ်အနိမ့်အမြင့် တူညီကြပြီးတော့ တူညီတဲ့ အဝတ်အစားတွေကိုတောင် ဝတ်ဆင်ထားကြပါတယ်။ ပြီးတော့ အခုချိန်အခိုက်အတန့်မှာလည်း သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားလိုက်ကြသေးတယ်။ ဘယ်လောက်တောင် လှပလိုက်တဲ့ မြင်ကွင်းလေးလဲ!
အိမ်ထဲကို ပြန်သွားကြည့်မယ်ဆိုရင် ရှုရန်တစ်ယောက် သူတို့ရဲ့ကလေးနှစ်ယောက်ကို လျိုထုံအရှေ့မှာ မကူနိုင်မကယ်နိုင် မြှောက်ပင့်ချီးကျူးနေမိတယ်။ သူတို့နှစ်ယောက်စလုံးက အရမ်းငယ်ရွယ်နေကြသေးသော်ငြားလည်းပဲ သူတို့တွေက စစ်သူကြီးတွေလိုမျိုး သရုပ်ဆောင်နေကြတာက အမှန်တကယ်ကို အရမ်းရှားပါးလွန်းတယ်။ ထို့နောက် ရှုရန်က ဒါတွေအားလုံးက လျိုထုံရဲ့ပညာသင်ကြားရေး ကောင်းမွန်တာကြောင့်လို့ပြောရင်း လျိုထုံကိုလည်း မျက်နှာချိုသွေး မြှောက်ပင့်လိုက်တယ်။
လျိုထုံတစ်ယောက် မြှောက်ပင့်ခြင်း ခံလိုက်ရတာကြောင့် ရှက်ရွံ့နေမိသော်ငြားလည်းပဲ အမှန်တကယ်မှာတော့ သူ့စိတ်ထဲမှာက အမှန်ကို ပျော်ရွှင်နေတာဖြစ်တယ်။ ဒီလိုမျိုး ဆိုးရွားခက်ခဲတဲ့ အချိန်တွေမျိုးမှာ ဒီလိုမျိုး ကလေးနှစ်ယောက်ကို သူရရှိထားတာက မျိုးဆက်ပေါင်းမြောက်မြားစွာ ကျင့်ကြံအားထုတ်လာပြီးတဲ့နောက်မှာမှ ရရှိလာခဲ့တဲ့ အမှန်တကယ်ကို သူ့ရဲ့ကြီးမားတဲ့ ကောင်းချီးတွေကြောင့်လို့ သူခံစားလိုက်ရတယ်။
သိပ်မကြာခင်မှာပဲ အပြင်ဘက်မှ ကလေးတွေရဲ့ အားပေးကြွေးကြော်သံတွေကို သူတို့တွေ ကြားလိုက်ရတယ်။ ခြံဝင်းထဲမှာ မတ်တပ်ရပ်နေရင်း ရှုရန်တစ်ယောက် တျန်းတျန်းနဲ့ကော်ကော်တို့တွေက ကလေးတစ်အုပ်စုကို မြေကွက်ရိုင်းဆီ ဦးဆောင်ခေါ်သွားနေပြီးတော့ အရာအားလုံးက စနစ်တကျနဲ့ အစီအစဉ်တကျ ကောင်းကောင်းမွန်မွန် သွားနေတာကို စောင့်ကြည့်နေမိတယ်။
ကလေးများစွာက ရှုရန်ကို မြင်သွားကြပြီးတော့ သူ့ကိုအပြုံးလေးတွေနဲ့ နှုတ်ဆက်လာကြတယ်။ ရှုရန်ကလည်း သူတို့လေးတွေကို ပြုံးပျော်ရွှင်စွာနဲ့ ပြန်တုံ့ပြန်လိုက်တယ်။
နောင်လာမဲ့ဆယ်ရက်အတွင်းမှာ ရှုရန်တစ်ယောက် အဲ့ဒီကလေးတွေဆီကနေ အားပေးကြွေးကြော်သံတွေ၊ ရယ်မောသံတွေနဲ့ အော်ဟစ်သံတွေကို မနက်ခင်းတိုင်း ကြားနေခဲ့ရတယ်။ သူတို့လေးတွေက အမှန်တကယ်ကို အားအင်အပြည့်၊ ဖျတ်လတ်တက်ကြွမှုအပြည့် ဖြစ်နေခဲ့ကြတယ်။
ရှုရန်ရဲ့အိမ်အသစ်ဆောက်လုပ်မဲ့ကိစ္စကလည်း အစီအစဉ်အတိုင်း သွားနေပြီဖြစ်တယ်။ ဆောက်လုပ်မဲ့မြေနေရာကို ဆုံးဖြတ်ချက်ချထားပြီးပြီ ဖြစ်တယ်။ အဲ့အချိန်မှာပဲ ရှုရန်နဲ့လျိုထုံတို့တတွေက ကောင်းမွန်တဲ့အုတ်ခဲ၊ အုတ်ကြွပ်ပြားတွေကို ကြည့်ဖို့အတွက် စတင်ပြေးလွှားနေရပြီ ဖြစ်တယ်။