ဟယ်လို အားလုံးပဲ မင်္ဂလာပါခင်ဗျ ကျွန်တော်ကတော့ သတိုးသားမောင်မိုးမင်းပါခင်ဗျ ကျွန်တော် မင်္ဂလာပွဲဖြစ်မြောက်ဖို့ အဘက်ဘက်ကနေ ဝန်းရံပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် အထူးသဖြင့် ကျွန်တော်ရဲ့ ဘော့်စ် ကိုဘုန်းမဟော်တို့ ဇနီးမောင်နှံအား အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျ"
သူက ပါးချိုင့်လေးပေါ်အောင် ပြုံးမိလိုက်သေးသည်။ သူ၏ဘေးတွင် ထိုင်နေသော ကြိုးကတော့ သူ့အား ဂရုပင်မစိုက်ချေ။
"ကိုဘုန်းမဟော်တိုဇနီးမောင်နှံမှ မင်္ဂလာဇနီးမောင်နံအား ဂုဏ်ပြု စကားပြောပေးရန် လေးစားစွာ ပန်ကြားအပ်ပါသည်ခင်ဗျာ"
ဘုန်းမဟော်သည် ရွှေချည်ကြိုး၏ လက်အား ဆုပ်ကိုင်ကဆွဲထ လိုက်ပေမယ့် အားလုံးက ဟာခနဲ ဟင်ခနဲဖြစ်သွားကြရသည်။ စင်မြင့်ထက်က လူကြီး ပန်ကြားပြီးသည်နှင့် တပြိုင်နက် ဆိုဖီယာပါ မတ်တပ်ရပ်နေခြင်းဖြစ်သည်။ လူတွေကလည်း ကြိုးနှင့်မဟော်ကို တလှည့် ဆိုဖီယာကိုတလှည့်ကြည့်နေလေသည်။
ဘုန်းမဟော်သည် လူတွေအား ဂရုမစိုက်ချင်တော့ပေ။ သူကသာ ခြေလှမ်းတွေ ပြင်လိုက်သော်လည်း ကြိုးကတော့ ငြိမ်သက်စွာ ရပ်နေဆဲပင်။ လက်တဖက်က ကြိုး၏ ပုခုံးလေးအား ဖက်ပြီး အခြားတဖက်က သူမ၏ လက်ကလေးအားတွဲကာ ထွက်လာခဲ့၏။
"အားလုံပဲ မင်္ဂလာပါ ခင်ဗျ ကျွန်တော်ကတော့ .HKL Companyရဲ့ မန်နေဂျင်း ဒါရိုက်တာပါ ဒါကတော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော အမျိုးသမီး ရွှေချည်ကြိုးပါ ကျွန်တော် ဒီနေ့ ဂုဏ်ပြုစကားအနေနဲ့ ပြောချင်တာကတော့ တသက်မှာ တခါလက်ထပ်တဲ့ပွဲမှာ ကိုယ်ချစ်တဲ့ အမျိုးသမီးးဖြစ်စေ အမျိုးသားဖြစ်စေ အတူပေါင်းစပ်ပြီး ဆင်နွှဲခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် လှ၍ချစ်တာမျိုး မဟုတ်ပဲ ချစ်၍လှတာမျိုးပဲ ဖြစ်ကြပါစေ၊ ကိုယ်ချစ်မြတ်နိုး၍ ယူထားသောအမျိုးသမီးကို ဖြစ်စေ အမျိုးသားကိုဖြစ်စေ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြင့် သေတပန်သက်တဆုံး ပေါင်းစပ်နိုင်ပါစေ အားလုံးကို ကျေးဇူးတင်ပါတယ်"
စကားတွေအား အေးဆေးတည်ငြိမ်စွာ ပြောသွားသူအား ကြိုး အံ့ဩမဆုံးငေးကြည့်နေမိသေးသည်။သူက ကြိုး၏ လက်အားတွဲ၍ သွားရတာကို အရသာတွေ့ဟန်တူသည်။ စင်ပေါ်က ဆင်းလာထဲက မလွတ်တမ်းဆုပ်ကိုင်ထားလေသည်။
"မောင်"
မဟော်ကတော့ ခနဲ့တဲ့တဲ့ အကြည့်ဖြင့်သာ ကြည်နေသည်။ ကြိုး၏ လက်ကိုကတော့ မလွှတ်ထားသေးပေ။
"မောင် ဘာတွေလုပ်နေတာလဲ"
"ဟိုးဟိုး မင်း ငါ့ကိုမောင်လို့ခေါ်စရာမလိုဘူး ပြီးတော့ မင်းနဲ့ငါ ဘာမှလဲ မဆိုင်ဘူး ဆိုတာ မှတ်ထားစမ်းပါ"
လူတွေ အားလုံး ညိမ်ကျပြီး သူမတို့သုံးဦးအား ဝိုင်းကြည့်နေချိန်တွင် ဘုန်းမဟော်ပြောလိုက်တော့ သူမ ရှက်သွားဟန်တူသည်။
"မဟုတ်ဖူးမောင် ရွှေချည်ကြိုးကို မောင်လိုရာသုံးနိုင်အောင် ချန်ထားခဲ့တာ ဆိုဖီ အဲ့နေ့က ထွက်သွားတယ်ဆိုတာကလဲ"
"မင်းရဲ့ ဘဝအတွက် မင်းပိုင်ဆိုင်ချင်တဲ့ ဂုဏ်ဒြပ်တွေ ရွှေငွေတွေအတွက်လို့ ပြောလိုက်ပါ မင်းထွက်သွားလိုက်ပါတော့ ငါတို့ရဲ့ အဝေးဆုံးထိ ထွက်သွား"
ဘုန်းမဟော်တွင်လည်း ဤဆိုဖီယာဟူသော မိန်းမနှင့် ပတ်သက်၍ နာကျင်စရာများရှိခဲ့ဖူးသည်။ ဆယ်ကျော်သက်ပီပီ ရည်းစားမိန်းကလေးတွဲခဲ့ဖူးသည်။ထားခဲ့ဖူးသည်။ ကောင်မလေး
ထားခဲ့ဖူး သည်ဆိုတာကလည်း ဆိုဖီယာဘက်မှ အတင်းတွယ်ကပ်ခဲ့ ခြင်း ဖြစ်ပေသည်။ ဆိုဖီယာဘက်မှ မဟော်အား အနိုင်လိုစိတ်သာခပ်များများရှိနေသည်။ သူ့ဘဝတွင် အချစ်သည် နောက်ဆုံးဟူ၍ ဆုံးဖြတ်ခံယူထားပုံရသည်။
မိဘတွေအား ဖွင့်ပြောမည်ဟု မဟော်အသေအချာဆုံး ဖြတ်ထားသောလည်း သူ့၏ဘဝအတွက် အချစ်က အရေးမကြီး သေးဟု ဆိုကာ ခါးခါးသီးသီးငြင်းဆန်ကာ ထွက်ပြေးခဲ့သည် မဟုတ်ပေလား။ ဆိုဖီယာ မရှိသည့်နောက်ပိုင်းတွင် ဘုန်းမဟော်သည် အတော်ပင် ပြောင်းလဲသွားသေးသည်။ သူ၏ အနားတွင် အမြဲလိုလိုရှိနေခဲ့သော ရွှေချည်ကြိုးကို သဘောကျလာခဲ့သည်။ သဘောကျခဲ့သည်ထက် ချစ်မိလာသည်ဟု ဆိုရလျှင်ပို၍ မှန်ပေမည်။ အရာအားလုံးနေသားကျနေပြီဆိုချိန်မှ ကံကြမ္မာက မုန်တိုင်းထန်စေခဲ့ပြန်ပေသည်။
"ရှင်ကားကို ဘယ်မောင်းနေတာလဲ"
"ကိုလိုခေါ်ပါဆိုကွာ ကြိုးကလဲ"
"အခု ဘယ်ကိုမောင်းနေတာလဲ"
"သမီးလေးကို သွားကြိုမလို့လေ ကိုယ်လဲ သမီးလေးကို လွမ်းနေပြီ"
"သမီးလေးက ရှင့်ကို စိတ်ဆိုးနေတယ်ဆိုတာကော သိရဲ့လား"
"သိပါတယ် သမီးလေး စိတ်ကောက်ပြေအောင် ကိုယ်ချော့မှာပါ ကိုယ်တကယ် သမီးလေးကို သတိရနေလို့ပါ"
ဟုတ်ရှာမှာပေါ့.....။ အိမ်မှာနေချိန်တွေတောင် သားအဖနှစ်ယောက် အမြဲတစေတပူးပူးရှိနေကြတာ။ အခုလည်း သမီးလေးက သူ့အဖေကို သဝန်တိုပြီး သူ့အဘွားအိမ်တွင် သွားနေနေခြင်းဖြစ်သည်။ သမီးလေးမရှိ၍ အိမ်မည်မျှခြောက်ကပ် သည်ကိုလည်း ကြိုးအသိပေ။