EP33(U&Z)

1.6K 261 10
                                    

.[ U ]

လုကျိုး တဖက်သို့လှည့်လာပြီး
သူ့လက်ကိုင်ဖုန်း ၏မီးအရောင်ဖြင့် တောက်ပနေတဲ့ရှောင်ရီ မျက်နှာကို
ကြည့်လိုက်တယ်၊ညမှောင်မှောင်ထဲ ,
ရှောင်ရီ မျက်နှာတွင်မီးအလင်းရောင်ရှိ
နေပြီး နားကြပ်ကလည်း လည်ပင်းတွင်ရစ်ပတ်ထားလျက် မျက်ခုံးနှစ်ဖက်အား
စုကြုံ့ကာ လုကျိုးကိုပြန်ကြည့်လာတယ်။

လုကျိုး :"မင်းက အတော်ချောတာပဲ"

ရှောင်ရီ ရယ်ကျဲကျဲဖြင့် လုကျိုးကို ကြည့်ရင်း
ပြောလာတယ်၊

" ကျိုးကောကမှအချောဆုံး"

လုကျိုးက နိမ့်ချပြုံးလေး ပြုံးကာ
ခေါင်းခါယမ်းလိုက်တယ်။

"ကျိုးကော"

ရှောင်ရီ ထထိုင်လိုက်ပြီး,

" ကော ချစ်သူကောင်မလေးတစ်ယောက်
လောက်ရှာပြီး လက်ထပ်ချင်လား?"

"မင်းက ဘာလို့အဲ့လိုပြောတာလဲ?"

စိတ်ရှုပ်စွာပဲလုကျိုးမေးလာတယ်။

" ကောလက်ထပ်လိုက်မယ်ဆိုရင်,
ကောကို ဂရုစိုက်ပေးနိုင်မည့် တစ်ယောက်ယောက် ရှိလာမယ်လေ"

လုကျိုး ရှောင်ရီ့အား စေ့စေ့ ကြည့်ရင်း,

" မင်းနောက်တကြိမ်အလုပ်ထွက်ချင်ပြီလား?"

ရှောင်ရီ :"......"

"ကျွန်တော်အဲ့လိုသဘောပြောတာမဟုတ်ဘူး....ကောအထီးကျန်ဖြစ်နေမှာကို.. ကျွန်တော်ကြောက်တယ်, တကယ်လို့ကော ချစ်သူရတယ်ဆိုလည်း , ကျွန်တော်ကောကို ဂရုစိုက်ပေးလို့ရတယ်, လုံးဝပြဿနာမရှိဘူး"

"မဟုတ်ဘူး"

လုကျိုး အေးတိအေးစက်ဖြင့် ပြန်ဖြေပြီးနောက်သက်ပြင်းချတယ်။

ရှောင်ရီ ဆက်တွေးပြီးထပ်ပြောလိုက်မိတယ်,

" ကျွန်တော်...ကျွန်တော်ကောကိုနောက်နေတာမဟုတ်ဘူး...လှောင်ပြောင်ဖို့လည်း
ကျွန်တော်မရည်ရွယ်ဘူး, ကျိုးကော,
ကျွန်တော့်ကို ကြည့်..ကျွန်တော့်ကို ကြည့်,
ကော... ကျွန်တော့်ကို တချက်ကြည့်"

ရှောင်ရီ ဆေးရုံခုတင်ပေါ် ထထိုင်ကာခေါင်းအား စောင်ဖြင့် အုပ်ရင်း မျက်လုံးလေးသာ
ထုတ်ဖော်လျက်လုကျိုးကို ကြည့်တယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now