EP41(U&Z)

2K 255 3
                                    

.[ U ]

EP41.မင်းရဲ့မိသားစုဝင်ကျိုးကျိုးတွင် အကောင်းဆုံးCharacterရှိတယ်

ရက်အနည်းငယ်ကြာပြီးနောက် ,ကျန်းရှောင်ကုံးက လုကျိုးအတွက်အစည်းအဝေးတစ်ခု
လုပ်ပြီး သူ့အားဇာတ်ညွန်း တစ်ခုရွေးချယ်
ဖို့ ကူညီခဲ့တယ်။ကျန်းရှောင်ကုံးရဲ့ကုမ္ပဏီကို ဗီလာတစ်ခုတွင်ဖွင့်လှစ်ခဲ့ပြီးထိုကုမ္ပဏီက
ပြည်တွင်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီတစ်ခုအဖြစ်စာရင်းသွင်းခြင်းခံရလျက်
ကျန်းရှောင်ကုံးကပုဂ္ဂလိကဆိုင်ရာအဆက် အသွယ်များစွာရှိသူလည်းဖြစ်တယ်။

ကျန်းရှောင်ကုံးက ထိုနေရာတွင်မရှိတာမို့
ဒုဥက္ကဋ္ဌကပဲ လုကျိုးနဲ့ ခဏမျှစကားပြောခဲ့တယ်။လုကျိုးကရှောင်ရီကိုသူ့အေးဂျင့်အဖြစ် မိတ်ဆက်ပေးတဲ့အခါဒုဥက္ကဋ္ဌက
ပြုံးပြီးပြောလာတယ်,

"အဲ့လိုလား...."

"ဟုတ်ကဲ့..ဟုတ်ကဲ့"

ရှောင်ရီ ထိုသူ့အားလက်ဆွဲနှုတ်ဆက်ပြီး
ပြောလိုက်တယ်။

"ရှောင်ရီပါ"

"မဆိုးဘူး....မင်းကအမျှော်အမြင်ရှိတယ်"

ရှောင်ရီ ရယ်လိုက်တယ်၊လုကျိုးကသူ့ကို
ထပ်ဖန်တလဲလဲနားချထားခဲ့ရတယ်၊အကယ်၍ သူသာ ရိုကျိုးပြီးဖော်ရွေနေမယ်
ဆိုပါက...လုကျိုးပင်သူ့ကို မထိန်းချုပ်နိုင်တော့တာကို ရှောင်ရီတွေ့ လိုက်ရတယ်။
ဟိုးအရင်တုန်းကလိုဆိုသူအလုပ်ထုတ်ခံ
ရနိုင်တယ်,ဒါပေမဲ့ အခုတော့ ဆက်တိုက်သုံးခဲ့တဲ့ဝှက်ဖဲလေးပင် သက်ရောက်မှုမရှိနိုင်တော့ဘူး၊၊ဒါကြောင့်မို့ လုကျိုးက သူ့အား
' တကယ်လို့.....ဆိုပါက"ဆိုတဲ့ စကားကိုသာ
သုံးနိုင်ပြီး မူလတန်းကျောင်းသားလေး တစ်ယောက်ကို ပြောသလိုသာပြောနိုင်တယ်။
ရလာဒ်အနေနဲ့, ရှောင်ရီ့အားမည်သည့်
ဖိအားမှမပေးဘဲ သူ့သဘောဖြင့် သူ့ဘာသာသူစဥ်းစားသုံးသပ်ခွင့်ပြုခြင်းဖြစ်တယ်။

လုကျိုး ဇာတ်ညွန်းဖတ်နေချိန်, ရှောင်ရီနဲ့
ဒုဥက္ကဋ္ဌတို့က အပြုံးလေးဖြင့်စကားစမြည်ပြောနေကြတယ်။

" သူကခဏပဲအနားယူပြီးပြန်လာချင်တယ်လေ"

" ဒီနှစ် ရဲ့ box officeကစီးပွားရေးဂယက်တစ်ခု ပဲ...အရိုးသားဆုံးပြောရမယ်ဆို,
လုလောင်ရှီးကို ရုပ်ရှင်ရိုက်ချင်မယ်လို့
တောင် မထင်ထားခဲ့ဘူး"

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now