ရပ်နား / သဘာဝလွန်လောကထဲမှာ ချ...

By cof-fee_cilla

31.3K 5.1K 193

Title - Falling In Love In The Supernatural World Author - 即墨遥 Total Chapters - 47 Genre - Horror, Romance, A... More

Description
Chapter 1 : My Ex-boyfriend
Chapter 2 : Reunion
Chapter 3 : Rainbow Farts
Chapter 4 : The Murderer
Chapter 5 : Ghost? (A)
Chapter 5 : Ghost? (B)
Chapter 6 : Come!
Chapter 7 : He Died (A)
Chapter 7 : He Died (B)
for Part 8
Chapter 8 : Identity
Part 9 : Returning Home
Part 10 : Date (A)
Part 10 : Date (B)
Chapter 10 : Date (C)
Chapter 11 : Mishap (A)
Chapter 11 : Mishap (B)
Chapter 12 : Why Should It? (A)
Chapter 12 : Why Should It? (B)
part 13 ..
Chapter 13 : Summoning Spell (A)
Chapter 13 : Summoning Spell (B)
Update
Chapter 14 : Secret (B)
Chapter 15 : He Came (A)
Chapter 15 : He Came (B)
Chapter 16 : Dealing With It (A)

Chapter 14 : Secret (A)

573 111 5
By cof-fee_cilla

[ Zawgyi ]

.

(မူရင္း ေရးသားသူက ဘယ္လိုေရးထားလဲမသိေပမယ့္ e translatorကေတာ့ နာမ္စားသိပ္မသုံးပဲ နာမည္ေတြပဲ ထပ္ခ်ည္းတလဲလဲ သုံးထားတာမို႔ သူ႔အတိုင္းလိုက္ျပန္တဲ့အခါ ေတာ္ေတာ္ေလး ဖတ္ရတာ ေထာက္ေနပါတယ္.. အဲ့ဒါမို႔ အစ္မက လွ်ာရွည္ၿပီး အခ်ိဳ႕ေနရာေလးေတြမွာ နာမ္စားေလးေတြေျပာင္းထည့္ထားပါတယ္ရွင့္.. နားမလည္ရင္ ေမးၾကပါေနာ္

ၿပီးေတာ့ အပိုင္းကတိုပါတယ္)

ဖန႔္ခ်ဳ အသိျပန္ကပ္သြားကာမွ ျပဳတ္က်လို႔ ခိုင္းမိသြားတဲ့ က်န္းေဖးယြီကို စစ္ေဆးဖို႔ရန္ ေလွကားေအာက္ဘက္ကို အျမန္ေျပးဆင္းရသည္။ က်န္းေဖးယြီ အသက္ရႉေနေသးတာကို ဖန႔္ခ်ဴေတြ႕လိုက္ရသည္..

ဒီေတာ့ သူ(က်န္းေဖးယြီ) အဆင္ေျပႏိုင္ေကာင္းပါတယ္။ သူစိတ္သက္သာရာရစြာ သက္ျပင္းခ်မိလိုက္သည္။

အဲ့ဒီေနာက္ သူအျခားဦးတည္ရာဖက္ကို လွည့္ၾကည့္လိုက္သည္။ ဝမ္ေထာင္က ေအာက္ထပ္ကိုေရာက္ႏွင့္ေနၿပီး အသက္မဲ့စြာထိုင္လို႔ေနပါ၏။

ပိုင္ေရွာင္ရွန္းက စိုးရိမ္ျပင္းျပစြာ အထိန္းအခ်ဳပ္မဲ့လ်က္ သူမေခါင္းကို ခါရမ္းေနသည္။ ႐ုပ္အေလာင္းေပ်ာက္ဆုံးသြားမႈက သူမကို ႐ူးသြပ္လုနီးပါး ျဖစ္သြားေစတယ္ဆိုတာ ထင္ရွားပါသည္။ ဝမ္ဖုန႔္က သူမကို ဖက္ထားကာ တိုးတိုးေလ ႏွစ္သိမ့္ေနၿပီး သူ႔အမူအရာက တကယ္ႀကီး ပူပင္လ်က္..

ဖန႔္ခ်ဴက ပရမ္းပတာေတြၾကားမွာ ေပြ႕ဖက္ေနၾကတဲ့ ထိုသူႏွစ္ေယာက္ကို လွမ္းၾကည့္လိုက္ၿပီးေနာက္ သတိလစ္ေနတဲ့ က်န္းေဖးယြီကို ၾကည့္လိုက္မိသည္။

သူေတြးလိုက္သည္က.. သူတို႔ကို မင္းမျမင္ႏိုင္တာ ေကာင္းပါတယ္ေလ.. မဟုတ္ရင္ အဲ့ဒါက မင္းမ်က္ႏွာကို နာက်င္ေစ႐ုံမက မင္းအသည္းေတြကိုပါ ကြဲသြားေစမွာ..

ပိုင္ေရွာင္ရွန္းက ဝမ္ဖုန႔္ရဲ႕ ႏွစ္သိမ့္အားေပးမႈေတြေၾကာင့္ တျဖည္းျဖည္း တည္ၿငိမ္လာၿပီး ဖန႔္ခ်ဴ သူမတို႔ကို ၾကည့္ေနတာ ျမင္သြားေတာ့မွ သူ႔အၾကည့္ေတြက ခပ္ျမန္ျမန္ ေရွာင္လႊဲရန္အတြက္ ႐ုတ္ကနဲ ဝမ္ဖုန႔္ကို လက္နဲ႔အေဝးတြန္းပို႔ပစ္လိုက္သည္။

ဝမ္ဖုန႔္က ေတာင့္ခဲသြားကာ သူ သူမကို လက္လႊတ္လိုက္တာနဲ႔ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ဟန္ေဆာင္ဖို႔အတြက္ ေခ်ာင္းဟန႔္လိုက္သည္။

ဖန႔္ခ်ဴက တိတ္ဆိတ္ေနလိုက္ပါ၏..

အဲ့ဒီအေၾကာင္းကို ငါသိပ္အမ်ားႀကီး ေတြးမေနပါဘူး.. ဒါေပမယ့္ အခု မင္းတို႔ႏွစ္ေယာက္ကေလ မေတာ္တဆပဲ မင္းတို႔ရဲ႕အခ်စ္ကို ေဖာ္ထုတ္ခံလိုက္ရသလိုႀကီး ျဖစ္ေနတာ.. ငါဘယ္လို ထင္ပစ္လိုက္ရမလဲ..။

ဖန႔္ခ်ဴက ေတာင့္တင္းစြာနဲ႔ သူတို႔ဆီက ထြက္သြားလိုက္ေတာ့သည္။

သူက ပထမဆုံး က်န္းေဖးယြီရဲ႕ မ်က္ႏွာက ေသြးေတြကို သုတ္ေပးလိုက္ၿပီး ေျမျပင္ထက္က ေက်ာက္စိမ္းဆြဲသီးေလးရဲ႕ အပိုင္းအစေတြကို ေကာက္ယူလိုက္သည္။ က်န္းေဖးယြီ ေလွကားေပၚက ျပဳတ္က်ခ်ိန္မွာ သူက ကြမ္ရင္ေက်ာက္စိမ္းဆြဲသီးကို မေတာ္တဆလႊတ္ခ်မိလိုက္တာေၾကာင့္ ေျမျပင္ေပၚ က်သြားတဲ့အခါ အပိုင္းပိုင္းကြဲထြက္သြားခဲ့တာျဖစ္သည္။

Ah, ၾကည့္ရတာ သူတို႔ေတြ မေကာင္းဆိုးဝါးသရဲကို တိုက္ခိုက္ဖို႔အတြက္ ျပင္ဆင္ထားတဲ့ အရာေတြက လုံးဝမထိေရာက္ပုံပဲ..

ငါတို႔ေတြ တကယ္ပဲ ငါတို႔ရဲ႕ေသျခင္းတရားကို ေစာင့္ဆိုင္းေနရတာမ်ိဳး ျဖစ္ေနတာလား? ဖန႔္ခ်ဴစဥ္းစားလိုက္သည္။

ဒါေပမယ့္ ေနာက္ထပ္ထပ္ၿပီး သူတို႔ေတြ အေလာင္းကို ရွာေတြ႕ခဲ့ခ်ိန္ကစလို႔ အခုထိဆို နာရီအနည္းငယ္ရွိသြားခဲ့ၿပီ။ သို႔ေသာ္လည္း ဝမ္ဖုန႔္ေပၚကို ပန္းအိုးျပဳတ္က်လာတာအျပင္ သူတို႔ေတြ အျခား မထိခိုက္ၾကေသးေပ။ (က်န္းေဖးယြီက မေတာ္တဆ ေလွကားကေနျပဳတ္က်တာျဖစ္လို႔ အဲ့ဒါကိုေတာ့ ထည့္မတြက္ေတာ့ဘူး) အမ်ားဆုံးဆိုရင္ မေကာင္းဆိုးဝါးသရဲက မီးသီးလုံးတစ္ခုကို ေပါက္ကြဲေစတာရယ္ TVကို မွိတ္တုတ္ မွိတ္တုတ္နဲ႔ လႈိင္းတြန႔္ေတြျဖစ္ေပၚေစခဲ့တာရယ္နဲ႔ နံရံေပၚကို DIEဆိုတဲ့ စကားလုံး ေရးသားခဲ့႐ုံပဲရွိသည္။ ဆိုလိုတာက တကယ္ႀကီး ရက္စက္ေနတာမဟုတ္ပဲ ထိုအရာက ေလထုကို အရွိန္ျမင့္တက္ေစရန္ ငွားရမ္းထားတဲ့ စိတ္ကူးယဥ္သမားေဟာင္းတစ္ေယာက္ကဲ့သလို ျဖစ္ေန၏။

ေခြၽးယြီရွီရဲ႕ ရက္စက္စြာ ေသဆုံးမႈကို အေျခခံျခင္းအားျဖင့္ သရဲက အနည္းဆုံး လူကိုသတ္ႏိုင္ေလာက္တဲ့ စြမ္းရည္ကို ပိုင္ဆိုင္ထား ထိုအရာရဲ႕ အၾကင္နာတရားေခါင္းပါးၿပီး ႐ိုင္းဆိုင္းမႈက ရွင္းလင္းပါ၏။ သိုေသာ္လည္း ထိုအရာက ဘာလို႔မ်ား သူတို႔ကို ေသးငယ္တဲ့လွည့္ကြက္ေလးေတြနဲ႔ ေျခာက္လွန႔္ကာ ဒီေနရာမွာ ပိတ္ဆို႔ထားရတာလဲ?

ဒါက သရဲရဲ႕ ထူးဆန္းတဲ့ ဝါသနာတစ္ခုမ်ားလား?

ဒါေပမယ့္ အဲ့လိုဆိုရင္ေတာင္မွ horrorပုံျပင္ေတြနဲ႔ ဇာတ္လမ္းေတြမွာ ျဖစ္ပ်က္ေနက်ဟာေတြအရဆို အခုခ်ိန္ဆို ေနာက္ထပ္ ေသတာေတြ ျဖစ္ေနရမွာပဲ.. (ေနာက္ထပ္ ေသေနၾကမွာပဲ)

ဖန႔္ခ်ဴ အလိုေလ်ာက္ ခံစားမိေနတာက ဒီသရဲဟာဆိုရင္ တကယ္လည္း အဲ့ေလာက္ထိေၾကာက္စရာမေကာင္းဘူးလို႔.. သူက ငေပ်ာ့သရဲတစ္ေကာင္ေတာင္ ျဖစ္ေနႏိုင္ၿပီး စီစီ့ထက္ေတာင္ အားနည္းေနေသးတယ္.. ဘာလို႔လဲဆို သူက ပန္းအိုးတစ္လုံးကိုပဲ ေ႐ႊ႕ႏိုင္ျပး မီးသီးေလးတစ္လုံးကိုပဲ ေဖာက္ခြဲႏိုင္ကာ စာလုံးႀကီးႀကီးတစ္လုံးကိုပဲ ေရးႏိုင္ခဲ့တာေလ။

ဟ.. ငါ တကယ္ႀကီး စီစီက အားနည္းတဲ့ သရဲတစ္ေကာင္လို႔ ေတြးေနမိတာလား? ငါ ယြိစစ္က်ယ္နဲ႔ အခ်ိန္ျဖဳန္းတာ မ်ားသြားလို႔ပဲ ျဖစ္ရမယ္..

ဇိမ္ခံသေဘၤာေပၚက ပထမဆုံး လူေသမႈကစလို႔ ဖန႔္ခ်ဴေျပာႏိုင္တာက စီစီက တစ္စုံတစ္ေယာက္ကို တုန႔္ျပန္ခ်ိန္ေတာင္ မေပးပဲ ျမန္ျမန္ဆန္ဆန္ပဲ ႏွိပ္စက္ညႇင္းပန္းႏိုင္ကာ အပိုင္းပိုင္းခုတ္ထစ္ႏိုင္ေပသည္။ စာဖိုမႉးထြက္ေျပးသြားတဲ့ေနာက္ စီစီက အနည္းဆုံး သူမကိုယ္သူမ တစ္ဒါဇင္မက ပြားႏိုင္ၿပီး အင္အားႀကီးမားလာေစခဲ့သည္။ အတိုခ်ဳံ႕ရရင္ျဖင့္ ယြိစစ္က်ယ္သာ အဲ့ဒီမွာ ရွိမေနခဲ့ရင္ စီစီ့စြမ္းရည္နဲ႔ဆို သူမက သေဘၤာတစ္ခုလုံးက လူအားလုံးကို အလြယ္တကူ သတ္ပစ္ႏိုင္ေလာက္ၿပီး ဒီလိုဆို သူမက ေသခ်ာေပါက္ အလြန္အမင္း ရက္စက္ၾကမ္းၾကဳတ္ၿပီး အင္အားႀကီးတဲ့ တေစၦသရဲတစ္ေကာင္ျဖစ္လာခဲ့မွာပဲ!

ဒီႏႈိင္းယွဥ္မႈအရ.. ဒီသရဲက တကယ္ပဲ စီစီေလာက္ ေၾကာက္ဖို႔မေကာင္းေတာ့ပါ။

ဖန႔္ခ်ဴက ဒီေရာက္တတ္ရာရာေတြးေနတုန္းမွာတင္ က်န္းေဖးယြီက အားနည္းစြာ သတိလည္လာခဲ့သည္။ အစိတ္စိတ္ကြဲေၾကေနတဲ့ ေက်ာက္စိမ္းဆြဲသီးေလးကိုျမင္ခ်ိန္မွာေတာ့ သူ႔မ်က္ႏွာက ငိုက္စိုက္က်သြားေလသည္။

က်န္းေဖးယြီမ်က္ႏွာေပၚက ျပဳတ္က်တုန္းကရထားတဲ့ ဒဏ္ရာေတြနဲ႔ ေစာေစာက သူထိုးထားမိတဲ့ ဒဏ္ရာေတြကို ဖန႔္ခ်ဴျမင္ေနရသည္။ သူက ေတာ္ေတာ္ေလး ကံဆိုးေနပုံရကာ ဖန႔္ခ်ဴက စိတ္မေကာင္းျဖစ္သြားလ်က္ သူ႔ကိုႏွစ္သိမ့္လိုက္သည္။

"ဝမ္းမနည္းပါနဲ႔.. ခမ်ား အိမ္ျပန္ေရာက္တဲ့အခါ အျခားဘုရားေက်ာင္းကို သြားၿပီး ေနာက္တစ္ခု ယူလို႔ရတာပဲေလ.. ေနာက္ခါက်ရင္ေတာ့ တကယ္အစြမ္းထက္တာေလးကို ရွာဖို႔သတိရဦး.. ၿပီးေတာ့ ပူေဇာ္ခေပးဖို႔လည္း ဝန္ေလးမေနနဲ႔ဦး"

[ T/N – ဒီေနရာမွာ သူက incense feeလို႔ သုံးထားပါတယ္... ဘုရားေက်ာင္းကို လာေရာက္လည္ပတ္သူေတြ ေပးရတဲ့ အခေၾကးေငြလို႔ ဆိုတယ္ေပါ့ေနာ္.. ဖန႔္ခ်ဴေျပာခ်င္တဲ့ အဓိပၸာယ္အရဆို အစြမ္းထက္ပစၥည္းတစ္ခုခုကို ျပဳလုပ္ေပးေစဖို႔အတြက္ ထိုက္တန္တဲ့အဖိုးအခေပးရသလိုမ်ိဳးမို႔ အစ္မက ပူေဇာ္ခလို႔ ေရးလိုက္ပါတယ္.. ဉာဏ္ပူေဇာ္ခေပါ့ ]

က်န္းေဖးယြီက ႏွာရႈံ႕လ်က္ ဝမ္းနည္းပက္လက္ဆိုလာသည္။

"ေနာက္တစ္ခါဆိုတာ ရွိလာမွာမဟုတ္ပါဘူးကြာ.. ငါ ကဒီမွာပဲ ေသေတာ့မွာေလ. .ၿပီးေတာ့ ေသရင္လည္း ငါက singleနဲ႔virginျဖစ္ေနဦးမွာပဲ"

ဖန႔္ခ်ဴ တိတ္တဆိတ္ ေတြးလိုက္သည္။

ဒါက ေတာ္ေတာ္ေလး ေကာင္းတဲ့ အျမင္ပဲ..

က်န္းေဖးယြီက ပိုင္ေရွာင္ရွန္းကို ဝမ္းနည္းပက္လက္ၾကည့္လိုက္လ်က္

"ငါ့မွာ လုံးဝ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးကြ"

ဖန႔္ခ်ဴလည္းပဲ ဒါက အမွန္ပဲလို႔ ခံစားမိပါတယ္။ သို႔ေသာ္ သူက ေသရေတာ့မယ့္လူေတြအေပၚကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးရမယ္ဆိုတာ သိပါတယ္ေလ။

"ေသခ်ာေပါက္ႀကီးေတာ့ အဲ့လိုမဟုတ္ပါဘူး"

က်န္းေဖးယြီက ေခါင္းရမ္းလိုက္ကာ

"တကယ္ေတာ့ ေရွာင္ရွန္းက အကိုဖုန႔္ကို သေဘာက်ေနေပမယ့္ အၿမဲတမ္း သေဘာမက်သလို ဟန္ေဆာင္ေနမွန္း ငါသိၿပီးသားပါ.. တစ္စုံတစ္ေယာက္က အျခားတစ္ေယာက္ေပၚမွာထားတဲ့ ခံစားခ်က္ေတြနဲ႔ သေဘာက်ႏွစ္လိုမႈေတြကို ေသခ်ာကြယ္ဝွက္ထားဖို႔ ခက္ခဲလြန္းပါတယ္.. အကိုဖုန႔္နဲ႔ စကားေျပာတိုင္း ျဖစ္ေနတဲ့ သူ႔မ်က္ႏွာထားေလးက ငါနဲ႔စကားေျပာေနခ်ိန္ေတြနဲ႔ မတူဘူးကြ..

အစ္မယြီရွီ ဒီမွာ မရွိခင္ထဲက ေရွာင္ရွန္းသူ႔ကို သေဘာက်ေနတယ္ဆိုရင္ေတာင္ အလြန္းဆုံးရွိ crushတစ္ေယာက္အေနနဲ႔ပဲ ျဖစ္လိမ့္မယ္.. ၿပီးေတာ့လည္း အကိုဖုန႔္က သူ႔(ေရွာင္ရွန္း)ခံစားခ်က္ေတြကို တုန႔္ျပန္မွာမဟုတ္လို႔ ဘာမွျဖစ္လာမွမဟုတ္ဘူးရယ္.. ဒါေပမယ့္ အခုက် အစ္မယြီရွီက မေတာ္တဆမႈတစ္ခုမွာ ပါသြားတယ္ဆိုေတာ့ အကိုဖုန႔္က လူလြတ္တစ္ေယာက္ ထပ္ျဖစ္သြားၿပီး.... ငါ လက္ေလွ်ာ့သင့္ေနပါၿပီကြာ.. "

သူ ေလးေလးနက္နက္နဲ႔ စိတ္ပါလက္ပါ စကားေျပာတယ္ဆိုတာ တကယ့္ကို ႀကဳံေတာင့္ႀကဳံခဲႀကီး..။

_______________________________

_______________________________

ဒါေလးက အစ္မ accidentမျဖစ္ခင္က ျပန္ထားတဲ့ လက္စေလးပါ..

ေခါင္းကြဲတဲ့ ဒဏ္က သက္သာသေလာက္ရွိေနေပမယ့္ မူးမူးေနလို႔ စာ႐ိုက္လို႔မရေသးတာနဲ႔ အရမ္းၾကာသြားမွာစိုးလို႔ ၿပီးၿပီးသားေလးလာတင္ေပးတာပါ..

ၾကားထဲ အကိုက္အခဲေပ်ာက္ေဆးေတြ စားေနရလို႔ အစာအိမ္ပါျပန္ေရာင္ၿပီး လူက အားမရွိေနလို႔ အရွိန္ယူေနတာ အစ္မ ေတာ္ေတာ္ေလး သက္သာလာတာနဲ႔ ျပန္လာခဲ့ပါမယ္..

စိတ္ပူေပးၾကလို႔ေရာ နားလည္ၿပီး ေစာင့္ေပးၾကလို႔ေရာ ေက်းဇူးတင္ပါတယ္ေနာ္..

Clickerတို႔ Streamerတို႔အားလုံး Fightingပါရွင္..

_______________________

_______________________

[ Unicode ]

.

(မူရင်း ရေးသားသူက ဘယ်လိုရေးထားလဲမသိပေမယ့် e translatorကတော့ နာမ်စားသိပ်မသုံးပဲ နာမည်တွေပဲ ထပ်ချည်းတလဲလဲ သုံးထားတာမို့ သူ့အတိုင်းလိုက်ပြန်တဲ့အခါ တော်တော်လေး ဖတ်ရတာ ထောက်နေပါတယ်.. အဲ့ဒါမို့ အစ်မက လျှာရှည်ပြီး အချို့နေရာလေးတွေမှာ နာမ်စားလေးတွေပြောင်းထည့်ထားပါတယ်ရှင့်.. နားမလည်ရင် မေးကြပါနော်

ပြီးတော့ အပိုင်းက တိုပါတယ်)

ဖန့်ချု အသိပြန်ကပ်သွားကာမှ ပြုတ်ကျလို့ ခိုင်းမိသွားတဲ့ ကျန်းဖေးယွီကို စစ်ဆေးဖို့ရန် လှေကားအောက်ဘက်ကို အမြန်ပြေးဆင်းရသည်။ ကျန်းဖေးယွီ အသက်ရှူနေသေးတာကို ဖန့်ချူတွေ့လိုက်ရသည်..

ဒီတော့ သူ(ကျန်းဖေးယွီ) အဆင်ပြေနိုင်ကောင်းပါတယ်။ သူစိတ်သက်သာရာရစွာ သက်ပြင်းချမိလိုက်သည်။

အဲ့ဒီနောက် သူအခြားဦးတည်ရာဖက်ကို လှည့်ကြည့်လိုက်သည်။ ဝမ်ထောင်က အောက်ထပ်ကိုရောက်နှင့်နေပြီး အသက်မဲ့စွာထိုင်လို့နေပါ၏။

ပိုင်ရှောင်ရှန်းက စိုးရိမ်ပြင်းပြစွာ အထိန်းအချုပ်မဲ့လျက် သူမခေါင်းကို ခါရမ်းနေသည်။ ရုပ်အလောင်းပျောက်ဆုံးသွားမှုက သူမကို ရူးသွပ်လုနီးပါး ဖြစ်သွားစေတယ်ဆိုတာ ထင်ရှားပါသည်။ ဝမ်ဖုန့်က သူမကို ဖက်ထားကာ တိုးတိုးလေ နှစ်သိမ့်နေပြီး သူ့အမူအရာက တကယ်ကြီး ပူပင်လျက်..

ဖန့်ချူက ပရမ်းပတာတွေကြားမှာ ပွေ့ဖက်နေကြတဲ့ ထိုသူနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီးနောက် သတိလစ်နေတဲ့ ကျန်းဖေးယွီကို ကြည့်လိုက်မိသည်။

သူတွေးလိုက်သည်က.. သူတို့ကို မင်းမမြင်နိုင်တာ ကောင်းပါတယ်လေ.. မဟုတ်ရင် အဲ့ဒါက မင်းမျက်နှာကို နာကျင်စေရုံမက မင်းအသည်းတွေကိုပါ ကွဲသွားစေမှာ..

ပိုင်ရှောင်ရှန်းက ဝမ်ဖုန့်ရဲ့ နှစ်သိမ့်အားပေးမှုတွေကြောင့် တဖြည်းဖြည်း တည်ငြိမ်လာပြီး ဖန့်ချူ သူမတို့ကို ကြည့်နေတာ မြင်သွားတော့မှ သူ့အကြည့်တွေက ခပ်မြန်မြန် ရှောင်လွှဲရန်အတွက် ရုတ်ကနဲ ဝမ်ဖုန့်ကို လက်နဲ့အဝေးတွန်းပို့ပစ်လိုက်သည်။

ဝမ်ဖုန့်က တောင့်ခဲသွားကာ သူ သူမကို လက်လွှတ်လိုက်တာနဲ့ ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ဖို့အတွက် ချောင်းဟန့်လိုက်သည်။

ဖန့်ချူက တိတ်ဆိတ်နေလိုက်ပါ၏..

အဲ့ဒီအကြောင်းကို ငါသိပ်အများကြီး တွေးမနေပါဘူး.. ဒါပေမယ့် အခု မင်းတို့နှစ်ယောက်ကလေ မတော်တဆပဲ မင်းတို့ရဲ့အချစ်ကို ဖော်ထုတ်ခံလိုက်ရသလိုကြီး ဖြစ်နေတာ.. ငါဘယ်လို ထင်ပစ်လိုက်ရမလဲ..။

ဖန့်ချူက တောင့်တင်းစွာနဲ့ သူတို့ဆီက ထွက်သွားလိုက်တော့သည်။

သူက ပထမဆုံး ကျန်းဖေးယွီရဲ့ မျက်နှာက သွေးတွေကို သုတ်ပေးလိုက်ပြီး မြေပြင်ထက်က ကျောက်စိမ်းဆွဲသီးလေးရဲ့ အပိုင်းအစတွေကို ကောက်ယူလိုက်သည်။ ကျန်းဖေးယွီ လှေကားပေါ်က ပြုတ်ကျချိန်မှာ သူက ကွမ်ရင်ကျောက်စိမ်းဆွဲသီးကို မတော်တဆလွှတ်ချမိလိုက်တာကြောင့် မြေပြင်ပေါ် ကျသွားတဲ့အခါ အပိုင်းပိုင်းကွဲထွက်သွားခဲ့တာဖြစ်သည်။

Ah, ကြည့်ရတာ သူတို့တွေ မကောင်းဆိုးဝါးသရဲကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားတဲ့ အရာတွေက လုံးဝမထိရောက်ပုံပဲ..

ငါတို့တွေ တကယ်ပဲ ငါတို့ရဲ့သေခြင်းတရားကို စောင့်ဆိုင်းနေရတာမျိုး ဖြစ်နေတာလား? ဖန့်ချူစဉ်းစားလိုက်သည်။

ဒါပေမယ့် နောက်ထပ်ထပ်ပြီး သူတို့တွေ အလောင်းကို ရှာတွေ့ခဲ့ချိန်ကစလို့ အခုထိဆို နာရီအနည်းငယ်ရှိသွားခဲ့ပြီ။ သို့သော်လည်း ဝမ်ဖုန့်ပေါ်ကို ပန်းအိုးပြုတ်ကျလာတာအပြင် သူတို့တွေ အခြား မထိခိုက်ကြသေးပေ။ (ကျန်းဖေးယွီက မတော်တဆ လှေကားကနေပြုတ်ကျတာဖြစ်လို့ အဲ့ဒါကိုတော့ ထည့်မတွက်တော့ဘူး) အများဆုံးဆိုရင် မကောင်းဆိုးဝါးသရဲက မီးသီးလုံးတစ်ခုကို ပေါက်ကွဲစေတာရယ် TVကို မှိတ်တုတ် မှိတ်တုတ်နဲ့ လှိုင်းတွန့်တွေဖြစ်ပေါ်စေခဲ့တာရယ်နဲ့ နံရံပေါ်ကို DIEဆိုတဲ့ စကားလုံး ရေးသားခဲ့ရုံပဲရှိသည်။ ဆိုလိုတာက တကယ်ကြီး ရက်စက်နေတာမဟုတ်ပဲ ထိုအရာက လေထုကို အရှိန်မြင့်တက်စေရန် ငှားရမ်းထားတဲ့ စိတ်ကူးယဉ်သမားဟောင်းတစ်ယောက်ကဲ့သလို ဖြစ်နေ၏။

ချွေးယွီရှီရဲ့ ရက်စက်စွာ သေဆုံးမှုကို အခြေခံခြင်းအားဖြင့် သရဲက အနည်းဆုံး လူကိုသတ်နိုင်လောက်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထား ထိုအရာရဲ့ အကြင်နာတရားခေါင်းပါးပြီး ရိုင်းဆိုင်းမှုက ရှင်းလင်းပါ၏။ သိုသော်လည်း ထိုအရာက ဘာလို့များ သူတို့ကို သေးငယ်တဲ့လှည့်ကွက်လေးတွေနဲ့ ခြောက်လှန့်ကာ ဒီနေရာမှာ ပိတ်ဆို့ထားရတာလဲ?

ဒါက သရဲရဲ့ ထူးဆန်းတဲ့ ဝါသနာတစ်ခုများလား?

ဒါပေမယ့် အဲ့လိုဆိုရင်တောင်မှ horrorပုံပြင်တွေနဲ့ ဇာတ်လမ်းတွေမှာ ဖြစ်ပျက်နေကျဟာတွေအရဆို အခုချိန်ဆို နောက်ထပ် သေတာတွေ ဖြစ်နေရမှာပဲ.. (နောက်ထပ် သေနေကြမှာပဲ)

ဖန့်ချူ အလိုလျောက် ခံစားမိနေတာက ဒီသရဲဟာဆိုရင် တကယ်လည်း အဲ့လောက်ထိကြောက်စရာမကောင်းဘူးလို့.. သူက ငပျော့သရဲတစ်ကောင်တောင် ဖြစ်နေနိုင်ပြီး စီစီ့ထက်တောင် အားနည်းနေသေးတယ်.. ဘာလို့လဲဆို သူက ပန်းအိုးတစ်လုံးကိုပဲ ရွှေ့နိုင်ပြး မီးသီးလေးတစ်လုံးကိုပဲ ဖောက်ခွဲနိုင်ကာ စာလုံးကြီးကြီးတစ်လုံးကိုပဲ ရေးနိုင်ခဲ့တာလေ။

ဟ.. ငါ တကယ်ကြီး စီစီက အားနည်းတဲ့ သရဲတစ်ကောင်လို့ တွေးနေမိတာလား? ငါ ယွိစစ်ကျယ်နဲ့ အချိန်ဖြုန်းတာ များသွားလို့ပဲ ဖြစ်ရမယ်..

ဇိမ်ခံသင်္ဘောပေါ်က ပထမဆုံး လူသေမှုကစလို့ ဖန့်ချူပြောနိုင်တာက စီစီက တစ်စုံတစ်ယောက်ကို တုန့်ပြန်ချိန်တောင် မပေးပဲ မြန်မြန်ဆန်ဆန်ပဲ နှိပ်စက်ညှင်းပန်းနိုင်ကာ အပိုင်းပိုင်းခုတ်ထစ်နိုင်ပေသည်။ စာဖိုမှူးထွက်ပြေးသွားတဲ့နောက် စီစီက အနည်းဆုံး သူမကိုယ်သူမ တစ်ဒါဇင်မက ပွားနိုင်ပြီး အင်အားကြီးမားလာစေခဲ့သည်။ အတိုချုံ့ရရင်ဖြင့် ယွိစစ်ကျယ်သာ အဲ့ဒီမှာ ရှိမနေခဲ့ရင် စီစီ့စွမ်းရည်နဲ့ဆို သူမက သင်္ဘောတစ်ခုလုံးက လူအားလုံးကို အလွယ်တကူ သတ်ပစ်နိုင်လောက်ပြီး ဒီလိုဆို သူမက သေချာပေါက် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး အင်အားကြီးတဲ့ တစ္ဆေသရဲတစ်ကောင်ဖြစ်လာခဲ့မှာပဲ!

ဒီနှိုင်းယှဉ်မှုအရ.. ဒီသရဲက တကယ်ပဲ စီစီလောက် ကြောက်ဖို့မကောင်းတော့ပါ။

ဖန့်ချူက ဒီရောက်တတ်ရာရာတွေးနေတုန်းမှာတင် ကျန်းဖေးယွီက အားနည်းစွာ သတိလည်လာခဲ့သည်။ အစိတ်စိတ်ကွဲကြေနေတဲ့ ကျောက်စိမ်းဆွဲသီးလေးကိုမြင်ချိန်မှာတော့ သူ့မျက်နှာက ငိုက်စိုက်ကျသွားလေသည်။

ကျန်းဖေးယွီမျက်နှာပေါ်က ပြုတ်ကျတုန်းကရထားတဲ့ ဒဏ်ရာတွေနဲ့ စောစောက သူထိုးထားမိတဲ့ ဒဏ်ရာတွေကို ဖန့်ချူမြင်နေရသည်။ သူက တော်တော်လေး ကံဆိုးနေပုံရကာ ဖန့်ချူက စိတ်မကောင်းဖြစ်သွားလျက် သူ့ကိုနှစ်သိမ့်လိုက်သည်။

"ဝမ်းမနည်းပါနဲ့.. ခများ အိမ်ပြန်ရောက်တဲ့အခါ အခြားဘုရားကျောင်းကို သွားပြီး နောက်တစ်ခု ယူလို့ရတာပဲလေ.. နောက်ခါကျရင်တော့ တကယ်အစွမ်းထက်တာလေးကို ရှာဖို့သတိရဦး.. ပြီးတော့ ပူဇော်ခပေးဖို့လည်း ဝန်လေးမနေနဲ့ဦး"

[ T/N – ဒီနေရာမှာ သူက incense feeလို့ သုံးထားပါတယ်... ဘုရားကျောင်းကို လာရောက်လည်ပတ်သူတွေ ပေးရတဲ့ အခကြေးငွေလို့ ဆိုတယ်ပေါ့နော်.. ဖန့်ချူပြောချင်တဲ့ အဓိပ္ပာယ်အရဆို အစွမ်းထက်ပစ္စည်းတစ်ခုခုကို ပြုလုပ်ပေးစေဖို့အတွက် ထိုက်တန်တဲ့အဖိုးအခပေးရသလိုမျိုးမို့ အစ်မက ပူဇော်ခလို့ ရေးလိုက်ပါတယ်.. ဉာဏ်ပူဇော်ခပေါ့ ]

ကျန်းဖေးယွီက နှာရှုံ့လျက် ဝမ်းနည်းပက်လက်ဆိုလာသည်။

"နောက်တစ်ခါဆိုတာ ရှိလာမှာမဟုတ်ပါဘူးကွာ.. ငါ ကဒီမှာပဲ သေတော့မှာလေ. .ပြီးတော့ သေရင်လည်း ငါက singleနဲ့virginဖြစ်နေဦးမှာပဲ"

ဖန့်ချူ တိတ်တဆိတ် တွေးလိုက်သည်။

ဒါက တော်တော်လေး ကောင်းတဲ့ အမြင်ပဲ..

ကျန်းဖေးယွီက ပိုင်ရှောင်ရှန်းကို ဝမ်းနည်းပက်လက်ကြည့်လိုက်လျက်

"ငါ့မှာ လုံးဝ မျှော်လင့်ချက်မရှိတော့ဘူးကွ"

ဖန့်ချူလည်းပဲ ဒါက အမှန်ပဲလို့ ခံစားမိပါတယ်။ သို့သော် သူက သေရတော့မယ့်လူတွေအပေါ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်ဆိုတာ သိပါတယ်လေ။

"သေချာပေါက်ကြီးတော့ အဲ့လိုမဟုတ်ပါဘူး"

ကျန်းဖေးယွီက ခေါင်းရမ်းလိုက်ကာ

"တကယ်တော့ ရှောင်ရှန်းက အကိုဖုန့်ကို သဘောကျနေပေမယ့် အမြဲတမ်း သဘောမကျသလို ဟန်ဆောင်နေမှန်း ငါသိပြီးသားပါ.. တစ်စုံတစ်ယောက်က အခြားတစ်ယောက်ပေါ်မှာထားတဲ့ ခံစားချက်တွေနဲ့ သဘောကျနှစ်လိုမှုတွေကို သေချာကွယ်ဝှက်ထားဖို့ ခက်ခဲလွန်းပါတယ်.. အကိုဖုန့်နဲ့ စကားပြောတိုင်း ဖြစ်နေတဲ့ သူ့မျက်နှာထားလေးက ငါနဲ့စကားပြောနေချိန်တွေနဲ့ မတူဘူးကွ..

အစ်မယွီရှီ ဒီမှာ မရှိခင်ထဲက ရှောင်ရှန်းသူ့ကို သဘောကျနေတယ်ဆိုရင်တောင် အလွန်းဆုံးရှိ crushတစ်ယောက်အနေနဲ့ပဲ ဖြစ်လိမ့်မယ်.. ပြီးတော့လည်း အကိုဖုန့်က သူ့(ရှောင်ရှန်း)ခံစားချက်တွေကို တုန့်ပြန်မှာမဟုတ်လို့ ဘာမှဖြစ်လာမှမဟုတ်ဘူးရယ်.. ဒါပေမယ့် အခုကျ အစ်မယွီရှီက မတော်တဆမှုတစ်ခုမှာ ပါသွားတယ်ဆိုတော့ အကိုဖုန့်က လူလွတ်တစ်ယောက် ထပ်ဖြစ်သွားပြီး.... ငါ လက်လျှော့သင့်နေပါပြီကွာ.. "

သူ လေးလေးနက်နက်နဲ့ စိတ်ပါလက်ပါ စကားပြောတယ်ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲကြီး..။

_______________________________

_______________________________

ဒါလေးက အစ်မ accidentမဖြစ်ခင်က ပြန်ထားတဲ့ လက်စလေးပါ..

ခေါင်းကွဲတဲ့ ဒဏ်က သက်သာသလောက်ရှိနေပေမယ့် မူးမူးနေလို့ စာရိုက်လို့မရသေးတာနဲ့ အရမ်းကြာသွားမှာစိုးလို့ ပြီးပြီးသားလေးလာတင်ပေးတာပါ..

ကြားထဲ အကိုက်အခဲပျောက်ဆေးတွေ စားနေရလို့ အစာအိမ်ပါပြန်ရောင်ပြီး လူက အားမရှိနေလို့ အရှိန်ယူနေတာ အစ်မ တော်တော်လေး သက်သာလာတာနဲ့ ပြန်လာခဲ့ပါမယ်..

စိတ်ပူပေးကြလို့ရော နားလည်ပြီး စောင့်ပေးကြလို့ရော ကျေးဇူးတင်ပါတယ်နော်..

Clickerတို့ Streamerတို့အားလုံး Fightingပါရှင်..


Continue Reading

You'll Also Like

256K 22.3K 64
ဒီဇာတ္​လမ္​း​ေလး ဘယ္​ကစလဲလို႔​ေျပာရင္​ ရာဇဝင္​​ေတြ သမိုင္​း​ေၾကာင္​း​ေတြကစတယ္​​ေျပာရမွာ​ေပါ့ ဒီဇာတ်​လမ်း​လေး ဘယ်​ကစလဲလို့​ပြောရင်​ ရာဇဝင်​​တွေ သမိုင်...
1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
402K 41K 46
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
488K 88.9K 177
Fan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] ...