မှိုင်းဟန်မြခေတ် {Hiatus}

By _JANE_PESNO_

24.2K 804 63

"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟ... More

အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅

အပိုင်း - ၄

886 28 0
By _JANE_PESNO_

#Unicode

လှပစွာ ပုံဖော်ထားသော ပန်ကိတ်လေးများကို တစ်ခုပေါ်တစ်ခုထပ်ပြီးနောက် အပေါ်မှ ထောပတ်အတုံးသေးလေး ထပ်တင်ရင်း Mitchell မေးလိုက်သည်။

"ပါး..ကျွန်တော့်ကိုခေါ်တာ..ဘာဖြစ်လို့လဲ?"

ထိုအခါ အသည်းပုံစံဖော်ထားသည့် ဖရဲသီးစိတ်လေးများထဲမှ အမည်းရောင်အစေ့လေးများကို ဂရုတစိုက် ဖယ်နေသော Pesnoက လုပ်လက်စအလုပ်ကို မပျက်စေဘဲ မျက်လုံးပင့်ကြည့်လာသည်။

"အကူအညီတောင်းစရာလေးရှိလို့"

Mitchellသည် ချွဲပျစ်ပျစ်ပျားရည်များကို ပန်ကိတ်များပေါ်သို့ ဖြည်းညင်းစွာ လောင်းလိုက်ပြီး ပျားရည်အိုးအသေးလေးကို ဘေးတွင်ပြန်ချလိုက်သည်။

ထို့နောက် အလုပ်သမားများကို ခိုင်း၍ရသည့်အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ အသေးစိတ်လုပ်နေသော Pesnoအား မော့ကြည့်လိုက်သည်။ဖရဲသီး၏အရည်ရွှမ်းမှုက အတော်ကောင်းမွန်သည်ဟု ပြော၍ရကာ အသာလေးဖွပြီး ကိုင်နေသည်ကိုပင် လက်ချောင်းများကို စိုစွတ်သွားစေလေသည်။

Mitchell အသာမျက်မှောင်ကျုံ့လိုက်ရင်း Pesno၏လက်ထဲရှိ ဖရဲသီးစိတ်ကိုယူပြီး ပန်းကန်ထဲ ပြန်ထည့်လိုက်ကာ ဖရဲသီးပန်းကန်တစ်ခုလုံးကို သူ့ဘက်သို့ ဆွဲယူလိုက်သည်။ပြီးနောက် ပန်ကိတ်လှီးသည့်ဓားလေးဖြင့် ပန်ကိတ်ကို အပိုင်းလေးများ အမြန်လှီးလိုက်ပြီး ထိုပန်းကန်ကို Pesno၏အရှေ့သို့ တိုးပေးလိုက်၏။

"ဘယ်လိုအကူအညီမလို့လဲ?"လို့ မေးခွန်းပြန်ထုတ်လိုက်ရင်း ကြည့်ရုံနှင့်ပင် နူးညံ့ပုံပေါက်နေသော ဘေးဘက်ရှိပုဝါအား Mitchell လှမ်းယူလိုက်သည်။

Pesno သူ့ရှေ့သို့ ရောက်လာသည့် အသင့်လှီးပေးထားသော ပန်ကိတ်လေးများကိုကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိ၏။

"မနေ့ညက..Elio ဖုန်းဆက်တယ်..ဟိုအိမ်တော်က နောက်ဆုံးတော့..အကွက်ရွှေ့လာပြီတဲ့"

"ဟိုအိမ်တော်?"

မှတ်မိပုံမပေါ်သော Mitchellကြောင့် Pesno ရှင်းပြရန် လုပ်လိုက်သော်လည်း သူ၏ပြောစကား၌ အာရုံရှိပုံမပေါ်ဘဲ လက်ပေးရန်‌သာ လက်ဟန်လုပ်ပြနေသော သားတော်မောင်၏လက်ထဲသို့ သူ၏လက်ကို အရင်ထည့်ပေးလိုက်သည်။Mitchellသည် သူ၏လက်ကို ပွန်းပဲ့သွားမှာစိုးသယောင် ဖွဖွလေး သုတ်ပေးနေတာကြောင့် Pesnoရယ်ချင်မိသွားရ၏။

သေနတ်အမြဲကိုင်သည့်လက်က အသားမာများပင် တက်နေပြီဖြစ်ကာ မည်သည့်အခြေအနေ၌ဖြစ်နေပါစေ၊ ပွန်းပဲ့နိုင်စရာအကြောင်းမရှိတော့ပေ။

"Mitch..ပါးရဲ့လက်ကို မိန်းမပျိုလေးရဲ့လက်နဲ့များ..မှားနေတာလား?"

"မဟုတ်ပါဘူး..ကျွန်တော်အားထည့်ပြီး သုတ်လိုက်မိရင်..ပါး နာသွားမှာစိုးလို့"

ထိုစကားကြောင့် Pesno၏နှုတ်ခမ်းထောင့်မှာ ပြုံးနေရာကနေ အနည်းငယ် တွန့်သွားရသည်။

"ပါးကလဲ Mitchနဲ့အတူတူ Dominant Alphaတစ်ယောက်ပါပဲကွာ..ဘယ်လိုလုပ် ဒီလိုသုတ်တာလေးကို နာမှာလဲ?..ပါးကို အားနည်းတယ်လို့..ပြောချင်တာလား?"

သူ့စကားအဆုံး မော့ကြည့်လာသော Mitchell၏မျက်လုံးထဲ၌ သဘောမတူဘဲ ငြင်းဆန်သည့်အကြည့်များ ပါဝင်နေ၏။

သူ၏ဘဝတွင် Daddyထက်ပင် ပါးက ပိုစွမ်းအားကြီးသည်ဟု အမြဲတွေးထင်ခဲ့တာဖြစ်သည်။ပါးသည် Dominant Alphaတစ်ယောက်၏အရှိန်အဝါများကို တိုက်ခိုက်သည့်နေရာမှလွဲလျှင် ဘယ်သောအခါမှ ထုတ်သုံးခြင်းမရှိပေ။အမြဲတစေ ပြုံးပြုံးလေးနေတတ်သည့်ပါးက တိုက်ခိုက်မှုဆိုသည်မှာ ဘယ်အရာဟု မသိသည့် လူငယ်လေးတစ်ယောက်နှင့်တူသည်။

သို့သော် ထိုအပြုံးများ၏နောက်ကွယ်တွင် ကောက်ကျစ်လှည့်ဖျားခြင်းများ ရှိနေသည်မှာ အသေအချာပါပင်။

ပါးသည် အသက် ၁၅နှစ်အရွယ်၌ Daddyနှင့်တွေ့ဆုံခဲ့ပြီး အင်္ဂလန်တွင်ရှိသော ဂိုဏ်းအလုပ်များနှင့် ကိစ္စများအားလုံးကို ဘေးဖယ်ကာ Daddyကို ပိုးပန်းရန် အားကြိုးမာန်တက် ကြိုးစားခဲ့သည်ဟု သူ ငယ်စဉ်က ပါးက သဘောတကျ ပြောပြတတ်၏။ထို့အပြင် သူ၏ဘဝအတွေ့အကြုံများကိုပါ နေ့စဥ်‌နေ့တိုင်း တစ်နေ့တစ်မျိုးမရိုးရစေဘဲ ပြောပြတတ်သေးသည်။

ပါးသည် ဗြိတိသျှလူမျိုးဖြစ်ပြီး အသက် ၁၃နှစ်အရွယ်မှာပင် သက်လတ်ပိုင်းလူကြီးများနှင့် ယှဉ်ပြိုင်ပြီး ဂိုဏ်းထဲရှိနေရာအား လုယူနေနိုင်ပြီဖြစ်၏။ဉာဏ်ရည်မှာ ထက်မြက်သည့်အပြင် အမြဲတမ်း ဘာမှမသိသည့် လူငယ်လေးတစ်ယောက်လို ပြုံးပြုံးလေး နေတတ်တာကြောင့် ပြိုင်ဘက်များမှာ ပါး၏အတွေးများကို မခန့်မှန်းနိုင်ကြချေ။

အပြုံးသည် ပါး၏လက်နက်တစ်ခုဟုပြောလည်း မှားသည်တော့ မဟုတ်ပါပေ။

အင်္ဂလန်တွင်တော့ မိသားစု၏အကြီးအကဲမှ မွေးဖွားလာသူကသာ ခေါင်းဆောင်ဖြစ်ရမည်ဟူသော အယူမရှိတာကြောင့် ပါးသည် အပြင်ဘက်မှဝင်လာခြင်းဖြစ်သော်လည်း သူ၏အရည်အချင်းများကြောင့် ခေါင်းဆောင်ရာထူးအား ရရှိခဲ့သည်။သေချာပေါက် ကလေးတစ်ယောက်၏အုပ်ချုပ်ခြင်းကို မခံချင်ကြသော လူတစ်စုကတော့ ပါးကို အမျိုးမျိုး လုပ်ကြံပြီး သူတို့ကသာ ခေါင်းဆောင်ရာထူးကို ရရန် ကြိုးပမ်းခဲ့ကြသည်။

သို့ရာတွင် တစ်ယောက်မှ ပါးကို ထိုရာထူးမှ ဆင်းသွားအောင် မလုပ်နိုင်ခဲ့ပေ။ဤသို့ဖြင့် အသက်၁၄နှစ်ရောက်လာသည့်ပါးက လူငယ်ပီပီ မိန်းမကိစ္စများ ပွေရှုပ်သော လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့သည်။

ပါးသည် Dominant Alphaတစ်ယောက်ဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ အသက်ပြည့်ပြီးသား လူတစ်ယောက်လိုထွားကာ အရှိန်အဝါမှာလည်း ကလေးတစ်ယောက်၏အရှိန်အဝါ လုံးဝမဟုတ်ခဲ့ပေ။ထိုအရာကြောင့်သာ Omegaအလှလေးများကို ဆွဲဆောင်နိုင်ခဲ့ခြင်းပင်။မဟုတ်လျှင် ကလေးတစ်ယောက်ဟုတွေးပြီး ပါးကို လှည့်ကြည့်ကြမည်ပင်မဟုတ်ချေ။

တစ်နေ့၊ ပါးတို့၏ဂိုဏ်းနှင့် မြန်မာနိုင်ငံရှိ ဂိုဏ်းတစ်ခုက အကျိုးတူ လာရောက်ပူးပေါင်းချင်ပါသည်ဟူသည့် အကြံပြုချက်အရ ပါးနှင့်Daddyတို့ ဆုံခဲ့ကြခြင်းဖြစ်သည်။အချစ်ဆိုသည်ကို နားမလည်ဘဲ ပွေရှုပ်ခဲ့သော ပါးမှာ Daddyကို မြင်မြင်ချင်း ချက်ချင်း ပြောင်းလဲသွားတော့သည်။

Daddyက Omegaအလှလေးတွေလို ချဉ်းကပ်ရသည်မှာ မလွယ်ကူခဲ့ဘဲ ပါးကိုယ်တိုင် အလုပ်များကို ပစ်ပြီး Daddyနောက်သို့ ကော်လိုကပ်ကာ လိုက်သွားသည်အထိ Daddyသည် ဆွဲအားပြင်းပြီး ပါးကို လျစ်လျူရှုခဲ့သည်။

စစချင်း၌ Daddyသည် ပါးကို လုံးဝစိတ်မဝင်စားခဲ့ကာ ပွေရှုပ်သည့် ကလေးသာသာလူဆိုပြီး အမှိုက်တစ်ခုလိုသာ ဆက်ဆံခဲ့၏။နောက်ပိုင်းတွင်တော့ Daddyသည် ပါး၏ မြှူဆွယ်နည်းပေါင်းချုပ်ကြီးထဲသို့ ကျဆင်းသွားပြီး ယခုဆိုလျှင် ဘယ်သူက ဘယ်သူ့ကို စ၍ပိုးပန်းခဲ့သလဲဟုပင် ပြန်မေးရသည့်အထိပင်။

ပါးသည် Daddyကိုရသည်နှင့် အင်္ဂလန်ကို ပြန်မသွားတော့ဘဲ Daddy၏အလုပ်များကို တိုးတက်အောင် ကူလုပ်ပေးခဲ့သည်။ထို့အပြင် သူ၏ဂိုဏ်းကိုပါ Daddy၏ဂိုဏ်းနှင့် နှစ်ခုတစ်ခု ပေါင်းပစ်လိုက်ပြီး ကမ္ဘာတစ်ဝှမ်းကို လက်ဝါးကြီးအုပ်တော့၏။နှစ်ယောက်လုံးသည် ထက်မြက်ပြီး သူမတူအောင် ရက်စက်တာကြောင့် အချိန်တိုတွင်း၌ 'Grim Reaper'ဟူသည့် ဂိုဏ်းနာမည်ကို ကြားလျှင်ပင် အများက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ကြသည်အထိ အင်အားကြီးမားလာခဲ့လေသည်။

သူသည် ပါးနှင့်Daddyတို့ နှစ်ယောက်လုံးကို လေးစားအားကျကာ သူတို့နှစ်ယောက်လို လူတစ်ယောက်ဖြစ်လာချင်မိသည်။ထို့ကြောင့် ပါးက ငယ်သေးသည်ဟုပြောပြီး ဂိုဏ်းအတွင်းသို့ မဝင်စေချင်သော်လည်း အသက် ၁၀နှစ်အရွယ်တွင် သူသည် ခေါင်းမာမာနှင့် ဂိုဏ်းအတွင်းသို့ ဝင်ခဲ့သည်။ငယ်စဉ်က ကျန်းမာရေးကြောင့် အနိုင်ကျင့်ခံခဲ့ရသည်များနှင့် ပျော့ညံ့ခဲ့သည့် ကိုယ်ကိုယ်တိုင်ကို ထိုနေ့က ဖျက်ဆီးပစ်ခဲ့ကာ သူသည် ကွဲပြားသွားသည့် လူတစ်ယောက်ဖြစ်လာခဲ့သည်။

Alphaတစ်ယောက်ဟူသည့်ဂုဏ်ပုဒ်ကို မထောက်ဘဲ ကိုယ်တိုင်လွယ်ပြီး မွေးပေးခဲ့သော ပါးကို သူသည် အလွန်မြတ်နိုးသည်။အသက်ကိုပင် အလေးမထားဘဲ သူ့ကိုသာ အသက်ဆက်ရှင်ရန် ကြိုးပမ်းခဲ့သော ပါးမှာ သူ့ဘဝ၏အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။

အသက် ၃၈နှစ်ရှိပြီဖြစ်‌သော ပါးက ယခုအထိ ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်လို ပေါ့ပေါ့ပါးပါးရှိကာ ပါး၏ချောမောမှုများကို အမွေဆက်ခံထားသောသူနှင့် ညီအကိုနှစ်ယောက်ဟု အထင်မှားသည်အထိ နုပျို၏။Daddyက ပါးထက် ၇နှစ်ကြီးကာ ရင့်ကျက်သည့်ပုံမှလွဲလျှင် Daddyသည်လည်း ငယ်ရွယ်နုပျိုသည်ဟု ထင်ရသေးသည်။

ပါးသည် သူ့ကိုမွေးပြီးချိန်မှစပြီး သူ(ပါး)၏ ရွှေအိုရောင်ဆံပင်များကို အရှည်ထားခဲ့ကာ ယခုဆိုလျှင် ခါးလယ်လောက်အထိ ရှည်လျားနေပြီဖြစ်သည်။ကျစ်ဆံမြီးကျစ်ထားသည်ဖြစ်ဖြစ်၊တစ်ဝက်စည်း တစ်ဝက်ချထားသည်ဖြစ်ဖြစ်၊ဒီအတိုင်း ချထားသည်ဖြစ်ဖြစ် ပါးသည် အလွန်ကြည့်ကောင်းလွန်းလှသည်။

ပါးသည် သူ၏စံပြပုဂ္ဂိုလ်ဖြစ်၏။

သန်မာတောင့်တင်းသော ခန္ဓာကိုယ်နှင့် ဘေးနားတွင် ရစ်ဝိုင်းနေသော ယောက်ျားဆန်ဆန် အ‌ငွေ့အသက်များက ပါးကို ပိုမိုကြည့်ကောင်းစေပြီး သူ့အား အလွန်သဝန်တိုစေ၏။Daddyနှင့် သူမှလွဲ၍ ပါးအပေါ်သို့ အကြည့်များရောက်ခြင်းကို သူ လုံးဝသဘောမကျပါချေ။

ပါးသည် သူနှင့်Daddy၏အပိုင်သာဖြစ်၏။တခြားနိမ့်ကျသော လူများက ပါးကိုကြည့်ရန် အခွင့်မရှိပေ။

"Mitch..ပါးပြောနေတာကို ကြားရဲ့လား?"

အတိတ်ကို ပြန်တွေးနေရင်းမှ ပါး၏စကားသံကြောင့် Mitchell ပစ္စုပ္ပန်ကို ပြန်ရောက်လာခဲ့သည်။

"တောင်းပန်ပါတယ် ပါး..မကြားလိုက်မိဘူး"

"ပါးပြောနေတာက..အဲ့အိမ်တော်က အရင်တုန်းက ပါးတို့နဲ့ လုပ်ငန်းတူပူးပေါင်းဖူးတယ်..ဒါပေမဲ့ ရုတ်တရက်ကြီး အဲ့ပရောဂျက်ကို..ကုမ္ပဏီတစ်ခုကို ရောင်းစားလိုက်တာပဲ.."

ထိုအခါ Mitchellက နားမလည်နိုင်သည့်မျက်လုံးများဖြင့် မေးခွန်းထုတ်လာသည်။

"ဘာလို့လဲ?..သေချာပေါက် ပါးတို့နဲ့ ပူးပေါင်းတာက ပိုပြီးအကျိုးအမြတ်ရမှာ..မဟုတ်ဘူးလား?"

ထိုစကားကို ကြားသောအခါ Pesno၏မျက်နှာ၌ အထင်သေးသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"လူတွေရဲ့မနာလိုစိတ်ပေါ့ကွာ..သူတို့က အစောကြီးကတည်းက ပါးတို့နဲ့အကျိုးတူ လာပူးပေါင်းခဲ့တာမဟုတ်ဘူး..ပါးတို့ကို ပျက်စီးစေဖို့ အကြံနဲ့လာခဲ့တာ..ဒါပေမဲ့..သူတို့က စဉ်းစားဉာဏ်၊ဦးနှောက်မရှိဘူးပဲ ပြောရမလား..ပရောဂျက်တစ်ခုလေး ရှုံးသွားတာနဲ့..ပါးတို့က အောက်ဆုံးအထိ ထိုးကျသွားမယ်ထင်နေတာလေ.."

"ဘယ်အချိန်တုန်းက..ဖြစ်သွားခဲ့တာလဲ?"

Mitchell၏အမေးစကားကြောင့် Pesnoက စဉ်းစားဟန် ခဏငြိမ်သွားကာ ခက်ရင်း‌လေးဖြင့် ပန်ကိတ်ကို ထိုးလိုက်ရင်း တစ်ကိုက်စာ စားလိုက်သည်။

"မြေကွက်စီမံကိန်းဆိုတော့..လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဖြစ်မယ်"

"လွန်ခဲ့တဲ့၁ဝနှစ်?"လို့ သံယောင်လိုက်ပြီးနောက် Mitchell မျက်မှောင်ကျုံ့လိုက်မိသည်။

"မှတ်မိသလောက်ဆိုရင်..လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်တော် ဂိုဏ်းထဲစစဝင်ချင်း..အိမ်တော်တစ်ခုကို မီးလောင်ပြီး အကုန်ပျက်စီးသွားအောင် လုပ်ရမယ်ဆိုပြီး အမိန့်ရတဲ့နှစ်ပဲ.."ဆိုပြီး ပြောပြီးသည်နှင့် ကိစ္စများကို ဆက်စပ်မိသွားဟန် Mitchell၏မျက်ဝန်းများမှာ အနည်းငယ် ဝိုင်းစက်သွားသည်။

"မဟုတ်မှ.."

Pesnoက ဂုဏ်ယူသည့် အပြုံးပြုံးထားပြီး Mitchell၏အတွေးများ မှန်ကန်ကြောင်း ခေါင်းညိတ်ပြလာသည်။

"မှန်တယ်..ပါးရဲ့ကလေးလေးက ပါးတို့အတွက် ဂိုဏ်းထဲဝင်ဝင်ချင်း လက်စားချေပေးလိုက်တဲ့ ဂုဏ်ယူစရာကိစ္စလေးပဲ.."လို့ ပြောရင်း Pesnoက Mitchell၏ညာဘက်ပါးကို အုပ်ကိုင်လိုက်သည်။

ကျေနပ်နေသည့် ကျောက်စိမ်းရောင်မျက်ဝန်းများဖြင့် နှုတ်ခမ်းတစ်ဖက်မှာ ကော့ညွှတ်သွားပြီးနောက် Pesnoက ပြောလာ၏။

"အသက် ၁၀နှစ်ပဲရှိသေးတဲ့..ကလေးတစ်ယောက်က သူတို့ရဲ့ကုတ်ခြစ်စုဆောင်းထားရတဲ့..အဖိုးတန်အိမ်တော်ကို ဖျက်ဆီးပစ်တယ်ဆိုတာသိတော့..ဘာဖြစ်သွားလဲသိလား?"

Pesno၏အကြည့်များကို ကြည့်လိုက်ရုံဖြင့် နောက်ဆက်တွဲဘာဖြစ်သွားသည်ကို Mitchell ခန့်မှန်း၍ ရနေပြီဖြစ်သည်။

"တစ်ယောက်ယောက်သေသွားတယ်..ဖြစ်နိုင်တာက စတည်ထောင်ခဲ့တဲ့..အကြီးအကဲ"

"Oh..ပါးရဲ့ကလေးလေးက ဉာဏ်ကောင်းလိုက်တာ..၊ မှန်တယ်..ကလေးပြောသလိုပဲ..စတည်ထောင်ခဲ့တဲ့အဖိုးကြီး heart attackဖြစ်ပြီး တစ်ခါတည်း..ငရဲကို ဆင်းသွားတာ"

Mitchellက နားလည်ကြောင်း ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် ထိုကိစ္စကို စိတ်မဝင်စားဟန် ဖရဲသီးပန်းကန်ဆီသို့ အကြည့်ရွှေ့သွားသည်။ပန်းကန်ထဲရှိ ဖရဲသီးစိတ်တစ်ဝက်လောက်မှာ အစေ့မရှိတော့ကာ နောက်ထပ်တစ်ဝက်ကို အစေ့ထုတ်ရန် ပလတ်စတစ်ဗူးထဲ၌ ထည့်ထားသော ဝါးသွားကြားထိုးတံတစ်‌ချောင်းကို ယူလိုက်သည်။

အသေအချာ အာရုံစိုက်ထားသည့် ကျုံ့ထားသော မျက်ခုံးနှစ်ဖက်က ဖရဲသီးစိတ်ပုံပျက်မသွားစေရန်အတွက် ဘယ်လောက်သတိထားနေကြောင်း ဖော်ပြနေ၏။ထို့အပြင် သူ့အရွယ်အစားနှင့်သူဆိုပါက အသင့်အတင့်ကြီးမားသော ဖရဲသီးစိတ်လေးမှာလည်း ကြီးမားသော လက်ဖဝါး၏အလယ်၌ ရှိနေချိန်တွင် သေးငယ်သွားကာ ထိုဖရဲသီးစိတ်လေးသည် သိမ်ငယ်နေသယောင်ပင်။

ပုံဖော်ထားသည့် ဖရဲသီးစိတ်ထဲမှ အစေ့ဖယ်ရခြင်းသည် အမြင်နှင့်ကြည့်လျှင်သာ လွယ်ကူသော်လည်း အမှန်တကယ် ကိုယ်တိုင်လုပ်ပါက မလွယ်ကူပေ။အထူးသဖြင့် အစေ့မှာ အတွင်းကျကျကို ရောက်ရှိနေလျှင် ပိုဆိုး၏။

မကြာခင်မှာပင် Mitchell၏နှဖူး၌ ချွေးစတို့ ထွက်ပေါ်လာကာ ကျုံ့ထားသော မျက်ခုံးမှာလည်း ပို၍ပင် ကျုံ့လာ‌တော့သည်။

သို့ရာတွင် Pesno၏စကားများကို နားထောင်နေခြင်းအပေါ်၌လည်း အာရုံပျံ့နှံ့သွားခြင်းမရှိဘဲ ကိစ္စနှစ်ခုကို တစ်ပြိုင်နက်တည်း အာရုံစူးစိုက်ထားသည်။အချိန်တစ်ခုကြာသွားပြီးနောက် ပန်းကန်ထဲရှိ ဖရဲသီးစိတ်လေးများမှာ အမည်းရောင်အစေ့များပျောက်ကွယ်သွားပြီး နီနီရဲရဲဖြင့် လှပတင့်တယ်စွာ တည်ရှိနေတော့သည်။

ပန်းကန်ကို Pesnoအရှေ့သို့ ရွှေ့‌ပေးလိုက်ပြီးနောက် ကျေနပ်ဂုဏ်ယူသွားသည့် မျက်နှာထားဖြင့် Mitchell လက်သုတ်လိုက်၏။ဖရဲသီးသည် ပါး၏ အကြိုက်ဆုံး အသီးဖြစ်သည့်အတွက် ယခုလို သူ ဂရုတစိုက် အစေ့ဖယ်ပေးထားသည့် ဖရဲသီးစိတ်လေးများကို သဘောတကျ ပျော်ပျော်ရွှင်ရွှင် စားနေသည်ကို မြင်ရသည်ကပင် သူ့အတွက် အလွန် စိတ်ချမ်းသာစရာကောင်းနေပြီဖြစ်သည်။

"ဒါဆို..ကျွန်တော်က..ခိုးဝင်လာမဲ့သူခိုးကို ရှင်းပစ်ရမှာလား?"

"မလိုဘူး..သူ့ရဲ့နောက်ကြောင်းကို ပါး စုံစမ်းပြီးပြီ၊သေချာပေါက် သူက..ပါးတို့နဲ့ ပူးပေါင်းဖို့လာလိမ့်မယ်.."

ယုံကြည့်ချက်ရှိသည့်မျက်ဝန်းများဖြင့် ပြောလာတာကြောင့် Mitchellနားလည်ကြောင်း ‌အသံပြုလိုက်သည်။ထို့နောက် သူတို့အိမ်တော်ကို ထပ်မံဆွဲချချင်နေသည့် အဆင့်နိမ့်သည့် အိမ်တော်အကြောင်းတွေးမိသောအခါ အထင်မြင်သေးစွာဖြင့် ခနဲ့ဟန် ရယ်လိုက်မိ၏။သို့ရာတွင် ကုန်း‌ကောက်၍မရအောင်ပင် သူ ဖျက်ဆီးခဲ့သည့်အိမ်တော်က အသစ်တစ်ဖန် ပြန်လည်ထူထောင်လာနိုင်သည်ကိုတော့ သူ အသိအမှတ်ပြုသည်။

အကယ်၍ လူတစ်ယောက်သည် အရည်အချင်းရှိပါက ထိုလူက ဘယ်လိုလူဖြစ်နေ‌ပါစေ သူကတော့ အရည်အချင်းစစ်မှန်လျှင် စိတ်ရင်းဖြင့် ချီးကျူးပေးမည်ဖြစ်သည်။သို့သော် အရည်အချင်းကိုသာ ချီးကျူးခြင်းဖြစ်ပြီး စိတ်ဓာတ်ကိုတော့မဟုတ်ပေ။

ယခုလည်း အတိတ်ကဖြစ်ရပ်ကို သင်ခန်းစာမယူဘဲ ထပ်မံလှုပ်ရှားရန် ကြံစည်နေသည်ဟု ထိုအိမ်တော်ထဲသို့ သူတို့ထည့်ထားသည့် သူလျှို၏ပြောစကားအရ သိလိုက်ရသည်။ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ရှည်ကြာသွားသည်ကိုပင် အနှီအိမ်တော်၏ဉာဏ်ရည်မှာ တိုးတက်မလာဘဲ နိမ့်ကျစမြဲသာဖြစ်ပုံရ၏။

Mitchell ပါးကိုမော့ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ယှက်လိုက်ရင်း လှပသော အနီရောင်ပန်းခင်းကြီးကို အကြည့်ပို့လိုက်သည်။ထိုအချိန်တွင် မသိလိုက်ပါဘဲ သူ၏နှုတ်ခမ်းပါးများက အပြုံးတစ်ခုကို ဖန်တီးလိုက်တော့၏။

လှသည်။

ထိုကြီးမားကျယ်ပြန့်ပြီး တင့်တယ်လှသော အနီရောင်ပန်းခင်းကြီးသည် သူတို့၏သခင်အတိုင်း လှပလွန်း၏။

JANE  JANE

________________________________________

#Zawgyi

လွပစြာ ပုံေဖာ္ထားေသာ ပန္ကိတ္ေလးမ်ားကို တစ္ခုေပၚတစ္ခုထပ္ၿပီးေနာက္ အေပၚမွ ေထာပတ္အတုံးေသးေလး ထပ္တင္ရင္း Mitchell ေမးလိုက္သည္။

"ပါး..ကြၽန္ေတာ့္ကိုေခၚတာ..ဘာျဖစ္လို႔လဲ?"

ထိုအခါ အသည္းပုံစံေဖာ္ထားသည့္ ဖရဲသီးစိတ္ေလးမ်ားထဲမွ အမည္းေရာင္အေစ့ေလးမ်ားကို ဂ႐ုတစိုက္ ဖယ္ေနေသာ Pesnoက လုပ္လက္စအလုပ္ကို မပ်က္ေစဘဲ မ်က္လုံးပင့္ၾကည့္လာသည္။

"အကူအညီေတာင္းစရာေလးရွိလို႔"

Mitchellသည္ ခြၽဲပ်စ္ပ်စ္ပ်ားရည္မ်ားကို ပန္ကိတ္မ်ားေပၚသို႔ ျဖည္းညင္းစြာ ေလာင္းလိုက္ၿပီး ပ်ားရည္အိုးအေသးေလးကို ေဘးတြင္ျပန္ခ်လိဳက္သည္။

ထို႔ေနာက္ အလုပ္သမားမ်ားကို ခိုင္း၍ရသည့္အလုပ္ကို ကိုယ္တိုင္ကိုယ္က် အေသးစိတ္လုပ္ေနေသာ Pesnoအား ေမာ့ၾကည့္လိုက္သည္။ဖရဲသီး၏အရည္႐ႊမ္းမႈက အေတာ္ေကာင္းမြန္သည္ဟု ေျပာ၍ရကာ အသာေလးဖြၿပီး ကိုင္ေနသည္ကိုပင္ လက္ေခ်ာင္းမ်ားကို စိုစြတ္သြားေစေလသည္။

Mitchell အသာမ်က္ေမွာင္က်ဳံ႕လိုက္ရင္း Pesno၏လက္ထဲရွိ ဖရဲသီးစိတ္ကိုယူၿပီး ပန္းကန္ထဲ ျပန္ထည့္လိုက္ကာ ဖရဲသီးပန္းကန္တစ္ခုလုံးကို သူ႕ဘက္သို႔ ဆြဲယူလိုက္သည္။ၿပီးေနာက္ ပန္ကိတ္လွီးသည့္ဓားေလးျဖင့္ ပန္ကိတ္ကို အပိုင္းေလးမ်ား အျမန္လွီးလိုက္ၿပီး ထိုပန္းကန္ကို Pesno၏အေရွ႕သို႔ တိုးေပးလိုက္၏။

"ဘယ္လိုအကူအညီမလို႔လဲ?"လို႔ ေမးခြန္းျပန္ထုတ္လိုက္ရင္း ၾကည့္႐ုံႏွင့္ပင္ ႏူးညံ့ပုံေပါက္ေနေသာ ေဘးဘက္ရွိပုဝါအား Mitchell လွမ္းယူလိုက္သည္။

Pesno သူ႕ေရွ႕သို႔ ေရာက္လာသည့္ အသင့္လွီးေပးထားေသာ ပန္ကိတ္ေလးမ်ားကိုၾကည့္ရင္း မေနနိုင္ဘဲ ၿပဳံးလိုက္မိ၏။

"မေန႕ညက..Elio ဖုန္းဆက္တယ္..ဟိုအိမ္ေတာ္က ေနာက္ဆုံးေတာ့..အကြက္ေ႐ႊ႕လာၿပီတဲ့"

"ဟိုအိမ္ေတာ္?"

မွတ္မိပုံမေပၚေသာ Mitchellေၾကာင့္ Pesno ရွင္းျပရန္ လုပ္လိုက္ေသာ္လည္း သူ၏ေျပာစကား၌ အာ႐ုံရွိပုံမေပၚဘဲ လက္ေပးရန္‌သာ လက္ဟန္လုပ္ျပေနေသာ သားေတာ္ေမာင္၏လက္ထဲသို႔ သူ၏လက္ကို အရင္ထည့္ေပးလိုက္သည္။Mitchellသည္ သူ၏လက္ကို ပြန္းပဲ့သြားမွာစိုးသေယာင္ ဖြဖြေလး သုတ္ေပးေနတာေၾကာင့္ Pesnoရယ္ခ်င္မိသြားရ၏။

ေသနတ္အၿမဲကိုင္သည့္လက္က အသားမာမ်ားပင္ တက္ေနၿပီျဖစ္ကာ မည္သည့္အေျခအေန၌ျဖစ္ေနပါေစ၊ ပြန္းပဲ့နိုင္စရာအေၾကာင္းမရွိေတာ့ေပ။

"Mitch..ပါးရဲ႕လက္ကို မိန္းမပ်ိဳေလးရဲ႕လက္နဲ႕မ်ား..မွားေနတာလား?"

"မဟုတ္ပါဘူး..ကြၽန္ေတာ္အားထည့္ၿပီး သုတ္လိုက္မိရင္..ပါး နာသြားမွာစိုးလို႔"

ထိုစကားေၾကာင့္ Pesno၏ႏႈတ္ခမ္းေထာင့္မွာ ၿပဳံးေနရာကေန အနည္းငယ္ တြန႔္သြားရသည္။

"ပါးကလဲ Mitchနဲ႕အတူတူ Dominant Alphaတစ္ေယာက္ပါပဲကြာ..ဘယ္လိုလုပ္ ဒီလိုသုတ္တာေလးကို နာမွာလဲ?..ပါးကို အားနည္းတယ္လို႔..ေျပာခ်င္တာလား?"

သူ႕စကားအဆုံး ေမာ့ၾကည့္လာေသာ Mitchell၏မ်က္လုံးထဲ၌ သေဘာမတူဘဲ ျငင္းဆန္သည့္အၾကည့္မ်ား ပါဝင္ေန၏။

သူ၏ဘဝတြင္ Daddyထက္ပင္ ပါးက ပိုစြမ္းအားႀကီးသည္ဟု အၿမဲေတြးထင္ခဲ့တာျဖစ္သည္။ပါးသည္ Dominant Alphaတစ္ေယာက္၏အရွိန္အဝါမ်ားကို တိုက္ခိုက္သည့္ေနရာမွလြဲလွ်င္ ဘယ္ေသာအခါမွ ထုတ္သုံးျခင္းမရွိေပ။အၿမဲတေစ ၿပဳံးၿပဳံးေလးေနတတ္သည့္ပါးက တိုက္ခိုက္မႈဆိုသည္မွာ ဘယ္အရာဟု မသိသည့္ လူငယ္ေလးတစ္ေယာက္ႏွင့္တူသည္။

သို႔ေသာ္ ထိုအၿပဳံးမ်ား၏ေနာက္ကြယ္တြင္ ေကာက္က်စ္လွည့္ဖ်ားျခင္းမ်ား ရွိေနသည္မွာ အေသအခ်ာပါပင္။

ပါးသည္ အသက္ ၁၅ႏွစ္အ႐ြယ္၌ Daddyႏွင့္ေတြ႕ဆုံခဲ့ၿပီး အဂၤလန္တြင္ရွိေသာ ဂိုဏ္းအလုပ္မ်ားႏွင့္ ကိစၥမ်ားအားလုံးကို ေဘးဖယ္ကာ Daddyကို ပိုးပန္းရန္ အားႀကိဳးမာန္တက္ ႀကိဳးစားခဲ့သည္ဟု သူ ငယ္စဥ္က ပါးက သေဘာတက် ေျပာျပတတ္၏။ထို႔အျပင္ သူ၏ဘဝအေတြ႕အႀကဳံမ်ားကိုပါ ေန႕စဥ္‌ေန႕တိုင္း တစ္ေန႕တစ္မ်ိဳးမရိုးရေစဘဲ ေျပာျပတတ္ေသးသည္။

ပါးသည္ ၿဗိတိသွ်လူမ်ိဳးျဖစ္ၿပီး အသက္ ၁၃ႏွစ္အ႐ြယ္မွာပင္ သက္လတ္ပိုင္းလူႀကီးမ်ားႏွင့္ ယွဥ္ၿပိဳင္ၿပီး ဂိုဏ္းထဲရွိေနရာအား လုယူေနနိုင္ၿပီျဖစ္၏။ဉာဏ္ရည္မွာ ထက္ျမက္သည့္အျပင္ အၿမဲတမ္း ဘာမွမသိသည့္ လူငယ္ေလးတစ္ေယာက္လို ၿပဳံးၿပဳံးေလး ေနတတ္တာေၾကာင့္ ၿပိဳင္ဘက္မ်ားမွာ ပါး၏အေတြးမ်ားကို မခန႔္မွန္းနိုင္ၾကေခ်။

အၿပဳံးသည္ ပါး၏လက္နက္တစ္ခုဟုေျပာလည္း မွားသည္ေတာ့ မဟုတ္ပါေပ။

အဂၤလန္တြင္ေတာ့ မိသားစု၏အႀကီးအကဲမွ ေမြးဖြားလာသူကသာ ေခါင္းေဆာင္ျဖစ္ရမည္ဟူေသာ အယူမရွိတာေၾကာင့္ ပါးသည္ အျပင္ဘက္မွဝင္လာျခင္းျဖစ္ေသာ္လည္း သူ၏အရည္အခ်င္းမ်ားေၾကာင့္ ေခါင္းေဆာင္ရာထူးအား ရရွိခဲ့သည္။ေသခ်ာေပါက္ ကေလးတစ္ေယာက္၏အုပ္ခ်ဳပ္ျခင္းကို မခံခ်င္ၾကေသာ လူတစ္စုကေတာ့ ပါးကို အမ်ိဳးမ်ိဳး လုပ္ႀကံၿပီး သူတို႔ကသာ ေခါင္းေဆာင္ရာထူးကို ရရန္ ႀကိဳးပမ္းခဲ့ၾကသည္။

သို႔ရာတြင္ တစ္ေယာက္မွ ပါးကို ထိုရာထူးမွ ဆင္းသြားေအာင္ မလုပ္နိုင္ခဲ့ေပ။ဤသို႔ျဖင့္ အသက္၁၄ႏွစ္ေရာက္လာသည့္ပါးက လူငယ္ပီပီ မိန္းမကိစၥမ်ား ေပြရႈပ္ေသာ လူငယ္ေလးတစ္ေယာက္ ျဖစ္လာခဲ့သည္။

ပါးသည္ Dominant Alphaတစ္ေယာက္ျဖစ္တာေၾကာင့္ ခႏၶာကိုယ္မွာ အသက္ျပည့္ၿပီးသား လူတစ္ေယာက္လိုထြားကာ အရွိန္အဝါမွာလည္း ကေလးတစ္ေယာက္၏အရွိန္အဝါ လုံးဝမဟုတ္ခဲ့ေပ။ထိုအရာေၾကာင့္သာ Omegaအလွေလးမ်ားကို ဆြဲေဆာင္နိုင္ခဲ့ျခင္းပင္။မဟုတ္လွ်င္ ကေလးတစ္ေယာက္ဟုေတြးၿပီး ပါးကို လွည့္ၾကည့္ၾကမည္ပင္မဟုတ္ေခ်။

တစ္ေန႕၊ ပါးတို႔၏ဂိုဏ္းႏွင့္ ျမန္မာနိုင္ငံရွိ ဂိုဏ္းတစ္ခုက အက်ိဳးတူ လာေရာက္ပူးေပါင္းခ်င္ပါသည္ဟူသည့္ အႀကံျပဳခ်က္အရ ပါးႏွင့္Daddyတို႔ ဆုံခဲ့ၾကျခင္းျဖစ္သည္။အခ်စ္ဆိုသည္ကို နားမလည္ဘဲ ေပြရႈပ္ခဲ့ေသာ ပါးမွာ Daddyကို ျမင္ျမင္ခ်င္း ခ်က္ခ်င္း ေျပာင္းလဲသြားေတာ့သည္။

Daddyက Omegaအလွေလးေတြလို ခ်ဥ္းကပ္ရသည္မွာ မလြယ္ကူခဲ့ဘဲ ပါးကိုယ္တိုင္ အလုပ္မ်ားကို ပစ္ၿပီး Daddyေနာက္သို႔ ေကာ္လိုကပ္ကာ လိုက္သြားသည္အထိ Daddyသည္ ဆြဲအားျပင္းၿပီး ပါးကို လ်စ္လ်ဴရႈခဲ့သည္။

စစခ်င္း၌ Daddyသည္ ပါးကို လုံးဝစိတ္မဝင္စားခဲ့ကာ ေပြရႈပ္သည့္ ကေလးသာသာလူဆိုၿပီး အမွိုက္တစ္ခုလိုသာ ဆက္ဆံခဲ့၏။ေနာက္ပိုင္းတြင္ေတာ့ Daddyသည္ ပါး၏ ျမႇူဆြယ္နည္းေပါင္းခ်ဳပ္ႀကီးထဲသို႔ က်ဆင္းသြားၿပီး ယခုဆိုလွ်င္ ဘယ္သူက ဘယ္သူ႕ကို စ၍ပိုးပန္းခဲ့သလဲဟုပင္ ျပန္ေမးရသည့္အထိပင္။

ပါးသည္ Daddyကိုရသည္ႏွင့္ အဂၤလန္ကို ျပန္မသြားေတာ့ဘဲ Daddy၏အလုပ္မ်ားကို တိုးတက္ေအာင္ ကူလုပ္ေပးခဲ့သည္။ထို႔အျပင္ သူ၏ဂိုဏ္းကိုပါ Daddy၏ဂိုဏ္းႏွင့္ ႏွစ္ခုတစ္ခု ေပါင္းပစ္လိုက္ၿပီး ကမာၻတစ္ဝွမ္းကို လက္ဝါးႀကီးအုပ္ေတာ့၏။ႏွစ္ေယာက္လုံးသည္ ထက္ျမက္ၿပီး သူမတူေအာင္ ရက္စက္တာေၾကာင့္ အခ်ိန္တိုတြင္း၌ 'Grim Reaper'ဟူသည့္ ဂိုဏ္းနာမည္ကို ၾကားလွ်င္ပင္ အမ်ားက ဖိမ့္ဖိမ့္တုန္ေအာင္ ေၾကာက္ၾကသည္အထိ အင္အားႀကီးမားလာခဲ့ေလသည္။

သူသည္ ပါးႏွင့္Daddyတို႔ ႏွစ္ေယာက္လုံးကို ေလးစားအားက်ကာ သူတို႔ႏွစ္ေယာက္လို လူတစ္ေယာက္ျဖစ္လာခ်င္မိသည္။ထို႔ေၾကာင့္ ပါးက ငယ္ေသးသည္ဟုေျပာၿပီး ဂိုဏ္းအတြင္းသို႔ မဝင္ေစခ်င္ေသာ္လည္း အသက္ ၁၀ႏွစ္အ႐ြယ္တြင္ သူသည္ ေခါင္းမာမာႏွင့္ ဂိုဏ္းအတြင္းသို႔ ဝင္ခဲ့သည္။ငယ္စဥ္က က်န္းမာေရးေၾကာင့္ အနိုင္က်င့္ခံခဲ့ရသည္မ်ားႏွင့္ ေပ်ာ့ညံ့ခဲ့သည့္ ကိုယ္ကိုယ္တိုင္ကို ထိုေန႕က ဖ်က္ဆီးပစ္ခဲ့ကာ သူသည္ ကြဲျပားသြားသည့္ လူတစ္ေယာက္ျဖစ္လာခဲ့သည္။

Alphaတစ္ေယာက္ဟူသည့္ဂုဏ္ပုဒ္ကို မေထာက္ဘဲ ကိုယ္တိုင္လြယ္ၿပီး ေမြးေပးခဲ့ေသာ ပါးကို သူသည္ အလြန္ျမတ္နိုးသည္။အသက္ကိုပင္ အေလးမထားဘဲ သူ႕ကိုသာ အသက္ဆက္ရွင္ရန္ ႀကိဳးပမ္းခဲ့ေသာ ပါးမွာ သူ႕ဘဝ၏အဖိုးမျဖတ္နိုင္ေသာ ရတနာတစ္ပါးပင္။

အသက္ ၃၈ႏွစ္ရွိၿပီျဖစ္‌ေသာ ပါးက ယခုအထိ ဆယ္ေက်ာ္သက္ လူငယ္ေလးတစ္ေယာက္လို ေပါ့ေပါ့ပါးပါးရွိကာ ပါး၏ေခ်ာေမာမႈမ်ားကို အေမြဆက္ခံထားေသာသူႏွင့္ ညီအကိုႏွစ္ေယာက္ဟု အထင္မွားသည္အထိ ႏုပ်ိဳ၏။Daddyက ပါးထက္ ၇ႏွစ္ႀကီးကာ ရင့္က်က္သည့္ပုံမွလြဲလွ်င္ Daddyသည္လည္း ငယ္႐ြယ္ႏုပ်ိဳသည္ဟု ထင္ရေသးသည္။

ပါးသည္ သူ႕ကိုေမြးၿပီးခ်ိန္မွစၿပီး သူ(ပါး)၏ ေ႐ႊအိုေရာင္ဆံပင္မ်ားကို အရွည္ထားခဲ့ကာ ယခုဆိုလွ်င္ ခါးလယ္ေလာက္အထိ ရွည္လ်ားေနၿပီျဖစ္သည္။က်စ္ဆံၿမီးက်စ္ထားသည္ျဖစ္ျဖစ္၊တစ္ဝက္စည္း တစ္ဝက္ခ်ထားသည္ျဖစ္ျဖစ္၊ဒီအတိုင္း ခ်ထားသည္ျဖစ္ျဖစ္ ပါးသည္ အလြန္ၾကည့္ေကာင္းလြန္းလွသည္။

ပါးသည္ သူ၏စံျပပုဂၢိဳလ္ျဖစ္၏။

သန္မာေတာင့္တင္းေသာ ခႏၶာကိုယ္ႏွင့္ ေဘးနားတြင္ ရစ္ဝိုင္းေနေသာ ေယာက္်ားဆန္ဆန္ အ‌ေငြ႕အသက္မ်ားက ပါးကို ပိုမိုၾကည့္ေကာင္းေစၿပီး သူ႕အား အလြန္သဝန္တိုေစ၏။Daddyႏွင့္ သူမွလြဲ၍ ပါးအေပၚသို႔ အၾကည့္မ်ားေရာက္ျခင္းကို သူ လုံးဝသေဘာမက်ပါေခ်။

ပါးသည္ သူႏွင့္Daddy၏အပိုင္သာျဖစ္၏။တျခားနိမ့္က်ေသာ လူမ်ားက ပါးကိုၾကည့္ရန္ အခြင့္မရွိေပ။

"Mitch..ပါးေျပာေနတာကို ၾကားရဲ႕လား?"

အတိတ္ကို ျပန္ေတြးေနရင္းမွ ပါး၏စကားသံေၾကာင့္ Mitchell ပစၥဳပၸန္ကို ျပန္ေရာက္လာခဲ့သည္။

"ေတာင္းပန္ပါတယ္ ပါး..မၾကားလိုက္မိဘူး"

"ပါးေျပာေနတာက..အဲ့အိမ္ေတာ္က အရင္တုန္းက ပါးတို႔နဲ႕ လုပ္ငန္းတူပူးေပါင္းဖူးတယ္..ဒါေပမဲ့ ႐ုတ္တရက္ႀကီး အဲ့ပေရာဂ်က္ကို..ကုမၸဏီတစ္ခုကို ေရာင္းစားလိုက္တာပဲ.."

ထိုအခါ Mitchellက နားမလည္နိုင္သည့္မ်က္လုံးမ်ားျဖင့္ ေမးခြန္းထုတ္လာသည္။

"ဘာလို႔လဲ?..ေသခ်ာေပါက္ ပါးတို႔နဲ႕ ပူးေပါင္းတာက ပိုၿပီးအက်ိဳးအျမတ္ရမွာ..မဟုတ္ဘူးလား?"

ထိုစကားကို ၾကားေသာအခါ Pesno၏မ်က္ႏွာ၌ အထင္ေသးသည့္ အၿပဳံးတစ္ခု ျဖစ္ေပၚလာခဲ့သည္။

"လူေတြရဲ႕မနာလိုစိတ္ေပါ့ကြာ..သူတို႔က အေစာႀကီးကတည္းက ပါးတို႔နဲ႕အက်ိဳးတူ လာပူးေပါင္းခဲ့တာမဟုတ္ဘူး..ပါးတို႔ကို ပ်က္စီးေစဖို႔ အႀကံနဲ႕လာခဲ့တာ..ဒါေပမဲ့..သူတို႔က စဥ္းစားဉာဏ္၊ဦးေႏွာက္မရွိဘူးပဲ ေျပာရမလား..ပေရာဂ်က္တစ္ခုေလး ရႈံးသြားတာနဲ႕..ပါးတို႔က ေအာက္ဆုံးအထိ ထိုးက်သြားမယ္ထင္ေနတာေလ.."

"ဘယ္အခ်ိန္တုန္းက..ျဖစ္သြားခဲ့တာလဲ?"

Mitchell၏အေမးစကားေၾကာင့္ Pesnoက စဥ္းစားဟန္ ခဏၿငိမ္သြားကာ ခက္ရင္း‌ေလးျဖင့္ ပန္ကိတ္ကို ထိုးလိုက္ရင္း တစ္ကိုက္စာ စားလိုက္သည္။

"ေျမကြက္စီမံကိန္းဆိုေတာ့..လြန္ခဲ့တဲ့ ၁၀ႏွစ္ေလာက္ကျဖစ္မယ္"

"လြန္ခဲ့တဲ့၁ဝႏွစ္?"လို႔ သံေယာင္လိုက္ၿပီးေနာက္ Mitchell မ်က္ေမွာင္က်ဳံ႕လိုက္မိသည္။

"မွတ္မိသေလာက္ဆိုရင္..လြန္ခဲ့တဲ့ ၁၀ႏွစ္က ကြၽန္ေတာ္ ဂိုဏ္းထဲစစဝင္ခ်င္း..အိမ္ေတာ္တစ္ခုကို မီးေလာင္ၿပီး အကုန္ပ်က္စီးသြားေအာင္ လုပ္ရမယ္ဆိုၿပီး အမိန႔္ရတဲ့ႏွစ္ပဲ.."ဆိုၿပီး ေျပာၿပီးသည္ႏွင့္ ကိစၥမ်ားကို ဆက္စပ္မိသြားဟန္ Mitchell၏မ်က္ဝန္းမ်ားမွာ အနည္းငယ္ ဝိုင္းစက္သြားသည္။

"မဟုတ္မွ.."

Pesnoက ဂုဏ္ယူသည့္ အၿပဳံးၿပဳံးထားၿပီး Mitchell၏အေတြးမ်ား မွန္ကန္ေၾကာင္း ေခါင္းညိတ္ျပလာသည္။

"မွန္တယ္..ပါးရဲ႕ကေလးေလးက ပါးတို႔အတြက္ ဂိုဏ္းထဲဝင္ဝင္ခ်င္း လက္စားေခ်ေပးလိုက္တဲ့ ဂုဏ္ယူစရာကိစၥေလးပဲ.."လို႔ ေျပာရင္း Pesnoက Mitchell၏ညာဘက္ပါးကို အုပ္ကိုင္လိုက္သည္။

ေက်နပ္ေနသည့္ ေက်ာက္စိမ္းေရာင္မ်က္ဝန္းမ်ားျဖင့္ ႏႈတ္ခမ္းတစ္ဖက္မွာ ေကာ့ၫႊတ္သြားၿပီးေနာက္ Pesnoက ေျပာလာ၏။

"အသက္ ၁၀ႏွစ္ပဲရွိေသးတဲ့..ကေလးတစ္ေယာက္က သူတို႔ရဲ႕ကုတ္ျခစ္စုေဆာင္းထားရတဲ့..အဖိုးတန္အိမ္ေတာ္ကို ဖ်က္ဆီးပစ္တယ္ဆိုတာသိေတာ့..ဘာျဖစ္သြားလဲသိလား?"

Pesno၏အၾကည့္မ်ားကို ၾကည့္လိုက္႐ုံျဖင့္ ေနာက္ဆက္တြဲဘာျဖစ္သြားသည္ကို Mitchell ခန႔္မွန္း၍ ရေနၿပီျဖစ္သည္။

"တစ္ေယာက္ေယာက္ေသသြားတယ္..ျဖစ္နိုင္တာက စတည္ေထာင္ခဲ့တဲ့..အႀကီးအကဲ"

"Oh..ပါးရဲ႕ကေလးေလးက ဉာဏ္ေကာင္းလိုက္တာ..၊ မွန္တယ္..ကေလးေျပာသလိုပဲ..စတည္ေထာင္ခဲ့တဲ့အဖိုးႀကီး heart attackျဖစ္ၿပီး တစ္ခါတည္း..ငရဲကို ဆင္းသြားတာ"

Mitchellက နားလည္ေၾကာင္း ေခါင္းတစ္ခ်က္ညိတ္ျပၿပီးေနာက္ ထိုကိစၥကို စိတ္မဝင္စားဟန္ ဖရဲသီးပန္းကန္ဆီသို႔ အၾကည့္ေ႐ႊ႕သြားသည္။ပန္းကန္ထဲရွိ ဖရဲသီးစိတ္တစ္ဝက္ေလာက္မွာ အေစ့မရွိေတာ့ကာ ေနာက္ထပ္တစ္ဝက္ကို အေစ့ထုတ္ရန္ ပလတ္စတစ္ဗူးထဲ၌ ထည့္ထားေသာ ဝါးသြားၾကားထိုးတံတစ္‌ေခ်ာင္းကို ယူလိုက္သည္။

အေသအခ်ာ အာ႐ုံစိုက္ထားသည့္ က်ဳံ႕ထားေသာ မ်က္ခုံးႏွစ္ဖက္က ဖရဲသီးစိတ္ပုံပ်က္မသြားေစရန္အတြက္ ဘယ္ေလာက္သတိထားေနေၾကာင္း ေဖာ္ျပေန၏။ထို႔အျပင္ သူ႕အ႐ြယ္အစားႏွင့္သူဆိုပါက အသင့္အတင့္ႀကီးမားေသာ ဖရဲသီးစိတ္ေလးမွာလည္း ႀကီးမားေသာ လက္ဖဝါး၏အလယ္၌ ရွိေနခ်ိန္တြင္ ေသးငယ္သြားကာ ထိုဖရဲသီးစိတ္ေလးသည္ သိမ္ငယ္ေနသေယာင္ပင္။

ပုံေဖာ္ထားသည့္ ဖရဲသီးစိတ္ထဲမွ အေစ့ဖယ္ရျခင္းသည္ အျမင္ႏွင့္ၾကည့္လွ်င္သာ လြယ္ကူေသာ္လည္း အမွန္တကယ္ ကိုယ္တိုင္လုပ္ပါက မလြယ္ကူေပ။အထူးသျဖင့္ အေစ့မွာ အတြင္းက်က်ကိဳ ေရာက္ရွိေနလွ်င္ ပိုဆိုး၏။

မၾကာခင္မွာပင္ Mitchell၏ႏွဖူး၌ ေခြၽးစတို႔ ထြက္ေပၚလာကာ က်ဳံ႕ထားေသာ မ်က္ခုံးမွာလည္း ပို၍ပင္ က်ဳံ႕လာ‌ေတာ့သည္။

သို႔ရာတြင္ Pesno၏စကားမ်ားကို နားေထာင္ေနျခင္းအေပၚ၌လည္း အာ႐ုံပ်ံ့ႏွံ႕သြားျခင္းမရွိဘဲ ကိစၥႏွစ္ခုကို တစ္ၿပိဳင္နက္တည္း အာ႐ုံစူးစိုက္ထားသည္။အခ်ိန္တစ္ခုၾကာသြားၿပီးေနာက္ ပန္းကန္ထဲရွိ ဖရဲသီးစိတ္ေလးမ်ားမွာ အမည္းေရာင္အေစ့မ်ားေပ်ာက္ကြယ္သြားၿပီး နီနီရဲရဲျဖင့္ လွပတင့္တယ္စြာ တည္ရွိေနေတာ့သည္။

ပန္းကန္ကို Pesnoအေရွ႕သို႔ ေ႐ႊ႕‌ေပးလိုက္ၿပီးေနာက္ ေက်နပ္ဂုဏ္ယူသြားသည့္ မ်က္ႏွာထားျဖင့္ Mitchell လက္သုတ္လိုက္၏။ဖရဲသီးသည္ ပါး၏ အႀကိဳက္ဆုံး အသီးျဖစ္သည့္အတြက္ ယခုလို သူ ဂ႐ုတစိုက္ အေစ့ဖယ္ေပးထားသည့္ ဖရဲသီးစိတ္ေလးမ်ားကို သေဘာတက် ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားေနသည္ကို ျမင္ရသည္ကပင္ သူ႕အတြက္ အလြန္ စိတ္ခ်မ္းသာစရာေကာင္းေနၿပီျဖစ္သည္။

"ဒါဆို..ကြၽန္ေတာ္က..ခိုးဝင္လာမဲ့သူခိုးကို ရွင္းပစ္ရမွာလား?"

"မလိုဘူး..သူ႕ရဲ႕ေနာက္ေၾကာင္းကို ပါး စုံစမ္းၿပီးၿပီ၊ေသခ်ာေပါက္ သူက..ပါးတို႔နဲ႕ ပူးေပါင္းဖို႔လာလိမ့္မယ္.."

ယုံၾကည့္ခ်က္ရွိသည့္မ်က္ဝန္းမ်ားျဖင့္ ေျပာလာတာေၾကာင့္ Mitchellနားလည္ေၾကာင္း ‌အသံျပဳလိုက္သည္။ထို႔ေနာက္ သူတို႔အိမ္ေတာ္ကို ထပ္မံဆြဲခ်ခ်င္ေနသည့္ အဆင့္နိမ့္သည့္ အိမ္ေတာ္အေၾကာင္းေတြးမိေသာအခါ အထင္ျမင္ေသးစြာျဖင့္ ခနဲ႕ဟန္ ရယ္လိုက္မိ၏။သို႔ရာတြင္ ကုန္း‌ေကာက္၍မရေအာင္ပင္ သူ ဖ်က္ဆီးခဲ့သည့္အိမ္ေတာ္က အသစ္တစ္ဖန္ ျပန္လည္ထူေထာင္လာနိုင္သည္ကိုေတာ့ သူ အသိအမွတ္ျပဳသည္။

အကယ္၍ လူတစ္ေယာက္သည္ အရည္အခ်င္းရွိပါက ထိုလူက ဘယ္လိုလူျဖစ္ေန‌ပါေစ သူကေတာ့ အရည္အခ်င္းစစ္မွန္လွ်င္ စိတ္ရင္းျဖင့္ ခ်ီးက်ဴးေပးမည္ျဖစ္သည္။သို႔ေသာ္ အရည္အခ်င္းကိုသာ ခ်ီးက်ဴးျခင္းျဖစ္ၿပီး စိတ္ဓာတ္ကိုေတာ့မဟုတ္ေပ။

ယခုလည္း အတိတ္ကျဖစ္ရပ္ကို သင္ခန္းစာမယူဘဲ ထပ္မံလႈပ္ရွားရန္ ႀကံစည္ေနသည္ဟု ထိုအိမ္ေတာ္ထဲသို႔ သူတို႔ထည့္ထားသည့္ သူလွ်ို၏ေျပာစကားအရ သိလိုက္ရသည္။ၾကည့္ရသည္မွာ ႏွစ္ေပါင္းမ်ားစြာ ရွည္ၾကာသြားသည္ကိုပင္ အႏွီအိမ္ေတာ္၏ဉာဏ္ရည္မွာ တိုးတက္မလာဘဲ နိမ့္က်စၿမဲသာျဖစ္ပုံရ၏။

Mitchell ပါးကိုေမာ့ၾကည့္လိုက္ၿပီးေနာက္ လက္ႏွစ္ဖက္ကို ယွက္လိုက္ရင္း လွပေသာ အနီေရာင္ပန္းခင္းႀကီးကို အၾကည့္ပို႔လိုက္သည္။ထိုအခ်ိန္တြင္ မသိလိုက္ပါဘဲ သူ၏ႏႈတ္ခမ္းပါးမ်ားက အၿပဳံးတစ္ခုကို ဖန္တီးလိုက္ေတာ့၏။

လွသည္။

ထိုႀကီးမားက်ယ္ျပန့္ၿပီး တင့္တယ္လွေသာ အနီေရာင္ပန္းခင္းႀကီးသည္ သူတို႔၏သခင္အတိုင္း လွပလြန္း၏။

JANE  JANE

Continue Reading

You'll Also Like

261K 5.9K 57
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc
71.7K 2.7K 11
ကျောင်းရဲ့အချေကိုယ်တော်လေးကို Mafia ကြီးက ကျောင်းသားယောင်ဆောင်ပြီး ဘယ်လိုအရယူမလဲ သိချင်ရင်ဖတ်ကြည့်လိုက်တော့🤧
17.8K 581 26
မာနဖြိုးမောင် + ကောင်းထက်လွန်း