ကိုယ့်ချစ်သူလက်ထောက်လေး (Comp...

Von LazyFlower555

160K 20.3K 412

အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ Mehr

Start To (U+Z)
Description
EP1(U+Z)
EP2(Z)
EP3(U)
EP3(Z)
EP4(U&Z)
EP5(U&Z)
EP6(U&Z)
EP7.1(U&Z)
EP7.2(U&Z)
EP8(U&Z)
EP9(U&Z)
EP10(U&Z)
EP11(U&Z)
EP12(U&Z)
EP13(U&Z)
EP14(U&Z)
EP15(U&Z)
EP16(U&Z)
EP17(U&Z)
EP18(U&Z)
EP19(U&Z)
EP20(U&Z)
EP21(U&Z)
EP22.1&22.2(U&Z)
EP22.3(U&Z)
EP23.1&23.2(U&Z)
EP23.3(U&Z)
EP23.4&23.5(U&Z)
EP24.1(U&Z)
EP24.2(U&Z)
EP24.3(U&Z)
EP25.1(U&Z)
EP25.2(U&Z)
EP25.3(U&Z)
EP26.1(U&Z)
EP26.2(U&Z)
EP27.1(U&Z)
EP27.2(U&Z)
EP27.3(U&Z)
EP28(U&Z)
EP29(U&Z)
EP30(U&Z)
EP31(U&Z)
EP32(U&Z)
EP33(U&Z)
EP34(U&Z)
EP35(U&Z)
EP36(U&Z)
EP37(U&Z)
EP38(U&Z)
EP39(U&Z)
EP39.5(U&Z)
EP40(U&Z)
EP41(U&Z)
EP42(U&Z)❤
EP43(U&Z)❤
EP44(U&Z)❤
EP44.5(U&Z)❤
EP45(U&Z)❤
EP46(U&Z)❤
EP47(U&Z)❤
EP48(U&Z)❤
EP49(U&Z)❤
EP50(U&Z)END❤❤
EP51(Extra1)(U&Z)❤❤
EP52(Extra2)(U&Z)❤❤
Thank You❤❤
bl

EP2(U)

4K 484 16
Von LazyFlower555

.Uni

လုကျိုးအကြောင်းပြောရမည်ဆိုလျှင် ,
သူ့ရဲ့ ပွဲဦးထွက်စတင်မှုကပင်စတင်၍ပြောရမည်ဖြစ်သည်။အကယ်၍သင်သာစုံစေ့စွာပြောတတ်သူဆိုပါလျှင်မူသုံးရက်ခန့်လောက်မျှ ပြောပြ၍ပင်ရနိုင်ချေသည်။သူ့ရဲ့လူသိများထင်ရှားမှုကထိပ်တန်းအနုပညာရှင်ဖြစ်လာဖို့ ပွဲဦးစထွက်ကတည်းကပင်
Webio,အင်တာနက် နှင့် ထိပ်တန်းမီဒီယာများတွင်ရေပြင်ညီထက်ပြင်ထူးခြားစွာကျော်ဖြတ်ကာဂုဏ်သတင်းကြီးမားကျော်ဇောခဲ့သည်။သူ့ရဲ့ အသက်25နှစ်တွင်ပင်
သူ့ရဲ့ပထမဆုံးဒရမ်မာရုပ်ရှင်ကားက
Box Officeတွင်အရောင်းချရဆုံးစံချိန်တင်ခဲ့ပြီးအမြတ်အစွန်းများစွာရရှိခဲ့သည်။
လုကျိုးက အသက်အရွယ်မရွေး ၊ကျားမ
မရွေးလူသန်းပေါင်းများစွာရဲ့စိတ်နှလုံးကို
ခိုးယူသိမ်းပိုက်နိုင်ခဲ့သူဖြစ်ခဲ့ချေသည်။

ရုပ်မြင်သံကြား TV dramaများတွင် မကြာခဏ တွေ့မြင်နိုင်ပြီးလုကျိုးက
ရုပ်သံထုတ်လွှင့်မှုအပိုင်းတွင်လည်း
ပျှမ်းမျှကြည့်ရှုမှုနှုန်းရဲ့အချိုး (2.3) ထိ
အောင်မြင်စွာသိမ်းပိုက်ထားနိုင်သူလည်း
ဖြစ်နေခဲ့သည်။အနီးစပ်ဆုံးပြောရမည်
ဆိုပါက , တရုတ်ပြည်ကြီး၏ အဓိက ဇာတ်ကား လွှင့်တင်မှုတွင် မပါမဖြစ်
ခပ်ပြင်းပြင်းဆေးခါးတခွက်နှင့်တူသည်။
သူနှင့်သူ့ရဲ့ရည်းစား, ကျန်းရှီရမ့်တို့က
ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ နေနှင့်လ ၊
ရွေနှင့်မြကဲ့သို့ လိုက်ဖက်ညီတဲ့စံပြစုံတွဲဖြစ်လာခဲ့ကြပြီးသူ့တို့နှစ်ယောက်လုံးက
လက်ရှိတွင် လူအများအားကျရတဲ့
ချစ်ခြင်းနှင့်အတူပို၍အောင်မြင်လျက်
ရှိနေခဲ့ကြသည်။

ထိုအကြောင်းအရာများကြောင့်ပင်
များစွာသောလူတွေကလုကျိုးအား
မနာလိုဝန်တိုခြင်း၊အဘိဇ္စျာပွားခြင်းနှင့်
အတူမုန်းတီးလာကြသည်။မကြာခဏ
ဆိုသလိုပင်လုကျိုးအား အမျိုးမျိုးသော
တိုက်ခိုက်မှုများပြုလုပ်လာကြသည်။
သူ၏ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြင့်ပင်
လူပေါင်းများစွာရဲ့ပါးစပ်တို့အား ပိတ်သွား
စေခဲ့သည်။ထို့အပြင်သူကကျန်းရှီရမ့်ရဲ့ အဆက်အသွယ်မှတဆင့် အမျိုးသား
အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်
ရန်အခွင့်အလမ်းများစွာရရှိခဲ့ပေသည်။

အမှန်တကယ်လဲဟုတ်မှန်နေခဲ့တယ်။
အမျိုးသမီးများစွန့်ခွာနိုင်ခြင်းက
စကားလုံးသုံးလုံးထဲ ပြောရင်တော့လုံးဝ
ပင်မပြည့်စုံနိုင်လောက်ဘူးသာဖြစ်တယ်။
!နူးညံ့တဲ့အားအင် ! !နူးညံ့မှု !ကဲ့သို့စကားများ
ပင်ဖြစ်ပြီးတမင်ရည်ရွယ်ခြင်း သို့မဟုတ်
မရည်ရွယ်ဘဲဖြစ်စေခဲ့ခြင်း တို့ပင် ဖြစ်တယ်။
လူသဘာဝဘောအရ ယောကျ်ားများကသာ
မိန်းမတို့အား ပံ့ပိုးရမည်ကနိယာမကဲ့သို့
ဖြစ်နေခဲ့သည့်တိုင် ၊သူတို့ အားအမှီပြုကာ
အထက်သို့တက်ခြင်း၊ပျိုးထောင်ခြင်း ၊
ပြောမပြနိုင်တဲ့စည်းမျဥ်းစည်းကမ်းများ၊ တမင်ဟန်ဆောင်ခြင်း၊ဖြစ်လေ့ဖြစ်ထရှိတဲ့အငြင်းပွားမှုများလည်းရှိတတ်တာကိုတော့ ထုတ်ပြောလို့မရနိုင်ချေဘူးသာဖြစ်တယ်။
အခြားထိခိုက်စေမည့်အကြောင်းအရာက
လက်ရှိအနေအထားတွင် လူပြောများတဲ့
လုကျိုးရဲ့ကောလဟာလများနဲ့ ထိုသူရနေ
သည့်အနှောင့်အယှက်များကို စကားလုံးများဖြင့် ဖော်ပြလို့မရနိုင်ဘူးသာဖြစ်နေခဲ့တယ်။

"ကျွန်တော် နားလည်ပါတယ်'

ရှောင်ရီကလေးလေးနက်နက်ဖြင့်
ခေါင်းညိတ်ပြလိုက်သည်။

လက်ထောက်လင်းကစတီယာရင်အားစွဲကိုင်လျက် မောင်းနေစဥ်ရှောင်ရီအား ကြိုတင်၍ပင် ပြောလာခဲ့သည်။

''လုကျိုးရဲ့စိတ်ကအသန့်အပြန့်အလွန်ကြိုက်တာထက် အသန့်လွန်နေတဲ့လူဆိုပိုမှန်မယ်၊
အဲ့ဒီအပြင် ,မင်းဖက်ကသူဘာပြောပြော
ပြန်ပြီးချေပတာမျိုးလုံးဝကို မလုပ်မိပါစေနဲ့၊
အထူးသဖြင့် သူ့ထက်ပိုပြီးအထွန့်တက်တာမျိုးလုံးဝမလုပ်မိပါစေနဲ့ ၊နားလည်လား ?''

''ဟုတ်ကဲ့ပါ ...ကျွန်တော်နားလည်ပါတယ်''

ရှောင်ရီပြောလိုက်သည်။

''မင်းရဲ့ ကောင်မလေးကမင်းကအရမ်းနိုင်တာဘဲလား ?''

လက်ထောက်လင်းက ရှောင်ရီကို ကြည့်လိုက်
တယ်။

''များသောအားဖြင့် မျက်ရည်နဲ့မျက်ခွက်ပေါ့''

ရှောင်ရီကအကူအညီမဲ့စွာပြောလိုက်သည်။

''ကျွန်တော်က မကြာခဏ အပြောခံရတယ်၊
ဒါပေမယ့်အရေးမကြီးပါဘူး၊ကျွန်တော်
ဘယ်တော့မှ ရန်ဖက် မဖြစ်ဘူး ''

လက်ထောက်လင်းက သူ့ပခုံးအားပုတ်ပြီးပြောလာသည်။

''မင်းကဒီအလုပ်အတွက် အရည်အချင်းပြည့်တယ်၊ငါမင်းကို သဘောကျတယ်''

ရှောင်ရီသူသိချင်နေသည့်အရာအားမေးလိုက်သည်။

''လုကျိုးက အရင်တုန်းကလက်ထောက် အများကြီးကို အလုပ်ဖြုတ် ခဲ့ဘူးလား ?''

လက်ထောက်လင်းကရှောင်ရီအားစာနာစိတ်ဖြင့်ကြည့်လာသည်။ရှောင်ရီက
သူရဲ့ရည်းစားအားပေးရန်လုကျိုးထံတွင်
လက်မှတ်လေးတစ်ခုတောင်းခံဖို့ရန်
စဥ်းစားနေခဲ့သည်။သူရဲ့ရည်းစားက
လုကျိုးထံတွင်လက်ထောက်ဖြစ်လာ
သည်အားသိမည်ဆိုပါကသူတို့ရဲ့ဆက်ဆံရေးအားပြန်လည်၍အသက်သွင်းနိုင်မည်ဟု
တွေးလိုက်မိသည်။သို့သော်ယခုတွင်မူ
လက်မှတ်ရဖို့ပင်မျှော်လင့်ချက်မဲ့နေလျက်
အနာဂတ်တွင်သူရဲ့ ကံကြမ္မာအားပြန်၍ စစ်ဆေးဖို့ပင် လိုအပ်နေချေမည်သာဖြစ်
သည်။

လက်ထောက်လင်းက အစောင့်အကြပ်များ
ဖြင့်အထူးတလည်အကာအကွယ်ပေးလျက်
ရှိနေသည့် ကြီးမားသည့် အိမ်ကြီးတစ်ခုရှေ့တွင် ကားအားရပ်တန့်လိုက်သည်။လက်ထောက်လင်းကပြောလာသည်။

''နောက်ကျရင်မင်းကို ငါ ဖြတ်သန်းမှုအတွက်
ကဒ်တစ်ကဒ်ပေးမယ်၊အခုတော့ ငါကိုယ်တိုင်ဘဲ လိုက်ပြီးလုကျိုးရဲ့အိမ်ထဲထိ ခေါ်သွား
ပေးမယ် ''

''သူက တခြားအနုပညာရှင်တွေနဲ့အပြင်ထွက်တဲ့အခါ မင်းအဓိကထားပြီးသူ့ကိုကြည့်ရမယ် ''

လက်ထောက်လင်းကပြတင်းတံခါးအား
ချလိုက်ပြီးကားအားအိမ်ကြီးရှိရာဖက်သို့
ဆွဲဝင်လိုက်ပြီး ပြောလာသည်။

''သူ့ရှေ့မှမည်သည့်ချစ်ခင်သည့်အမူအရာကိုမှထုတ်မပြရဘူး၊အထူးသဖြင့်သူ့ရဲ့ပြိုင်ဖက်ကို သူ့ရှေ့မှာလုံးဝမချီးမွမ်းရဘူး၊တခြားအနုပညာရှင်ကိုလည်းသူ့ရှေ့မှာသဘောကျကြောင်းမပြရဘူး၊သူ့ရဲ့အပေါင်းအသင်း
သူငယ်ချင်း ဖြစ်နေရင်တောင်အဲလိုလုပ်လို့
မရဘူး၊မင်းနားလည် လား ?''

''ကျွန်တော်နားလည်ပါတယ်''

ရှောင်ရီ ပြန်ဖြေလိုက်သည်။

လက်ထောင်လင်းကကားအားဂိုဒေါင်ထဲတွင်
ရပ်လိုက်ပြီးတံခါးဖွင့်ကာရှောင်ရီရှေ့မှ
အိမ်ထဲသို့ဦးဆောင်ပြီးဝင်သွားခဲ့သည်။
ရှောင်ရီအိမ်အတွင်းပိုင်းမှမြင်ကွင်းအားမြင်လိုက်ရတဲ့အခါ အလွန်အမင်းအံ့သြသွားခဲ့သည်။

''ဒီနေရာကို နေ့တိုင်းလာပြီးသန့်ရှင်းရေး
လုပ်ပေးမယ့်သူတစ်ယောက်ရှိတယ်၊''

လက်ထောက်လင်းကပြောလာသည်။

''မင်းကအိမ်သန့်ရှင်းရေးအတွက်
စိတ်ပူစရာမလိုဘူး ''

ရှောင်ရီသူ့ရဲ့မီးခိုးရောင်ဖိနပ်လေးအားချွတ်ပြီးဂရုတစိုက်ပင် သစ်သားကြမ်းပြင်ပေါ်တွင်
မတ်တပ်ရပ်လိုက်သည်။လက်ထောက်လင်းကပြောလာသည်။

''လုကျိုးကမင်းကို တစ်ခုခုလုပ်ပေးဖို့ပြောရင်
မင်းအဲဒါကိုလုပ်ပေးရမယ်၊ပြီးတော့
မင်းကိုသူမခါ်ရင် မင်းသူနဲ့ပတ်သက်ပြီး
ဘာမှလုပ်ပေးစရာမလိုဘူး၊အကယ်လို့
သူလိုတဲ့အချိန် မင်းကိုခေါ်ရင်တော့
မင်းသူ့ဆီကို ချက်ခြင်းမြန်မြန်ရောက်နိုင်ဖို့
လိုတယ်''

''ဟုတ်ကဲ့ ''

''အကယ်၍မင်းအချိန်မှီ မရောက်နိုင်ရင် !''

လက်ထောက်လင်းကပြောလာသည်။

''ဥပမာပြောရရင် , ဘာမှမကြားရတဲ့အတိုင်း နေပြီးအလွန်သနားကောင်းတဲ့ ပုံစံနဲ့
နေလိုက်၊ ဒါမှမဟုတ်သူမင်းကို အပြစ်မတင်အောင် မင်းအောက်သာကျို့နေလိုက် ''

ရှောင်ရီခေါင်းညိတ်ပြလိုက်သည်။

ထမင်းစားပွဲပေါ်တွင် , အိမ်ရဲ့အပြင်အဆင်အထားအသိုတည်ရှိမှုနှင့်ပတ်သက်သော
မြေပုံတစ်ခုရှိသည်။ဧည့်ခန်းကျယ်ပါသော
ပထမထပ်တွင် မီးဖိုချောင်၊ထမင်းစားခန်းနှင့်
အပြင်ဖက်၌ ကြီးမားတဲ့ ဥယျာဥ်ကြီးတစ်ခုတို့
ပါဝင်သည်။ဒုတိယထပ်တွင် အခန်းကျယ်ကြီးတစ်ခုရှိပြီးတတိယထပ်တွင် လည်းဘဲ
အိပ်ခန်းများပါဝင်တဲ့ အခန်းကျယ်ကြီး
တစ်ခုရှိသည်။ထို့အပြင် အိမ်အား
ကျယ်ဝန်းမှုနှင့်အတူ တွဲဆက်ထားလျက်ရှိနေသည်။

လက်ထောက်လင်းက ဒီခက်ခဲတဲ့အလုပ်အား
ရှောင်ရီမလုပ်နိုင်မှာကို အနည်းငယ်စိုးရိမ်နေခဲ့သည်။ရှောင်ရီကတော့ ပြတ်သားစွာဆုံးဖြတ်ချက်ချထားပုံရလျက် ပြောလာရှာသည်။

''ကျွန်တော်ကောင်းကောင်းလုပ်ပါ့မယ်''

''စိတ်မပူနဲ့ ''
လက်ထောက်လင်းကပြောလာသည်။

''ဥက္ကဌဒူ က မင်းကို ဒီညနေ လုကျိုးနဲ့ မိတ်ဆက်ပေးလိမ့်မယ်၊နောက်ပိုင်း မင်းကိုငါ
အဝတ်အစားအသစ်တွေဝယ်ပေးဖို့
ကုမ္ပဏီကို မင်းကို ခေါ်သွားပေးမယ် ''

ရှောင်ရီစိတ်သက်ရာရစေရန် သက်ပြင်းတချက်ချလိုက်မိသည်။တနေ့ထဲမှာပင်
အခြားနေရာတွင်ရေချိုးပြီး အဝတ်များကိုလည်းလဲလှယ်ခဲ့ရသည်။သူ့ရဲ့အရပ်နှင့်ပုံစံအနေအထားက5ပေ8လက်မရှိသည်မို့
အရပ်ရှည်တဲ့အထဲတွင်ပါသည်။သို့သော်
လုကျိုးထက် တော့အရပ်အနည်းငယ်နိမ့်သော်လည်းအရမ်းကြီးကွာခြားနေခြင်း
မျိုးတော့မဟုတ်ဘူးသာဖြစ်သည်။
သူပုံစံက ချောမောခန့်ညားတဲ့အထဲတွင်
ပါသော်လည်းလုကျိုးနှင့်တော့နှိုင်းယှဥ်၍
မရနိုင်ဘူးသာဖြစ်သည်။၊ထို့ပြင် သူက idolတစ်ယောက်ရဲ့ အာရုံကို ခိုးယူနိူင်သူတော့ မဟုတ်ဘူးသာဖြစ်သည်။

အတိုချုံးပြောရမည်ဆိုပါက , မှန်ထဲတွင်သူ့ပုံကို သူပြန်ကြည့်နေရင်း ဒူမိုင်ကသူ့ကိုဘာကြောင့်ဒီနေရာတွင်လုပ်စေချင်တာကို
ရှောင်ရီနားလည်နေခဲ့သည်။သူရဲ့ အသွင်အပြင်နှင့် ပုံပန်းသဏ္ဌာန်က
အလွန်ပင်သင့်တော်နေခဲ့သည်။
ယခုအချိန်တွင်သူက မိမိကိုယ်ကို
အလွန်ယုံကြည်မှု ရှိနေပြီး မည်သူ
တစ်ဦးတစ်ယောက်ကိုမှအငြိုးမထား
တော့ဘဲသူ့ဘဝသစ်ရဲ့ ကမ္ဘာလေးတွင်
စိတ်သစ်လူသစ်ဖြင့်သာခြေချဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုနေ့ညနေခင်းတွင် ဒူမိုင်ကရှောင်ရီနှင့်
လုကျိုးတို့အားတွေ့ဆုံနိုင်ရန်စီစဥ်ခဲ့သည်။
ရှောင်ရီကစိုးရိမ်ပူပန်နေလျက်ရှိနေပြီး
သူဗိုက်တွေလဲဆာနေခဲ့သည်။သို့သော်
၎င်းကိုသူ ခံနိုင်အောင်ကြိုးစားနေခဲ့သည်။

ဒူမိုင်က သူ့အားသတိမထားမိစွာဖြင့်
သူမဖုန်းကိုသာနှိပ်နေလျက်ပြောလာသည်။

''စိတ်မပူနဲ့ ၊လုကျိုးက အပေါက်လေးဆိုးတာကလွဲရင် စိတ်ကောင်းရှိပါတယ်၊ပုံမှန်ချိန်
ဆို အေးဆေးကောင်းမွန်စွာဆက်ဆံတယ်။
သူ့ကို ဒေါသထွက်အောင်မင်းမလုပ်မိမချင်း
မင်းတို့ တွေအမြဲလိုအဆင်ပြေသွားကြလိမ့်မယ်''

ရှောင်ရီကသူနဲ့ သက်ရှိနတ်ဘုရား အိမ်သာထဲမှာတွေ့ဆုံသည့်အကြောင်းအားမပြောရဲခဲ့သလို အတူတူဆီးသွားခဲ့သည်ကိုလည်း
သူမပြောရဲဘဲရှိနေခဲ့သည်။သူခေါင်းတစ်ခုတည်းကိုသာညိတ်ပြနိုင်လျက်ရှိနေပြီး
သူတို့နှစ်ယောက်တွေ့တဲ့အခါမည်သူ
အရင်မသိချင်ယောင်ဆောင်မှာလဲ?
ဘယ်နှစ်ယောက်ဘဲထပ်ပြီးရောက်လာခဲ့
ပါစေထိုသူရဲ့အပေါက်ဆိုးမှုကြောင့်
အကုန်လုံးအလုပ်ထုတ်ခံခဲ့ရတာဘဲမလား?
မရေမတွက်နိုင်တဲ့လူပေါင်းများစွာ တောင်
မခံနိုင်ခဲ့သေးတာ ၊အခုတော့ သူ့အလှည့်
ကို ရောက်လာတော့မှာမလား ?....။

လုကျိုးရောက်ရှိလာပြီဖြစ်သည်။ရှောင်ရီက
တုံ့ပြန်မှုတစ်ခုအနေဖြင့် ချက်ခြင်းမတ်တပ်ထရပ်လိုက်သည်။သူမတ်တပ်ထရပ်လိုက်တဲ့
အခါ ဒူမိုင်ကသူ့ပခုံးပေါ်လက်တင်ပြီး
သူ့ကို ပြန်ထိုင်ခိုင်းလာသည်။

ဒူမိုင်ကလုကျိုးအားပြောလိုက်သည်။

''ဘာလို့နောက်ကျနေတာလဲ?
နောက်မကျအောင်လာဖို့ငါမင်းကို
ဘယ်နှစ်ကြိမ်လောက်ပြောရမှာလဲ ?''

''ကားပိတ်တယ်လေ...ကျွန်တော်ကကော
ခုလိုဖြစ်ချင်မလား ?''

လုကျိုးကသူ့မျက်မှန်အားချွတ်ရင်းဒေါသတကြီးဖြင့်ပြောဆိုပြီးထိုင်လာသည်။သူက ဆက်ပြောသည်။

''ခင်ဗျားကို ကုမ္ပဏီမှာလို့ကျွန်တော်ထင်တာ
ခင်ဗျားကဘာလို့ဒီကိုရောက်နေရတာလဲ ?''

ရှောင်ရီနဲ့ လုကျိုးတို့ ရုတ်တရက် မျက်နှာချင်းဆိုင်တွေ့ဆုံမိကြသည်။

တနေ့ထဲမှာတင်ဘဲ ကမ္ဘာကြီးရဲ့ လှုပ်ခါမှုနှင့်အတူ ယခုကဲ့သို့အပြောင်းအလဲများဖြစ်ပေါ်လိမ့်မည်ဟုသူ့စိတ်ထဲတွင် လုံးဝပင်တွေးမထင်ခဲ့ဘူးသာဖြစ်သည်။တချိန်က သူကဆင်းရဲနွမ်းပါးမှုနှင့်အတူ အိမ်ခန်းအစုတ်လေးတွင်ငှားပြီးနေခဲ့ရသည်။ ယခုတွင် သန်းပေါင်းများစွာသော ကျားမ တို့ရဲ့ စိတ်ကူးယဥ်အိပ်မက် သက်ရှိဘုရားသခင်
နှင့်အတူ တစ်စားပွဲထဲတွင်ထိုင်နေရပြန်သည်။

ရှောင်ရီကလုကျိုးကိုငေးကြည့်ရင်း လုကျိုးကအမှန်တကယ်ကြီး ချောမောလွန်းသူဖြစ်ကြောင်းသူသဘောကျစွာပင်တွေးနေမိခဲ့သည်။ထို့အပြင် ရုပ်မြင်ဇာတ်ကြားဇာတ်လမ်းတွင် ပါဝင်သူနှင့် အပြင်မှ လုကျိုးက နှိုင်းယှဥ်လို့မရဘူးပင်ဖြစ်သည်။အပြင်ဖက်မှလုကျိုးကပိုပြီးချော
ကာပိုပြီးဆွဲဆောင်မှုရှိနေသည်။

''ဟယ်လို !''

ရှောင်ရီကရဲရင့်စွာဖြင့် ပြောလိုက်သည်။

''မစ္စတာလု ...ကုမ္ပဏီကကျွန်တော့်ကို
ခင်ဗျားရဲ့လက်ထောက်အဖြစ်
ခန့်အပ်လိုက်တယ် ''

ဒူမိုင်ကပြောလာသည်။

''ဒါက ရှောင်ရီ ...ဟောဒါကလုကျိုး ၊
မင်းတို့တစ်ယောက်နဲ့တစ်ယောက်သိနေကြတာလား ?..အရင်ထဲကတွေ့ဖူးနေကြ
တာလား? ''

လုကျိုးကစကားတစ်ခွန်းတောင်ပြောမလာခဲ့ဘူး။သို့သော် နှာခေါင်းမှ ဟွန်းဟူသောအသံလေးအားထုတ်လွှတ်လိုက်ပြီးမီနူးအားကောက်ယုလိုက်သည်။ ထိုအရာကို မြင်တဲ့အခါရှောင်ရီက ချက်ခြင်းပင်မတ်တပ်ရပ်လိုက်ပြီးစားပွဲထိုးအားခေါ်ဖို့လုပ်လိုက်သည်။
သို့သော်ဒူမိုင်ကရပ်တန့်စေလျက်ပြောလာသည်။

''အစားအသောက်တွေက မှာထားပြီးသား၊
ရှောင်ရီ အခုကစပြီးသူ့ကိုကျိုးကောလို့ဘဲခေါ်တော့ ''

''မင်း ဘဲငန်းအသည်းမှာထားပေးလား ''

လုကျိုးကမေးလာသည်။

''အင်း !''

ဒူမိုင်ကပြောလိုက်သည်

''ဒီနေ့ ...ဝမ်ထောင်ငါ့ဆီဖုန်းဆက်တယ်၊
ရုန်းယွီ ကုမ္ပဏီက သူ့ကို မင်းနဲ့အလုပ်လုပ်ဖို့
အကြံပေးတယ်၊သူကမေးလာတယ်၊
နောက်နှစ် အမ်ဟွေးမှာအစိုးရရဲ့ရန်ပုံငွေ အဖြစ်ရိုက်ကူးမယ့်အပိုင်း (40)ပါဝင်မယ့် ရှေးဟောင်းဒရမ်မာ တစ်ခုရှိတယ်ပြောတယ်''

''ဘာကြီးလဲ ? ''လုကျိုးကပြောလာသည်။

''စိတ်မဝင်စားဘူး ၊ကျွန်တော်ရှေးဟောင်း
ဒရမ်မာတွေ မရိုက်တော့ဘူးလို့ နောက်ဆုံး
တစ်ခေါက်ကပြောခဲ့တယ်မဟုတ်ဘူးလား ?
ခေတ်သစ်ဒရမ်မာတွေက ဘာဖြစ်လို့လဲ?''

''ငါမင်းအတွက်ငြင်းထားပြီးသားပါ ''

ဒူမိုင်ကပေါ့ပေါ့တန်တန်ပြောလိုက်သည်။

လုကျိုးကဒူမိုင်ကို စေ့စေ့ကြည့်လိုက်တယ်။
ထိုအချိန်တွင် စားပွဲထိုးတွေကဟင်းလျာတွေလာချပေးကြတာမို့ သူတို့သုံးယောက်ဘာမှထပ်ပြီးမပြောဖြစ်ခဲ့ကြဘူး။လုကျိုးက
ခြေချိတ်ထိုင်လျက် သူ့ရဲ့လက်နှစ်ဖက်လုံးအား ထိုင်ခုံအနောက်တွင်သာထားလျက်
ရှောင်ရီအားလေ့လာနေခဲ့တယ်။

''ရှောင်ရီက ဂီတတွေကိုဖန်တီးတတ်တယ်''

ဒူမိုင်ကပြောလာသည်။

''ကုမ္ပဏီက မင်းနောက်ကိုလိုက်ဖို့သူ့ကို အသေအချာစီစဥ်ပေးထားတာ ၊မင်းသူ့ကို
မသိတာရှိလဲဦးဆောင်ပြီး သင်ပေးလိုက်ပါ ''

ရှောင်ရီပြုံးပြလိုက်သည်။

''ဂီတ ''

လုကျိုးကနှုတ်ခမ်းထောင့်များကွေးတက်နေလျက် ဘာမှမပြောဘဲသူ့အစားကိုသာစားနေသည်။ထို့နောက်သူကပြောလာသည်။

''ကျွန်တော် အိမ်ပြန်ပြီးအိပ်တော့မယ် ''

ရှောင်ရီကဒူမိုင်ကို တချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ရှောင်ရီချက်ခြင်း
မတ်တပ်ရပ်လိုက်ပြီးလုကျိုးမျက်မှန်တပ်နေစဥ်သူက လုကျိုးရဲ့ကုတ်အကျီအားယူလိုက်သည်။လုကျိုးအရှေ့ကလျှောက်သွားစဥ်
တွင်ရှောင်ရီကနောက်ကလိုက်သည်။
လုကျိုးကုတ်အကျီအားကိုင်ထားလျက်
သူစကားတော့မပြောရဲသေးဘူးသာဖြစ်သည်။

သူဌေးများသည်က သူတို့ရဲ့အလုပ်သမာားများအားစကားပြောခြင်းအား မကြိုက်ကြတာကို သူသိနေသည်။ထို့ကြောင့် သူဘာမှမပြောကအကောင်းဆုံးဖြစ်မည်ဟု သုတွေးလိုက်သည်။

ယခင် သူက ချမ်းသာတဲ့ကောင်တွေကို မကြာခဏလှောင်ပြောင်နေခဲ့သည်။မျက်စိ
တမှိတ်တွင် အချိန်များကုန်လွန်လာခဲ့တဲ့အခါ
မရေမတွက်နိုင်အောင်များပြားတဲ့စည်းစိမ်ချမ်းသာတွေနဲ့အောင်မြင်ကာကြွယ်ဝချမ်းသာလာခဲ့ပြီး သူကတော့ လူချမ်းသာတွေရဲ့လက်ထောက်အဆင့်သာဖြစ်လာခဲ့သည်။ ကမ္ဘာကြီးက သူ့အတွက် မတရားဘူး
ဆိုတာကို သူတွေးမိလိုက်သည်။

လုကျိုးကရှောင်ရီဘာဆက်လုပ်မလဲဆိုသည်အား လုံးဝပင်စောင့်ကြည့်နေခဲ့သည်။ ကားရှေ့တွင်မတ်တပ်ရပ်ပြီး ရှောင်ရီအား နားမလည်နိုင်တဲ့မျက်ဝန်းများဖြင့်ကြည့်လာသည်။ရှောင်ရီ ချက်ခြင်းပင် အထာနပ်သွားလျက် ကားတံခါးအား ဖွင့်ပေးလိုက်တဲ့အခါမှသာလုကျိုးက အထဲသို့ ရွေ့လျားပြီး ဝင်သွားခဲ့သည်။

''နောက်တကြိမ် ဒီလိုအမှားမျိုး
ထပ်မလုပ်မိစေနဲ့ ''

လုကျိုးကသူ့ရဲ့သွယ်လျရှည်လျားတဲ့ လက်ညိုးဖြင့် ရှောင်ရီအားညွန်ပြလျက်ပြောလာသည်။

ရှောင်ရီစကားမပြောရဲတာမို့ ခေါင်းတစ်ခုသာညိတ်လိုက်သည်။ သူ စိတ်ထဲတွင်လည်း
လုကျိုးအား အတော်ပင်ကြောက်လန့်မိနေသည်။

လမ်းတစ်လျှောက်လုံးတွင် လုံးဝပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ဒရိုင်ဘာက
လုကျိုးနဲ့ ရှောင်ရီအားလုကျိုးရဲ့ အိမ်သို့
ပြန်၍ပို့ပေးလာခဲ့သည်။ ရှောင်ရီကားထဲမှ
ဆင်းပြီးနောက် သူကဒရိုင်ဘာအားပြောလိုက်သည်။

''ကျေးဇူးတင်ပါတယ်၊အလုပ်ကောင်းကောင်းလုပ်ခဲ့ပါတယ်''

ဒရိုင်ဘာက စာနာစိတ်ဖြင့်သူ့အားတုံ့ပြန်သည်။

''ကောင်လေး ...မင်းလဲ အလုပ်ကောင်းကောင်းလုပ်နိုင်ပါစေ ''

ရှောင်ရီ အံ့အားသင့်နေခဲ့သည်။ဖြစ်နိုင်တာက
လုကျိုးရဲ့ စရိုက်အနေအထားကို ကုမ္ပဏီတစ်ခုလုံးက သိရှိနေပုံရနေခဲ့သည်

လုကျိုးအိမ်ထဲသို့ဝင်လာတဲ့အခါ , ရှောင်ရီက
ချက်ခြင်းပင်မီးတွေလိုက်ဖွင့်လိုက်သည်။

အိမ်ပြန်ရောက်သည်နှင့် လုကျိုးက သူ့ရဲ့နားကြပ်ကိုထုတ်ယူကာ တပ်နေလိုက်သည်။

ရှောင်ရီ မေးလိုက်သည်။

''ကျိုးကော အခု ရေချိုးချင်လား ?
ကျွန်တော် ရေနွေးလေးစပ်ပြီး အဆင်သင့်
လုပ်ပေးမယ်နော် ''

လုကျိုးက ရှောင်ရီပြောသောစကားအား
ဘာမှပင်တုံ့ပြန်မလာခဲ့။

ရှောင်ရီအနည်းငယ်စဥ်းစားပြီးနောက်
ရေချိုးခန်းထဲသို့ဝင်ကာ ရေချိုးကန်အား
ရေပူတို့ဖြင့် ဖြည့်လိုက်သည်။

ခဏမျှအကြာတွင် လုကျိုးက ဧည့်ခန်းဖက်သို့လျှောက်လာပြီးသူ့အား တစ်ခုခု ပြောချင်နေပုံရနေခဲ့သည်။ထို့နောက်သူက ရေချိုးခန်းဖက်သို့ အိပ်မှုန်စုံမွှားပုံစံဖြင့် သွားလေသည်။

''ဟေး ......!''
လုကျိုး အသံအကျယ်ကြီးဖြင့် ထအော်လေသည်။

ရှောင်ရီ ချက်ခြင်းဘဲ အဝတ်သစ် တစ်စုံဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

''ရေကဘာလို့အဲ့လောက်ပူနေရတာတာလဲ ?''

လုကျိုးကဒေါသတကြီးအော်ဟစ်လာခဲ့သည်။

''မင်းကငါ့ကိုကျက်ပြီးသေသွားစေချင်လို့လား?''

ရှောင်ရီ : ?????

သူ့ရဲ့အလုပ်သစ် ပထမဆုံးနေ့တွင် ရှောင်ရီက သူ့ရဲ့သက်ရှိနတ်ဘုရားအား သူ့ကို အကြိမ်ကြိမ်ဆူပွက်စေမိနေခဲ့သည်။
ရှောင်ရီ ချက်ခြင်းဘဲရေအေးကိုပြောင်းပေးရန် ကြိုးစားလိုက်သည်။သို့သော်လုကျိုးက
သူ့ကိုလက်ကာပြပြီးပြောလာသည်။

''မလိူဘူး ! ''

ရေချိုးခန်းထဲမှရေငွေ့ရိုက်နေသည့် မှန်ထဲမှ လုကျိုးရဲ့ရှည်လျားပိန်ပါးတဲ့ခန္ဓာကိုယ်အနေအထား၊ခိုင်ခံ့တဲ့ကြွက်သားတည်ဆောက်ပုံ နဲ့ ခြေတံလက်တံရှည်များက
မှန်ထဲတွင်ရောင်ပြန်ဟပ်လျက်ရှိနေသည်။
ရှောင်ရီ အဝတ်များအား ချထားပေးလိုက်ပြီး
ရေချိုးခန်းထဲမှအလျင်အမြန်ထွက်လာခဲ့လိုက်သည်။

ရှောင်ရီ လက်ထောက်လင်းကသူ့အားပေးထားတဲ့အချိန်ဇယားကိုကိုင်ကာဖွင့်ကြည့်လိုက်သည်။လုကျိုးရဲ့ ရေချိုးခန်းထဲမှ အသံကို သူနားစွင့်နေလိုက်သည်။လုကျိုးရေချိုးပြီး ဖိနပ်အပါးအားစီးကာ ထွက်လာတော့မှ
သူသက်သာရာရသွားလျက် သက်ပြင်းတ
ချက်ချပြီး နောက်ဆုံး၌ သူအနားယူနိုင်ပြီ
ဖြစ်သည်။ သူက လုကျိုးရဲ့ ရေချိုးကန်အား
ဆေးကြောပြီးနောက် သူအဝတ်အစားများကို ချွတ်လိုက်သည်။သူ မျက်လုံးများအား မှန်ရှေ့တွင်ပွတ်နေချိန်မှာဘဲ လုကျိုးရဲ့ ကော်ရစ်တာဖက်မှ အော်ဟစ်သံအားသူကြားလိုက်ရသည်။

''ဟေး ...!''

ရှောင်ရီ : ??????

ရှောင်ရီ သူ့အဝတ်အစားတွေကို အမြန်ပြန်ဝတ်ပြီး လုကျိုးဆီသို့ အမြန်ဆုံးနည်းဖြင့် ပြေးလာလိုက်တဲ့အခါ လုကျိုးက bathrobeဝတ်လျက် သူ့ရဲ့ အိပ်ရာပေါ်၌ လဲလျောင်းနေတာကို သူတွေ့လိုက်ရသည်။

လုကျိုးက သူ့ကိုမကြည့်ဘဲပြောလာသည်။

''ငါမင်းကို အခေါက်ပေါင်းမနည်းဘူးခေါ်နေတာ မင်း မကြားဘူးလား ?''

ရှောင်ရီပြန်ပြောလိုက်သည်။

''ကျွန်တော်တောင်းပန်ပါတယ်၊
ကျွန်တော်လာနေရင်း မတော်တဆ
လှေကားနားမှာ ချော်လဲ နေလို့ ''

''ထားလိုက်ပါတော့ ''လုကျိုးက ပြောလာသည်။

လက်ထောက်လင်းရဲ့ မူယာမာယာသာလုပ်လိုက်ဆိုတဲ့အကြံညာဏ်က အတော်ပင် အသုံးတည့်တာကို ရှောင်ရီ လက်တွေ့သိလိုက်ရသည်။ထို့နောက် လုကျိုးပြောလာသည်။

''ငါ့အတွက် ရေကော ဘယ်မှာလဲ ?''

ရှောင်ရီအောက်ထပ်သို့ဆင်းပြီး
ရေတခွက်ထည့်လာပေးလိုက်သည်။

''ရေခဲလဲ မပါဘူး ''

ရှောင်ရီ ရေခဲယူဖို့အတွက်လေပွေလေးပမာအမြန်ပြေးဆင်းခဲ့ရပြန်သည်။ အောက်ထပ်သို့ရောက်တဲ့အခါ သူ့လက်ထဲကခွက်အား
လွှင့်ပစ်ချင်မိလာသော်လည်း သူရမည့်လစာ
(8000)ယွမ်အားစဥ်းစားမိလိုက်သည်။
အခွန် ပါ ပါအပြီးမို့ ဒီနှစ်အတွင်းမှာပင် သူ့အတွက် (20000)ယွမ်တော့စုမိပေးလိမ့်မည်။

ကောင်းပြီ ၊လက်မှတ်ရရှိဖို့နှင့် သူ့ရဲ့ ကောင်မလေး သူ့အားပြန်၍လက်ခံလာစေဖို့
သူအားလုံးကို ခံနိုင်ရည်ရှိဖို့လိုသည်။

ရှောင်ရီ မောပန်းနေသော်လည်း ပြုံးပြလိုက်ပြီးလုကျိုးရှေ့၌ အသေအချာပင်ရပ်လျက်
ပြောလိုက်သည်။

''တောင်းပန်ပါတယ်ကျိုးကော ...ဒါက ကျွန်တော်ပထမဆုံးအကြိမ်အလုပ်လုပ်တာမို့ပါ ၊ကျွန်တော်ကောရဲ့ အကျင့်တွေကိုလည်း
မသိရသေးဘူးမို့ ၊နောက်တကြိမ် ကျွန်တော်
အကုန်မလစ်ဟင်းရအောင်လုပ်ပါ့မယ် ''

''အင်း ! ''

လုကျိုးက အေးဆေးစွာပင်ပြောလာသည်။

''နောက်တကြိမ် ,.ကိုယ်ရေချိုးပြီးတဲ့နောက်
ရေခဲထည့်ထားတဲ့ယမကာတစ်ခွက်ကို
ပြင်ဆင်ဖို့ မမေ့နဲ့ ''

ရှောင်ရီမတ်တပ်ရပ်နေလိုက်ရင်း လုကျိုးထံမှညွှန်ကြားချက်တစ်စုံတစ်ခုအားထပ်မံကြားရရန် စောင့်ဆိုင်းနေခဲ့သည်။သူ့ကို
တော့ သက်သာချောင်ချိစွာဘာမှမခိုင်းဘဲ
ပြန်လွှတ်မည်မဟုတ်သည်အား သိနေခဲ့သည်။ လုကျိုးက သူ့ရဲ့ အိပ်ရာဘေးစင်တွင်တင်ထားသည့် I pad အား လက်ညှိုးထိုးပြလာခဲ့သည်။

''webio က မှတ်ချက်တွေကို ကြည့်လိုက်''

လုကျိုးက ပြောလာသည်။

ရှောင်ရီ : .......

သူ့လိုထင်ရှားကျော်ကြားတဲ့ကြယ်ပွင့်ကြီးက
Webioမှာသူနှင့်ပတ်သက်ပြီးပြောလာတဲ့
Commentsတွေကို ကြည့်ဖို့လိုသေးတာတဲ့လား?ရှောင်ရီလုကျိုးကိုနားမလည်နိုင်မှုကယခုမှပင်အသစ်စတင်ခဲ့သည်။ လုကျိုးရဲ့ Ipadအား log in ဝင်လိုက်တဲ့အခါ လုကျိုးနောက်ဆုံးတင်ထားတဲ့ပိုစ့်တွင်
ပြန်လည်မျှဝေသူ (3000)ကျော် နှင့်
မက်ဆေ့ပေါင်း 7000 ကျော်ရှိနေသည်။
အကောင့်ရဲ့ထိပ်၌ သူနဲ့ သူ့ရည်းစား နှင့်
အတူ ခွေးတစ်ကောင် ပါ ပါနေသည်။သူ့ရည်းစားကျန်းရှီရမ့် ရဲ့လက်ထဲတွင်ချီဟွားဟွားခွေးလေးတစ်ကောင်ပိုက်ထားတာကိုတွေ့ရသည်။

အောက်ခြေတွင်တော့ ,များစွာသော commentsများကိုတွေ့ရသည်။ဒီတကြိမ်က
ရှောင်ရီ ရူးမိုက်သောမှတိချက်များအား
တွေ့မြင်ရခြင်းဖြစ်ပြီးသူ့အကောင့်နှင့်
နှိုင်းယှဥ်ပါက သူ့အကောင့်လေးက ရိုးရှင်းပြီး
စိတ်ချမ်းသာစေသည်။

''ဖတ်လေ ''

''kiss emoji ''

''အရမ်းချောတဲ့ သက်ရှိနတ်ဘုရား ''

!ဒူးထောက်နေတဲ့emoji!

!ငါ့ရဲ့ချစ်လှစွာသောကျိုးကဘယ်ဆံပင်
ပုံစံနဲ့မဆိုလိုက်တယ်!

!အနှစ်တစ်ထောင်ကနတ်ဘုရားအတွက်!

!မင်းရဲ့ လုပ်ဖော်ကိုင်ဖက်လေးလား ?!

!ကျိုးဝမ် နေကောင်းလား ?!

!......!

ရှောင်ရီ ဘာဆက်ဖတ်ရမှန်းမသိဖြစ်နေသည်။

''ဒါက ...!''

''ဘာလဲ ?''

လုကျိုးက ရှောင်ရီရဲ့ တုံ့ဆိုင်းနေတဲ့ အသံကြောင့် ပြောလာသည်။

''ကိုယ့်ဆီယူလာခဲ့ !''

ရှောင်ရီရုတ်တရက်ကံမကောင်းတဲ့
အကြံပြုချက်ဟု ခံစားနေရသည်။

( ရှောင်မိုင်ကျီ ဆိုတဲ့အကောင့်က ..

သူမရဲ့မျက်နှာက တဖြေးဖြေး ချွန်နေပြီ ၊
သူ့လက်ထဲက ချီဟွာဟွာလိုဘဲ၊ဒီ စုံတွဲက
နှစ်ယောက်လုံး ပလပ်စတစ်ဆာဂျရီ
လုပ်ထားကြတာလား? သူတို့တစ်ကိုယ်လုံး
အစစ်အမှန်ဘာမှမရှိလောက်ဘူး ...ဟဟ !

လုကျိုးက ipadကိုယူလိုက်သည်။ အသက်ပြင်းပြင်းရှုရင်ူ ဒေါသတွေထွက်နေသည်။ရှောင်ရီတွေးမိသည်။
!ဒါကဆိုးဝါးတာ အတော်ကိုပင်ဆိုးဝါးသည်!.
လုကျိုးက အိမ်ကြီးကိုများဝုန်းဒိုင်းကျဲလေ
မလား ၊အံ့အားသင့်စွာဘဲ လုကျိုးပုံက
ထိန်းချုပ်မှုအောက်၌ရှိနေပြီး သူ့ဆီသို့
Ipadအား ပြန်ပြီး ပစ်ပေးလာတဲ့အခါ
ရှောင်ရီကိုထိမှန်သွားခဲ့သည်။

ရှောင်ရီ သူ့ကို ထိသွားတဲ့အတွက်နာတာကို
ဂရုမစိုက်နိုင်ဘဲ ipadကို အမြန်ကောက်
ယူလိုက်ပြီးလုကျိုးအား နှစ်သိမ့်နိုင်ရန်
အခြားကောင်းမွန်တဲ့ မှတ်ချက်များကို
ဆက်၍ ဖတ်ပြလိုက်သည်။

ထို့နောက်လုကျိုးက ပြောလာသည်။

"'အဲ့ဒီအကောင့်ကို Blacklistထဲ ထည့်လိုက်''

ရှောင်ရီက ထိုအကောင့်အားလုကျိုးပြောသလ်ုလုပ်လိုက်သည်။ လုကျိုးကထပ်ပြောလာခဲ့သည်။

''တခြား ipadသုံးပြီးအဲ့နာမည်ကို ပြန်ရှာပြီး
အကုန် ဘလော့ပစ် ''

ရှောင်ရီ :......

ဒီလောက်ထိတောင်လုပ်စရာလိုလို့လား ?
ရှောင်ရီတွေးမိလိုက်သည်။

လုကျိုးက သူ့ကို နမလည်ရန်ကောဆိုတဲ့
ပုံစံဖြင့် ပြောလာသည်။

''အဲဒီ အထဲမှာ webio အကောင့် 20ကျော်ရှိတယ်၊တစ်ခုချင်းစီ ဖွင့်ပြီး သူ့ရဲ့ပိုစ့်အောက်
မှာ မဘလော့ခင် မှတ်ချက်တွေ အများကြီး
ပေးလိုက် ''

ရှောင်ရီပို၍နားရှုပ်လာခဲ့သည်။
ခဏမျကြာမှသူနားလည်လိုက်သည်။
ဥပမာ အဲ့ဒီ မန့်အောက်တွင်စကားများစွာ
အား ရန်တွေ့သကဲ့သို့ပြောပေးရန်ဖြစ်သည်။
သူအမြန်အဆန်ပင် လုပ်လိုက်သည်။
သူ့နှလုံးသားက ပြော၍မရနိုင်သော စကားများစွာဖြင့်ပြည့်နေခဲ့သည်။လုကျိုးက ipadကိုယူပြီး ဖွင့်ကြည့်သည်။ သူစိတ်တိုင်းမကျတာကို မတွေ့ရလို့ထင်၏။ဘာကိုမှထပ်ပြောလာခြင်းရှိမနေခဲ့။

''Taobao ကို ဝင် ''
လုကျိုးက ပြောလာသည်။

ရှောင်ရီ : .....

ရှောင်ရီ Taobao appအား အမြန်ဖွင့်လိုက်သည်။

လူကျိုး ကပြောသည်။

"'homepage ကို ဝင် ''

ရှောင်ရီ ပင်မစာမျက်နှာကို ချက်ခြင်းနှိပ်လိုက်သည်။လုကျိုးက ထိုအရာကိုမြင်တဲ့အခါ ရှောင်ရီကို ရှုပ်ထွေးစွာကြည့်သည်။

လုကျိုးကစိတ်မရှည်စွာဖြင့်ပြောလာသည်။

"pageကိုဝင်လေကွာ ..
မင်းဒါလေးတောင်မသိဘူးလား ?''

ရှောင်ရီ ထိတ်ထိတ်ပျာပျာဖြင့် Taobaoထဲကို ကပျာကသီဝင်လိုက်တယ်။စိတ်ထဲတွင်တော့
ဒေါသတကြီးဖြစ်နေခဲ့သည်။
ငါမင်းပြောသလိုလုပ်နေတာဘဲလေ၊
ငါက မင်းအတွက်ကိုဘဲ လုပ်ပေးနေတာလေ ၊
မင်းရည်းစားအတွက်ပါလုပ်ပေးနေရတာလား ?...။

ရှောင်ရီက စာမျက်နှာများကို လှန်လှော
နေစဥ် လုကျိုးရှေ့တွင် ipadကရောကိနေတာမို့ သူ အသေအချာပင်မမြင်ရဘူး ဖြစ်နေသည်။ရှောင်ရီ အနားသို့ တိုးလိုက်သည်။
လုကျိုးက သူနှင့် အနီးကပ်ရှိနေတာမို့
ရုတ်တရက်ထအော်လာခဲ့သည်။

''မင်းကဘာကြောင့်ဒီလောက်
ကပ်လာတာလဲ?''

ရှောင်ရီ အနည်းငယ်ခွာလိုက်သည်။စာမျက်နှာကို လှည့်လိုက်ချိန် လုကျိုးက
သစ်သား တစ်သျူးဘူးလေးကို တွေ့မြင်သွားခဲ့သည်။သူအရမ်းစိတ်ဝင်စားသွားပြီး
ပြောလာသည်။

"အဲ့ဒါလေး ကြည့်ရအောင် ''

ရှောင်ရီက ပုံကိုနှိပ်လိုက်သည်။
ထို့နောက်တွင် လုကျိုးက ပြောလာသည်။

"'ဆက်သွား ..လှိမ့်လိုက် ''

ရှောင်ရီကလုကျိုးသဘောကျ တစ်ခုပြးတစ်ခု ပုံလေးတွေကို လှိမ့်ပြီးကြည့်နေရင်း ပလပ်စတစ် တစ်သျှူးဘူးလေးများပါ တွေ့လာရသည်။လုကျိုးထပြောလာသည်။

"'အကုန် ခြင်းထဲ ထည့်လိုက် ''

ရှောင်ရီ : ..........

တစ်သျှးဘူး 44ခုအကုန်လုံးအားစျေးဝယ်ခြင်းထဲ ထည့်လိုက်သည်။လုကျိုးက
လက်ကိုမြှောက်လိုက်ပြီးဆက်၍တခြားပစ္စည်းများကိုရှာဖွေနေခဲ့သည်။ လုကျိုးက
ဖန်ခွက်သေးသေးများကိုလည်းအလုံး 30 ကျော် ဝယ်ခဲ့သည်။ဒါ့အပြင့် ဘီစကစ် မုန့်ထုပ်ကလည်းအထုပ်20 ပါသေးသည်။

နောက်ဆုံး၌ ရှောင်ရီကစျေးဝယ်ခြင်းလေး
ပြည့်လာတဲ့အခါလုကျိုးကပစ္စည်းများကို စစ်ဆေးပြီး ငွေပေးချေရန်ပြောလာသည်။

"ခြင်းထဲက ပစ္စည်းတွေအကုန်ငွေချေလို့ရပြီ''

ရှောင်ရီ : .........

လုကျိုးက ရှောင်ရီအား Alipay နံပါတ်အားပေးလာခဲ့သည်။ရှောင်ရီက ထိုနံပါတ်အား သုံးကာ ဝယ်ယူပစ္စည်းများအား
ငွေပေးချေလိုက်သည်။

လုကျိုးပုံစံက အနည်းငယ်အိပ်ချင်နေသယောင်ရှိလာတာကို ရှောင်ရီသတိထားမိသည်မို့မေးလိုက်သည်။

"အိပ်ချင်နေပြီလား ?''

"မအိပ်ချင်ဘူး ''

"ဟိုအကောင့်က ဘာပြန်ပြောလဲ ?''

ရှောင်ရီ webioကို ဖွင့်ပြီး ကြည့်လိုက်သည်။

"အဲဒီအကောင့်က onlineပေါ်မှာမရှိဘူးထင်တယ်၊ဘာမှစာမပြန်ဘူး ''

လုကျိုးက ပြောလာသည်။

"လိုင်းတက်လာရင်ရန်တွေ့ရမယ် ''

ရှောင်ရီ webioတွေကို လိုက်ဖွင့်သည်။
သူငိုချင်လာသည်။ထို့ကြောင့်ပင် ကုမ္ပဏီက
စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးပြီးမှ
လုကျိုးဖြစ်ကြောင်း ပေးသိခဲ့ခြင်းက အဆန်းမဟုတ်ပါချေ။ ဒီလောက်ဇီဇာကြောင် ၊ပြသနာရှာ ၊ဒေါသကလဲ ကြီးသေးတာကြောင့်
သူ့အတွက်လက်ထောက်ရှားသည်ပင်ဖြစ်နိုင်သည်။

"ရုပ်ရှင် တစ်ခု ကြည့်မယ် ''

လုကျိုး ပြောလာသည်။

"ကျိုးကော ဘာကြည့်ချင်လဲ ?''

ရှောင်ရီက Blu ray dvd စက်အား ဖွင့်ပြီး မေးလိုက်သည်။

"Casual Slow pace ''

ရှောင်ရီတိတ်ဆိတ်စွာဖြင့် ရုပ်ရှင်ကြည့်နေလိုက်သည်။ လုကျိုးကအိပ်ရာပေါ်၌လှဲအိပ်နေလျက်ရုပ်ရှင်ကြည့်နေရင်းပြောလာသည်။

"မင်းနာမည် တံဆိပ်ပြားတစ်ခုတပ်ရမယ်''

ရှောင်ရီ ပြောစရာစကားမဲ့နေခဲ့သည်။
သူစိတ်ထဲမှာတွေးလိုက်မိတာက
ခွေးလေးတစ်ကောင်လိုလည်ပတ်တစ်ခုလား?..အဲဒါထက်စာရင် ခင်ဗျားရဲ့ လက်မှတ်
တစ်ခုသာအရင်ထိုးပေးစမ်းပါ ...ပြီးရင်
ကျွန်တော်အလုပ်ထွက်တော့မှာမို့ ....။

ရှောင်ရီ လုကျိုးသူ့အားဘာမှပြောမလာတော့တဲ့အခါ သူအခန်းထဲမှ တိတ်တဆိတ် ထွက်လာပြီးရေချိုးလိုက်သည်။သူအခန်းထဲနောက်တကြိမ်ပြန်ဝင်လာတဲ့အခါ , လုကျိုး
အိပ်ပျော်နေတာကို သူတွေ့လိုက်ရသည်။
ထို့ကြောင့်မို့ သူရုပ်ရှင်အား ပိတ်လိုက်သည်။
လုကျိုးကရုတ်တရက် မတ်တပ်ထထိုင်ပြီး တဖက်သို့ လှည့်လာသည်။ရှောင်ရီ သူ့အား
လုကျိုး ထအော်တော့မည်အထင်နှင့် ငြိမ်နေချိန် ကံကောင်းထောက်မစွာ လုကျိုး ပြန်အိပ်သွားခဲ့သည်။

ထို့နောက်ရှောင်ရီ သူ့အတွက်ပေးထားသော
အခန်းဆီသို့ ပြန်လာလိုက်သည်။ သူ ကလေးဘဝထဲကပင်ယခုလို ဇိမ်ကျတဲ့ နေရာတွင်
တခါမှပင်မနေခဲ့ဘူးတာမို့ သူအရမ်းပင်
သဘောကျနေမိသည်။သူ အိပ်ရာပေါ် နှစ်ခေါက်မျှတက်ကာခုန်လိုက်မိသည်။ထို့နောက်
သူ့ရဲ့ webioအား ဖွင့်ပြီး Sinaမှ သတင်းများကို ကြည့်နေလိုက်သည်။ရှောင်ရီ သူ့ကောင်မလေး ဆီကိုလည်း တောင်းပန်စာနှင့်အတူ သူအလုပ်အသစ်ရပြီဖြစ်ကြောင်း
ပြောလိုက်သည်။

ထို့နောက်သူက အချက်ပေး နာရီအား ဖွင့်ပြီး
မီးမှိတ်ကာအိပ်လိုက်သည်။

W 5689
14-5-2021
......
.








































Weiterlesen

Das wird dir gefallen

287K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
139K 15K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
451K 10.9K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
855K 123K 143
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...