EP5(U&Z)

2.8K 374 1
                                    

..Uni

ထိုညတွင်လုကျိုးစောစီးစွာအရင်အိပ်ရာဝင်သွားခဲ့သည်။ ရှောင်ရီကလည်းသူ့ကို ဇာတ်ညွှန်းဖတ်ဖို့ရာထပ်မံ၍မတိုက်တွန်းခဲ့။
အကြောင်းကမူ မနက်ဖြန်တွင်လည်း
ကုမ္ပဏီကို သွားဖို့မလိုသောကြောင့်ဖြစ်သည်။အိပ်ရာထဲသို့စိတ်ချလက်ချ လဲလျောင်းနေခဲ့ရင်းနောက်ဆုံး၌သူကောင်းမွန်စွာပင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။တကယ်တော့ လက်ထောက်တစ်ယောက်ရဲ့ဘဝကြီးက အတော်လေးကိုကောင်းမွန်သည်ပင်ဖြစ်သည်။

2: 30 ...။

ဒူမိုင် အား လုကျိုး အဆင်ပြေသွားပြီဖြစ်ကြောင်း ရှောင်ရီအကြောင်းကြားလိုက်သည်။

ဒူမိုင်ကပြောလာသည်။ ကောင်းသွားပြီဆို
အဆင်ပြေပြီဟုပြောလာရင်း ရှောင်ရီအား
မနက်ဖြန် ကုမ္ပဏီသို့ ခဏလာရန်ပြောလာသည်။

ရှောင်ရီ အိပ်ရာထဲ၌ လဲလျောင်းနေခဲ့ရင်း ,
ဖုန်းအားအင်တာနက်ဖွင့်ပြီးကြည့်လိုက်သည်။လုကျိုးနှင့် ကျန်းရှီရမ့်တို့ရဲ့ RSနှင့် ပတ်သက်သည့် ပိုစ့်များကို လေ့လာလိုက်မိသည်။အောက်သို့ဆွဲချလိုက်သည့်အခါ,
ကျန်းရှီရမ့်အား တိုက်ခိုက်ပြောဆိုထားသည့် ပရိသတ်များအား တွေ့လိုက်ရသည်။ ကျန်းရှီရမ့်ပြောခဲ့သည့် သူမက လုကျိုးအတွက်
အဆင်မပြေနိုင်ဆိုသည့်စကားကိုပင် ပြန်၍
သတိရလိုက်မိသည်။

ကျန်းရှီရမ့်ရဲ့ ပရိသတ်များကလည်းသူမအား
ခုခံကာကွယ်ထားသည်ကိုလည်းတွေ့ရသည်။
ရှောင်ရီ ရုတ်တရက်ပင် လုကျိုးအားပြောဆိုခဲ့သည့် ကျန်းရှီရမ့်ပုံအားမြင်ယောင်မိရင်း
နှုတ်ခမ်းထောင့်များပင်တွန့်ကွေးကာ စိတ်ပျက်စွာဖြင့်ဆဲရေးလိုက်သည်။
ထို့နောက်သူဆက်မကြည့်ရန်ဆုံးဖြတ်လိုက်ပြီးသူ့ဖုန်းအားချကာအိပ်ဖို့ပြင်လိုက်သည်။

နောက်တနေ့ , ကုမ္ပဏီတွင် ...။

"နေ့လည်ထိလောက်မှမနိုးရင်, သူ့ကိုမနှိုးနဲ့တော့,သူ ဘာသာဆက်အိပ်နေပလေ့စေ'

ဒူမိုင်ပြောလာသည်။

"မင်းနေ့လည်စာစားပြီးပြန်လိုက်တော့ ,
ပရိသတ်တွေဆီက ရတဲ့ ဒီလက်ဆောင်တွေကို မင်းအိမ်ပြန်ရင်းတခါထဲသယ်သွားလိုက် ''

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now