Unicode
"ဦး ဖယ်ဆို..."
"သဲငယ်ကလဲကွာ ခနလေးပါပဲ....နော်"
"ဟင့် ဦးကလဲ နေ့လည်တောင်ရောက်နေပြီ။ထပါတော့မယ်ဆို"
"ရုံးပိတ်ရက်လေးကိုကွာ သဲငယ်လေးကလဲ"
"တော်တော့ဆို ဦး!!"
ဆောင့်ဆောင့်နန အော်ပြောလိုက်မှဦးကဖက်ထားတာကိုလွှတ်ပေးတော့သည်။ဦးပြောသလိုရုံးပိတ်ရက်မို့ တစ်မနက်လုံးအနားမှာနေပေးသော်လည်း အဆင့်ပိုလာသောဦးကနေ့ခင်းဘက်ထိတောင်လူကိုပေးမထချင်တော့။
"ရေသွားချိုးတော့မယ်"
"မြန်မြန် ချိုးနော် အကြာကြီးချိုးရင်နှာစေးပြီးနေမကောင်းဖြစ်မယ်။"
"အွန်းပါ ဦးရဲ့။"
ငယ်လေးရဲ့ရေချိုးခန်းထဲပြေးဝင်သွားပုံကိုကြည့်ပြီးဟိုဆော့မှာ အသဲယားနေမိသည်။တစ်ပတ်မှာရှားရှားပါးပါးသာရသောဒီပိတ်ရက်လေးမှာ သဲငယ်လေးနဲ့အတူအပြင်မသွားဘဲအိမ်ထဲမှာသာတစ်နေကုန်ဖြတ်သန်းဖို့ဆုံးဖြတ်ထားသည်။ပြောရရင်တော့ အိမ်တွင်းDateပေါ့။ရုပ်ရှင်တွေအတူကြည့်မယ်။စာအုပ်တွေအတူဖတ်မယ်။ရယ်စရာကောင်းတာလေးတွေ ပြောကြမယ်။ဟင်းတွေလည်းအတူချက်ကြရင်းပေါ့။လောလောဆယ်တော့အဲ့လိုစဥ်းစားထားတာပဲ။ခက်နေတာက ဘာဘာညာညာနဲ့နေ့လည်တောင်ရောက်မှန်းမသိရောက်သွားလေပြီ။
"ဦး သဲငယ်ရေချိုးပြီးပြီ။ ဦးချိုးအလှည့်"
သဲငယ်လေးကရေချိုးခန်းထဲကထွက်ရင်းသူ့ဘက်သို့စကားခနလှည့်ပြောကာမှန်ရှေ့သို့သွားပြီး ခေါင်းရေသုတ်နေလေသည်။အဝတ်လေးတစ်ခုသာခါးမှာပတ်ထားတဲ့ငယ်လေးက ဘယ်သူမြင်မြင်စိတ်နဲ့ပစ်မှားမိမဲ့ပုံမျိုးပင်။ဖြူဖွေးလွန်းလှတဲ့အသားရေပေါ်မှာ သူညကပေးခဲ့တဲ့ပန်းနုရောင်အရာတွေကခပ်ရဲရဲ။ခြေသလုံးလေးတွေဆိုတာလည်းဖြူစွတ်လို့ သွယ်လျနေသည်။
အသက်သုံးဆယ်အရွယ်သူ့အနေနဲ့ အမှန်တိုင်းပြောရရင်omegaမျိုးစုံကိုတွေ့ဖူးသည်။ငွေမက်တဲ့ omegaတွေ၊မာယာများတဲ့omegaမျိုးတွေ၊ယောကျာ်းတစ်ကာယောကျာ်းနဲ့ပျော်မြူးတတ်တဲ့omegaတွေ၊လက်မထပ်ရသေးဘဲ တစ်ညလောက်အတူနေကြည့်ချင်တယ်လို့ပြောဖူးတဲ့ omegaတွေ ဒါတွေအားလုံးကိုသူအိမ်ထောင်ဖက်အနေနဲ့အစုံစုံတွေ့ခဲ့ဖူးသည်။
ရုပ်ရည်လေးတွေချောမောသလောက်၊ပညာလေးတွေတတ်သလောက်မောက်မာရိုင်းစိုင်းတဲ့သူမျိုး၊ပြောရရင်ဗျာ ကြီးကြီးကျယ်ကျယ်နိုင်တဲ့သူမျိုးတွေပေါ့။ချေတာလည်းမဟုတ်ပြန်ဘူး။'တန်း' ညှိတဲ့သူမျိုးတွေလေ။ကိုယ်နဲ့အဆင့်တန်းချင်းတူမှစကားပြောတတ်တဲ့တစ်ကိုယ်ကောင်းသမားတွေ။အချစ်ရေးမှာ နားရည်မလည်ခဲ့ပေမဲ့ လူမျိုးစုံနဲ့တွေ့ဖူးခဲ့တဲ့သူ့အတွက် ဒီတစ်သက်အိမ်ထောင်မကျတော့ဘူးလို့တောင်ထင်ထားတာ။
အဲ့တာကလည်းသဲငယ်လေးနဲ့မတွေ့ခင်အထိပေါ့။ သူ့မျက်နှာလေးကိုမြင်မြင်ခြင်းအဲ့လောက်ထိစွဲလမ်းမိသွားလိမ့်မယ်လို့မထင်ထားဘူး။သဲငယ်လေးသာ အပေါ်ကကျွန်တော်ပြောခဲ့သလိုတစ်မျိုးမျိုးမှာပါဝင်ခဲ့ရင်ရော ကျွန်တော်လက်ခံမိမှာလား??။သူ့ကိုချစ်လို့ အရာအားလုံးကိုခွင့်လွှတ်မိမယ်ထင်တယ်။ဒါကလည်း အချစ်ဆိုတဲ့အရာကြောင့်ပဲလေ။အခုထိတော့ ချစ်တယ်လို့မပြောဖူးပေမဲ့ သဲငယ်လေးလည်းသူ့ရင်ထဲကအချစ်တွေကိုရိပ်မိမယ်ထင်ပါတယ်။
"ဒီတစ်သက် ရေချိုးဦးမှာလား??"
"ဟမ်!"
သဲငယ်အော်တော့မှပဲ အတွေးတွေရပ်တန့်တော့သည်။သဲငယ်ကိုကြည့်ရတာတော့အခြေနေတော့သိပ်မကောင်း။မျက်နှာကလည်းစူပုတ်နေလို့။
"ဘာဖြစ်ထားတာလဲ အဲ့မျက်နှာက"
"ဟို..ဦးကနောက်ကိုပဲစိုက်ကြည့်နေတော့ သဲငယ်လည်းရှက်တာပေါ့။"
ဟိုဆော့မှာ သဲငယ်လေးရဲ့စကားအားသဘောကျတာနဲ့အကျယ်ကြီးအော်ရယ်မိတော့သည်။ မမြင်ဖူးတာတွေလည်းမဟုတ်ပဲ၊သဲငယ်လေးဟာလေ လူပျိုလေးအတိုင်းပဲရှက်နေတာ ဆိုတာ။
"ဟား ဟား ဟုတ်ပါပြီဗျာ။ မကြည့်တော့ပါဘူး။ ရေသွားချိုးပါတော့မယ်"
"အဲ့တာဆိုလည်း သွား...မြန်မြန်။"
မျက်နှာလေးကိုအတင်းအုပ်ကာအရှက်သည်းပြနေသူကြောင့် ဟိုဆော့လည်းခုတင်ပေါ်မှအမြန်ဆင်းကာရေချိုးဖို့ပြင်ရတော့သည်။မဟုတ်ရင် သဲငယ်လေးရဲ့မျက်နှာကနီသထက်နီလာပြီးပေါက်ထွက်တော့မဲ့ပုံဖြစ်နေလို့လေ။
ဟား....ချစ်ဖို့ကောင်းလိုက်တာသဲငယ်ရာ။
သူရေချိုးပြီးထွက်လာတော့အခန်းထဲမှာသဲငယ်မရှိတော့။ဒါ့ကြောင့်ကျွန်တော်လည်းအဝတ်စားကို လဲဝတ်ရင်းအောက်သို့ဆင်းလာလိုက်တော့သည်။သဲငယ်လေးအခုချိန်ဆို ချက်ပြုတ်နေတော့မှာအမှန်ပင်။
"သဲလေး..."
ထင်ထားသလိုပင် မီးဖိုခန်းထဲမှာအလုပ်ရှုပ်နေတဲ့သဲငယ်လေးက သူခေါ်တာတောင်လှည့်မကြည့်နိုင်အားသေး။ဒါ့ကြောင့် နောက်ကနေအုပ်မိုးကာဖက်လိုက်တော့ သဲလေးကအလန့်တကြားနဲ့ပြန်ကြည့်လာလေသည်။
"ဦး...လန့်သွားတာပဲ"
"သဲငယ်လေးကို ဦးခေါ်နေတာပဲ။သဲငယ်လေးမှမကြားတာ။"
"သဲငယ် ဒီမှာဦးအတွက်ပြင်ဆင်နေရလို့ပါ။"
"ဦး သဲငယ်လေးကိုပြောထားသားပဲ။ဒီနေ့တော့အပြင်ကနေမှာစားကြတာပေါ့ဆိုတာ။"
"ဦးကလည်းဗျာ ဟင်းချက်ရတာပင်ပန်းတဲ့အလုပ်မှမဟုတ်တာ။နောက်ပြီးတော့ သဲငယ်လေးကအပြင်ကနေမှာစားရတာမျိုးမကြိုက်ပါဘူး။ ပိုက်ဆံလည်းပိုကုန်တယ်။"
"ဒါပေမဲ့လည်း တစ်ခါတစ်လေလေးပဲဟာကို"
"ဒီမှာဦး! ဦးက သဲငယ်လေးချက်တာကိုမကြိုက်တော့ဘူးပေါ့။"
"ဟင် ဦးအဲ့လိုမပြောမိပါဘူး"
သူ့မှာဖက်ထားရာကနေခွာပြီး အမြန်ပြာပြာသလဲရှင်းပြရတော့သည်။ သူကသဲငယ်လေးပင်ပန်းမှာဆိုးလို့အကြံပေးမိတာလေးပါ။ဒီလူသားက သဲငယ်လေးရဲ့လက်ရာကိုဘယ်လောက်တောင်ကြိုက်လိုက်သလဲ??။နေ့တိုင်းစားချင်လွန်းလို့တောင် ရုံးသွားရင်ထမင်းချိုင့်အထိထည့်ယူသွားတာလေ။
"အဲ့တာဆို ဘာလို့အပြင်စာတွေမှာစားဖို့ချည်းပဲပြောနေရတာလဲ??"
"သဲငယ်လေးပင်ပန်းမှာဆိုးလို့ပါ"
"သဲငယ်က ရတယ်လို့ပြောနေတယ်လေဦးရဲ့! အဲ့တာကို ဘာတစ်ခါတစ်လေလေးမှတွေ၊ဘာတွေလာပြောနေရတာလဲ??"
"ဟုတ်ပါပြီသဲငယ်ရယ်။ ဦးမှားတာပါ။ဦးကိုကမကောင်းတာ။ သဲငယ်လေးမကြိုက်ရင်ဦးနောက်တစ်ခါမပြောတော့ဘူးနော်။ "
တောင်းတောင်းပန်ပန်နဲ့ပြောတော့မှသဲငယ်လေးကပြီးရော ဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းကိုငြိမ့်ပြတော့သည်။
တီ....တီ
ထိုအချိန် အလိုက်ကမ်းဆိုးမသိတဲ့ဖုန်းcallတစ်ခုကြောင့် ဟိုဆော့အားပါပါနဲ့ကိုစိတ်ထဲမှာကျိန်ဆဲမိပါရဲ့။နားရက်လေးကိုတောင်အေးဆေးနားလို့မရတဲ့အဖြစ်။
"Hello"
"Boss အူဆန်ဘက်မှာ စက်ရုံမီးလောင်လို့တဲ့"
"ဘာ!!"
သူတကယ်လန့်ဖျန့်သွားရသည်။ လွန်ခဲ့တဲ့တစ်လကမှစီမံကိန်းနဲ့ဆောက်ထားတဲ့စက်ရုံက ဘယ်လိုလုပ်မီးလောင်သွားတာလဲ??။
"ကျစ်...အခုချက်ချင်းငါ အဲ့ကိုလာခဲ့မယ်။မင်းအဲ့ကအခြေနေတွေကို ငါ့ကိုငါးမိနစ်ခြားတစ်ခါဖုန်းဆက်ပြီးလှမ်းပြော ကြားလား!!"
ဒေါသထွက်ထွက်နဲ့ဖုန်းကိုချပစ်လိုက်ရင်း အူဆန်ကိုသွားဖို့ သူ့မှာအိမ်ပေါ်ထပ်သို့ပြန်ပြေးတက်လာခဲ့ရတော့သည်။ဒါဟာ ရှို့မီးပင်ဖြစ်မည်။သူတို့companyက ပြိုင်ဆိုင်သူတွေများတာမလို့ ဒါကိုပစ်မှတ်ထားပြီးလှုပ်ကိုင်ချင်နေသလား??။
"ဦး ဘယ်ကိုသွားမလို့လဲဟင်"
သူအပေါ်တက်လာတာကိုမြင်တော့သဲငယ်လေးလည်း နောက်ကနေအသဲအသန်ပြေးလိုက်လာတယ်ထင်ပါ့။စိုးရိမ်နေတဲ့မျက်လုံးလေးတွေကြောင့် ဟိုဆော့လဲစိတ်မပူစေဖို့လိမ်ညာပြောလိုက်ရတော့သည်။
"အလုပ်ကိစ္စတစ်ခုကြောင့် ဦး အူဆန်ဘက်ကိုခနသွားရမယ်။ ည ဒါမှမဟုတ် မနက်စောစောပြန်လာခဲ့မယ်။သဲငယ်လေးတစ်ယောက်ထဲနေရမှာကြောက်ရင်မေမေတို့အိမ်မှာခနသွားနေလိုက်လေ။အကယ်လို့ ဦး ညပြန်ရောက်ဖြစ်ရင်အပြန်ဝင်ခေါ်လိုက်မယ်။"
"ဦး သဲငယ်အတွက်မစိုးရိမ်ပါနဲ့။ဦးသာ ဂရုတစိုက်နဲ့သွားနော်။ကားကိုလည်းဖြေးဖြေးမောင်းသွား။သဲငယ်လေးကိုလည်းအကျိုးအကြောင်း ဖုန်းဆက်ပြီးလှမ်းပြောဦး။"
"အင်းပါ သဲငယ်ရယ်။ဦးကိုသာစိတ်မပူဘဲသဲငယ်လေးသာ တံခါးတွေသေချာပိတ်ပြီးလုံလုံခြုံခြုံနေနော်။ ဦးသွားပြီ။"
chu*
သဲငယ်လေးရဲ့နှဖူးပေါ်အားအနမ်းချွေရင်းဟိုဆော့ အိမ်ကနေအမြန်ထွက်လာခဲ့လိုက်ရတော့သည်။တစ်ယောက်ထဲအိမ်မှာကျန်ခဲ့တဲ့သဲငယ်လေးကိုလည်းသူ့မှာစိတ်မချနိုင်။ဒါ့အပြင် ဟိုမှာမီးလောင်နေတဲ့စက်ရုံကြီးကိုလည်းပစ်မထားနိုင်။
ဟိုဆော့ တစ်ကယ့်ကိုသေချင်စိတ်ပင်ပေါက်လာရတော့သည်။
>>>>>>>>
ဆိုလ်းနဲ့အူဆန်က သိပ်မဝေးတာကြောင့် နာရီပိုင်းလေးအတွင်းစက်ရုံဆီသို့ရောက်သွားလေသည်။သူရောက်တဲ့အချိန် စက်ရုံကြီးရော၊စက်ရုံထဲကပစ္စည်းတွေရောကတော်တော်လေးပင်ထိခိုက်နေလေပြီ။
"ဝန်ထမ်းတွေရော အဆင်ပြေရဲ့လား??"
"ဟုတ် Boss။ သေဆုံးသူမရှိပေမဲ့ ဒဏ်ရာရတဲ့သူတွေကတော့အတော်များပါတယ်။"
"စက်ရုံမှူးရော သူဘယ်မှာလဲ??"
"အဲ့လူ ခြေရာဖျောက်သွားပြီ Boss"
"တောက်! မင်းတို့တော်တော်အသုံးမကျတာပဲ"
သူ့မှာဒေါသတွေကို ရှေ့ကအတွင်းရေးမှူးအားအကုန်ပုံချလိုက်တော့သည်။လျော်ကြေးတွေလည်းအများကြီးပေးရမှာဖြစ်သလို၊ ကုန်သွယ်ထားတဲ့ပစ္စည်းတွေကိုလည်းDaddyကို ပြန်ပြီးအကုန်အစီရင်ခံစာတင်ရတော့မည်။Daddyသိရင်တော့သူ့ကိုကျိန်းသေ အော်တော့မည်။လုပ်သွားတဲ့လူကိုလည်းမဖမ်းနိုင်သလို ဆုံးရှုံးနစ်နာမှုတွေကလည်းများတာကြောင့် နွေခေါင်ခေါင်မှာခေါင်းတည့်တည့်ကိုမိုးကြိုးပစ်လိုက်သလိုပါပင်။
"သူများကိုဒေါသထွက်မနေဘဲ ကျွန်တော့်ကိုအကူညီတောင်းကြည့်ရင်ရော"
ဘောင်းဘီအိပ်ကပ်ထဲသို့လက်ထည့်ကာ သူ့ဆီသို့တည့်တည့်လျှောက်ရင်းစကားပြောလာတဲ့သူကြောင့် ဟိုဆော့တကယ်ပင်မျက်လုံးများပြူးတက်သွားရသည်။သူကဘယ်လိုဖြစ်ပြီးဒီရောက်နေရတာလဲ??။ မဟုတ်မှပါပါရာဇီများလား??။
"မင်းက ဘယ်လိုဖြစ်ပြီး"
"ဒီနေ့ရုံးပိတ်ရက်မလား?? အဲ့တာအိမ်ကိုခနလာရင်းနဲ့ လမ်းမှာCEOစက်ရုံမီးလောင်နေတယ်ဆိုလို့ ဝင်ကြည့်တာ။"
"အဲ့တော့ ကြည့်ပြီးသွားပြီမလား?? မင်းသွားတော့။"
"ကျွန်တော်က ကူညီပေးဖို့လာခဲ့တာ။အမှန်တိုင်းပြောရရင် အူဆန်မှာနေတဲ့သူဖြစ်လို့အူဆန်ကခြေလှမ်းတွေအကြောင်းကျွန်တော့်လောက်CEOဝန်ထမ်းတွေဘယ်သူ့မှ ပိုမသိနိုင်ဘူး။"
ဒီတစ်ခါတော့ ဟိုနေ့ကလိုsuitမျိုးမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဝတ်ထားတဲ့ ကင်မ်ထယ်ယောင်းကအခုလည်းစကားကိုပေါ့ပေါ့ပဲပြောနေသလား??။ သူ့စကားအဆုံးတစ်ချက်တော့စဥ်းစားမိသွားသည်။အူဆန်မှာနေခဲ့တဲ့သူမလို့ အူဆန်ကခြေလှမ်းတိုင်းကိုသိနေတယ်ဆိုပဲ။ ဒါပေမဲ့ မယုံတာမလို့ နည်းနည်းလေးတော့မူလိုက်ဦးမည်။
"ကျွန်တော့်သူငယ်ချင်းတစ်ယောက်က Hacker . သူကအရမ်းတော်တယ်။တောင်ကိုရီးယားမှာရှိတဲ့လမ်းကြောင်းတိုင်းကိုသူအကုန်သိတယ်။တရားမဝင်ဘူးဆိုပေမဲ့ တစ်ခုခုသာလွဲချော်ခဲ့ရင်အကုန်တာဝန်ယူပေးမဲ့သူမျိုးပါ။ အခုဆို CEOတို့ရဲ့လုပ်ကြံသူကြီးက ညသဘော်နဲ့ တစ်ဖက်နိုင်ငံကိုပြေးဖို့တောင်လုပ်နေမလားမသိဘူး။အဲ့တော့ မြန်မြန်ဆုံးဖြတ်ချည်။"
"ဘာ! ညသဘော်ဟုတ်လား?? မင်းကဒါတွေကိုဘယ်လိုသိတာလဲ??"
"ရုပ်ရှင်တွေထဲမှာ ဒီလိုပဲလေ..."
သေလိုက်ပါတော့ ဂျောင်ဟိုဆော့ရယ်သာကိုယ့်ကိုကိုယ်ကျိန်ဆဲမိတော့သည်။ဒီအရှုပ်ထုပ်က ထင်ရာတွေစွတ်ပြောနေတာကိုသူကအထင်ကြီးပြီးအဆုံးထိနားထောင်နေခဲ့တာပဲ။
"သွားစမ်းကွာ စိတ်ရှုပ်ရတဲ့ကြားထဲ.."
"ဒီမှာက ဘာအကျိုးမြတ်မှမယူဘဲကူညီပေးမလို့ဟာကို။ CEOသာအဲ့လူရဲ့အချက်အလက်ကိုပေးလိုက်။ တစ်နာရီအတွင်းသူဘယ်မှာရှိလဲဆိုတာ ကျွန်တော့်သူငယ်ချင်းကိုစုံစမ်းခိုင်းလိုက်မယ်။ဘယ်လိုလဲ??"
ကင်မ်ထယ်ယောင်းစကားလည်းဆုံးရော လက်ထောက်ဆိုတဲ့လူကသူ့အနားသို့ကပ်ပြီးတိုးတိုး''ကပ်ပြောတော့သည်။
"အချိန်မရှိတော့ သူပြောသလိုလုပ်လိုက်ရင်ကောင်းမလား?? တစ်ဖက်ကလည်းရဲတွေကိုတိုင်ထားတယ်၊သူလည်း အမြန်ရှာပေးနိုင်မယ်ဆိုရင် လျော်ကြေးနဲ့ပက်သက်ပြီးBoss လွှတ်နိုင်တယ်။အဲ့လူကိုမိသွားဖို့ကအဓိကပဲBoss"
အဘက်ဘက်ကစကားတွေကအကုန်မှန်နေတော့ဟိုဆော့လည်းမငြင်းနိုင်တော့ပါ။ဒါ့ကြောင့် မင်းတို့သဘောဆိုပြီးသာခေါင်းငြိမ့်ပြလိုက်တော့သည်။
"ကောင်းပြီ အဲ့တာဆိုBossစိတ်မပျက်စေရအောင် ထယ်အပြည့်အဝကူညီပေးမယ်နော်"
အခုတော့လည်းသမင်မျက်လုံးလေးအတိုင်း အနားကိုရောက်လာပြီးဝမ်းသာအားရပြောလာသူကြောင့် ခေါင်းအသာရမ်းရင်း တစ်ချက်ပြုံးလိုက်မိပါရဲ့။
* ဒီတစ်ခါတော့ငါ့ကိုစိတ်မပျက်မိပါစေနဲ့ ကင်မ်ထယ်ယောင်း*
>>>>>>>>>>>>
တီ...တီ...တီ
တီ.....တီ...တီ
ဒါနဲ့ဆိုဟွန်းတီးနေတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့။အရိပ်ယောင်လည်းမတွေ့သလို၊ဘယ်သူ့မှလည်းထွက်မကြည့်ကြ။လူမရှိတာများလား၊ ဒါမှမဟုတ်တမင်တကာထွက်မကြည့်တာများလားလည်းမစဥ်းစားတတ်တော့ပါ။နေကလည်းပူ၊အိုက်ကလည်းအိုက်နဲ့ ဒီနှစ်ကိုရီးယားနွေရာသီကတော့မကြုံစဖူးပေါင်။ဝတ်ထားတဲ့အဝတ်စားကြောင့်လည်း ပါမယ်ထင်တယ်။ခပ်မိုက်မိုက်ဖြစ်ချင်တော့လည်း အထူကြီးတွေဝတ်ပြီးall blackနဲ့စတိုင်လ်ထုတ်လာခဲ့ရတာ။
"ဟေ့လူလေး...ငါဒီထပ်ပိုပြီးဟွန်းမတီးပေးနိုင်တော့ဘူး။ငါလည်းအလုပ်နဲ့မလို့သွားတော့မယ်။"
"ဗျာ....ခန..."
စကားတောင်မဆုံးလိုက်ပါ။ ဝှီးခနဲထွက်သွားတဲ့ကားနောက်ဂျောင်ကုမှာဒေါသဖြစ်ဖြစ်နဲ့ကျန်ခဲ့ရသည်။အခုတော့ သူတစ်ယောက်ထဲဒီခြံထဲဘယ်လိုဝင်ရမလဲမသိ။အကို့ကိုဖုန်းဆက်တော့လဲ မအားဘူးကြီးနဲ့ပဲတိုးနေသည်။
တင်းတောင်~
သူထပ်ပြီး လူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်။ပထမတစ်ခါနှိပ်တုန်းကမရလို့ ကားဟွန်းတောင်တီးခိုင်းခဲ့ရတာ။အခုတစ်ခါဆိုရင်တော့ဖွင့်ပေးလာလိမ့်မယ်ထင်တယ်။မဟုတ်ရင်လည်း တံခါးပျက်တဲ့အထိအဆက်မပြတ်နှိပ်နေမှာမို့လို့လေ။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ??"
ဒီတစ်ခါတော့ခပ်မြန်မြန်ပင်ထွက်လာတဲ့ဘဲလ်ကအသံကြောင့် ဂျောင်ကုမှာအပျော်လုံးများစို့သွားရတယ်။ ဒါဆိုလူရှိနေပါလျက်နဲ့ထွက်မကြည့်တာပေါ့။
"ဟို အကိုဟိုဆော့တို့အိမ်ကများလားမသိဘူး။"
"ဟုတ်ပါတယ်။ ဘယ်သူပါလဲ??"
"သူ့ညီ ဂျွန်ဂျောင်ကုပါ။ အဂ်လန်ကနေပြန်ရောက်နေပြီလို့ပြောပေးပါလား??"
"ဂျွန်ဂျောင်ကု!"
သူ့နာမည်ကိုသံယောင်လိုက်ရင်းငြိမ်ကျသွားတဲ့ တစ်ဖက်ကအသံကြောင့်ဂျောင်ကုမှာတကယ်ပဲစိတ်မရှည်တော့ပါ။ အပြင်မှာပူအိုက်လို့သေတော့မယ်။အခုထိတံခါးကမဖွင့်သေးဘူး။
"ခင်ဗျားမှာ သက်သေပါလား??"
"ဘာ.."
"ဂျွန်ဂျောင်ကုဆိုတဲ့ သက်သေလေ??"
"မင်းလာရစ်နေတာလား။ ဂျွန်ဂျောင်ကုဆိုတာကမ္ဘာမှာတစ်ယောက်ထဲသာရှိတဲ့နာမည်ကွ။ မင်းဘယ်သူလဲ?? ဘယ်ကလဲ?? ငါ့အကြောင်းမသိရင်လည်းအေးဆေးနေစမ်းကွာ။"
အဆက်မပြတ်စကားတွေပြောပြီးဟောက်လိုက်တော့ ငြိမ်ကျသွားတဲ့လူခေါ်ဘဲလ်ကနေဘာအသံမှထပ်မကြားလာတော့။စိတ်ရှုပ်ရတဲ့အထဲ သက်သေကပါလာတောင်းနေသေးတယ်။သူပါဆိုတဲ့ သက်သေက သူပဲလေ။ကြည့်ရတာ အကိုဟိုဆော့အမျိုးသားပင်နေမယ်။လူချင်းမတွေ့ဖူးပေမဲ့ ကိုယ့်နာမည်လောက်တော့ကြားဖူးရမှာပေါ့။
ကျွီ!
ထိုစဥ် ရုတ်တစ်ရက်ကြီးပွင့်လာတဲ့တံခါးကြောင့် ဂျောင်ကုအမြန်ပင်လှည့်ကြည့်မိတော့တွေ့လိုက်ရသည်က သူ့အားခါးထောက်ပြီးရပ်ကြည့်နေတဲ့အသားဖြူဖြူကောင်လေးတစ်ယောက်။
"ဒီမှာ ဒီခေတ်ကြီးမှာလေလူလိမ်လူကောက်တွေများလွန်းလို့အခုလိုမေးနေရတာ။လူတိုင်းက အဂ်လန်ပြန်ဖြစ်နိုင်သလို၊ဂျွန်ဂျောင်ကုလည်းဖြစ်နိုင်တာပဲ။ဘယ်သူကမှကိုယ့်အိမ်ထဲကို လူစိမ်းတစ်ယောက်အဝင်မခံနိုင်ဘူး!"
လူသေးသလောက် အသံကတော့ကျယ်သည်။ရာရာစစ သူ့ပုံနဲ့သူ့အဆင်ကိုများလူလိမ်လူကောက်တဲ့။ဂျွန်ဂျောင်ကုဆိုတဲ့လူမျိုးက uniမှာ popularအဖြစ်ဆုံးking တစ်ယောက်ပါ။ကောင်မလေးတွေရော၊ကောင်လေးတွေရော ကြိုက်ကြတဲ့သူ့လိုလူကိုမှတပ်လိုက်တဲ့ ပုဒ်ကအံ့ကြီးသြစရာ။
လူမှာ နေကလည်းပူ၊ ဗိုက်ကလည်းဆာနဲ့ရှေ့ကလူကိုပြန်ပြီးရန်တွေ့မိသည်။
"ငါသာလူလိမ်ဆိုရင် အကိုဟိုဆော့နာမည်ကိုသိစရာအကြောင်းမရှိဘူး!"
"သြော်...မှတ်သားလောက်ပါရဲ့။ဦးလိုလူမျိုးက ကမ္ဘာကိုလှုပ်ခတ်နေတဲ့စီးပွားရေးပညာရှင်လေ။ ဦးနာမည်လောက်ကိုgoogleမှာတောင်အလွယ်တကူရှာလို့ရတယ်။ ခင်ဗျား ဦးအကြောင်းတွေစုံစမ်းပြီးနာမည်လေးသိရုံလောက်နဲ့ အိမ်ထဲဝင်ရပြီလို့တော့မထင်နဲ့??"
"မင်းကများ! တောက်! ဒါဆိုငါလည်းမေးမယ် မင်းဘယ်သူလဲ??မင်းလည်းလူလိမ်ဖြစ်နိုင်တာပဲလေ"
"အောင်မံ ငပြူးကများပြန်ပြဲရတယ်ရှိသေး။ငါသာမင်းပြောသလိုဆိုရင် ဒီအိမ်ထဲမှာတောင်ရောက်နေစရာအကြောင်းမရှိဘူး။နောက်ပြီးမင်းသိအောင်ပြောပြထားရဦးမယ်။ငါ့နာမည်က မင်ယွန်းဂီတဲ့။မင်းပြောတဲ့ ဂျောင်ဟိုဆိုရဲ့တစ်ဦးတည်းသောချစ်ခင်ပွန်း"
လုပ်ပြနေတဲ့ရုပ်နဲ့ပြောနေတဲ့စကားက ဂျောင်ကု့အပေါ်အင်မတန်မှဒေါသထွက်လာစေသည်။သူနဲ့အကိုရဲ့ဓာတ်ပုံပြလည်း edit လုပ်ထားတယ်လို့ပြောခံနိုင်ရသေးတာကြောင့်နောက်ဆုံးတစ်ခါ အားထားရင်းအကို့ဆီသို့ဖုန်းခေါ်ပြလိုက်ရတော့သည်။
ဖုန်းကိုလည်းသူ့ရှေ့တည့်တည့် နံပါတ်မြင်ရအောင်ထောင်ပြထားသလို၊ speakerကိုလည်းအကျယ်ကြီးဖွင့်ရင်း
"Hello.."
ဒီတစ်ခါတော့ ဖုန်းဝင်သွားတယ်နဲ့တူသည်။အကို့ရဲ့အသံကြားတော့ ရှေ့ကဖြူဖြူကောင်လေးမှာ မျက်လုံးလေးများဝိုင်းတက်သွားပြီး အကြည့်ချင်းလွှဲထားလိုက်လေတော့သည်။
ဂျောင်ကုလည်းမဲ့ပြုံးတစ်ချက်ပြုံးထားလိုက်ပြီး
"အကို...ကျွန်တော်ဂျောင်ကု။ အခုအကို့အိမ်ရှေ့မှာကျွန်တော်ရောက်နေတယ်။အဲ့တာ.."
"ဟင်...မင်းကကိုရီးယားတောင်ပြန်ရောက်နေပြီပေါ့ဟုတ်လား။ဘာလို့ငါ့ကိုမပြောတာလဲ။နောက်မို့ဆို ငါလာကြိုမှာပေါ့။"
"အကို့ကို supriseဖြစ်စေချင်လို့လေ။ ဒါနဲ့အကိုအိမ်မှာမရှိဘူးလား??"
"အေး။ အူဆန်မှာငါစက်ရုံကိစ္စတစ်ခုနဲ့အရေးကြီးရောက်နေတယ်ကွ"
"ဟုတ်လား။ ကျွန်တော်ကအကို့ပိတ်ရက်ကိုရွေးပြီးပြန်ခဲ့တာ။ မနက်ထဲကလည်းဖုန်းတွေဆက်တိုက်ခေါ်တယ်။မအားဘူးဆိုတာကြီးပဲ။"
"ဟုတ်တယ်။ အကိုဒီမှာနည်းနည်းလေးအလုပ်ရှုပ်နေလို့ မကိုင်ဖြစ်တာ။ဒါနဲ့ အိမ်မှာငါ့ယောကျာ်းရှိတယ်။ သူ့ကိုပြောပြီးအထဲဝင်နေလိုက်လေ..."
"ဟက်...အကို့ယောကျာ်းက မယုံလို့အထဲပေးမဝင်ဘူးဗျ။ အဲ့တာကြောင့်ဖုန်းဆက်ပြီးလှမ်းပြောပြရတာ။အခုလည်းသူယုံအောင်ဆိုပြီး speakerတောင်ဖွင့်ပေးထားရတယ်။"
"ဟား ဟား ဂျောင်ကုရယ်။ ငယ့်ကိုစိတ်မစိုးလိုက်ပါနဲ့။သူကမင်းကိုတစ်ခါမှမမြင်ဖူးလို့အဲ့လိုလုပ်တာနေမှာပါ။ မင်းကသာအကြီးတစ်ယောက်အနေနဲ့ခွင့်လွှတ်ပေးလိုက်ပါနော်။"
အကိုပြောတော့မှပဲ ထိုကောင်လေးမှာအားနာနာနဲ့ပြန်ပြီးကိုယ့်ကိုပြုံးပြတော့သည်။
"sorry ပါ....."
ထွက်လာတဲ့အသံလေးကတိုးတိုးလေးပေမဲ့ဂျောင်ကုတို့ကတော့ ကျေနပ်တယ်။ဘာပဲဖြစ်ဖြစ်အမှားကိုအမှားမှန်းသိလို့တောင်းပန်တာခွင့်မလွှတ်နိုင်စရာအကြောင်းဘယ်ရှိပါ့မလဲ။
"ဂျောင်ကု မင်းတို့အဆင်ပြေသွားပြီဆိုရင်လဲအကိုဖုန်းချတော့မယ်နော်။ ဒီကအလုပ်ကိစ္စတွေပြီးရင် ချက်ချင်းပြန်လာခဲ့မယ်။အခုတော့ ဒါပဲနော်။"
အကို့မှာဘယ်လောက်တောင်အလုပ်တွေများနေလဲမသိ။ သူတို့လည်းအဆင်ပြေသွားပြီဆိုတော့ ဖုန်းချလိုက်တာပဲကောင်းပါတယ်လေ။
"ပေးပေး...ကျွန်တော်သယ်ပေးမယ်။"
ဖုန်းချချပြီးခြင်း ထိုကောင်လေးမှာသူကိုင်ထားသော luggage ကိုလာဆွဲတော့သည်။သူ့မှာမနိုင်မှန်းသိလို့ ပြန်ယူတာလည်းလက်မခံ။ အတင်းသယ်မပြီး ခြံထဲသို့ဝင်သွားလေတော့သည်။ဒါ့ကြောင့် ဂျောင်ကုလည်းဘာမှပြောမနေတော့ဘဲသူ့နောက်သို့အသာလေးသသာလိုက်သွားလိုက်ပါတော့သည်။
>>>>>>>
>>>>>>>
သာယာသောညခင်းလေးပါရှင်...
zawgyi
"ဦး ဖယ္ဆို..."
"သဲငယ္ကလဲကြာ ခနေလးပါပဲ....ေနာ္"
"ဟင့္ ဦးကလဲ ေန႕လည္ေတာင္ေရာက္ေနၿပီ။ထပါေတာ့မယ္ဆို"
"႐ုံးပိတ္ရက္ေလးကိုကြာ သဲငယ္ေလးကလဲ"
"ေတာ္ေတာ့ဆို ဦး!!"
ေဆာင့္ေဆာင့္နန ေအာ္ေျပာလိုက္မွဦးကဖက္ထားတာကိုလႊတ္ေပးေတာ့သည္။ဦးေျပာသလို႐ုံးပိတ္ရက္မို႔ တစ္မနက္လုံးအနားမွာေနေပးေသာ္လည္း အဆင့္ပိုလာေသာဦးကေန႕ခင္းဘက္ထိေတာင္လူကိုေပးမထခ်င္ေတာ့။
"ေရသြားခ်ိဳးေတာ့မယ္"
"ျမန္ျမန္ ခ်ိဳးေနာ္ အၾကာႀကီးခ်ိဳးရင္ႏွာေစးၿပီးေနမေကာင္းျဖစ္မယ္။"
"အြန္းပါ ဦးရဲ႕။"
ငယ္ေလးရဲ႕ေရခ်ိဳးခန္းထဲေျပးဝင္သြားပုံကိုၾကည့္ၿပီးဟိုေဆာ့မွာ အသဲယားေနမိသည္။တစ္ပတ္မွာရွားရွားပါးပါးသာရေသာဒီပိတ္ရက္ေလးမွာ သဲငယ္ေလးနဲ႕အတူအျပင္မသြားဘဲအိမ္ထဲမွာသာတစ္ေနကုန္ျဖတ္သန္းဖို႔ဆုံးျဖတ္ထားသည္။ေျပာရရင္ေတာ့ အိမ္တြင္းDateေပါ့။႐ုပ္ရွင္ေတြအတူၾကည့္မယ္။စာအုပ္ေတြအတူဖတ္မယ္။ရယ္စရာေကာင္းတာေလးေတြ ေျပာၾကမယ္။ဟင္းေတြလည္းအတူခ်က္ၾကရင္းေပါ့။ေလာေလာဆယ္ေတာ့အဲ့လိုစဥ္းစားထားတာပဲ။ခက္ေနတာက ဘာဘာညာညာနဲ႕ေန႕လည္ေတာင္ေရာက္မွန္းမသိေရာက္သြားေလၿပီ။
"ဦး သဲငယ္ေရခ်ိဳးၿပီးၿပီ။ ဦးခ်ိဳးအလွည့္"
သဲငယ္ေလးကေရခ်ိဳးခန္းထဲကထြက္ရင္းသူ႕ဘက္သို႔စကားခနလွည့္ေျပာကာမွန္ေရွ႕သို႔သြားၿပီး ေခါင္းေရသုတ္ေနေလသည္။အဝတ္ေလးတစ္ခုသာခါးမွာပတ္ထားတဲ့ငယ္ေလးက ဘယ္သူျမင္ျမင္စိတ္နဲ႕ပစ္မွားမိမဲ့ပုံမ်ိဳးပင္။ျဖဴေဖြးလြန္းလွတဲ့အသားေရေပၚမွာ သူညကေပးခဲ့တဲ့ပန္းႏုေရာင္အရာေတြကခပ္ရဲရဲ။ေျခသလုံးေလးေတြဆိုတာလည္းျဖဴစြတ္လို႔ သြယ္လ်ေနသည္။
အသက္သုံးဆယ္အ႐ြယ္သူ႕အေနနဲ႕ အမွန္တိုင္းေျပာရရင္omegaမ်ိဳးစုံကိုေတြ႕ဖူးသည္။ေငြမက္တဲ့ omegaေတြ၊မာယာမ်ားတဲ့omegaမ်ိဳးေတြ၊ေယာက်ာ္းတစ္ကာေယာက်ာ္းနဲ႕ေပ်ာ္ျမဴးတတ္တဲ့omegaေတြ၊လက္မထပ္ရေသးဘဲ တစ္ညေလာက္အတူေနၾကည့္ခ်င္တယ္လို႔ေျပာဖူးတဲ့ omegaေတြ ဒါေတြအားလုံးကိုသူအိမ္ေထာင္ဖက္အေနနဲ႕အစုံစုံေတြ႕ခဲ့ဖူးသည္။
႐ုပ္ရည္ေလးေတြေခ်ာေမာသေလာက္၊ပညာေလးေတြတတ္သေလာက္ေမာက္မာရိုင္းစိုင္းတဲ့သူမ်ိဳး၊ေျပာရရင္ဗ်ာ ႀကီးႀကီးက်ယ္က်ယ္နိုင္တဲ့သူမ်ိဳးေတြေပါ့။ေခ်တာလည္းမဟုတ္ျပန္ဘူး။'တန္း' ညွိတဲ့သူမ်ိဳးေတြေလ။ကိုယ္နဲ႕အဆင့္တန္းခ်င္းတူမွစကားေျပာတတ္တဲ့တစ္ကိုယ္ေကာင္းသမားေတြ။အခ်စ္ေရးမွာ နားရည္မလည္ခဲ့ေပမဲ့ လူမ်ိဳးစုံနဲ႕ေတြ႕ဖူးခဲ့တဲ့သူ႕အတြက္ ဒီတစ္သက္အိမ္ေထာင္မက်ေတာ့ဘူးလို႔ေတာင္ထင္ထားတာ။
အဲ့တာကလည္းသဲငယ္ေလးနဲ႕မေတြ႕ခင္အထိေပါ့။ သူ႕မ်က္ႏွာေလးကိုျမင္ျမင္ျခင္းအဲ့ေလာက္ထိစြဲလမ္းမိသြားလိမ့္မယ္လို႔မထင္ထားဘူး။သဲငယ္ေလးသာ အေပၚကကြၽန္ေတာ္ေျပာခဲ့သလိုတစ္မ်ိဳးမ်ိဳးမွာပါဝင္ခဲ့ရင္ေရာ ကြၽန္ေတာ္လက္ခံမိမွာလား??။သူ႕ကိုခ်စ္လို႔ အရာအားလုံးကိုခြင့္လႊတ္မိမယ္ထင္တယ္။ဒါကလည္း အခ်စ္ဆိုတဲ့အရာေၾကာင့္ပဲေလ။အခုထိေတာ့ ခ်စ္တယ္လို႔မေျပာဖူးေပမဲ့ သဲငယ္ေလးလည္းသူ႕ရင္ထဲကအခ်စ္ေတြကိုရိပ္မိမယ္ထင္ပါတယ္။
"ဒီတစ္သက္ ေရခ်ိဳးဦးမွာလား??"
"ဟမ္!"
သဲငယ္ေအာ္ေတာ့မွပဲ အေတြးေတြရပ္တန့္ေတာ့သည္။သဲငယ္ကိုၾကည့္ရတာေတာ့အေျခေနေတာ့သိပ္မေကာင္း။မ်က္ႏွာကလည္းစူပုတ္ေနလို႔။
"ဘာျဖစ္ထားတာလဲ အဲ့မ်က္ႏွာက"
"ဟို..ဦးကေနာက္ကိုပဲစိုက္ၾကည့္ေနေတာ့ သဲငယ္လည္းရွက္တာေပါ့။"
ဟိုေဆာ့မွာ သဲငယ္ေလးရဲ႕စကားအားသေဘာက်တာနဲ႕အက်ယ္ႀကီးေအာ္ရယ္မိေတာ့သည္။ မျမင္ဖူးတာေတြလည္းမဟုတ္ပဲ၊သဲငယ္ေလးဟာေလ လူပ်ိဳေလးအတိုင္းပဲရွက္ေနတာ ဆိုတာ။
"ဟား ဟား ဟုတ္ပါၿပီဗ်ာ။ မၾကည့္ေတာ့ပါဘူး။ ေရသြားခ်ိဳးပါေတာ့မယ္"
"အဲ့တာဆိုလည္း သြား...ျမန္ျမန္။"
မ်က္ႏွာေလးကိုအတင္းအုပ္ကာအရွက္သည္းျပေနသူေၾကာင့္ ဟိုေဆာ့လည္းခုတင္ေပၚမွအျမန္ဆင္းကာေရခ်ိဳးဖို႔ျပင္ရေတာ့သည္။မဟုတ္ရင္ သဲငယ္ေလးရဲ႕မ်က္ႏွာကနီသထက္နီလာၿပီးေပါက္ထြက္ေတာ့မဲ့ပုံျဖစ္ေနလို႔ေလ။
ဟား....ခ်စ္ဖို႔ေကာင္းလိုက္တာသဲငယ္ရာ။
သူေရခ်ိဳးၿပီးထြက္လာေတာ့အခန္းထဲမွာသဲငယ္မရွိေတာ့။ဒါ့ေၾကာင့္ကြၽန္ေတာ္လည္းအဝတ္စားကို လဲဝတ္ရင္းေအာက္သို႔ဆင္းလာလိုက္ေတာ့သည္။သဲငယ္ေလးအခုခ်ိန္ဆို ခ်က္ျပဳတ္ေနေတာ့မွာအမွန္ပင္။
"သဲေလး..."
ထင္ထားသလိုပင္ မီးဖိုခန္းထဲမွာအလုပ္ရႈပ္ေနတဲ့သဲငယ္ေလးက သူေခၚတာေတာင္လွည့္မၾကည့္နိုင္အားေသး။ဒါ့ေၾကာင့္ ေနာက္ကေနအုပ္မိုးကာဖက္လိုက္ေတာ့ သဲေလးကအလန့္တၾကားနဲ႕ျပန္ၾကည့္လာေလသည္။
"ဦး...လန့္သြားတာပဲ"
"သဲငယ္ေလးကို ဦးေခၚေနတာပဲ။သဲငယ္ေလးမွမၾကားတာ။"
"သဲငယ္ ဒီမွာဦးအတြက္ျပင္ဆင္ေနရလို႔ပါ။"
"ဦး သဲငယ္ေလးကိုေျပာထားသားပဲ။ဒီေန႕ေတာ့အျပင္ကေနမွာစားၾကတာေပါ့ဆိုတာ။"
"ဦးကလည္းဗ်ာ ဟင္းခ်က္ရတာပင္ပန္းတဲ့အလုပ္မွမဟုတ္တာ။ေနာက္ၿပီးေတာ့ သဲငယ္ေလးကအျပင္ကေနမွာစားရတာမ်ိဳးမႀကိဳက္ပါဘူး။ ပိုက္ဆံလည္းပိုကုန္တယ္။"
"ဒါေပမဲ့လည္း တစ္ခါတစ္ေလေလးပဲဟာကို"
"ဒီမွာဦး! ဦးက သဲငယ္ေလးခ်က္တာကိုမႀကိဳက္ေတာ့ဘူးေပါ့။"
"ဟင္ ဦးအဲ့လိုမေျပာမိပါဘူး"
သူ႕မွာဖက္ထားရာကေနခြာၿပီး အျမန္ျပာျပာသလဲရွင္းျပရေတာ့သည္။ သူကသဲငယ္ေလးပင္ပန္းမွာဆိုးလို႔အႀကံေပးမိတာေလးပါ။ဒီလူသားက သဲငယ္ေလးရဲ႕လက္ရာကိုဘယ္ေလာက္ေတာင္ႀကိဳက္လိုက္သလဲ??။ေန႕တိုင္းစားခ်င္လြန္းလို႔ေတာင္ ႐ုံးသြားရင္ထမင္းခ်ိဳင့္အထိထည့္ယူသြားတာေလ။
"အဲ့တာဆို ဘာလို႔အျပင္စာေတြမွာစားဖို႔ခ်ည္းပဲေျပာေနရတာလဲ??"
"သဲငယ္ေလးပင္ပန္းမွာဆိုးလို႔ပါ"
"သဲငယ္က ရတယ္လို႔ေျပာေနတယ္ေလဦးရဲ႕! အဲ့တာကို ဘာတစ္ခါတစ္ေလေလးမွေတြ၊ဘာေတြလာေျပာေနရတာလဲ??"
"ဟုတ္ပါၿပီသဲငယ္ရယ္။ ဦးမွားတာပါ။ဦးကိုကမေကာင္းတာ။ သဲငယ္ေလးမႀကိဳက္ရင္ဦးေနာက္တစ္ခါမေျပာေတာ့ဘူးေနာ္။ "
ေတာင္းေတာင္းပန္ပန္နဲ႕ေျပာေတာ့မွသဲငယ္ေလးကၿပီးေရာ ဆိုတဲ့ပုံစံမ်ိဳးနဲ႕ေခါင္းကိုၿငိမ့္ျပေတာ့သည္။
တီ....တီ
ထိုအခ်ိန္ အလိုက္ကမ္းဆိုးမသိတဲ့ဖုန္းcallတစ္ခုေၾကာင့္ ဟိုေဆာ့အားပါပါနဲ႕ကိုစိတ္ထဲမွာက်ိန္ဆဲမိပါရဲ႕။နားရက္ေလးကိုေတာင္ေအးေဆးနားလို႔မရတဲ့အျဖစ္။
"Hello"
"Boss အူဆန္ဘက္မွာ စက္႐ုံမီးေလာင္လို႔တဲ့"
"ဘာ!!"
သူတကယ္လန့္ဖ်န့္သြားရသည္။ လြန္ခဲ့တဲ့တစ္လကမွစီမံကိန္းနဲ႕ေဆာက္ထားတဲ့စက္႐ုံက ဘယ္လိုလုပ္မီးေလာင္သြားတာလဲ??။
"က်စ္...အခုခ်က္ခ်င္းငါ အဲ့ကိုလာခဲ့မယ္။မင္းအဲ့ကအေျခေနေတြကို ငါ့ကိုငါးမိနစ္ျခားတစ္ခါဖုန္းဆက္ၿပီးလွမ္းေျပာ ၾကားလား!!"
ေဒါသထြက္ထြက္နဲ႕ဖုန္းကိုခ်ပစ္လိုက္ရင္း အူဆန္ကိုသြားဖို႔ သူ႕မွာအိမ္ေပၚထပ္သို႔ျပန္ေျပးတက္လာခဲ့ရေတာ့သည္။ဒါဟာ ရွို႔မီးပင္ျဖစ္မည္။သူတို႔companyက ၿပိဳင္ဆိုင္သူေတြမ်ားတာမလို႔ ဒါကိုပစ္မွတ္ထားၿပီးလႈပ္ကိုင္ခ်င္ေနသလား??။
"ဦး ဘယ္ကိုသြားမလို႔လဲဟင္"
သူအေပၚတက္လာတာကိုျမင္ေတာ့သဲငယ္ေလးလည္း ေနာက္ကေနအသဲအသန္ေျပးလိုက္လာတယ္ထင္ပါ့။စိုးရိမ္ေနတဲ့မ်က္လုံးေလးေတြေၾကာင့္ ဟိုေဆာ့လဲစိတ္မပူေစဖို႔လိမ္ညာေျပာလိုက္ရေတာ့သည္။
"အလုပ္ကိစၥတစ္ခုေၾကာင့္ ဦး အူဆန္ဘက္ကိုခနသြားရမယ္။ ည ဒါမွမဟုတ္ မနက္ေစာေစာျပန္လာခဲ့မယ္။သဲငယ္ေလးတစ္ေယာက္ထဲေနရမွာေၾကာက္ရင္ေမေမတို႔အိမ္မွာခနသြားေနလိုက္ေလ။အကယ္လို႔ ဦး ညျပန္ေရာက္ျဖစ္ရင္အျပန္ဝင္ေခၚလိုက္မယ္။"
"ဦး သဲငယ္အတြက္မစိုးရိမ္ပါနဲ႕။ဦးသာ ဂ႐ုတစိုက္နဲ႕သြားေနာ္။ကားကိုလည္းေျဖးေျဖးေမာင္းသြား။သဲငယ္ေလးကိုလည္းအက်ိဳးအေၾကာင္း ဖုန္းဆက္ၿပီးလွမ္းေျပာဦး။"
"အင္းပါ သဲငယ္ရယ္။ဦးကိုသာစိတ္မပူဘဲသဲငယ္ေလးသာ တံခါးေတြေသခ်ာပိတ္ၿပီးလုံလုံၿခဳံၿခဳံေနေနာ္။ ဦးသြားၿပီ။"
chu*
သဲငယ္ေလးရဲ႕ႏွဖူးေပၚအားအနမ္းေခြၽရင္းဟိုေဆာ့ အိမ္ကေနအျမန္ထြက္လာခဲ့လိုက္ရေတာ့သည္။တစ္ေယာက္ထဲအိမ္မွာက်န္ခဲ့တဲ့သဲငယ္ေလးကိုလည္းသူ႕မွာစိတ္မခ်နိဳင္။ဒါ့အျပင္ ဟိုမွာမီးေလာင္ေနတဲ့စက္႐ုံႀကီးကိုလည္းပစ္မထားနိုင္။
ဟိုေဆာ့ တစ္ကယ့္ကိုေသခ်င္စိတ္ပင္ေပါက္လာရေတာ့သည္။
>>>>>>>>
ဆိုလ္းနဲ႕အူဆန္က သိပ္မေဝးတာေၾကာင့္ နာရီပိုင္းေလးအတြင္းစက္႐ုံဆီသို႔ေရာက္သြားေလသည္။သူေရာက္တဲ့အခ်ိန္ စက္႐ုံႀကီးေရာ၊စက္႐ုံထဲကပစၥည္းေတြေရာကေတာ္ေတာ္ေလးပင္ထိခိုက္ေနေလၿပီ။
"ဝန္ထမ္းေတြေရာ အဆင္ေျပရဲ႕လား??"
"ဟုတ္ Boss။ ေသဆုံးသူမရွိေပမဲ့ ဒဏ္ရာရတဲ့သူေတြကေတာ့အေတာ္မ်ားပါတယ္။"
"စက္႐ုံမႉးေရာ သူဘယ္မွာလဲ??"
"အဲ့လူ ေျခရာေဖ်ာက္သြားၿပီ Boss"
"ေတာက္! မင္းတို႔ေတာ္ေတာ္အသုံးမက်တာပဲ"
သူ႕မွာေဒါသေတြကို ေရွ႕ကအတြင္းေရးမႉးအားအကုန္ပုံခ်လိဳက္ေတာ့သည္။ေလ်ာ္ေၾကးေတြလည္းအမ်ားႀကီးေပးရမွာျဖစ္သလို၊ ကုန္သြယ္ထားတဲ့ပစၥည္းေတြကိုလည္းDaddyကို ျပန္ၿပီးအကုန္အစီရင္ခံစာတင္ရေတာ့မည္။Daddyသိရင္ေတာ့သူ႕ကိုက်ိန္းေသ ေအာ္ေတာ့မည္။လုပ္သြားတဲ့လူကိုလည္းမဖမ္းနိုင္သလို ဆုံးရႈံးနစ္နာမႈေတြကလည္းမ်ားတာေၾကာင့္ ႏြေေခါင္ေခါင္မွာေခါင္းတည့္တည့္ကိုမိုးႀကိဳးပစ္လိုက္သလိုပါပင္။
"သူမ်ားကိုေဒါသထြက္မေနဘဲ ကြၽန္ေတာ့္ကိုအကူညီေတာင္းၾကည့္ရင္ေရာ"
ေဘာင္းဘီအိပ္ကပ္ထဲသို႔လက္ထည့္ကာ သူ႕ဆီသို႔တည့္တည့္ေလွ်ာက္ရင္းစကားေျပာလာတဲ့သူေၾကာင့္ ဟိုေဆာ့တကယ္ပင္မ်က္လုံးမ်ားျပဴးတက္သြားရသည္။သူကဘယ္လိုျဖစ္ၿပီးဒီေရာက္ေနရတာလဲ??။ မဟုတ္မွပါပါရာဇီမ်ားလား??။
"မင္းက ဘယ္လိုျဖစ္ၿပီး"
"ဒီေန႕႐ုံးပိတ္ရက္မလား?? အဲ့တာအိမ္ကိုခနလာရင္းနဲ႕ လမ္းမွာCEOစက္႐ုံမီးေလာင္ေနတယ္ဆိုလို႔ ဝင္ၾကည့္တာ။"
"အဲ့ေတာ့ ၾကည့္ၿပီးသြားၿပီမလား?? မင္းသြားေတာ့။"
"ကြၽန္ေတာ္က ကူညီေပးဖို႔လာခဲ့တာ။အမွန္တိုင္းေျပာရရင္ အူဆန္မွာေနတဲ့သူျဖစ္လို႔အူဆန္ကေျခလွမ္းေတြအေၾကာင္းကြၽန္ေတာ့္ေလာက္CEOဝန္ထမ္းေတြဘယ္သူ႕မွ ပိုမသိနိုင္ဘူး။"
ဒီတစ္ခါေတာ့ ဟိုေန႕ကလိုsuitမ်ိဳးမဟုတ္ပဲ ေပါ့ေပါ့ပါးပါးဝတ္ထားတဲ့ ကင္မ္ထယ္ေယာင္းကအခုလည္းစကားကိုေပါ့ေပါ့ပဲေျပာေနသလား??။ သူ႕စကားအဆုံးတစ္ခ်က္ေတာ့စဥ္းစားမိသြားသည္။အူဆန္မွာေနခဲ့တဲ့သူမလို႔ အူဆန္ကေျခလွမ္းတိုင္းကိုသိေနတယ္ဆိုပဲ။ ဒါေပမဲ့ မယုံတာမလို႔ နည္းနည္းေလးေတာ့မူလိုက္ဦးမည္။
"ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္က Hacker . သူကအရမ္းေတာ္တယ္။ေတာင္ကိုရီးယားမွာရွိတဲ့လမ္းေၾကာင္းတိုင္းကိုသူအကုန္သိတယ္။တရားမဝင္ဘူးဆိုေပမဲ့ တစ္ခုခုသာလြဲေခ်ာ္ခဲ့ရင္အကုန္တာဝန္ယူေပးမဲ့သူမ်ိဳးပါ။ အခုဆို CEOတို႔ရဲ႕လုပ္ႀကံသူႀကီးက ညသေဘာ္နဲ႕ တစ္ဖက္နိုင္ငံကိုေျပးဖို႔ေတာင္လုပ္ေနမလားမသိဘူး။အဲ့ေတာ့ ျမန္ျမန္ဆုံးျဖတ္ခ်ည္။"
"ဘာ! ညသေဘာ္ဟုတ္လား?? မင္းကဒါေတြကိုဘယ္လိုသိတာလဲ??"
"႐ုပ္ရွင္ေတြထဲမွာ ဒီလိုပဲေလ..."
ေသလိုက္ပါေတာ့ ေဂ်ာင္ဟိုေဆာ့ရယ္သာကိုယ့္ကိုကိုယ္က်ိန္ဆဲမိေတာ့သည္။ဒီအရႈပ္ထုပ္က ထင္ရာေတြစြတ္ေျပာေနတာကိုသူကအထင္ႀကီးၿပီးအဆုံးထိနားေထာင္ေနခဲ့တာပဲ။
"သြားစမ္းကြာ စိတ္ရႈပ္ရတဲ့ၾကားထဲ.."
"ဒီမွာက ဘာအက်ိဳးျမတ္မွမယူဘဲကူညီေပးမလို႔ဟာကို။ CEOသာအဲ့လူရဲ႕အခ်က္အလက္ကိုေပးလိုက္။ တစ္နာရီအတြင္းသူဘယ္မွာရွိလဲဆိုတာ ကြၽန္ေတာ့္သူငယ္ခ်င္းကိုစုံစမ္းခိုင္းလိုက္မယ္။ဘယ္လိုလဲ??"
ကင္မ္ထယ္ေယာင္းစကားလည္းဆုံးေရာ လက္ေထာက္ဆိုတဲ့လူကသူ႕အနားသို႔ကပ္ၿပီးတိုးတိုး''ကပ္ေျပာေတာ့သည္။
"အခ်ိန္မရွိေတာ့ သူေျပာသလိုလုပ္လိုက္ရင္ေကာင္းမလား?? တစ္ဖက္ကလည္းရဲေတြကိုတိုင္ထားတယ္၊သူလည္း အျမန္ရွာေပးနိုင္မယ္ဆိုရင္ ေလ်ာ္ေၾကးနဲ႕ပက္သက္ၿပီးBoss လႊတ္နိုင္တယ္။အဲ့လူကိုမိသြားဖို႔ကအဓိကပဲBoss"
အဘက္ဘက္ကစကားေတြကအကုန္မွန္ေနေတာ့ဟိုေဆာ့လည္းမျငင္းနိုင္ေတာ့ပါ။ဒါ့ေၾကာင့္ မင္းတို႔သေဘာဆိုၿပီးသာေခါင္းၿငိမ့္ျပလိုက္ေတာ့သည္။
"ေကာင္းၿပီ အဲ့တာဆိုBossစိတ္မပ်က္ေစရေအာင္ ထယ္အျပည့္အဝကူညီေပးမယ္ေနာ္"
အခုေတာ့လည္းသမင္မ်က္လုံးေလးအတိုင္း အနားကိုေရာက္လာၿပီးဝမ္းသာအားရေျပာလာသူေၾကာင့္ ေခါင္းအသာရမ္းရင္း တစ္ခ်က္ၿပဳံးလိုက္မိပါရဲ႕။
* ဒီတစ္ခါေတာ့ငါ့ကိုစိတ္မပ်က္မိပါေစနဲ႕ ကင္မ္ထယ္ေယာင္း*
>>>>>>>>>>>>
တီ...တီ...တီ
တီ.....တီ...တီ
ဒါနဲ႕ဆိုဟြန္းတီးေနတာ ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္းမသိေတာ့။အရိပ္ေယာင္လည္းမေတြ႕သလို၊ဘယ္သူ႕မွလည္းထြက္မၾကည့္ၾက။လူမရွိတာမ်ားလား၊ ဒါမွမဟုတ္တမင္တကာထြက္မၾကည့္တာမ်ားလားလည္းမစဥ္းစားတတ္ေတာ့ပါ။ေနကလည္းပူ၊အိုက္ကလည္းအိုက္နဲ႕ ဒီႏွစ္ကိုရီးယားႏြေရာသီကေတာ့မႀကဳံစဖူးေပါင္။ဝတ္ထားတဲ့အဝတ္စားေၾကာင့္လည္း ပါမယ္ထင္တယ္။ခပ္မိုက္မိုက္ျဖစ္ခ်င္ေတာ့လည္း အထူႀကီးေတြဝတ္ၿပီးall blackနဲ႕စတိုင္လ္ထုတ္လာခဲ့ရတာ။
"ေဟ့လူေလး...ငါဒီထပ္ပိုၿပီးဟြန္းမတီးေပးနိုင္ေတာ့ဘူး။ငါလည္းအလုပ္နဲ႕မလို႔သြားေတာ့မယ္။"
"ဗ်ာ....ခန..."
စကားေတာင္မဆုံးလိုက္ပါ။ ဝွီးခနဲထြက္သြားတဲ့ကားေနာက္ေဂ်ာင္ကုမွာေဒါသျဖစ္ျဖစ္နဲ႕က်န္ခဲ့ရသည္။အခုေတာ့ သူတစ္ေယာက္ထဲဒီၿခံထဲဘယ္လိုဝင္ရမလဲမသိ။အကို႔ကိုဖုန္းဆက္ေတာ့လဲ မအားဘူးႀကီးနဲ႕ပဲတိုးေနသည္။
တင္းေတာင္~
သူထပ္ၿပီး လူေခၚဘဲလ္ကိုႏွိပ္လိုက္သည္။ပထမတစ္ခါႏွိပ္တုန္းကမရလို႔ ကားဟြန္းေတာင္တီးခိုင္းခဲ့ရတာ။အခုတစ္ခါဆိုရင္ေတာ့ဖြင့္ေပးလာလိမ့္မယ္ထင္တယ္။မဟုတ္ရင္လည္း တံခါးပ်က္တဲ့အထိအဆက္မျပတ္ႏွိပ္ေနမွာမို႔လို႔ေလ။
"ဘယ္သူနဲ႕ေတြ႕ခ်င္လို႔ပါလဲ??"
ဒီတစ္ခါေတာ့ခပ္ျမန္ျမန္ပင္ထြက္လာတဲ့ဘဲလ္ကအသံေၾကာင့္ ေဂ်ာင္ကုမွာအေပ်ာ္လုံးမ်ားစို႔သြားရတယ္။ ဒါဆိုလူရွိေနပါလ်က္နဲ႕ထြက္မၾကည့္တာေပါ့။
"ဟို အကိုဟိုေဆာ့တို႔အိမ္ကမ်ားလားမသိဘူး။"
"ဟုတ္ပါတယ္။ ဘယ္သူပါလဲ??"
"သူ႕ညီ ဂြၽန္ေဂ်ာင္ကုပါ။ အဂ္လန္ကေနျပန္ေရာက္ေနၿပီလို႔ေျပာေပးပါလား??"
"ဂြၽန္ေဂ်ာင္ကု!"
သူ႕နာမည္ကိုသံေယာင္လိုက္ရင္းၿငိမ္က်သြားတဲ့ တစ္ဖက္ကအသံေၾကာင့္ေဂ်ာင္ကုမွာတကယ္ပဲစိတ္မရွည္ေတာ့ပါ။ အျပင္မွာပူအိုက္လို႔ေသေတာ့မယ္။အခုထိတံခါးကမဖြင့္ေသးဘူး။
"ခင္ဗ်ားမွာ သက္ေသပါလား??"
"ဘာ.."
"ဂြၽန္ေဂ်ာင္ကုဆိုတဲ့ သက္ေသေလ??"
"မင္းလာရစ္ေနတာလား။ ဂြၽန္ေဂ်ာင္ကုဆိုတာကမၻာမွာတစ္ေယာက္ထဲသာရွိတဲ့နာမည္ကြ။ မင္းဘယ္သူလဲ?? ဘယ္ကလဲ?? ငါ့အေၾကာင္းမသိရင္လည္းေအးေဆးေနစမ္းကြာ။"
အဆက္မျပတ္စကားေတြေျပာၿပီးေဟာက္လိုက္ေတာ့ ၿငိမ္က်သြားတဲ့လူေခၚဘဲလ္ကေနဘာအသံမွထပ္မၾကားလာေတာ့။စိတ္ရႈပ္ရတဲ့အထဲ သက္ေသကပါလာေတာင္းေနေသးတယ္။သူပါဆိုတဲ့ သက္ေသက သူပဲေလ။ၾကည့္ရတာ အကိုဟိုေဆာ့အမ်ိဳးသားပင္ေနမယ္။လူခ်င္းမေတြ႕ဖူးေပမဲ့ ကိုယ့္နာမည္ေလာက္ေတာ့ၾကားဖူးရမွာေပါ့။
ကြၽီ!
ထိုစဥ္ ႐ုတ္တစ္ရက္ႀကီးပြင့္လာတဲ့တံခါးေၾကာင့္ ေဂ်ာင္ကုအျမန္ပင္လွည့္ၾကည့္မိေတာ့ေတြ႕လိုက္ရသည္က သူ႕အားခါးေထာက္ၿပီးရပ္ၾကည့္ေနတဲ့အသားျဖဴျဖဴေကာင္ေလးတစ္ေယာက္။
"ဒီမွာ ဒီေခတ္ႀကီးမွာေလလူလိမ္လူေကာက္ေတြမ်ားလြန္းလို႔အခုလိုေမးေနရတာ။လူတိုင္းက အဂ္လန္ျပန္ျဖစ္နိုင္သလို၊ဂြၽန္ေဂ်ာင္ကုလည္းျဖစ္နိုင္တာပဲ။ဘယ္သူကမွကိုယ့္အိမ္ထဲကို လူစိမ္းတစ္ေယာက္အဝင္မခံနိုင္ဘူး!"
လူေသးသေလာက္ အသံကေတာ့က်ယ္သည္။ရာရာစစ သူ႕ပုံနဲ႕သူ႕အဆင္ကိုမ်ားလူလိမ္လူေကာက္တဲ့။ဂြၽန္ေဂ်ာင္ကုဆိုတဲ့လူမ်ိဳးက uniမွာ popularအျဖစ္ဆုံးking တစ္ေယာက္ပါ။ေကာင္မေလးေတြေရာ၊ေကာင္ေလးေတြေရာ ႀကိဳက္ၾကတဲ့သူ႕လိုလူကိုမွတပ္လိုက္တဲ့ ပုဒ္ကအံ့ႀကီးၾသစရာ။
လူမွာ ေနကလည္းပူ၊ ဗိုက္ကလည္းဆာနဲ႕ေရွ႕ကလူကိုျပန္ၿပီးရန္ေတြ႕မိသည္။
"ငါသာလူလိမ္ဆိုရင္ အကိုဟိုေဆာ့နာမည္ကိုသိစရာအေၾကာင္းမရွိဘူး!"
"ေၾသာ္...မွတ္သားေလာက္ပါရဲ႕။ဦးလိုလူမ်ိဳးက ကမၻာကိုလႈပ္ခတ္ေနတဲ့စီးပြားေရးပညာရွင္ေလ။ ဦးနာမည္ေလာက္ကိုgoogleမွာေတာင္အလြယ္တကူရွာလို႔ရတယ္။ ခင္ဗ်ား ဦးအေၾကာင္းေတြစုံစမ္းၿပီးနာမည္ေလးသိ႐ုံေလာက္နဲ႕ အိမ္ထဲဝင္ရၿပီလို႔ေတာ့မထင္နဲ႕??"
"မင္းကမ်ား! ေတာက္! ဒါဆိုငါလည္းေမးမယ္ မင္းဘယ္သူလဲ??မင္းလည္းလူလိမ္ျဖစ္နိုင္တာပဲေလ"
"ေအာင္မံ ငျပဴးကမ်ားျပန္ၿပဲရတယ္ရွိေသး။ငါသာမင္းေျပာသလိုဆိုရင္ ဒီအိမ္ထဲမွာေတာင္ေရာက္ေနစရာအေၾကာင္းမရွိဘူး။ေနာက္ၿပီးမင္းသိေအာင္ေျပာျပထားရဦးမယ္။ငါ့နာမည္က မင္ယြန္းဂီတဲ့။မင္းေျပာတဲ့ ေဂ်ာင္ဟိုဆိုရဲ႕တစ္ဦးတည္းေသာခ်စ္ခင္ပြန္း"
လုပ္ျပေနတဲ့႐ုပ္နဲ႕ေျပာေနတဲ့စကားက ေဂ်ာင္ကု႔အေပၚအင္မတန္မွေဒါသထြက္လာေစသည္။သူနဲ႕အကိုရဲ႕ဓာတ္ပုံျပလည္း edit လုပ္ထားတယ္လို႔ေျပာခံနိုင္ရေသးတာေၾကာင့္ေနာက္ဆုံးတစ္ခါ အားထားရင္းအကို႔ဆီသို႔ဖုန္းေခၚျပလိုက္ရေတာ့သည္။
ဖုန္းကိုလည္းသူ႕ေရွ႕တည့္တည့္ နံပါတ္ျမင္ရေအာင္ေထာင္ျပထားသလို၊ speakerကိုလည္းအက်ယ္ႀကီးဖြင့္ရင္း
"Hello.."
ဒီတစ္ခါေတာ့ ဖုန္းဝင္သြားတယ္နဲ႕တူသည္။အကို႔ရဲ႕အသံၾကားေတာ့ ေရွ႕ကျဖဴျဖဴေကာင္ေလးမွာ မ်က္လုံးေလးမ်ားဝိုင္းတက္သြားၿပီး အၾကည့္ခ်င္းလႊဲထားလိုက္ေလေတာ့သည္။
ေဂ်ာင္ကုလည္းမဲ့ၿပဳံးတစ္ခ်က္ၿပဳံးထားလိုက္ၿပီး
"အကို...ကြၽန္ေတာ္ေဂ်ာင္ကု။ အခုအကို႔အိမ္ေရွ႕မွာကြၽန္ေတာ္ေရာက္ေနတယ္။အဲ့တာ.."
"ဟင္...မင္းကကိုရီးယားေတာင္ျပန္ေရာက္ေနၿပီေပါ့ဟုတ္လား။ဘာလို႔ငါ့ကိုမေျပာတာလဲ။ေနာက္မို႔ဆို ငါလာႀကိဳမွာေပါ့။"
"အကို႔ကို supriseျဖစ္ေစခ်င္လို႔ေလ။ ဒါနဲ႕အကိုအိမ္မွာမရွိဘူးလား??"
"ေအး။ အူဆန္မွာငါစက္႐ုံကိစၥတစ္ခုနဲ႕အေရးႀကီးေရာက္ေနတယ္ကြ"
"ဟုတ္လား။ ကြၽန္ေတာ္ကအကို႔ပိတ္ရက္ကိုေ႐ြးၿပီးျပန္ခဲ့တာ။ မနက္ထဲကလည္းဖုန္းေတြဆက္တိုက္ေခၚတယ္။မအားဘူးဆိုတာႀကီးပဲ။"
"ဟုတ္တယ္။ အကိုဒီမွာနည္းနည္းေလးအလုပ္ရႈပ္ေနလို႔ မကိုင္ျဖစ္တာ။ဒါနဲ႕ အိမ္မွာငါ့ေယာက်ာ္းရွိတယ္။ သူ႕ကိုေျပာၿပီးအထဲဝင္ေနလိုက္ေလ..."
"ဟက္...အကို႔ေယာက်ာ္းက မယုံလို႔အထဲေပးမဝင္ဘူးဗ်။ အဲ့တာေၾကာင့္ဖုန္းဆက္ၿပီးလွမ္းေျပာျပရတာ။အခုလည္းသူယုံေအာင္ဆိုၿပီး speakerေတာင္ဖြင့္ေပးထားရတယ္။"
"ဟား ဟား ေဂ်ာင္ကုရယ္။ ငယ့္ကိုစိတ္မစိုးလိုက္ပါနဲ႕။သူကမင္းကိုတစ္ခါမွမျမင္ဖူးလို႔အဲ့လိုလုပ္တာေနမွာပါ။ မင္းကသာအႀကီးတစ္ေယာက္အေနနဲ႕ခြင့္လႊတ္ေပးလိုက္ပါေနာ္။"
အကိုေျပာေတာ့မွပဲ ထိုေကာင္ေလးမွာအားနာနာနဲ႕ျပန္ၿပီးကိုယ့္ကိုၿပဳံးျပေတာ့သည္။
"sorry ပါ....."
ထြက္လာတဲ့အသံေလးကတိုးတိုးေလးေပမဲ့ေဂ်ာင္ကုတို႔ကေတာ့ ေက်နပ္တယ္။ဘာပဲျဖစ္ျဖစ္အမွားကိုအမွားမွန္းသိလို႔ေတာင္းပန္တာခြင့္မလႊတ္နိုင္စရာအေၾကာင္းဘယ္ရွိပါ့မလဲ။
"ေဂ်ာင္ကု မင္းတို႔အဆင္ေျပသြားၿပီဆိုရင္လဲအကိုဖုန္းခ်ေတာ့မယ္ေနာ္။ ဒီကအလုပ္ကိစၥေတြၿပီးရင္ ခ်က္ခ်င္းျပန္လာခဲ့မယ္။အခုေတာ့ ဒါပဲေနာ္။"
အကို႔မွာဘယ္ေလာက္ေတာင္အလုပ္ေတြမ်ားေနလဲမသိ။ သူတို႔လည္းအဆင္ေျပသြားၿပီဆိုေတာ့ ဖုန္းခ်လိဳက္တာပဲေကာင္းပါတယ္ေလ။
"ေပးေပး...ကြၽန္ေတာ္သယ္ေပးမယ္။"
ဖုန္းခ်ခ်ၿပီးျခင္း ထိုေကာင္ေလးမွာသူကိုင္ထားေသာ luggage ကိုလာဆြဲေတာ့သည္။သူ႕မွာမနိုင္မွန္းသိလို႔ ျပန္ယူတာလည္းလက္မခံ။ အတင္းသယ္မၿပီး ၿခံထဲသို႔ဝင္သြားေလေတာ့သည္။ဒါ့ေၾကာင့္ ေဂ်ာင္ကုလည္းဘာမွေျပာမေနေတာ့ဘဲသူ႕ေနာက္သို႔အသာေလးသသာလိုက္သြားလိုက္ပါေတာ့သည္။
>>>>>>>
>>>>>>>
သာယာေသာညခင္းေလးပါရွင္...