EP23.1&23.2(U&Z)

1.6K 256 2
                                    

..[ U ]

(T/N..မူရင်းEng Translatorက ဒီအပိုင်းကို 5ပိုင်း ခွဲထားလို့ ရှောင်ဟွားအဲ့အတိုင်းခွဲရေးပေးမယ်နော်)

လုကျိုးရုပ်ရှင် တစ်ခုအတွက်အပြင်းအထန် ငိုတာမျိုး ရှောင်ရီ မမြင်ဖူးသေးဘူး၊လုကျိုး
တျန်းယမှာ ရိုက်တဲ့Ironhorse Glacierတုန်းက ငိုတဲ့ အခန်းနဲ့ နှိုင်းယှဥ်ကြည့်ပါက တိတ်တဆိတ်ငိုကြွေးဖို့ ကြိုးစားရာမှ
ငိုရှိုက် ရတာက ပိုမိုလွယ်ကူတယ်လို့ ထင်မိတယ်၊ဘာကြောင့်လဲဆိုတော့ ငိုယိုခြင်းက
တိရစ္ဆာန် တွေ ကြုံးဝါး ခြင်း ကဲ့သို့ပင်စိတ်ခံစားချက်အလိုကျလွန်ကဲသွားစေသလိုပြိုလဲဖို့ရာလည်း လွယ်ကူတယ်။

သို့သော် အသံတိတ်မျက်ရည်ကတော့ အခက်ခဲဆုံးဖြစ်တယ်, လုကျိုးက ဓာတ်ပုံလေးကို တိတ်တဆိတ်ကြည့်ရင်း ငါးစက္ကန့်
မပြည့်မီတွင် လုကျိုး မျက်လုံးများဆီမှ မျက်ရည် များ စီးကျလာတယ်၊ထို့နောက်
ချက်ခြင်းပင် တုန်လှုပ်မှုနှင့်အတူ ဆို့နင့်နေလျက်ဓာတ်ပုံအားစားပွဲပေါ်ရှိမှန်ပြား
လေးအောက်သို့ ထည့်လိုက်တယ်။

ရှောင်ရီလည်း လက်ရှိနေရာတွင်တုန်လှုပ်စွာဖြင့် ရပ်နေလျက် ပတ်ဝန်းကျင်သည်လည်း
မည်သည့် အသံမှ မကြားရသည်အထိ တိတ်ဆိတ်နေခဲ့တယ်၊ လုကျိုးက သူ့မျက်နှာကို လက်နှစ်ဘက်ဖြင့်ပွတ်သပ်ကာ နာကျင်နေသည့် ကလေးငယ်လေးတစ်ဦးလိုတုန်တုန် ယင်ယင်ဖြင့်အကြိမ်ကြိမ်ပင် ငိုရှိုက်နေတယ်၊
ကင်မရာမှန်ဘီလူးက အရှေ့ဘက်ဆီသို့ တိုးကပ်သွားတဲ့အခါ လုကျိုး၏မျက်ဝန်း အစုံ၌ မျက်ရည်များစွာတို့ ပြည့်နှက်နေလျက်ရှိနေတာကိုတွေ့ရတယ်၊ သူ့ရဲ့ ဝမ်းနည်းစိတ်တွေကို ဖိနှိပ်နိုင်ဖို့ ကြိုးစားရင်း အသက်ပြင်းပြင်းတချက်ရှုပြီးနောက် ထိုင်ရာမှထလိုက်တယ်။

"Cut!"

ဒါရိုက်တာက ပြောလာတယ်။

လူအနည်းစုက လက်ခုပ်တီး ကြတယ်၊
လုကျိုးက ဓာတ်ပုံလေးကို ပြန်ဆွဲထုတ်လာပြီး မောပန်းစွာအသက်ရူ သွင်းရင်း ရှောင်ရီဆီသို့ ပြန်လာတယ်၊ ရှောင်ရီ တစ်ယောက်မှင်သက်နေရာမှ စွဲလန်းနေတဲ့ခံစားချက်အချို့ ထံမှမငြိမ်သက်နိုင်သေးပဲ ရှိနေတယ်၊သူကလုကျိုးကို ရေဘူးလေး လက်လွှဲပေးလိုက်
တဲ့အခါလုကျိူးလှမ်းယူပြီးသောက်နေချိန်
သူလုကျိုးကိုတိတ်တဆိတ်ကြည့်နေမိတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now