ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

990K 157K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

122

4.3K 631 19
By Vanilla_IceCream61

ငါတို့ဘက်မှာ စစ်သူကြီးရှိတယ်လေ။ မင်းဘာတွေ ကြောက်နေတာလဲ။
..................................................................................

ရုံးတော်၏ မှောင်မည်းသောအကျဉ်းထောင်ထဲတွင် စင်္ကြံတစ်လျှောက် အကွာအဝေးခြား၍ နေရာချထားသော မီးတုတ်များမှလွဲ၍ ပန်းကန်လုံးတစ်လုံးစာခန့် ချောင်းကြည့်ပေါက်မှသာ အလင်းရောင်ဝင်နိုင်သည်။ နေရာတစ်ခုလုံးမှာ စိုထိုင်းကာ အနံ့အသက်ဆိုးရွားသည်။ ဤနေရာ၌ အကျဉ်းချခံထားရသည့်မည်သူမဆို စိတ်သောကရောက်လိမ့်မည်။

ကျားမိသားစုမှ ကျားယင်၊ သူ့ဇနီးနှင့် ဆွေမျိုးအချို့သာ ဤထောင်ထဲတွင်ထိန်းသိမ်းခံထားရသည်။ အပြစ်မရှိကြောင်းရှာတွေ့ထားသော အစေခံနှင့်လက်ပါးစေများက လွတ်သွားကာ အပြစ်ရှိကြောင်းပေါ်သွားသူများသည်လည်း ပြစ်ဒဏ်ချခံရပြီး အခြားနေရာသို့ ပြောင်းရွှေ့ခံလိုက်ရသည်။ အစေခံနှင့်လက်ပါးစေများ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသည်နှင့်အမျှ သခင်မကျားနှင့်အခြားလူများ၏မျက်နှာပေါ်မှ စိတ်အားငယ်မှုပိုလေးနက်လာသည်။ ကနဦးတွင် သူတို့၌ ကျိန်ဆဲရန် ခွန်အားကျန်သေးသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် သူတို့စိတ်တွင်းမှ ဒေါသမှာ အကြောက်တရားဖြင့်အစားထိုးခံလိုက်ရပြီး ကျိန်ဆဲရန်ပင်အင်အားမရှိတော့ပေ။

ကျားယင်က သီးခြားအကျဉ်းခန်းထဲတွင် ထိန်းသိမ်းခံထားရသည်။ သူက သေဒဏ်ချခံထားရသည်။ အချိန်ကျလာလျှင် သူကအစားအသောက်ဈေးဝင်ပေါက်၌ ခေါင်းဖြတ်ခံရလိမ့်မည်။

သူ့အားအဆုံးသတ်၌စောင့်မျှော်နေသည်မှာ ပူပင်သောကပင်။ အချုပ်ကျနေစဉ် ကနဦးနေ့ရက်များ၌ ကျားယင် စိတ်တွင်း၌ မခံမရပ်နိုင်ဖြစ်နေစေကာမူ ဟန်ဆောင်နိုင်သေးသည်။ သို့သော် ပြစ်ဒဏ်စီရင်ခံရမည့်နေ့နီးလာသည်နှင့် သူကြောက်စိတ်မွှန်လာတော့သည်။

သူ မသေချင်ရာ လွတ်မြောက်ရန်ကြိုးစားခဲ့သည်။

သူက လိမ္မာကျွမ်းကျင်စွာစီမံကာ အကျဉ်းထောင်စောင့်တစ်ယောက်နှင့် ဆက်သွယ်နိုင်ခဲ့သည်။ ကျားယင်က ထိုအကျဉ်းထောင်စောင့်နှင့် စကားပြောရသောအခါ သူ၏လွတ်မြောက်လိုစိတ်ကိုဖော်ပြခဲ့ပြီး ထိုအကျဉ်းထောင်စောင့်သာ သူအောင်အောင်မြင်မြင်လွတ်မြောက်နိုင်စေရန် ကူညီပေးလျှင် ရတနာများစွာပေးမည်ဟု ကတိပေးခဲ့သည်။

အကျဉ်းထောင်စောင့်က သူ့ကိုမယုံကြည်ပေ။ 'ကျားမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးက နိုင်ငံတော်ဘဏ္ဍာအဖြစ် အသိမ်းခံလိုက်ရပြီလေ။ ကျားယင်က ဘယ်လိုမှ ကတိတည်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ကျားယင်လွတ်ဖို့ငါကူညီပေးခဲ့တယ်ဆိုတာကိုသာ တစ်ယောက်ယောက်သိသွားရင် ငါပြစ်ဒဏ်စီရင်ခံရလိမ့်မယ်။ ရတနာတွေရတော့ကော ငါအဲ့ဒါတွေကို ဖြုန်းနိုင်လောက်အောင် အသက်မရှည်ရင် ဘာအကျိုးရှိမှာလဲ။'

သို့သော် ကျားယင်က လက်မလျှော့ပေ။ သူက အကျဉ်းထောင်စောင့် ကူညီရန် ဇွတ်ကြိုးစားနားချသည်။

"ငါက မင်းရဲ့ခိုင်လုံမှုကို မေးခွန်းထုတ်တာမဟုတ်ပေမဲ့ အဓိပ္ပါယ်ရှိတာကိုပဲ ပြောပါလား။ မင်းမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံး အသိမ်းခံလိုက်ရပြီ။ မင်းကိုကူညီတဲ့အတွက် ငါ့ကိုဘာကမ်းလှမ်းနိုင်ဦးမှာမို့လို့လဲ။" အကျဉ်းထောင်စောင့်က စိတ်မရှည်တော့ပေ။

"ငါ့မှာ တခြားကမ်းလှမ်းစရာရှိပါသေးတယ်။ ငါ့ကိုယုံ။ သူတို့က သူတို့ရှာတွေ့ထားတာတွေကိုပဲ သိမ်းသွားတာ။ ငါတခြားနေရာမှာသိမ်းထားတဲ့ ရွှေ၊ငွေ၊ကျောက်မျက်ရတနာတွေ အများကြီးရှိသေးတယ်။ မင်းငါ့ကို ဒီနေရာကနေလွတ်ဖို့ ကူညီပေးတာနဲ့ ငါအဲ့ဒါတွေကို ဘယ်မှာမြှုပ်ထားတယ်ဆိုတာ ပြောပြမယ်။ အဲ့ဒါတွေအားလုံးက မင်းဟာပဲ။" ကျားယင်က အကျဉ်းထောင်စောင့်၏မယုံကြည်မှုလျော့သွားစေရန် စိုးရိမ်ပူပန်စွာနားချသည်။

အကျဉ်းထောင်စောင့်က သူ့စကားကိုသိပ်မယုံပေ။ "ဒီကျောက်မျက်ရတနာတွေ တကယ်ရှိသလား၊ မရှိဘူးလားဆိုတာကိုထားဦး၊ အဲ့ဒါတွေရှိနေရင်တောင် မင်းကငါ့ကိုပေးနိုင်တဲ့အထိ ရက်ရောပါ့မလား။ မင်းက ငါမင်းကိုကူညီအောင် လှည့်စားနေတာပဲ။ ငါ့ကိုအရူးမလုပ်နဲ့။"

"ဆရာရယ်၊ ငါလိမ်နေတာမဟုတ်ပါဘူး။ ငါမင်းကို ရတနာဖွက်ထားတဲ့တခြားနေရာကို ပြောပြလို့ရတယ်။ အဲ့ဒိမှာ ရတနာနည်းပေမဲ့ တော်တော်တန်ဖိုးရှိပါသေးတယ်။ အဲ့ဒါကို စရံပေးတာလို့ယူဆလိုက်ပါ။ မင်းငါ့ကို ဒီကနေလွတ်ဖို့ ကူညီပြီးသွားရင် ငါရတနာရှိတဲ့တခြားနေရာအကြောင်း ပြောပြမယ်။ ငါဘယ်တော့မှ ကတိမဖျက်ပါဘူး။ ငါကတိဖျက်ရင် မင်းရုံးတော်ကို တင်ပြပြီး ငါ့ကိုလိုက်ဖမ်းလို့ရတာပဲ။ ငါ့ကိုလွှတ်ပေးလိုက်တာက မင်းဆိုတာကို ဘယ်သူမှရှာတွေ့မှာမဟုတ်ဘူး။ မင်းငါ့ကိုဖမ်းပြီး ဒီကိုပြန်ခေါ်လာရင် မင်းကိုထူးချွန်တယ်ဆိုပြီး ရာထူးတိုးပေးလိမ့်မယ်။ မင်း အကျဉ်းထောင်စောင့်ဖြစ်တော့မှာမဟုတ်ဘူး။ မင်း အကျဉ်းထောင်ဦးစီးဖြစ်သွားလိမ့်မယ်။ ရဲချုပ်တောင်ဖြစ်သွားနိုင်တယ်။" ကျားယင်က အကျဉ်းထောင်စောင့်ကို ဆက်လက်နားချရန် ကြိုးစားသည်။

အကျဉ်းထောင်စောင့်က နှာမှုတ်ကာ သူ့ကိုကြည့်သည်။ "မင်းသိရမှာက ငါမင်းကိုဖမ်းပြီးဒီကိုပြန်ခေါ်လာရင် မင်းကိုအရင်သတ်မှရမယ်။ အဲ့ဒါက မင်းငါ့အကြောင်းသတင်းမပေးနိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။"

ဤစကားကိုကြားသောအခါ ကျားယင်က မကြောက်ဘဲ စိတ်သက်သာရာပင်ရသွားသည်။ အဘယ့်ကြောင့်ဆိုသော် အကျဉ်းထောင်စောင့်၏စကားက သူစိတ်ပါလာပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

အကျဉ်းထောင်စောင့်က မသိမသာမျက်ဆန်လှည့်ကာပြောသည်။ "ငါ့ကိုပြော၊ ရတနာဖွက်ထားတဲ့ ပထမနေရာက ဘယ်မှာလဲ။"

ချို့ငဲ့သောကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက် ပိုကြီးသေးသည်။ ထို့အပြင် ကျားမိသားစုက ထန်းယန်တွင်အချမ်းသာဆုံးမိသားစုများထဲမှ တစ်ခုဖြစ်သည်။ ကျားယင်၏ပြောစကားသာမှန်လျှင် သူပွပေါက်တိုးခြင်းပင်။

ကျားယင်က အကျဉ်းထောင်စောင့် အစာဟပ်လိုက်ပြီမှန်းသိသောအခါ များစွာစိတ်သက်သာရာရကာ သတင်းပေးလိုက်သည်။ "ဒီနားတိုးလာခဲ့။ ငါမင်းကိုပြောပြမယ်။"

အကျဉ်းထောင်စောင့်က သံတိုင်နားသို့ကပ်ကာ ရတနာဖွက်ထားသည့် ပထမဆုံးနေရာအကြောင်း ကျားယင်ပြောပြသည်ကို နားထောင်သည်။

အကျဉ်းထောင်စောင့်၏မျက်လုံးများ အနည်းငယ်လက်သွားသည်။သူက နားထောင်ပြီးနောက် ပြောသည်။ "အဲ့ဒါသာမှန်ရင် ငါမင်းကို ဒီကနေထွက်လို့ရအောင် ကူညီပေးမယ်။ မဟုတ်ရင် မင်းခံစားရမဲ့ အကျိုးဆက်ကို သိတယ်နော်။ ဘယ်ဥပဒေ၊ ဘာတရားမျှတမှုမှ မရောက်နိုင်တဲ့ ဒီအကျဉ်းထောင်မှာ ငါမင်းကိုနှိပ်စက်ဖို့ နည်းလမ်းတွေအများကြီးပဲ။"

"သွားပြီးသာ တူးကြည့်လိုက်ပါ။ ငါမင်းကို အမှန်အတိုင်းပြောပြလိုက်တယ်ဆိုတာကို သိလိမ့်မယ်။" ကျားယင်၏မျက်နှာပေါ်တွင် ကြောက်စိတ်မရှိပေ။ သူက ယုံကြည်ချက်ရှိကာ အေးဆေးနေပုံပေါ်သည်။

အကျဉ်းထောင်စောင့်က သူ၏အမူအရာကိုတွေ့သောအခါ တစ်ဝက်မျှစိတ်ချသွားသည်။

အကျဉ်းထောင်စောင့်က သူ၏ထောင်ချောက်ထဲမှသားကောင်ဖြစ်သွားပြီမှန်း ကျားယင်တွေ့သောအခါ နားလည်ရခက်စွာပြုံးသည်။

*****

တစ်ချိန်တည်းမှာပင် လင်းမိသားစု၌

ကျန်ချောင်းက ယွီဝမ်ထုန်ကို နယ်စောင့်တပ်စခန်းသို့လာလည်ရန် ဖိတ်သည်။

ကျန်ချောင်းက ယွီဝမ်ထုန်အား နယ်စောင့်တပ်စခန်းသို့ဖိတ်ရဲသည်အထိ သတ္တိရှိမည်ဟု လင်းကျန်မယုံနိုင်ပေ။ 'တကယ်လို့ ယွီဝမ်ထုန်ကဖိတ်ခေါ်တာကိုလက်ခံပြီး အဲ့ကိုသွားရင် နယ်စောင့်တပ်စခန်းရဲ့ လျှို့ဝှက်ချက်တွေပေါ်သွားမှာပဲ။ ကျန်ချောင်းက ဒါကိုဘာလို့မကြောက်တာလဲ။'

လင်းကျန်က ဝိရောဓိဖြစ်နေသော်လည်း ယွီဝမ်ထုန်က ဘာဖြစ်ပျက်နေသည်ကို လုံးဝသတိထားမိသည်။ ကျန်ချောင်းသည် မနေ့ညကတည်းကပင် လက်နက်အလုပ်ရုံတစ်ဝက်ကျော်ကို မြေမြှုပ်လိုက်ပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားသည့်တပ်ဖွဲ့များနေရန် တည်ဆောက်ထားသောအခန်းများသို့သွားသည့် ဝင်ပေါက်ကိုလည်း ပိတ်ခဲ့သည်။ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် တပ်ဖွဲ့များအားလုံးမှာ တပ်စုအမျိုးမျိုးထံ နေရာရွှေ့ခံထားရသည်။ 'ကျန်ချောင်းက ငါ့ကိုရင်ဆိုင်ဖို့ တော်တော်ဒုက္ခခံပြီး ဒါတွေကိုညတွင်းချင်း စီစဉ်ထားတာပဲ။

သူတစ်ညလုံး အလုပ်ရှုပ်ခံထားတာတောင် ငါသူ့ရဲ့ဖိတ်ခေါ်မှုကို လက်မခံရင် အရှက်ကွဲသွားမဲ့ပုံပဲ။ ကံမကောင်းတာက ​ မဟာမာန်တောင်ကနေ အချိန်မရွေး သတင်းရောက်လာနိုင်တယ်။ အခုက နယ်စောင့်တပ်စခန်းကိုသွားဖို့ အချိန်ကောင်းမဟုတ်ဘူး။' ယွီဝမ်ထုန်ကတွေးသည်။

"အခု တပ်မှူးကျန်က ဖိတ်မှတော့ ငါမျက်နှာထူထူနဲ့ပဲ လက်ခံသင့်တယ်ထင်တယ်။ ဒါပေမဲ့ ငါလုပ်ရမဲ့ကိစ္စလေးတွေ ရှိသေးတယ်။ ခင်ဗျား နှစ်ရက်လောက်စောင့်ပေးနိုင်မလား။"

ကျန်ချောင်းက စိတ်ငြိုငြင်ရဲမည်လား။ သူက စိတ်မရှိသည့်အပြင် သူပို၍ပြင်ဆင်ချိန်ရရန် ယွီဝမ်ထုန့်ကိုနှစ်ရက်မျှပင် အချိန်ဆွဲစေချင်သေးသည်။

"ဒါဆို နယ်စောင့်တပ်စခန်းကိုလာဖို့ နောက်နှစ်ရက်နေရင် ကျွန်တော်ကိုယ်တိုင် စစ်သူကြီးကို လာကြိုပါ့မယ်။"

"အလုပ်ရှုပ်စေမိပြီ။"

နယ်စောင့်တပ်စခန်းဆီသို့ ကျန်ချောင်းဖိတ်ခေါ်သည်ကို ယွီဝမ်ထုန်လက်ခံလိုက်ခြင်းအား တွေ့လိုက်သူ ထောင်ဖန်းကလည်း ယွီဝမ်ထုန်နှင့်ဆက်ဆံရေးကောင်းမွန်စေရန် ရုံးတော်သို့ချက်ချင်းဖိတ်ခေါ်သည်။ သို့သော် ယွီဝမ်ထုန်က ဖိတ်ခေါ်မှုကို ငြင်းပယ်ကာ ကြိုဆိုပွဲသို့သာတက်မည်ဟု သဘောတူလိုက်သည်။

'ကြိုဆိုပွဲကိုတက်တာလည်း ကောင်းတာပဲ။' ထောင်ဖန်းက ထိုမျှနှင့်ကျေနပ်ကာ လင်းမိသားစုအား ကျန်ချောင်းနှင့် ငြိမ်းချမ်းရေးမယူရန် မည်သို့နားချရမည်ကို အကြံအချို့ရလိုက်သည်။

ထောင်ဖန်းနှင့် ကျန်ချောင်းကြားမှ ယှဉ်ပြိုင်မှုအား လင်းကျန်နှင့်ယွီဝမ်ထုန်တို့ သတိထားမိကြသည်။

သူတို့၏အစီအစဉ်ကို ထောင်ဖန်းထံမပြောရသည့်အကြောင်းရင်းမှာ ယခုအချိန်၌ သူတို့ကထောင်ဖန်းအား သိပ်မယုံသေးသောကြောင့်ပင်။ ထို့အပြင် ထောင်ဖန်းပိုသောကရောက်လေလေ ကျန်ချောင်းပိုစိတ်ချလေလေ ဖြစ်လိမ့်မည်။ ထောင်ဖန်း၏စိုးရိမ်ပူပန်မှုက ကျန်ချောင်းအား မှားယွင်းစွာယုံကြည်နေစေလိမ့်မည်။

ကျန်ချောင်းနှင့်ထောင်ဖန်းတို့က လင်းမိသားစု၌ နေ့လည်စာစားသွားသည်။ ယွီဝမ်ထုန် စကားမဆက်ချင်တော့သည်ကို သူတို့နှစ်ယောက်လုံးတွေ့သောအခါမှ ပြန်သွားကြသည်။

"နောက်ဆုံးတော့ ပြီးသွားပြီ။" လင်းကျန်က ပြောသည်။ နေ့လည်စာစားနေချိန်တွင် သူကျန်ချောင်းအားသတ်ချင်စိတ်ကို တောက်လျှောက်ချုပ်ထိန်းထားရပြီး ကြွက်သားများတောင့်တင်းနေသည်။

ယွီဝမ်ထုန်က လင်းကျန်သိပ်မစားသည်ကို သတိထားမိသည်။

"မီးဖိုချောင်ကလူတွေကို မင်းအတွက် စားစရာတစ်ချို့ပြင်ခိုင်းလိုက်ပါလား။ နေ့လည်စာစားချိန်တုန်းက မင်းဘာမှသိပ်မစားဘူး။"

လင်းကျန်က ခေါင်းခါသည်။ သူ၏ကိုယ်တွင်းမှ စိုးရိမ်ပူပန်မှုက အစာစားလိုစိတ်ကိုဖျက်ဆီးလိုက်သဖြင့် သူစားချင်စိတ်မရှိပေ။

လင်းကျန်၏ တင်းမာသောမျက်နှာထားအရ မဟာမာန်တောင်ပေါ်မှ အခြေအနေကို စိုးရိမ်နေမှန်း ယွီဝမ်ထုန်သိလိုက်သဖြင့် ကမ်းလှမ်းလိုက်သည်။ "မင်း တအားစိုးရိမ်နေပုံပဲ။ မင်းသွားချင်ရင် ကိုယ်မင်းကို မဟာမာန်တောင်ဆီ လိုက်ပို့ပေးမယ်။"

ကနဦးတွင် လင်းကျန်ဝမ်းသာသွားသော်လည်း သူကစိတ်ထိန်းကာ ခေါင်းခါပြသည်။ "အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ကျွန်တော် ဒီမှာပဲ သတင်းစောင့်ရင်ကောင်းမယ်။"

'ငါအဲ့ကိုသွားပြီး ဘာလုပ်နိုင်မှာမို့လို့လဲ။ ငါက အကူအညီဖြစ်တာထက် အနှောက်အယှက်တစ်ခုပဲ ဖြစ်သွားလောက်တယ်။ ပြီးတော့ ငါ့ရဲ့မိသားစုဝင်တွေက ငါ့ရဲ့ကာကွယ်မှုကိုလိုအပ်တယ်။ ငါ သူတို့ဆီမှာ ဘာမှဖြစ်ပျက်စေလို့ မဖြစ်ဘူး။ ငါ့စိတ်တိုင်းကျ ထွက်မသွားနိုင်ဘူး။' လင်းကျန်ကတွေးသည်။

ကျန်ချောင်းနှင့်ထောင်ဖန်းတို့ ထွက်သွားသည်ကို လင်းကျောက်ဝမ်မြင်ပြီးနောက် ပြန်လာကာပြောသည်။ "စစ်သူကြီး၊ မင်းရှိနေတာကို သူတို့သိသွားပြီ။ ဒါက မင်းရဲ့အစီအစဉ်ကို တစ်နည်းနည်းနဲ့ သက်ရောက်မလား။"

ယွီဝမ်ထုန်က ပြန်ပြောသည်။ "မစိုးရိမ်ပါနဲ့၊ ဦးလေးလင်း။ အားလုံးကို ကျွန်တော်ကြိုတွေးထားပြီးသားပါ။ အဲ့ဒါက ကျွန်တော့်ရဲ့အစီအစဉ်ကို ဘာမှဝင်လွှမ်းမိုးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ နောက်ရက်ပိုင်းအတွင်းမှာ ဦးလေးလင်း အပြင်မသွားသင့်ပါဘူး။ အရေးကြီးကိစ္စပေါ်လို့ ဦးလေးဒီစံအိမ်ထဲကနေ ထွက်သွားရရင် အကာအကွယ်အနေနဲ့ အဖော်ခေါ်သွားပါ။"

လင်းကျောက်ဝမ်က လေးနက်စွာ ခေါင်းညှိတ်သည်။ "ငါ နားလည်ပါတယ်။"

"ဦးလေး၊ ကျွန်တော် ဦးလေးနားမှာနေပါရစေ။" လင်းကျန်က ကမ်းလှမ်းသည်။

"စစ်သူကြီးနဲ့နေ။" ယွီဝမ်ထုန်၏ဘေးရှိနေရာထက် ပိုလုံခြုံသောနေရာမရှိဟု လင်းကျောက်ဝမ်ယုံသဖြင့် သဘောမတူပေ။ လင်းကျန်က ယွီဝမ်ထုန်နှင့်အတူနေလျှင် အကောင်းဆုံးပင်။

"ဒါပေမဲ့..."

"ငါအပြင်သွားဖြစ်ရင် လီဖူနဲ့ အစောင့်နည်းနည်းကို ခေါ်သွားမှာမို့ မင်းငါ့အတွက် စိုးရိမ်စရာမလိုဘူး။" လင်းကျောက်ဝမ်က သူ့စကားကိုဖြတ်ပြောသည်။

သို့သော် လင်းကျန်က သူ့အတွက် စိတ်မပူဘဲ ဘယ်နေမည်နည်း။ "ဦးလေး၊ ကျွန်တော့်ခြံမှာ နောက်နှစ်ရက်လောက် သွားနေပါလား။ ယွီဝမ်ထုန်က ဘေးခြံမှာနေတာ။ ကျွန်တော်တို့တွေ ပိုပြီးနီးနီးစပ်စပ်နေရင် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းဂရုစိုက်ပေးလို့ရတာပေါ့။ အဲ့ဒါဆို ကျွန်တော်လည်း သိပ်စိတ်ပူစရာမလိုတော့ဘူး။"

လင်းကျောက်ဝမ်က အခိုက်အတန့်မျှ တွေးလိုက်သော်လည်း ခေါင်းခါမြဲပင်။ "အဲ့ဒါက အကြံကောင်းမဟုတ်ဘူး။ လက်ရှိမှာ အခြေအနေတည်ငြိမ်ဖို့က အရေးအကြီးဆုံးပဲ။ ငါမင်းရဲ့နေရာဆီကိုပြောင်းလာရင် တစ်ဖက်လူတွေ သံသယဝင်ပြီး ငါတို့အရှုံးပေါ်လိမ့်မယ်။"

"ဦးလေးလင်းပြောတာမှန်တယ်။ အခြေအနေတည်ငြိမ်ဖို့က ပထမဦးစားပေးပဲ။ မင်းအဲ့ဒါကြောင့် သောကရောက်နေရင် ကိုယ့်အစောင့်တွေကို ဦးလေးလင်းအတွက် လျှို့ဝှက်ကာကွယ်ခိုင်းထားလိုက်မယ်။" ယွီဝမ်ထုန်က လင်းကျန်ကိုအသိပေးသည်။

လင်းကျန်က ခေါင်းခါကာ ငြင်းပယ်လိုက်သည်။ ယွီဝမ်ထုန်၏ အစောင့်အများစုမှာ အခြားနေရာများသို့ စေလွှတ်ခံထားရပြီး ပေါက်ကွဲလုနီးပါးအခြေအနေနီးကပ်လာသဖြင့် လွန်ခဲ့သည့်ရက်များက အစောင့်အချို့ ပြန်ရောက်လာသော်ငြား လက်ရှိတွင် ယွီဝမ်ထုန့်ဘေး၌ အစောင့်သုံးယောက်သာရှိသည်။ 'သူတို့က ယွီဝမ်ထုန်နဲ့နေပြီး ကာကွယ်ရမယ်။ ငါ့အဖိုးနဲ့တခြားလူတွေကို ကာကွယ်ပေးဖို့ ရှဲ့ရှီဆိုတဲ့ အစောင့်ကို ငါ'ငှား'ပြီးသွားပြီ။ ငါယွီဝမ်ထုန့်ဆီမှာ နောက်တစ်ယောက် ထပ်တောင်းလို့မဖြစ်ဘူး။' လင်းကျန်ကတွေးသည်။

"ကျွန်တော် ဝမ်တရှန်နဲ့ တခြားလူတစ်ချို့ကို ဦးလေးကိုကာကွယ်ဖို့ ပို့လိုက်မယ်။"

"ငါ့ဆီမှာ ကိုယ်ရေးကိုယ်တာအစောင့်တွေ ရုတ်တရက်ရှိလာရင်လည်း သိသာသွားလိမ့်မယ်။"

"သိသာတဲ့အကြောင်ပြချက်ရှိရင် အဲ့လိုမဖြစ်ပါဘူး။"

*****

လင်းကျန်ဖန်တီးလိုက်သည့် အကြောင်းပြချက်မှာ ရိုးရှင်းကာ တိုက်ရိုက်ကျသည်။ သူက ယွီဝမ်ထုန်၏အစောင့်များထဲမှတစ်ယောက်ကို အမည်းရောက်ဝတ်စုံဝတ်ခိုင်းကာ လင်းကျောက်ဝမ်၏ခြံရှေ့၌ အယောင်ပြစေပြီး အစေခံများထံမြင်စေသည်။

အစေခံများ ထိတ်လန့်ကာ အော်ကြတော့သည်။

သူခိုးဟု ယူဆရသည့် သံသယရှိဖွယ်လူတစ်ယောက်ပေါ်လာရာ လင်းမိသားစုမှလူများက စံအိမ်တစ်ခုလုံးအားရှာကြသည်။ တဖြည်းဖြည်းနှင့် လင်းကျန်က အကြောင်းပြချက်ကောင်းကောင်းပေးကာ  ဝမ်တရှန်နှင့် အစောင့်အချို့ကို လင်းကျောက်ဝမ်အားကာကွယ်ရန် တာဝန်ပေးလိုက်သည်။

ခြံထဲတွင် သံသယရှိဖွယ်ရာလူတစ်ယောက်အားမြင်လိုက်ရသည်ဟု အစေခံတစ်ယောက်ကလာပြောသောအခါ အစောင့်များမှာ စစ်သူကြီးယွီဝမ်အကြောင်း တက်တက်ကြွကြွဆွေးနွေးနေဆဲပင်။ လင်းမိသားစုစံအိမ်ထဲတွင် စစ်သူကြီးယွီဝမ်ရှိနေသေးမှန်း သူတို့သိသဖြင့် သူတို့စိတ်လှုပ်ရှားကာ လင်းမိသားစုနေအိမ် တစ်လက်မချင်းစီတိုင်းကို ရှာကြသည်။ လင်းကျန်က သူတို့ရှာဖွေနေကြပုံကိုကြည့်ကာ နှုတ်ခမ်းထောင့်တွန့်လာသည်။

"သခင်လေး၊ စိတ်ချပါ။ ကျွန်တော်တို့က ဒုသခင်ကြီးကို မျက်စိအောက်ကနေအပျောက်မခံစေရပါဘူး။" ဝမ်တရှန်က လင်းကျန်၏ဆုံးဖြတ်ချက်ကို ကြားရပြီးနောက်ပြောသည်။

"စစ်သူကြီးယွီဝမ်ရှိနေတုန်းမှာတောင် ဒီနေရာကို ဖောက်ထွင်းရဲတဲ့ အဲ့ဒိသူခိုးက ဘယ်သူများလဲ။"

"ကျွန်တော်တိူ့ အဲ့လူကိုရှာမတွေ့ခဲ့ပါဘူး။ သူက စစ်သူကြီးယွီဝမ်ကြောင့် ကြောက်လန့်ပြီးပြေးသွားတာ ဖြစ်ပါလိမ့်မယ်။"

"ကျွန်တော်လည်း အဲ့လိုပဲထင်တယ်။ အဲ့ဒိသူခိုးက ဒီမှာစစ်သူကြီးယွီဝမ်ရောက်နေတယ်ဆိုတာကို သိသွားတာဖြစ်မယ်။"

အစောင့်များအပြင် အစေခံများသည်လည်း ကျိတ်ဆွေးနွေးနေကြသည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ထိုသူခိုးသည် စစ်သူကြီးယွီဝမ်ရှိနေကြောင်း သိသွားသဖြင့် ချက်ချင်းလန့်ကာထွက်ပြေးသွားသည်ဟု သူတို့အားလုံးပြိုင်တူယုံကြည်သွားကြခြင်းပင်။

မည်သို့ပင်ဆိုစေ စစ်သူကြီးယွီဝမ်သည် အထင်ကရသူရဲကောင်းတစ်ယာက်ဖြစ်သည်။ မည်သည့် သူခိုးက စစ်သူကြီးယွီဝမ်ကိုမကြောက်ဘဲနေမည်နည်း။ ထိုသို့သော သူခိုးတစ်ယောက်ရှိလျှင် ၎င်းကကန်းနေခြင်းဖြစ်ရမည်။ ယင်းက ထိုသူခိုးမှ စစ်သူကြီးအားမကြောက်ရသည့် တစ်ခုတည်းသောဖြေရှင်းချက်ပင်။

လင်းမိသားစုမှလူများမှာ အလွန့်အလွန် တက်ကြွနေကြသည်။သူခိုးဟုယူဆရသည့် သံသယရှိဖွယ်လူတစ်ယောက်က ယခုလေးတင် ခြံထဲ၌ပေါ်လာခဲ့သော်လည်း မည်သည့်အစေခံမှကြောက်နေပုံမပေါ်ချေ။ သူတို့အားလုံးက ရင်ကော့၊ ခေါင်းမော့၍ လမ်းလျှောက်နေပြီး မျက်နှာတွင်ကြောက်စိတ်မရှိချေ။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ငါတို႔ဘက္မွာ စစ္သူႀကီးရွိတယ္ေလ။ မင္းဘာေတြ ေၾကာက္ေနတာလဲ။
..................................................................................

႐ုံးေတာ္၏ ေမွာင္မည္းေသာအက်ဥ္းေထာင္ထဲတြင္ စၾကၤံတစ္ေလွ်ာက္ အကြာအေဝးျခား၍ ေနရာခ်ထားေသာ မီးတုတ္မ်ားမွလြဲ၍ ပန္းကန္လုံးတစ္လုံးစာခန့္ ေခ်ာင္းၾကည့္ေပါက္မွသာ အလင္းေရာင္ဝင္နိုင္သည္။ ေနရာတစ္ခုလုံးမွာ စိုထိုင္းကာ အနံ႕အသက္ဆိုး႐ြားသည္။ ဤေနရာ၌ အက်ဥ္းခ်ခံထားရသည့္မည္သူမဆို စိတ္ေသာကေရာက္လိမ့္မည္။

က်ားမိသားစုမွ က်ားယင္၊ သူ႕ဇနီးႏွင့္ ေဆြမ်ိဳးအခ်ိဳ႕သာ ဤေထာင္ထဲတြင္ထိန္းသိမ္းခံထားရသည္။ အျပစ္မရွိေၾကာင္းရွာေတြ႕ထားေသာ အေစခံႏွင့္လက္ပါးေစမ်ားက လြတ္သြားကာ အျပစ္ရွိေၾကာင္းေပၚသြားသူမ်ားသည္လည္း ျပစ္ဒဏ္ခ်ခံရၿပီး အျခားေနရာသို႔ ေျပာင္းေ႐ႊ႕ခံလိုက္ရသည္။ အေစခံႏွင့္လက္ပါးေစမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္သြားသည္ႏွင့္အမွ် သခင္မက်ားႏွင့္အျခားလူမ်ား၏မ်က္ႏွာေပၚမွ စိတ္အားငယ္မႈပိုေလးနက္လာသည္။ ကနဦးတြင္ သူတို႔၌ က်ိန္ဆဲရန္ ခြန္အားက်န္ေသးေသာ္လည္း ရက္အနည္းငယ္ၾကာၿပီးေနာက္ သူတို႔စိတ္တြင္းမွ ေဒါသမွာ အေၾကာက္တရားျဖင့္အစားထိုးခံလိုက္ရၿပီး က်ိန္ဆဲရန္ပင္အင္အားမရွိေတာ့ေပ။

က်ားယင္က သီးျခားအက်ဥ္းခန္းထဲတြင္ ထိန္းသိမ္းခံထားရသည္။ သူက ေသဒဏ္ခ်ခံထားရသည္။ အခ်ိန္က်လာလွ်င္ သူကအစားအေသာက္ေဈးဝင္ေပါက္၌ ေခါင္းျဖတ္ခံရလိမ့္မည္။

သူ႕အားအဆုံးသတ္၌ေစာင့္ေမွ်ာ္ေနသည္မွာ ပူပင္ေသာကပင္။ အခ်ဳပ္က်ေနစဥ္ ကနဦးေန႕ရက္မ်ား၌ က်ားယင္ စိတ္တြင္း၌ မခံမရပ္နိုင္ျဖစ္ေနေစကာမူ ဟန္ေဆာင္နိုင္ေသးသည္။ သို႔ေသာ္ ျပစ္ဒဏ္စီရင္ခံရမည့္ေန႕နီးလာသည္ႏွင့္ သူေၾကာက္စိတ္မႊန္လာေတာ့သည္။

သူ မေသခ်င္ရာ လြတ္ေျမာက္ရန္ႀကိဳးစားခဲ့သည္။

သူက လိမၼာကြၽမ္းက်င္စြာစီမံကာ အက်ဥ္းေထာင္ေစာင့္တစ္ေယာက္ႏွင့္ ဆက္သြယ္နိုင္ခဲ့သည္။ က်ားယင္က ထိုအက်ဥ္းေထာင္ေစာင့္ႏွင့္ စကားေျပာရေသာအခါ သူ၏လြတ္ေျမာက္လိုစိတ္ကိုေဖာ္ျပခဲ့ၿပီး ထိုအက်ဥ္းေထာင္ေစာင့္သာ သူေအာင္ေအာင္ျမင္ျမင္လြတ္ေျမာက္နိုင္ေစရန္ ကူညီေပးလွ်င္ ရတနာမ်ားစြာေပးမည္ဟု ကတိေပးခဲ့သည္။

အက်ဥ္းေထာင္ေစာင့္က သူ႕ကိုမယုံၾကည္ေပ။ 'က်ားမိသားစုရဲ႕ပိုင္ဆိုင္မႈအားလုံးက နိုင္ငံေတာ္ဘ႑ာအျဖစ္ အသိမ္းခံလိုက္ရၿပီေလ။ က်ားယင္က ဘယ္လိုမွ ကတိတည္နိုင္မွာမဟုတ္ဘူး။ ၿပီးေတာ့ က်ားယင္လြတ္ဖို႔ငါကူညီေပးခဲ့တယ္ဆိုတာကိုသာ တစ္ေယာက္ေယာက္သိသြားရင္ ငါျပစ္ဒဏ္စီရင္ခံရလိမ့္မယ္။ ရတနာေတြရေတာ့ေကာ ငါအဲ့ဒါေတြကို ျဖဳန္းနိုင္ေလာက္ေအာင္ အသက္မရွည္ရင္ ဘာအက်ိဳးရွိမွာလဲ။'

သို႔ေသာ္ က်ားယင္က လက္မေလွ်ာ့ေပ။ သူက အက်ဥ္းေထာင္ေစာင့္ ကူညီရန္ ဇြတ္ႀကိဳးစားနားခ်သည္။

"ငါက မင္းရဲ႕ခိုင္လုံမႈကို ေမးခြန္းထုတ္တာမဟုတ္ေပမဲ့ အဓိပ္ပါယ်ရှိတာကိုပဲ ေျပာပါလား။ မင္းမိသားစုရဲ႕ပိုင္ဆိုင္မႈအားလုံး အသိမ္းခံလိုက္ရၿပီ။ မင္းကိုကူညီတဲ့အတြက္ ငါ့ကိုဘာကမ္းလွမ္းနိုင္ဦးမွာမို႔လို႔လဲ။" အက်ဥ္းေထာင္ေစာင့္က စိတ္မရွည္ေတာ့ေပ။

"ငါ့မွာ တျခားကမ္းလွမ္းစရာရွိပါေသးတယ္။ ငါ့ကိုယုံ။ သူတို႔က သူတို႔ရွာေတြ႕ထားတာေတြကိုပဲ သိမ္းသြားတာ။ ငါတျခားေနရာမွာသိမ္းထားတဲ့ ေ႐ႊ၊ေငြ၊ေက်ာက္မ်က္ရတနာေတြ အမ်ားႀကီးရွိေသးတယ္။ မင္းငါ့ကို ဒီေနရာကေနလြတ္ဖို႔ ကူညီေပးတာနဲ႕ ငါအဲ့ဒါေတြကို ဘယ္မွာျမႇုပ္ထားတယ္ဆိုတာ ေျပာျပမယ္။ အဲ့ဒါေတြအားလုံးက မင္းဟာပဲ။" က်ားယင္က အက်ဥ္းေထာင္ေစာင့္၏မယုံၾကည္မႈေလ်ာ့သြားေစရန္ စိုးရိမ္ပူပန္စြာနားခ်သည္။

အက်ဥ္းေထာင္ေစာင့္က သူ႕စကားကိုသိပ္မယုံေပ။ "ဒီေက်ာက္မ်က္ရတနာေတြ တကယ္ရွိသလား၊ မရွိဘူးလားဆိုတာကိုထားဦး၊ အဲ့ဒါေတြရွိေနရင္ေတာင္ မင္းကငါ့ကိုေပးနိုင္တဲ့အထိ ရက္ေရာပါ့မလား။ မင္းက ငါမင္းကိုကူညီေအာင္ လွည့္စားေနတာပဲ။ ငါ့ကိုအ႐ူးမလုပ္နဲ႕။"

"ဆရာရယ္၊ ငါလိမ္ေနတာမဟုတ္ပါဘူး။ ငါမင္းကို ရတနာဖြက္ထားတဲ့တျခားေနရာကို ေျပာျပလို႔ရတယ္။ အဲ့ဒိမွာ ရတနာနည္းေပမဲ့ ေတာ္ေတာ္တန္ဖိုးရွိပါေသးတယ္။ အဲ့ဒါကို စရံေပးတာလို႔ယူဆလိုက္ပါ။ မင္းငါ့ကို ဒီကေနလြတ္ဖို႔ ကူညီၿပီးသြားရင္ ငါရတနာရွိတဲ့တျခားေနရာအေၾကာင္း ေျပာျပမယ္။ ငါဘယ္ေတာ့မွ ကတိမဖ်က္ပါဘူး။ ငါကတိဖ်က္ရင္ မင္း႐ုံးေတာ္ကို တင္ျပၿပီး ငါ့ကိုလိုက္ဖမ္းလို႔ရတာပဲ။ ငါ့ကိုလႊတ္ေပးလိုက္တာက မင္းဆိုတာကို ဘယ္သူမွရွာေတြ႕မွာမဟုတ္ဘူး။ မင္းငါ့ကိုဖမ္းၿပီး ဒီကိုျပန္ေခၚလာရင္ မင္းကိုထူးခြၽန္တယ္ဆိုၿပီး ရာထူးတိုးေပးလိမ့္မယ္။ မင္း အက်ဥ္းေထာင္ေစာင့္ျဖစ္ေတာ့မွာမဟုတ္ဘူး။ မင္း အက်ဥ္းေထာင္ဦးစီးျဖစ္သြားလိမ့္မယ္။ ရဲခ်ဳပ္ေတာင္ျဖစ္သြားနိုင္တယ္။" က်ားယင္က အက်ဥ္းေထာင္ေစာင့္ကို ဆက္လက္နားခ်ရန္ ႀကိဳးစားသည္။

အက်ဥ္းေထာင္ေစာင့္က ႏွာမႈတ္ကာ သူ႕ကိုၾကည့္သည္။ "မင္းသိရမွာက ငါမင္းကိုဖမ္းၿပီးဒီကိုျပန္ေခၚလာရင္ မင္းကိုအရင္သတ္မွရမယ္။ အဲ့ဒါက မင္းငါ့အေၾကာင္းသတင္းမေပးနိုင္မဲ့ တစ္ခုတည္းေသာနည္းလမ္းပဲ။"

ဤစကားကိုၾကားေသာအခါ က်ားယင္က မေၾကာက္ဘဲ စိတ္သက္သာရာပင္ရသြားသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အက်ဥ္းေထာင္ေစာင့္၏စကားက သူစိတ္ပါလာၿပီျဖစ္ေၾကာင္း ၫႊန္ျပေနသည္။

အက်ဥ္းေထာင္ေစာင့္က မသိမသာမ်က္ဆန္လွည့္ကာေျပာသည္။ "ငါ့ကိုေျပာ၊ ရတနာဖြက္ထားတဲ့ ပထမေနရာက ဘယ္မွာလဲ။"

ခ်ိဳ႕ငဲ့ေသာကုလားအုတ္တစ္ေကာင္က ျမင္းတစ္ေကာင္ထက္ ပိုႀကီးေသးသည္။ ထို႔အျပင္ က်ားမိသားစုက ထန္းယန္တြင္အခ်မ္းသာဆုံးမိသားစုမ်ားထဲမွ တစ္ခုျဖစ္သည္။ က်ားယင္၏ေျပာစကားသာမွန္လွ်င္ သူပြေပါက္တိုးျခင္းပင္။

က်ားယင္က အက်ဥ္းေထာင္ေစာင့္ အစာဟပ္လိုက္ၿပီမွန္းသိေသာအခါ မ်ားစြာစိတ္သက္သာရာရကာ သတင္းေပးလိုက္သည္။ "ဒီနားတိုးလာခဲ့။ ငါမင္းကိုေျပာျပမယ္။"

အက်ဥ္းေထာင္ေစာင့္က သံတိုင္နားသို႔ကပ္ကာ ရတနာဖြက္ထားသည့္ ပထမဆုံးေနရာအေၾကာင္း က်ားယင္ေျပာျပသည္ကို နားေထာင္သည္။

အက်ဥ္းေထာင္ေစာင့္၏မ်က္လုံးမ်ား အနည္းငယ္လက္သြားသည္။သူက နားေထာင္ၿပီးေနာက္ ေျပာသည္။ "အဲ့ဒါသာမွန္ရင္ ငါမင္းကို ဒီကေနထြက္လို႔ရေအာင္ ကူညီေပးမယ္။ မဟုတ္ရင္ မင္းခံစားရမဲ့ အက်ိဳးဆက္ကို သိတယ္ေနာ္။ ဘယ္ဥပေဒ၊ ဘာတရားမွ်တမႈမွ မေရာက္နိုင္တဲ့ ဒီအက်ဥ္းေထာင္မွာ ငါမင္းကိုႏွိပ္စက္ဖို႔ နည္းလမ္းေတြအမ်ားႀကီးပဲ။"

"သြားၿပီးသာ တူးၾကည့္လိုက္ပါ။ ငါမင္းကို အမွန္အတိုင္းေျပာျပလိုက္တယ္ဆိုတာကို သိလိမ့္မယ္။" က်ားယင္၏မ်က္ႏွာေပၚတြင္ ေၾကာက္စိတ္မရွိေပ။ သူက ယုံၾကည္ခ်က္ရွိကာ ေအးေဆးေနပုံေပၚသည္။

အက်ဥ္းေထာင္ေစာင့္က သူ၏အမူအရာကိုေတြ႕ေသာအခါ တစ္ဝက္မွ်စိတ္ခ်သြားသည္။

အက်ဥ္းေထာင္ေစာင့္က သူ၏ေထာင္ေခ်ာက္ထဲမွသားေကာင္ျဖစ္သြားၿပီမွန္း က်ားယင္ေတြ႕ေသာအခါ နားလည္ရခက္စြာၿပဳံးသည္။

*****

တစ္ခ်ိန္တည္းမွာပင္ လင္းမိသားစု၌

က်န္ေခ်ာင္းက ယြီဝမ္ထုန္ကို နယ္ေစာင့္တပ္စခန္းသို႔လာလည္ရန္ ဖိတ္သည္။

က်န္ေခ်ာင္းက ယြီဝမ္ထုန္အား နယ္ေစာင့္တပ္စခန္းသို႔ဖိတ္ရဲသည္အထိ သတၱိရွိမည္ဟု လင္းက်န္မယုံနိုင္ေပ။ 'တကယ္လို႔ ယြီဝမ္ထုန္ကဖိတ္ေခၚတာကိုလက္ခံၿပီး အဲ့ကိုသြားရင္ နယ္ေစာင့္တပ္စခန္းရဲ႕ လွ်ို႔ဝွက္ခ်က္ေတြေပၚသြားမွာပဲ။ က်န္ေခ်ာင္းက ဒါကိုဘာလို႔မေၾကာက္တာလဲ။'

လင္းက်န္က ဝိေရာဓိျဖစ္ေနေသာ္လည္း ယြီဝမ္ထုန္က ဘာျဖစ္ပ်က္ေနသည္ကို လုံးဝသတိထားမိသည္။ က်န္ေခ်ာင္းသည္ မေန႕ညကတည္းကပင္ လက္နက္အလုပ္႐ုံတစ္ဝက္ေက်ာ္ကို ေျမျမႇုပ္လိုက္ၿပီး လက္နက္အျပည့္အစုံတပ္ဆင္ထားသည့္တပ္ဖြဲ႕မ်ားေနရန္ တည္ေဆာက္ထားေသာအခန္းမ်ားသို႔သြားသည့္ ဝင္ေပါက္ကိုလည္း ပိတ္ခဲ့သည္။ လက္နက္အျပည့္အစုံတပ္ဆင္ထားသည့္ တပ္ဖြဲ႕မ်ားအားလုံးမွာ တပ္စုအမ်ိဳးမ်ိဳးထံ ေနရာေ႐ႊ႕ခံထားရသည္။ 'က်န္ေခ်ာင္းက ငါ့ကိုရင္ဆိုင္ဖို႔ ေတာ္ေတာ္ဒုကၡခံၿပီး ဒါေတြကိုညတြင္းခ်င္း စီစဥ္ထားတာပဲ။

သူတစ္ညလုံး အလုပ္ရႈပ္ခံထားတာေတာင္ ငါသူ႕ရဲ႕ဖိတ္ေခၚမႈကို လက္မခံရင္ အရွက္ကြဲသြားမဲ့ပုံပဲ။ ကံမေကာင္းတာက  မဟာမာန္ေတာင္ကေန အခ်ိန္မေ႐ြး သတင္းေရာက္လာနိုင္တယ္။ အခုက နယ္ေစာင့္တပ္စခန္းကိုသြားဖို႔ အခ်ိန္ေကာင္းမဟုတ္ဘူး။' ယြီဝမ္ထုန္ကေတြးသည္။

"အခု တပ္မႉးက်န္က ဖိတ္မွေတာ့ ငါမ်က္ႏွာထူထူနဲ႕ပဲ လက္ခံသင့္တယ္ထင္တယ္။ ဒါေပမဲ့ ငါလုပ္ရမဲ့ကိစၥေလးေတြ ရွိေသးတယ္။ ခင္ဗ်ား ႏွစ္ရက္ေလာက္ေစာင့္ေပးနိုင္မလား။"

က်န္ေခ်ာင္းက စိတ္ၿငိဳျငင္ရဲမည္လား။ သူက စိတ္မရွိသည့္အျပင္ သူပို၍ျပင္ဆင္ခ်ိန္ရရန္ ယြီဝမ္ထုန့္ကိုႏွစ္ရက္မွ်ပင္ အခ်ိန္ဆြဲေစခ်င္ေသးသည္။

"ဒါဆို နယ္ေစာင့္တပ္စခန္းကိုလာဖို႔ ေနာက္ႏွစ္ရက္ေနရင္ ကြၽန္ေတာ္ကိုယ္တိုင္ စစ္သူႀကီးကို လာႀကိဳပါ့မယ္။"

"အလုပ္ရႈပ္ေစမိၿပီ။"

နယ္ေစာင့္တပ္စခန္းဆီသို႔ က်န္ေခ်ာင္းဖိတ္ေခၚသည္ကို ယြီဝမ္ထုန္လက္ခံလိုက္ျခင္းအား ေတြ႕လိုက္သူ ေထာင္ဖန္းကလည္း ယြီဝမ္ထုန္ႏွင့္ဆက္ဆံေရးေကာင္းမြန္ေစရန္ ႐ုံးေတာ္သို႔ခ်က္ခ်င္းဖိတ္ေခၚသည္။ သို႔ေသာ္ ယြီဝမ္ထုန္က ဖိတ္ေခၚမႈကို ျငင္းပယ္ကာ ႀကိဳဆိုပြဲသို႔သာတက္မည္ဟု သေဘာတူလိုက္သည္။

'ႀကိဳဆိုပြဲကိုတက္တာလည္း ေကာင္းတာပဲ။' ေထာင္ဖန္းက ထိုမွ်ႏွင့္ေက်နပ္ကာ လင္းမိသားစုအား က်န္ေခ်ာင္းႏွင့္ ၿငိမ္းခ်မ္းေရးမယူရန္ မည္သို႔နားခ်ရမည္ကို အႀကံအခ်ိဳ႕ရလိုက္သည္။

ေထာင္ဖန္းႏွင့္ က်န္ေခ်ာင္းၾကားမွ ယွဥ္ၿပိဳင္မႈအား လင္းက်န္ႏွင့္ယြီဝမ္ထုန္တို႔ သတိထားမိၾကသည္။

သူတို႔၏အစီအစဥ္ကို ေထာင္ဖန္းထံမေျပာရသည့္အေၾကာင္းရင္းမွာ ယခုအခ်ိန္၌ သူတို႔ကေထာင္ဖန္းအား သိပ္မယုံေသးေသာေၾကာင့္ပင္။ ထို႔အျပင္ ေထာင္ဖန္းပိုေသာကေရာက္ေလေလ က်န္ေခ်ာင္းပိုစိတ္ခ်ေလေလ ျဖစ္လိမ့္မည္။ ေထာင္ဖန္း၏စိုးရိမ္ပူပန္မႈက က်န္ေခ်ာင္းအား မွားယြင္းစြာယုံၾကည္ေနေစလိမ့္မည္။

က်န္ေခ်ာင္းႏွင့္ေထာင္ဖန္းတို႔က လင္းမိသားစု၌ ေန႕လည္စာစားသြားသည္။ ယြီဝမ္ထုန္ စကားမဆက္ခ်င္ေတာ့သည္ကို သူတို႔ႏွစ္ေယာက္လုံးေတြ႕ေသာအခါမွ ျပန္သြားၾကသည္။

"ေနာက္ဆုံးေတာ့ ၿပီးသြားၿပီ။" လင္းက်န္က ေျပာသည္။ ေန႕လည္စာစားေနခ်ိန္တြင္ သူက်န္ေခ်ာင္းအားသတ္ခ်င္စိတ္ကို ေတာက္ေလွ်ာက္ခ်ဳပ္ထိန္းထားရၿပီး ႂကြက္သားမ်ားေတာင့္တင္းေနသည္။

ယြီဝမ္ထုန္က လင္းက်န္သိပ္မစားသည္ကို သတိထားမိသည္။

"မီးဖိုေခ်ာင္ကလူေတြကို မင္းအတြက္ စားစရာတစ္ခ်ိဳ႕ျပင္ခိုင္းလိုက္ပါလား။ ေန႕လည္စာစားခ်ိန္တုန္းက မင္းဘာမွသိပ္မစားဘူး။"

လင္းက်န္က ေခါင္းခါသည္။ သူ၏ကိုယ္တြင္းမွ စိုးရိမ္ပူပန္မႈက အစာစားလိုစိတ္ကိုဖ်က္ဆီးလိုက္သျဖင့္ သူစားခ်င္စိတ္မရွိေပ။

လင္းက်န္၏ တင္းမာေသာမ်က္ႏွာထားအရ မဟာမာန္ေတာင္ေပၚမွ အေျခအေနကို စိုးရိမ္ေနမွန္း ယြီဝမ္ထုန္သိလိုက္သျဖင့္ ကမ္းလွမ္းလိုက္သည္။ "မင္း တအားစိုးရိမ္ေနပုံပဲ။ မင္းသြားခ်င္ရင္ ကိုယ္မင္းကို မဟာမာန္ေတာင္ဆီ လိုက္ပို႔ေပးမယ္။"

ကနဦးတြင္ လင္းက်န္ဝမ္းသာသြားေသာ္လည္း သူကစိတ္ထိန္းကာ ေခါင္းခါျပသည္။ "အဲ့လိုလုပ္ဖို႔ မလိုပါဘူး။ ကြၽန္ေတာ္ ဒီမွာပဲ သတင္းေစာင့္ရင္ေကာင္းမယ္။"

'ငါအဲ့ကိုသြားၿပီး ဘာလုပ္နိုင္မွာမို႔လို႔လဲ။ ငါက အကူအညီျဖစ္တာထက္ အႏွောက္အယွက္တစ္ခုပဲ ျဖစ္သြားေလာက္တယ္။ ၿပီးေတာ့ ငါ့ရဲ႕မိသားစုဝင္ေတြက ငါ့ရဲ႕ကာကြယ္မႈကိုလိုအပ္တယ္။ ငါ သူတို႔ဆီမွာ ဘာမွျဖစ္ပ်က္ေစလို႔ မျဖစ္ဘူး။ ငါ့စိတ္တိုင္းက် ထြက္မသြားနိုင္ဘူး။' လင္းက်န္ကေတြးသည္။

က်န္ေခ်ာင္းႏွင့္ေထာင္ဖန္းတို႔ ထြက္သြားသည္ကို လင္းေက်ာက္ဝမ္ျမင္ၿပီးေနာက္ ျပန္လာကာေျပာသည္။ "စစ္သူႀကီး၊ မင္းရွိေနတာကို သူတို႔သိသြားၿပီ။ ဒါက မင္းရဲ႕အစီအစဥ္ကို တစ္နည္းနည္းနဲ႕ သက္ေရာက္မလား။"

ယြီဝမ္ထုန္က ျပန္ေျပာသည္။ "မစိုးရိမ္ပါနဲ႕၊ ဦးေလးလင္း။ အားလုံးကို ကြၽန္ေတာ္ႀကိဳေတြးထားၿပီးသားပါ။ အဲ့ဒါက ကြၽန္ေတာ့္ရဲ႕အစီအစဥ္ကို ဘာမွဝင္လႊမ္းမိုးနိုင္မွာမဟုတ္ဘူး။ ဒါေပမဲ့ ေနာက္ရက္ပိုင္းအတြင္းမွာ ဦးေလးလင္း အျပင္မသြားသင့္ပါဘူး။ အေရးႀကီးကိစၥေပၚလို႔ ဦးေလးဒီစံအိမ္ထဲကေန ထြက္သြားရရင္ အကာအကြယ္အေနနဲ႕ အေဖာ္ေခၚသြားပါ။"

လင္းေက်ာက္ဝမ္က ေလးနက္စြာ ေခါင္းညွိတ္သည္။ "ငါ နားလည္ပါတယ္။"

"ဦးေလး၊ ကြၽန္ေတာ္ ဦးေလးနားမွာေနပါရေစ။" လင္းက်န္က ကမ္းလွမ္းသည္။

"စစ္သူႀကီးနဲ႕ေန။" ယြီဝမ္ထုန္၏ေဘးရွိေနရာထက္ ပိုလုံၿခဳံေသာေနရာမရွိဟု လင္းေက်ာက္ဝမ္ယုံသျဖင့္ သေဘာမတူေပ။ လင္းက်န္က ယြီဝမ္ထုန္ႏွင့္အတူေနလွ်င္ အေကာင္းဆုံးပင္။

"ဒါေပမဲ့..."

"ငါအျပင္သြားျဖစ္ရင္ လီဖူနဲ႕ အေစာင့္နည္းနည္းကို ေခၚသြားမွာမို႔ မင္းငါ့အတြက္ စိုးရိမ္စရာမလိုဘူး။" လင္းေက်ာက္ဝမ္က သူ႕စကားကိုျဖတ္ေျပာသည္။

သို႔ေသာ္ လင္းက်န္က သူ႕အတြက္ စိတ္မပူဘဲ ဘယ္ေနမည္နည္း။ "ဦးေလး၊ ကြၽန္ေတာ့္ၿခံမွာ ေနာက္ႏွစ္ရက္ေလာက္ သြားေနပါလား။ ယြီဝမ္ထုန္က ေဘးၿခံမွာေနတာ။ ကြၽန္ေတာ္တို႔ေတြ ပိုၿပီးနီးနီးစပ္စပ္ေနရင္ တစ္ေယာက္ကိုတစ္ေယာက္ ေကာင္းေကာင္းဂ႐ုစိုက္ေပးလို႔ရတာေပါ့။ အဲ့ဒါဆို ကြၽန္ေတာ္လည္း သိပ္စိတ္ပူစရာမလိုေတာ့ဘူး။"

လင္းေက်ာက္ဝမ္က အခိုက္အတန့္မွ် ေတြးလိုက္ေသာ္လည္း ေခါင္းခါၿမဲပင္။ "အဲ့ဒါက အႀကံေကာင္းမဟုတ္ဘူး။ လက္ရွိမွာ အေျခအေနတည္ၿငိမ္ဖို႔က အေရးအႀကီးဆုံးပဲ။ ငါမင္းရဲ႕ေနရာဆီကိုေျပာင္းလာရင္ တစ္ဖက္လူေတြ သံသယဝင္ၿပီး ငါတို႔အရႈံးေပၚလိမ့္မယ္။"

"ဦးေလးလင္းေျပာတာမွန္တယ္။ အေျခအေနတည္ၿငိမ္ဖို႔က ပထမဦးစားေပးပဲ။ မင္းအဲ့ဒါေၾကာင့္ ေသာကေရာက္ေနရင္ ကိုယ့္အေစာင့္ေတြကို ဦးေလးလင္းအတြက္ လွ်ို႔ဝွက္ကာကြယ္ခိုင္းထားလိုက္မယ္။" ယြီဝမ္ထုန္က လင္းက်န္ကိုအသိေပးသည္။

လင္းက်န္က ေခါင္းခါကာ ျငင္းပယ္လိုက္သည္။ ယြီဝမ္ထုန္၏ အေစာင့္အမ်ားစုမွာ အျခားေနရာမ်ားသို႔ ေစလႊတ္ခံထားရၿပီး ေပါက္ကြဲလုနီးပါးအေျခအေနနီးကပ္လာသျဖင့္ လြန္ခဲ့သည့္ရက္မ်ားက အေစာင့္အခ်ိဳ႕ ျပန္ေရာက္လာေသာ္ျငား လက္ရွိတြင္ ယြီဝမ္ထုန့္ေဘး၌ အေစာင့္သုံးေယာက္သာရွိသည္။ 'သူတို႔က ယြီဝမ္ထုန္နဲ႕ေနၿပီး ကာကြယ္ရမယ္။ ငါ့အဖိုးနဲ႕တျခားလူေတြကို ကာကြယ္ေပးဖို႔ ရွဲ႕ရွီဆိုတဲ့ အေစာင့္ကို ငါ'ငွား'ၿပီးသြားၿပီ။ ငါယြီဝမ္ထုန့္ဆီမွာ ေနာက္တစ္ေယာက္ ထပ္ေတာင္းလို႔မျဖစ္ဘူး။' လင္းက်န္ကေတြးသည္။

"ကြၽန္ေတာ္ ဝမ္တရွန္နဲ႕ တျခားလူတစ္ခ်ိဳ႕ကို ဦးေလးကိုကာကြယ္ဖို႔ ပို႔လိုက္မယ္။"

"ငါ့ဆီမွာ ကိုယ္ေရးကိုယ္တာအေစာင့္ေတြ ႐ုတ္တရက္ရွိလာရင္လည္း သိသာသြားလိမ့္မယ္။"

"သိသာတဲ့အေၾကာင္ျပခ်က္ရွိရင္ အဲ့လိုမျဖစ္ပါဘူး။"

*****

လင္းက်န္ဖန္တီးလိုက္သည့္ အေၾကာင္းျပခ်က္မွာ ရိုးရွင္းကာ တိုက္ရိုက္က်သည္။ သူက ယြီဝမ္ထုန္၏အေစာင့္မ်ားထဲမွတစ္ေယာက္ကို အမည္းေရာက္ဝတ္စုံဝတ္ခိုင္းကာ လင္းေက်ာက္ဝမ္၏ၿခံေရွ႕၌ အေယာင္ျပေစၿပီး အေစခံမ်ားထံျမင္ေစသည္။

အေစခံမ်ား ထိတ္လန့္ကာ ေအာ္ၾကေတာ့သည္။

သူခိုးဟု ယူဆရသည့္ သံသယရွိဖြယ္လူတစ္ေယာက္ေပၚလာရာ လင္းမိသားစုမွလူမ်ားက စံအိမ္တစ္ခုလုံးအားရွာၾကသည္။ တျဖည္းျဖည္းႏွင့္ လင္းက်န္က အေၾကာင္းျပခ်က္ေကာင္းေကာင္းေပးကာ  ဝမ္တရွန္ႏွင့္ အေစာင့္အခ်ိဳ႕ကို လင္းေက်ာက္ဝမ္အားကာကြယ္ရန္ တာဝန္ေပးလိုက္သည္။

ၿခံထဲတြင္ သံသယရွိဖြယ္ရာလူတစ္ေယာက္အားျမင္လိုက္ရသည္ဟု အေစခံတစ္ေယာက္ကလာေျပာေသာအခါ အေစာင့္မ်ားမွာ စစ္သူႀကီးယြီဝမ္အေၾကာင္း တက္တက္ႂကြႂကြေဆြးႏြေးေနဆဲပင္။ လင္းမိသားစုစံအိမ္ထဲတြင္ စစ္သူႀကီးယြီဝမ္ရွိေနေသးမွန္း သူတို႔သိသျဖင့္ သူတို႔စိတ္လႈပ္ရွားကာ လင္းမိသားစုေနအိမ္ တစ္လက္မခ်င္းစီတိုင္းကို ရွာၾကသည္။ လင္းက်န္က သူတို႔ရွာေဖြေနၾကပုံကိုၾကည့္ကာ ႏႈတ္ခမ္းေထာင့္တြန့္လာသည္။

"သခင္ေလး၊ စိတ္ခ်ပါ။ ကြၽန္ေတာ္တို႔က ဒုသခင္ႀကီးကို မ်က္စိေအာက္ကေနအေပ်ာက္မခံေစရပါဘူး။" ဝမ္တရွန္က လင္းက်န္၏ဆုံးျဖတ္ခ်က္ကို ၾကားရၿပီးေနာက္ေျပာသည္။

"စစ္သူႀကီးယြီဝမ္ရွိေနတုန္းမွာေတာင္ ဒီေနရာကို ေဖာက္ထြင္းရဲတဲ့ အဲ့ဒိသူခိုးက ဘယ္သူမ်ားလဲ။"

"ကြၽန္ေတာ္တိူ႕ အဲ့လူကိုရွာမေတြ႕ခဲ့ပါဘူး။ သူက စစ္သူႀကီးယြီဝမ္ေၾကာင့္ ေၾကာက္လန့္ၿပီးေျပးသြားတာ ျဖစ္ပါလိမ့္မယ္။"

"ကြၽန္ေတာ္လည္း အဲ့လိုပဲထင္တယ္။ အဲ့ဒိသူခိုးက ဒီမွာစစ္သူႀကီးယြီဝမ္ေရာက္ေနတယ္ဆိုတာကို သိသြားတာျဖစ္မယ္။"

အေစာင့္မ်ားအျပင္ အေစခံမ်ားသည္လည္း က်ိတ္ေဆြးႏြေးေနၾကသည္။ သို႔ေသာ္ အံ့အားသင့္စရာေကာင္းသည္မွာ ထိုသူခိုးသည္ စစ္သူႀကီးယြီဝမ္ရွိေနေၾကာင္း သိသြားသျဖင့္ ခ်က္ခ်င္းလန့္ကာထြက္ေျပးသြားသည္ဟု သူတို႔အားလုံးၿပိဳင္တူယုံၾကည္သြားၾကျခင္းပင္။

မည္သို႔ပင္ဆိုေစ စစ္သူႀကီးယြီဝမ္သည္ အထင္ကရသူရဲေကာင္းတစ္ယာက္ျဖစ္သည္။ မည္သည့္ သူခိုးက စစ္သူႀကီးယြီဝမ္ကိုမေၾကာက္ဘဲေနမည္နည္း။ ထိုသို႔ေသာ သူခိုးတစ္ေယာက္ရွိလွ်င္ ၎ကကန္းေနျခင္းျဖစ္ရမည္။ ယင္းက ထိုသူခိုးမွ စစ္သူႀကီးအားမေၾကာက္ရသည့္ တစ္ခုတည္းေသာေျဖရွင္းခ်က္ပင္။

လင္းမိသားစုမွလူမ်ားမွာ အလြန့္အလြန္ တက္ႂကြေနၾကသည္။သူခိုးဟုယူဆရသည့္ သံသယရွိဖြယ္လူတစ္ေယာက္က ယခုေလးတင္ ၿခံထဲ၌ေပၚလာခဲ့ေသာ္လည္း မည္သည့္အေစခံမွေၾကာက္ေနပုံမေပၚေခ်။ သူတို႔အားလုံးက ရင္ေကာ့၊ ေခါင္းေမာ့၍ လမ္းေလွ်ာက္ေနၿပီး မ်က္ႏွာတြင္ေၾကာက္စိတ္မရွိေခ်။

Continue Reading

You'll Also Like

93.6K 11.8K 88
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
84.4K 6.7K 144
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
COTAW(2) By Blueberry

Historical Fiction

136K 24.8K 120
Book1က wallထဲမှာရှိပါတယ်နော်
79.8K 9K 119
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...