EP46(U&Z)❤

1.7K 227 5
                                    

.
.

"ကိုယ်ဘာမှမမြင်ရဘူး..Taobaoကို
လည်းကြည့်လို့မရသလို စာအုပ်တွေ
လည်းမဖတ်နိုင်ဘူး"

"နေ့တိုင်း နည်းနည်းစီပဲလေ့ကျင့်လေ"

"ဇာတ်ကောင်ရဲ့ဘဝအကြောင်းစဥ်းစား
လိုက်ဦးမယ်"

ထို့နောက်,လုကျိုးကထိုင်ပြီးဘဝအကြောင်း
တွေးနေတော့တယ်။နေ့စဥ်နာရီဝက်လောက်
တွေးနေခြင်းက အဆင်ပြေပေမဲ့တချိန်လုံး
ထိုင်တွေးနေမယ်ဆိုရင်တော့ ကျိန်းသေ
ထိုသူက စိတ်ဓာတ်ကျလာလိမ့်မယ်၊သူတို့ ထမင်းစားနေချိန်ထမင်းစားခန်း၌ မီးတွေဖွင့်ထားလျက်ရှိနေတာမို့ မျက်လုံးကိုစီးကာ
ထမင်းစားတူ ကိုကိုင်၍စမ်းတဝါးဝါးလုပ်
နေ သည့်လုကျိုးကို ကြည့်ရင်းရှောင်ရီပြုံးလိုက်မိတယ်။

လုကျိုးက ဟင်းပွဲတွေကိုရှာမတွေ့နိုင်သေးဘူး၊လုကျိုးကြောင့်ရှောင်ရီရယ်မောရသည်ကအသက်ထွက်လုမတတ်ဖြစ်နေပြီ။

"မင်းက ဘာလို့ရယ်နေတာလဲ?"

လုကျိုးထိုသို့ ပြောနေတဲ့အချိန် နှုတ်ခမ်းထောင့်စွန်းလေးတွေကော့တက်ကာအပြုံးလေး တစ်ခုပေါ်လာတယ်၊သူ့ရဲ့ချောမောခန့်ညားတဲ့ မျက်နှာတွင် မျက်လုံးတွေကိုဖုံးအုပ်ထားသည့်တိုင်ထိန်းချုပ်လို့မရနိုင်သည့်
ဆွဲဆောင်မှုလေးကတော့ရှိနေဆဲပဲ။

"ဘာမှမဟုတ်ဘူး..ကောက ရုတ်တရက်
အရမ်းနူးညံ့လာလို့"

"တကယ်လား? ကိုယ့်စိတ်တွေငြိမ်သက်
သွားတာကြောင့်လဲဖြစ်နိုင်တယ်"

"ကျွန်တော်ခွံ့ကျွေးရမလား ?"

"ဟင့်အင်း...မျက်မမြင်တစ်ယောက်က
တစ်ယောက်ယောက်ကို သူ့ကို နေ့တိုင်း
ခွံ့ကျွေးစေချင်ပါ့မလား?"

ရှောင်ရီ နှာခေါင်းရှုံ့လိုက်တယ်၊လုကျိုးက
တချက်စဥ်းစားပြီး ပြောလာတယ်၊

"ဟေး..ကိုယ့်ကို တကြိမ်လောက်ခွံ့ကျွေး..
အဲ့ခံစားချက်လေး ခံစားဖူးချင်လို့"

လုကျိုး ဒဏ်ရာရပြီး အိပ်ယာပေါ်လဲနေချိန်
တုန်းကသူခွံ့ကျွေးခဲ့ရပေမဲ့ ခုလိုကျမတူဘူးလို့ရှောင်ရီ ခံစားမိတယ်၊သူက အစာတွေကို
စုပြီးလုကျိုးရဲ့ ပါးစပ်ထဲထည့်လိုက်တယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now