EP24.2(U&Z)

1.4K 262 1
                                    

.[ U ]

"ဟမ်?"

ရှောင်ရီလက်ထဲမှဝိုင်ခွက်လေးပင်ပြုတ်ကျလုမတတ်ဖြစ်သွားတယ်၊

"မဖြစ်နိုင်တာ!"

"မင်း ကောင်မလေးရပြီးမှသာသူနိုင်ငံခြား
ထွက်သွားတာလေ, မင်းက အမြဲတမ်း ငါတို့နှစ်ယောက်ကို ခင်ခင်မင်မင်ဆက်ဆံနေကြမို့သာ မရိပ်မိတာ၊ အားကော်က မင်းနဲ့ အတူရှိချင်ခဲ့တာ, အဲ့လိုတွေက သိပ်ပြီး ပုံမှန် မဟုတ်ဘူးမလား? မင်းသိလည်းမအံ့သြလောက်ဘူးလို့ ငါလည်းတွေးမိခဲ့ တာ"

"ငါ့အတွက်တော့...မင်းတို့ နှစ်ယောက်လုံးက ညီကို တွေလိုပဲ! တခြားသူတွေတောင် ငါတို့ရဲ့ ခင်မင်မှုနဲ့ နှိုင်းယှဥ်လို့မရဘူးလေ!.ဟုတ်ပြီ...ငါတို့ရဲ့ ခင်မင်မှုက အချစ်တဲ့ ပိုတယ်ဆိုတာကို ငါလက်ခံတယ်၊ဒါပေမဲ့ အရမ်း အလှမ်းဝေးလွန်းနေတယ်..ပထမ အကြောင်းအရာကိုပဲ ဆက်ပြောကြမယ်"

ဒူးမားက သဘောကျစွာရယ်မောရင်း
ပြောလာတယ်၊

" တချို့ကျ ယောကျ်ားတွေကို ဆွဲဆောင်နိုင်တယ်၊တချိူ့ကျ ပြန်တော့ အမျိုးသမီးတွေကို ဆွဲဆောင်တယ်၊ မင်းက သူငယ်ချင်းတွေကို ညီကို လို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ အဲ့ဒါကြောင့်ဟိုတုန်းကဆို ငါတို့ အတန်းထဲက ကောင်မလေးတွေက မင်းကွေးသွားပြီထင်ပြီး မင်းကို အောက်ပုဂ္ဂိုလ်လို့
ကွယ်ရာမှာ  နောက်ပြောင်နေကြသေးတယ်"

ရှောင်ရီ တစ်ယောက်ရယ်ရမငို ငိုရမလို
လမ်းပျောက်နေလျက် သူ့လက်ချောင်းသွယ်သွယ်လေးတွေက ဝိုင်ခွက်လေးတွင်လှည့်ပတ်လျက်ရှိနေချိန်ဒူမားပြောလာတယ်၊

" ဥပမာ ဆိုကြပါစို့, မင်းအခု လုကျိုးကို
ကြိုက်တယ်, သူ့အတွက် မင်းရဲ့ စိတ်နှလုံးကို
လည်း အကြွင်းမဲ့ မြုပ်နှံထားတယ်၊သူမဟုတ်ရင်လည်း မင်း လက်ထပ်မှာမဟုတ်သလို
သူ့အတွက်ကိုလည်း ကလေးလေးယူပေးချင်တယ်မလား? အဲ့ဒီခံစားချက်တွေကိုအရင်းတည်ပြီး သီချင်း တပုဒ်ရေးလေ၊ မင်း အောင်မြင်မယ်လို့ ငါအာမခံ တယ်!"

ရှောင်ရီ ဝိုင်ခွက်လေးအား စားပွဲပေါ်
ဂရုတစိုက်တင်လိုက်တယ်,ဒူးမားက
ဆက်ပြောလာတယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now