ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

Από Vanilla_IceCream61

997K 157K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... Περισσότερα

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

130

3K 564 17
Από Vanilla_IceCream61

အဝိုင်းခံရခြင်း၊ တိုက်ပွဲဖြစ်ခြင်းနှင့် လိုက်ဖမ်းခြင်း (၂)
...................................................................

ကျန်ချောင်းထွက်ပြေးသွားသည့်နေရာမှာ ဆူးချုံပုတ်များဖုံးလွှမ်းနေသည့် ကုန်းမြင့်ဖြစ်သည်။ ထိုကုန်းမြင့်တစ်ခုလုံးတွင် ဆူးချွန်မာများ၊ ဆူးထစ်ပါသော ဆူးလေးပင်များပြည့်နေရာ လူများအတွက်ထိခိုက်လွယ်သဖြင့် ဖြတ်သွားရန် မဖြစ်နိုင်လုနီးပါးပင်။

ကျန်ချောင်းက အသက်ရှင်လိုသောဇောကြောင့် ကိုယ်ကိုယ်တိုင်စိတ်တင်းကာ သူ့လူများကို ဆူးချုံများကြားသို့ ဖြတ်သွားစေသည်။ စစ်သားတစ်ဆယ်ကျော်မျှ၏အသက်ကို စတေးပြီးမှသာ သူတို့က ထိုနေရာမှထွက်သွားနိုင်ပြီး တောထဲသို့ထွက်ပြေးသွားသည်။

အရှေ့ဘက်သို့ဦးတည်နေသောအဓိကလမ်းမကြီးမှာ တောင်၏တစ်ဖက်ခြမ်းတွင်ပင်။ ထို့ကြောင့် တိုင်ချိန့်က သူ့ကိုအစွမ်းကုန်လိုက်ဖမ်းနေပြီး သူ ကျန်ချောင်းအား အောင်အောင်မြင်မြင်နှင့် ကြားဖြတ်တိုက်နိုင်တော့မည့် အကြိမ်ရေ
အနည်းငယ်မျှရှိခဲ့သည်။

"ကျွန်တော်တို့ တိုင်ချိန့်ကို ကူပေးလိုက်ရမလား၊ စစ်သူကြီး။" တိုင်ချိန့်နောက်သို့ တိတ်တိတ်လေးလိုက်လာသော လူတစ်ယောက်ကမေးသည်။

"အလျင်လိုစရာမလိုဘူး။ တိုင်ချိန့်က အတွေ့အကြုံရှိတဲ့တပ်မှူးလို့ ယူဆလို့ရတယ်။ သူကျန်ချောင်းကို တကယ်မဖမ်းနိုင်မှ ငါတို့ဝင်မယ်။"

သို့ရာတွင် တိုင်ချိန့်ကို အတွေ့အကြုံရှိတပ်မှူးဟု ယူဆထားသည့် ယွီဝမ်ထုန်မှာ စိတ်ပျက်သွားရသည်။ တိုင်ချိန့်က ကျန်ချောင်းကိုဖမ်းမိလုနီးပါးအထိ လိုက်နိုင်ခဲ့သော်လည်း ကျန်ချောင်း တောထဲမှထွက်သွားသည်ကို မတားနိုင်ခဲ့ပေ။ ပို၍အရှက်ရဖွယ်ကောင်းသည်မှာ တိုင်ချိန့်က မြေပြင်အနေအထားကိုအခွင့်ကောင်းယူသွားသော ကျန်ချောင်းကြောင့် တောအုပ်ထဲတွင် ပိတ်မိသွားခြင်းပင်။

ယွီဝမ်ထုန်၏နှုတ်ခမ်းထောင့်များတွန့်သွားသည်။ "အသုံးမကျတဲ့ကောင်တွေ။"

သူ၏ကိုယ်ရံတော်များမှာ ဘာမှမပြောရဲချေ။

"လှုပ်ရှားကြမယ်။" ယွီဝမ်ထုန်က အမိန့်ပေးလိုက်သည်။ သူက ပိတ်မိနေသော တိုင်ချိန့်နှင့်နောက်လိုက်များကို လစ်လျူရှုကာ သူ၏ကိုယ်ရံတော်များကို တောအုပ်၏အပြင်ဘက်သို့ခေါ်လာပြီး အဓိကလမ်းမကြီးသို့ ရောက်လုနီးပါးကျန်ချောင်းကို အောင်အောင်မြင်မြင်တားနိုင်လိုက်သည်။

ယခုအချိန်တွင် ကျန်ချောင်းထဲ၌ ကျန်ရစ်သောလက်ထောက်တပ်မှူးနှစ်ယောက်ဖြစ်သည့် ဝမ်ဟယ်နှင့်သုန်းလီအပြင် ကိုယ်ရေးကိုယ်တာအစောင့် ဆယ်ယောက်ကျော်မျှသာ ရှိတော့သည်။

လာနှောင့်ယှက်သည့်လူများ ရုတ်တရက်ပေါ်လာကာ လမ်းလာပိတ်သောအခါ ကျန်ချောင်းနှင့်သူ့လူများ ထိတ်လန့်သွားပြီး မျက်နှာထား အလျင်အမြန်ပြောင်းလဲသွားကြသည်။ "ဘယ်သူတွေလဲ။"

ယွီဝမ်ထုန်က မထင်မရှားအဝတ်ကိုဝတ်ထားပြီး မျက်နှာဖုံးလည်းတပ်ထားရာ ကျန်ချောင်းနှင့်နောက်လိုက်များက သူ့ကိုမမှတ်မိချေ။

"မင်းတို့ကို သတ်မဲ့လူတွေ။" ယွီဝမ်ထုန်က ဘေးမှကိုယ်ရံတော်တစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရာ ထိုကိုယ်ရံတော်က ကျန်ချောင်း၏အမေးကို ဖြေလိုက်သည်။

ထိုအချိန်တွင်ပင် အခြားကိုယ်ရံတော်တစ်ယောက်က ချီလာသည့် လင်းကျန်ရောက်လာသည်။ သူက အရှေ့ဘက်တွင် ရင်ဆိုင်နေကြသော အဖွဲ့နှစ်ဖွဲ့ကိုတွေ့သောအခါ ရုတ်တရက်ပြေးမဝင်သွားပေ။ "ခဏနေပါဦး။"

ကိုယ်ရံတော်က သူ့ကိုအောက်ချပေးလိုက်သည်။

လင်းကျန်က အကဲခတ်ကြည့်ပြီးနောက် တိုင်ချိန့်ရှိမနေသည်ကိုတွေ့သောအခါ တိုင်ချိန့်လမ်းပျောက်သွားမှန်း သဘောပေါက်လိုက်သည်။

"ငါတို့ကြားမှာ ဘာအာဃာတမှလည်းမရှိဘဲနဲ့ မင်းတို့ကငါ့ကိုဘာလို့သတ်ချင်တာလဲ။" ကျန်ချောင်းက ခပ်မာမာပြောသည်။

"မင်းက သူပုန်ပဲ။ မင်းကိုသတ်ဖို့ အကြောင်းပြချက်လိုလို့လား။" ယွီဝမ်ထုန်၏ဘေးတွင်ရပ်နေသော ကိုယ်ရံတော်ကထိုသို့ပြောကာ အခြားလူများကို အေးစက်သည့်လေသံဖြင့် ညွှန်ကြားလိုက်သည်။ "သူတို့ကို အဆုံးသတ်လိုက်။"

ကိုယ်ရံတော်အားလုံးက ချက်ချင်းတိုက်ခိုက်ကြတော့သည်။

ယွီဝမ်ထုန်၏ကိုယ်ရံတော်များအားလုံးက လူအမြောက်အများကိုသတ်ဖူးသော အတွေ့အကြုံရှိကွန်ဖူးကျွမ်းကျင်ပညာရှင်များဖြစ်ကြသည်။ ထို့အပြင် သူတို့၏ကိုယ်ခံပညာက သာမန်စစ်သားများထက် များစွာသာလွန်သည်။ မကြာခင်တွင် ကျန်ချောင်းနှင့်သူ၏လက်ထောက်တပ်မှူးနှစ်ယောက်သာ အသက်ရှင်တော့သည်။

"ကျွန်တော် အညံ့ခံပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သက်ညှာပေးပါ။" မမျှော်လင့်ထားစွာဖြင့် ဝမ်ဟယ်က လက်နက်ချကာ အရှုံးပေးသည်။

ကျန်ချောင်း ဒေါသထွက်နေသည်။ သူက သူ့အပေါ်သစ္စာဖောက်သူ၊ သို့မဟုတ် ရန်သူ့ထံ အညံ့ခံသွားသူများကို မနှစ်သက်သဖြင့် ဝမ်ဟယ်ကိုသတ်ရန်ကြိုးစားသည်။

ယွီဝမ်ထုန်၏ ကိုယ်ရံတော်များက သူ့ကိုတားလိုက်သည်။ "ကျန်ချောင်း၊ မင်းဘာသာ အညံ့ခံ၊ မဟုတ်ရင် သေမယ်။"

"မင်းတို့ သတ်နိုင်ရင် သတ်လိုက်လေ။ ဘယ်လိုအခြေအနေမျိုးမှာမှ ငါအညံ့မခံဘူး။" ကျန်ချောင်းက သူ့လက်နက်ကို ဝင့်ကာ ရှေ့တိုးလာသည်။

သုန်းလီက မျက်မှောင်ကြုတ်လိုက်သည်။ အံ့ဩစရာကောင်းစွာဖြင့် သူကအညံ့မခံဘဲ ကျန်ချောင်းအတိုင်း တိုက်ခိုက်သည်။

"သူတို့တွေက ပြောမရလောက်အောင် ခေါင်းမာနေမှတော့ သတ်လိုက်။" ယွီဝမ်ထုန်က အသံတိုးတိုးဖြင့် ညွှန်ကြားသည်။

'ဒီအသံနဲ့ ရင်းနှီးနေတယ်။' ကျန်ချောင်းက သံသယဝင်ကာ ယွီဝမ်ထုန်ရှိရာသို့ တစ်ဟုန်ထိုးဝင်တိုက်ခိုက်သည်။

ကျန်ချောင်းက သူ့ဘက်သို့ရောက်လာရာ ယွီဝမ်ထုန်သည်လည်း ရှောင်မည်မဟုတ်ပေ။ သူတို့နှစ်ယောက်သား စတိုက်ခိုက်ကြသည်။

ကိုယ်ရံတော်အားလုံးက ဤအဖြစ်ကိုမြင်သောအခါ နောက်ဆုတ်ကာ နေရာဖယ်ပေးလိုက်သည်။

ကျန်ချောင်းက ယွီဝမ်ထုန်နှင့်လုံးဝမယှဉ်နိုင်သဖြင့် မကြာခင်တွင် ရှုံးလာသော်လည်း လက်မလျှော့သေးပေ။ ကျန်ချောင်း၏အားထုတ်မှုက ယွီဝမ်ထုန်ကို လုံးဝမချုပ်ချယ်နိုင်သကဲ့သို့ ယွီဝမ်ထုန်ကလည်းမညှာပေ။

ရုတ်ခြည်းပင် ထူးဆန်းသောလှုပ်ရှားမှုကြောင့် ကျန်ချောင်းက ယွီဝမ်ထုန်၏မျကိနှာဖုံးကိုဆွဲဖြုတ်လိုက်နိုင်သည်။

"ယွီဝမ်ထုန်၊ မင်းပဲ။" ကျန်ချောင်းက ဒေါသတကြီးအော်လိုက်သည်။

ယွီဝမ်ထုန်၏အကြည့်ကာအေးစက်သွားကာ ကျန်ချောင်း၏အသက်ကို တစ်ချက်တည်းဖြင့် နှုတ်ယူလိုက်သည်။

ထိုသေစေသည့်ဓားချက်က ကျန်ချောင်း၏ရင်ဘတ်ကိုဖြတ်သွားသည်။ သူ့ဘဝ၏နောက်ဆုံးအခိုက်အတန့်တွင် ယွီဝမ်ထုန်ကို ဒေါသတကြီးကြည့်သွားသေးသည်။ "အဲ့ဒါမင်းပဲ။ ဒါတွေအားလုံးကို မင်းလုပ်ထားတာ။"

ယွီဝမ်ထုန်က သူ့ကိုစိမ်းကားစွာကြည့်ကာ ဘာမှမပြောချေ။ ကျန်ချောင်းက ယွီဝမ်ထုန်ကို စိုက်ကြည့်နေသည်။ သူက မြေကြီးပေါ်သို့ ဘုန်းခနဲလဲကျသွားကာ နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ရသည်။

အဝေးတွင်ရပ်နေသောလင်းကျန်က ဤအဖြစ်ကိုကြည့်ကာ သက်ပြင်းချမိသည်။ သူ့ကိုကန့်သတ်ထားသော တစ်ခုခုက ရုတ်တရက်ပြေလျော့သွားသကဲ့သို့ သူခံစားရသည်။

ကျန်ချောင်းသေသွားလေပြီ။ နောက်ဆုံးတွင်တော့ သူကလဲ့စားချေနိုင်ခဲ့သည်။

သုန်းလီသည်လည်း ကြာကြာမခံချေ။ သူက ကိုယ်ရံတော်တစ်ယောက်ထံတွင် အသတ်ခံရပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။

အညံ့ခံလိုက်သည့် ဝမ်ဟယ်တစ်ဦးတည်းသာကျန်တော့သည်။

"စစ်သူကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော် အညံ့ခံပါတယ်။ ကျွန်တော် ကျန်ချောင်းရဲ့လုပ်ရပ်တွေအားလုံးအကြောင်း သက်သေထွက်ဆိုပေးနိုင်ပါတယ်။" ဝမ်ဟယ်က ချက်ချင်းကမ်းလှမ်းသည်။

ယွီဝမ်ထုန် မျက်မှောင်ကြုတ်မိသည်။ ဤကဲ့သို့သောလူမျိုးက သူ့ကိုစက်ဆုပ်ရွံရှာစေသည်။

"သူ့ကို ပြန်ခေါ်သွားလိုက်။" ယွီဝမ်ထုန်ကပြောသည်။

"ဟုတ်ကဲ့ပါ၊ စစ်သူကြီး။"

"စစ်သူကြီး၊ တိုင်ချိန့်လာနေပါပြီ။ ကျေးဇူးပြုပြီး ဒီကနေ အရင်ထွက်သွားလိုက်ပါ။"

မနီးမဝေးမှ ရုတ်ရုတ်သဲသဲအသံများ ထွက်လာသည်။

ကိုယ်ရံတော်တစ်ယောက်က ဆူညံသံများကိုကြားကာ ယွီဝမ်ထုန်ကို အမြန်သတင်းပေးသည်။

ယွီဝမ်ထုန်က ခေါင်းညှိတ်ကာ ခြေဖော့၍ ခုန်လိုက်ပြီး ထွက်သွားသည်။

လင်းကျန်က သူ့ကိုခေါ်လာပေးသော ကိုယ်ရံတော်၏ပုခုံးကိုပုတ်လိုက်သည်။ "အဲ့ဒိကို သွားရအောင်။"

ကိုယ်ရံတော်က သခင်လေးလင်းကိုချီကာ ခေါင်းညှိတ်ပြီး ဆင်ခြေလျှောပေါ်မှခုန်ချ၍ ပင်မလမ်းမကြီးပေါ်သို့ ဆင်းလိုက်သည်။

"သခင်လေးလင်း ပါလား။"

"ဘာလို့ဒီကိုရောက်လာတာပါလဲ၊ သခင်လေးလင်း။"

လင်းကျန်က မြေကြီးပေါ်ရှိအလောင်းနှစ်လောင်းကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက် နေခဲ့လို့ရတယ်။ တိုင်ချိန့် ဒါကိုမြင်ရင် သံသယမဝင်အောင်လို့ တခြားလူတွေထွက်သွားသင့်တယ်။"

"အာ...ဟုတ်ပါပြီ။" ကိုယ်ရံတော်များက ခေါင်းညှိတ်ကာထွက်သွားသည်။ ကိုယ်ရံတော်ထဲမှတစ်ယောက်က လင်းကျန်ကိုဤနေရာသို့ ခေါ်လာသူနှင့် နေခဲ့သည်။

လင်းကျန်က ကျန်ချောင်းနှင့်သုန်းလီတို့၏အလောင်းများကို မစစ်ဆေးဘဲ ဝမ်ဟယ်ကိုကြည့်လိုက်သည်။ လင်းကျန်၏အကြည့်ကအနည်းငယ်ထူးဆန်းနေရာ သူဘာတွေးနေသလဲဆိုသည်ကို အခြားလူများမှန်းရခက်သည်။

"သခင်လေးလင်း။" ကိုယ်ရံတော်နှစ်ယောက်မှာ အတော်ဇဝေဇဝါဖြစ်မိသည်။

"ဒီလူကသာ သူယွီဝမ်ထုန်ကိုတွေ့လိုက်တယ်လို့ တခြားလူတွေကိုပြောရင် ယွီဝမ်ထုန်အခက်တွေ့သွားနိုင်လား။"

ဤမေးခွန်းက ကိုယ်ရံတော်ထဲမှတစ်ယောက်ကို မှင်တက်သွားစေသည်။ သူက ခေတ္တမျှတွေးနေပြီးနောက် ပြန်ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ စစ်သူကြီးက ဒါကိုဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။"

"ဒါပေမဲ့ သူကအန္တရာယ်ရှိသေးတယ်။" လင်းကျန်က မျက်မှောင်ကြုတ်သည်။ "သူ့ကို သတ်လိုက်။"

ဝမ်ဟယ် မျက်လုံးပြူးသွားသည်။ "ဟင့်အင်း၊ လင်းကျန်၊ မင်းငါ့ကို သတ်လို့မရဘူး။ ငါမပြောဘူး။ ငါဘာကိုမှ ထုတ်မပြောပါဘူး။"

"ငါ မင်းကိုမယုံဘူး။" လင်းကျန်က ခပ်စိမ်းစိမ်းပြောလိုက်သည်။

ကိုယ်ရံတော်နှစ်ယောက်က ခေတ္တမျှတွေးပြီးနောက် လင်းကျန်၏စကားက ယုတ္တိရှိသည်ဟု ယုံသွားသည်။ "ဒါဆို ကိစ္စဖြတ်လိုက်ရအောင်။ တိုင်ချိန့် ရောက်လာတော့မယ်။"

ဝမ်ဟယ်က သူတို့တကယ်သတ်တော့မည်ကို သိသောအခါ ချက်ချင်းမတ်တပ်ထရပ်ကာ ထွက်ပြေးရန်ကြိုးစားသည်။ သို့သော် သူနှစ်လှမ်းမျှသာပြေးနိုင်စဉ်တွင် ဓားတစ်ချောင်းက သူ၏နှလုံးကိုဖြတ်သွားသည်။

"မင်း..."

သူစကားဆုံးအောင် မပြောရသေးခင်တွင်ပင် နောက်ဆုံးထွက်သက်ကိုရှုထုတ်လိုက်ကာ မြေကြီးပေါ်သို့လဲကျသွားသည်။

လင်းကျန်က ဓားရှည်ကိုဆွဲနှုတ်ကာ မြေကြီးပေါ်ရှိအလောင်း၏ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် သူကလူများပြေးလာသံထွက်နေသည့်လားရာသို့ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "သွားရအောင်။"

ကိုယ်ရံတော်နှစ်ယောက်မှာ လင်းကျန်၏ပြတ်သားသောလုပ်ရပ်ကြောင့် တဒင်္ဂမျှ အံ့ဩသွားသည်။ထို့နောက် သူတို့နှစ်ယောက်က အကြည့်ဖလှယ်၍ ခေါင်းညှိတ်လိုက်ပြီး ကိုယ်ရံတော်တစ်ယောက်က လင်းကျန်ကိုပုခုံးပေါ်တွင်ချီသယ်ကာ ထွက်သွားသည်။

သူတို့ထွက်သွားသွားပြီးချင်းပင် တိုင်ချိန့်နှင့်သူ့လူများရောက်လာသောအခါ မြေကြီးပေါ်မှအလောင်းသုံးလောင်းကိုတွေ့လိုက်ရသည်။

"သူတို့ သေသွားပြီလား။"

"သူတို့ကို ဘယ်သူသတ်သွားတာလဲ။"

တိုင်ချိန့်က လေးနက်သောမျက်နှာထားဖြင့် ခေတ္တမျှတိတ်နေပြီးနောက် အမိန့်ပေးလိုက်သည်။ "ဒီအလောင်းတွေကို ပြန်သယ်သွားကြ။ သူတို့ကို ငါတို့သတ်လိုက်တယ်ဆိုတာကို မှတ်ထားရမယ်။"

"ဟုတ်ကဲ့ပါ၊ တပ်မှူး။"

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အဝိုင္းခံရျခင္း၊ တိုက္ပြဲျဖစ္ျခင္းႏွင့္ လိုက္ဖမ္းျခင္း (၂)
...................................................................

က်န္ေခ်ာင္းထြက္ေျပးသြားသည့္ေနရာမွာ ဆူးခ်ဳံပုတ္မ်ားဖုံးလႊမ္းေနသည့္ ကုန္းျမင့္ျဖစ္သည္။ ထိုကုန္းျမင့္တစ္ခုလုံးတြင္ ဆူးခြၽန္မာမ်ား၊ ဆူးထစ္ပါေသာ ဆူးေလးပင္မ်ားျပည့္ေနရာ လူမ်ားအတြက္ထိခိုက္လြယ္သျဖင့္ ျဖတ္သြားရန္ မျဖစ္နိုင္လုနီးပါးပင္။

က်န္ေခ်ာင္းက အသက္ရွင္လိုေသာေဇာေၾကာင့္ ကိုယ္ကိုယ္တိုင္စိတ္တင္းကာ သူ႕လူမ်ားကို ဆူးခ်ဳံမ်ားၾကားသို႔ ျဖတ္သြားေစသည္။ စစ္သားတစ္ဆယ္ေက်ာ္မွ်၏အသက္ကို စေတးၿပီးမွသာ သူတို႔က ထိုေနရာမွထြက္သြားနိုင္ၿပီး ေတာထဲသို႔ထြက္ေျပးသြားသည္။

အေရွ႕ဘက္သို႔ဦးတည္ေနေသာအဓိကလမ္းမႀကီးမွာ ေတာင္၏တစ္ဖက္ျခမ္းတြင္ပင္။ ထို႔ေၾကာင့္ တိုင္ခ်ိန့္က သူ႕ကိုအစြမ္းကုန္လိုက္ဖမ္းေနၿပီး သူ က်န္ေခ်ာင္းအား ေအာင္ေအာင္ျမင္ျမင္ႏွင့္ ၾကားျဖတ္တိုက္နိုင္ေတာ့မည့္ အႀကိမ္ေရ
အနည္းငယ္မွ်ရွိခဲ့သည္။

"ကြၽန္ေတာ္တို႔ တိုင္ခ်ိန့္ကို ကူေပးလိုက္ရမလား၊ စစ္သူႀကီး။" တိုင္ခ်ိန့္ေနာက္သို႔ တိတ္တိတ္ေလးလိုက္လာေသာ လူတစ္ေယာက္ကေမးသည္။

"အလ်င္လိုစရာမလိုဘူး။ တိုင္ခ်ိန့္က အေတြ႕အႀကဳံရွိတဲ့တပ္မႉးလို႔ ယူဆလို႔ရတယ္။ သူက်န္ေခ်ာင္းကို တကယ္မဖမ္းနိုင္မွ ငါတို႔ဝင္မယ္။"

သို႔ရာတြင္ တိုင္ခ်ိန့္ကို အေတြ႕အႀကဳံရွိတပ္မႉးဟု ယူဆထားသည့္ ယြီဝမ္ထုန္မွာ စိတ္ပ်က္သြားရသည္။ တိုင္ခ်ိန့္က က်န္ေခ်ာင္းကိုဖမ္းမိလုနီးပါးအထိ လိုက္နိုင္ခဲ့ေသာ္လည္း က်န္ေခ်ာင္း ေတာထဲမွထြက္သြားသည္ကို မတားနိုင္ခဲ့ေပ။ ပို၍အရွက္ရဖြယ္ေကာင္းသည္မွာ တိုင္ခ်ိန့္က ေျမျပင္အေနအထားကိုအခြင့္ေကာင္းယူသြားေသာ က်န္ေခ်ာင္းေၾကာင့္ ေတာအုပ္ထဲတြင္ ပိတ္မိသြားျခင္းပင္။

ယြီဝမ္ထုန္၏ႏႈတ္ခမ္းေထာင့္မ်ားတြန့္သြားသည္။ "အသုံးမက်တဲ့ေကာင္ေတြ။"

သူ၏ကိုယ္ရံေတာ္မ်ားမွာ ဘာမွမေျပာရဲေခ်။

"လႈပ္ရွားၾကမယ္။" ယြီဝမ္ထုန္က အမိန့္ေပးလိုက္သည္။ သူက ပိတ္မိေနေသာ တိုင္ခ်ိန့္ႏွင့္ေနာက္လိုက္မ်ားကို လစ္လ်ဴရႈကာ သူ၏ကိုယ္ရံေတာ္မ်ားကို ေတာအုပ္၏အျပင္ဘက္သို႔ေခၚလာၿပီး အဓိကလမ္းမႀကီးသို႔ ေရာက္လုနီးပါးက်န္ေခ်ာင္းကို ေအာင္ေအာင္ျမင္ျမင္တားနိုင္လိုက္သည္။

ယခုအခ်ိန္တြင္ က်န္ေခ်ာင္းထဲ၌ က်န္ရစ္ေသာလက္ေထာက္တပ္မႉးႏွစ္ေယာက္ျဖစ္သည့္ ဝမ္ဟယ္ႏွင့္သုန္းလီအျပင္ ကိုယ္ေရးကိုယ္တာအေစာင့္ ဆယ္ေယာက္ေက်ာ္မွ်သာ ရွိေတာ့သည္။

လာႏွောင့္ယွက္သည့္လူမ်ား ႐ုတ္တရက္ေပၚလာကာ လမ္းလာပိတ္ေသာအခါ က်န္ေခ်ာင္းႏွင့္သူ႕လူမ်ား ထိတ္လန့္သြားၿပီး မ်က္ႏွာထား အလ်င္အျမန္ေျပာင္းလဲသြားၾကသည္။ "ဘယ္သူေတြလဲ။"

ယြီဝမ္ထုန္က မထင္မရွားအဝတ္ကိုဝတ္ထားၿပီး မ်က္ႏွာဖုံးလည္းတပ္ထားရာ က်န္ေခ်ာင္းႏွင့္ေနာက္လိုက္မ်ားက သူ႕ကိုမမွတ္မိေခ်။

"မင္းတို႔ကို သတ္မဲ့လူေတြ။" ယြီဝမ္ထုန္က ေဘးမွကိုယ္ရံေတာ္တစ္ေယာက္ကို တစ္ခ်က္ၾကည့္လိုက္ရာ ထိုကိုယ္ရံေတာ္က က်န္ေခ်ာင္း၏အေမးကို ေျဖလိုက္သည္။

ထိုအခ်ိန္တြင္ပင္ အျခားကိုယ္ရံေတာ္တစ္ေယာက္က ခ်ီလာသည့္ လင္းက်န္ေရာက္လာသည္။ သူက အေရွ႕ဘက္တြင္ ရင္ဆိုင္ေနၾကေသာ အဖြဲ႕ႏွစ္ဖြဲ႕ကိုေတြ႕ေသာအခါ ႐ုတ္တရက္ေျပးမဝင္သြားေပ။ "ခဏေနပါဦး။"

ကိုယ္ရံေတာ္က သူ႕ကိုေအာက္ခ်ေပးလိုက္သည္။

လင္းက်န္က အကဲခတ္ၾကည့္ၿပီးေနာက္ တိုင္ခ်ိန့္ရွိမေနသည္ကိုေတြ႕ေသာအခါ တိုင္ခ်ိန့္လမ္းေပ်ာက္သြားမွန္း သေဘာေပါက္လိုက္သည္။

"ငါတို႔ၾကားမွာ ဘာအာဃာတမွလည္းမရွိဘဲနဲ႕ မင္းတို႔ကငါ့ကိုဘာလို႔သတ္ခ်င္တာလဲ။" က်န္ေခ်ာင္းက ခပ္မာမာေျပာသည္။

"မင္းက သူပုန္ပဲ။ မင္းကိုသတ္ဖို႔ အေၾကာင္းျပခ်က္လိုလို႔လား။" ယြီဝမ္ထုန္၏ေဘးတြင္ရပ္ေနေသာ ကိုယ္ရံေတာ္ကထိုသို႔ေျပာကာ အျခားလူမ်ားကို ေအးစက္သည့္ေလသံျဖင့္ ၫႊန္ၾကားလိုက္သည္။ "သူတို႔ကို အဆုံးသတ္လိုက္။"

ကိုယ္ရံေတာ္အားလုံးက ခ်က္ခ်င္းတိုက္ခိုက္ၾကေတာ့သည္။

ယြီဝမ္ထုန္၏ကိုယ္ရံေတာ္မ်ားအားလုံးက လူအေျမာက္အမ်ားကိုသတ္ဖူးေသာ အေတြ႕အႀကဳံရွိကြန္ဖူးကြၽမ္းက်င္ပညာရွင္မ်ားျဖစ္ၾကသည္။ ထို႔အျပင္ သူတို႔၏ကိုယ္ခံပညာက သာမန္စစ္သားမ်ားထက္ မ်ားစြာသာလြန္သည္။ မၾကာခင္တြင္ က်န္ေခ်ာင္းႏွင့္သူ၏လက္ေထာက္တပ္မႉးႏွစ္ေယာက္သာ အသက္ရွင္ေတာ့သည္။

"ကြၽန္ေတာ္ အညံ့ခံပါတယ္။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို သက္ညွာေပးပါ။" မေမွ်ာ္လင့္ထားစြာျဖင့္ ဝမ္ဟယ္က လက္နက္ခ်ကာ အရႈံးေပးသည္။

က်န္ေခ်ာင္း ေဒါသထြက္ေနသည္။ သူက သူ႕အေပၚသစၥာေဖာက္သူ၊ သို႔မဟုတ္ ရန္သူ႕ထံ အညံ့ခံသြားသူမ်ားကို မႏွစ္သက္သျဖင့္ ဝမ္ဟယ္ကိုသတ္ရန္ႀကိဳးစားသည္။

ယြီဝမ္ထုန္၏ ကိုယ္ရံေတာ္မ်ားက သူ႕ကိုတားလိုက္သည္။ "က်န္ေခ်ာင္း၊ မင္းဘာသာ အညံ့ခံ၊ မဟုတ္ရင္ ေသမယ္။"

"မင္းတို႔ သတ္နိုင္ရင္ သတ္လိုက္ေလ။ ဘယ္လိုအေျခအေနမ်ိဳးမွာမွ ငါအညံ့မခံဘူး။" က်န္ေခ်ာင္းက သူ႕လက္နက္ကို ဝင့္ကာ ေရွ႕တိုးလာသည္။

သုန္းလီက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ အံ့ဩစရာေကာင္းစြာျဖင့္ သူကအညံ့မခံဘဲ က်န္ေခ်ာင္းအတိုင္း တိုက္ခိုက္သည္။

"သူတို႔ေတြက ေျပာမရေလာက္ေအာင္ ေခါင္းမာေနမွေတာ့ သတ္လိုက္။" ယြီဝမ္ထုန္က အသံတိုးတိုးျဖင့္ ၫႊန္ၾကားသည္။

'ဒီအသံနဲ႕ ရင္းႏွီးေနတယ္။' က်န္ေခ်ာင္းက သံသယဝင္ကာ ယြီဝမ္ထုန္ရွိရာသို႔ တစ္ဟုန္ထိုးဝင္တိုက္ခိုက္သည္။

က်န္ေခ်ာင္းက သူ႕ဘက္သို႔ေရာက္လာရာ ယြီဝမ္ထုန္သည္လည္း ေရွာင္မည္မဟုတ္ေပ။ သူတို႔ႏွစ္ေယာက္သား စတိုက္ခိုက္ၾကသည္။

ကိုယ္ရံေတာ္အားလုံးက ဤအျဖစ္ကိုျမင္ေသာအခါ ေနာက္ဆုတ္ကာ ေနရာဖယ္ေပးလိုက္သည္။

က်န္ေခ်ာင္းက ယြီဝမ္ထုန္ႏွင့္လုံးဝမယွဥ္နိုင္သျဖင့္ မၾကာခင္တြင္ ရႈံးလာေသာ္လည္း လက္မေလွ်ာ့ေသးေပ။ က်န္ေခ်ာင္း၏အားထုတ္မႈက ယြီဝမ္ထုန္ကို လုံးဝမခ်ဳပ္ခ်ယ္နိုင္သကဲ့သို႔ ယြီဝမ္ထုန္ကလည္းမညွာေပ။

႐ုတ္ျခည္းပင္ ထူးဆန္းေသာလႈပ္ရွားမႈေၾကာင့္ က်န္ေခ်ာင္းက ယြီဝမ္ထုန္၏မ်ကိႏွာဖုံးကိုဆြဲျဖဳတ္လိုက္နိုင္သည္။

"ယြီဝမ္ထုန္၊ မင္းပဲ။" က်န္ေခ်ာင္းက ေဒါသတႀကီးေအာ္လိုက္သည္။

ယြီဝမ္ထုန္၏အၾကည့္ကာေအးစက္သြားကာ က်န္ေခ်ာင္း၏အသက္ကို တစ္ခ်က္တည္းျဖင့္ ႏႈတ္ယူလိုက္သည္။

ထိုေသေစသည့္ဓားခ်က္က က်န္ေခ်ာင္း၏ရင္ဘတ္ကိုျဖတ္သြားသည္။ သူ႕ဘဝ၏ေနာက္ဆုံးအခိုက္အတန့္တြင္ ယြီဝမ္ထုန္ကို ေဒါသတႀကီးၾကည့္သြားေသးသည္။ "အဲ့ဒါမင္းပဲ။ ဒါေတြအားလုံးကို မင္းလုပ္ထားတာ။"

ယြီဝမ္ထုန္က သူ႕ကိုစိမ္းကားစြာၾကည့္ကာ ဘာမွမေျပာေခ်။ က်န္ေခ်ာင္းက ယြီဝမ္ထုန္ကို စိုက္ၾကည့္ေနသည္။ သူက ေျမႀကီးေပၚသို႔ ဘုန္းခနဲလဲက်သြားကာ ေနာက္ဆုံးထြက္သက္ကို ရႉထုတ္လိုက္ရသည္။

အေဝးတြင္ရပ္ေနေသာလင္းက်န္က ဤအျဖစ္ကိုၾကည့္ကာ သက္ျပင္းခ်မိသည္။ သူ႕ကိုကန့္သတ္ထားေသာ တစ္ခုခုက ႐ုတ္တရက္ေျပေလ်ာ့သြားသကဲ့သို႔ သူခံစားရသည္။

က်န္ေခ်ာင္းေသသြားေလၿပီ။ ေနာက္ဆုံးတြင္ေတာ့ သူကလဲ့စားေခ်နိဳင္ခဲ့သည္။

သုန္းလီသည္လည္း ၾကာၾကာမခံေခ်။ သူက ကိုယ္ရံေတာ္တစ္ေယာက္ထံတြင္ အသတ္ခံရၿပီး ေျမႀကီးေပၚသို႔ လဲက်သြားသည္။

အညံ့ခံလိုက္သည့္ ဝမ္ဟယ္တစ္ဦးတည္းသာက်န္ေတာ့သည္။

"စစ္သူႀကီး၊ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို မသတ္ပါနဲ႕။ ကြၽန္ေတာ္ အညံ့ခံပါတယ္။ ကြၽန္ေတာ္ က်န္ေခ်ာင္းရဲ႕လုပ္ရပ္ေတြအားလုံးအေၾကာင္း သက္ေသထြက္ဆိုေပးနိုင္ပါတယ္။" ဝမ္ဟယ္က ခ်က္ခ်င္းကမ္းလွမ္းသည္။

ယြီဝမ္ထုန္ မ်က္ေမွာင္ၾကဳတ္မိသည္။ ဤကဲ့သို႔ေသာလူမ်ိဳးက သူ႕ကိုစက္ဆုပ္႐ြံရွာေစသည္။

"သူ႕ကို ျပန္ေခၚသြားလိုက္။" ယြီဝမ္ထုန္ကေျပာသည္။

"ဟုတ္ကဲ့ပါ၊ စစ္သူႀကီး။"

"စစ္သူႀကီး၊ တိုင္ခ်ိန့္လာေနပါၿပီ။ ေက်းဇူးျပဳၿပီး ဒီကေန အရင္ထြက္သြားလိုက္ပါ။"

မနီးမေဝးမွ ႐ုတ္႐ုတ္သဲသဲအသံမ်ား ထြက္လာသည္။

ကိုယ္ရံေတာ္တစ္ေယာက္က ဆူညံသံမ်ားကိုၾကားကာ ယြီဝမ္ထုန္ကို အျမန္သတင္းေပးသည္။

ယြီဝမ္ထုန္က ေခါင္းညွိတ္ကာ ေျခေဖာ့၍ ခုန္လိုက္ၿပီး ထြက္သြားသည္။

လင္းက်န္က သူ႕ကိုေခၚလာေပးေသာ ကိုယ္ရံေတာ္၏ပုခုံးကိုပုတ္လိုက္သည္။ "အဲ့ဒိကို သြားရေအာင္။"

ကိုယ္ရံေတာ္က သခင္ေလးလင္းကိုခ်ီကာ ေခါင္းညွိတ္ၿပီး ဆင္ေျခေလွ်ာေပၚမွခုန္ခ်၍ ပင္မလမ္းမႀကီးေပၚသို႔ ဆင္းလိုက္သည္။

"သခင္ေလးလင္း ပါလား။"

"ဘာလို႔ဒီကိုေရာက္လာတာပါလဲ၊ သခင္ေလးလင္း။"

လင္းက်န္က ေျမႀကီးေပၚရွိအေလာင္းႏွစ္ေလာင္းကို တစ္ခ်က္ၾကည့္ကာ ျပန္ေျပာလိုက္သည္။ "ခင္ဗ်ားတို႔ႏွစ္ေယာက္ ေနခဲ့လို႔ရတယ္။ တိုင္ခ်ိန့္ ဒါကိုျမင္ရင္ သံသယမဝင္ေအာင္လို႔ တျခားလူေတြထြက္သြားသင့္တယ္။"

"အာ...ဟုတ္ပါၿပီ။" ကိုယ္ရံေတာ္မ်ားက ေခါင္းညွိတ္ကာထြက္သြားသည္။ ကိုယ္ရံေတာ္ထဲမွတစ္ေယာက္က လင္းက်န္ကိုဤေနရာသို႔ ေခၚလာသူႏွင့္ ေနခဲ့သည္။

လင္းက်န္က က်န္ေခ်ာင္းႏွင့္သုန္းလီတို႔၏အေလာင္းမ်ားကို မစစ္ေဆးဘဲ ဝမ္ဟယ္ကိုၾကည့္လိုက္သည္။ လင္းက်န္၏အၾကည့္ကအနည္းငယ္ထူးဆန္းေနရာ သူဘာေတြးေနသလဲဆိုသည္ကို အျခားလူမ်ားမွန္းရခက္သည္။

"သခင္ေလးလင္း။" ကိုယ္ရံေတာ္ႏွစ္ေယာက္မွာ အေတာ္ဇေဝဇဝါျဖစ္မိသည္။

"ဒီလူကသာ သူယြီဝမ္ထုန္ကိုေတြ႕လိုက္တယ္လို႔ တျခားလူေတြကိုေျပာရင္ ယြီဝမ္ထုန္အခက္ေတြ႕သြားနိုင္လား။"

ဤေမးခြန္းက ကိုယ္ရံေတာ္ထဲမွတစ္ေယာက္ကို မွင္တက္သြားေစသည္။ သူက ေခတၱမွ်ေတြးေနၿပီးေနာက္ ျပန္ေျပာလိုက္သည္။ "အဆင္ေျပပါတယ္။ စစ္သူႀကီးက ဒါကိုေျဖရွင္းနိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။"

"ဒါေပမဲ့ သူကအႏၱရာယ္ရွိေသးတယ္။" လင္းက်န္က မ်က္ေမွာင္ၾကဳတ္သည္။ "သူ႕ကို သတ္လိုက္။"

ဝမ္ဟယ္ မ်က္လုံးျပဴးသြားသည္။ "ဟင့္အင္း၊ လင္းက်န္၊ မင္းငါ့ကို သတ္လို႔မရဘူး။ ငါမေျပာဘူး။ ငါဘာကိုမွ ထုတ္မေျပာပါဘူး။"

"ငါ မင္းကိုမယုံဘူး။" လင္းက်န္က ခပ္စိမ္းစိမ္းေျပာလိုက္သည္။

ကိုယ္ရံေတာ္ႏွစ္ေယာက္က ေခတၱမွ်ေတြးၿပီးေနာက္ လင္းက်န္၏စကားက ယုတၱိရွိသည္ဟု ယုံသြားသည္။ "ဒါဆို ကိစၥျဖတ္လိုက္ရေအာင္။ တိုင္ခ်ိန့္ ေရာက္လာေတာ့မယ္။"

ဝမ္ဟယ္က သူတို႔တကယ္သတ္ေတာ့မည္ကို သိေသာအခါ ခ်က္ခ်င္းမတ္တပ္ထရပ္ကာ ထြက္ေျပးရန္ႀကိဳးစားသည္။ သို႔ေသာ္ သူႏွစ္လွမ္းမွ်သာေျပးနိုင္စဥ္တြင္ ဓားတစ္ေခ်ာင္းက သူ၏ႏွလုံးကိုျဖတ္သြားသည္။

"မင္း..."

သူစကားဆုံးေအာင္ မေျပာရေသးခင္တြင္ပင္ ေနာက္ဆုံးထြက္သက္ကိုရႈထုတ္လိုက္ကာ ေျမႀကီးေပၚသို႔လဲက်သြားသည္။

လင္းက်န္က ဓားရွည္ကိုဆြဲႏႈတ္ကာ ေျမႀကီးေပၚရွိအေလာင္း၏ေဘးသို႔ ပစ္ခ်လိဳက္သည္။ ထို႔ေနာက္ သူကလူမ်ားေျပးလာသံထြက္ေနသည့္လားရာသို႔ တစ္ခ်က္ၾကည့္ကာ ေျပာလိုက္သည္။ "သြားရေအာင္။"

ကိုယ္ရံေတာ္ႏွစ္ေယာက္မွာ လင္းက်န္၏ျပတ္သားေသာလုပ္ရပ္ေၾကာင့္ တဒဂၤမွ် အံ့ဩသြားသည္။ထို႔ေနာက္ သူတို႔ႏွစ္ေယာက္က အၾကည့္ဖလွယ္၍ ေခါင္းညွိတ္လိုက္ၿပီး ကိုယ္ရံေတာ္တစ္ေယာက္က လင္းက်န္ကိုပုခုံးေပၚတြင္ခ်ီသယ္ကာ ထြက္သြားသည္။

သူတို႔ထြက္သြားသြားၿပီးခ်င္းပင္ တိုင္ခ်ိန့္ႏွင့္သူ႕လူမ်ားေရာက္လာေသာအခါ ေျမႀကီးေပၚမွအေလာင္းသုံးေလာင္းကိုေတြ႕လိုက္ရသည္။

"သူတို႔ ေသသြားၿပီလား။"

"သူတို႔ကို ဘယ္သူသတ္သြားတာလဲ။"

တိုင္ခ်ိန့္က ေလးနက္ေသာမ်က္ႏွာထားျဖင့္ ေခတၱမွ်တိတ္ေနၿပီးေနာက္ အမိန့္ေပးလိုက္သည္။ "ဒီအေလာင္းေတြကို ျပန္သယ္သြားၾက။ သူတို႔ကို ငါတို႔သတ္လိုက္တယ္ဆိုတာကို မွတ္ထားရမယ္။"

"ဟုတ္ကဲ့ပါ၊ တပ္မႉး။"

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

159K 20K 21
မှာဦးမယ် လက်ပံတစ်ပွင့် မောင်ပန်ဖို့... မောင်ပန်ဖို့... လက်ပံတစ်ပွင့်တော့ ကောက်ခဲ့ပါဦး။
62.2K 9.4K 97
reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှီပြီးရန် ကြိုးစားနေသော ကုဟွိုက်က ကူးပြော...
38K 4K 46
ဘာသာပြန်သူ စွဲညို့အသင်း
224K 36.3K 59
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**