Unicode
"ယွန်းဂီ...ဖြေးဖြေး"
တစ်လမ်းလုံးငိုလာသည့်ကောင်လေးကခြေများပင်ယိုင်ထွက်တော့မဲ့အထိဂျောင်ကုမှာအိမ်ထဲသို့တွဲပေးလာရသည်။မျက်လုံးလေးတွေမှာလည်းနီရဲနေပြီး၊နှာခေါင်းလေးမှာလည်း တစ်ရှုံ့ရှုံ့နဲ့။ဂျောင်ကုလည်း ယွန်းဂီအခုလိုခံစားရပြီးငိုတာကိုမြင်တော့ရင်ထဲမကောင်းဖြစ်မိသည်။
"ကျွန်တော့်အိမ်ကိုပြန်တော့မယ်..ဟင့်"
"မလုပ်ပါနဲ့ ယွန်းဂီရယ်....စာမေးပွဲတွေလည်းနီးနေပြီ။ဒီအိမ်မှာပဲနားနားနေနေ နေပါ။"
"ကျွန်တော် ဦးကိုထပ်ပြီးမတွေ့ချင်တော့ဘူး~ဟင့်"
"အဲ့လိုမျိုးတော့မလုပ်ပါနဲ့ကွာ...ကိုယ့်မျက်နှာကိုထောက်ပါအုံး"
နီရဲနေသောကောင်လေးမျက်လုံးကိုအသာလေးပွတ်ပြီး မေးလေးမှကိုင်ကာသူနဲ့အကြည့်ချင်းဆုံလိုက်စေသည်။ထို့နောက် သက်ပျင်းချသံလေးဖြင့်
"ကိုယ်တမင်ဖုံးကွယ်ထားခဲ့တာမဟုတ်ပါဘူး ကိုယ်တောင်းပန်ပါတယ်။"
"ဟင့် ဒါ...ဒါဆို သူ..သူတို့ကဘယ်အချိန်ထဲကများ အီးဟီး~"
သူပြောတော့ ယွန်းဂီမှာသဲကြီးမဲကြီးပင်အော်ငိုလာပြန်တော့သည်။တစ်ချို့သောလိမ်ညာသောစကားတွေထဲမှာ ချစ်ရသူအတွက်ဆိုတဲ့စိတ်ကလေးပါတယ်။အခုချိန်မှာသူဟာသူ့ဘက်ကိုပဲယိမ်းတော့မှာမို့ အကို့ကိုအသုံးချပြီးနင်းချေမှတော်ရာကျမည်။အကို့အတွက် စိတ်မကောင်းဖြစ်မိပေမဲ့ ကျွန်တော့်အတွက်အဆင်ပြေသွားရင်နှစ်ဦးနှစ်ဖက်လုံးလုံးရင်းရတာတန်သည်။
"ကျွန်တော် ဘယ်လိုဆက်လုပ်ရမလဲ~"
"အကိုပြန်လာရင် ယွန်းဂီဘက်ကဖြေရှင်းသင့်တာတွေဖြေရှင်းကြည့်လေ"
"ဦးက သူ့မှသူဖြစ်နေရင်ရော??"
"ဒါဆိုရင် နောက်ဆုတ်သင့်ရင်နောက်ဆုတ်ရမှာပဲ"
"ဗျာ....!!"
ထိတ်လန့်သွားတဲ့ယွန်းဂီမျက်နှာကြောင့်ဂျောင်ကုလည်း မျက်နှာကိုတစ်ဖက်လွှဲကာမဲ့ပြုံးပြုံးလိုက်မိသည်။တောင်းပန်ပါတယ် ယွန်းဂီ။ကိုယ်လည်းအချစ်အတွက်အတ္တကြီးချင်လို့ပါ။တစ်ချိန်ကျရင် ကိုယ်အခုလိုလုပ်ခဲ့တာတွေအားလုံးကိုမင်းနားလည်လာပါလိမ့်မယ်။
"အခုတော့ ယွန်းဂီခနအနားယူလိုက်အုံးနော် ကိုယ်ကစားဖို့အတွက်တစ်ခုခုသွားဝယ်လိုက်အုံးမယ်။"
"ရပါတယ်..ကျွန်တော်ဘာမှစားချင်စိတ်မရှိဘူး"
"အင်းပါ...ကိုယ်လည်းယွန်းဂီခံစားချက်ကိုနားလည်ပါတယ်။အခုချိန်မှာဘယ်လိုလုပ်ပြီးစားဝင်ပါ့မလဲ??။"
"ဟို...ကျွန်တော်တစ်ယောက်ထဲနေချင်လို့"
"အာ...အဲ့တာဆိုအေးအေးဆေးဆေးအနားယူနော်။ကိုယ်လည်းအပြင်ခနသွားလိုက်အုံးမယ်"
"အရမ်း...ကြီး နောက်မကျနဲ့နော်~"
ကိုယ့်ရဲ့လက်ကလေးကိုကိုင်ကာတိုးတိုးလေးပြောလိုက်တဲ့ ယွန်းဂီကြောင့်ဂျောင်ကုလည်းပြုံးရင်းခေါင်းငြိမ့်မိတယ်။အခုချိန်မှာယွန်းဂီဘယ်သူ့ကိုအလိုအပ်ဆုံးလဲဆိုတာကျွန်တော်သိတယ်။ ဒါ့ကြောင့်သူ့လက်လေးကိုပြန်ကိုင်လိုက်ပြီး
"ကိုယ်...မြန်မြန်ပြန်လာခဲ့မယ်နော်"
"အင်း ဂရုစိုက်ပြီးကားမောင်းပါ"
ဒီနေ့မှာတော့ ဂျောင်ကုသူလုပ်လိုက်တဲ့အရာတွေအားနောင်တဆိုတဲ့စိတ်ကလေးမဝင်မိလေအောင်လို့ ယွန်းဂီကလမ်းပြနေသလား။သူ့အတွက်မဟုတ်ပဲကိုယ့်ကိုစိတ်ပူပန်နေတာလေးက ဘယ်အရာနဲ့မှလဲလို့မရနိုင်တဲ့အရာလေးတွေ။သူ ယွန်းဂီကိုချစ်မိတာဒီအချက်လေးတွေကြောင့်လို့ပဲပြောရမယ်။ရိုးလည်းရိုးသလို တစ်ခုခုဆိုလည်းလူကြီးတစ်ယောက်လိုပူပန်နေတတ်သေးသည်။ဒါ့ကြောင့်သူလည်း ယွန်းဂီကိုအကို့ထက်ပိုပြီးချစ်မိပါရဲ့။
>>>>>>>>>>>>
ယွန်းဂီတစ်ယောက်မဂ်လာဆောင်ဓာတ်ပုံလေးကိုကိုင်ပြီး အသံတိတ်ငိုနေမိသည်။ဦးကိုသူချစ်လွန်းလို့ ခုနကမြင်ကွင်းအားဘယ်လိုမှလက်သင့်ခံလို့မရပါ။ဒါ့အပြင် ဦးကသူ့ပါးကိုရိုက်ခဲ့တော့ရင်တွေရော၊နှလုံးသားတစ်ခုလုံးနာကျင်လိုက်ရတာ။သူ့ရဲ့အချစ်ဦးက ဦးဖြစ်ခဲ့လို့ဘယ်အရာနဲ့မှနှိုင်းပြလို့မရအောင်ပင်ချစ်ခဲ့မိသည်။သူခွင့်လွှတ်ပေးသင့်လိုက်လား??။ဖြစ်သမျှကိုဘာမှမမြင်ခဲ့သလို၊ဘာမှမဖြစ်ခဲ့သလို ခွင့်လွှတ်ပေးလိုက်သင့်လား??။
လူဆိုတာအမှားနဲ့လည်းမကင်းနိုင်သလို ဦးကိုလည်းသူတစ်ကြိမ်တစ်ခါသောအားဖြင့်စုံလုံးကန်းကာ ယုံးပေးလိုက်မည်။ဒါကသူ ဦးကိုအရမ်းချစ်လွန်းလို့နောက်ဆုံးတစ်ခေါက်အနေနဲ့အခွင့်ရေးပေးခြင်းသာ။သူ့ဘဝမှာ ဦးမရှိရင်မဖြစ်လို့အခုလိုရူးကြောင်ကြောင်နိုင်ခဲ့တာပါ။အကိုဂျောင်ကုသူ့ကိုအပြစ်ပြောချင်လည်းပြောပါစေတော့။သူကမှ ဦးအပေါ်ချစ်တဲ့အချစ်တွေအားမရပ်တန့်နိုင်တော့ပဲ။
မေမေပြောဖူးတယ်။အိမ်ထောင်ရေးတစ်ခုမှာနှစ်ဦးလုံးတင်းထားရင်အဲ့အိမ်ထောင်ရေးကပျက်စီးတတ်တယ်တဲ့။ ဒါ့ကြောင့်သူ့ဘက်ကလည်းအလျှော့လေးနဲ့မပြတ်အောင်ရသလောက်ဦးကိုဆွဲထားကြည့်ရင်မကောင်းပေဘူးလား??။ဦးလည်းသူ့ကိုချစ်တယ်ဆိုတာသူသိတယ်။ဝန်မခံသေးတာတစ်ခုပဲ။ဖွင့်မပြောသေးတာတစ်ခုပဲ။ဒါပေမဲ့ ဦးသူ့အပေါ်အရမ်းချစ်တယ်ဆိုတာကတော့ သူရိပ်မိပါတယ်။
ဦးရယ် ပထမဆုံးအချစ်မို့အရာရာအားလုံးကိုကျွန်တော်ခွင့်လွှတ်ပေးမိတယ်။လက်ထပ်လက်စွပ်ကိုချွတ်ဖို့လုပ်လိုက်ချိန်ဓာတ်ပုံထဲမှာတွေ့လိုက်ရတဲ့ ဦးရဲ့မျက်နှာလေးကြောင့်လက်စွပ်လေးကိုသူ့ လက်သူကြွယ်လေးမှာပြန်ဝတ်ခဲ့မိတယ်။ကျွန်တော် ဦးနဲ့မပြတ်နိုင်ပါ။ဦးကပြတ်နိုင်တယ်ဆိုရင်တောင်ကျွန်တော့်ဘက်ကဘယ်လိုမှမပြတ်နိုင်လို့ ထပ်ပြီးဆွဲထားနေမိဦးမှာ။
တောင်းပန်ပါတယ် အကိုဂျောင်ကု။ဦးကိုချစ်လို့ကျွန်တော်တစ်ကြိမိသောအားဖြင့်ခွင့်လွှတ်ခြင်းလမ်းကိုရွေးပါရစေ.....။
>>>>>>>>>>>
"ကျွန်တော့်ပိုင်ဆိုင်မှုအားလုံးကို တစ်ပတ်အတွင်းအကုန်လွှဲပေးပါ။"
"ဂျွန်ဂျောင်ကု"
Mr Jeonကြီးမှာသားဖြစ်သူရဲ့လာရောက်တွေ့ဆုံခြင်းကြောင့်ဝမ်းသာလို့မှမဆုံးသေးအမွေတောင်းနေသည့်စကားကြားလိုက်ရတော့ဒေါသတွေဖြစ်သွားရတယ်။အမွေဆိုတာမိဘသေမှခွဲပေးရတဲ့အရာမျိုးလေ။အခုဒီကလေးကသူတောင်မသေသေးဘဲဘာ့ကြောင့်အမွေတွေတောင်းနေလဲမသိတော့ပါ။ ခြောက်နှစ်ကြာပြီးမှပြန်တွေ့ရတဲ့အပြင် ဖအေကိုပထမဆုံးနှုတ်ဆက်လိုက်တဲ့စကားကဒီစကားဖြစ်နေခဲ့သလား ဂျောင်ကုရယ်။
"သားသမီးအိမ်ထောင်ပြုရင် အမွေခွဲပေးရမှာမိဘတွေရဲ့ထုံးစံမလား??"
"ဟမ် သားလေးအိမ်ထောင်ပြုတော့မလို့လား??"
"ဟုတ်တယ် ကျွန်တော်အိမ်ထောင်ပြုတော့မယ်"
"ဘယ်သူလဲ ဘယ်ကလဲ omegaလေးကချောလား??"
"ဘာလို့လဲ ကျွန်တော့်omegaကိုပါအစ အဖေကချိန်ရွယ်ချင်နေတာလား??"
"ဂျွန်ဂျောင်ကု မင်းကွာ!!"
ဒေါသဖြစ်ဖြစ်သားမျက်နှာကိုထိုးဖို့လက်သီးချိန်ရွယ်လိုက်ပေမဲ့ သားရဲ့မျက်လုံးတွေကြောင့်သူ့ရင်ထဲမှာနာလာရတာနဲ့လက်တွေကိုရုတ်ချလိုက်ရသည်။သားလေးကို သားသမီးတွေထဲမှာသူအချစ်ဆုံးဖြစ်သည်။သားဦးလေးလည်းဖြစ်တဲ့အပြင်ကိုယ်သဘောကျတဲ့ပညာရေးကိုလိုက်ခဲ့တာကြောင့်လည်း အားလုံးထဲမှာအချစ်ဆုံးဖြစ်ခဲ့တာပင်။ကျန်တဲ့သားသမီးတွေထက်တောင်အားကိုးရတာမို့ပိုပြီးချစ်ခဲ့သော်လည်းသားဖြစ်သူမှာသူ့ကိုမုန်းနေခဲ့သည်။
သူဘာတတ်နိုင်ပါ့မလဲ ကိုယ်ပြုတဲ့ကံကိုယ်ပြန်ခံဆိုတဲ့အတိုင်း။
"မင်းဘယ်တော့လက်ထဲမှာလဲ"
"နောက်လကုန်..."
"ဟင် မြန်လှချည်လား"
"အင်း အဲ့လိုပဲဖြစ်သွားတယ်"
သူနဲ့လက်ထပ်မဲ့သူအား ကိုယ်နဲ့ပေးတွေ့ကြည့်ပေးဖို့တော့စကားတောင်မဟခဲ့ပါ။တော်ကြာသားက သူမခံနိုင်တဲ့စကားတွေနဲ့ထပ်ပြီးပြောနေမှသူသာစိတ်မကောင်းရုံရှိမည်။
"ဒီအပတ်sundayကျရင် အဖေ့ရာထူးကိုသားယူပြီး ဒီအိမ်နဲ့ဂျယ်ဂျူဒိုမှာရှိတဲ့စက်ရုံသုံးရုံကိုသားယူလိုက်ပါ။ဒါ့အပြင်နိုင်ငံခြားမှာအဖေရင်းနှီးမြုပ်နှံထားတဲ့ရှယ်ယာ ၇၅%ထဲမှာ ၄၀ကိုသားယူပြီးကျန်တဲ့၃၅ကိုသားငယ်ကိုပေးလိုက်။"
"ကောင်းပါပြီ ဒါဆို အဖေကနှုတ်ထွက်တော့မယ်ပေါ့"
"အင်း အဖေ့ညီမရှိတဲ့ပြင်သစ်ကိုလိုက်သွားတော့မယ်။"
"အဲ့တာဆိုလည်းပြီးရောလေ...ကျွန်တော်လည်းပြန်တော့မယ်...ခွင့်ပြုပါဦး"
"သား...."
အဖေရဲ့ခေါ်သံအားမကြားချင်ယောင်ဆောင်ကာပင်အခန်းထဲမှထွက်လာလိုက်တော့သည်။ငယ်ငယ်ထဲကစိတ်အရမ်းနာခဲ့ရတဲ့သူမို့ အခုလိုလုပ်တာရိုင်းတယ်လို့မထင်စေချင်ပါ။အဖေဆိုတာ သူငယ်ငယ်လေးထဲကမရိုးနိုင်သောမိန်းမပေါင်းမြောက်များစွာနဲ့ပွေရှုပ်ခဲ့တဲသူမျိုး။ဒါ့ကြောင့်အဖေနဲ့ပက်သပ်ပြီးသံယောဇဥ်ဖြတ်နိုင်သလောက်အကုန်ဖြတ်ခဲ့မည်။
အခုလည်းအမွေလာတောင်းရတာကအခြားတော့မဟုတ်။မကြာခင် သူစီစဥ်ထားတဲ့အတိုင်းအကုန်ဖြစ်လာတော့မှာမို့အခုထဲကကြိုပြီးအကွက်ချကာအခြေခိုင်အောင်လုပ်ထားခြင်းဖြစ်သည်။အကို့ထက်သာတဲ့အိမ်ထောင်ဦးစီးဖြစ်အောင်ကျွန်တော်ကြိုးစားရမည်။ဒါမှလည်း ယွန်းဂီကကြည်ဖြူမှာလေ။ယွန်းဂီလေးကိုချမ်းချမ်းသာသာ၊ပြီးပြည့်စုံစုံထားဖို့အတွက်သူဒီလမ်းကိုရွေးချယ်ခဲ့တာဖြစ်သည်။အစကအဂ်လန်ကိုသွားပြီးကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်၊အခြေချမယ်လို့စဥ်းစားထားသော်လည်းအချစ်ရှိတဲ့ အရပ်မှာသာနေချင်တဲ့သူ့အတွက်ဖေဖေ့လုပ်ငန်းကိုရွေးချယ်ခဲ့ကာကိုရီးယားမှာပဲနေဖို့ဆုံးဖြတ်လိုက်သည်။
သူကတော့သူ့အတွေးနဲ့သူ၊သူ့အစီစဥ်နဲ့သူရှိနေပေမဲ့ယွန်းဂီကကော လက်ခံပါ့မလား။
သြော်....ဒါလဲဘာအရေးလဲ။
တစ်ဖက်ကထယ်ယောင်းကိုယုံကြည်ရင်ဒီကိစ္စတွေကသူလက်မခံချင်လည်းလက်ခံရတော့မဲ့အရာတွေ။ငါ ဘာကိုမှတွေးပူနေစရာမလိုဘူး။ဟုတ်တယ်။ငါဘာတစ်ခုကိုမှကြောက်လန့်နေစရာမလိုဘူး။
>>>>>>>>>>>
"CEO...ဒီညဒီမှာပဲအိပ်လိုက်ပါတော့"
"မဖြစ်ဘူး ယွန်းဂီစောင့်နေလိမ့်မယ်"
"ဒါပေမဲ့ CEOသောက်တာများနေပြီ..."
"ဟင့်အင်း"
ဘယ်လိုတားတားမရတဲ့CEOကသူ့အပေါ်ကုတ်ကိုဝတ်ပြီးအိမ်တံခါးရှေ့သို့ရောက်နေလေသည်။ညနေထဲကဆိုင်မှာသောက်နေတဲ့ CEOအားသူ့အိမ်သို့မနည်းဆွဲခေါ်လာခဲ့ပြီးအိမ်မှာအေးဆေးသောက်စေခဲ့သည်။ဒီညအိမ်မှာသိပ်မဲ့အနေထားဖြင့် စိတ်ကြိုက်သောက်စေခဲ့သော်လည်းCEOကြီးမှာသူ့စကားပင်နားမထောင်။
"ဖြေးဖြေးကားမောင်းသွားနော်..."
"အင်း..."
မပိုင်တဲ့အနေထားမို့အတင်းဆွဲထားပိုင်ခွင့်လည်းမရှိ။သူ့မှာCEOကြီးရဲ့တစ်ရွေ့ရွေ့နဲ့ထွက်ခွာသွားတဲ့ကားလေးကိုကြည့်ပြီးအိမ်ကိုချောချောချူချူနဲ့သာပြန်ရောက်ဖို့ဆုတောင်းနေမိတယ်။ခုနကလည်း CEOကြီးကသောက်သာသောက်တယ်။သဲငယ်ဆိုတဲ့နာမည်လေးကလုံးဝမချ။သူ့ကိုသဲငယ်လေးအားဘယ်လောက်ချစ်ကြောင်းရင်ဖွင့်သည်။ဖွင့်ပြောသွားတဲ့CEOအတွက်ရင်ထဲပေါ့ချင်ပေါ့သွားနိုင်ပေမဲ့ နားထောင်လိုက်ရတဲ့သူ့အတွက်တော့အင်မတန်ရင်တွေလေးလံနေခဲ့သည်။CEOရဲ့နှုတ်ဖျားတိုင်းကထွက်လာတဲ့စကားလုံးတိုင်းကိုသူ့အတွက်သာဖြစ်စေချင်သည်။
သူအတ္တကြီးမိသွားလားဟင်။CEOကြီးနဲ့ပက်သက်ပြီးအခုချိန်ထိမျက်ရည်သာကျခဲ့ရသည်။တစ်ခါတစ်လေကျရင် အဲ့သဲငယ်လေးထက်သူနဲ့အရင်တွေ့ခဲ့ရင်ကောင်းမယ်ဆိုတဲ့အတွေးလေးဝင်လာမိသည်။သူသာ CEOနဲ့အရင်တွေ့ခဲ့ပြီးညားခဲ့မယ်ဆိုရင်အခုဆို CEOလိုချင်တဲ့ကလေးသေးသေးလေးတွေကိုအများကြီးမွေးပြီးပျော်နေကြမလား??။CEOလည်းသူ့ကိုချစ်လာနိုင်လေမလား??။ထယ်ယောင်းတွေးရင်းတွေးရင်းနဲ့ပင်ကိုယ်တောင်မသိလိုက်တဲ့မျက်ရည်တွေသာကျလာရသည်။
ခံစားရခြင်းအတူတူ ဂျောင်ကုထက်စာရင်သူကပိုရူးရပါတယ်။အဝေးချစ်ဆိုတာ နီးနီးလေးမှာရှိတဲ့သူတွေထက်ပိုပြီးရင်ပူရတယ်။ဒီအပူမီးတွေကို CEOသာငြှိမ်းသတ်နိုင်တော့မှာမို့အမြန်ဆုံးကျွန်တော့်နားကိုလာခဲ့ပေးပါနော်။
ကျွန်တော်ဇွဲရှိရှိစောင့်နေနိုင်ပါတယ်။
>>>>>>>>>>
"အကို ဘယ်လိုဖြစ်လို့ဒီလောက်တောင်သောက်လာရတာလဲ ကျစ်"
အိမ်ထဲကိုတစ်တီးယိုင်ယိုင်ဝင်လာတဲ့အကို့ကြောင့်ဂျောင်ကု ညည်းမိလိုက်သည်။စိတ်ညစ်တယ်ဆိုတိုင်းအရက်သောက်လာလို့မှမရပဲ။
"သဲငယ်...."
"ဦး~"
ယွန်းဂီရဲ့အသံကြောင့်ဂျောင်ကု လှေကားနားသို့အမြန်ကြည့်မိသည်။ညအိပ်ဝတ်စုံအနီလေးအားဝတ်ထားတဲ့ယွန်းဂီကသူ့အသားရေလေးနဲ့သိပ်လိုက်လို့လားမသိဘူး။အရမ်းလှနေရော။ဂျောင်ကုလည်းအကို့အားတွဲထားသောလက်ကို ကြောင်ပြီးလွှတ်ရလောက်တဲ့အထိ...အော် ယွန်းဂီကညရိုင်းပန်းလေးလို့သိပ်လှနေပါသည်။
"ဦးတောင်းပန်ပါတယ် သဲငယ်ရယ်...သဲငယ်လေးကိုဦးရိုက်လိုက်လို့...ဦး...အဟင့်"
အကိုက သူ့နားကနေပြေးသွားကာယွန်းဂီရဲ့လက်လေးကိုယုယုယယနဲ့ကိုင်ပြီးတောင်းပန်နေသည်။ဂျောင်ကုလည်း အဲ့ပုံကိုကြည့်ပြီးဒေါသထွက်မိပါရဲ့။သူ့အပိုင်မဟုတ်သေးပေမဲ့ယွန်းဂီရဲ့လက်ကိုအဲ့လိုမျိုးကိုင်တာလုံးဝမကြိုက်ပါ။
"ရပါတယ်ဦး...ငယ် ခွင့်လွှတ်ပါတယ်"
"ဟင်!!"
ဂျောင်ကုနဲ့အတူ ဟိုဆော့မှာလည်းယွန်းဂီစကားကြောင့်အရမ်းအံသြသွားခဲ့ရသည်။သူတို့ကြားလိုက်တာအမှန်ဖြစ်နေရောလား??။ဂျောင်ကုကတော့အံသြလွန်းလို့တဲ့အပြင်မျက်ရည်တွေပါဝဲလာရတယ်။သူပင်ပန်းခံပြီးလုပ်ခဲ့တာတွေကအခုလို လွယ်လွယ်ခွင့်လွှတ်ပေးဖို့မှမဟုတ်ပဲ ယွန်းဂီရယ်။မင်းရူးလှချည်လား??။ဒါမှမဟုတ် ဦးနှောက်မရှိတော့တာလား??။
"သဲငယ်...ဦး"
"ရတယ်...ဘာမှမပြောနဲ့တော့ ကျွန်တော်ဘာမှနားမထောင်ချင်တော့ဘူး။ဦးကျွန်တော့်ကိုရိုက်ခဲ့တာတွေကိုလည်းခွင့်လွှတ်တယ်။သူနဲ့ကိစ္စကိုလည်း အားလုံးမေ့ပစ်ပေးမယ်။အခု ဦးမူးလာတယ်မလား??။လာ အပေါ်တက်ရအောင်။ငယ်ကအရက်သောက်တာမကြိုက်တဲ့အတွက်နောက်တစ်ခါဆို မသောက်လာရဘူးနော်..."
"ငယ်ရယ်...အီးဟီး~ ဦး...မှားသွားပါတယ်ကွာ...."
ဂျောင်ကုမှာကိုယ့်ရှေ့တွင်တစ်ဦးနဲ့တစ်ဦးဖက်ပြီး ငိုနေကြသောယွန်းဂီနဲ့အကိုကြောင့်ဒေါသတွေအလိပ်လိုက်ထွက်လာရသည်။ယွန်းဂီကိုလည်းစိတ်စိုးမိသလို အကို့ကိုလည်းယွန်းဂီခွင့်လွှတ်ပေးလိုက်တာကြောင့်မနာလိုလည်းဖြစ်မိသည်။ဒါ့ကြောင့်အဲ့နေရာကနေရှောင်ထွက်လာခဲ့လိုက်ပြီးတစ်နေရာသို့ဖုန်းဆက်လိုက်သည်။
"ကင်မ်ထယ်ယောင်း ငါတို့နောက်ဆုံးလက်နက်ထုတ်သုံးရတော့မှဖြစ်မယ်!!"
>>>>>>>>>>
>>>>>>>>>>
အပြင်ရောက်နေလို့ မupဖြစ်လိုက်တာပါ။
စောင့်မျှော်နေသူများအားလုံးကိုအားနာရပါတယ်ရှင်...
goodnight ပါ😘😘
zawgyi
""ယြန္းဂီ...ေျဖးေျဖး"
တစ္လမ္းလုံးငိုလာသည့္ေကာင္ေလးကေျခမ်ားပင္ယိုင္ထြက္ေတာ့မဲ့အထိေဂ်ာင္ကုမွာအိမ္ထဲသို႔တြဲေပးလာရသည္။မ်က္လုံးေလးေတြမွာလည္းနီရဲေနၿပီး၊ႏွာေခါင္းေလးမွာလည္း တစ္ရႈံ႕ရႈံ႕နဲ႕။ေဂ်ာင္ကုလည္း ယြန္းဂီအခုလိုခံစားရၿပီးငိုတာကိုျမင္ေတာ့ရင္ထဲမေကာင္းျဖစ္မိသည္။
"ကြၽန္ေတာ့္အိမ္ကိုျပန္ေတာ့မယ္..ဟင့္"
"မလုပ္ပါနဲ႕ ယြန္းဂီရယ္....စာေမးပြဲေတြလည္းနီးေနၿပီ။ဒီအိမ္မွာပဲနားနားေနေန ေနပါ။"
"ကြၽန္ေတာ္ ဦးကိုထပ္ၿပီးမေတြ႕ခ်င္ေတာ့ဘူး~ဟင့္"
"အဲ့လိုမ်ိဳးေတာ့မလုပ္ပါနဲ႕ကြာ...ကိုယ့္မ်က္ႏွာကိုေထာက္ပါအုံး"
နီရဲေနေသာေကာင္ေလးမ်က္လုံးကိုအသာေလးပြတ္ၿပီး ေမးေလးမွကိုင္ကာသူနဲ႕အၾကည့္ခ်င္းဆုံလိုက္ေစသည္။ထို႔ေနာက္ သက္ပ်င္းခ်သံေလးျဖင့္
"ကိုယ္တမင္ဖုံးကြယ္ထားခဲ့တာမဟုတ္ပါဘူး ကိုယ္ေတာင္းပန္ပါတယ္။"
"ဟင့္ ဒါ...ဒါဆို သူ..သူတို႔ကဘယ္အခ်ိန္ထဲကမ်ား အီးဟီး~"
သူေျပာေတာ့ ယြန္းဂီမွာသဲႀကီးမဲႀကီးပင္ေအာ္ငိုလာျပန္ေတာ့သည္။တစ္ခ်ိဳ႕ေသာလိမ္ညာေသာစကားေတြထဲမွာ ခ်စ္ရသူအတြက္ဆိုတဲ့စိတ္ကေလးပါတယ္။အခုခ်ိန္မွာသူဟာသူ႕ဘက္ကိုပဲယိမ္းေတာ့မွာမို႔ အကို႔ကိုအသုံးခ်ၿပီးနင္းေခ်မွေတာ္ရာက်မည္။အကို႔အတြက္ စိတ္မေကာင္းျဖစ္မိေပမဲ့ ကြၽန္ေတာ့္အတြက္အဆင္ေျပသြားရင္ႏွစ္ဦးႏွစ္ဖက္လုံးလုံးရင္းရတာတန္သည္။
"ကြၽန္ေတာ္ ဘယ္လိုဆက္လုပ္ရမလဲ~"
"အကိုျပန္လာရင္ ယြန္းဂီဘက္ကေျဖရွင္းသင့္တာေတြေျဖရွင္းၾကည့္ေလ"
"ဦးက သူ႕မွသူျဖစ္ေနရင္ေရာ??"
"ဒါဆိုရင္ ေနာက္ဆုတ္သင့္ရင္ေနာက္ဆုတ္ရမွာပဲ"
"ဗ်ာ....!!"
ထိတ္လန့္သြားတဲ့ယြန္းဂီမ်က္ႏွာေၾကာင့္ေဂ်ာင္ကုလည္း မ်က္ႏွာကိုတစ္ဖက္လႊဲကာမဲ့ၿပဳံးၿပဳံးလိုက္မိသည္။ေတာင္းပန္ပါတယ္ ယြန္းဂီ။ကိုယ္လည္းအခ်စ္အတြက္အတၱႀကီးခ်င္လို႔ပါ။တစ္ခ်ိန္က်ရင္ ကိုယ္အခုလိုလုပ္ခဲ့တာေတြအားလုံးကိုမင္းနားလည္လာပါလိမ့္မယ္။
"အခုေတာ့ ယြန္းဂီခနအနားယူလိုက္အုံးေနာ္ ကိုယ္ကစားဖို႔အတြက္တစ္ခုခုသြားဝယ္လိုက္အုံးမယ္။"
"ရပါတယ္..ကြၽန္ေတာ္ဘာမွစားခ်င္စိတ္မရွိဘူး"
"အင္းပါ...ကိုယ္လည္းယြန္းဂီခံစားခ်က္ကိုနားလည္ပါတယ္။အခုခ်ိန္မွာဘယ္လိုလုပ္ၿပီးစားဝင္ပါ့မလဲ??။"
"ဟို...ကြၽန္ေတာ္တစ္ေယာက္ထဲေနခ်င္လို႔"
"အာ...အဲ့တာဆိုေအးေအးေဆးေဆးအနားယူေနာ္။ကိုယ္လည္းအျပင္ခနသြားလိုက္အုံးမယ္"
"အရမ္း...ႀကီး ေနာက္မက်နဲ႕ေနာ္~"
ကိုယ့္ရဲ႕လက္ကေလးကိုကိုင္ကာတိုးတိုးေလးေျပာလိုက္တဲ့ ယြန္းဂီေၾကာင့္ေဂ်ာင္ကုလည္းၿပဳံးရင္းေခါင္းၿငိမ့္မိတယ္။အခုခ်ိန္မွာယြန္းဂီဘယ္သူ႕ကိုအလိုအပ္ဆုံးလဲဆိုတာကြၽန္ေတာ္သိတယ္။ ဒါ့ေၾကာင့္သူ႕လက္ေလးကိုျပန္ကိုင္လိုက္ၿပီး
"ကိုယ္...ျမန္ျမန္ျပန္လာခဲ့မယ္ေနာ္"
"အင္း ဂ႐ုစိုက္ၿပီးကားေမာင္းပါ"
ဒီေန႕မွာေတာ့ ေဂ်ာင္ကုသူလုပ္လိုက္တဲ့အရာေတြအားေနာင္တဆိုတဲ့စိတ္ကေလးမဝင္မိေလေအာင္လို႔ ယြန္းဂီကလမ္းျပေနသလား။သူ႕အတြက္မဟုတ္ပဲကိုယ့္ကိုစိတ္ပူပန္ေနတာေလးက ဘယ္အရာနဲ႕မွလဲလို႔မရနိုင္တဲ့အရာေလးေတြ။သူ ယြန္းဂီကိုခ်စ္မိတာဒီအခ်က္ေလးေတြေၾကာင့္လို႔ပဲေျပာရမယ္။ရိုးလည္းရိုးသလို တစ္ခုခုဆိုလည္းလူႀကီးတစ္ေယာက္လိုပူပန္ေနတတ္ေသးသည္။ဒါ့ေၾကာင့္သူလည္း ယြန္းဂီကိုအကို႔ထက္ပိုၿပီးခ်စ္မိပါရဲ႕။
>>>>>>>>>>>>
ယြန္းဂီတစ္ေယာက္မဂ္လာေဆာင္ဓာတ္ပုံေလးကိုကိုင္ၿပီး အသံတိတ္ငိုေနမိသည္။ဦးကိုသူခ်စ္လြန္းလို႔ ခုနကျမင္ကြင္းအားဘယ္လိုမွလက္သင့္ခံလို႔မရပါ။ဒါ့အျပင္ ဦးကသူ႕ပါးကိုရိုက္ခဲ့ေတာ့ရင္ေတြေရာ၊ႏွလုံးသားတစ္ခုလုံးနာက်င္လိုက္ရတာ။သူ႕ရဲ႕အခ်စ္ဦးက ဦးျဖစ္ခဲ့လို႔ဘယ္အရာနဲ႕မွႏွိုင္းျပလို႔မရေအာင္ပင္ခ်စ္ခဲ့မိသည္။သူခြင့္လႊတ္ေပးသင့္လိုက္လား??။ျဖစ္သမွ်ကိုဘာမွမျမင္ခဲ့သလို၊ဘာမွမျဖစ္ခဲ့သလို ခြင့္လႊတ္ေပးလိုက္သင့္လား??။
လူဆိုတာအမွားနဲ႕လည္းမကင္းနိုင္သလို ဦးကိုလည္းသူတစ္ႀကိမ္တစ္ခါေသာအားျဖင့္စုံလုံးကန္းကာ ယုံးေပးလိုက္မည္။ဒါကသူ ဦးကိုအရမ္းခ်စ္လြန္းလို႔ေနာက္ဆုံးတစ္ေခါက္အေနနဲ႕အခြင့္ေရးေပးျခင္းသာ။သူ႕ဘဝမွာ ဦးမရွိရင္မျဖစ္လို႔အခုလို႐ူးေၾကာင္ေၾကာင္နိုင္ခဲ့တာပါ။အကိုေဂ်ာင္ကုသူ႕ကိုအျပစ္ေျပာခ်င္လည္းေျပာပါေစေတာ့။သူကမွ ဦးအေပၚခ်စ္တဲ့အခ်စ္ေတြအားမရပ္တန့္နိုင္ေတာ့ပဲ။
ေမေမေျပာဖူးတယ္။အိမ္ေထာင္ေရးတစ္ခုမွာႏွစ္ဦးလုံးတင္းထားရင္အဲ့အိမ္ေထာင္ေရးကပ်က္စီးတတ္တယ္တဲ့။ ဒါ့ေၾကာင့္သူ႕ဘက္ကလည္းအေလွ်ာ့ေလးနဲ႕မျပတ္ေအာင္ရသေလာက္ဦးကိုဆြဲထားၾကည့္ရင္မေကာင္းေပဘူးလား??။ဦးလည္းသူ႕ကိုခ်စ္တယ္ဆိုတာသူသိတယ္။ဝန္မခံေသးတာတစ္ခုပဲ။ဖြင့္မေျပာေသးတာတစ္ခုပဲ။ဒါေပမဲ့ ဦးသူ႕အေပၚအရမ္းခ်စ္တယ္ဆိုတာကေတာ့ သူရိပ္မိပါတယ္။
ဦးရယ္ ပထမဆုံးအခ်စ္မို႔အရာရာအားလုံးကိုကြၽန္ေတာ္ခြင့္လႊတ္ေပးမိတယ္။လက္ထပ္လက္စြပ္ကိုခြၽတ္ဖို႔လုပ္လိုက္ခ်ိန္ဓာတ္ပုံထဲမွာေတြ႕လိုက္ရတဲ့ ဦးရဲ႕မ်က္ႏွာေလးေၾကာင့္လက္စြပ္ေလးကိုသူ႕ လက္သူႂကြယ္ေလးမွာျပန္ဝတ္ခဲ့မိတယ္။ကြၽန္ေတာ္ ဦးနဲ႕မျပတ္နိုင္ပါ။ဦးကျပတ္နိုင္တယ္ဆိုရင္ေတာင္ကြၽန္ေတာ့္ဘက္ကဘယ္လိုမွမျပတ္နိုင္လို႔ ထပ္ၿပီးဆြဲထားေနမိဦးမွာ။
ေတာင္းပန္ပါတယ္ အကိုေဂ်ာင္ကု။ဦးကိုခ်စ္လို႔ကြၽန္ေတာ္တစ္ႀကိမိေသာအားျဖင့္ခြင့္လႊတ္ျခင္းလမ္းကိုေ႐ြးပါရေစ.....။
>>>>>>>>>>>
"ကြၽန္ေတာ့္ပိုင္ဆိုင္မႈအားလုံးကို တစ္ပတ္အတြင္းအကုန္လႊဲေပးပါ။"
"ဂြၽန္ေဂ်ာင္ကု"
Mr Jeonႀကီးမွာသားျဖစ္သူရဲ႕လာေရာက္ေတြ႕ဆုံျခင္းေၾကာင့္ဝမ္းသာလို႔မွမဆုံးေသးအေမြေတာင္းေနသည့္စကားၾကားလိုက္ရေတာ့ေဒါသေတြျဖစ္သြားရတယ္။အေမြဆိုတာမိဘေသမွခြဲေပးရတဲ့အရာမ်ိဳးေလ။အခုဒီကေလးကသူေတာင္မေသေသးဘဲဘာ့ေၾကာင့္အေမြေတြေတာင္းေနလဲမသိေတာ့ပါ။ ေျခာက္ႏွစ္ၾကာၿပီးမွျပန္ေတြ႕ရတဲ့အျပင္ ဖေအကိုပထမဆုံးႏႈတ္ဆက္လိုက္တဲ့စကားကဒီစကားျဖစ္ေနခဲ့သလား ေဂ်ာင္ကုရယ္။
"သားသမီးအိမ္ေထာင္ျပဳရင္ အေမြခြဲေပးရမွာမိဘေတြရဲ႕ထုံးစံမလား??"
"ဟမ္ သားေလးအိမ္ေထာင္ျပဳေတာ့မလို႔လား??"
"ဟုတ္တယ္ ကြၽန္ေတာ္အိမ္ေထာင္ျပဳေတာ့မယ္"
"ဘယ္သူလဲ ဘယ္ကလဲ omegaေလးကေခ်ာလား??"
"ဘာလို႔လဲ ကြၽန္ေတာ့္omegaကိုပါအစ အေဖကခ်ိန္႐ြယ္ခ်င္ေနတာလား??"
"ဂြၽန္ေဂ်ာင္ကု မင္းကြာ!!"
ေဒါသျဖစ္ျဖစ္သားမ်က္ႏွာကိုထိုးဖို႔လက္သီးခ်ိန္႐ြယ္လိုက္ေပမဲ့ သားရဲ႕မ်က္လုံးေတြေၾကာင့္သူ႕ရင္ထဲမွာနာလာရတာနဲ႕လက္ေတြကို႐ုတ္ခ်လိဳက္ရသည္။သားေလးကို သားသမီးေတြထဲမွာသူအခ်စ္ဆုံးျဖစ္သည္။သားဦးေလးလည္းျဖစ္တဲ့အျပင္ကိုယ္သေဘာက်တဲ့ပညာေရးကိုလိုက္ခဲ့တာေၾကာင့္လည္း အားလုံးထဲမွာအခ်စ္ဆုံးျဖစ္ခဲ့တာပင္။က်န္တဲ့သားသမီးေတြထက္ေတာင္အားကိုးရတာမို႔ပိုၿပီးခ်စ္ခဲ့ေသာ္လည္းသားျဖစ္သူမွာသူ႕ကိုမုန္းေနခဲ့သည္။
သူဘာတတ္နိုင္ပါ့မလဲ ကိုယ္ျပဳတဲ့ကံကိုယ္ျပန္ခံဆိုတဲ့အတိုင္း။
"မင္းဘယ္ေတာ့လက္ထဲမွာလဲ"
"ေနာက္လကုန္..."
"ဟင္ ျမန္လွခ်ည္လား"
"အင္း အဲ့လိုပဲျဖစ္သြားတယ္"
သူနဲ႕လက္ထပ္မဲ့သူအား ကိုယ္နဲ႕ေပးေတြ႕ၾကည့္ေပးဖို႔ေတာ့စကားေတာင္မဟခဲ့ပါ။ေတာ္ၾကာသားက သူမခံနိုင္တဲ့စကားေတြနဲ႕ထပ္ၿပီးေျပာေနမွသူသာစိတ္မေကာင္း႐ုံရွိမည္။
"ဒီအပတ္sundayက်ရင္ အေဖ့ရာထူးကိုသားယူၿပီး ဒီအိမ္နဲ႕ဂ်ယ္ဂ်ဴဒိုမွာရွိတဲ့စက္႐ုံသုံး႐ုံကိုသားယူလိုက္ပါ။ဒါ့အျပင္နိုင္ငံျခားမွာအေဖရင္းႏွီးျမဳပ္ႏွံထားတဲ့ရွယ္ယာ ၇၅%ထဲမွာ ၄၀ကိုသားယူၿပီးက်န္တဲ့၃၅ကိုသားငယ္ကိုေပးလိုက္။"
"ေကာင္းပါၿပီ ဒါဆို အေဖကႏႈတ္ထြက္ေတာ့မယ္ေပါ့"
"အင္း အေဖ့ညီမရွိတဲ့ျပင္သစ္ကိုလိုက္သြားေတာ့မယ္။"
"အဲ့တာဆိုလည္းၿပီးေရာေလ...ကြၽန္ေတာ္လည္းျပန္ေတာ့မယ္...ခြင့္ျပဳပါဦး"
"သား...."
အေဖရဲ႕ေခၚသံအားမၾကားခ်င္ေယာင္ေဆာင္ကာပင္အခန္းထဲမွထြက္လာလိုက္ေတာ့သည္။ငယ္ငယ္ထဲကစိတ္အရမ္းနာခဲ့ရတဲ့သူမို႔ အခုလိုလုပ္တာရိုင္းတယ္လို႔မထင္ေစခ်င္ပါ။အေဖဆိုတာ သူငယ္ငယ္ေလးထဲကမရိုးနိုင္ေသာမိန္းမေပါင္းေျမာက္မ်ားစြာနဲ႕ေပြရႈပ္ခဲ့တဲသူမ်ိဳး။ဒါ့ေၾကာင့္အေဖနဲ႕ပက္သပ္ၿပီးသံေယာဇဥ္ျဖတ္နိုင္သေလာက္အကုန္ျဖတ္ခဲ့မည္။
အခုလည္းအေမြလာေတာင္းရတာကအျခားေတာ့မဟုတ္။မၾကာခင္ သူစီစဥ္ထားတဲ့အတိုင္းအကုန္ျဖစ္လာေတာ့မွာမို႔အခုထဲကႀကိဳၿပီးအကြက္ခ်ကာအေျခခိုင္ေအာင္လုပ္ထားျခင္းျဖစ္သည္။အကို႔ထက္သာတဲ့အိမ္ေထာင္ဦးစီးျဖစ္ေအာင္ကြၽန္ေတာ္ႀကိဳးစားရမည္။ဒါမွလည္း ယြန္းဂီကၾကည္ျဖဴမွာေလ။ယြန္းဂီေလးကိုခ်မ္းခ်မ္းသာသာ၊ၿပီးျပည့္စုံစုံထားဖို႔အတြက္သူဒီလမ္းကိုေ႐ြးခ်ယ္ခဲ့တာျဖစ္သည္။အစကအဂ္လန္ကိုသြားၿပီးကိုယ္ပိုင္စီးပြားေရးေလးတစ္ခုလုပ္၊အေျခခ်မယ္လို႔စဥ္းစားထားေသာ္လည္းအခ်စ္ရွိတဲ့ အရပ္မွာသာေနခ်င္တဲ့သူ႕အတြက္ေဖေဖ့လုပ္ငန္းကိုေ႐ြးခ်ယ္ခဲ့ကာကိုရီးယားမွာပဲေနဖို႔ဆုံးျဖတ္လိုက္သည္။
သူကေတာ့သူ႕အေတြးနဲ႕သူ၊သူ႕အစီစဥ္နဲ႕သူရွိေနေပမဲ့ယြန္းဂီကေကာ လက္ခံပါ့မလား။
ေၾသာ္....ဒါလဲဘာအေရးလဲ။
တစ္ဖက္ကထယ္ေယာင္းကိုယုံၾကည္ရင္ဒီကိစၥေတြကသူလက္မခံခ်င္လည္းလက္ခံရေတာ့မဲ့အရာေတြ။ငါ ဘာကိုမွေတြးပူေနစရာမလိုဘူး။ဟုတ္တယ္။ငါဘာတစ္ခုကိုမွေၾကာက္လန့္ေနစရာမလိုဘူး။
>>>>>>>>>>>
"CEO...ဒီညဒီမွာပဲအိပ္လိုက္ပါေတာ့"
"မျဖစ္ဘူး ယြန္းဂီေစာင့္ေနလိမ့္မယ္"
"ဒါေပမဲ့ CEOေသာက္တာမ်ားေနၿပီ..."
"ဟင့္အင္း"
ဘယ္လိုတားတားမရတဲ့CEOကသူ႕အေပၚကုတ္ကိုဝတ္ၿပီးအိမ္တံခါးေရွ႕သို႔ေရာက္ေနေလသည္။ညေနထဲကဆိုင္မွာေသာက္ေနတဲ့ CEOအားသူ႕အိမ္သို႔မနည္းဆြဲေခၚလာခဲ့ၿပီးအိမ္မွာေအးေဆးေသာက္ေစခဲ့သည္။ဒီညအိမ္မွာသိပ္မဲ့အေနထားျဖင့္ စိတ္ႀကိဳက္ေသာက္ေစခဲ့ေသာ္လည္းCEOႀကီးမွာသူ႕စကားပင္နားမေထာင္။
"ေျဖးေျဖးကားေမာင္းသြားေနာ္..."
"အင္း..."
မပိုင္တဲ့အေနထားမို႔အတင္းဆြဲထားပိုင္ခြင့္လည္းမရွိ။သူ႕မွာCEOႀကီးရဲ႕တစ္ေ႐ြ႕ေ႐ြ႕နဲ႕ထြက္ခြာသြားတဲ့ကားေလးကိုၾကည့္ၿပီးအိမ္ကိုေခ်ာေခ်ာခ်ဴခ်ဴနဲ႕သာျပန္ေရာက္ဖို႔ဆုေတာင္းေနမိတယ္။ခုနကလည္း CEOႀကီးကေသာက္သာေသာက္တယ္။သဲငယ္ဆိုတဲ့နာမည္ေလးကလုံးဝမခ်။သူ႕ကိုသဲငယ္ေလးအားဘယ္ေလာက္ခ်စ္ေၾကာင္းရင္ဖြင့္သည္။ဖြင့္ေျပာသြားတဲ့CEOအတြက္ရင္ထဲေပါ့ခ်င္ေပါ့သြားနိုင္ေပမဲ့ နားေထာင္လိုက္ရတဲ့သူ႕အတြက္ေတာ့အင္မတန္ရင္ေတြေလးလံေနခဲ့သည္။CEOရဲ႕ႏႈတ္ဖ်ားတိုင္းကထြက္လာတဲ့စကားလုံးတိုင္းကိုသူ႕အတြက္သာျဖစ္ေစခ်င္သည္။
သူအတၱႀကီးမိသြားလားဟင္။CEOႀကီးနဲ႕ပက္သက္ၿပီးအခုခ်ိန္ထိမ်က္ရည္သာက်ခဲ့ရသည္။တစ္ခါတစ္ေလက်ရင္ အဲ့သဲငယ္ေလးထက္သူနဲ႕အရင္ေတြ႕ခဲ့ရင္ေကာင္းမယ္ဆိုတဲ့အေတြးေလးဝင္လာမိသည္။သူသာ CEOနဲ႕အရင္ေတြ႕ခဲ့ၿပီးညားခဲ့မယ္ဆိုရင္အခုဆို CEOလိုခ်င္တဲ့ကေလးေသးေသးေလးေတြကိုအမ်ားႀကီးေမြးၿပီးေပ်ာ္ေနၾကမလား??။CEOလည္းသူ႕ကိုခ်စ္လာနိုင္ေလမလား??။ထယ္ေယာင္းေတြးရင္းေတြးရင္းနဲ႕ပင္ကိုယ္ေတာင္မသိလိုက္တဲ့မ်က္ရည္ေတြသာက်လာရသည္။
ခံစားရျခင္းအတူတူ ေဂ်ာင္ကုထက္စာရင္သူကပို႐ူးရပါတယ္။အေဝးခ်စ္ဆိုတာ နီးနီးေလးမွာရွိတဲ့သူေတြထက္ပိုၿပီးရင္ပူရတယ္။ဒီအပူမီးေတြကို CEOသာျငႇိမ္းသတ္နိုင္ေတာ့မွာမို႔အျမန္ဆုံးကြၽန္ေတာ့္နားကိုလာခဲ့ေပးပါေနာ္။
ကြၽန္ေတာ္ဇြဲရွိရွိေစာင့္ေနနိုင္ပါတယ္။
>>>>>>>>>>
"အကို ဘယ္လိုျဖစ္လို႔ဒီေလာက္ေတာင္ေသာက္လာရတာလဲ က်စ္"
အိမ္ထဲကိုတစ္တီးယိုင္ယိုင္ဝင္လာတဲ့အကို႔ေၾကာင့္ေဂ်ာင္ကု ညည္းမိလိုက္သည္။စိတ္ညစ္တယ္ဆိုတိုင္းအရက္ေသာက္လာလို႔မွမရပဲ။
"သဲငယ္...."
"ဦး~"
ယြန္းဂီရဲ႕အသံေၾကာင့္ေဂ်ာင္ကု ေလွကားနားသို႔အျမန္ၾကည့္မိသည္။ညအိပ္ဝတ္စုံအနီေလးအားဝတ္ထားတဲ့ယြန္းဂီကသူ႕အသားေရေလးနဲ႕သိပ္လိုက္လို႔လားမသိဘူး။အရမ္းလွေနေရာ။ေဂ်ာင္ကုလည္းအကို႔အားတြဲထားေသာလက္ကို ေၾကာင္ၿပီးလႊတ္ရေလာက္တဲ့အထိ...ေအာ္ ယြန္းဂီကညရိုင္းပန္းေလးလို႔သိပ္လွေနပါသည္။
"ဦးေတာင္းပန္ပါတယ္ သဲငယ္ရယ္...သဲငယ္ေလးကိုဦးရိုက္လိုက္လို႔...ဦး...အဟင့္"
အကိုက သူ႕နားကေနေျပးသြားကာယြန္းဂီရဲ႕လက္ေလးကိုယုယုယယနဲ႕ကိုင္ၿပီးေတာင္းပန္ေနသည္။ေဂ်ာင္ကုလည္း အဲ့ပုံကိုၾကည့္ၿပီးေဒါသထြက္မိပါရဲ႕။သူ႕အပိုင္မဟုတ္ေသးေပမဲ့ယြန္းဂီရဲ႕လက္ကိုအဲ့လိုမ်ိဳးကိုင္တာလုံးဝမႀကိဳက္ပါ။
"ရပါတယ္ဦး...ငယ္ ခြင့္လႊတ္ပါတယ္"
"ဟင္!!"
ေဂ်ာင္ကုနဲ႕အတူ ဟိုေဆာ့မွာလည္းယြန္းဂီစကားေၾကာင့္အရမ္းအံၾသသြားခဲ့ရသည္။သူတို႔ၾကားလိုက္တာအမွန္ျဖစ္ေနေရာလား??။ေဂ်ာင္ကုကေတာ့အံၾသလြန္းလို႔တဲ့အျပင္မ်က္ရည္ေတြပါဝဲလာရတယ္။သူပင္ပန္းခံၿပီးလုပ္ခဲ့တာေတြကအခုလို လြယ္လြယ္ခြင့္လႊတ္ေပးဖို႔မွမဟုတ္ပဲ ယြန္းဂီရယ္။မင္း႐ူးလွခ်ည္လား??။ဒါမွမဟုတ္ ဦးႏွောက္မရွိေတာ့တာလား??။
"သဲငယ္...ဦး"
"ရတယ္...ဘာမွမေျပာနဲ႕ေတာ့ ကြၽန္ေတာ္ဘာမွနားမေထာင္ခ်င္ေတာ့ဘူး။ဦးကြၽန္ေတာ့္ကိုရိုက္ခဲ့တာေတြကိုလည္းခြင့္လႊတ္တယ္။သူနဲ႕ကိစၥကိုလည္း အားလုံးေမ့ပစ္ေပးမယ္။အခု ဦးမူးလာတယ္မလား??။လာ အေပၚတက္ရေအာင္။ငယ္ကအရက္ေသာက္တာမႀကိဳက္တဲ့အတြက္ေနာက္တစ္ခါဆို မေသာက္လာရဘူးေနာ္..."
"ငယ္ရယ္...အီးဟီး~ ဦး...မွားသြားပါတယ္ကြာ...."
ေဂ်ာင္ကုမွာကိုယ့္ေရွ႕တြင္တစ္ဦးနဲ႕တစ္ဦးဖက္ၿပီး ငိုေနၾကေသာယြန္းဂီနဲ႕အကိုေၾကာင့္ေဒါသေတြအလိပ္လိုက္ထြက္လာရသည္။ယြန္းဂီကိုလည္းစိတ္စိုးမိသလို အကို႔ကိုလည္းယြန္းဂီခြင့္လႊတ္ေပးလိုက္တာေၾကာင့္မနာလိုလည္းျဖစ္မိသည္။ဒါ့ေၾကာင့္အဲ့ေနရာကေနေရွာင္ထြက္လာခဲ့လိုက္ၿပီးတစ္ေနရာသို႔ဖုန္းဆက္လိုက္သည္။
"ကင္မ္ထယ္ေယာင္း ငါတို႔ေနာက္ဆုံးလက္နက္ထုတ္သုံးရေတာ့မွျဖစ္မယ္!!"
>>>>>>>>>>
>>>>>>>>>>
အျပင္ေရာက္ေနလို႔ မupျဖစ္လိုက္တာပါ။
ေစာင့္ေမွ်ာ္ေနသူမ်ားအားလုံးကိုအားနာရပါတယ္ရွင္...
goodnight ပါ😘😘