Unicode
"ဦးဖယ်ပါ"
ယွန်းဂီသူ့ခါးပေါ်ကိုရောက်ရှိနေတဲ့ ဦးရဲ့လက်များအားအတင်းဖယ်ချလို့လဲမရ။အားနဲ့ညှစ်ထားတာကြောင့်ကြာတော့နာလာရသည်။သူကခါချလေ၊ဦးကပိုပြီး တိုးဖက်လေ။သူအိပ်နေတဲ့ဘက်ကိုအတင်းပူးကပ်ပြီးအိပ်နေတာက အရမ်းကျပ်ရသည်။အခုဆိုခုတင်ရဲ့အစွန်းတစ်ဖက်မှာသူ့အားဦးကအနောက်ကနေသိမ်းကျုံးမရဖက်လို့ထားပြီး လည်တိုင်တစ်လျှောက်လိုက်နမ်းနေလေသည်။
"ဦးကိုစိတ်စိုးနေသေးတာလား??"
မေးမှမေးရက်တယ်လို့သာ ယွန်းဂီတွေးရင်းပြုံးမိသည်။
"ဦးတောင်းပန်ပါတယ်"
"အဲ့စကားကိုပြောနေရတာ မမောဘူးလား??"
သူမေးတော့ဦးကတိတ်ဆိတ်သွားသည်။
"ကျွန်တော်ကတော့ ကြားနေရတာရိုးလှပြီ"
"အဲ့ meetingကအရမ်းအရေးကြီးနေလို့ပါ။"
"ကတိဆိုတာမတည်နိုင်ရင် မပေးရဘူး။အကယ်လို့အဲ့ကတိမတည်ရင် ပေးသွားတဲ့သူထက်အပေးခံရတဲ့သူကနာကျင်ရတယ်။ဦးကတော့လွယ်လွယ်လေးပဲ အရေးကြီးတဲ့ meetingတဲ့။ကျွန်တော့်အတွက်ကတော့ဒါတော်တော်လေးခံစားရတယ်။ဦး အမြဲဒါမျိုးလုပ်တယ်~"
ယွန်းဂီမှာပြောရင်းပြောရင်းငိုချင်လာရတယ်။ထုံးစံအတိုင်းတောင်းပန်စကားဆိုလို့သူကပြီးသွားတယ်လို့ထင်နေပေမဲ့ ကျွန်တော်အတွက်ကတော့ဘယ်လိုမှလွယ်လွယ်နဲ့ဖြေသိမ့်မရပေ။
"နောက်တစ်ခါ ထပ်-"
"ဟင့်အင်း မတည်နိုင်တဲ့ကတိတွေထပ်မပေးပါနဲ့တော့~"
ပြောလည်းပြော အိပ်ယာပေါ်မှကုန်းထလိုက်ပြီးဦးကိုကျောပေးကာထိုင်မိသည်။ မျှော်လင့်ချက်တွေပေးလိုက်၊ပြီးရင်ဖျက်ဆီးခံလိုက်ရနဲ့ဘာလုပ်ဦးမလို့လဲ??။သူလည်း ပင်ပန်းလာလေပြီ။ဦးအတွက်ကတော့ ဒါဟာစကားလေးတစ်ခွန်းသာသာ။သစ္စာတွေ၊ကတိတွေမှမပါခဲ့ပဲ။ဦးကို သူလည်းတစ်ခါတစ်လေစိတ်ကုန်မိပါတယ်။
"ဦးလည်း ပင်ပန်းနေပြီးနားလိုက်တော့"
"သဲငယ် ကိုယ့်ကိုမမုန်းလိုက်ပါနဲ့နော်"
ကိုယ့်စကားနဲ့မသက်ဆိုင်တဲ့စကားတစ်ခွန်းကိုဦးကပြောလိုက်တော့ရင်ထဲနည်းနည်း အောင့်သွားရတယ်။ကျွန်တော်မုန်းမှာကြောက်ရင်ဘာလို့ကျွန်တော်မကြိုက်တာတွေလုပ်လဲ။အလုပ်ကိစ္စကြောင့် လာမကြိုနိုင်တာကိုအပြစ်မယူပါ။သို့သော် ဖုန်းလေးတောင်တစ်ချက်မဆက်ဘဲပစ်ထားတာကိုတော့စိတ်နာမိတယ်။တကယ်ပဲ ဦးကတစ်ကိုယ်ကောင်းဆန်လိုက်တာ။
ဒီနေ့ညမှာတော့ယွန်းဂီတော်တော်နဲ့အိပ်လို့မပျော်ခဲ့ပေ။ အချိန်ကိုကြည့်တော့ဆယ့်နှစ်လည်းကျော်ပြီဖြစ်တာကြောင့်အိပ်ဖို့အတင်းကြိုးစားသော်လည်းမျက်လုံးများကမမှိတ်ပေ။ဦးကဘယ်လောက်တောင်ပင်ပန်းပြီးအိပ်မောကျနေလဲမသိ။အပြင်ကလာတဲ့အဝတ်တောင်မလဲဘဲ ကိုယ့်ကိုချော့ရင်းအိပ်ပျော်သွားလေတယ်။ကိုယ်ကတော့ဦးမျက်နှာလေးကိုကြည့်ပြီးအတွေးတွေယောက်ယက်ခက်နေလေသည်။ဦးအခုတစ်လောပြောင်းလဲနေသလိုလည်းခံစားရသည်။
ဘာပဲဖြစ်လာဖြစ်လာ ကိုယ့်ကိုအမြဲဦးစားပေးနေသူကအခုတော့အကြောင်းပြချက်တွေမျိုးစုံနဲ့လူကိုထား ထားခဲ့သည်။သူ့ကိုမချစ်တော့တာများလားလို့တွေးကြည့်မိတော့မျက်ရည်တွေကကျလာပြန်သည်။ဦးကသူ့ကိုချစ်တယ်လို့မပြောဖူးပေမဲ့ အကြည့်တွေကနေတစ်ဆင့်တော့အမြဲတမ်းမေတ္တာပါနေခဲ့သည်ကိုသတိထားမိသည်။ယွန်းဂီသက်တမ်းတစ်လျှောက် ရည်းစားတောင်မထားဖူးဘဲအိမ်ထောင်တန်းပြုလိုက်ရသည်။လူတစ်ယောက်ကိုသဘောကျတာနဲ့တင်အချစ်လို့တန်းပြီး သတ်မှတ်ခဲ့သည်။
အနေနီးတဲ့ယောကျာ်းတစ်ယောက်ကိုစိတ်ဝင်စားလို့အထိအတွေ့များလာတဲ့အခါသဘောကျစိတ်လေးတွေသူ့အလိုလိုဖြစ်လာရသည်။ဦးကိုလည်းသူ့အဲ့လိုတွေးပြီးသဘောကျခဲ့တာဖြစ်မည်။ဦးကနည်းနည်းလေးလောက်ကြင်နာဂရုစိုက်ပြရင်သူက အကြီးကြီးတွေတွေးပြီးပျော်နေတတ်တဲ့သူမျိုး။အခုလိုမျိုး ရုတ်တစ်ရက်ပစ်ပယ်ထားလိုက်တဲ့အခါသူဝမ်းနည်းလာရတာဆန်းသလား??။ အရာရာသူ့ကိုပဲဦးစားပေးစေချင်တာပါ။အဲ့လိုတွေးလိုက်တော့လည်း သူကအတ္တကြီးပြီးနားလည်ပေးရာမကျတော့ဘူးပေါ့။အရင်တုန်းကဆိုတစ်နေကုန်မတွေ့ရရင်တောင် ညဘက်တွေထိအချိန်ပေးပြီးစကားပြောဖြစ်ခဲ့ကြတယ်။ဒါပေမဲ့ အခုတော့ဦးကပြောင်းလဲသွားလိုက်တာ။
တတ်နိုင်သမျှတော့ကျွန်တော်နားလည်ကြည့်ပေးပါ့မယ်။
>>>>>>>>>>
"ငယ်...!!"
ရုံးခန်းထဲသို့ ရုတ်တစ်ရက်ရောက်လာတဲ့ယွန်းဂီကြောင့် ဟိုဆော့တော်တော်လေးကိုမှအံသြသွားရတယ်။ကိုယ်က အရေးကြီးဧည့်သည်တစ်ဦးနဲ့အလုပ်ကိစ္စသွားတွေ့ပြီးအပြန်ရုံးခန်းထဲငယ်ရောက်နေတယ်ဆိုလို့ အမြန်ပြေးလာခဲ့ရသည်။မနက်က ကျောင်းကိုသူကိုယ်တိုင်လိုက်ပို့ပေးခဲ့တာပါ။ ဘယ်လောက်မှမကြာပဲငယ်ကသူ့ဆီသို့ပြန်ရောက်လာလေသည်။ဒါ့ကြောင့်သူလည်း ငယ်ထိုင်နေသောဘေးသို့ဝင်ထိုင်လိုက်ပြီး
"ငယ် ကျောင်းမတက်ဘူးလား??"
"ဟုတ်တယ်။ တစ်ချိန်လောက်ပဲတက်ပြီးဦးကိုလွမ်းတာနဲ့ ဒီရှိထွက်လာခဲ့လိုက်တာ။"
အမှန်တိုင်းပြောရင်လွမ်းတာထက်ဦးနဲ့ပိုပြီးနီးနီးကပ်ကပ်နေသင့်တယ်ထင်လို့ယွန်းဂီ အတန်းဆက်မတက်တော့ဘဲcompanyသို့လာခဲ့ခြင်းဖြစ်သည်။ဒီရက်ပိုင်းတွင်းဦးနဲ့သူ့အခြေနေကသူစိမ်းဆန်နေသလိုမျိုးကြီး။သူ့ဘက်က ဖော်ဖော်ရွေရွေပြန်ဆက်ဆံပေးသင့်တယ်လို့ထင်တယ်။ဦးက ချော့လည်းချော့မတတ်။သူ့အကြိုက်လည်းမသိတော့ လူငယ်ဖြစ်တဲ့သူကသာနားလည်ပေးပြီး။
"ငယ်ရောက်တာနဲ့အတော်ပဲ ကိုယ်လည်းဒီနေ့အလုပ်သိပ်မရှိတော့ ဒီနေ့အိမ်ပဲပြန်နားလိုက်ရင်ကောင်းမလားလို့။ငယ်ပြန်ရင် ဦးလည်းတစ်ခါထဲတူတူလိုက်ခဲ့မယ်လေ။"
"company CEOကြီးကအခုလိုစောစောပြန်လို့ရလို့လား??"
"ဘာလို့ မရရမှာလဲသဲငယ်ရယ်...သဲငယ်တောင်ဦးကိုလွမ်းပြီးကျောင်းပျက်သေးတာပဲ။ဦးကဘာလို့ ဒီအလုပ်တွေကြားဆက်ထိုင်နေရဦးမှာလဲ??"
"ဦးနော်...စကားတတ်ရင်လည်းနှစ်ယောက်မရှိဘူး"
"ငယ်လေး ကျောင်းပျက်လက်စနဲ့ဦးတို့ဒီနေ့အပြင်ထွက်လည်ရင်ကောင်းမလား။ Dateကြမယ်လေ"
ဟိုဆော့လည်းပြေလည်လိုပြေလည်ငှား သဲငယ်လေးကိုပြောကြည့်မိသည်။သဲငယ်လေးက Dateရတာသဘောကျတဲ့အတွက်လည်း သူ့ခေါင်းထဲပေါ်လာတဲ့အတွေးအားချက်ချင်းပြောမိသည်။ ဒီနေ့လေးပဲဖြစ်ဖြစ်သဲငယ်လေးကိုအချိန်ပေးသင့်သည်။ရှေ့လျှောက်သဲငယ်လေးစာမေးပွဲနီးရင်အခုလိုမျိုး အားအားနေနေရှိချင်မှရှိတော့မှာလေ။ကိုယ်မေးလိုက်တော့ သဲငယ်လေးကမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ချက်ချင်းပြုံးတက်သွားပြီး ခေါင်းငြိမ့်ပြတော့သည်။
ချစ်ဖို့ကောင်းနေတာကြောင့်ကိုယ်လည်း ပါးလေးတစ်ဖက်ကိုနမ်းလိုက်ပြီး
"ရွှတ်~ သွားကြရအောင်"
"ဟို..မသွားခင်လေး အကိုဂျောင်ကုကိုနှုတ်ဆက်သွားချင်တယ်။သူဘယ်မှာရှိမယ်ထင်လဲ??"
"သူက အခုဆိုထယ်ယောင်းနဲ့ အရောင်းငှာနမှာစာရင်းအတူတူလုပ်နေလိမ့်မယ်။နှစ်ယောက်လုံးက တရားဝင်ဝန်ထမ်းတွေမဟုတ်တော့ ကိုယ်လည်းနိုင်သလောက်လေးပဲလုပ်ခိုင်းပြီးတစ်ပတ်စာ စာရင်းတွေလောက်ပဲစစ်ခိုင်းထားတာ။"
"ထယ်ယောင်းဆိုတာဘယ်သူလဲ ဟိုတစ်ခါ ဒီမှာဦးနဲ့တွေ့လိုက်တဲ့တစ်ယောက်လား??"
"အင်း ဟုတ်တယ်။ "
"သူကဘယ်သူလဲ??"
"သူက ဦးရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးပါ။"
"ဒါဆို ဘာလို့အခုဒီမှာရှိနေရတာလဲ သူ့အလုပ်လဲမရှိပဲ"
"သူကလည်းဂျောင်ကုအတိုင်း လုပ်ငန်းလေ့လာချင်လို့တဲ့လေ"
"ဟိုမှာသူ့companyကြီးတစ်ခုလုံးကိုပစ်ထားပြီး ဒီမှာအလုပ်လုပ်တယ်"
"သူတို့ကcompanyကြီးမဟုတ်ပါဘူး။ ဒီအတိုင်းအခုမှ စတည်ထောင်စcompany လေးပါ။"
ယွန်းဂီ ဦးရဲ့စကားတွေကြောင့်တော်တော်လေးကိုမှစဥ်းစားယူနေရတယ်။ဘယ်လိုလူမျိုးက သူ့ပိုင်ဆိုင်မှုကြီးကိုပစ်ထားပြီးသူ့များယောကျာ်းဆီမှာအခုလိုလာလုပ်နေလဲမသိ။အဲ့နေ့ကဖျတ်ခနဲတွေ့လိုက်ရတာတောင်အဲ့ omegaဘယ်လောက်ချောလဲဆိုတာသူသိတယ်။ဦးကိုယုံပေမဲ့ ဦးရဲ့စကားတွေကြောင့်အဲ့omega ကိုတော့သိပ်မယုံချင်ပါ။
"ကဲ ဒါဆိုဂျောင်ကုတို့ဆီခနသွားပြီး ပြန်ကြတာပေါ့"
"ဟုတ်.."
ဦးအားစိတ်အနှောက်ယှက်မဖြစ်ချင်တာနဲ့ သူဆက်မမေးတော့။အင်း။နောက်မှပဲအကိုဂျောင်ကုကို ကပ်တိုးလေးမေးကြည့်ရမယ်။ဦးအကြောင်းတော့မဟုတ်ပေမဲ့ အဲ့ omegaချောချောအကြောင်းကိုလေ။ထို့နောက်သူလည်းအတွေးတွေကိုလက်စသက်လိုက်ပြီး ဦးနဲ့အတူတူအကိုဂျောင်ကုတို့ဘက်သို့ထွက်လာလိုက်တော့သည်။
>>>>>>>>>>>>
"ဂျောင်ကု...."
ထယ်ယောင်းနဲ့စာရင်းအကြောင်းစကားပြောနေရင်းမှနောက်ကနေခေါ်သံကြားလိုလှည့်ကြည့်လိုက်တော့ အကိုဖြစ်နေတာပင်။
"ဟာ အကို...အော်..ယွန်းဂီလည်းပါလာတာပဲ"
ယွန်းဂီမျက်နှာကိုတွေ့ရင် သူ့အလိုလိုပြုံးလာတတ်တဲ့နှုတ်ခမ်းတွေကြောင့်ဂျောင်ကုရင်ခုန်သံတွေလည်း မြန်လာခဲ့ရသည်။အကိုရှိနေမှန်းသိနေရင်တောင် သူ့မှာအန္ဒြေမဆည်နိုင်လောက်အောင်အထိပြုံးပြနေမိတာမျိုးပင်။
" မိတ်ဆက်ပေးရဦးမယ် ...."
အကိုကယွန်းဂီလက်ကိုတစ်ဖက်ကကိုင်ပြီးထယ်ယောင်းရှေ့ကိုခေါ်သွားသောကြောင့် ဂျောင်ကုလည်းယွန်းဂီပေါ်ကြည့်နေတဲ့မျက်လုံးအားအမြန်ခွာလိုက်ရတော့သည်။သူသတိလွတ်သွားပြန်ပြီ။ ဘယ်လောက်ပဲသဘောကျကျဒါကသူများတွေရှေ့မှာလေ။
ထယ်ယောင်းမှာတော့ သူ့ဆီကိုလျှောက်လာတဲ့လူနှစ်ယောက်ကြောင့်ရင်ဘတ်ထဲမှာတင်းပြီးအောင့်လာသလိုမျိုးဖြစ်လာရတယ်။ကိုယ်ချစ်တဲ့သူက အခြားတစ်ယောက်ရဲ့လက်ကိုတွဲပြီးပြုံးပျော်နေတာဟာတော်တော်လေးကိုမှရင်ထဲမကောင်းဖြစ်ရပါတယ်။
"ဒါက ကင်မ်ထယ်ယောင်းတဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်။ ထယ်ယောင်း ဒါကိုယ့်အမျိုးသားဂျောင်ယွန်းဂီတဲ့..."
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်"
CEOရဲ့အမျိုးသားနှုတ်ဆက်မှုကြောင့်ထယ်ယောင်းလည်း လွင့်လွင့်လေးပြုံးကာခေါင်းငုံ့အရိုသေပေးမိတယ်။ CEOရဲ့မိတ်ဆက်ပေးမှုကြောင့်လည်းသူဝမ်းနည်းလာရတယ်။သူ့အနေနဲ့တော့လုပ်ဖော်ကိုင်ဖက်။တစ်ဖက်လူကကောင်လေးကိုတော့ အမျိုးသားတဲ့။အင်းလေ။သူမိတ်ဆက်ပေးတဲ့အထဲမှာဘာအမှားမှမပါတာ။သြော်...ထယ်ယောင်းရယ်မင်းရင်ထဲမှာခံစားနေရတာတွေကိုခနမျိုသိမ့်ထားပြီးဟန်ဆောင်ပြုံးပြလိုက်စမ်းပါ။
"ဒါနဲ့ ယွန်းဂီကကျောင်းမတက်ဘူးလား??"
ဂျောင်ကုအမေးအားယွန်းဂီကတက်ကြွစွာဖြင့်
"ဟုတ်...ဦးနဲ့အပြင်မှာထွက်Dateကြမလို့လေ"
ဟိုဆော့လက်အားတစ်ဖက်ကိုချိတ်ရင်းရယ်သွမ်းပြီးပြောလိုက်သူယွန်းဂီကြောင့်ဂျောင်ကုရော ထယ်ယောင်းရောမျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်သွားရတယ်။သူတို့ခံစားချက်ကိုသူတို့သာလျှင်သိတာမို့ အခုလိုအခြေနေကဟန်ဆောင်နိုင်ဖို့ဆိုတာအရမ်းခက်တယ်။ချစ်ရတဲ့သူတွေ မဟုတ်ပါလား။ငေးကြည့်နေရုံနဲ့အဆင်ပြေမယ်ဟုထင်ခဲ့သော်လည်းတကယ့်တကယ်တမ်းတော့ခံစားရတာ မသက်သာလိုက်တာ။ဂျောင်ကုကတော့ပျော်ရွှင်နေတဲ့ယွန်းဂီမျက်နှာလေးကိုတစ်စိမ့်စိမ့်ငေးကြည့်နေမိတယ်။
သူအဲ့လိုပျော်ရွှင်နေတာမြင်တော့လည်းကိုယ်လည်းစိတ်ချမ်းသာရပါတယ်။ဒါပေမဲ့တစ်ဖက်က သူပျော်ရွှင်ရတာကိုယ့်ကြောင့်မဟုတ်တော့စိတ်ထဲလုံးဝမကောင်းပါ။အချစ်ဆိုတဲ့အရာကြီးက တကယ့်ကိုပင်ပန်းတဲ့အလုပ်ပေ။
"ဒါဆို ကိုယ်တို့သွားလိုက်ဦးမယ်နော်။ဂျောင်ကု အကိုတို့အိမ်ပြန်နောက်ကျမှာမို့မင်းဘာသာမင်းညစာစားလိုက်တော့"
အကိုကတော့ပြောပြောပြီးခြင်း ယွန်းဂီလက်ကိုတွဲကာပြန်ထွက်သွားလေတော့သည်။ကျန်ခဲ့တဲ့သူကတော့ ထိုင်ခုံပေါ်မှာသက်ပျင်းလေးချပြီး စိတ်ဓာတ်ကျမိပါရဲ့။အလုပ်လုပ်ချိန်စိတ်တွေလည်းမရှိတော့သလို အတွေးတွေထဲမှာယွန်းဂီသာစိုးမိုးထားနေတော့တယ်။သူနဲ့ဒီကောင်လေးအနေကြာပြီးနောက်ပိုင်း သဘောကျလာတာထက်ကိုပိုလာမှန်းသိခဲ့ရတော့တယ်။အိမ်ပြန်ရောက်ရင်တောင် ပထမဆုံးမြင်ချင်မိတာကယွန်းဂီမျက်နှာလေးပင်။သူဟာစောင့်ထိန်းရမဲ့ စည်းတွရှိသော်လည်းတကယ်တော့ နှလုံးသားကိုညာခဲ့လို့မရပေ။
ဒါ့ကြောင့် သူလည်းကောင်လေးစာမေးပွဲပြီးရင်နိုင်ငံခြားကိုပြန်ဖို့စဥ်းစားထားတယ်။ကောင်လေးက နောက်သုံးလနေရင်စာမေးပွဲဖြေရတော့မှာလေ။ဟိုရောက်ရင်အပြီးတိုင်ကောင်လေးအကြောင်းကိုမေ့ပစ်တော့မှာမလို့ အခုရှိနေတဲ့အချိန်အတွင်းလေးမှာတော့ခံစားချက်တွေကိုဖွင့်ထုတ်လို့ရလေမလား။မြိုလည်းမသိမ့်ထားနိုင်တော့သလို၊သူနဲ့ပက်သက်ပြီး ခံစားချက်သေးသေးလေးပဲဖြစ်ဖြစ်ထုတ်ဖော်ပြချင်သွားတယ်။
ဘယ်သူ့ကိုမှခံစားစေချင်လို့တော့မဟုတ်ပါဘူး။ကျွန်တော်သူ့ကိုဘယ်လောက် ချစ်လဲဆိုတာသိစေချင်ရုံသာ။
>>>>>>>>>>>
"ဦး...ဒါလေးစားချင်တယ်"
"ဦး...ငယ်နဲ့ဒါလေးတွေဝတ်ပြီးဓာတ်ပုံအတူရိုက်ကြရအောင်"
"ဦး....ငယ့်ကိုဒါလေးဝယ်ပေး..."
"ဦး...တော့ပိုကီ...."
"ဦး...."
"ဦး...."
နှုတ်ခမ်းသေးသေးလေးတွေကမရပ်မနားနိုင်တဲ့အထိကိုပူဆာလေတော့ ဟိုဆော့လေးပြေးရလွှားရနဲ့မောပန်းနေမိတော့တယ်။ဒါပေမဲ့ချစ်ရတဲ့သူအတွက်ဆိုတော့လည်းပင်ပန်းရကျိုးနပ်ပါတယ်။သူလေးစိတ်ချမ်းသာရင် ကိုယ်ကကျေကျေနပ်နပ်ကြီးကိုဒီထပ်မကလုပ်ပေးလိုက်ဦးမှာ။
"ငယ်...ဘာစားချင်လဲ"
တစ်နေကုန်လျှောက်လည်ပြီးတော့ အပြန် dinnerစားဖို့စားသောက်ဆိုင်တစ်ဆိုင်သို့ဝင်လာခဲ့ကြသည်။ငယ်ကတော့ မီနူးလေးကိုကိုင်ပြီးနှုတ်ခမ်းလေးတစ်ချွန်ချွန်နဲ့ရွေးနေတာလေးကချစ်ဖို့ကောင်းလိုက်တာ။ဟိုဆော့လည်းဝိုင်လေးသောက်လိုက်၊ငယ့်မျက်နှာလေးကိုကြည့်လိုက်နဲ့ဇိမ်ဖြစ်နေတော့၏။
"စပါဂယ်တီတစ်ပွဲ....steakတစ်ပွဲ ရေညှိထမင်းကြော်...အရွက်သုတ်....အာလူးချောင်း...အင်း...လိမ္မော် juciတစ်ခွက်ပေးပါ"
ငယ်ကတော့မှာချင်တာမှာပြီးသူ့ကိုကြည့်ကာလှမ်းပြုံးပြနေ၏။
"ငယ်...စားနိုင်တယ်နော်..."
"ဘာလဲ သဘောမကျလို့လား??"
"ဟား ဟား။မဟုတ်ရပါဘူးဗျာ။ ဒီကရှာဖွေသမျှကသဲလေးအတွက်မို့စိတ်ကြိုက်စားနိုင်ပါတယ်ခဗျ"
သဲလေးကမျက်စောင်းလေးဖြင့်သူ့ကိုကြည့်တော့သူပိုပြီးရယ်ချင်မိသွားတယ်။ချစ်ဖို့ကောင်းတဲ့ကောင်လေးတွေများဘာပဲလုပ်လုပ်ချစ်ဖို့ကောင်းနေကြတာချည်းပင်။
အဲ့နောက်သူတို့လည်း ညစာအတူတူစားဖြစ်ခဲ့ပြီးမမေးဖြစ်ခဲ့သောသဲလေးကျောင်းကိစ္စကိုမေးနေမိသည်။အခုလိုမျိုးမdateဖြစ်တာလည်းကြာတော့ နှစ်ယောက်သားပျော်နေတာကမရပ်တန့်နိုင်။အခုလိုကျပြန်တော့လည်းတစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ချစ်လဲဆိုတာဟိုဆော့ခံစားမိတယ်။ယွန်းဂီကအကြောင်းအရာတစ်ခုအား ရယ်မောပြီးပြောနေရင်အကြောင်းမဲ့သက်သက်ငေးကြည့်ပြီး ပြုံးနေတဲ့ကိုယ်ကလည်းအလုပ်တစ်လုပ်။တစ်နေကုန်ထိုင်ပြီးသူပြောတာတွေကြီးပဲနားထောင်ရရင်တောင်ဟိုဆော့တို့မှာမညည်းညူပဲ နားညည်းခံပေးမဲ့အဖြစ်မျိုး။
ဒီနေ့မှာတော့ခင်ပွန်းတာဝန်ကျေပွန်ခဲ့လို့သူ့ကိုယ်သူလည်းစိတ်ချမ်းသာရပါတယ်။သဲလေးကိုကြည့်ရတာလည်းပျော်နေတဲ့ပုံပေါ်တာမို့ သူ့ရင်ထဲမှာလည်းအေးရတယ်။နောက်နေ့တွေကစပြီး ကိုယ်ဒီထက်ပိုကောင်းပေးပါ့မယ်သဲငယ်။
>>>>>>>>>
တီ!
အိမ်ရှေ့က ကားဟွန်းတီးသံကြောင့်ဂျောင်ကုဧည့်ခန်းထဲမှထွက်လာခဲ့ပြီး ဝင်လာသူကိုကြည့်နေလိုက်တယ်။ကားပေါ်ကဆင်းလာသူနှစ်ဦးမှာပြုံးပျော်နေကြကာ စိတ်ချမ်းသာနေပုံရတယ်။ဂျောင်ကုကတော့ အောင့်တက်လာတဲ့နှလုံးကိုလျစ်လျူရှု့ထားလိုက်ပြီး
"အကိုတို့တောင်ပြန်လာကြပြီပဲ"
"အော်...ဂျောင်ကု ငါကမင်းအိပ်နေပြီ လို့တောင်ထင်နေတာ"
"ကျွန်တော်လည်း အိပ်တော့မလို့ပါ"
အမှန်တော့အိပ်တော့မလို့မဟုတ်ပဲ အိပ်လို့မရတာကြောင့်ပင်။သူ့မှာပြန်လာချိန်ကိုစောင့်ပြီး ဘာကိုဒေါသထွက်လို့ထွက်နေမှန်းမသိ။အကောင်းကြီးမှ အကို့ကိုသူစိတ်တိုနေမိသည်။
"ညစာရောဘာစားပြီးပြီလဲ??"
ကိုယ့်ကိုသတိတရနဲ့လှမ်းမေးလိုက်တဲ့ယွန်းဂီလေးကြောင့်ဂျောင်ကုလည်း အပျော်လှိုင်းလေးများစိတ်ထဲထသွားရတယ်။ဘာမဟုတ်တဲ့အမေးလေးတစ်ခုက သူ့ကိုရူးသွားစေနိုင်တယ်လေ။
"အင်း...ခေါက်ဆွဲပြုတ်စားထားတယ်"
"အကိုဂျောင်ကုတို့များနော်..ကျွန်တော်မရှိတဲ့နေ့ဆိုဖြစ်သလိုစားနေလိုက်"
ဟုတ်တယ် ယွန်းဂီ။ကိုယ်မင်းမရှိတဲ့ခနလေးမှာကိုယ့်ဟာကိုယ်ဖြစ်သလိုနေမိတယ်။မင်းစိတ်ပူမှာစိုးလို့သာခေါက်ဆွဲပြုတ်စားထားတယ်လို့ပြောလိုက်မိပေမဲ့ အမှန်တော့သူဘာမှမစားရသေးပေ။အရင်တုန်းကလို ညစာအတူတူစားပေမဲ့မင်းမရှိတော့ ကိုယ်လည်းဖြစ်သလိုပါပဲ။
"အကိုတို့သွားနားလိုက်ဦးမယ်....လာ.. ငယ်"
ဟိုဆော့တစ်ယောက် ဂျောင်ကုရဲ့အကြည့်ကိုသဘောသိပ်မကျသောကြောင့်ငယ့်လက်ကိုဆွဲပြီးအိမ်ပေါ်ခေါ်လာခဲ့လိုက်သည်။သူပဲတစ်မျိုးထင်နေလို့လားမသိ။ဒါပေမဲ့အဲ့အတွေးက ဂျောင်ကုသိက္ခာကိုစော်ကားရာကျမှန်းတော့သိသည်။ သူရိုးရိုးသားသားလေးတွေးလိုက်ရင်ရပါတယ်လေ။ဂျောင်ကုကယွန်းဂီကိုကိုယ့်ထက်ပိုပြီးခင်တာမို့တစ်မျိုးထင်သွားတာလည်းပါမယ်။ကိုယ်တို့နှစ်ယောက်အဆင်ပြေအောင်ဂျောင်ကုကကူညီပေးထားတာတွေရှိတော့လည်း အရမ်းကြီးလျှောက်တွေးမနေချင်ပါ။
ဒါက သဘောရိုးရိုးပဲ လျှောက်တွေးမနေနဲ့ဂျောင်ဟိုဆော့!!
>>>>>>>>>>>
တောက်!!
ဂျောင်ကုဒေါသဖြစ်ဖြစ် တက်တစ်ချက်ခေါက်လိုက်မိသည်။အကြောင့်မဲ့သက်သက်အကို့ကိုသူစိတ်စိုးမိသည်။ ကာမပိုင်ယောကျာ်းတစ်ယောက်မှန်းသိပေမဲ့လည်းဂျောင်ကု,ယွန်းဂီနဲ့ပက်သက်ပြီးအကို့ကိုစိတ်အရမ်းစိုးသည်။သူကချစ်နေတော့ ဘယ်အရာမှလွယ်ကူမနေပါ။ဒါ့အပြင် အကိုခုနကသူ့ကိုဘယ်လိုကြည့်သွားလဲဆိုတာဂျောင်ကုရိပ်မိလိုက်တယ်။ကိုယ့်အကြည့်ကို အဓိပ္ပါယ်အမျိုးမျိုးကောက်ချင်ကောက်သွားလိမ့်မယ်။ဒါပေမဲ့ ဒါကိုလည်းဂျောင်ကုဂရုစိုက်မနေချင်တော့ပါ။
သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုအကိုတို့မရောက်ခင်အတွင်းပြတ်ပြတ်သားသားပင်ချမှတ်ခဲ့သည်။
"သုံးလအတွင်း ယွန်းဂီကကျွန်တော့်လူဖြစ်လာစေရမယ် အကို!! "
>>>>>>>>>>
>>>>>>>>>>
Good Night.....
zawgyi
"ဦးဖယ္ပါ"
ယြန္းဂီသူ႕ခါးေပၚကိုေရာက္ရွိေနတဲ့ ဦးရဲ႕လက္မ်ားအားအတင္းဖယ္ခ်လိဳ႕လဲမရ။အားနဲ႕ညွစ္ထားတာေၾကာင့္ၾကာေတာ့နာလာရသည္။သူကခါခ်ေလ၊ဦးကပိုၿပီး တိုးဖက္ေလ။သူအိပ္ေနတဲ့ဘက္ကိုအတင္းပူးကပ္ၿပီးအိပ္ေနတာက အရမ္းက်ပ္ရသည္။အခုဆိုခုတင္ရဲ႕အစြန္းတစ္ဖက္မွာသူ႕အားဦးကအေနာက္ကေနသိမ္းက်ဳံးမရဖက္လို႔ထားၿပီး လည္တိုင္တစ္ေလွ်ာက္လိုက္နမ္းေနေလသည္။
"ဦးကိုစိတ္စိုးေနေသးတာလား??"
ေမးမွေမးရက္တယ္လို႔သာ ယြန္းဂီေတြးရင္းၿပဳံးမိသည္။
"ဦးေတာင္းပန္ပါတယ္"
"အဲ့စကားကိုေျပာေနရတာ မေမာဘူးလား??"
သူေမးေတာ့ဦးကတိတ္ဆိတ္သြားသည္။
"ကြၽန္ေတာ္ကေတာ့ ၾကားေနရတာရိုးလွၿပီ"
"အဲ့ meetingကအရမ္းအေရးႀကီးေနလို႔ပါ။"
"ကတိဆိုတာမတည္နိုင္ရင္ မေပးရဘူး။အကယ္လို႔အဲ့ကတိမတည္ရင္ ေပးသြားတဲ့သူထက္အေပးခံရတဲ့သူကနာက်င္ရတယ္။ဦးကေတာ့လြယ္လြယ္ေလးပဲ အေရးႀကီးတဲ့ meetingတဲ့။ကြၽန္ေတာ့္အတြက္ကေတာ့ဒါေတာ္ေတာ္ေလးခံစားရတယ္။ဦး အၿမဲဒါမ်ိဳးလုပ္တယ္~"
ယြန္းဂီမွာေျပာရင္းေျပာရင္းငိုခ်င္လာရတယ္။ထုံးစံအတိုင္းေတာင္းပန္စကားဆိုလို႔သူကၿပီးသြားတယ္လို႔ထင္ေနေပမဲ့ ကြၽန္ေတာ္အတြက္ကေတာ့ဘယ္လိုမွလြယ္လြယ္နဲ႕ေျဖသိမ့္မရေပ။
"ေနာက္တစ္ခါ ထပ္-"
"ဟင့္အင္း မတည္နိုင္တဲ့ကတိေတြထပ္မေပးပါနဲ႕ေတာ့~"
ေျပာလည္းေျပာ အိပ္ယာေပၚမွကုန္းထလိုက္ၿပီးဦးကိုေက်ာေပးကာထိုင္မိသည္။ ေမွ်ာ္လင့္ခ်က္ေတြေပးလိုက္၊ၿပီးရင္ဖ်က္ဆီးခံလိုက္ရနဲ႕ဘာလုပ္ဦးမလို႔လဲ??။သူလည္း ပင္ပန္းလာေလၿပီ။ဦးအတြက္ကေတာ့ ဒါဟာစကားေလးတစ္ခြန္းသာသာ။သစၥာေတြ၊ကတိေတြမွမပါခဲ့ပဲ။ဦးကို သူလည္းတစ္ခါတစ္ေလစိတ္ကုန္မိပါတယ္။
"ဦးလည္း ပင္ပန္းေနၿပီးနားလိုက္ေတာ့"
"သဲငယ္ ကိုယ့္ကိုမမုန္းလိုက္ပါနဲ႕ေနာ္"
ကိုယ့္စကားနဲ႕မသက္ဆိုင္တဲ့စကားတစ္ခြန္းကိုဦးကေျပာလိုက္ေတာ့ရင္ထဲနည္းနည္း ေအာင့္သြားရတယ္။ကြၽန္ေတာ္မုန္းမွာေၾကာက္ရင္ဘာလို႔ကြၽန္ေတာ္မႀကိဳက္တာေတြလုပ္လဲ။အလုပ္ကိစၥေၾကာင့္ လာမႀကိဳနိုင္တာကိုအျပစ္မယူပါ။သို႔ေသာ္ ဖုန္းေလးေတာင္တစ္ခ်က္မဆက္ဘဲပစ္ထားတာကိုေတာ့စိတ္နာမိတယ္။တကယ္ပဲ ဦးကတစ္ကိုယ္ေကာင္းဆန္လိုက္တာ။
ဒီေန႕ညမွာေတာ့ယြန္းဂီေတာ္ေတာ္နဲ႕အိပ္လို႔မေပ်ာ္ခဲ့ေပ။ အခ်ိန္ကိုၾကည့္ေတာ့ဆယ့္ႏွစ္လည္းေက်ာ္ၿပီျဖစ္တာေၾကာင့္အိပ္ဖို႔အတင္းႀကိဳးစားေသာ္လည္းမ်က္လုံးမ်ားကမမွိတ္ေပ။ဦးကဘယ္ေလာက္ေတာင္ပင္ပန္းၿပီးအိပ္ေမာက်ေနလဲမသိ။အျပင္ကလာတဲ့အဝတ္ေတာင္မလဲဘဲ ကိုယ့္ကိုေခ်ာ့ရင္းအိပ္ေပ်ာ္သြားေလတယ္။ကိုယ္ကေတာ့ဦးမ်က္ႏွာေလးကိုၾကည့္ၿပီးအေတြးေတြေယာက္ယက္ခက္ေနေလသည္။ဦးအခုတစ္ေလာေျပာင္းလဲေနသလိုလည္းခံစားရသည္။
ဘာပဲျဖစ္လာျဖစ္လာ ကိုယ့္ကိုအၿမဲဦးစားေပးေနသူကအခုေတာ့အေၾကာင္းျပခ်က္ေတြမ်ိဳးစုံနဲ႕လူကိုထား ထားခဲ့သည္။သူ႕ကိုမခ်စ္ေတာ့တာမ်ားလားလို႔ေတြးၾကည့္မိေတာ့မ်က္ရည္ေတြကက်လာျပန္သည္။ဦးကသူ႕ကိုခ်စ္တယ္လို႔မေျပာဖူးေပမဲ့ အၾကည့္ေတြကေနတစ္ဆင့္ေတာ့အၿမဲတမ္းေမတၱာပါေနခဲ့သည္ကိုသတိထားမိသည္။ယြန္းဂီသက္တမ္းတစ္ေလွ်ာက္ ရည္းစားေတာင္မထားဖူးဘဲအိမ္ေထာင္တန္းျပဳလိုက္ရသည္။လူတစ္ေယာက္ကိုသေဘာက်တာနဲ႕တင္အခ်စ္လို႔တန္းၿပီး သတ္မွတ္ခဲ့သည္။
အေနနီးတဲ့ေယာက်ာ္းတစ္ေယာက္ကိုစိတ္ဝင္စားလို႔အထိအေတြ႕မ်ားလာတဲ့အခါသေဘာက်စိတ္ေလးေတြသူ႕အလိုလိုျဖစ္လာရသည္။ဦးကိုလည္းသူ႕အဲ့လိုေတြးၿပီးသေဘာက်ခဲ့တာျဖစ္မည္။ဦးကနည္းနည္းေလးေလာက္ၾကင္နာဂ႐ုစိုက္ျပရင္သူက အႀကီးႀကီးေတြေတြးၿပီးေပ်ာ္ေနတတ္တဲ့သူမ်ိဳး။အခုလိုမ်ိဳး ႐ုတ္တစ္ရက္ပစ္ပယ္ထားလိုက္တဲ့အခါသူဝမ္းနည္းလာရတာဆန္းသလား??။ အရာရာသူ႕ကိုပဲဦးစားေပးေစခ်င္တာပါ။အဲ့လိုေတြးလိုက္ေတာ့လည္း သူကအတၱႀကီးၿပီးနားလည္ေပးရာမက်ေတာ့ဘူးေပါ့။အရင္တုန္းကဆိုတစ္ေနကုန္မေတြ႕ရရင္ေတာင္ ညဘက္ေတြထိအခ်ိန္ေပးၿပီးစကားေျပာျဖစ္ခဲ့ၾကတယ္။ဒါေပမဲ့ အခုေတာ့ဦးကေျပာင္းလဲသြားလိုက္တာ။
တတ္နိုင္သမွ်ေတာ့ကြၽန္ေတာ္နားလည္ၾကည့္ေပးပါ့မယ္။
>>>>>>>>>>
"ငယ္...!!"
႐ုံးခန္းထဲသို႔ ႐ုတ္တစ္ရက္ေရာက္လာတဲ့ယြန္းဂီေၾကာင့္ ဟိုေဆာ့ေတာ္ေတာ္ေလးကိုမွအံၾသသြားရတယ္။ကိုယ္က အေရးႀကီးဧည့္သည္တစ္ဦးနဲ႕အလုပ္ကိစၥသြားေတြ႕ၿပီးအျပန္႐ုံးခန္းထဲငယ္ေရာက္ေနတယ္ဆိုလို႔ အျမန္ေျပးလာခဲ့ရသည္။မနက္က ေက်ာင္းကိုသူကိုယ္တိုင္လိုက္ပို႔ေပးခဲ့တာပါ။ ဘယ္ေလာက္မွမၾကာပဲငယ္ကသူ႕ဆီသို႔ျပန္ေရာက္လာေလသည္။ဒါ့ေၾကာင့္သူလည္း ငယ္ထိုင္ေနေသာေဘးသို႔ဝင္ထိုင္လိုက္ၿပီး
"ငယ္ ေက်ာင္းမတက္ဘူးလား??"
"ဟုတ္တယ္။ တစ္ခ်ိန္ေလာက္ပဲတက္ၿပီးဦးကိုလြမ္းတာနဲ႕ ဒီရွိထြက္လာခဲ့လိုက္တာ။"
အမွန္တိုင္းေျပာရင္လြမ္းတာထက္ဦးနဲ႕ပိုၿပီးနီးနီးကပ္ကပ္ေနသင့္တယ္ထင္လို႔ယြန္းဂီ အတန္းဆက္မတက္ေတာ့ဘဲcompanyသို႔လာခဲ့ျခင္းျဖစ္သည္။ဒီရက္ပိုင္းတြင္းဦးနဲ႕သူ႕အေျခေနကသူစိမ္းဆန္ေနသလိုမ်ိဳးႀကီး။သူ႕ဘက္က ေဖာ္ေဖာ္ေ႐ြေ႐ြျပန္ဆက္ဆံေပးသင့္တယ္လို႔ထင္တယ္။ဦးက ေခ်ာ့လည္းေခ်ာ့မတတ္။သူ႕အႀကိဳက္လည္းမသိေတာ့ လူငယ္ျဖစ္တဲ့သူကသာနားလည္ေပးၿပီး။
"ငယ္ေရာက္တာနဲ႕အေတာ္ပဲ ကိုယ္လည္းဒီေန႕အလုပ္သိပ္မရွိေတာ့ ဒီေန႕အိမ္ပဲျပန္နားလိုက္ရင္ေကာင္းမလားလို႔။ငယ္ျပန္ရင္ ဦးလည္းတစ္ခါထဲတူတူလိုက္ခဲ့မယ္ေလ။"
"company CEOႀကီးကအခုလိုေစာေစာျပန္လို႔ရလို႔လား??"
"ဘာလို႔ မရရမွာလဲသဲငယ္ရယ္...သဲငယ္ေတာင္ဦးကိုလြမ္းၿပီးေက်ာင္းပ်က္ေသးတာပဲ။ဦးကဘာလို႔ ဒီအလုပ္ေတြၾကားဆက္ထိုင္ေနရဦးမွာလဲ??"
"ဦးေနာ္...စကားတတ္ရင္လည္းႏွစ္ေယာက္မရွိဘူး"
"ငယ္ေလး ေက်ာင္းပ်က္လက္စနဲ႕ဦးတို႔ဒီေန႕အျပင္ထြက္လည္ရင္ေကာင္းမလား။ Dateၾကမယ္ေလ"
ဟိုေဆာ့လည္းေျပလည္လိုေျပလည္ငွား သဲငယ္ေလးကိုေျပာၾကည့္မိသည္။သဲငယ္ေလးက Dateရတာသေဘာက်တဲ့အတြက္လည္း သူ႕ေခါင္းထဲေပၚလာတဲ့အေတြးအားခ်က္ခ်င္းေျပာမိသည္။ ဒီေန႕ေလးပဲျဖစ္ျဖစ္သဲငယ္ေလးကိုအခ်ိန္ေပးသင့္သည္။ေရွ႕ေလွ်ာက္သဲငယ္ေလးစာေမးပြဲနီးရင္အခုလိုမ်ိဳး အားအားေနေနရွိခ်င္မွရွိေတာ့မွာေလ။ကိုယ္ေမးလိုက္ေတာ့ သဲငယ္ေလးကမ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ခ်က္ခ်င္းၿပဳံးတက္သြားၿပီး ေခါင္းၿငိမ့္ျပေတာ့သည္။
ခ်စ္ဖို႔ေကာင္းေနတာေၾကာင့္ကိုယ္လည္း ပါးေလးတစ္ဖက္ကိုနမ္းလိုက္ၿပီး
"႐ႊတ္~ သြားၾကရေအာင္"
"ဟို..မသြားခင္ေလး အကိုေဂ်ာင္ကုကိုႏႈတ္ဆက္သြားခ်င္တယ္။သူဘယ္မွာရွိမယ္ထင္လဲ??"
"သူက အခုဆိုထယ္ေယာင္းနဲ႕ အေရာင္းငွာနမွာစာရင္းအတူတူလုပ္ေနလိမ့္မယ္။ႏွစ္ေယာက္လုံးက တရားဝင္ဝန္ထမ္းေတြမဟုတ္ေတာ့ ကိုယ္လည္းနိုင္သေလာက္ေလးပဲလုပ္ခိုင္းၿပီးတစ္ပတ္စာ စာရင္းေတြေလာက္ပဲစစ္ခိုင္းထားတာ။"
"ထယ္ေယာင္းဆိုတာဘယ္သူလဲ ဟိုတစ္ခါ ဒီမွာဦးနဲ႕ေတြ႕လိုက္တဲ့တစ္ေယာက္လား??"
"အင္း ဟုတ္တယ္။ "
"သူကဘယ္သူလဲ??"
"သူက ဦးရဲ႕လုပ္ေဖာ္ကိုင္ဖက္တစ္ဦးပါ။"
"ဒါဆို ဘာလို႔အခုဒီမွာရွိေနရတာလဲ သူ႕အလုပ္လဲမရွိပဲ"
"သူကလည္းေဂ်ာင္ကုအတိုင္း လုပ္ငန္းေလ့လာခ်င္လို႔တဲ့ေလ"
"ဟိုမွာသူ႕companyႀကီးတစ္ခုလုံးကိုပစ္ထားၿပီး ဒီမွာအလုပ္လုပ္တယ္"
"သူတို႔ကcompanyႀကီးမဟုတ္ပါဘူး။ ဒီအတိုင္းအခုမွ စတည္ေထာင္စcompany ေလးပါ။"
ယြန္းဂီ ဦးရဲ႕စကားေတြေၾကာင့္ေတာ္ေတာ္ေလးကိုမွစဥ္းစားယူေနရတယ္။ဘယ္လိုလူမ်ိဳးက သူ႕ပိုင္ဆိုင္မႈႀကီးကိုပစ္ထားၿပီးသူ႕မ်ားေယာက်ာ္းဆီမွာအခုလိုလာလုပ္ေနလဲမသိ။အဲ့ေန႕ကဖ်တ္ခနဲေတြ႕လိုက္ရတာေတာင္အဲ့ omegaဘယ္ေလာက္ေခ်ာလဲဆိုတာသူသိတယ္။ဦးကိုယုံေပမဲ့ ဦးရဲ႕စကားေတြေၾကာင့္အဲ့omega ကိုေတာ့သိပ္မယုံခ်င္ပါ။
"ကဲ ဒါဆိုေဂ်ာင္ကုတို႔ဆီခနသြားၿပီး ျပန္ၾကတာေပါ့"
"ဟုတ္.."
ဦးအားစိတ္အႏွောက္ယွက္မျဖစ္ခ်င္တာနဲ႕ သူဆက္မေမးေတာ့။အင္း။ေနာက္မွပဲအကိုေဂ်ာင္ကုကို ကပ္တိုးေလးေမးၾကည့္ရမယ္။ဦးအေၾကာင္းေတာ့မဟုတ္ေပမဲ့ အဲ့ omegaေခ်ာေခ်ာအေၾကာင္းကိုေလ။ထို႔ေနာက္သူလည္းအေတြးေတြကိုလက္စသက္လိုက္ၿပီး ဦးနဲ႕အတူတူအကိုေဂ်ာင္ကုတို႔ဘက္သို့ထြက္လာလိုက္ေတာ့သည္။
>>>>>>>>>>>>
"ေဂ်ာင္ကု...."
ထယ္ေယာင္းနဲ႕စာရင္းအေၾကာင္းစကားေျပာေနရင္းမွေနာက္ကေနေခၚသံၾကားလိုလွည့္ၾကည့္လိုက္ေတာ့ အကိုျဖစ္ေနတာပင္။
"ဟာ အကို...ေအာ္..ယြန္းဂီလည္းပါလာတာပဲ"
ယြန္းဂီမ်က္ႏွာကိုေတြ႕ရင္ သူ႕အလိုလိုၿပဳံးလာတတ္တဲ့ႏႈတ္ခမ္းေတြေၾကာင့္ေဂ်ာင္ကုရင္ခုန္သံေတြလည္း ျမန္လာခဲ့ရသည္။အကိုရွိေနမွန္းသိေနရင္ေတာင္ သူ႕မွာအႏၵျေမဆည္နိုင္ေလာက္ေအာင္အထိၿပဳံးျပေနမိတာမ်ိဳးပင္။
" မိတ္ဆက္ေပးရဦးမယ္ ...."
အကိုကယြန္းဂီလက္ကိုတစ္ဖက္ကကိုင္ၿပီးထယ္ေယာင္းေရွ႕ကိုေခၚသြားေသာေၾကာင့္ ေဂ်ာင္ကုလည္းယြန္းဂီေပၚၾကည့္ေနတဲ့မ်က္လုံးအားအျမန္ခြာလိုက္ရေတာ့သည္။သူသတိလြတ္သြားျပန္ၿပီ။ ဘယ္ေလာက္ပဲသေဘာက်က်ဒါကသူမ်ားေတြေရွ႕မွာေလ။
ထယ္ေယာင္းမွာေတာ့ သူ႕ဆီကိုေလွ်ာက္လာတဲ့လူႏွစ္ေယာက္ေၾကာင့္ရင္ဘတ္ထဲမွာတင္းၿပီးေအာင့္လာသလိုမ်ိဳးျဖစ္လာရတယ္။ကိုယ္ခ်စ္တဲ့သူက အျခားတစ္ေယာက္ရဲ႕လက္ကိုတြဲၿပီးၿပဳံးေပ်ာ္ေနတာဟာေတာ္ေတာ္ေလးကိုမွရင္ထဲမေကာင္းျဖစ္ရပါတယ္။
"ဒါက ကင္မ္ထယ္ေယာင္းတဲ့ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္။ ထယ္ေယာင္း ဒါကိုယ့္အမ်ိဳးသားေဂ်ာင္ယြန္းဂီတဲ့..."
"ဟုတ္ ေတြ႕ရတာဝမ္းသာပါတယ္"
CEOရဲ႕အမ်ိဳးသားႏႈတ္ဆက္မႈေၾကာင့္ထယ္ေယာင္းလည္း လြင့္လြင့္ေလးၿပဳံးကာေခါင္းငုံ႕အရိုေသေပးမိတယ္။ CEOရဲ႕မိတ္ဆက္ေပးမႈေၾကာင့္လည္းသူဝမ္းနည္းလာရတယ္။သူ႕အေနနဲ႕ေတာ့လုပ္ေဖာ္ကိုင္ဖက္။တစ္ဖက္လူကေကာင္ေလးကိုေတာ့ အမ်ိဳးသားတဲ့။အင္းေလ။သူမိတ္ဆက္ေပးတဲ့အထဲမွာဘာအမွားမွမပါတာ။ေၾသာ္...ထယ္ေယာင္းရယ္မင္းရင္ထဲမွာခံစားေနရတာေတြကိုခနမ်ိဳသိမ့္ထားၿပီးဟန္ေဆာင္ၿပဳံးျပလိုက္စမ္းပါ။
"ဒါနဲ႕ ယြန္းဂီကေက်ာင္းမတက္ဘူးလား??"
ေဂ်ာင္ကုအေမးအားယြန္းဂီကတက္ႂကြစြာျဖင့္
"ဟုတ္...ဦးနဲ႕အျပင္မွာထြက္Dateၾကမလို႔ေလ"
ဟိုေဆာ့လက္အားတစ္ဖက္ကိုခ်ိတ္ရင္းရယ္သြမ္းၿပီးေျပာလိုက္သူယြန္းဂီေၾကာင့္ေဂ်ာင္ကုေရာ ထယ္ေယာင္းေရာမ်က္ႏွာအပ်က္ပ်က္အယြင္းယြင္းျဖစ္သြားရတယ္။သူတို႔ခံစားခ်က္ကိုသူတို႔သာလွ်င္သိတာမို႔ အခုလိုအေျခေနကဟန္ေဆာင္နိုင္ဖို႔ဆိုတာအရမ္းခက္တယ္။ခ်စ္ရတဲ့သူေတြ မဟုတ္ပါလား။ေငးၾကည့္ေန႐ုံနဲ႕အဆင္ေျပမယ္ဟုထင္ခဲ့ေသာ္လည္းတကယ့္တကယ္တမ္းေတာ့ခံစားရတာ မသက္သာလိုက္တာ။ေဂ်ာင္ကုကေတာ့ေပ်ာ္႐ႊင္ေနတဲ့ယြန္းဂီမ်က္ႏွာေလးကိုတစ္စိမ့္စိမ့္ေငးၾကည့္ေနမိတယ္။
သူအဲ့လိုေပ်ာ္႐ႊင္ေနတာျမင္ေတာ့လည္းကိုယ္လည္းစိတ္ခ်မ္းသာရပါတယ္။ဒါေပမဲ့တစ္ဖက္က သူေပ်ာ္႐ႊင္ရတာကိုယ့္ေၾကာင့္မဟုတ္ေတာ့စိတ္ထဲလုံးဝမေကာင္းပါ။အခ်စ္ဆိုတဲ့အရာႀကီးက တကယ့္ကိုပင္ပန္းတဲ့အလုပ္ေပ။
"ဒါဆို ကိုယ္တို႔သြားလိုက္ဦးမယ္ေနာ္။ေဂ်ာင္ကု အကိုတို႔အိမ္ျပန္ေနာက္က်မွာမို႔မင္းဘာသာမင္းညစာစားလိုက္ေတာ့"
အကိုကေတာ့ေျပာေျပာၿပီးျခင္း ယြန္းဂီလက္ကိုတြဲကာျပန္ထြက္သြားေလေတာ့သည္။က်န္ခဲ့တဲ့သူကေတာ့ ထိုင္ခုံေပၚမွာသက္ပ်င္းေလးခ်ၿပီး စိတ္ဓာတ္က်မိပါရဲ႕။အလုပ္လုပ္ခ်ိန္စိတ္ေတြလည္းမရွိေတာ့သလို အေတြးေတြထဲမွာယြန္းဂီသာစိုးမိုးထားေနေတာ့တယ္။သူနဲ႕ဒီေကာင္ေလးအေနၾကာၿပီးေနာက္ပိုင္း သေဘာက်လာတာထက္ကိုပိုလာမွန္းသိခဲ့ရေတာ့တယ္။အိမ္ျပန္ေရာက္ရင္ေတာင္ ပထမဆုံးျမင္ခ်င္မိတာကယြန္းဂီမ်က္ႏွာေလးပင္။သူဟာေစာင့္ထိန္းရမဲ့ စည္းတြရွိေသာ္လည္းတကယ္ေတာ့ ႏွလုံးသားကိုညာခဲ့လို႔မရေပ။
ဒါ့ေၾကာင့္ သူလည္းေကာင္ေလးစာေမးပြဲၿပီးရင္နိုင္ငံျခားကိုျပန္ဖို႔စဥ္းစားထားတယ္။ေကာင္ေလးက ေနာက္သုံးလေနရင္စာေမးပြဲေျဖရေတာ့မွာေလ။ဟိုေရာက္ရင္အၿပီးတိုင္ေကာင္ေလးအေၾကာင္းကိုေမ့ပစ္ေတာ့မွာမလို႔ အခုရွိေနတဲ့အခ်ိန္အတြင္းေလးမွာေတာ့ခံစားခ်က္ေတြကိုဖြင့္ထုတ္လို႔ရေလမလား။ၿမိဳလည္းမသိမ့္ထားနိုင္ေတာ့သလို၊သူနဲ႕ပက္သက္ၿပီး ခံစားခ်က္ေသးေသးေလးပဲျဖစ္ျဖစ္ထုတ္ေဖာ္ျပခ်င္သြားတယ္။
ဘယ္သူ႕ကိုမွခံစားေစခ်င္လို႔ေတာ့မဟုတ္ပါဘူး။ကြၽန္ေတာ္သူ႕ကိုဘယ္ေလာက္ ခ်စ္လဲဆိုတာသိေစခ်င္႐ုံသာ။
>>>>>>>>>>>
"ဦး...ဒါေလးစားခ်င္တယ္"
"ဦး...ငယ္နဲ႕ဒါေလးေတြဝတ္ၿပီးဓာတ္ပုံအတူရိုက္ၾကရေအာင္"
"ဦး....ငယ့္ကိုဒါေလးဝယ္ေပး..."
"ဦး...ေတာ့ပိုကီ...."
"ဦး...."
"ဦး...."
ႏႈတ္ခမ္းေသးေသးေလးေတြကမရပ္မနားနိုင္တဲ့အထိကိုပူဆာေလေတာ့ ဟိုေဆာ့ေလးေျပးရလႊားရနဲ႕ေမာပန္းေနမိေတာ့တယ္။ဒါေပမဲ့ခ်စ္ရတဲ့သူအတြက္ဆိုေတာ့လည္းပင္ပန္းရက်ိဳးနပ္ပါတယ္။သူေလးစိတ္ခ်မ္းသာရင္ ကိုယ္ကေက်ေက်နပ္နပ္ႀကီးကိုဒီထပ္မကလုပ္ေပးလိုက္ဦးမွာ။
"ငယ္...ဘာစားခ်င္လဲ"
တစ္ေနကုန္ေလွ်ာက္လည္ၿပီးေတာ့ အျပန္ dinnerစားဖို႔စားေသာက္ဆိုင္တစ္ဆိုင္သို႔ဝင္လာခဲ့ၾကသည္။ငယ္ကေတာ့ မီႏူးေလးကိုကိုင္ၿပီးႏႈတ္ခမ္းေလးတစ္ခြၽန္ခြၽန္နဲ႕ေ႐ြးေနတာေလးကခ်စ္ဖို႔ေကာင္းလိုက္တာ။ဟိုေဆာ့လည္းဝိုင္ေလးေသာက္လိုက္၊ငယ့္မ်က္ႏွာေလးကိုၾကည့္လိုက္နဲ႕ဇိမ္ျဖစ္ေနေတာ့၏။
"စပါဂယ္တီတစ္ပြဲ....steakတစ္ပြဲ ေရညွိထမင္းေၾကာ္...အ႐ြက္သုတ္....အာလူးေခ်ာင္း...အင္း...လိေမၼာ္ juciတစ္ခြက္ေပးပါ"
ငယ္ကေတာ့မွာခ်င္တာမွာၿပီးသူ႕ကိုၾကည့္ကာလွမ္းၿပဳံးျပေန၏။
"ငယ္...စားနိုင္တယ္ေနာ္..."
"ဘာလဲ သေဘာမက်လိဳ႕လား??"
"ဟား ဟား။မဟုတ္ရပါဘူးဗ်ာ။ ဒီကရွာေဖြသမွ်ကသဲေလးအတြက္မို႔စိတ္ႀကိဳက္စားနိုင္ပါတယ္ခဗ်"
သဲေလးကမ်က္ေစာင္းေလးျဖင့္သူ႕ကိုၾကည့္ေတာ့သူပိုၿပီးရယ္ခ်င္မိသြားတယ္။ခ်စ္ဖို႔ေကာင္းတဲ့ေကာင္ေလးေတြမ်ားဘာပဲလုပ္လုပ္ခ်စ္ဖို႔ေကာင္းေနၾကတာခ်ည္းပင္။
အဲ့ေနာက္သူတို႔လည္း ညစာအတူတူစားျဖစ္ခဲ့ၿပီးမေမးျဖစ္ခဲ့ေသာသဲေလးေက်ာင္းကိစၥကိုေမးေနမိသည္။အခုလိုမ်ိဳးမdateျဖစ္တာလည္းၾကာေတာ့ ႏွစ္ေယာက္သားေပ်ာ္ေနတာကမရပ္တန့္နိုင္။အခုလိုက်ျပန္ေတာ့လည္းတစ္ေယာက္နဲ႕တစ္ေယာက္ဘယ္ေလာက္ခ်စ္လဲဆိုတာဟိုေဆာ့ခံစားမိတယ္။ယြန္းဂီကအေၾကာင္းအရာတစ္ခုအား ရယ္ေမာၿပီးေျပာေနရင္အေၾကာင္းမဲ့သက္သက္ေငးၾကည့္ၿပီး ၿပဳံးေနတဲ့ကိုယ္ကလည္းအလုပ္တစ္လုပ္။တစ္ေနကုန္ထိုင္ၿပီးသူေျပာတာေတြႀကီးပဲနားေထာင္ရရင္ေတာင္ဟိုေဆာ့တို႔မွာမညည္းၫူပဲ နားညည္းခံေပးမဲ့အျဖစ္မ်ိဳး။
ဒီေန႕မွာေတာ့ခင္ပြန္းတာဝန္ေက်ပြန္ခဲ့လို႔သူ႕ကိုယ္သူလည္းစိတ္ခ်မ္းသာရပါတယ္။သဲေလးကိုၾကည့္ရတာလည္းေပ်ာ္ေနတဲ့ပုံေပၚတာမို႔ သူ႕ရင္ထဲမွာလည္းေအးရတယ္။ေနာက္ေန႕ေတြကစၿပီး ကိုယ္ဒီထက္ပိုေကာင္းေပးပါ့မယ္သဲငယ္။
>>>>>>>>>
တီ!
အိမ္ေရွ႕က ကားဟြန္းတီးသံေၾကာင့္ေဂ်ာင္ကုဧည့္ခန္းထဲမွထြက္လာခဲ့ၿပီး ဝင္လာသူကိုၾကည့္ေနလိုက္တယ္။ကားေပၚကဆင္းလာသူႏွစ္ဦးမွာၿပဳံးေပ်ာ္ေနၾကကာ စိတ္ခ်မ္းသာေနပုံရတယ္။ေဂ်ာင္ကုကေတာ့ ေအာင့္တက္လာတဲ့ႏွလုံးကိုလ်စ္လ်ဴရႈ႕ထားလိုက္ၿပီး
"အကိုတို႔ေတာင္ျပန္လာၾကၿပီပဲ"
"ေအာ္...ေဂ်ာင္ကု ငါကမင္းအိပ္ေနၿပီ လို႔ေတာင္ထင္ေနတာ"
"ကြၽန္ေတာ္လည္း အိပ္ေတာ့မလို႔ပါ"
အမွန္ေတာ့အိပ္ေတာ့မလို႔မဟုတ္ပဲ အိပ္လို႔မရတာေၾကာင့္ပင္။သူ႕မွာျပန္လာခ်ိန္ကိုေစာင့္ၿပီး ဘာကိုေဒါသထြက္လို႔ထြက္ေနမွန္းမသိ။အေကာင္းႀကီးမွ အကို႔ကိုသူစိတ္တိုေနမိသည္။
"ညစာေရာဘာစားၿပီးၿပီလဲ??"
ကိုယ့္ကိုသတိတရနဲ႕လွမ္းေမးလိုက္တဲ့ယြန္းဂီေလးေၾကာင့္ေဂ်ာင္ကုလည္း အေပ်ာ္လွိုင္းေလးမ်ားစိတ္ထဲထသြားရတယ္။ဘာမဟုတ္တဲ့အေမးေလးတစ္ခုက သူ႕ကို႐ူးသြားေစနိုင္တယ္ေလ။
"အင္း...ေခါက္ဆြဲျပဳတ္စားထားတယ္"
"အကိုေဂ်ာင္ကုတို႔မ်ားေနာ္..ကြၽန္ေတာ္မရွိတဲ့ေန႕ဆိုျဖစ္သလိုစားေနလိုက္"
ဟုတ္တယ္ ယြန္းဂီ။ကိုယ္မင္းမရွိတဲ့ခနေလးမွာကိုယ့္ဟာကိုယ္ျဖစ္သလိုေနမိတယ္။မင္းစိတ္ပူမွာစိုးလို႔သာေခါက္ဆြဲျပဳတ္စားထားတယ္လို႔ေျပာလိုက္မိေပမဲ့ အမွန္ေတာ့သူဘာမွမစားရေသးေပ။အရင္တုန္းကလို ညစာအတူတူစားေပမဲ့မင္းမရွိေတာ့ ကိုယ္လည္းျဖစ္သလိုပါပဲ။
"အကိုတို႔သြားနားလိုက္ဦးမယ္....လာ.. ငယ္"
ဟိုေဆာ့တစ္ေယာက္ ေဂ်ာင္ကုရဲ႕အၾကည့္ကိုသေဘာသိပ္မက်ေသာေၾကာင့္ငယ့္လက္ကိုဆြဲၿပီးအိမ္ေပၚေခၚလာခဲ့လိုက္သည္။သူပဲတစ္မ်ိဳးထင္ေနလို႔လားမသိ။ဒါေပမဲ့အဲ့အေတြးက ေဂ်ာင္ကုသိကၡာကိုေစာ္ကားရာက်မွန္းေတာ့သိသည္။ သူရိုးရိုးသားသားေလးေတြးလိုက္ရင္ရပါတယ္ေလ။ေဂ်ာင္ကုကယြန္းဂီကိုကိုယ့္ထက္ပိုၿပီးခင္တာမို႔တစ္မ်ိဳးထင္သြားတာလည္းပါမယ္။ကိုယ္တို႔ႏွစ္ေယာက္အဆင္ေျပေအာင္ေဂ်ာင္ကုကကူညီေပးထားတာေတြရွိေတာ့လည္း အရမ္းႀကီးေလွ်ာက္ေတြးမေနခ်င္ပါ။
ဒါက သေဘာရိုးရိုးပဲ ေလွ်ာက္ေတြးမေနနဲ႕ေဂ်ာင္ဟိုေဆာ့!!
>>>>>>>>>>>
ေတာက္!!
ေဂ်ာင္ကုေဒါသျဖစ္ျဖစ္ တက္တစ္ခ်က္ေခါက္လိုက္မိသည္။အေၾကာင့္မဲ့သက္သက္အကို႔ကိုသူစိတ္စိုးမိသည္။ ကာမပိုင္ေယာက်ာ္းတစ္ေယာက္မွန္းသိေပမဲ့လည္းေဂ်ာင္ကု,ယြန္းဂီနဲ႕ပက္သက္ၿပီးအကို႔ကိုစိတ္အရမ္းစိုးသည္။သူကခ်စ္ေနေတာ့ ဘယ္အရာမွလြယ္ကူမေနပါ။ဒါ့အျပင္ အကိုခုနကသူ႕ကိုဘယ္လိုၾကည့္သြားလဲဆိုတာေဂ်ာင္ကုရိပ္မိလိုက္တယ္။ကိုယ့္အၾကည့္ကို အဓိပၸါယ္အမ်ိဳးမ်ိဳးေကာက္ခ်င္ေကာက္သြားလိမ့္မယ္။ဒါေပမဲ့ ဒါကိုလည္းေဂ်ာင္ကုဂ႐ုစိုက္မေနခ်င္ေတာ့ပါ။
သူဟာ ဆုံးျဖတ္ခ်က္တစ္ခုကိုအကိုတို႔မေရာက္ခင္အတြင္းျပတ္ျပတ္သားသားပင္ခ်မွတ္ခဲ့သည္။
"သုံးလအတြင္း ယြန္းဂီကကြၽန္ေတာ့္လူျဖစ္လာေစရမယ္ အကို!! "
>>>>>>>>>>
>>>>>>>>>>
Good Night.....