EP28(U&Z)

1.6K 315 8
                                    

[ U ]

နောက်ဆုံး ကုမ္ပဏီသို့ရောက်တဲ့အခါ,
ဒူမိုင်ပြောလာတယ်,

" လုကျိုး , ငါမင်းနဲ့ ဆွေးနွေးစရာရှိတယ်"

ရှောင်ရီဆိုဖာပေါ် ထိုင်နေရာမှ နိုးနိုးကြားကြားလေး ဖြစ်နေတယ်၊
မကြာမီမှာပဲ လုကျိုး ရုံးခန်းထဲမှထွက်
လာတာမို့မည်းမှောင်နေတဲ့ လုကျိုးရဲ့ မျက်နှာကို ကြည့်ရင်း,

" ဘာဖြစ်လာတာလဲ?"

"မဖြစ်ဘူး, ကျွန်တော်ပြောတယ်နော်...
လုံးဝမဖြစ်ဘူး"

ဒူမိုင်ကလည်း ,

" ရှောင်ရီရဲ့ သဘောထားကိုမမေးတော့ဘူးလား?"

"ဒီကိစ္စကိုမဆွေးနွေးဘူး"

လုကျိုး အေးစက်စွာပြောလာရင်း,

" သွားမယ်"

လုကျိုးဘက်မှ ဒူမိုင်အား ခုလို ပြောဆိုနေသည်ကိုရှောင်ရီ ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်းသာဖြစ်ပြီး လုကျိုး အတော်လေး
ဒေါသထွက်နေပုံရတယ်၊ ဒူမိုင်ကသူ့အစီအ
စဥ်ကို ပြောင်းလဲရန် စဥ်းစားလိုက်ပုံရလျက်
ပြောလာတယ်၊

"မင်းငါ့ကို ပြန်ထောက်ပြလို့ရတယ်, လုကျိုး
ဒီလို မလုပ်ပါနဲ့, ငါက မင်းနဲ့ ညှိနှိုင်းနေတာလေ, မင်းကဘာလို့ဒီလောက်တောင်
ဒေါသတွေ ထွက်နေရတာလဲ?"

လုကျိုးက စိတ်မြန်လက်မြန်ပဲ ရှောင်ရီကို
ဆွဲခေါ်လာပြီး ဓာတ်လှေကားထဲသို့တွန်းချလိုက်တယ်၊ လုကျိုးထံမှ ထိုကဲ့သို့သော
တုံ့ပြန်မှုမျိုး မျှော်လင့်မထားတာမို့ ရှောင်ရီ
ထိတ်လန့်သွားပေမဲ့ ပြန်လည်းမမေးရဲဘူး၊
သူ့တွင်လည်း အပြစ်ရှိတာမို့ မမေးပါက
ပိုဆိုးမည်လားဟုတွေးမိရင်းလုကျိုးအား
စိုးရိမ်တကြီးဖြင့်,

" ကော..ဘာဖြစ်လာတာလဲ?"

"ဘာမှမဖြစ်ဘူး"

လုကျိုးက တိုပြတ်ပြတ်သာပြောပြီးနောက်
ကားထဲသို့ဝင်တယ်၊

"မောင်းတော့"

ကားမောင်းပေးရန်မှတပါးရှောင်ရီတွင်ရွေးချယ်စရာမရှိခဲ့၊ လုကျိုး တကိုယ်လုံး
က အန္တရာယ်ရှိသော အငွေ့အသက်တို့ထုတ်လွှတ်နေတယ်၊ ကားပါကင်ထဲမှထွက်လာပြီး
သိပ်မကြာခင်မှာပဲ ရှောင်ရီဖုန်းမြည်လာတယ်၊ ဒူမိုင်ခေါ်နေခြင်းဖြစ်ပြီးကောက်ကိုင်မည်ပြုစဥ် လုကျိုးက ဖုန်းအားအရင်ဆွဲယူကာ စပီကာဖွင့်လိုက်တယ်၊ထိုအခါ ဒူမိုင်ရဲ့
အသံက ဖုန်းထဲကထွက်လာတယ်၊

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now