EP25.1(U&Z)

1.5K 287 2
                                    

.
[U ]

"မင်း သီချင်းက ရေးလို့ ပြီးပြီလား?"

လုကျိုးမေးလာတယ်၊

"ပြီးလုနီးပြီ "ရှောင်ရီဖြေလိုက်တယ်။

"ကိစ္စမရှိဘူး....ငါမနက်ဖြန် ဥက္ကဌဒူကို ဖုန်း
ဆက်လိုက်မယ်,ဆက်မရေးနဲ့တော့, စဥ်းစားလို့ မရတော့ဘူးလို့ ပြောလိုက်မယ်,မင်းရဲ့
တေးရေးဆရာဘဝကို မေ့လိုက်တော့"

"ကျွန်တော်မနက်ဖြန် ကုမ္ပဏီသွားပြီး
အဖွဲ့သားတွေနဲ့ တည်းဖြတ်ရေး လုပ်မှာ "

"ဟုတ်ပြီ"

လုကျိုးပြောလာတယ်,

" မင်းပြောတာကို စောင့်ကြည့်မယ်"

ရထားဆိုက်ရောက်တဲ့အခါ လုကျိုးရဲ့ အိမ်ဆီသို့ ဦးတည်ကာသွားလိုက်ကြတယ်၊လုကျိုးက ရေအိုင်တွေကို တဗွမ်းဗွမ်း ဖြတ်ကျော်ချိန်
ရှောင်ရီက သူ့ ဖိနပ်ကို ချွတ်ကာ ခြေဗလာ
ဖြင့် လမ်းလျှောက်နေခဲ့တယ်။

"မင်းဘာလို့ငါ့ကို စကားမပြောတာလဲ?"

လုကျိုးက ရှောင်ရီ နဲ့သူ အနည်းငယ် ဝေးကွာ သွားသလို ခံစားနေရပြီး ထို ခံစားချက်က
သူ့အတွက်ထူးဆန်းနေတယ်။

ရှောင်ရီ :"ကျွန်တော်က....အရင်တုန်းကရော
စကားများတဲ့သူမို့လို့လား?"

လုကျိုးနှုတ်ခမ်းလေးမဲ့ပြီး ပြောလာတယ်,

" အမှိုက်က အမှိုက်ပဲ,ကိစ္စမရှိဘူး..စိတ်ဓာတ်ကျမနေနဲ့"

ရှောင်ရီ စိတ်ထဲကနေငြီးတွားလိုက်တယ်,
အမှိုက်ဆိုရင်လည်း ဘာလို့ပြောနေသေးလဲ?
ဒါပေမဲ့ သီချင်းရေး တဲ့ ကိစ္စကိုတော့ သူသဘောပေါက်တယ်၊ အိုး! သူနားလည်ပြီ၊
သူသီချင်းမရေး နိုင်မှာကို လုကျိုးစိုးရိမ်
နေတာမို့ သူ့ကို စိတ်ဓာတ်မကျဖို့ ပြောတာ
ဖြစ်လောက်တယ်၊

"ကျွန်တော်...မဟုတ်ဘူး...သီချင်းတွေက....ကျွန်တော်ပေါ့ပေါ့တန်တန် ပဲရေးခဲ့တာ,
ကျိုးကော...အရမ်းကြီးတော့ မျှော်လင့်
မထားနဲ့"

လုကျိုး :"......."

"ငါက မင်းကို အရမ်းမျှော်လင့်ထားတာ!"

လုကျိုး ဒေါသတကြီး ပြောလာတယ်,

" မင်းက ငါ့အတွက်သီချင်းကိုတောင်
ပေါ့ တန်တန်ရေးရဲ တယ်ပေါ့!"

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now