EP45(U&Z)❤

1.8K 228 1
                                    

.[ U ]

ရှောင်ရီ ဖုန်းဖြေဖို့ သွားပေမဲ့ခုချိန်ထိ
သူ့စိတ်က ပုံမှန် မဖြစ်သေးဘူး။

"ဇာတ်ညွန်း ?"

ရှောင်ရီ ခုချိန်ထိ ကြည်နူးမှုတွေကြား
မွေ့လျော်နေဆဲ၊စိတ်တွေသည်လည်း
ဗလာဖြစ်လျက် ပြန့်ကြဲနေဆဲ။

" အာ? ဘယ်ဇာတ်ညွန်း ,အော်..အိုး,အဲ့တစ်ခုလား, ခုချိန်ထိမရိုက်ရသေးတာလား?အိုကေ,
အိုကေ,ဒီကိုပို့လိုက်ပြီလား?"

လုကျိုး : "......"

လုကျိုးက ဖုန်းဖြေဖို့ယူလိုက်ပြီးရှောင်ရီ့
ကိုရေသွားချိုးခိုင်းလိုက်တယ်၊သူခဏမျှ စကားပြောပြီးနောက်ဆုံးတွင်,

"အကုန်အတူ ပို့လိုက်လေ,ပရောဂျက်ပါ
အကြောင်းအရာတွေရော,ဖက်စ်ဖွင့်ထားမယ်"

±±±±±

စက်တင်ဘာလကုန်တွင်,စားပွဲပေါ်၌
ဇာတ်ညွန်း ခြောက်ပုဒ်ရှိနေတယ်။

တီဗွီစီးရီးက နှစ်ခု..ရုပ်ရှင်က လေးကား။

ရုပ်ရှင်နှစ်ကားကဧပြီလကသူတို့ဖတ်ဖူးတဲ့
ကားတွေဖြစ်ပြီး ညစ်ညမ်းရိုက်ကွက်တွေပါတယ်၊နောက်တခုကလည်းကြိုတင်ခန့်မှန်း
လို့မရဘူး၊အခုတော့ဇာတ်ညွန်းတွေကို ပြောင်းထားတယ်။

လုကျိုး : " မင်းကိုယ့်ကိုဘယ်လိုသရုပ်ဆောင်တာမြင်ချင်လဲ?"

ရှောင်ရီ ကလုကျိုးကိုလိင်တူချစ်သူဇာတ်ကားမှာ သရုပ်ဆောင်တာကို အမှန်တကယ်မြင်ဖူးချင်တယ်၊ဒါပေမဲ့လိင်တူ ချစ်သူဇာတ်ကားတွေကိုတရုတ်နိုင်ငံတွင် ပိတ်ပင်ထားပြီးပရိသတ်လည်း နည်းတယ်။ ရှောင်ရီကိုယ်တိုင် ကလည်း သရုပ်မဆောင်နိုင်သလိုလုကျိုးကအခြားယောကျ်ားနဲ့ပွေ့ဖက် နမ်းရှုံ့နေတာကို သူမြင် ရမယ်ဆို
အဲ့ဒီလူကိုသူသွားရိုက်မိလောက်တယ်၊၊
မေ့ထားလိုက်ခြင်းက ပိုကောင်းလိမ့်မယ်။

ရှောင်ရီ: " ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်..
စွန့်စားခန်း ရုပ်ရှင်ဆိုအရမ်းကောင်းမယ်,
အမျိုးသားဇာတ်ဆောင်နေရာကဆိုအရမ်း
ကောင်းတယ်..Genghis Khanရဲ့ ဂူသခ်ျိုင်း
အကြောင်းလေ"

လုကျိုး က ဇာတ်ညွန်းကို အေးအေးလူလူ လှန်ကြည့်ပြီး ပြောလာတယ်,

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now