ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

999K 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

132

3.2K 589 20
By Vanilla_IceCream61

ကိုယ့်ကို လက်ထပ်ပါ။
...........................

'လူတိုင်းက ကိုယ့်အကြိုက်နဲ့ကိုယ်ပဲ ဟုတ်လား။ သူဘာတွေ တွေးနေတာလဲ။'

လင်းကျန်မှာ ထိုစကားကိုစဉ်းစားမိရုံနှင့်  နှလုံးခုန်မြန်လာကာ ပါးများထူပူနေပြီး တည်ငြိမ်မှုပျောက်သွားသည်။ ယွီဝမ်ထုန် သူနှင့်ပရောပရည်လုပ်တိုင်းတွင် သူရှက်ကိုးရှက်ကန်းဖြင့် ထွက်ပြေးလာရသည့်အဖြစ်ကြောင့် စိတ်တိုမိသည်။ လင်းကျန်က သူ တစ်ခုခုပြောသင့်သည်ဟု ယုံကြည်သော်လည်း ယွီဝမ်ထုန်ကဲ့သို့ ပရောပရည်လုပ်ခြင်းက ရှက်စရာကောင်းလွန်းသည်။ 'ငါက အဲ့ဒိလူရမ်းကား စစ်သူကြီးထက် ပိုသာတယ်။'

"သခင်လေးခင်ဗျ။" လင်းကျန်ထံသို့ ညဉ့်လယ်စာလာပို့သည့် ရှားဖုန်းက လင်းကျန်၏မျက်နှာတွင် ပြုံးလိုက်၊ မျက်မှောင်ကြုတ်လိုက်ဖြင့် အမူအရာအမျိုးမျိုးပြောင်းလဲနေသည်ကိုတွေ့သောအခါ အံ့ဩသွားသည်။ သူ၏သခင်လေးနှင့်ပက်သက်၍ တစ်ခုခုအဆင်မပြေဖြစ်နေမည်ကို သူစိုးရိမ်မိသည်။ 'မနေ့ညက တိုက်ပွဲမှာ သခင်လေး တအားစိတ်ထိခိုက်သွားတာများလား။'

"သခင်လေး၊ အဆင်ပြေရဲ့လား။ မနေ့ညက တိုက်ပွဲမှာ သခင်လေး တအားကြောက်သွားတာပါလား။ သခင်လေးရဲ့သွေးခုန်နှုန်းကိုစမ်းဖို့ ကျွန်တော် သမားတော်လင်ကို သွားပင့်လိုက်ပါ့မယ်။" ရှားဖုန်းက ညလယ်စာကို သယ်လာရင်း စိုးရိမ်ပူပန်စွာမေးသည်။

လင်းကျန်က ရှားဖုန်း၏ ထိတ်လန့်နေသောလေသံကိုကြားသောအခါ ယွီဝမ်ထုန်၏ထိုစကားအကြောင်း မတွေးတော့သဖြင့် နှလုံးခုန်မမြန်တော့သကဲ့သို့ မျက်နှာလည်းမပူတော့ပေ။ သူက ခပ်တည်တည်မျက်နှာထားဖြင့် တည်ငြိမ်စွာပြောလိုက်သည်။ "ငါ အဆင်ပြေပါတယ်။ သမားတော်လင်ကို သွားပင့်စရာမလိုဘူး။"

'သမားတော်လင်သာ ဒီကိုညဉ့်နက်ချိန်ကြီးမှာရောက်လာပြီး အလကားလာလိုက်ရမှန်းသိသွားရင် ဘယ်လောက်သဘောကောင်းကောင်း ဒေါသထွက်မှာပဲ။' လင်းကျန်ကတွေးသည်။

လင်းကျန်ပုံမှန်အတိုင်းဖြစ်သွားကာ မျက်နှာထားတည်ငြိမ်သွားသည်ကို ရှားဖုန်းမြင်သောအခါမှ စိတ်သက်သာရာရကာသက်ပြင်းချမိသည်။ သူက ညလယ်စာဗန်းကို လင်းကျန်၏ရှေ့တွင်ချပေးလိုက်သည်။ "သခင်လေး အဆင်ပြေတယ်ဆို ကျွန်တော်ဝမ်းသာပါတယ်။ ညလယ်စာ သုံးဆောင်ပါဦး။"

လင်းကျန်က အသေးစိတ်ပြင်ဆင်ထားသော ညလယ်စာများကိုကြည့်ကာ ခေါင်းညှိတ်ပြလိုက်သည်။

သူက ယွီဝမ်ထုန်နှင့် မကြာသေးခင်ကမှ ညစာစားခဲ့ပြီး ဗိုက်သိပ်မဆာသော်လည်း ညလယ်စာမွှေးမွှေးကို မလွန်ဆန်နိုင်ပေ။

"ကျွန်တော် မနေ့ညက အပြင်ထွက်ပြီး တိုက်ခိုက်နေတုန်း အိမ်မှာ အရာရာအဆင်ပြေရဲ့လား။" လင်းကျန်က မေးပြီးနောက် နူးညံ့ချောမွေ့သော မုန်လာဥဖြူလုံးကို သက်တောင့်သက်သာယူကာ ပါးစပ်ထဲထည့်လိုက်သည်။

"အစတုန်းကတော့ လူတိုင်းက ဆူညံသံတွေကိုကြားပြီး လန့်ဖျပ်သွားကြပါတယ တချို့က အပြင်ထွက်ပြီး စနည်းနာချင်ပေမဲ့ ခေါင်းဆောင်ဝမ်နဲ့အဖွဲ့က သူတို့ကိုတားလိုက်ပါတယ်။ ဒုသခင်ကြီးရှိတဲ့အတွက် အစေခံတွေ မကြာခင် တည်ငြိမ်သွားပြီး တံခါးအားလုံးကိုပိတ်လိုက်ပါတယ်။ အစောင့်တွေက ဓားရှည်နဲ့တခြားလက်နက်တွေကိုကိုင်ပြီး စံအိမ်ကိုစောင့်ကြပ်နေခဲ့ပါတယ်။ လူဆိုးတစ်ချို့က လူတိုင်းအထိတ်တလန့်ဖြစ်နေကြတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ပိုက်ဆံလာတောင်းပေမဲ့ ကျွန်တော်တို့တွေ မောင်းထုတ်လိုက်ပါတယ်။"

လင်းကျန်မှာ သူ၏အစေခံများက ဤသို့သတ္တိရှိနေသည့်အတွက် အနည်းငယ်အံ့ဩမိသည်။

"မင်းတို့အားလုံး ကောင်းကောင်းလုပ်ခဲ့ပါတယ်။ မနက်ဖြန်မနက်ကျရင် ကြေငြာချက်တစ်ခုထုတ်လိုက်။ အစေခံတိုင်းက သူတို့ရဲ့ ထိုက်သင့်တဲ့လုပ်ဆောင်ချက်ကြောင့် ငွေတုံးသုံးတုံး၊ အကြီးအကဲတိုင်းက ငွေတုံးလေးတုံး၊ အစောင့်တိုင်းက ငွေတုံးဆယ်တုံး ချီးမြှင့်ခံရမယ်။ ငွေကို ငါ့ရဲ့ကိုယ်ပိုင်ဥစ္စာထဲက ထုတ်ပေးလိုက်။"

ရှားဖုန်၏မျက်လုံးများ အနည်းငယ်တောက်ပသွားသော်လည်း သူကတည်တည်ငြိမ်ငြိမ်ပင်။ "သခင်လေးရဲ့ ရက်ရောမှုအတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော် မနက်ဖြန်ကျရင် ဆောင်ရွက်လိုက်ပါ့မယ်။ ဒါနဲ့ ဝူအားနျိုကို လွှတ်ပေးလိုက်ရမလားဆိုပြီး ကြီးကြပ်ဟယ်က မေးလိုက်ပါတယ်။"

'ဝူအားနျိုလား၊ ငါ သူ့ကိုမေ့တော့မလို့။'

"သူ့ကို လွှတ်ပေးလိုက်။ သူ့ကိုဒီမှာဖမ်းထားတာက စားစရာပဲကုန်တယ်။"

'သူ့ကို လွှတ်လိုက်မှ ငါဒေါသမထွက်မှာ။ ငါဒေါသထွက်ရင် စိတ်ပြောင်းသွားနိုင်တယ်။' သူတွေးသည်။

ရှားဖုန်းက ဖြေသည်။ "ဟုတ်ကဲ့ပါ၊ သခင်လေး။" လင်းကျန် လက်စသတ်ပြီးနောက် ရှားဖုန်းက ဗန်းကိုယူကာထွက်သွားသည်။

လင်းကျန်က ရှားဖုန်းအခန်းထဲမှထွက်သွားသည်နှင့်  သက်ပြင်းချကာ မျက်နှာကြောလျော့သွားသည်။ ထို့နောက် သူမေ့ထားသောကိစ္စက စိတ်ထဲတွင်ပြန်ပေါ်လာသည်။ သူတစ်ခုခုအကြောင်း မတွေးချင်လေလေ ထိုသို့မလုပ်ရန် ပိုခက်ခဲလေလေပင်။

သူ့ကို သဘောရှိပြောဆိုဝံ့သော ထိုလူရမ်းကားယွီဝမ်ထုန်က ယခုအချိန်တွင် ဘာလုပ်နေသနည်း။

"မင်း ကိုယ့်ကို လွမ်းနေတာလား။"

တိုက်တိုက်ဆိုင်ဆိုင်ပင် ယွီဝမ်ထုန်၏အသံထွက်လာသဖြင့် လင်းကျန် အံ့အားသင့်ကာ တံခါးဘက်သို့ကြည့်လိုက်ရာ ယွီဝမ်ထုန်က ထိုနေရာတွင် တကယ်ရပ်နေသည်ကို သူတွေ့လိုက်ရသည်။ သူ ဘာအသံမှမကြားလိုက်ရသဖြင့် ယွီဝမ်ထုန်မည်သည့်အချိန်ကရောက်လာမှန်း မသိချေ။

"အတွေးလွန်မနေပါနဲ့။ ကျွန်တော်က တခြားဟာကိုစဉ်းစားနေတာ။" လင်းကျန်က တွေးပင်မတွေးဘဲ ပြောလိုက်သည်။ ယွီဝမ်ထုန်သာ သူ သူ့အကြောင်းတွေးနေသည်ကိုသိလျှင် မဟုတ်တရုတ်များပြောတော့မည်ကို လင်းကျန်သိသဖြင့် မပြောတော့ပေ။

ယွီဝမ်ထုန်၏မျက်နှာပေါ်တွင် ဝမ်းနည်းနေပုံပေါ်လာသည်။ "ကိုယ်က မင်းကိုနေ့တိုင်းလွမ်းနေတာ။ မင်းကကျ ကိုယ့်အကြောင်းကို တွေးတောင် မတွေးချင်ဘူးလား။"

လင်းကျန်ရှက်ကာ ပြောစရာမဲ့သွားသည်။

"ယွီဝမ်ထုန် ဒီနေ့ ဘာဖြစ်နေတာလဲ။ သူဘာလို့ ငါနဲ့ပရောပရည်ချည်း လာလုပ်နေတာလဲ။'

"ခင်ဗျား ဒီကိုဘာလို့ရောက်လာတာလဲ။"

လင်းကျန်က သူ၏အမေးအားလျစ်လျူရှုလိုက်သည်ကို ယွီဝမ်ထုန်တွေ့သောအခါ ယခုတစ်ကြိမ်တွင် လင်းကျန်အား လွယ်လွယ်နှင့် စကားလမ်းကြောင်းလွှဲခွင့် မပေးတော့ဟု သူဆုံးဖြတ်လိုက်သည်။

"မင်းမရှိရင် ဝါးစိမ်းစံအိမ်ကြီးက အေးစက်ပြီးခြောက်ကပ်နေသလိုပဲ။ ကိုယ် ဝါးစိမ်းစံအိမ်မှာ ဒီတစ်လျှောက်လုံး တစ်ယောက်တည်း နေခဲ့ရတယ်။ ကိုယ်အခုသည်းမခံနိုင်တော့ဘူး။ ကိုယ်တို့မြို့တော်ကိုရောက်ရင် မင်းကိုယ့်အိမ်ကိုပြောင်းလာသင့်တယ်လို့ ကိုယ်ထင်တယ်။ မင်းရဲ့အစောင့်တွေကို ဘေးအိမ်မှာထားလို့ရတယ်။"

'ဒီလူက မရောင့်ရဲတတ်ဘူးလား။ အရင်တုန်းကတော့ ငါ့ကိုယွီဝမ်မိသားစုရဲ့ခြံထဲမှာနေဖို့ခေါ်တယ်။ အခုကျ ငါ့ကိုသူနဲ့တူတူနေစေချင်နေပြန်ပြီ။' လင်းကျန်က ယွီဝမ်ထုန်ကို တည့်တည့်စိုက်ကြည့်ကာပြောလိုက်သည်။ "ကျွန်တော်တို့တွေက လက်ထပ်ထားတာမဟုတ်ဘူး။"

"ဒါဆို ကိုယ်တို့တွေ မြို့တော်ကိုရောက်ရင် အရင်လက်ထပ်လိုက်မယ်လေ။"

"ကျွန်တော်က ခင်ဗျားကိုလက်ထပ်မယ်လို့ ပြောမိလား။"

"ကိုယ်တို့ အရင်ဆုံးလက်မထပ်ရင် ဘယ်လိုလုပ်အတူတူနေလို့ရမှာလဲ။"

"ကျွန်တော် ခင်ဗျားနဲ့တူတူနေမယ်လို့ ဘယ်သူပြောတုန်း။"

"ကိုယ်တို့က စေ့စပ်ထားမှာတော့ မကြာခင်ကျ လက်ထပ်ပြီး တူတူနေရမှာပဲ။ ဘာလို့ စောစောတည်းက မစီစဉ်ရမှာလဲ။ စောင့်နေရတာ အချိန်ပုပ်တယ်မလား။"

"ကျွန်တော် သဘောမတူဘူး။"

"ဘာလို့လဲ။ မင်းက ကိုယ်တို့ကို တစ်ယောက်ယောက် လာတားမှာကို စိုးရိမ်နေတာလား။"

"ကျွန်တော်ခင်ဗျားကို လက်ထပ်ချင်သလားဆိုတာကိုတောင် မစဉ်းစားရသေးဘူး။"

"မင်းက ကိုယ့်နှလုံးသားကို ခိုးသွားပြီးတော့ ကိုယ့်ကိုစွန့်ပစ်လိုက်တာလား။"

လင်းကျန်က စားပွဲပေါ်မှစက္ကူဖိကိုယူကာ ယွီဝမ်ထုန့်ထံသို့ပစ်ပေါက်လိုက်ရာ ယွီဝမ်ထုန်က ၎င်းကိုလွယ်လွယ်နှင့်ဖမ်းလိုက်သည်။

လင်းကျန်၏မျက်နှာက ဒေါသနှင့်ရှက်စိတ်ကြောင့် နီရဲနေရာ ဖယောင်းတိုင်မီးရောင်အောက်တွင် လှပသောကျောက်စိမ်းရုပ်ကလေးနှင့်တူသွားစေသည်။ မဟုတ်ပေ၊ ကျောက်စိမ်းရုပ်သည် သူ့လောက်ပင် ဆွဲဆောင်မှုမရှိချေ။

ယွီဝမ်ထုန်မှာ လင်းကျန်က သူ့အား တလက်လက်တောက်ပနေသောမျက်ဝန်းများဖြင့် ကြည့်လိုက်သောအခါ လင်းကျန်ကိုသာငေးမိနေသဖြင့် စက္ကူဖိအား မဖမ်းမိတော့မလိုဖြစ်သွားရသည်။

လင်းကျန်က ယွီဝမ်ထုန်မှ မဟုတ်တရုတ်စကားများ ဆက်မပြောရန် စက္ကူဖိကိုပစ်လိုက်သော်လည်း မမျှော်လင့်ထားစွာဖြင့် ဆန့်ကျင်ဘက်ဖြစ်သွားပုံပင်။ ယွီဝမ်ထုန်က သူ့မျက်နှာပေါ်တွင် ပန်းပွင့်နေသကဲ့သို့ မျက်တောင်မခတ်ငေးနေသည်။

လင်းကျန် ရှက်သွားသည်။

ထိုင်ခုံက ရုတ်တရက်ပူလာကာ သူထိုင်မရထမရဖြစ်လာသည်။ သူနှလုံးခုန်မြန်ကာ မျက်နှာပိုပူလာသည်။

"ခင်ဗျား ကြည့် လို့ ဝ ပြီ လား။"  လင်းကျန်က ခြိမ်းခြောက်သောလေသံဖြင့် တစ်လုံးချင်းပြောသည်။

ယွီဝမ်ထုန်က ဤစကားကိုကြားသောအခါ သူ၏ထက်သန်သောအကြည့်ကို အနည်းငယ်လွှဲဖယ်ကာ စက္ကူဖိကိုကိုင်ရင်း လျှောက်လာသည်။ သူက စက္ကူဖိကို အောက်မချဘဲ ညင်သာစွာကစားနေသည်။ "ကိုယ်မင်းကိုဘယ်တော့မှ ကြည့်လို့ဝမှာမဟုတ်ဘူး။"

လင်းကျန်မှာ စက္ကူဖိအား ယွီဝမ်ထုန်ကစားနေပုံကိုကြည့်ရင်း မျက်နှာပိုပူလာသည်။ သူက ယွီဝမ်ထုန်၏လက်ထဲမှစက္ကူဖိကိုဆွဲယူလိုက်ပြီး စားပွဲပေါ်တွင် ပြန်ချထားလိုက်သည်။ "ခင်ဗျား ဒီလိုညဉ့်နက်ကြီးရောက်လာရတာက ကျွန်တော်ရှက်အောင် ဒီစကားတွေကို အရသာခံပြီးပြောပြဖို့လား။"

"ဟာ၊ မင်းကအဲ့လိုထင်နေရင် ကိုယ်ဝမ်းနည်းတာပေါ့။ မင်းက ကိုယ့်ရဲ့ဆန့်ကျင်ဘက်ကိုပဲ ယိမ်းနေတယ်လို့ ကိုယ်ထင်တယ်။ ကိုယ်က ဒါကိုအရသာခံပြီးပြောတာမဟုတ်ပါဘူး။ တကယ့်အကြောင်းပြချက်ကို မင်းသိပါတယ်။"

လင်းကျန် မည်သို့ပြန်ပြောရမည်မှန်း မသိချေ။

"ကျွန်တော် အိပ်ရာဝင်တော့မယ"

"ခုနလေးတင် နိုးလာတာကို အခုပြန်အိပ်နိုင်သေးတယ်ပေါ့။"

ယွီဝမ်ထုန်၏ ဤမဟုတ်တရုတ်စကားများကို နားထောင်ရသည်ထက် အိပ်ရာထဲတွင်မျက်စိကြောင်ကာလှဲနေရခြင်းက ပိုကောင်းမည်ဟု လင်းကျန်ခံစားရသည်။ 'ဒီလူက လူကြီးလူကောင်းမဟုတ်ဘူးပဲ။'

"မင်း အိပ်မပျော်မှန်း ကိုယ်သိတယ်။ လာ၊ လမ်းခဏလျှောက်ရအောင်။"

လင်းကျန်က သူ့ကိုဇဝေဇဝါဖြင့်ကြည့်သည်။ "ဘယ်သွားမလို့လဲ။"

"ကြယ်တွေလတွေကို မျက်စိအစာကျွေးနိုင်တဲ့နေရာလေ။"

လင်းကျန် ပြောစရာမဲ့သွားသည်။

'ကြယ်တွေလတွေကိုကြည့်ရတာက ဘာကောင်းလို့လဲ။ ငါ့မှာစီစဉ်စရာတွေအများကြီးရှိတယ်။'

သူထိုသို့ယုံနေသော်လည်း သတိပြန်ဝင်လာသောအခါ သူက ကြယ်များလများစုံသောညကောင်းကင်အောက်ရှိ ခေါင်မိုးပေါ်၌ ယွီဝမ်ထုန်နှင့်အတူ လဲလျောင်းနေသည်။

ယွီဝမ်ထုန်က အရက်တစ်အိုးကိုလည်းယူလာသည်။ "မြည်းကြည့်။ ယောင်ရိက ဒီဟာကို မြို့တော်ကနေယူလာတာ။ ဒါက သင်းရနံ့အရက်လုပ်ငန်းက နောက်ဆုံးထုတ်လိုက်တဲ့ မက်မွန်ပွင့်ချပ်အရက်လေ။ ဒါက နည်းနည်းပြင်းလို့ တဂွက်ဂွက်မော့မသောက်လိုက်နဲ့။"

လင်းကျန်က အရက်အိုးကိုယူကာ တစ်ငုံမြည်းကြည့်လိုက်သည်။ ပြည့်စုံသော အရက်အရသာက သူ၏လည်ချောင်းနှင့်နှာခေါင်းထဲသို့ ချက်ချင်းပျံ့နှံ့သွားသည်။ သူ အရက်ကိုမျိုချကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ အရက်နှင့်ထိသွားသောနေရာများက ပူနေသော်လည်း ကသိကအောက်မဖြစ်ပေ။

"ကောင်းလား။"

"မဆိုးပါဘူး။"

"သင်းရနံ့အရက်လုပ်ငန်းရဲ့ပိုင်ရှင်က ကိုယ့်အဖိုးရဲ့ငယ်သားဖြစ်ဖူးတယ်လေ။ ကိုယ်နယ်စပ်မှာကွပ်ကဲနေတုန်းကဆို သူက ကိုယ့်ဆီကို နှစ်တိုင်းအရက်အိုးတစ်သုတ်ပို့ပေးတယ်။ လွန်ခဲ့တဲ့ရက်က ကိုယ်မြို့တော်ကိုပြန်လာတော့မယ်ဆိုတာကို သူကြားပြီးတော့ ကိုယ့်ခြံထဲကိုအရက်နည်းနည်းပို့ပေးလိုက်တယ်။ ကိုယ်တို့လက်ထပ်တဲ့နေ့ကျရင် အရက်တွေထပ်ပို့ပေးမယ်လို့လည်း သူပြောတယ်။"

လင်းကျန် နောက်တစ်ငုံထပ်သောက်မိသည်။ အရက်ကသိပ်အရသာရှိ၍ဖြစ်မည်။ သူလက်ထပ်ရန် ဘယ်တော့မှသဘောတူမည်မဟုတ်ဟု ယွီဝမ်ထုန်ကိုထပ်မံ၍သတိမပေးတော့ဘဲ လေးတွဲ့တွဲ့တုန့်ပြန်လိုက်သည်။ "အွန်း။"

ယွီဝမ်ထုန်က သူ့ကိုခေါင်းလှည့်ကြည့်သည်။ "မင်းတကယ် အိပ်ငိုက်လာပြီလား။"

"ဟင့်အင်း။ ဒီကြယ်တွေလတွေက တော်တော်လှသားပဲ။"

ထို့အပြင် သူသက်တောင့်သက်သာဖြစ်နေသည်။

"ခင်ဗျားကို ကျေးဇူးတင်ပါတယ်။"

"ဘာအတွက်လဲ။ မင်း ဘာလို့ ကိုယ့်ကိုဒီလိုအခြေအနေမျိုးမှာ ကျေးဇူးတင်နေတာလဲ။"

"ခင်ဗျားကြောင့်သာမဟုတ်ရင် ကျွန်တော် ကျန်ချောင်းကိုဆွဲချဖို့ ဘယ်လောက်ကြာမလဲမသိဘူး။ အရာအားလုံးအဆင်ပြေပြေဖြစ်သွားတာက ခင်ဗျားကူညီပေးခဲ့တာကြောင့်ပဲ။ ခင်ဗျားက ကျေးဇူးပြန်ဆပ်တာလို့ ပြောဖူးပေမဲ့ ခင်ဗျားကျွန်တော်တို့ကို ပြန်ပေးတဲ့ဟာက ခင်ဗျားကျေးဇူးရှိတာထက် အများကြီးပိုတယ်။"

"မင်းကတော်တော်တွက်နေတာမဟုတ်လား။ တကယ်တော့ ကိုယ်ကကျေးဇူးပြန်ဆပ်ရုံပဲမဟုတ်ဘူး။ ကိုယ်ဒီလိုလုပ်ရတဲ့အကြောင်းရင်းထဲမှာ မင်းကလည်းတစ်စိတ်တစ်ပိုင်းပါတယ်။"

"ကျေးဇူးပဲ။"

"မင်းကိုယ့်ကို တကယ်ကျေးဇူးတင်ချင်လား။"

ယွီဝမ်ထုန်က ကိုယ်အပေါ်ပိုင်းကိုကြွကာ သူ့ကို ရုတ်တရက်လှည့်ကြည့်သည်။

လင်းကျန်က ခေါင်းလှည့်ကာပြန်ကြည့်သည်။ "ဒါပေါ့။"

"ဒါဆို မင်းမျက်လုံးတွေကိုပိတ်လိုက်။"

လင်းကျန်က ယွီဝမ်ထုန်ကို ခေတ္တမျှကြည့်ကာ တစ်ဖက်လူပြောသည့်အတိုင်း မျက်လုံးမှိတ်လိုက်သည်။

ခဏအကြာတွင် ယွီဝမ်ထုန်က သူ့အနားတိုးလာကာ သူ့အပေါ်နှုတ်ခမ်းအကိုက်ခံရသည်ကို ခံစားရသည်။ ထို့နောက် သူ၏နှုတ်ခမ်းနှစ်လွှာမှာ အခြားနှုတ်ခမ်းနှစ်လွှာထံတွင် မြဲမြဲအခဲခံလိုက်ရသည်။ ထို့နောက် နူးညံ့သော်လည်း ထက်သန်သောလျှာက သူ၏အပေါ်သွားနှင့်အောက်သွားကိုခွဲကာ သူ၏လျှာကိုပါ လာနှိုးဆွသည်။

သူတို့နှစ်ယောက်လုံး၏ခံတွင်းအတွင်းတွင် အရက်နံ့သင်းနေသည်။ မက်မွန်ပွင့်ချပ်အရက်က သောက်သုံးသူကိုပင်မက လာနမ်းသူကိုပါမူးယစ်စေသည်။

ဤအနမ်းမှာ သူတို့နှစ်ယောက်နမ်းဖူးသမျှထဲတွင် အယစ်မူးစေဆုံးအနမ်းဖြစ်သည်။ ယွီဝမ်ထုန်က လက်နှစ်ချောင်းဖြင့်ထောက်ကန်ကာ လင်းကျန်ပေါ်တွင်နေ၍ အေးမြသောညလေညှင်းကို ကာကွယ်ပေးထားပြီး သူ၏နွေးထွေးသောကိုယ်ငွေ့က လင်းကျန်ကို အိစက်သောစောင်အတွင်း ထုပ်ပိုးခံထားရသကဲ့သို့ ခံစားရစေသည်။

ဟုတ်သည်။ တကယ်ယစ်မူးစေသည်မှာ အနမ်းပင်။ တဖြည်းဖြည်းနှင့် ယွီဝမ်ထုန်၏ညင်သာသော လျှာလှုပ်ရှားမှုက အရိုင်းဆန်လာပြီး လင်းကျန်၏လျှာသည်လည်း အလိုအလျောက်သဘောတူကာ လိုက်လျောလာသည်။

အချိန်အနည်းငယ်ကြာသွားမှသာ သူတို့နှစ်ယောက်၏လျှာများ အနည်းငယ်ကွာသွားသည်။

ယွီဝမ်ထုန်က လင်းကျန်ကို လေးလေးနက်နက်စိုက်ကြည့်နေသည်။ "ကိုယ့်ကို လက်ထပ်ပါ။"

လင်းကျန်က သူ့ကိုတိတ်ဆိတ်စွာငေးကြည့်နေသည်။ ရှည်လျားသောအနမ်းကြောင့် သူ၏မျက်ဝန်းများထဲတွင် မျက်ရည်ဝဲနေပြီး ကြယ်ရောင်နှင့်ယွီဝမ်ထုန်၏ပုံရိပ်တို့ ထင်ဟပ်နေသည်။ ယွီဝမ်ထုန်မှာ ထိုမျက်ဝန်းများကိုစိုက်ကြည့်မိသောအခါ ဆန္ဒကိုမလွန်ဆန်နိုင်ဘဲ ထပ်၍ငုံ့နမ်းလိုက်သည်။

ခေတ္တမျှကြာပြီးနောက် လင်းကျန်က သူ့နှုတ်ခမ်းများကိုခွာကာ အသက်ပြင်းပြင်းရှူ၍ ထိန်းညှိပြီးနောက် ပြန်ပြောလိုက်သည်။ "ကျွန်တော် အဲ့အကြောင်းကို သေချာတွေးနေပါတယ်။ ကျွန်တော် အနာဂတ်မှာနောင်တရမဲ့ ဆုံးဖြတ်ချက်မျိုးကို အလောတကြီးမချချင်ဘူး။ ကျွန်တော် ခင်ဗျားနဲ့အတူမြို့တော်ကိုလိုက်ခဲ့မယ်လို့ ကတိပေးပြီးမှတော့ ကျွန်တော်သေချာတွေးရအောင် ဘာကြောင့်အချိန်နည်းနည်းလောက် ထပ်မပေးလဲ။"

"ကောင်းပြီ။ မင်းဒါတွေအားလုံးကို အဖြေရှာပြီးတဲ့အထိ ကိုယ်စောင့်ပါ့မယ်။" ယွီဝမ်ထုန်က သူ့ကိုသေချာစိုက်ကြည့်ကာပြောသည်။ သူက ဟင့်အင်းဟူသည့်အဖြေကို လက်ခံမည်မဟုတ်ပေ။ လင်းကျန် သူ့ကိုလက်ခံစေရန် သေချာပေါက်လုပ်မည်။ လင်းကျန်က သူ့ကိုကြာရှည်စွာ မစောင့်ခိုင်းရန် မျှော်လင့်၏။

"ခင်ဗျား ထပ်စောင့်ဖို့အဆင်သင့်ပဲလား။" လင်းကျန်က သူ့ကိုတစ်ချက်တွန်းလိုက်သည်။ ယွီဝမ်ထုန့်ထံမှဤသို့ငေးကြည့်ခံနေရလျှင် သူစိတ်ငြိမ်ရန်အလွန်ခက်ခဲသည်။

ယွီဝမ်ထုန်ကနှုတ်ခမ်းကော့ကာ ခေါင်းငုံ့လာသည်။ "ထပ်နမ်းရအောင်။"

ထို့နောက် သူတို့ထပ်နမ်းကြပြီး ၎င်းကသူတို့ယခုလေးတင်နမ်းခဲ့သောအနမ်းထက် ပိုကြာသည်။ ဤအနမ်းကအလွန်ကြာနေရာ ယွီဝမ်ထုန်က အရုဏ်တက်ချိန်အထိရပ်တော့မည်မဟုတ်ဟုပင် လင်းကျန်ထင်မိလိုက်သည်။ အနမ်းအဆုံးသတ်သွားသောအခါ သူကယွီဝမ်ထုန်ကို လွှတ်ပေးရန်မလိုလားစွာ ဖက်ထာသည်။

"ဒီလိုပဲနေ။ မင်းအိပ်ချင်ရင်အိပ်လို့ရတယ်။ ကိုယ်မင်းကိုပြန်ခေါ်သွားပေးမယ်။"

သူမည်သည့်နေရာသို့ခေါ်ဆောင်သွားကာ အတူတူအိပ်မည့်ကိစ္စကား သူ့အပေါ်တွင် မူတည်လိမ့်မည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ကိုယ့္ကို လက္ထပ္ပါ။
...........................

'လူတိုင္းက ကိုယ့္အႀကိဳက္နဲ႕ကိုယ္ပဲ ဟုတ္လား။ သူဘာေတြ ေတြးေနတာလဲ။'

လင္းက်န္မွာ ထိုစကားကိုစဥ္းစားမိ႐ုံႏွင့္  ႏွလုံးခုန္ျမန္လာကာ ပါးမ်ားထူပူေနၿပီး တည္ၿငိမ္မႈေပ်ာက္သြားသည္။ ယြီဝမ္ထုန္ သူႏွင့္ပေရာပရည္လုပ္တိုင္းတြင္ သူရွက္ကိုးရွက္ကန္းျဖင့္ ထြက္ေျပးလာရသည့္အျဖစ္ေၾကာင့္ စိတ္တိုမိသည္။ လင္းက်န္က သူ တစ္ခုခုေျပာသင့္သည္ဟု ယုံၾကည္ေသာ္လည္း ယြီဝမ္ထုန္ကဲ့သို႔ ပေရာပရည္လုပ္ျခင္းက ရွက္စရာေကာင္းလြန္းသည္။ 'ငါက အဲ့ဒိလူရမ္းကား စစ္သူႀကီးထက္ ပိုသာတယ္။'

"သခင္ေလးခင္ဗ်။" လင္းက်န္ထံသို႔ ညဥ့္လယ္စာလာပို႔သည့္ ရွားဖုန္းက လင္းက်န္၏မ်က္ႏွာတြင္ ၿပဳံးလိုက္၊ မ်က္ေမွာင္ၾကဳတ္လိုက္ျဖင့္ အမူအရာအမ်ိဳးမ်ိဳးေျပာင္းလဲေနသည္ကိုေတြ႕ေသာအခါ အံ့ဩသြားသည္။ သူ၏သခင္ေလးႏွင့္ပက္သက္၍ တစ္ခုခုအဆင္မေျပျဖစ္ေနမည္ကို သူစိုးရိမ္မိသည္။ 'မေန႕ညက တိုက္ပြဲမွာ သခင္ေလး တအားစိတ္ထိခိုက္သြားတာမ်ားလား။'

"သခင္ေလး၊ အဆင္ေျပရဲ႕လား။ မေန႕ညက တိုက္ပြဲမွာ သခင္ေလး တအားေၾကာက္သြားတာပါလား။ သခင္ေလးရဲ႕ေသြးခုန္ႏႈန္းကိုစမ္းဖို႔ ကြၽန္ေတာ္ သမားေတာ္လင္ကို သြားပင့္လိုက္ပါ့မယ္။" ရွားဖုန္းက ညလယ္စာကို သယ္လာရင္း စိုးရိမ္ပူပန္စြာေမးသည္။

လင္းက်န္က ရွားဖုန္း၏ ထိတ္လန့္ေနေသာေလသံကိုၾကားေသာအခါ ယြီဝမ္ထုန္၏ထိုစကားအေၾကာင္း မေတြးေတာ့သျဖင့္ ႏွလုံးခုန္မျမန္ေတာ့သကဲ့သို႔ မ်က္ႏွာလည္းမပူေတာ့ေပ။ သူက ခပ္တည္တည္မ်က္ႏွာထားျဖင့္ တည္ၿငိမ္စြာေျပာလိုက္သည္။ "ငါ အဆင္ေျပပါတယ္။ သမားေတာ္လင္ကို သြားပင့္စရာမလိုဘူး။"

'သမားေတာ္လင္သာ ဒီကိုညဥ့္နက္ခ်ိန္ႀကီးမွာေရာက္လာၿပီး အလကားလာလိုက္ရမွန္းသိသြားရင္ ဘယ္ေလာက္သေဘာေကာင္းေကာင္း ေဒါသထြက္မွာပဲ။' လင္းက်န္ကေတြးသည္။

လင္းက်န္ပုံမွန္အတိုင္းျဖစ္သြားကာ မ်က္ႏွာထားတည္ၿငိမ္သြားသည္ကို ရွားဖုန္းျမင္ေသာအခါမွ စိတ္သက္သာရာရကာသက္ျပင္းခ်မိသည္။ သူက ညလယ္စာဗန္းကို လင္းက်န္၏ေရွ႕တြင္ခ်ေပးလိုက္သည္။ "သခင္ေလး အဆင္ေျပတယ္ဆို ကြၽန္ေတာ္ဝမ္းသာပါတယ္။ ညလယ္စာ သုံးေဆာင္ပါဦး။"

လင္းက်န္က အေသးစိတ္ျပင္ဆင္ထားေသာ ညလယ္စာမ်ားကိုၾကည့္ကာ ေခါင္းညွိတ္ျပလိုက္သည္။

သူက ယြီဝမ္ထုန္ႏွင့္ မၾကာေသးခင္ကမွ ညစာစားခဲ့ၿပီး ဗိုက္သိပ္မဆာေသာ္လည္း ညလယ္စာေမႊးေမႊးကို မလြန္ဆန္နိုင္ေပ။

"ကြၽန္ေတာ္ မေန႕ညက အျပင္ထြက္ၿပီး တိုက္ခိုက္ေနတုန္း အိမ္မွာ အရာရာအဆင္ေျပရဲ႕လား။" လင္းက်န္က ေမးၿပီးေနာက္ ႏူးညံ့ေခ်ာေမြ႕ေသာ မုန္လာဥျဖဴလုံးကို သက္ေတာင့္သက္သာယူကာ ပါးစပ္ထဲထည့္လိုက္သည္။

"အစတုန္းကေတာ့ လူတိုင္းက ဆူညံသံေတြကိုၾကားၿပီး လန့္ဖ်ပ္သြားၾကပါတယ တခ်ိဳ႕က အျပင္ထြက္ၿပီး စနည္းနာခ်င္ေပမဲ့ ေခါင္းေဆာင္ဝမ္နဲ႕အဖြဲ႕က သူတို႔ကိုတားလိုက္ပါတယ္။ ဒုသခင္ႀကီးရွိတဲ့အတြက္ အေစခံေတြ မၾကာခင္ တည္ၿငိမ္သြားၿပီး တံခါးအားလုံးကိုပိတ္လိုက္ပါတယ္။ အေစာင့္ေတြက ဓားရွည္နဲ႕တျခားလက္နက္ေတြကိုကိုင္ၿပီး စံအိမ္ကိုေစာင့္ၾကပ္ေနခဲ့ပါတယ္။ လူဆိုးတစ္ခ်ိဳ႕က လူတိုင္းအထိတ္တလန့္ျဖစ္ေနၾကတဲ့အခ်ိန္ကို အခြင့္ေကာင္းယူၿပီး ပိုက္ဆံလာေတာင္းေပမဲ့ ကြၽန္ေတာ္တို႔ေတြ ေမာင္းထုတ္လိုက္ပါတယ္။"

လင္းက်န္မွာ သူ၏အေစခံမ်ားက ဤသို႔သတၱိရွိေနသည့္အတြက္ အနည္းငယ္အံ့ဩမိသည္။

"မင္းတို႔အားလုံး ေကာင္းေကာင္းလုပ္ခဲ့ပါတယ္။ မနက္ျဖန္မနက္က်ရင္ ေၾကျငာခ်က္တစ္ခုထုတ္လိုက္။ အေစခံတိုင္းက သူတို႔ရဲ႕ ထိုက္သင့္တဲ့လုပ္ေဆာင္ခ်က္ေၾကာင့္ ေငြတုံးသုံးတုံး၊ အႀကီးအကဲတိုင္းက ေငြတုံးေလးတုံး၊ အေစာင့္တိုင္းက ေငြတုံးဆယ္တုံး ခ်ီးျမႇင့္ခံရမယ္။ ေငြကို ငါ့ရဲ႕ကိုယ္ပိုင္ဥစၥာထဲက ထုတ္ေပးလိုက္။"

ရွားဖုန္၏မ်က္လုံးမ်ား အနည္းငယ္ေတာက္ပသြားေသာ္လည္း သူကတည္တည္ၿငိမ္ၿငိမ္ပင္။ "သခင္ေလးရဲ႕ ရက္ေရာမႈအတြက္ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ မနက္ျဖန္က်ရင္ ေဆာင္႐ြက္လိုက္ပါ့မယ္။ ဒါနဲ႕ ဝူအားန်ိဳကို လႊတ္ေပးလိုက္ရမလားဆိုၿပီး ႀကီးၾကပ္ဟယ္က ေမးလိုက္ပါတယ္။"

'ဝူအားန်ိဳလား၊ ငါ သူ႕ကိုေမ့ေတာ့မလို႔။'

"သူ႕ကို လႊတ္ေပးလိုက္။ သူ႕ကိုဒီမွာဖမ္းထားတာက စားစရာပဲကုန္တယ္။"

'သူ႕ကို လႊတ္လိုက္မွ ငါေဒါသမထြက္မွာ။ ငါေဒါသထြက္ရင္ စိတ္ေျပာင္းသြားနိုင္တယ္။' သူေတြးသည္။

ရွားဖုန္းက ေျဖသည္။ "ဟုတ္ကဲ့ပါ၊ သခင္ေလး။" လင္းက်န္ လက္စသတ္ၿပီးေနာက္ ရွားဖုန္းက ဗန္းကိုယူကာထြက္သြားသည္။

လင္းက်န္က ရွားဖုန္းအခန္းထဲမွထြက္သြားသည္ႏွင့္  သက္ျပင္းခ်ကာ မ်က္ႏွာေၾကာေလ်ာ့သြားသည္။ ထို႔ေနာက္ သူေမ့ထားေသာကိစၥက စိတ္ထဲတြင္ျပန္ေပၚလာသည္။ သူတစ္ခုခုအေၾကာင္း မေတြးခ်င္ေလေလ ထိုသို႔မလုပ္ရန္ ပိုခက္ခဲေလေလပင္။

သူ႕ကို သေဘာရွိေျပာဆိုဝံ့ေသာ ထိုလူရမ္းကားယြီဝမ္ထုန္က ယခုအခ်ိန္တြင္ ဘာလုပ္ေနသနည္း။

"မင္း ကိုယ့္ကို လြမ္းေနတာလား။"

တိုက္တိုက္ဆိုင္ဆိုင္ပင္ ယြီဝမ္ထုန္၏အသံထြက္လာသျဖင့္ လင္းက်န္ အံ့အားသင့္ကာ တံခါးဘက္သို႔ၾကည့္လိုက္ရာ ယြီဝမ္ထုန္က ထိုေနရာတြင္ တကယ္ရပ္ေနသည္ကို သူေတြ႕လိုက္ရသည္။ သူ ဘာအသံမွမၾကားလိုက္ရသျဖင့္ ယြီဝမ္ထုန္မည္သည့္အခ်ိန္ကေရာက္လာမွန္း မသိေခ်။

"အေတြးလြန္မေနပါနဲ႕။ ကြၽန္ေတာ္က တျခားဟာကိုစဥ္းစားေနတာ။" လင္းက်န္က ေတြးပင္မေတြးဘဲ ေျပာလိုက္သည္။ ယြီဝမ္ထုန္သာ သူ သူ႕အေၾကာင္းေတြးေနသည္ကိုသိလွ်င္ မဟုတ္တ႐ုတ္မ်ားေျပာေတာ့မည္ကို လင္းက်န္သိသျဖင့္ မေျပာေတာ့ေပ။

ယြီဝမ္ထုန္၏မ်က္ႏွာေပၚတြင္ ဝမ္းနည္းေနပုံေပၚလာသည္။ "ကိုယ္က မင္းကိုေန႕တိုင္းလြမ္းေနတာ။ မင္းကက် ကိုယ့္အေၾကာင္းကို ေတြးေတာင္ မေတြးခ်င္ဘူးလား။"

လင္းက်န္ရွက္ကာ ေျပာစရာမဲ့သြားသည္။

"ယြီဝမ္ထုန္ ဒီေန႕ ဘာျဖစ္ေနတာလဲ။ သူဘာလို႔ ငါနဲ႕ပေရာပရည္ခ်ည္း လာလုပ္ေနတာလဲ။'

"ခင္ဗ်ား ဒီကိုဘာလို႔ေရာက္လာတာလဲ။"

လင္းက်န္က သူ၏အေမးအားလ်စ္လ်ဴရႈလိုက္သည္ကို ယြီဝမ္ထုန္ေတြ႕ေသာအခါ ယခုတစ္ႀကိမ္တြင္ လင္းက်န္အား လြယ္လြယ္ႏွင့္ စကားလမ္းေၾကာင္းလႊဲခြင့္ မေပးေတာ့ဟု သူဆုံးျဖတ္လိုက္သည္။

"မင္းမရွိရင္ ဝါးစိမ္းစံအိမ္ႀကီးက ေအးစက္ၿပီးေျခာက္ကပ္ေနသလိုပဲ။ ကိုယ္ ဝါးစိမ္းစံအိမ္မွာ ဒီတစ္ေလွ်ာက္လုံး တစ္ေယာက္တည္း ေနခဲ့ရတယ္။ ကိုယ္အခုသည္းမခံနိုင္ေတာ့ဘူး။ ကိုယ္တို႔ၿမိဳ႕ေတာ္ကိုေရာက္ရင္ မင္းကိုယ့္အိမ္ကိုေျပာင္းလာသင့္တယ္လို႔ ကိုယ္ထင္တယ္။ မင္းရဲ႕အေစာင့္ေတြကို ေဘးအိမ္မွာထားလို႔ရတယ္။"

'ဒီလူက မေရာင့္ရဲတတ္ဘူးလား။ အရင္တုန္းကေတာ့ ငါ့ကိုယြီဝမ္မိသားစုရဲ႕ၿခံထဲမွာေနဖို႔ေခၚတယ္။ အခုက် ငါ့ကိုသူနဲ႕တူတူေနေစခ်င္ေနျပန္ၿပီ။' လင္းက်န္က ယြီဝမ္ထုန္ကို တည့္တည့္စိုက္ၾကည့္ကာေျပာလိုက္သည္။ "ကြၽန္ေတာ္တို႔ေတြက လက္ထပ္ထားတာမဟုတ္ဘူး။"

"ဒါဆို ကိုယ္တို႔ေတြ ၿမိဳ႕ေတာ္ကိုေရာက္ရင္ အရင္လက္ထပ္လိုက္မယ္ေလ။"

"ကြၽန္ေတာ္က ခင္ဗ်ားကိုလက္ထပ္မယ္လို႔ ေျပာမိလား။"

"ကိုယ္တို႔ အရင္ဆုံးလက္မထပ္ရင္ ဘယ္လိုလုပ္အတူတူေနလို႔ရမွာလဲ။"

"ကြၽန္ေတာ္ ခင္ဗ်ားနဲ႕တူတူေနမယ္လို႔ ဘယ္သူေျပာတုန္း။"

"ကိုယ္တို႔က ေစ့စပ္ထားမွာေတာ့ မၾကာခင္က် လက္ထပ္ၿပီး တူတူေနရမွာပဲ။ ဘာလို႔ ေစာေစာတည္းက မစီစဥ္ရမွာလဲ။ ေစာင့္ေနရတာ အခ်ိန္ပုပ္တယ္မလား။"

"ကြၽန္ေတာ္ သေဘာမတူဘူး။"

"ဘာလို႔လဲ။ မင္းက ကိုယ္တို႔ကို တစ္ေယာက္ေယာက္ လာတားမွာကို စိုးရိမ္ေနတာလား။"

"ကြၽန္ေတာ္ခင္ဗ်ားကို လက္ထပ္ခ်င္သလားဆိုတာကိုေတာင္ မစဥ္းစားရေသးဘူး။"

"မင္းက ကိုယ့္ႏွလုံးသားကို ခိုးသြားၿပီးေတာ့ ကိုယ့္ကိုစြန့္ပစ္လိုက္တာလား။"

လင္းက်န္က စားပြဲေပၚမွစကၠဴဖိကိုယူကာ ယြီဝမ္ထုန့္ထံသို႔ပစ္ေပါက္လိုက္ရာ ယြီဝမ္ထုန္က ၎ကိုလြယ္လြယ္ႏွင့္ဖမ္းလိုက္သည္။

လင္းက်န္၏မ်က္ႏွာက ေဒါသႏွင့္ရွက္စိတ္ေၾကာင့္ နီရဲေနရာ ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ လွပေသာေက်ာက္စိမ္း႐ုပ္ကေလးႏွင့္တူသြားေစသည္။ မဟုတ္ေပ၊ ေက်ာက္စိမ္း႐ုပ္သည္ သူ႕ေလာက္ပင္ ဆြဲေဆာင္မႈမရွိေခ်။

ယြီဝမ္ထုန္မွာ လင္းက်န္က သူ႕အား တလက္လက္ေတာက္ပေနေသာမ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္ေသာအခါ လင္းက်န္ကိုသာေငးမိေနသျဖင့္ စကၠဴဖိအား မဖမ္းမိေတာ့မလိုျဖစ္သြားရသည္။

လင္းက်န္က ယြီဝမ္ထုန္မွ မဟုတ္တ႐ုတ္စကားမ်ား ဆက္မေျပာရန္ စကၠဴဖိကိုပစ္လိုက္ေသာ္လည္း မေမွ်ာ္လင့္ထားစြာျဖင့္ ဆန့္က်င္ဘက္ျဖစ္သြားပုံပင္။ ယြီဝမ္ထုန္က သူ႕မ်က္ႏွာေပၚတြင္ ပန္းပြင့္ေနသကဲ့သို႔ မ်က္ေတာင္မခတ္ေငးေနသည္။

လင္းက်န္ ရွက္သြားသည္။

ထိုင္ခုံက ႐ုတ္တရက္ပူလာကာ သူထိုင္မရထမရျဖစ္လာသည္။ သူႏွလုံးခုန္ျမန္ကာ မ်က္ႏွာပိုပူလာသည္။

"ခင္ဗ်ား ၾကည့္ လို႔ ဝ ၿပီ လား။"  လင္းက်န္က ၿခိမ္းေျခာက္ေသာေလသံျဖင့္ တစ္လုံးခ်င္းေျပာသည္။

ယြီဝမ္ထုန္က ဤစကားကိုၾကားေသာအခါ သူ၏ထက္သန္ေသာအၾကည့္ကို အနည္းငယ္လႊဲဖယ္ကာ စကၠဴဖိကိုကိုင္ရင္း ေလွ်ာက္လာသည္။ သူက စကၠဴဖိကို ေအာက္မခ်ဘဲ ညင္သာစြာကစားေနသည္။ "ကိုယ္မင္းကိုဘယ္ေတာ့မွ ၾကည့္လို႔ဝမွာမဟုတ္ဘူး။"

လင္းက်န္မွာ စကၠဴဖိအား ယြီဝမ္ထုန္ကစားေနပုံကိုၾကည့္ရင္း မ်က္ႏွာပိုပူလာသည္။ သူက ယြီဝမ္ထုန္၏လက္ထဲမွစကၠဴဖိကိုဆြဲယူလိုက္ၿပီး စားပြဲေပၚတြင္ ျပန္ခ်ထားလိုက္သည္။ "ခင္ဗ်ား ဒီလိုညဥ့္နက္ႀကီးေရာက္လာရတာက ကြၽန္ေတာ္ရွက္ေအာင္ ဒီစကားေတြကို အရသာခံၿပီးေျပာျပဖို႔လား။"

"ဟာ၊ မင္းကအဲ့လိုထင္ေနရင္ ကိုယ္ဝမ္းနည္းတာေပါ့။ မင္းက ကိုယ့္ရဲ႕ဆန့္က်င္ဘက္ကိုပဲ ယိမ္းေနတယ္လို႔ ကိုယ္ထင္တယ္။ ကိုယ္က ဒါကိုအရသာခံၿပီးေျပာတာမဟုတ္ပါဘူး။ တကယ့္အေၾကာင္းျပခ်က္ကို မင္းသိပါတယ္။"

လင္းက်န္ မည္သို႔ျပန္ေျပာရမည္မွန္း မသိေခ်။

"ကြၽန္ေတာ္ အိပ္ရာဝင္ေတာ့မယ"

"ခုနေလးတင္ နိုးလာတာကို အခုျပန္အိပ္နိုင္ေသးတယ္ေပါ့။"

ယြီဝမ္ထုန္၏ ဤမဟုတ္တ႐ုတ္စကားမ်ားကို နားေထာင္ရသည္ထက္ အိပ္ရာထဲတြင္မ်က္စိေၾကာင္ကာလွဲေနရျခင္းက ပိုေကာင္းမည္ဟု လင္းက်န္ခံစားရသည္။ 'ဒီလူက လူႀကီးလူေကာင္းမဟုတ္ဘူးပဲ။'

"မင္း အိပ္မေပ်ာ္မွန္း ကိုယ္သိတယ္။ လာ၊ လမ္းခဏေလွ်ာက္ရေအာင္။"

လင္းက်န္က သူ႕ကိုဇေဝဇဝါျဖင့္ၾကည့္သည္။ "ဘယ္သြားမလို႔လဲ။"

"ၾကယ္ေတြလေတြကို မ်က္စိအစာေကြၽးနိုင္တဲ့ေနရာေလ။"

လင္းက်န္ ေျပာစရာမဲ့သြားသည္။

'ၾကယ္ေတြလေတြကိုၾကည့္ရတာက ဘာေကာင္းလို႔လဲ။ ငါ့မွာစီစဥ္စရာေတြအမ်ားႀကီးရွိတယ္။'

သူထိုသို႔ယုံေနေသာ္လည္း သတိျပန္ဝင္လာေသာအခါ သူက ၾကယ္မ်ားလမ်ားစုံေသာညေကာင္းကင္ေအာက္ရွိ ေခါင္မိုးေပၚ၌ ယြီဝမ္ထုန္ႏွင့္အတူ လဲေလ်ာင္းေနသည္။

ယြီဝမ္ထုန္က အရက္တစ္အိုးကိုလည္းယူလာသည္။ "ျမည္းၾကည့္။ ေယာင္ရိက ဒီဟာကို ၿမိဳ႕ေတာ္ကေနယူလာတာ။ ဒါက သင္းရနံ႕အရက္လုပ္ငန္းက ေနာက္ဆုံးထုတ္လိုက္တဲ့ မက္မြန္ပြင့္ခ်ပ္အရက္ေလ။ ဒါက နည္းနည္းျပင္းလို႔ တဂြက္ဂြက္ေမာ့မေသာက္လိုက္နဲ႕။"

လင္းက်န္က အရက္အိုးကိုယူကာ တစ္ငုံျမည္းၾကည့္လိုက္သည္။ ျပည့္စုံေသာ အရက္အရသာက သူ၏လည္ေခ်ာင္းႏွင့္ႏွာေခါင္းထဲသို႔ ခ်က္ခ်င္းပ်ံ့ႏွံ႕သြားသည္။ သူ အရက္ကိုမ်ိဳခ်ကာ အသက္ျပင္းျပင္းရႉထုတ္လိုက္သည္။ အရက္ႏွင့္ထိသြားေသာေနရာမ်ားက ပူေနေသာ္လည္း ကသိကေအာက္မျဖစ္ေပ။

"ေကာင္းလား။"

"မဆိုးပါဘူး။"

"သင္းရနံ႕အရက္လုပ္ငန္းရဲ႕ပိုင္ရွင္က ကိုယ့္အဖိုးရဲ႕ငယ္သားျဖစ္ဖူးတယ္ေလ။ ကိုယ္နယ္စပ္မွာကြပ္ကဲေနတုန္းကဆို သူက ကိုယ့္ဆီကို ႏွစ္တိုင္းအရက္အိုးတစ္သုတ္ပို႔ေပးတယ္။ လြန္ခဲ့တဲ့ရက္က ကိုယ္ၿမိဳ႕ေတာ္ကိုျပန္လာေတာ့မယ္ဆိုတာကို သူၾကားၿပီးေတာ့ ကိုယ့္ၿခံထဲကိုအရက္နည္းနည္းပို႔ေပးလိုက္တယ္။ ကိုယ္တို႔လက္ထပ္တဲ့ေန႕က်ရင္ အရက္ေတြထပ္ပို႔ေပးမယ္လို႔လည္း သူေျပာတယ္။"

လင္းက်န္ ေနာက္တစ္ငုံထပ္ေသာက္မိသည္။ အရက္ကသိပ္အရသာရွိ၍ျဖစ္မည္။ သူလက္ထပ္ရန္ ဘယ္ေတာ့မွသေဘာတူမည္မဟုတ္ဟု ယြီဝမ္ထုန္ကိုထပ္မံ၍သတိမေပးေတာ့ဘဲ ေလးတြဲ႕တြဲ႕တုန့္ျပန္လိုက္သည္။ "အြန္း။"

ယြီဝမ္ထုန္က သူ႕ကိုေခါင္းလွည့္ၾကည့္သည္။ "မင္းတကယ္ အိပ္ငိုက္လာၿပီလား။"

"ဟင့္အင္း။ ဒီၾကယ္ေတြလေတြက ေတာ္ေတာ္လွသားပဲ။"

ထို႔အျပင္ သူသက္ေတာင့္သက္သာျဖစ္ေနသည္။

"ခင္ဗ်ားကို ေက်းဇူးတင္ပါတယ္။"

"ဘာအတြက္လဲ။ မင္း ဘာလို႔ ကိုယ့္ကိုဒီလိုအေျခအေနမ်ိဳးမွာ ေက်းဇူးတင္ေနတာလဲ။"

"ခင္ဗ်ားေၾကာင့္သာမဟုတ္ရင္ ကြၽန္ေတာ္ က်န္ေခ်ာင္းကိုဆြဲခ်ဖိဳ႕ ဘယ္ေလာက္ၾကာမလဲမသိဘူး။ အရာအားလုံးအဆင္ေျပေျပျဖစ္သြားတာက ခင္ဗ်ားကူညီေပးခဲ့တာေၾကာင့္ပဲ။ ခင္ဗ်ားက ေက်းဇူးျပန္ဆပ္တာလို႔ ေျပာဖူးေပမဲ့ ခင္ဗ်ားကြၽန္ေတာ္တို႔ကို ျပန္ေပးတဲ့ဟာက ခင္ဗ်ားေက်းဇူးရွိတာထက္ အမ်ားႀကီးပိုတယ္။"

"မင္းကေတာ္ေတာ္တြက္ေနတာမဟုတ္လား။ တကယ္ေတာ့ ကိုယ္ကေက်းဇူးျပန္ဆပ္႐ုံပဲမဟုတ္ဘူး။ ကိုယ္ဒီလိုလုပ္ရတဲ့အေၾကာင္းရင္းထဲမွာ မင္းကလည္းတစ္စိတ္တစ္ပိုင္းပါတယ္။"

"ေက်းဇူးပဲ။"

"မင္းကိုယ့္ကို တကယ္ေက်းဇူးတင္ခ်င္လား။"

ယြီဝမ္ထုန္က ကိုယ္အေပၚပိုင္းကိုႂကြကာ သူ႕ကို ႐ုတ္တရက္လွည့္ၾကည့္သည္။

လင္းက်န္က ေခါင္းလွည့္ကာျပန္ၾကည့္သည္။ "ဒါေပါ့။"

"ဒါဆို မင္းမ်က္လုံးေတြကိုပိတ္လိုက္။"

လင္းက်န္က ယြီဝမ္ထုန္ကို ေခတၱမွ်ၾကည့္ကာ တစ္ဖက္လူေျပာသည့္အတိုင္း မ်က္လုံးမွိတ္လိုက္သည္။

ခဏအၾကာတြင္ ယြီဝမ္ထုန္က သူ႕အနားတိုးလာကာ သူ႕အေပၚႏႈတ္ခမ္းအကိုက္ခံရသည္ကို ခံစားရသည္။ ထို႔ေနာက္ သူ၏ႏႈတ္ခမ္းႏွစ္လႊာမွာ အျခားႏႈတ္ခမ္းႏွစ္လႊာထံတြင္ ၿမဲၿမဲအခဲခံလိုက္ရသည္။ ထို႔ေနာက္ ႏူးညံ့ေသာ္လည္း ထက္သန္ေသာလွ်ာက သူ၏အေပၚသြားႏွင့္ေအာက္သြားကိုခြဲကာ သူ၏လွ်ာကိုပါ လာႏွိုးဆြသည္။

သူတို႔ႏွစ္ေယာက္လုံး၏ခံတြင္းအတြင္းတြင္ အရက္နံ႕သင္းေနသည္။ မက္မြန္ပြင့္ခ်ပ္အရက္က ေသာက္သုံးသူကိုပင္မက လာနမ္းသူကိုပါမူးယစ္ေစသည္။

ဤအနမ္းမွာ သူတို႔ႏွစ္ေယာက္နမ္းဖူးသမွ်ထဲတြင္ အယစ္မူးေစဆုံးအနမ္းျဖစ္သည္။ ယြီဝမ္ထုန္က လက္ႏွစ္ေခ်ာင္းျဖင့္ေထာက္ကန္ကာ လင္းက်န္ေပၚတြင္ေန၍ ေအးျမေသာညေလညွင္းကို ကာကြယ္ေပးထားၿပီး သူ၏ႏြေးေထြးေသာကိုယ္ေငြ႕က လင္းက်န္ကို အိစက္ေသာေစာင္အတြင္း ထုပ္ပိုးခံထားရသကဲ့သို႔ ခံစားရေစသည္။

ဟုတ္သည္။ တကယ္ယစ္မူးေစသည္မွာ အနမ္းပင္။ တျဖည္းျဖည္းႏွင့္ ယြီဝမ္ထုန္၏ညင္သာေသာ လွ်ာလႈပ္ရွားမႈက အရိုင္းဆန္လာၿပီး လင္းက်န္၏လွ်ာသည္လည္း အလိုအေလ်ာက္သေဘာတူကာ လိုက္ေလ်ာလာသည္။

အခ်ိန္အနည္းငယ္ၾကာသြားမွသာ သူတို႔ႏွစ္ေယာက္၏လွ်ာမ်ား အနည္းငယ္ကြာသြားသည္။

ယြီဝမ္ထုန္က လင္းက်န္ကို ေလးေလးနက္နက္စိုက္ၾကည့္ေနသည္။ "ကိုယ့္ကို လက္ထပ္ပါ။"

လင္းက်န္က သူ႕ကိုတိတ္ဆိတ္စြာေငးၾကည့္ေနသည္။ ရွည္လ်ားေသာအနမ္းေၾကာင့္ သူ၏မ်က္ဝန္းမ်ားထဲတြင္ မ်က္ရည္ဝဲေနၿပီး ၾကယ္ေရာင္ႏွင့္ယြီဝမ္ထုန္၏ပုံရိပ္တို႔ ထင္ဟပ္ေနသည္။ ယြီဝမ္ထုန္မွာ ထိုမ်က္ဝန္းမ်ားကိုစိုက္ၾကည့္မိေသာအခါ ဆႏၵကိုမလြန္ဆန္နိုင္ဘဲ ထပ္၍ငုံ႕နမ္းလိုက္သည္။

ေခတၱမွ်ၾကာၿပီးေနာက္ လင္းက်န္က သူ႕ႏႈတ္ခမ္းမ်ားကိုခြာကာ အသက္ျပင္းျပင္းရႉ၍ ထိန္းညွိၿပီးေနာက္ ျပန္ေျပာလိုက္သည္။ "ကြၽန္ေတာ္ အဲ့အေၾကာင္းကို ေသခ်ာေတြးေနပါတယ္။ ကြၽန္ေတာ္ အနာဂတ္မွာေနာင္တရမဲ့ ဆုံးျဖတ္ခ်က္မ်ိဳးကို အေလာတႀကီးမခ်ခ်င္ဘူး။ ကြၽန္ေတာ္ ခင္ဗ်ားနဲ႕အတူၿမိဳ႕ေတာ္ကိုလိုက္ခဲ့မယ္လို႔ ကတိေပးၿပီးမွေတာ့ ကြၽန္ေတာ္ေသခ်ာေတြးရေအာင္ ဘာေၾကာင့္အခ်ိန္နည္းနည္းေလာက္ ထပ္မေပးလဲ။"

"ေကာင္းၿပီ။ မင္းဒါေတြအားလုံးကို အေျဖရွာၿပီးတဲ့အထိ ကိုယ္ေစာင့္ပါ့မယ္။" ယြီဝမ္ထုန္က သူ႕ကိုေသခ်ာစိုက္ၾကည့္ကာေျပာသည္။ သူက ဟင့္အင္းဟူသည့္အေျဖကို လက္ခံမည္မဟုတ္ေပ။ လင္းက်န္ သူ႕ကိုလက္ခံေစရန္ ေသခ်ာေပါက္လုပ္မည္။ လင္းက်န္က သူ႕ကိုၾကာရွည္စြာ မေစာင့္ခိုင္းရန္ ေမွ်ာ္လင့္၏။

"ခင္ဗ်ား ထပ္ေစာင့္ဖို႔အဆင္သင့္ပဲလား။" လင္းက်န္က သူ႕ကိုတစ္ခ်က္တြန္းလိုက္သည္။ ယြီဝမ္ထုန့္ထံမွဤသို႔ေငးၾကည့္ခံေနရလွ်င္ သူစိတ္ၿငိမ္ရန္အလြန္ခက္ခဲသည္။

ယြီဝမ္ထုန္ကႏႈတ္ခမ္းေကာ့ကာ ေခါင္းငုံ႕လာသည္။ "ထပ္နမ္းရေအာင္။"

ထို႔ေနာက္ သူတို႔ထပ္နမ္းၾကၿပီး ၎ကသူတို႔ယခုေလးတင္နမ္းခဲ့ေသာအနမ္းထက္ ပိုၾကာသည္။ ဤအနမ္းကအလြန္ၾကာေနရာ ယြီဝမ္ထုန္က အ႐ုဏ္တက္ခ်ိန္အထိရပ္ေတာ့မည္မဟုတ္ဟုပင္ လင္းက်န္ထင္မိလိုက္သည္။ အနမ္းအဆုံးသတ္သြားေသာအခါ သူကယြီဝမ္ထုန္ကို လႊတ္ေပးရန္မလိုလားစြာ ဖက္ထာသည္။

"ဒီလိုပဲေန။ မင္းအိပ္ခ်င္ရင္အိပ္လို႔ရတယ္။ ကိုယ္မင္းကိုျပန္ေခၚသြားေပးမယ္။"

သူမည္သည့္ေနရာသို႔ေခၚေဆာင္သြားကာ အတူတူအိပ္မည့္ကိစၥကား သူ႕အေပၚတြင္ မူတည္လိမ့္မည္။

Continue Reading

You'll Also Like

1.5M 186K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
BOOK 3 By Olivia

Historical Fiction

20.5K 2.1K 78
ငါ ကြမ်းတမ်းတဲ့ စာကြောင်းလေးတစ်ကြောင်းရေးခဲ့မိတာကြောင့် BL WEBTOON ကမ္ဘာထဲကို ကူးပြောင်းလာ ခဲ့ရတယ်🤒 အဲဒါထက် ငါ့ရဲ့အကြိုက်ဆုံးဇာတ်ဆောင်,💓 သူ့ရဲ့လုပ်...
649K 75.8K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
117K 17.5K 69
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...