ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

997K 157K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

133

3K 585 27
By Vanilla_IceCream61

မင်း ဘယ်သူလဲပြောစမ်း၊ လူလိမ်ကောင်
..................................................

နောက်တစ်နေ့မနက်တွင် ယွီဝမ်ထုန်၏အိပ်ရာထဲ၌ လင်းကျန်နိုးလာသောအခါ တည်ငြိမ်နေပြီး လုံးဝမအံ့ဩချေ။ မည်သို့သောအကြောင်းကြောင့်နှင့်မှ ယွီဝမ်ထုန်က သူ့ကို သူ၏ကိုယ်ပိုင်အိပ်ရာသို့ခေါ်သွားမည်မဟုတ်မှန်း သူခန့်မှန်းမိပြီးသားပင်။

သူ၏ခါးကို လက်တစ်ဖက်ကဖက်ထားပြီး ထိုလက်ကမည်သူ၏လက်မှန်း သူခေါင်းလှည့်ကြည့်စရာမလိုဘဲ သိသည်။

သူယွီဝမ်ထုန်နှင့် မနေ့ညက ကြယ်များနှင့်လကို သွားကြည့်ထား၍ဖြစ်မည်၊ ယခုအခါတွင် သူယခင်နေ့ကထက် များစွာပိုတည်ငြိမ်နေသည်။ သူက ယွီဝမ်ထုန်၏လက်ကို ခပ်သာသာရွှေ့လိုက်သည်။

သူ့နောက်မှ ရယ်သံတစ်သံထွက်လာပြီး သူ့ခါးတစ်ဝိုက်မှ လက်က သူ့ကိုပြန်ဆွဲယူလိုက်သည်။ သူ့လည်ပင်းပေါ်သို့ လေပူရှူထုတ်လိုက်သည်ကို ခံစားရ၏။ "မင်း နိုးလာပြီပဲ။"

"ကျွန်တော့်ကိုလွှတ်။ ကျွန်တော် အိပ်ရာထချင်တယ်။"

"ကောင်းပြီလေ။" ယွီဝမ်ထုန်က ပြန်ပြောကာ သူ့လည်ပင်းကို အနမ်းတစ်ပွင့်ပေးသည်။ "မင်းကို လွှတ်ပေးလိုက်ပြီ။"

လည်ပင်းက အလွန်ဆတ်ဆတ်ထိမခံသောနေရာဖြစ်ရာ ထိုအနမ်းက လင်းကျန်၏ဆံပင်များကို ထောင်သွားစေသည်။ သူက ယွီဝမ်ထုန်၏အိပ်ရာထဲမှ ချက်ချင်းခုန်ထွက်ကာ မကြည်မသာ တစ်ချက်လှည့်ကြည့်လိုက်သည်။ "ခင်ဗျား အဲ့လိုထပ်လုပ်ရင် ကျွန်တော်ခင်ဗျားကို ကန်ပစ်မယ်။"

ယွီဝမ်ထုန် ရယ်မိသည်။

လင်းကျန်က သူ့ကို စပ်စူးစူးတစ်ချက်ကြည့်ကာ အပေါ်ရုံဝတ်၍ သေသေသပ်သပ်ပြုပြင်ပြီးနောက် ယွီဝမ်ထုန်ကို တစ်ချက်ပင်မကြည့်တော့ဘဲ အခန်းထဲမှ ထောင်ထောင်ထောင်ထောင်နှင့် ထွက်သွားသည်။

အပြင်ဘက်ရှိ အစောင့်များထံမှ 'သခင်လေးလင်း' ဟုထပ်ကာထပ်ကာခေါ်နေကြသံများကို ယွီဝမ်ထုန်ကြားသောအခါ လုံးဝထိန်းမရအောင် ပြုံးမိသည်။ 'တစ်နေ့နေ့မှာ ဒီလူတွေက လင်းကျန်ကို 'သခင်မ' ဆိုပြီးခေါ်ရင် ငါ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ်သွားလောက်တယ်။' သူတွေးမိသည်။

အစောင့်များ၏ အဓိပ္ပါယ် ရှိရှိ ပျော်ရွှင်နေသောအကြည့်အောက်တွင် လင်းကျန်က သက်တောင့်သက်သာဖြစ်နေသော မျက်နှာထားဖြင့် ဝါးစိမ်းစံအိမ်ထဲမှထွက်လာသည်။ ထို့နောက် မိုးပြိုတော့မည့်အလား ထိတ်လန့်နေကြသော ရှားဖုန်းနှင့်အခြားလူများ၏ရှေ့မှဖြတ်ကာ သူ၏အိပ်ခန်းသို့ပြန်သွားသည်။

"ရှားဖုန်း၊ ဒီကိုရေပူနည်းနည်းယူလာခဲ့။ ငါရေချိုးပြီးအဝတ်လဲဖို့ လိုတယ်။"

"ဟုတ်...ဟုတ်ကဲ့ပါ။ သခင်လေး"

ရှားဖုန်းက သူ့ကိုယ်သူ ထိန်းလိုက်ရသည်။ 'သခင်လေးက ရေချိုးပြီးအဝတ်လဲချင်တယ်ပေါ့။ ငါထင်သလိုတော့ မဟုတ်ပါဘူးနော်...'

ရှားဖုန်းက လင်းကျန်၏ရေချိုးခန်းထဲသို့ စိတ်ဒွိဟဖြစ်စွာ ရေပူပို့ပေးသည်။ "သခင်လေး၊ ကျွန်တော် ကူညီပေးရဦးမလား။"

"မလိုဘူး။ မင်းထွက်သွားလို့ရပြီ။" လင်းကျန်က ခေတ္တမျှတွေးနေပြီးနောက် ငြင်းလိုက်သည်။

ရှားဖုန်းက လျှာထိပ်မှစကားလုံးများကို ပြန်မျိုချလိုက်ပြီး "ဟုတ်ကဲ့ပါ" ဟုပြောကာ အစေခံများကိုခေါ်၍ထွက်သွားသည်။

ထို့နောက် သူက ဝါးစိမ်းစံအိမ်ဘက်သို့ တစ်ချက်ကြည့်ကာ စိတ်ဓာတ်ကျသွားပုံပေါ်သည်။ သူ၏သခင်လေးကို အနီးကပ်စောင့်ကြည့်ပေးရန် သူဆုံးဖြတ်ချက်ချလိုက်သည်။ 'ဘယ်လိုအခြေအနေမျိုးမှာမှ သခင်လေးကို ဘေးခြံမှာနေတဲ့လူက ဒီလိုထပ်မလုပ်စေရဘူး။'

လင်းကျန်သာ ရှားဖုန်း၏စိတ်ထဲမှအတွေးကိုသိလျှင် လက်ဖက်ရည်စင်ထွက်လောက်အောင် အားရပါးရရယ်ကာ မေးလိမ့်မည်။ "မင်း ဘာတွေတွေးနေတာလဲ။"

လင်းကျန်က ရေချိုးကာအဝတ်လဲပြီးနောက် လင်းကျောက်ဝမ်၏နေရာသို့ သွားသည်။

"ဦးလေး၊ လုမိသားစုက ကိစ္စအားလုံးပြီးသွားပြီလား။"

"အလျင်မလိုပါဘူး။ မင်း မနက်စာ စားပြီးပြီလား။" မနက်စာစားလက်စ လင်းကျောက်ဝမ်က လင်းကျန်ကို အတူစားရန်ခေါ်လိုက်သည်။ "လာ၊ နည်းနည်းစားဦး။"

လင်းကျန်ထိုင်လိုက်သောအခါ အစေခံတစ်ယောက်က ပန်းကန်လုံးတစ်လုံးနှင့် တူတစ်စုံကိုချပေးသည်။

မနက်စာမှာ အသားနှင့်အရွက်များဖြူးထားသော ယာဂုတစ်ခွက်၊ အစာသွပ်ပေါက်စီငါးလုံး၊ မုန့်ညှင်းဆီပူလှိမ့်၊ ဝက်သားလုံးနှင့် မှိုဟင်းတို့ဖြစ်သည်။

လင်းကျန် သူ့ဦးလေးနှင့် မနက်စာစားနေစဉ်တွင် သူ့ဦးလေးကအသိပေးသည်။ "အကုန်လုံးကို သင့်တော်အောင်ကိုင်တွယ်ပြီးသွားပြီ။ ဈာပနအခမ်းအနားနဲ့ တခြားသက်ဆိုင်တဲ့ဟာတွေကို ရှင်းလိုက်တယ်။ လုမိသားစုက ကံမကောင်းတာတွေကို ဖယ်ချင်လို့ နိမိတ်ကောင်းတဲ့မနက်ဖြန်ကျရင် အခမ်းအနားကျင်းပဖို့ တာအိုဘုန်းတော်ကြီးတစ်ပါးကို ပင့်ထားတယ်။ မင်း ငါနဲ့အတူ လိုက်ချင်လား။"

"ဟုတ်ကဲ့။" လင်းကျန်က ပြန်ဖြေသည်။ "ယွီဝမ်ထုန်က ဦးလေးကို အဖိုးအကြောင်း ပြောပြီးပြီလား။"

"အင်း။ မင်းအဖိုး မနက်ဖြန်ကျရင် ပြန်ရောက်မယ်လို့ သူပြောတယ်။"

"ကျွန်တော် မြို့ပြင်ထွက်ပြီး သွားကြိုလိုက်မယ်။"

"မဆိုးဘူး။ မင်းနဲ့အတူ လူခေါ်သွားချည်။ ကျန်ချောင်း သေသွားပြီဆိုပေမဲ့ သူ့နောက်လိုက်တွေက ငါတို့ကိုပြဿနာရှာနိုင်တယ်။"

"ဟုတ်ကဲ့၊ ဦးလေး။"

"တရားရုံးမှာ တအားအလုပ်များတော့ ငါနောက်ရက်နည်းနည်းလောက်ထိ ပြန်လာနိုင်ဦးမှာမဟုတ်ဘူး။ ဒီတော့ မင်းအိမ်မှာပဲကြာကြာနေပြီး ကိစ္စတွေအစီအစဉ်တကျဖြစ်အောင် လုပ်ရလိမ့်မယ်။ စစ်သူကြီးနဲ့ပက်သက်ပြီးတော့ကျ...ငါခန့်မှန်းတာသာမှန်မယ်ဆိုရင် တိုင်ချိန့်က ငါတို့ဆီကို ဒီနေ့ လာတွေ့လိမ့်မယ်။ အဆင်သင့်လုပ်ထားပါ။"

"ကောင်းပါပြီ။"

"ကျန်အာ၊ အဲ့နေ့တုန်းက ငါမင်းကို စစ်သူကြီးနဲ့စေ့စပ်ထားတဲ့အကြောင်းပြောတုန်းက ဘာမှမကန့်ကွက်ဘူးနော်။ မင်းသဘောမတူသေးဘူးလား။"

လင်းကျောက်ဝမ်က စေ့စပ်ထားသည့်အကြောင်းကို ရုတ်တရက်ထုတ်ပြောသည်။ လင်းကျန်အံ့ဩကာ မှင်တက်သွားပြီးနောက် ပြန်ပြောလိုက်သည်။ "ဦးလေး၊ ကျွန်တော် မြို့တော်ကို အတူလိုက်ခဲ့မယ်လို့ ယွီဝမ်ထုန့်ကို ကတိပေးပြီးသွားပြီ။ စေ့စပ်ထားတာက ဆက်ရှိနေသေးတယ်။"

လင်းကျောက်ဝမ်၏မျက်လုံးများလက်သွားကာ ပေါင်ကိုလက်ဖြင့်ရိုက်၍ စိတ်လှုပ်ရှားစွာပြောသည်။ "ကောင်းတယ်။ မင်းသေချာတွေးပြီး စိတ်ပြောင်းသွားလို့ ငါတအားဝမ်းသာတယ်။"

လင်းကျန်တိတ်သွားသည်။ သူ့ဦးလေး၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေပုံအရ သူနှင့်ယွီဝမ်ထုန်လက်ထပ်မည်ကို မည်မျှစိတ်ထက်သန်နေသနည်း။

သူက သူ့ဦးလေးကို ဥမပေါက်ခင် ကြက်မရေတွက်ရန် ပြောချင်သော်လည်း သူယွီဝမ်ထုန်နှင့်အဆက်ဖြတ်မည်ဟု တကယ်ဆုံးဖြတ်ချက်ချလိုလျှင် သူ့ဦးလေးကိုအချိန်မရွေးပြောနိုင်သည်ဟုတွေးကာ ဘာမှမပြောလိုက်ပေ။ ဤအခြေအနေတွင် သူ့ဦးလေးကို စိတ်ဓာတ်ကျခိုင်းစရာမလိုသေးပေ။

"မင်းအဖိုးပြန်ရောက်တာနဲ့ ငါဒါကိုသေချာပေါက် အသိပေးလိုက်မယ်။ သူဒီသတင်းကောင်းကိုကြားရင် တအားပျော်မှာပဲ။"

လင်းကျန် ပြောစရာမဲ့နေသည်။

လင်းကျောက်ဝမ်က မနက်စာစားပြီးနောက် ခဏနားကာ တရားရုံးသို့ထွက်သွားသည်။ သူရုံးတော်သို့သွားနေစဉ်တွင် လူတစ်ယောက်က လမ်းလာပိတ်သည်။

"ဘာဖြစ်တာလဲ။"

"ဒုသခင်ကြီးခင်ဗျ၊ လူတစ်ယောက်က စာလာပို့တာဆိုပြီး လမ်းပိတ်ထားပါတယ်။"

"စာလား။' လင်းကျောက်ဝမ်က မျက်ကြုတ်ကာလိုက်ကာဖွင့်လိုက်သောအခါ ရှေ့တွင်ရပ်နေသော လူစိမ်းတစ်ယောက်ကို တွေ့လိုက်ရသည်။

"မင်း ဘယ်သူလဲ။"

"စာဖတ်ပြီးသွားရင် သိပါလိမ့်မယ်၊ ထုန်ကျီလင်း။"

'ဒီလေသံဆို...သူကမြို့တော်ကပဲ။' လင်းကျောက်ဝမ်က လီဖုစစ်ဆေးထားသောစာကိုယူကာ ဖတ်ပြီးနောက် အနည်းငယ် မျက်နှာထားပြောင်းလဲသွားသည်။

ထို့လူက လင်းကျောက်ဝမ်၏အတွေးကို ခန့်မှန်းမိပုံဖြင့်ပြောသည်။ "သူတို့တွေက ဖုန်းတိုင်အဆောက်အအုံမှာ စောင့်နေပါလိမ့်မယ်၊ ထုန်ကျီလင်း။"

ထိုလူက ဤစကားကိုပြောပြီးနောက် ထွက်သွားကာ လူအုပ်ထဲတိုးဝင်ပျောက်ကွယ်သွားသည်။

လင်းကျောက်ဝမ်က လက်ထဲမှစာကိုကြည့်ကာ အတွေးနက်နေပုံပေါ်သည်။

"တစ်ခုခုဖြစ်လို့ပါလား၊ ဒုသခင်ကြီး။" လီဖုက ခပ်တိုးတိုးမေးသည်။

"ရုံးတော်ကို အရင်သွားရအောင်။" လင်းကျောက်ဝမ်က စာကိုသိမ်းလိုက်သည်။

ယွီဝမ်မိသားစုမှလူများက သူ့ကိုဖုန်းတိုင်အဆောက်အအုံတွင်တွေ့ရန် ဖိတ်ခေါ်လိုက်သည်။ ယွီဝမ်ထုန်က သူ့အိမ်တွင်နေထိုင်နေခြင်းပင်။ ယွီဝမ်မိသားစုမှအခြားလူများက သူ့ကိုတခြားနေရာတွင် တွေ့ရန်ဘာကြောင့်ချိန်းဆိုလိုက်သနည်း။

လင်းမိသားစုနှင့်ယွီဝမ်မိသားစုတို့နှစ်ခုလုံးနှင့်သက်ဆိုင်သော ကိစ္စမှာ လင်းကျန်နှင့် ယွီဝမ်ထုန်တို့၏ စေ့စပ်ထားခြင်းသာရှိသည်။

လင်းကျောက်ဝမ်က သူ့အဖေကဲ့သို့ မနုံအပေ။ ယွီဝမ်မိသားစုဘက်မှလူများက ဤစေ့စပ်ထားသည့်ကိစ္စနှင့်ပက်သက်၍ လုံးဝထုတ်မပြောခဲ့ခြင်းမှာ သူတို့က၎င်းနှင့်ပက်သက်၍ မလိုလားသောကြောင့်ဖြစ်မည်ဟု သူကနဦးတွင်သံသယဝင်ခဲ့မိသော်လည်း ထန်းယန်သို့ယွီဝမ်ထုန်ရောက်လာပြီး လင်းမိသားစုကို အကူအညီများစွာပေးခဲ့သဖြင့် လင်းကျောက်ဝမ်၏သံသယများပျောက်သွားသော်လည်း ယခုအခါတွင်တော့...

'ယွီဝမ်မိသားစုဝင်တစ်ချို့က ဒီကိစ္စကို သိပ်သဘောမတူပုံပဲ။'

"လီဖု၊ ငါ့ကို ဖုန်းတိုင်အဆောက်အအုံရဲ့ ဒုတိယလွှာက အခန်းတစ်ဆီ ဖိတ်လိုက်တဲ့လူအကြောင်း နည်းနည်းစုံစမ်းခဲ့။ ဒါပေမဲ့ လူမသိစေနဲ့။ ကျန်အာကိုလည်း ဒီအကြောင်းမပြောနဲ့ဦး။"

"ဟုတ်ကဲ့ပါ၊ ဒုသခင်ကြီး"

*****

လမ်းထောင့်တွင်

"ပြီးပြီလား။"

"ဟုတ်ကဲ့၊ လင်းကျောက်ဝမ် စာဖတ်လိုက်တာကို ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ပါတယ်။"

"ကောင်းတယ်။"

"အကြီးအကဲ၊ တကယ်လို့ လင်းကျောက်ဝမ်ရောက်မလာရင်ကော။"

"သူမလုပ်ရဲပါဘူး။"

*****

မွန်းတည့်ချိန်ရောက်တော့မည်ဖြစ်သည်။ လီဖုက ရုံးတော်သို့ ပြန်ရောက်လာသည်။

"ဘယ်လိုလဲ။ သူတို့ဘယ်သူဆိုတာကို မင်းသေချာသိခဲ့လား။" လင်းကျောက်ဝမ်ကမေးသည်။

"စုံစမ်းခဲ့ပါတယ်။ သူတို့ဆီမှာ လူသုံးယောက်ပါပါတယ်။ ဒီလူသုံးယောက်က မထင်မရှားဝတ်ဆင်တတ်ပေမဲ့ သေချာပေါက် ချမ်းသာတယ်လို့ ဖုန်းတိုင်အဆောက်အအုံရဲ့ပိုင်ရှင်က ပြောပါတယ်။ သူတို့ရဲ့လေသံအရ မြို့တော်ကလာတယ်လို့ထင်ရပါတယ်။ သူတို့က ဘဝင်တအားမြင့်ပြီး မာနကြီးတယ်လို့ပြောပါတယ်။ ကျွန်တော် နည်းနည်းစုံစမ်းလိုက်တော့ မြို့အရှေ့ဘက်ကတည်းခိုဆောင်မှာ သူတို့ရောက်နေတာ နှစ်ရက်ရှိပြီလို့သိရပါတယ်။" လီဖုကပြန်ပြောသည်။

'အဲ့ဒါ သူတို့ပဲဖြစ်ရမယ်။' လင်းကျောက်ဝမ်က ခေတ္တမျှတွေးကာပြောလိုက်သည်။ "ငါနဲ့အတူ အဲ့ဒိကို နေ့လည်ကျလိုက်ခဲ့။ နိုးနိုးကြားကြားနေပါ။ ပြဿနာအရိပ်အယောင်တွေ့တာနဲ့ ငါတို့တွေထွက်သွားကြမယ်။"

လီဖုကခေါင်းညှိတ်သည်။ "ကျွန်တော် ဖုန်းတိုင်အဆောက်အအုံကို ကြိုသွားပြီး ပြင်ဆင်ထားရင်ကော။"

"ကောင်းပြီ။ မသိသာစေနဲ့။"

"ကျွန်တော် နားလည်ပါပြီ။"

နေ့လည်တွင် ထောင်ဖန်းက လင်းကျောက်ဝမ်ကို သူနှင့်အတူနေ့လည်စာစားရန် လာခေါ်သည်။

"ကျွန်တော် အားနာပါတယ် အရာရှိကြီး။ ဒီနေ့လည်က ကျွန်တော်ဖုန်းတိုင်အဆောက်အအုံမှာ ချိန်းထားတာရှိလို့။" လင်းကျောက်ဝမ် ငြင်းလိုက်ရသည်။

ထောင်ဖန်းကပြုံးသည်။ "ဖုန်းတိုင်အဆောက်အအုံမှာ ဒီနေ့လည်ချိန်းထားတာလား။ မင်းစစ်သူကြီးနဲ့သွားတွေ့မလို့လား။"

"စစ်သူကြီးမဟုတ်ပါဘူး။ ကျွန်တော်ပြန်ရောက်ရင် စစ်သူကြီးကိုဂုဏ်ပြုထမင်းစားပွဲအကြောင်း ပြောလိုက်ပါ့မယ်၊ အရာရှိကြီး။"

ထောင်ဖန်းက ဝမ်းမြောက်စွာရယ်သည်။ "အခု ငါတို့အချင်းချင်းနားလည်သွားပြီ။ ကြည့်ရတာ ငါ့ရဲ့အတွေးတွေကို မင်းမသိအောင်ဖုံးထားလို့မရဘူးပဲ။"

လင်းကျောက်ဝမ်က အလာပသလာပ ပြောပြီးနောက် ထောင်ဖန်းကိုနှုတ်ဆက်ကာ ရုံးတော်မှထွက်လာသည်။ အပြင်ဘက်တွင်စောင့်နေသော လီဖုက လိုအပ်သည်များကိုပြင်ဆင်ပြီးကြောင်း ခေါင်းညှိတ်ပြသည်။

လင်းကျောက်ဝမ်က သန်လျင်းပေါ်သို့တက်ကာ ဖုန်းတိုင်အဆောက်အအုံသို့ထွက်သွားသည်။

"နေ့လည်စာစားဖို့လာတာပါလား၊ အရာရှိလင်း။"

"လူတစ်ချို့က ငါ့ကိုဒုတိယလွှာကအခန်းတစ်မှာစောင့်နေတယ်။"

"အို..." ပိုင်ရှင်က အဓိပ္ပါယ် ပါပါပြောကာ လင်းကျောက်ဝမ်ကို လေသံတိုးတိုးဖြင့် သတင်းပေးသည်။ "အဲ့ဒီလူသုံးယောက်က မကြာသေးမီကတည်းက ရောက်လာကြပါတယ်။ သူတို့တွေက အခန်းထဲရောက်နေကြပါပြီ။"

လင်းကျောက်ဝမ်က ခေါင်းညှိတ်ကာ အပေါ်တက်သွားသည်။

လီဖုက စားသောက်ဆိုင်ပိုင်ရှင်ကို လာဘ်ထိုးကာ ကျေးဇူးတင်လိုက်သည်။

ပိုင်ရှင်က ပိုက်ဆံကိုအမြန်သိမ်းကာ ထပ်ပြောသည်။ "ဒီလူသုံးယောက်က နောက်ခံတော်တော်တောင့်ပုံပဲ။ သူတို့တွေဆီမှာရာထူးမြင့်တဲ့နောက်ခံရှိမှာကို ကျွန်တော်စိုးရိမ်မိတယ်။ အရာရှိလင်းထောင်ချောက်မမိရအောင် သတိပေးပေးပါဦး။"

"အင်း၊ သတိပေးလိုက်ပါ့မယ်။" လီဖုက ပြန်ပြောကာ အပေါ်ထပ်သို့တက်သွားသည်။

ထန်းယန်ရှိလူများက လင်းမိသားစုဝင်များကို ယွီဝမ်ထုန်ကြောင့် အလွန်လေးစားသည်။ မနေ့ညက တိုက်ပွဲကြောင့် သူတို့ထိတ်လန့်နေခြင်းကြောင့်သာ မဟုတ်လျှင် လူအများအပြားက လင်းမိသားစုစံအိမ်တံခါးပေါက်သို့သွားကာ အထင်ကရစစ်သူရဲကောင်းကို ရိုကျိုးမှုအားပြသည့်အနေဖြင့် ဝပ်စင်းမိကြလိမ့်မည်။

သို့သော် လင်းမိသားစုမှလူများအတွက် ၎င်းသည် အကျပ်ရိုက်စေ၏။

ဒုတိယအလွှာတွင် လီဖုက အခန်းတစ်၏တံခါးကို လင်းကျောက်ဝမ်အတွက် ခေါက်ပေးသည်။

"ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ။" သီးသန့်ခန်းအတွင်းရှိ လူတစ်ယောက်ကပြောသည်။

လီဖုက တံခါးကိုဖွင့်ကာ သီးသန့်ခန်း ပတ်ပတ်လည်ကို အကဲခတ်လိုက်သည်။ အထဲတွင် တကယ်ကိုလူသုံးယောက်သာရှိသည်။ ကနဦးတွင် သူတို့အားလုံးကထိုင်နေကြပြီး တံခါးပွင့်သွားသောအခါမှသာ သူတို့ထဲမှတစ်ယောက်က ထလာသည်။

လီဖုက ခြေတစ်လှမ်းနောက်ဆုတ်ကာ လင်းကျောက်ဝမ်အတွက် လမ်းဖယ်ပေးလိုက်သည်။

"ငါ့ကို ဒီကိုခေါ်လိုက်တာ မင်းတို့လား။ ငါ့ရဲ့မသိနားမလည်မှုအတွက် စိတ်မရှိပါနဲ့၊ ဒါပေမဲ့ မင်းတို့တွေကဘယ်သူတွေလဲဆိုတာကို ငါမသိဘူး။" လင်းကျောက်ဝမ်က ထိုလူသုံးယောက် ဘာမှမပြောနိုင်ခင် အရင်ပြောလိုက်သည်။

လူသုံးယောက်က အကြည့်ဖလှယ်လိုက်ပြီး အလယ်တွင်ထိုင်နေသည့်၊ အရပ်ပုသော်လည်း ပိုအဟန့်ကောင်းသည့်တစ်ယောက်က လင်းကျောက်ဝမ်ကိုပြန်ပြောသည်။ "ကျွန်တော်က မြို့တော်က ယွီဝမ်မိသားစုရဲ့အိမ်ကြီးကြပ် ကျိုးဖုကွေ့ပါ။ ထုန်ကျီလင်းကို ဒီနေရာဆီ ဖိတ်ခေါ်လိုက်ရတဲ့အတွက် မချေမငံဖြစ်မိသွားပါတယ်။ ထုန်ကျီလင်းက ကျွန်တော့်အပေါ်ဗွေမယူဖို့မျှော်လင့်ပါတယ်။"

"ကောင်းပြီ၊ ငါ့မှာဆန့်ကျင်စရာမရှိပေမဲ့ မင်းတို့တွေက ဘယ်သူဆိုတာကို ငါသံသယရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့အိမ်မှာ စစ်သူကြီးရှိနေတယ်ဆိုတာကို သိတဲ့လူတွေက အများကြီးပဲလေ။ တချို့လူတွေကဆို ယွီဝမ်မိသားစုဝင်တွေလိုဟန်ဆောင်ပြီး လက်ဆောင်ပို့စေချင်နေသေးတယ်။ မင်းတို့တွေက ဘယ်သူဆိုတာကို သက်သေပြနိုင်မဲ့အရာရှိလား။" လင်းကျောက်ဝမ်က မယဉ်ကျေးတော့ဘဲ အေးစက်စက်ပြောလိုက်သည်။ သူက မထိုင်ဘဲ တံခါးနားတွင်သာ ရပ်ကြည့်နေသည်။

ဤသို့မဖော်ရွေသောအမူအရာက တစ်ဖက်လူသုံးယောက်၏မျက်နှာအား စူပုပ်သွားစေသည်။ ကြီးကြပ်ကျိုးကမေးသည်။ "ထုန်ကျီလင်းက ဘာဆိုလိုချင်တာပါလဲ။ ကျွန်တော်တို့ကို လူလိမ်တွေလို့ သံသယဝင်နေတာပါလား။"

"မင်းတို့တွေက တကယ်ကိုယွီဝမ်မိသားစုကလာတာဆိုရင် ငါ့ကိုလင်းမိသားစုမှာလာတွေ့တာက ပိုပြီးအကျိုးအကြောင်းညီတယ်လေ။ ဒါပေမဲ့ မင်းတို့က ဒီနေရာမှာလာဖိတ်ပြီး ခိုးကြောင်ခိုးဝှက်ပုံစံလုပ်နေတယ်။ မင်းတို့ကို လူလိမ်တွေလို့ ငါသံသယဝင်မိတာက ယုတ္တိရှိတယ် မဟုတ်လား။"

"မင်း၊ မင်းကငါတို့ကိုဘယ်လိုလုပ် လူလိမ်တွေလို့ စွပ်စွဲရဲရတာလဲ။" ကြီးကြပ်ကျိုး၏ဘေးတွင်ရပ်နေသောလူက ဟိန်းဟောက်သည်။ "မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။ ရာထူးနိမ့်တဲ့အမှုထမ်းကများ။ ငါတို့ကို အထင်သေးဖို့ ဘယ်သူကမင်းကိုသတ္တိပေးလိုက်တာလဲ။"

"ငါက ရာထူးနိမ့်တဲ့အမှုထမ်းပဲဖြစ်ဖြစ်၊ ထိပ်သီးအမတ်ပဲဖြစ်ဖြစ် လူလိမ်တွေကို ယဉ်ကျေးနေမှာ မဟုတ်ဘူး။ ဒီတော့ မင်းတို့က လူလိမ်တွေလား၊ တကယ့်ယွီဝမ်မိသားစုကလူတွေလားဆိုတာကိုသာ ပြော။ ငါ့ကိုသက်သေတစ်ချို့ပြ။"

"မိုက်ရိုင်းလိုက်တာ။ လင်းကျောက်ဝမ် မင်းရဲ့အဲ့ဒိသဘောထားကို ဖယ်လိုက်ရင်ကောင်းမယ်။"

လင်းကျောက်ဝမ်က လှောင်ကာ အပြစ်ဆိုလိုက်သည်။ "ဒီတော့ မင်းတို့ဆီမှာသက်သေမရှိဘူးပေါ့။ ဒါဆို မင်းတို့တွေက ယွီဝမ်မိသားစုကလူတွေအဖြစ်ဟန်ဆောင်တဲ့အမှုနဲ့ တရားရင်ဆိုင်ရဖို့ အကျဉ်းချခံရလိမ့်မယ်။ မင်းတို့က သတ္တိတော့တော်တော်ရှိတာပဲ။"

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

မင္း ဘယ္သူလဲေျပာစမ္း၊ လူလိမ္ေကာင္
..................................................

ေနာက္တစ္ေန႕မနက္တြင္ ယြီဝမ္ထုန္၏အိပ္ရာထဲ၌ လင္းက်န္နိုးလာေသာအခါ တည္ၿငိမ္ေနၿပီး လုံးဝမအံ့ဩေခ်။ မည္သို႔ေသာအေၾကာင္းေၾကာင့္ႏွင့္မွ ယြီဝမ္ထုန္က သူ႕ကို သူ၏ကိုယ္ပိုင္အိပ္ရာသို႔ေခၚသြားမည္မဟုတ္မွန္း သူခန့္မွန္းမိၿပီးသားပင္။

သူ၏ခါးကို လက္တစ္ဖက္ကဖက္ထားၿပီး ထိုလက္ကမည္သူ၏လက္မွန္း သူေခါင္းလွည့္ၾကည့္စရာမလိုဘဲ သိသည္။

သူယြီဝမ္ထုန္ႏွင့္ မေန႕ညက ၾကယ္မ်ားႏွင့္လကို သြားၾကည့္ထား၍ျဖစ္မည္၊ ယခုအခါတြင္ သူယခင္ေန႕ကထက္ မ်ားစြာပိုတည္ၿငိမ္ေနသည္။ သူက ယြီဝမ္ထုန္၏လက္ကို ခပ္သာသာေ႐ႊ႕လိုက္သည္။

သူ႕ေနာက္မွ ရယ္သံတစ္သံထြက္လာၿပီး သူ႕ခါးတစ္ဝိုက္မွ လက္က သူ႕ကိုျပန္ဆြဲယူလိုက္သည္။ သူ႕လည္ပင္းေပၚသို႔ ေလပူရႉထုတ္လိုက္သည္ကို ခံစားရ၏။ "မင္း နိုးလာၿပီပဲ။"

"ကြၽန္ေတာ့္ကိုလႊတ္။ ကြၽန္ေတာ္ အိပ္ရာထခ်င္တယ္။"

"ေကာင္းၿပီေလ။" ယြီဝမ္ထုန္က ျပန္ေျပာကာ သူ႕လည္ပင္းကို အနမ္းတစ္ပြင့္ေပးသည္။ "မင္းကို လႊတ္ေပးလိုက္ၿပီ။"

လည္ပင္းက အလြန္ဆတ္ဆတ္ထိမခံေသာေနရာျဖစ္ရာ ထိုအနမ္းက လင္းက်န္၏ဆံပင္မ်ားကို ေထာင္သြားေစသည္။ သူက ယြီဝမ္ထုန္၏အိပ္ရာထဲမွ ခ်က္ခ်င္းခုန္ထြက္ကာ မၾကည္မသာ တစ္ခ်က္လွည့္ၾကည့္လိုက္သည္။ "ခင္ဗ်ား အဲ့လိုထပ္လုပ္ရင္ ကြၽန္ေတာ္ခင္ဗ်ားကို ကန္ပစ္မယ္။"

ယြီဝမ္ထုန္ ရယ္မိသည္။

လင္းက်န္က သူ႕ကို စပ္စူးစူးတစ္ခ်က္ၾကည့္ကာ အေပၚ႐ုံဝတ္၍ ေသေသသပ္သပ္ျပဳျပင္ၿပီးေနာက္ ယြီဝမ္ထုန္ကို တစ္ခ်က္ပင္မၾကည့္ေတာ့ဘဲ အခန္းထဲမွ ေထာင္ေထာင္ေထာင္ေထာင္ႏွင့္ ထြက္သြားသည္။

အျပင္ဘက္ရွိ အေစာင့္မ်ားထံမွ 'သခင္ေလးလင္း' ဟုထပ္ကာထပ္ကာေခၚေနၾကသံမ်ားကို ယြီဝမ္ထုန္ၾကားေသာအခါ လုံးဝထိန္းမရေအာင္ ၿပဳံးမိသည္။ 'တစ္ေန႕ေန႕မွာ ဒီလူေတြက လင္းက်န္ကို 'သခင္မ' ဆိုၿပီးေခၚရင္ ငါ ကမၻာေပၚမွာ အေပ်ာ္ဆုံးလူသားျဖစ္သြားေလာက္တယ္။' သူေတြးမိသည္။

အေစာင့္မ်ား၏ အဓိပ္ပါယ် ရွိရွိ ေပ်ာ္႐ႊင္ေနေသာအၾကည့္ေအာက္တြင္ လင္းက်န္က သက္ေတာင့္သက္သာျဖစ္ေနေသာ မ်က္ႏွာထားျဖင့္ ဝါးစိမ္းစံအိမ္ထဲမွထြက္လာသည္။ ထို႔ေနာက္ မိုးၿပိဳေတာ့မည့္အလား ထိတ္လန့္ေနၾကေသာ ရွားဖုန္းႏွင့္အျခားလူမ်ား၏ေရွ႕မွျဖတ္ကာ သူ၏အိပ္ခန္းသို႔ျပန္သြားသည္။

"ရွားဖုန္း၊ ဒီကိုေရပူနည္းနည္းယူလာခဲ့။ ငါေရခ်ိဳးၿပီးအဝတ္လဲဖို႔ လိုတယ္။"

"ဟုတ္...ဟုတ္ကဲ့ပါ။ သခင္ေလး"

ရွားဖုန္းက သူ႕ကိုယ္သူ ထိန္းလိုက္ရသည္။ 'သခင္ေလးက ေရခ်ိဳးၿပီးအဝတ္လဲခ်င္တယ္ေပါ့။ ငါထင္သလိုေတာ့ မဟုတ္ပါဘူးေနာ္...'

ရွားဖုန္းက လင္းက်န္၏ေရခ်ိဳးခန္းထဲသို႔ စိတ္ဒြိဟျဖစ္စြာ ေရပူပို႔ေပးသည္။ "သခင္ေလး၊ ကြၽန္ေတာ္ ကူညီေပးရဦးမလား။"

"မလိုဘူး။ မင္းထြက္သြားလို႔ရၿပီ။" လင္းက်န္က ေခတၱမွ်ေတြးေနၿပီးေနာက္ ျငင္းလိုက္သည္။

ရွားဖုန္းက လွ်ာထိပ္မွစကားလုံးမ်ားကို ျပန္မ်ိဳခ်လိဳက္ၿပီး "ဟုတ္ကဲ့ပါ" ဟုေျပာကာ အေစခံမ်ားကိုေခၚ၍ထြက္သြားသည္။

ထို႔ေနာက္ သူက ဝါးစိမ္းစံအိမ္ဘက္သို႔ တစ္ခ်က္ၾကည့္ကာ စိတ္ဓာတ္က်သြားပုံေပၚသည္။ သူ၏သခင္ေလးကို အနီးကပ္ေစာင့္ၾကည့္ေပးရန္ သူဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ 'ဘယ္လိုအေျခအေနမ်ိဳးမွာမွ သခင္ေလးကို ေဘးၿခံမွာေနတဲ့လူက ဒီလိုထပ္မလုပ္ေစရဘူး။'

လင္းက်န္သာ ရွားဖုန္း၏စိတ္ထဲမွအေတြးကိုသိလွ်င္ လက္ဖက္ရည္စင္ထြက္ေလာက္ေအာင္ အားရပါးရရယ္ကာ ေမးလိမ့္မည္။ "မင္း ဘာေတြေတြးေနတာလဲ။"

လင္းက်န္က ေရခ်ိဳးကာအဝတ္လဲၿပီးေနာက္ လင္းေက်ာက္ဝမ္၏ေနရာသို႔ သြားသည္။

"ဦးေလး၊ လုမိသားစုက ကိစၥအားလုံးၿပီးသြားၿပီလား။"

"အလ်င္မလိုပါဘူး။ မင္း မနက္စာ စားၿပီးၿပီလား။" မနက္စာစားလက္စ လင္းေက်ာက္ဝမ္က လင္းက်န္ကို အတူစားရန္ေခၚလိုက္သည္။ "လာ၊ နည္းနည္းစားဦး။"

လင္းက်န္ထိုင္လိုက္ေသာအခါ အေစခံတစ္ေယာက္က ပန္းကန္လုံးတစ္လုံးႏွင့္ တူတစ္စုံကိုခ်ေပးသည္။

မနက္စာမွာ အသားႏွင့္အ႐ြက္မ်ားျဖဴးထားေသာ ယာဂုတစ္ခြက္၊ အစာသြပ္ေပါက္စီငါးလုံး၊ မုန့္ညွင္းဆီပူလွိမ့္၊ ဝက္သားလုံးႏွင့္ မွိုဟင္းတို႔ျဖစ္သည္။

လင္းက်န္ သူ႕ဦးေလးႏွင့္ မနက္စာစားေနစဥ္တြင္ သူ႕ဦးေလးကအသိေပးသည္။ "အကုန္လုံးကို သင့္ေတာ္ေအာင္ကိုင္တြယ္ၿပီးသြားၿပီ။ ဈာပနအခမ္းအနားနဲ႕ တျခားသက္ဆိုင္တဲ့ဟာေတြကို ရွင္းလိုက္တယ္။ လုမိသားစုက ကံမေကာင္းတာေတြကို ဖယ္ခ်င္လို႔ နိမိတ္ေကာင္းတဲ့မနက္ျဖန္က်ရင္ အခမ္းအနားက်င္းပဖို႔ တာအိုဘုန္းေတာ္ႀကီးတစ္ပါးကို ပင့္ထားတယ္။ မင္း ငါနဲ႕အတူ လိုက္ခ်င္လား။"

"ဟုတ္ကဲ့။" လင္းက်န္က ျပန္ေျဖသည္။ "ယြီဝမ္ထုန္က ဦးေလးကို အဖိုးအေၾကာင္း ေျပာၿပီးၿပီလား။"

"အင္း။ မင္းအဖိုး မနက္ျဖန္က်ရင္ ျပန္ေရာက္မယ္လို႔ သူေျပာတယ္။"

"ကြၽန္ေတာ္ ၿမိဳ႕ျပင္ထြက္ၿပီး သြားႀကိဳလိုက္မယ္။"

"မဆိုးဘူး။ မင္းနဲ႕အတူ လူေခၚသြားခ်ည္။ က်န္ေခ်ာင္း ေသသြားၿပီဆိုေပမဲ့ သူ႕ေနာက္လိုက္ေတြက ငါတို႔ကိုျပႆနာရွာနိုင္တယ္။"

"ဟုတ္ကဲ့၊ ဦးေလး။"

"တရား႐ုံးမွာ တအားအလုပ္မ်ားေတာ့ ငါေနာက္ရက္နည္းနည္းေလာက္ထိ ျပန္လာနိုင္ဦးမွာမဟုတ္ဘူး။ ဒီေတာ့ မင္းအိမ္မွာပဲၾကာၾကာေနၿပီး ကိစၥေတြအစီအစဥ္တက်ျဖစ္ေအာင္ လုပ္ရလိမ့္မယ္။ စစ္သူႀကီးနဲ႕ပက္သက္ၿပီးေတာ့က်...ငါခန့္မွန္းတာသာမွန္မယ္ဆိုရင္ တိုင္ခ်ိန့္က ငါတို႔ဆီကို ဒီေန႕ လာေတြ႕လိမ့္မယ္။ အဆင္သင့္လုပ္ထားပါ။"

"ေကာင္းပါၿပီ။"

"က်န္အာ၊ အဲ့ေန႕တုန္းက ငါမင္းကို စစ္သူႀကီးနဲ႕ေစ့စပ္ထားတဲ့အေၾကာင္းေျပာတုန္းက ဘာမွမကန့္ကြက္ဘူးေနာ္။ မင္းသေဘာမတူေသးဘူးလား။"

လင္းေက်ာက္ဝမ္က ေစ့စပ္ထားသည့္အေၾကာင္းကို ႐ုတ္တရက္ထုတ္ေျပာသည္။ လင္းက်န္အံ့ဩကာ မွင္တက္သြားၿပီးေနာက္ ျပန္ေျပာလိုက္သည္။ "ဦးေလး၊ ကြၽန္ေတာ္ ၿမိဳ႕ေတာ္ကို အတူလိုက္ခဲ့မယ္လို႔ ယြီဝမ္ထုန့္ကို ကတိေပးၿပီးသြားၿပီ။ ေစ့စပ္ထားတာက ဆက္ရွိေနေသးတယ္။"

လင္းေက်ာက္ဝမ္၏မ်က္လုံးမ်ားလက္သြားကာ ေပါင္ကိုလက္ျဖင့္ရိုက္၍ စိတ္လႈပ္ရွားစြာေျပာသည္။ "ေကာင္းတယ္။ မင္းေသခ်ာေတြးၿပီး စိတ္ေျပာင္းသြားလို႔ ငါတအားဝမ္းသာတယ္။"

လင္းက်န္တိတ္သြားသည္။ သူ႕ဦးေလး၏မ်က္ႏွာေပၚမွ စိတ္လႈပ္ရွားေနပုံအရ သူႏွင့္ယြီဝမ္ထုန္လက္ထပ္မည္ကို မည္မွ်စိတ္ထက္သန္ေနသနည္း။

သူက သူ႕ဦးေလးကို ဥမေပါက္ခင္ ၾကက္မေရတြက္ရန္ ေျပာခ်င္ေသာ္လည္း သူယြီဝမ္ထုန္ႏွင့္အဆက္ျဖတ္မည္ဟု တကယ္ဆုံးျဖတ္ခ်က္ခ်လိဳလွ်င္ သူ႕ဦးေလးကိုအခ်ိန္မေ႐ြးေျပာနိုင္သည္ဟုေတြးကာ ဘာမွမေျပာလိုက္ေပ။ ဤအေျခအေနတြင္ သူ႕ဦးေလးကို စိတ္ဓာတ္က်ခိဳင္းစရာမလိုေသးေပ။

"မင္းအဖိုးျပန္ေရာက္တာနဲ႕ ငါဒါကိုေသခ်ာေပါက္ အသိေပးလိုက္မယ္။ သူဒီသတင္းေကာင္းကိုၾကားရင္ တအားေပ်ာ္မွာပဲ။"

လင္းက်န္ ေျပာစရာမဲ့ေနသည္။

လင္းေက်ာက္ဝမ္က မနက္စာစားၿပီးေနာက္ ခဏနားကာ တရား႐ုံးသို႔ထြက္သြားသည္။ သူ႐ုံးေတာ္သို႔သြားေနစဥ္တြင္ လူတစ္ေယာက္က လမ္းလာပိတ္သည္။

"ဘာျဖစ္တာလဲ။"

"ဒုသခင္ႀကီးခင္ဗ်၊ လူတစ္ေယာက္က စာလာပို႔တာဆိုၿပီး လမ္းပိတ္ထားပါတယ္။"

"စာလား။' လင္းေက်ာက္ဝမ္က မ်က္ၾကဳတ္ကာလိုက္ကာဖြင့္လိုက္ေသာအခါ ေရွ႕တြင္ရပ္ေနေသာ လူစိမ္းတစ္ေယာက္ကို ေတြ႕လိုက္ရသည္။

"မင္း ဘယ္သူလဲ။"

"စာဖတ္ၿပီးသြားရင္ သိပါလိမ့္မယ္၊ ထုန္က်ီလင္း။"

'ဒီေလသံဆို...သူကၿမိဳ႕ေတာ္ကပဲ။' လင္းေက်ာက္ဝမ္က လီဖုစစ္ေဆးထားေသာစာကိုယူကာ ဖတ္ၿပီးေနာက္ အနည္းငယ္ မ်က္ႏွာထားေျပာင္းလဲသြားသည္။

ထို႔လူက လင္းေက်ာက္ဝမ္၏အေတြးကို ခန့္မွန္းမိပုံျဖင့္ေျပာသည္။ "သူတို႔ေတြက ဖုန္းတိုင္အေဆာက္အအုံမွာ ေစာင့္ေနပါလိမ့္မယ္၊ ထုန္က်ီလင္း။"

ထိုလူက ဤစကားကိုေျပာၿပီးေနာက္ ထြက္သြားကာ လူအုပ္ထဲတိုးဝင္ေပ်ာက္ကြယ္သြားသည္။

လင္းေက်ာက္ဝမ္က လက္ထဲမွစာကိုၾကည့္ကာ အေတြးနက္ေနပုံေပၚသည္။

"တစ္ခုခုျဖစ္လို႔ပါလား၊ ဒုသခင္ႀကီး။" လီဖုက ခပ္တိုးတိုးေမးသည္။

"႐ုံးေတာ္ကို အရင္သြားရေအာင္။" လင္းေက်ာက္ဝမ္က စာကိုသိမ္းလိုက္သည္။

ယြီဝမ္မိသားစုမွလူမ်ားက သူ႕ကိုဖုန္းတိုင္အေဆာက္အအုံတြင္ေတြ႕ရန္ ဖိတ္ေခၚလိုက္သည္။ ယြီဝမ္ထုန္က သူ႕အိမ္တြင္ေနထိုင္ေနျခင္းပင္။ ယြီဝမ္မိသားစုမွအျခားလူမ်ားက သူ႕ကိုတျခားေနရာတြင္ ေတြ႕ရန္ဘာေၾကာင့္ခ်ိန္းဆိုလိုက္သနည္း။

လင္းမိသားစုႏွင့္ယြီဝမ္မိသားစုတို႔ႏွစ္ခုလုံးႏွင့္သက္ဆိုင္ေသာ ကိစၥမွာ လင္းက်န္ႏွင့္ ယြီဝမ္ထုန္တို႔၏ ေစ့စပ္ထားျခင္းသာရွိသည္။

လင္းေက်ာက္ဝမ္က သူ႕အေဖကဲ့သို႔ မႏုံအေပ။ ယြီဝမ္မိသားစုဘက္မွလူမ်ားက ဤေစ့စပ္ထားသည့္ကိစၥႏွင့္ပက္သက္၍ လုံးဝထုတ္မေျပာခဲ့ျခင္းမွာ သူတို႔က၎ႏွင့္ပက္သက္၍ မလိုလားေသာေၾကာင့္ျဖစ္မည္ဟု သူကနဦးတြင္သံသယဝင္ခဲ့မိေသာ္လည္း ထန္းယန္သို႔ယြီဝမ္ထုန္ေရာက္လာၿပီး လင္းမိသားစုကို အကူအညီမ်ားစြာေပးခဲ့သျဖင့္ လင္းေက်ာက္ဝမ္၏သံသယမ်ားေပ်ာက္သြားေသာ္လည္း ယခုအခါတြင္ေတာ့...

'ယြီဝမ္မိသားစုဝင္တစ္ခ်ိဳ႕က ဒီကိစၥကို သိပ္သေဘာမတူပုံပဲ။'

"လီဖု၊ ငါ့ကို ဖုန္းတိုင္အေဆာက္အအုံရဲ႕ ဒုတိယလႊာက အခန္းတစ္ဆီ ဖိတ္လိုက္တဲ့လူအေၾကာင္း နည္းနည္းစုံစမ္းခဲ့။ ဒါေပမဲ့ လူမသိေစနဲ႕။ က်န္အာကိုလည္း ဒီအေၾကာင္းမေျပာနဲ႕ဦး။"

"ဟုတ္ကဲ့ပါ၊ ဒုသခင္ႀကီး"

*****

လမ္းေထာင့္တြင္

"ၿပီးၿပီလား။"

"ဟုတ္ကဲ့၊ လင္းေက်ာက္ဝမ္ စာဖတ္လိုက္တာကို ကြၽန္ေတာ္ကိုယ္တိုင္ျမင္ခဲ့ပါတယ္။"

"ေကာင္းတယ္။"

"အႀကီးအကဲ၊ တကယ္လို႔ လင္းေက်ာက္ဝမ္ေရာက္မလာရင္ေကာ။"

"သူမလုပ္ရဲပါဘူး။"

*****

မြန္းတည့္ခ်ိန္ေရာက္ေတာ့မည္ျဖစ္သည္။ လီဖုက ႐ုံးေတာ္သို႔ ျပန္ေရာက္လာသည္။

"ဘယ္လိုလဲ။ သူတို႔ဘယ္သူဆိုတာကို မင္းေသခ်ာသိခဲ့လား။" လင္းေက်ာက္ဝမ္ကေမးသည္။

"စုံစမ္းခဲ့ပါတယ္။ သူတို႔ဆီမွာ လူသုံးေယာက္ပါပါတယ္။ ဒီလူသုံးေယာက္က မထင္မရွားဝတ္ဆင္တတ္ေပမဲ့ ေသခ်ာေပါက္ ခ်မ္းသာတယ္လို႔ ဖုန္းတိုင္အေဆာက္အအုံရဲ႕ပိုင္ရွင္က ေျပာပါတယ္။ သူတို႔ရဲ႕ေလသံအရ ၿမိဳ႕ေတာ္ကလာတယ္လို႔ထင္ရပါတယ္။ သူတို႔က ဘဝင္တအားျမင့္ၿပီး မာနႀကီးတယ္လို႔ေျပာပါတယ္။ ကြၽန္ေတာ္ နည္းနည္းစုံစမ္းလိုက္ေတာ့ ၿမိဳ႕အေရွ႕ဘက္ကတည္းခိုေဆာင္မွာ သူတို႔ေရာက္ေနတာ ႏွစ္ရက္ရွိၿပီလို႔သိရပါတယ္။" လီဖုကျပန္ေျပာသည္။

'အဲ့ဒါ သူတို႔ပဲျဖစ္ရမယ္။' လင္းေက်ာက္ဝမ္က ေခတၱမွ်ေတြးကာေျပာလိုက္သည္။ "ငါနဲ႕အတူ အဲ့ဒိကို ေန႕လည္က်လိဳက္ခဲ့။ နိုးနိုးၾကားၾကားေနပါ။ ျပႆနာအရိပ္အေယာင္ေတြ႕တာနဲ႕ ငါတို႔ေတြထြက္သြားၾကမယ္။"

လီဖုကေခါင္းညွိတ္သည္။ "ကြၽန္ေတာ္ ဖုန္းတိုင္အေဆာက္အအုံကို ႀကိဳသြားၿပီး ျပင္ဆင္ထားရင္ေကာ။"

"ေကာင္းၿပီ။ မသိသာေစနဲ႕။"

"ကြၽန္ေတာ္ နားလည္ပါၿပီ။"

ေန႕လည္တြင္ ေထာင္ဖန္းက လင္းေက်ာက္ဝမ္ကို သူႏွင့္အတူေန႕လည္စာစားရန္ လာေခၚသည္။

"ကြၽန္ေတာ္ အားနာပါတယ္ အရာရွိႀကီး။ ဒီေန႕လည္က ကြၽန္ေတာ္ဖုန္းတိုင္အေဆာက္အအုံမွာ ခ်ိန္းထားတာရွိလို႔။" လင္းေက်ာက္ဝမ္ ျငင္းလိုက္ရသည္။

ေထာင္ဖန္းကၿပဳံးသည္။ "ဖုန္းတိုင္အေဆာက္အအုံမွာ ဒီေန႕လည္ခ်ိန္းထားတာလား။ မင္းစစ္သူႀကီးနဲ႕သြားေတြ႕မလို႔လား။"

"စစ္သူႀကီးမဟုတ္ပါဘူး။ ကြၽန္ေတာ္ျပန္ေရာက္ရင္ စစ္သူႀကီးကိုဂုဏ္ျပဳထမင္းစားပြဲအေၾကာင္း ေျပာလိုက္ပါ့မယ္၊ အရာရွိႀကီး။"

ေထာင္ဖန္းက ဝမ္းေျမာက္စြာရယ္သည္။ "အခု ငါတို႔အခ်င္းခ်င္းနားလည္သြားၿပီ။ ၾကည့္ရတာ ငါ့ရဲ႕အေတြးေတြကို မင္းမသိေအာင္ဖုံးထားလို႔မရဘူးပဲ။"

လင္းေက်ာက္ဝမ္က အလာပသလာပ ေျပာၿပီးေနာက္ ေထာင္ဖန္းကိုႏႈတ္ဆက္ကာ ႐ုံးေတာ္မွထြက္လာသည္။ အျပင္ဘက္တြင္ေစာင့္ေနေသာ လီဖုက လိုအပ္သည္မ်ားကိုျပင္ဆင္ၿပီးေၾကာင္း ေခါင္းညွိတ္ျပသည္။

လင္းေက်ာက္ဝမ္က သန္လ်င္းေပၚသို႔တက္ကာ ဖုန္းတိုင္အေဆာက္အအုံသို႔ထြက္သြားသည္။

"ေန႕လည္စာစားဖို႔လာတာပါလား၊ အရာရွိလင္း။"

"လူတစ္ခ်ိဳ႕က ငါ့ကိုဒုတိယလႊာကအခန္းတစ္မွာေစာင့္ေနတယ္။"

"အို..." ပိုင္ရွင္က အဓိပ္ပါယ် ပါပါေျပာကာ လင္းေက်ာက္ဝမ္ကို ေလသံတိုးတိုးျဖင့္ သတင္းေပးသည္။ "အဲ့ဒီလူသုံးေယာက္က မၾကာေသးမီကတည္းက ေရာက္လာၾကပါတယ္။ သူတို႔ေတြက အခန္းထဲေရာက္ေနၾကပါၿပီ။"

လင္းေက်ာက္ဝမ္က ေခါင္းညွိတ္ကာ အေပၚတက္သြားသည္။

လီဖုက စားေသာက္ဆိုင္ပိုင္ရွင္ကို လာဘ္ထိုးကာ ေက်းဇူးတင္လိုက္သည္။

ပိုင္ရွင္က ပိုက္ဆံကိုအျမန္သိမ္းကာ ထပ္ေျပာသည္။ "ဒီလူသုံးေယာက္က ေနာက္ခံေတာ္ေတာ္ေတာင့္ပုံပဲ။ သူတို႔ေတြဆီမွာရာထူးျမင့္တဲ့ေနာက္ခံရွိမွာကို ကြၽန္ေတာ္စိုးရိမ္မိတယ္။ အရာရွိလင္းေထာင္ေခ်ာက္မမိရေအာင္ သတိေပးေပးပါဦး။"

"အင္း၊ သတိေပးလိုက္ပါ့မယ္။" လီဖုက ျပန္ေျပာကာ အေပၚထပ္သို႔တက္သြားသည္။

ထန္းယန္ရွိလူမ်ားက လင္းမိသားစုဝင္မ်ားကို ယြီဝမ္ထုန္ေၾကာင့္ အလြန္ေလးစားသည္။ မေန႕ညက တိုက္ပြဲေၾကာင့္ သူတို႔ထိတ္လန့္ေနျခင္းေၾကာင့္သာ မဟုတ္လွ်င္ လူအမ်ားအျပားက လင္းမိသားစုစံအိမ္တံခါးေပါက္သို႔သြားကာ အထင္ကရစစ္သူရဲေကာင္းကို ရိုက်ိဳးမႈအားျပသည့္အေနျဖင့္ ဝပ္စင္းမိၾကလိမ့္မည္။

သို႔ေသာ္ လင္းမိသားစုမွလူမ်ားအတြက္ ၎သည္ အက်ပ္ရိုက္ေစ၏။

ဒုတိယအလႊာတြင္ လီဖုက အခန္းတစ္၏တံခါးကို လင္းေက်ာက္ဝမ္အတြက္ ေခါက္ေပးသည္။

"ေက်းဇူးျပဳၿပီး ဝင္လာခဲ့ပါ။" သီးသန့္ခန္းအတြင္းရွိ လူတစ္ေယာက္ကေျပာသည္။

လီဖုက တံခါးကိုဖြင့္ကာ သီးသန့္ခန္း ပတ္ပတ္လည္ကို အကဲခတ္လိုက္သည္။ အထဲတြင္ တကယ္ကိုလူသုံးေယာက္သာရွိသည္။ ကနဦးတြင္ သူတို႔အားလုံးကထိုင္ေနၾကၿပီး တံခါးပြင့္သြားေသာအခါမွသာ သူတို႔ထဲမွတစ္ေယာက္က ထလာသည္။

လီဖုက ေျခတစ္လွမ္းေနာက္ဆုတ္ကာ လင္းေက်ာက္ဝမ္အတြက္ လမ္းဖယ္ေပးလိုက္သည္။

"ငါ့ကို ဒီကိုေခၚလိုက္တာ မင္းတို႔လား။ ငါ့ရဲ႕မသိနားမလည္မႈအတြက္ စိတ္မရွိပါနဲ႕၊ ဒါေပမဲ့ မင္းတို႔ေတြကဘယ္သူေတြလဲဆိုတာကို ငါမသိဘူး။" လင္းေက်ာက္ဝမ္က ထိုလူသုံးေယာက္ ဘာမွမေျပာနိုင္ခင္ အရင္ေျပာလိုက္သည္။

လူသုံးေယာက္က အၾကည့္ဖလွယ္လိုက္ၿပီး အလယ္တြင္ထိုင္ေနသည့္၊ အရပ္ပုေသာ္လည္း ပိုအဟန့္ေကာင္းသည့္တစ္ေယာက္က လင္းေက်ာက္ဝမ္ကိုျပန္ေျပာသည္။ "ကြၽန္ေတာ္က ၿမိဳ႕ေတာ္က ယြီဝမ္မိသားစုရဲ႕အိမ္ႀကီးၾကပ္ က်ိဳးဖုေကြ႕ပါ။ ထုန္က်ီလင္းကို ဒီေနရာဆီ ဖိတ္ေခၚလိုက္ရတဲ့အတြက္ မေခ်မငံျဖစ္မိသြားပါတယ္။ ထုန္က်ီလင္းက ကြၽန္ေတာ့္အေပၚေဗြမယူဖို႔ေမွ်ာ္လင့္ပါတယ္။"

"ေကာင္းၿပီ၊ ငါ့မွာဆန့္က်င္စရာမရွိေပမဲ့ မင္းတို႔ေတြက ဘယ္သူဆိုတာကို ငါသံသယရွိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ငါ့အိမ္မွာ စစ္သူႀကီးရွိေနတယ္ဆိုတာကို သိတဲ့လူေတြက အမ်ားႀကီးပဲေလ။ တခ်ိဳ႕လူေတြကဆို ယြီဝမ္မိသားစုဝင္ေတြလိုဟန္ေဆာင္ၿပီး လက္ေဆာင္ပို႔ေစခ်င္ေနေသးတယ္။ မင္းတို႔ေတြက ဘယ္သူဆိုတာကို သက္ေသျပနိုင္မဲ့အရာရွိလား။" လင္းေက်ာက္ဝမ္က မယဥ္ေက်းေတာ့ဘဲ ေအးစက္စက္ေျပာလိုက္သည္။ သူက မထိုင္ဘဲ တံခါးနားတြင္သာ ရပ္ၾကည့္ေနသည္။

ဤသို႔မေဖာ္ေ႐ြေသာအမူအရာက တစ္ဖက္လူသုံးေယာက္၏မ်က္ႏွာအား စူပုပ္သြားေစသည္။ ႀကီးၾကပ္က်ိဳးကေမးသည္။ "ထုန္က်ီလင္းက ဘာဆိုလိုခ်င္တာပါလဲ။ ကြၽန္ေတာ္တို႔ကို လူလိမ္ေတြလို႔ သံသယဝင္ေနတာပါလား။"

"မင္းတို႔ေတြက တကယ္ကိုယြီဝမ္မိသားစုကလာတာဆိုရင္ ငါ့ကိုလင္းမိသားစုမွာလာေတြ႕တာက ပိုၿပီးအက်ိဳးအေၾကာင္းညီတယ္ေလ။ ဒါေပမဲ့ မင္းတို႔က ဒီေနရာမွာလာဖိတ္ၿပီး ခိုးေၾကာင္ခိုးဝွက္ပုံစံလုပ္ေနတယ္။ မင္းတို႔ကို လူလိမ္ေတြလို႔ ငါသံသယဝင္မိတာက ယုတၱိရွိတယ္ မဟုတ္လား။"

"မင္း၊ မင္းကငါတို႔ကိုဘယ္လိုလုပ္ လူလိမ္ေတြလို႔ စြပ္စြဲရဲရတာလဲ။" ႀကီးၾကပ္က်ိဳး၏ေဘးတြင္ရပ္ေနေသာလူက ဟိန္းေဟာက္သည္။ "မင္းကိုယ္မင္း ဘယ္သူလို႔ထင္ေနတာလဲ။ ရာထူးနိမ့္တဲ့အမႈထမ္းကမ်ား။ ငါတို႔ကို အထင္ေသးဖို႔ ဘယ္သူကမင္းကိုသတၱိေပးလိုက္တာလဲ။"

"ငါက ရာထူးနိမ့္တဲ့အမႈထမ္းပဲျဖစ္ျဖစ္၊ ထိပ္သီးအမတ္ပဲျဖစ္ျဖစ္ လူလိမ္ေတြကို ယဥ္ေက်းေနမွာ မဟုတ္ဘူး။ ဒီေတာ့ မင္းတို႔က လူလိမ္ေတြလား၊ တကယ့္ယြီဝမ္မိသားစုကလူေတြလားဆိုတာကိုသာ ေျပာ။ ငါ့ကိုသက္ေသတစ္ခ်ိဳ႕ျပ။"

"မိုက္ရိုင္းလိုက္တာ။ လင္းေက်ာက္ဝမ္ မင္းရဲ႕အဲ့ဒိသေဘာထားကို ဖယ္လိုက္ရင္ေကာင္းမယ္။"

လင္းေက်ာက္ဝမ္က ေလွာင္ကာ အျပစ္ဆိုလိုက္သည္။ "ဒီေတာ့ မင္းတို႔ဆီမွာသက္ေသမရွိဘူးေပါ့။ ဒါဆို မင္းတို႔ေတြက ယြီဝမ္မိသားစုကလူေတြအျဖစ္ဟန္ေဆာင္တဲ့အမႈနဲ႕ တရားရင္ဆိုင္ရဖို႔ အက်ဥ္းခ်ခံရလိမ့္မယ္။ မင္းတို႔က သတၱိေတာ့ေတာ္ေတာ္ရွိတာပဲ။"

Continue Reading

You'll Also Like

COTAW(2) By Blueberry

Historical Fiction

141K 25.5K 122
Book1က wallထဲမှာရှိပါတယ်နော်
95K 7.7K 147
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
52.3K 3.6K 47
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
62.1K 9.4K 97
reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှီပြီးရန် ကြိုးစားနေသော ကုဟွိုက်က ကူးပြော...