အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

46.8K 7K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 45.2

402 84 3
By Alittlecoin

"ဇနီးလေးရေ...ကိုယ် တကယ်ပဲ အချစ်သီချင်းလေးတစ်ပုဒ် ဆိုလိုက်ချင်တယ်"

[Guild] ဒီအရှင်မင်းကြီး: "Yo~~~ထန်းရှီလေးပါလား, မင်းonlineဖြစ်ပြီပေါ့~"

[Guild] ထန်းရှီ: "နေပါအုံး, မင်းက ငါတို့ဂိုဏ်းထဲ ဘာလို့ရောက်နေတာလဲ"

[Guild] ဒီအရှင်မင်းကြီး: "ငါတင်မကဘူး။ Ranzhiထဲက levelမြင့်accountတွေ အကုန်လုံး ဒီကိုရောက်နေကြတာ"

ထန်းရှောင် သူမတို့ဂိုဏ်းရဲ့အဖွဲ့သားစာရင်းကို စစ်ကြည့်လိုက်တဲ့အခါမှာ Ranzhiဂိုဏ်းသားတစ်ဝက်လောက်က MengHu Clanကို လာjoinထားကြတာကို တွေ့လိုက်ရတယ်။

[Guild] ထန်းရှီ: "....မင်းတို့ဂိုဏ်း...နောက်ဆုံးတော့ ပြိုကွဲသွားပြီပေါ့! အမှောင်ထဲမှာ အလင်းမြင်လိုက်ရလို့ ငါတို့ဂိုဏ်းထဲ ဝင်လာတာ အကောင်းဆုံးဆိုပြီး ဆုံးဖြတ်လိုက်ကြတာလား?"

[Guild] ဒီအရှင်မင်းကြီး: "ထွီ!!! ငါတို့ ဒီကို မိုင်ပေါင်းများစွာ ဖြတ်သန်းပြီး ရောက်လာတာ မင်းတို့MengHuကို ကူပေးပြီး တားမြစ်မြို့တော်ကကောင်တွေကို ဖင်ပိတ်ကန်ဖို့ပဲ"

ဂိုဏ်းကနေ ထွက်လိုက်တယ်ဆိုရင် မူလမိခင်ဂိုဏ်းကနေ ထောက်ပံ့ပေးထားတဲ့ အရာတွေကို ထက်ဝက်လျှော့ချပစ်ခံလိုက်ရမှာဖြစ်တယ်။

နောက်ပိုင်းမှာ Level မြင့် accountတွေအနေနဲ့ သူတို့ရဲ့ခိုင်ခံ့သန်မာတဲ့ လက်နက်ပစ္စည်းတွေကို ပိုပြီးစွမ်းအားမြင့်လာဖို့ဆိုရင် မိခင်ဂိုဏ်းရဲ့ပံ့ပိုးပေးမှုတွေအပေါ်မှာ အများကြီးမူတည်နေတာဖြစ်တယ်။

အခုအချိန်မှာ Ranzhiသားတစ်ဝက်လောက်က သူတို့ရဲ့မိခင်ဂိုဏ်းကနေ ထွက်ပြီး MengHuထဲ လာပေါင်းတယ်ဆိုတာကို သူမတို့ ရင်မထိသွားဘူးလို့ပြောရင်တော့ အလိမ်အညာပင်ဖြစ်လိမ့်မည်။

ဂိုဏ်းတိုက်ပွဲက ည၉နာရီမှာ စတင်မှာဖြစ်တယ်။

စည်းကမ်းနဲ့အညီ သေချာသတ်မှတ်ထားတဲ့ တရားဝင်guild battleပွဲ ဖြစ်တာကြောင့် သူမတို့အရင်က တိုက်ခဲ့သလို ပရမ်းပတာပွဲတွေနဲ့တော့ တခြားစီပင်။

ဒီတစ်ကြိမ်မှာ systemကနေ သူတို့ကို random questတစ်ခု ချပေးမှာဖြစ်ပြီး ဂိုဏ်းနှစ်ခုက ပြီးမြောက်ဖို့ရာ ပြိုင်ဆိုင်ကြရမှာဖြစ်တယ်။

Questမြေပုံကလည်း ကြီးမားကျယ်ပြန့်ကာ တစ်ယောက်နဲ့တစ်ယောက် လူကွဲပြီး အလွယ်တကူ လမ်းပျောက်သွားနိုင်ချေလည်းရှိတယ်။

ဒါ့အပြင် ကြောက်စရာ မွန်းစတားတွေကလည်း မြေပုံအနှံ့မှာ ကျက်စားနေကြလေတယ်။

ဒီလိုတရားဝင် Guild  battle ပွဲကြီးတွေကို တော်ရုံကစားသမားအများစုက မပါဝင်ကြပေ။

ဒါပေမဲ့လည်း အားသာချက်တချို့လည်း ရှိနေပြန်သေးတယ်။

တဖက်က ဆန့်ကျင်ဘက်ဂိုဏ်းရဲ့ခေါင်းဆောင် guild masterဖြစ်ဖြစ် လက်ထောက်ခေါင်းဆောင်ဖြစ်ဖြစ် သေဆုံးခဲ့မယ်ဆိုရင် အောင်နိုင်တဲ့အသင်းသားတွေကို ဂိမ်းScreenရဲ့ထိပ်တည့်တည့်မှာ လူတိုင်း လက်ခုတ်တီးအားပေးနိုင်အောင် ကြေငြာခြင်းခံရမှာဖြစ်တယ်။

Systemက အနိုင်ရသတ်ဖြတ်နိုင်သူတွေရဲ့ နံမည်စာရင်းကို လွန်စွာကြီးမားထင်ရှားတဲ့ အနီရောင် စာတန်းတွေဖြင့် ဂိမ်းscreenရဲ့ကြော်ငြာဘုတ်မှာ ပို့စ်တင်မှာဖြစ်တယ်။

[System] xxxဂိုဏ်းရဲ့ guild master user xxxကို ရန်သူဂိုဏ်းမှ သတ်ဖြတ်ခြင်းခံလိုက်ရပါပြီ။ တစ်ဖက်ဂိုဏ်းကတော့ ချက်ချင်းဆိုသလို ခေါင်းမပါတဲ့ နဂါးဖြစ်သွားပြီး လုံးလုံးရှုံးနိမ့်တော့မှာပဲဖြစ်ပါတယ်။

ဂိုဏ်းခေါင်းဆောင် guild masterက ဂိုဏ်းရဲ့မျက်နှာကို ကိုယ်စားပြုတာကြောင့် ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးမှာ ပုံမှန်လိုဆို အရှက်ကင်းမဲ့တဲ့သူဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့မျက်နှာက အလွန်အရေးကြီးတယ်။

ဒါကြောင့် ရန်သူဂိုဏ်းရဲ့ရည်ရွယ်ချက်က တစ်ဖက်ဂိုဏ်းရဲ့မျက်နှာကို ဆုံးရှုံးအောင် လုပ်ရမှာဖြစ်တယ်။

မင်းဘာသာ ဘယ်နှယောက်ပဲ သတ်နိုင်နိုင် အဆုံးသတ်မှာ ဘယ်သူပဲ ရှုံးရှုံးနိုင်နိုင် အရေးကြီးဆုံးအပိုင်းက တဖက်ဂိုဏ်းရဲ့မျက်နှာကို မင်းတို့ရဲ့ဖိနပ်နဲ့ အမြန်တက်နင်းလိုက်ဖို့ပဲ။

သူတို့ရဲ့မျက်နှာတွေကို တက်နင်းဖို့ဆိုရင်လည်း မင်းသုံးရမဲ့အကွက်က လက်သံပြောင်နေဖို့လိုတယ်နော် ညိုကီတို့။

ဂိုဏ်းနှစ်ဂိုဏ်းလုံးရဲ့ အဖွဲ့သားတွေက yyမှာ စုဝေးနေကြပြီဖြစ်တယ်။

Guild battleကို စတင်ဖို့ရာ အချိန်နာရီဝက်လောက်သာ ကျန်တော့တာကြောင့် ဒီအရှင်မင်းကြီးမှာ ရုတ်တရတ်ဆိုသလို အဖွဲ့သားထဲကတစ်ယောက်ကို volunteerလုပ်ခိုင်းပြီး လူတိုင်းတိုက်ပွဲမသွားခင် စိတ်ဓာတ်တက်ကြွလာစေဖို့ သီချင်းတစ်ပုဒ်ကို ဆိုပြခိုင်းလိုက်တယ်။

ထန်းရှောင်မှာတော့ ဒီအရှင်မင်းကြီးပြောနေတဲ့အသံကို ကြားပြီး ရုတ်တရတ်ကြီး ခံစားချက် မကောင်းတော့ပေ။

"မင်းအကျွမ်းကျင်ဆုံး သီချင်းကို ဆိုပြလိုက်!"

သီချင်းစာသားကို ကြားတာနဲ့ လူတိုင်းလိုက်ဆိုကြမဲ့ဟာမျိုး။

တစ်ဖက်မှာတော့ ဆိုပြမဲ့သူက သူ့ရဲ့လည်ချောင်းကို ရှင်းလိုက်ပြီး စတင်သီဆိုတော့တယ်။

သူ့ရဲ့အသံကို ငါတို့ဘယ်လိုဖော်ပြရင် ကောင်းမလဲ?

ထိုသကောင့်သားက နိုင်ငံခြားသားဖြစ်တာကြောင့် သူ့ရဲ့တရုတ်အသံထွက်က သိပ်မကောင်းပေ။

တစ်ချိန်လုံးမှာ ထန်းရှောင်ကြားနေရတာ ထိုလူက စာသားတွေကို အီးယောင်ဝါး ဝါးချနေတာကိုပင်။
"မင်းက ငါ့ညီမလေးကို ***ဘု, မင်းက ငါ့ကြီးတော်ကြီးကို ***ဘု, မင်းက ငါ့ကောင်မလေးကို ***ဘု, ငါ့တစ်မိသားစုလုံးကို ***ဘု~~~"

သူမ လုံးဝရှောခ့်ရသွားတယ်။

ထန်းရှောင်မှာ သူမနားကြားမှားနေတယ်ထင်ပြီး အသံကို volumeအမြင့်ကြီး ချဲကြည့်လိုက်တယ်။

သူမရဲ့အခန်းတစ်ခန်းလုံးမှာတော့ ထို ပီ***ပီဆိုတဲ့ စကားလုံးနှစ်လုံးနဲ့ ပဲ့တင်ခတ်လို့နေပြီး သူမနားကြားမမှားဘူးဆိုတာ သက်သေပြလို့​နေတယ်​။

သူမတစ်ကိုယ်လုံး ကြက်သေသေသွားတယ်။

သီချင်းစာသားတွေက သူမရဲ့ခေါင်းထဲကို ပဲ့တင်ထပ်ရိုက်ခတ်နေကာ သူမမှာ မြောက်ပိုင်းလေသံကြားနေသလားလို့တောင် မပြောနိုင်တော့ပေ။

သူမတစ်ယောက်တင် ရှောခ့်ရသွားမဟုတ်, yyမှာ ရှိတဲ့လူတိုင်း ရှောခ့်ရသွားကြတယ်။

[Guild] ထန်းရှီ: "......ဒါ ဘာသီချင်းအမျိုးအစားလဲ? အရမ်းလည်း ရိုင်း ကြမ်းလည်းကြမ်း, ညစ်လည်း ညစ်ပတ်သေးတယ်။ နိုင်ငံခြားသားတွေက အဲတာမျိုးကို ကြိုက်တာလား?"

[Guild] ဒီအရှင်မင်းကြီး: "တကယ်တော့ သူဆိုချင်တာက "မင်းက ကိုယ့်ရဲ့နှင်းဆီလေးပါ" ဆိုတဲ့ဟာ"

[Guild] ဒီအရှင်မင်းကြီး: "မင်းက ကိုယ့်ရဲ့နှင်းဆီလေး, မင်းက ကိုယ့်ရဲ့ပန်းပွင့်လေး...."

[Guild] လူတိုင်း:.....

ထန်းရှောင်မှာ တစ်ဖက်ဂိုဏ်းက သူမတို့ရဲ့ရဲသွေးမာန်စိတ်ဓာတ်တွေကို အောက်ဆုံးထိ ထိုးကျသွား​အောင်​ သူလျှိုလွှတ်လိုက်သလားလို့တောင် တွေးမိသွားတယ်။

လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် ကီးကြောင်နိုင်ရတာလဲ? ကီးကြောင်တာမှ လကမ္ဘာထိတောင် သွားလို့ရနေပြီ။

Guild Battle စတင်တော့မဲ့အချိန်မှာ ထိုဂန္ထဝင်တေးသံရှင်က ချစ်စရာကောင်းတဲ့အသံနဲ့ သူတို့ကို အားပေးလိုက်တယ်။ "ဘေဘီတို့, ကံကောင်းပါစေနော်~ ရှုံးရင်လည်း ကျွန်တော်ရဲ့အသံလေးနဲ့ အကုန်လုံးကို နှစ်သိမ့်ပေးမှာပါ"

MengHu Clanက တိုက်ပွဲစပြီဆိုတာနဲ့ သူတို့အားလုံး သေမင်းကို မကြောက်ကြသည့်အလား တစ်ဖက်ရန်သူရဲ့စခန်းရှိရာဆီ ဖုန်လုံးတစ်လိမ့်လိမ့်နဲ့ တန်းပြေးသွားကြတယ်။

ရဲစွမ်းသတ္တိကတော့ ဪချရလောက်ပေရဲ့။

Guild masterဖြစ်တဲ့ ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးကိုလည်း လူသားဒိုင်းကာတွေပုံစံနဲ့ အသင်းသားတွေ ကာကွယ်ပေးထားကြတယ်။

MengHu Clanရဲ့အတော်ဆုံး ကုသပေးသူဖြစ်တဲ့ အားကောင်းတဲ့ဟော့ပေါ့လေးမှာ ဂိုဏ်းခေါင်းဆောင်ဘေးနားမှာ ပူးကပ်နေကာ ဆက်တိုက်အားသွင်းပြီး ကုသပေးနေတယ်။

ဟော့ပေါ့လေးမှာ ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး မတ်မတ်မရပ်နိုင်ဘဲ မတော်တဆလဲကျသွားမှာကို စိုးရိမ်နေတယ်။ သူမရဲ့ဘေးနားမှာတော့ ရွှေရောင်နေ့ရက်လေးများ ရှိနေတယ်။

ထန်းရှောင်လိုမျိုး ဉာဏ်နီဉာဏ်နက်များတဲ့ Enchantressတစ်ယောက်အတွက်တော့ ဒီလိုတိုက်ပွဲမျိုးက အသင့်တော်ဆုံးပင်။

ထန်းရှောင် ဂိမ်းထဲမဝင်ဖြစ်တာ အချိန်အတော်ကြာသွားတာကြောင့် သူမရဲ့skill controlတွေနဲ့ ရင်းနှီးအောင် အချိန်အနည်းငယ်ယူလိုက်ရတယ်။

ထို့နောက်မှာတော့ ဆရာမကြီးတစ်ယောက် မေးကို ချိတ်နေအောင် မော့ထားရင်း တိုက်ပွဲနယ်မြေဆီသို့ စလိုးမိုးရှင်းနဲ့ တလှမ်းချင်းစီ လျှောက်လှမ်းလာတော့တယ်။

ခြေလှမ်းအနည်းငယ်နဲ့တင် ငမိုက်သားထန်းရှီမှာ အကုန်ပျက်စီးအောင် သောင်းကျန်းထားပြီးပြီဖြစ်တယ်။

တဖက်ရန်သူတွေက ဂိုဏ်းခေါင်းဆောင် ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးကိုသာ ပစ်မှတ်ထားတာကြောင့် သူ့ခမျာ အမှောင်ထဲက ဖယောင်းတိုင်မီးစလိုဖြစ်နေကာ ပိုးဖလံတွေကို ဆွဲဆောင်နေသလိုမျိုး သူဘယ်သွားသွားနောက်ကနေ အုံလိုက်ကျင်းလိုက်နဲ့ ဝိုင်းထုတာကို ခံနေရတယ်။

ထန်းရှောင်က သူမရဲ့ကိုယ်ပျောက်စွမ်းရည် skillကို သုံးလိုက်ပြီး ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးရဲ့ ဘေးနားမှာ နေကာ ချုံပုတ်ထဲက ထွက်လာတဲ့ ယုန်မှန်သမျှကို ရိုက်ဖို့အလား ဝပ်စောင့်နေလိုက်တယ်။

တစ်ကောင်လာရင် တစ်ကောင်ဗြင်းလိုက်တယ်, နှစ်ကောင်လာရင် နှစ်ကောင်လုံးကို တွယ်ထည့်လိုက်တယ်။

အလယ်ခေါင်က အကာကွယ်ခံလူသားဖြစ်နေရတဲ့ ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးမှာ သတ်ဖို့တွယ်ဖို့အရည်ခွံနွာဖို့ အလုပ်မှန်သမျှ အကုန်လုပ်ရပြီး နောက်ဆုံးတစ်ဖက်က အသက်ထွက်တော့မဲ့ယဲ့ယဲ့အချိန်ကျမှ ထန်းရှောင်က kill shotနဲ့ တစ်ချက်တည်း အသာလေး ပစ်ထည့်လိုက်တယ်။

ပြိုင်ပွဲစတင်တာ မိနစ်အနည်းငယ်သာ ရှိသေးပေမဲ့ ထန်းရှောင်မှာ လူအယောက်နှစ်ဆယ်နီးပါးတောင် သတ်ပြီးနေလေပြီ။

[Guild] ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး: "....ထန်းရှီလေး, မင်းဒါကတော့ အားကစားစိတ်ဓာတ် မပြည့်ဝတာပဲ! ငါ့မှာတော့ သူတို့ကို သတ်ဖို့ ငါ့ရဲ့သွေးချွေးမျက်ရည်တွေကို စတေးလိုက်ရတာ နောက်ဆုံးကျမှ မင်းက ခြေထိုးခံဝင်လာပြီး ငါရဲ့ kill pointsတွေကို ခိုးတယ်ပေါ့လေ"

[Guild] ထန်းရှီ: "ငါသာ မလှုပ်ရှားဘူးဆိုရင် ငါ စစ်ရေးမှာရော, အနုပညာမှာပါ ကျွမ်းကျင်တယ်ဆိုတာ သူတို့သိကြမှာမဟုတ်ဘူး။ မင်းလည်း လေသံမြင့်မနေနဲ့အုံး။ မင်း မကြာခဏ သောက်ကြောင်းကွဲတတ်တယ်ဆိုတာ သိပေမဲ့ ဒီတစ်ခါတော့ မတူဘူး။ ငါတို့MengHu Clanရဲ့ မျက်နှာကို အဆုံးရှုံးမခံနိုင်ဘူး"

[Guild] ဒီအရှင်မင်းကြီး: "ဘော့စ်စုနဲ့ ခွဲခွာခြင်းတေးသံသာ ဒီမှာမရှိရင် ငါတို့တွေ ဟိုဘက်ဂိုဏ်းက guild masterကို သတ်ဖို့ attacking powerမရှိဘူး"

[Guild] ထန်းရှီ: "ရွှေတုံးလေးရော, ဟိုးနားက မြှားထုတဲ့ကောင်ရော ငါ့နောက်က လိုက်ခဲ့ကြ, ဟိုဘက်ဂိုဏ်းကကောင်တွေရဲ့ မျက်ခွက်ကို ဖြတ်ရိုက်ဖို့သွားကြတာပေါ့"

ထန်းရှောင်က ရေတိမ်ခရီးစကြာ်ကို သုံးပြီး ရှေ့တန်းနေရာဆီ ပြေးသွားလိုက်တယ်။

[Guild] မြေအိုးထဲကရွှေတုံးလေး: "....ငါ့ထောက်တိုင်က အားနည်းတယ် (ငါ့ရင်ဘတ်က သနားစရာလေး), ငါသာ လိုက်ခဲ့ရင်, သေမင်းကို ​နေ​ကောင်းလားလို့ သွားနှုတ်ဆက်လိုက်သလို ဖြစ်မှာ"

[Guild] ထန်းရှီ: "အာ...နင့်ကိုယ်နင်တော့ သတိထားမိသားပဲ။ နင့်ရင်ဘတ်က သေးရင်တောင် နင့်မျက်နှာကတော့ ကြီးတယ်လေ။ မျက်နှာကြီးလေလေ, ပစ်မှတ်က ကြီးလေလေပဲ။ အဲတော့ ငါတို့ အဲဒီကို ရောက်သွားတဲ့အခါကျရင် နင်ကျွမ်းတဲ့ မန္တန်တွေနဲ့ အဲ့ကောင်တွေကို ချပလိုက်။ အဲ့ကျ သူတို့ နင့်ကို ပြန်ဝိုင်းရိုက်ကြတဲ့အချိန်မှာ ငါ သူတို့ဘက်က ဂေါင်ချုပ်ကြီးကို ဝင်လုံးလိုက်မယ်"

[Guild] မြေအိုးထဲက ရွှေတုံးလေး:....

တားမြစ်မြို့တော်ဂိုဏ်းခေါင်းဆောင်ကို အဆင့်ဆင့်အထပ်ထပ် ကာကွယ်ပေးထားကြကာ, မမြင်ရတဲ့နေရာကနေတောင် ပုန်းကွယ်ရင်း ကာကွယ်ပေးနေကြတဲ့ characterဆယ်ယောက်တောင် ရှိတယ်။

Ranzhiရဲ့ levelမြင့်ကစားသမားတွေမှာ ရှေ့တန်းမှာသာ ပိတ်မိနေကာ နောက်ကွယ်က အဓိကစခန်းဆီ ဝင်ရောက်နိုင်ဖို့မဖြစ်ပေ။

ထန်းရှီမှာ ကြိမ်ဖန်များစွာ ပုန်းလျိုးဝှက်လျိုးနဲ့ အလစ်ဝင်တိုက်ကြည့်တာတောင်မှ မအောင်မြင်ပေ။

[Guild] ဒီအရှင်မင်းကြီး: "လခွမ်းပဲ***, levelမြင့်အကောင့်တွေ အများကြီးရှိနေတာ, ငါတို့ ဘယ်လိုတိုက်ကြမလဲ?"

[Guild] စုမူကျိ: "ရွှေတုံးလေးနဲ့ နတ်ပြည်က ဘိုးအေကြီးက ဒီနေရာမှာ အားကောင်းတဲ့ဟော့ပေါ့နဲ့ ရွှေရောင်နေ့ရက်လေးများနဲ့ နေရာလဲလိုက်"

မူချောင်က ပြောလိုက်ပြီး couple တယ်လီပို့တ်ကိုသုံးကာ ထန်းရှောင်ဘေးနားရောက်လာတယ်။

သူက အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားဆဲဖြစ်ကာ လက်စွဲတော်ဓားကို ကိုင်ထားလျက် သူ့ရှေ့က ရန်သူတွေကို လျင်မြန်စွာ သတ်ဖြတ်ပစ်လိုက်တယ်။

[Guild] ထန်းရှီ: "ရှင် အလုပ်ပြီးပြီလား?"

[Guild] စုမူကျိ: "အင်း, မင်း ကိုယ့်ကို လွမ်းနေတာလား?"

မူချောင်သာ တကယ့်အပြင်ဘက်မှာ အဲလိုမျိုးပြောလိုက်ရင် ဆိုပြီး ထန်းရှောင် စိတ်ကူးယဉ်ကြည့်လိုက်တယ်။

ခဏအတွင်းမှာပဲ သူမ အသံသေးလေးနဲ့ "ဟုတ်တယ်"လို့ ပြန်ဖြေလိုက်တယ်။

[Guild] အားကောင်းတဲ့ ဟော့ပေါ့လေး: "....မင်းတို့တွေ ငါတို့ကို ဒီကိုခေါ်လာတာ ခွေးစာကျွေးအောင်လို့လား? ဟိုဘက်ဂိုဏ်းကကောင်တွေကို ခွေးစာသုံးပြီး နှိပ်စက်ဖို့များ စီစဉ်ထားတာလား? ငါတို့လို အထီးကျန်လေလွင့်ခွေးလေးတွေကလည်း ခွေးတွေပါပဲ"

[Guild] ထန်းရှီ: ......

{T/N:ခွေးစာကျွေးတယ်ဆိုတာ အတွဲတွေ ကိုယ့်မျက်စိရှေ့ လာရိုပြတာကို ပြောတာပါ}

[Guild] စုမူကျိ: "ပထမဆုံးအနေနဲ့, အရံတားဆီးတာတွေကို ဖျက်ရမယ်"

တစ်ဖက်ရန်သူတွေရဲ့မျက်ခွက်ကို ဖြတ်ရိုက်ဖို့ အထူးဖွဲ့စည်းထားတဲ့သူတွေက သူမနဲ့ရင်းနှီးတဲ့သူတွေချည်းပဲ ဖြစ်တယ်။ အရင်ကလည်း questတွေကို အတူတူတွဲလုပ်ဖူးထားကြောင့် သူတို့တွေ တစ်ခုခုအန္တာရယ်ကြုံကြိုက်လာတော့မဲ့ အချိန်မှာတောင်  ပြောစရာမလိုဘဲ အချင်းချင်းသိကြတဲ့ တွဲဖက်ကောင်းတွေဖြစ်တယ်။

ထန်းရှောင်ရဲ့ enchantress ဇာတ်ကောင်ဖြစ်တဲ့ ထန်းရှီကတော့ အလယ်တည့်တည့်မှာ နေကာ ဟော့ပေါ့နဲ့ပူးပေါင်းပြီး ရန်သူတွေကို အားနည်းလာအောင် စက်ဝိုင်းမန္တာန်နဲ့ တိုက်ခိုက်လိုက်တယ်။

စုမူကျိနဲ့ တခြားသူတွေမှာ တစ်ဖက်လူတွေကို မြေကြီးနဲ့နှစ်ပါးသွားအောင် လုပ်ဖို့ရာ ခက်ခက်ခဲခဲ ကြိုးစားစရာမလိုလိုက်ပေ။

အပြင်မှာ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်နေတဲ့သူတွေက အမှန်တကယ်‌တော့ သူမတို့ကို အာရုံလွှဲပြောင်းအောင် လုပ်နေခြင်းဖြစ်တယ်။ အကောင်းဆုံးအတော်ဆုံးကစားသမားတွေကတော့ ပြောစရာမလိုအောင်ပင် အတွင်းဘက်မှာ နေကာ သူတို့ရဲ့guild masterကို ကာကွယ်ပေးနေကြတယ်။

[Systemမှ အသိပေးကြေညာချက်] MengHu Clanရဲ့ အသင်းခေါင်းဆောင် guild master user ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးမှာ  သတ်ဖြတ်ခြင်းခံလိုက်ရပါပြီ။ ချက်ချင်းဆိုသလို MengHu ဂိုဏ်းက ခေါင်းမပါတဲ့ နဂါးတစ်ကောင် ဖြစ်သွားပြီး မကြာခင်မှာပဲ လုံးလုံး ရှုံးနိမ်တော့မှာ ဖြစ်ပါတယ်။ဟိုနားက မြေကြီးပေါ်မှာ မှောက်လျက်လဲနေတဲ့ ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေးခင်ဗျ, ဖုန်ခါပြီးတော့ ပွဲထဲက ထွက်သွားလို့ရပါပြီ!

သူတို့MengHu ဂိုဏ်းကို စစ်ကူပေးဖို့ ရုတ်တရတ်ကြီး ရောက်လာတဲ့ စုမူကျိနဲ့သူ့လူတွေကြောင့် အားကိုးရပြီဆိုပြီး လက်သီးလက်မောင်းတန်း ရွပိုးထိုးလာကြတဲ့ အုပ်စုကြီးမှာ ချက်ချင်းဆိုသလို မီးကို ရေနဲ့ပက်ထည့်လိုက်သလိုမျိုး ဝုန်းခနဲ့ ငြိမ်ကျသွားတယ်။

[Guild] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်လေး: "အီး...အီး....အီးဟီး...."

[Guild] ထန်းရှီ: "......နေပါအုံး မင်း ဘယ်လိုသေသွားတာလဲ? ဒီလောက် level မြင့် accountတစ်ဝက်လောက်က မင်းကို ကာကွယ်ပေးနေတာကိုလေ"

[Guild] မိန်းမလှငါးရာ ဝန်းရံထားတဲ့ နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "သူက မင်းနဲ့ မင်းယောက်ျား ခွေးစာတွေကျွေးနေတာကို မြင်ပြီး မင်းတို့နှစ်ကောင်ကို သေချာပေါက် ပြတ်အောင်လုပ်မယ်ဆိုပြီး ထောင်ထောင် ထောင်ထောင်နဲ့ ရှေ့ကို ရမ်းသွားလိုက်တာ။ ဘေးက ဖြတ်သွားတဲ့ တောရိုင်းမွန်းစတားကောင် ရှိနေတာကို မမြင်ဘူး။ ဟိုက သူ့မြင်လိုက်လို့ ခွေ့ထည့်လိုက်တာ တစ်ချက်တည်းကိစ္စပြတ်​ပါရောလား"

[Guild] ထန်းရှီ : .....

[Guild] စုမူကျိ:.....

[Guild] ထန်းရှီ: " ဇနီးလေး, ကိုယ်....."

[Guild] စုမူကျိ: "အရင်ဆုံး ရန်သူဂိုဏ်းခေါင်းဆောင်ကို ရအောင်ရှင်းမယ်။ ပြီးမှ ငါတို့ဘာသာ ငါတို့ပြန်သတ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ်ပွဲက ရှုံးနေပြီဆိုတော့"

[Guild] ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး: "အီး...အီး....အီးဟီး...."

Ranzhiဘက်မှ စစ်ကူ high levelledအုပ်စုက ရှေ့တည့်တည့်ကနေ တစ်ဖက်ရန်သူတွေ ကာကွယ်ပိတ်ဆို့ထားကြတဲ့ စခန်းနေရာကို လစ်ဟာပျက်စီးသွားအောင် လျင်မြန်စွာ ပြေးသွားကြတယ်။

ထိုအဖွဲ့ကို ဦးဆောင်သူက စုမူကျိဖြစ်ကာ အကာအကွယ်အတားအဆီး ပျက်သွားတာနဲ့ တစ်ဖက်ဂိုဏ်းရဲ့ guild masterကို သူတို့လူတွေ ကာကွယ်ပေးထားတဲ့ကြားကနေ ဆွဲထုတ်နိုင်သွားတယ်။

ထန်းရှောင်လည်း ရန်သူတွေကို အေးခဲပစ်လိုက်ဖို့ သင့်တော်တဲ့အချိန်တစ်ခုကို ရှာတွေ့သွားကာ သူမရဲ့အေးခဲစွမ်းရည်ကို သုံးထားတုန်း Ranzhiသားတွေက လေထဲကနေ မန္တန်ပေါင်းစုံပျံဝဲပြီး ပစ်ကာ ရူးသွပ်စွာတိုက်ခိုက်ကြတော့တယ်။

[System မှအသိပေးချက်] တားမြစ်မြို့တော်ဂိုဏ်းရဲ့ အသင်းခေါင်းဆောင် guild master ဖြစ်တဲ့ user စစ်နတ်ဘုရားရဲ့ အမျက်ဒေါသမှာ တစ်ဖက်ပြိုင်ဘက်ဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါပြီ။ ချက်ချင်းဆိုသလို တားမြစ်မြို့တော် ဂိုဏ်းက ခေါင်းမပါတဲ့ နဂါးတစ်ကောင် ဖြစ်သွားပြီး မကြာခင်မှာပဲ လုံးလုံးရှုံးနိမ်တော့မှာ ဖြစ်ပါတယ်။ စစ်နတ်ဘုရားရဲ့အမျက်ဒေါသ, ပွဲကနေ ထွက်လို့ရပါပြီ!"

တစ်ဖက်ဂိုဏ်း လဲပြိုသွားတာနဲ့, စုမူကျိလည်း သေသွားတော့တယ်။

တားမြစ်မြို့တော်ဂိုဏ်းမှာ ချက်ချင်းပဲ သွေးကြွေးဆပ်ခံလိုက်ရတယ်။

ထိုကဲ့သို့ ငရဲတမျှဖြစ်နေတဲ့ ပတ်ဝန်းကျင်ထဲမှာ ထန်းရှောင် ရုတ်တရတ်ဆိုသလို မြေကြီးပေါ်က လက်လက်ထနေတဲ့ အရာလေးကို တွေ့လိုက်ရပြီး ဘာရယ်​မဟုတ်​လက်မနှေးဘဲ အိတ်ထဲ ကောက်ထည့်လိုက်တယ်။

ရှုပ်ယှက်ခတ်နေတဲ့ တိုက်ပွဲအလယ်မှာတော့ စိတ်ရှုပ်ထွေး​နေတဲ့ အားကောင်းတဲ့ဟော့ပေါ့လေးမှာ မသေသေးဘဲ ကုန်းထလာတဲ့ ရန်သူတော်တွေကို အသေပြန်ရိုက်​​တော့တယ်။

Guild Battleပြီးဆုံးတော့မှာ ဖြစ်တာကြောင့် ထန်းရှောင်မှာ တစ်ဖက်ရန်သူတွေရဲ့မျက်ခွက်ကို ဖြတ်ရိုက်ချင်စိတ်က အရမ်းစိတ်အားမထက်သန်နေတော့ပေ။

သူမ အမြန်ပဲ သူမတို့စခန်းရှိရာဆီ ပြန်သွားလိုက်တယ်။

[Guild] ထန်းရှီ: "မင်းတို့ကောင်တွေ မင်းတို့ရဲ့ဂန္ဓာမာပန်းတွေကို ပြင်ဆင်ထားကြပြီးပြီလား! လာ...လာ, အချိန်မနှောင်းခင် လက်စသတ်ကြစို့။ ငါတို့ အချင်းချင်းပဲ ပြန်နှိပ်စက်ကြတာပေါ့! ငါအရှင်မင်းကြီးရဲ့ လက်ချောင်းတွေက လေ့ကျင့်ခန်း မလုပ်ရတာကြာပြီ"

[Guild] [Guild] မိန်းမလှငါးရာ ဝန်းရံထားတဲ့ နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "....မင်းဘာဖြစ်သွားတာလဲ, ထန်းရှီလေး? ရွှေတုံးလေးနဲ့ ပေါင်းတာများသွားတာလား? မိုက်ရိုင်းလိုက်တာ"

[Guild] မြေအိုးထဲက ရွှေတုံးလေး: "ပြောမနေနဲ့, သူက အခုတလော အရမ်းကို လိင်ပိုင်းဆိုင်ရာ တက်ကြွနေတာလေ။ မင်း အဲ့လောက်တောင် မထိန်းနိုင်ရင်တောင် ခွေးတစ်ကောင်နဲ့ *&%$#@# ပြီး စိတ်ငြိမ်အောင် လုပ်လိုက်ပါလား"

[Guild] ထန်းရှီ: "သောက်ကျိုးနည်း ခွေးနဲ့ &*%$#@ တာကလည်း ငါ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး။ ဒီတော့ ငါ့အသင်းသားတွေရဲ့ မျက်​ခွက်တွေကို ဖြတ်ရိုက်ရမှပဲ ငါဂနာငြိမ်သွားမှာ"

[Guild] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်လေး: "....ဒါဆိုလည်း နေအုံး။ ငါ့ရဲ့ဂန္ဓာမာပန်းကို သန့်သွားအောင် ရေဆေးပြီး မင်းကို စောင့်နေမယ်, ဟုတ်ပြီလား?"

ထန်းရှောင်ကို စောင့်စရာမလိုပဲ စုမူကျိက သူ့ကို တိုက်​ပွဲ​နေရာက​နေ main Screenပေါ် ရောက်အောင် ပို့ထည့်လိုက်တယ်။

[Guild] မိန်းမလှငါးရာဝန်းရံထားတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: "ငါ မင်းကို ဘယ်နှခါပြောရမလဲ! ထန်းရှီနဲ့ ညစ်တီးညစ်ပတ်စကားတွေ မပြောနဲ့လို့, စုမူကျိက မင်းကို ချက်ချင်းသတ်လိုက်လိမ့်မယ်"

[Guild] ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး: "သူက အရင် ငါ့ကို အီစီကလီစကားတွေ စပြောတာကို"

[Guild] မိန်းမလှငါးရာဝန်းရံထားတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: "ဒါဆို မင်း ပိုပြီးတောင် သေဖို့ထိုက်တန်သေးတယ်"

[Guild] ဘောင်းဘီပေါ်က အမွှေးတစ်မျှင်လေး:......

Battle pointsတွေ ထွက်လာတဲ့အချိန်မှာတော့ တားမြစ်မြို့တော်ဂိုဏ်းရဲ့ pointတွေက MengHuထက် ပိုမြင့်တာကြောင့် ဒီပွဲမှာတော့ သူတို့နိုင်သွားတယ်လို့ ပြောရမယ်။

ဒါပေမဲ့ ကောလဟာလတစ်ချို့က ထွက်ပေါ်လာတယ်။

အဲဒါကတော့ တားမြစ်မြို့တော်ဂိုဏ်းခေါင်းဆောင်ရဲ့ လက်နက် အခိုးခံလိုက်ရတယ်ဆိုတဲ့သတင်းပဲ။

[World] စစ်နတ်ဘုရားရဲ့အမျက်ဒေါသ : "ဘယ်ခွေးသူခိုး ငါ့ပစ္စည်းကို မ သွားတာလဲ? မင်းတို့ကြိုက်တဲ့ဈေး ခေါ်လိုက်စမ်း"

[World] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်လေး: "အဟားဟားဟားဟား....."

[World] အေးမြတဲ့ စမ်းချောင်းလေး: "မင်းတို့ဘက်က Enchartressကောက်သွားတာ မြင်လိုက်တဲ့သူရှိတယ်။ မင်းတို့ ဈေးပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ် Enchantressက ငါတို့လက်နက်ကိုလည်း သုံးလို့မှမရတာ"

MengHu Clanက တစ်ဖက်ရန်သူခေါင်းဆောင်ရဲ့ လက်နက်ကို အလစ်သုတ်သွားတယ်ဆိုတဲ့ မိမိတို့အဖွဲ့သားကို လိုက်ရှာကြည့်ပေမဲ့ ဘယ်သူဆိုတာ လုံးဝရှာမတွေ့ပေ။

ထိုအချိန်မှာတော့ အဓိကတရားခံဖြစ်တဲ့ ထန်းရှောင်မှာ မိမိမှာ မှော်ဆေးရည်ကုန်နေတာကို သိလိုက်ရတာကြောင့် warehouseကို သွားပြီး ဝယ်မယ်အလုပ် သူမရဲ့ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာထဲမှာ အလွန်ဘလင်းဘလင်းထနေတဲ့ အရာကို တွေ့လိုက်ရလေတယ်။

ထိုပစ္စည်းမှာ တောက်ပလွန်းလို့ သူမရဲ့မျက်စိတွေတောင် ကန်းတော့မည့်အလား။

#3789 words
# Ive Latte(mm)

-------------------------------------------------

MM T/N:

​နေရင်းထိုင်​ရင်း စိုင်​​ကော်​လို့​ချုံ​ပေါ်​ရောက်​သွားတဲ့ တစ်မိုးအောက်ထန်း​ရှောင်🙂🙂
🤣🤣🤣

Continue Reading

You'll Also Like

170K 23.4K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...
1.4K 180 9
🖤He loves his mother's new husband.🖤 ■□●○•■□●○•■□●○•■□●○•■□ _T.t.a.gunawardhana (Xiys58w47s)®️_
131K 22.9K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...