"နောင့်" ရိုးမ ရာဇာ

By Vi_Vian25

2M 171K 13.7K

ကြမ်းတမ်းတဲ့ ရိုးမရာဇာ မုဆိုးကြီးရဲ့ အသည်းနှလုံးကိုခြွေယူဖို့က ဘိလပ်ပြန် သုတေသနပညာရှင်လေးရဲ့ အပြုံးနုနုသာလိုပ... More

Ch 1
Ch 2
Ch 3
Ch 4
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42 (Final)
ရိုးမသခင်၏ တစ်ကိုယ်တော်ခရီး
ကျေးဇူးတင်လွှာ
Q & A

Ch 5

49.2K 4.3K 390
By Vi_Vian25

Unicode

စာအုပ်၊ ဖောင်တိန် ၊ရေဗူး ၊အလွယ်တကူခေါက်သိမ်းရသည့်အိပ်ယာလိပ် ၊အရေးပေါ်သုံးဆေး၀ါး ၊မှန်ဘီလူးအသေး၊ နမူနာပစ္စည်းတို့ထည့်ရန် အိတ်အသေး နှင့် တစ်လက်မအရွယ်အစားလောက်သာရှိသည့် ဖန်ပုလင်းအနည်းငယ်၊ လက်အိတ်၊ အစာခြောက်တချို့ ၊ဓါးမြှောင်အသေး၊ အ၀တ်အစားအပို နှစ်စုံ ၊သန့်စင်သောအ၀တ်ဖြူတစ်စ၊ ဆပ်ပြာခဲ ၊ဆားအနည်းငယ်၊ နှစ်ချောင်းထိုးဓါတ်မီးတစ်လုံး၊ ဓါတ်ခဲအပိုတစ်စုံ ၊မီးခြစ်ဆံဗူး ၊ဖယောင်းတိုင် ......

ပစ္စည်းပစ္စယတို့ အရှေ့တွင်အစီအရီချကာ နောင် ဘာလိုအပ်သေးသည်ကို စဥ်းစားနေမိသည်။ ကျောပိုးအိတ်ထဲထည့်သယ်ဖို့က ပစ္စည်း ခပ်များများထည့်၍မရ။ အပျော်ခရီးသွားတာမဟုတ်ပါဘဲ တောတောင်ထဲ သုတေသနပြုရန် ၀င်ရမည်ဖြစ်သည်ကြောင့် ကျော့မော့နေ၍ မရ။ ဒူပေ ဒဏ်ပေခံနိုင်ရမည်။ ထိုသို့ အပင်ပန်းခံနိုင်သည့်နေရာတွင်တော့ နောင် က ထူးချွန်သည်။

နိုင်ငံခြားတွင်ကျောင်းတက်ခဲ့စဥ်က လက်တွေ့အဖွဲ့လိုက်ကွင်းဆင်းရသည့်အချိန်များတွင် တောထဲ သုတေသနပြုဖူးပေမယ့် တောနက်ထိတော့မ၀င်ခဲ့ဖူး။ ပြောရလျှင် ယခုအကြိမ် ရိုးမထဲ၀င်ဖို့ ဆုံးဖြတ်ခဲ့ခြင်းသည် နောင့်အတွက်ပထမဦးဆုံးအတွေ့အကြုံမို့ စိတ်မလှုပ်ရှားဟုဆိုလျှင်တော့ လိမ်ရာကျလိမ့်မည်။

မနက်ဖြန်နံနက် အာရုဏ်တက်သည်နှင့် ရိုးမထဲ၀င်ကြမည်ကြောင့် ဒီအချိန်မုဆိုးကြီးလည်း နောင့် လိုပြင်ဆင်နေလောက်မလား သိချင်မိသည်။ ထို့ကြောင့်အိမ်ရှေ့ထွက်ကာတစ်ဖက်ခြံကို လှမ်းကြည့်တော့ မုဆိုးကြီးသည် တစ်ခုခုကိုပြင်ဆင်နေပုံပင်။ အိမ်ရှေ့၀ါးကွပ်ပျစ်ပေါ်ထိုင်ကာ ဘေးတွင် ပြောင်းရှည်သေနတ်တစ်လက်ချ၍ တကုပ်ကုပ်လုပ်နေသည်က ပတ်၀န်းကျင်ကိုမေ့လျော့ထားပုံရ၏

"ဗျို့......ညီ နောင် ရေ......."

နောင် တစ်ယောက်တစ်ဖက်ခြံကို သွားရနိုးမသွားရနိုးချိတုံချတုံဖြစ်နေစဥ် ခပ်ကျယ်ကျယ်ခေါ်သံနှင့် နောင့်ဆီ အပြေးရောက်လာသူကတော့ ကိုဒိုးလုံးဖြစ်၏

"ဟာ....ကိုဒိုးလုံး လာဗျာ။ ထိုင် "

"မထိုင်တော့ဘူး ညီနောင်ရေ...နွား သိမ်းရင်း ညီနောင့်ဆီ အပြေးလာတာ။ ရော့.....မြေပဲဆံကြော်"

အနားစတို့အနည်းငယ်ဖွါနေသည့် အင်္ကျီလက်ပြတ် နှင့် ပုဆိုးဒူးလောက်တိကို၀တ်ထားသည့် ကိုဒိုးလုံးကလက်ထဲတွင်လည်း ကြိမ်တစ်ချောင်းနှင့်။ အမောတကောနှင့် ပခုံးတွင်စလွယ်သိုင်းထားသည့် လွယ်အိတ်ခပ်နွမ်းနွမ်းထဲမှ အသေအချာထုပ်ပိုးလာပြီး အတော်အသင့်အရွယ်ရှိသည် မြေပဲဆံကြော်ထုပ်ကိုထုတ်ပေးတော့ နောင် ကမန်းကတန်းလက်နှစ်ဖက်နှင့်လှမ်းယူရသည်။

"ကျွန်တော့်အတွက်လားဗျ"

"ဒါပေါ့ ညီနောင်ရ...။ ကြီးတော် ပြောတာတော့ ညီနောင် တို့ကမနက်ဖြန် တောထဲ၀င်ကြမယ်ဆို"

"ဟုတ်တယ်ဗျ.....တစ်ပတ် ဆယ်ရက်တော့ကြာမယ်ထင်တယ်"

"အဲ့ဒါကြောင့်ကျုပ်က မြေပဲဆံကြော်လေးလာပေးတာ။ ကျုပ်နွားကျောင်းထွက်ရင် နှင်းနွယ် ကမြေပဲဆံလေးကြော်ပြီး ထည့်ပေးနေကျဗျ။ မနေ့ကတော့ ညီနောင်တို့တောထဲ၀င်မယ်ဆို တဲ့ကြီးတော်ပြောစကားကြားတာနဲ့ နှင်းနွယ်ကိုပိုကြော်ခိုင်းခဲ့တာ"

"ဟာ....ကျေးဇူးပါဗျာ။ ကျွန်တော်က မြေပဲဆံဆိုသိပ်ကြိုက်တာဗျ။ အခုတောင်အနံ့လေးမွှေးနေရော။ စားလိုက်ရင်စိမ့်နေတော့မှာ"

"ကြိုက်လို့တော်သေးတာပေါ့ဗျာ။ ဒါဆိုကျုပ်သွားတော့မယ်ညီနောင်ရေ။ ကျုပ်နွားတွေကို ဖိုးထောင်နွားတွေနဲ့ ထည့်လွှတ်ပေးလိုက်တာ။ ဖိုးထောင်က စိတ်ချရပေမယ့် ဒီလိုအချိန်ကျ တစ်ယောက်တည်းလွှတ်ထားလို့မဖြစ်ပေဘူးဗျ"

"ဟုတ်ကဲ့ ကိုဒိုးလုံး။ ဂရုတစိုက်သွားအုံးနော်ဗျ!"

ခြံဝမှာ လှမ်းအော်ပြောသည့် နောင့်ကို လက်ပြကာ ရွာအဝင်လမ်းဘက် ဦးတည်ကာခပ်သုတ်သုတ်သွားသည့် ကိုဒိုးလုံးက သူကြီးတို့အတွက်တော့အတော်ပင်အားကိုးရလောက်သည်။ မည်သို့တော်စပ်သည်ကိုမသိပေမယ့် နွားကျောင်း ၊ကျွဲကျောင်းမှအစ ကောက်စိုက် ၊ပျိုးနှုတ်အဆုံး ထင်းခွေ၊ ရေခပ်အထိ ကိုဒိုးလုံးက လှည့်ကြည့်စရာမလိုအောင် လိုက်လုပ်ပေးတတ်သည်ကို နောင် သတိထားမိသည်။

ကိုဒိုးလုံးကို မျက်စိတဆုံးအကြောင်းမဲ့ကြည့်ရင်း အတွေးတို့လွင့်မျောနေရင်းမှ အာရုံတို့ပြန်စုစည်းမိသည့်အခါ နောင် တစ်ဖက်ခြံဆီခြေလှမ်းတို့ ဦးတည်လိုက်သည်။

"ကျွန်တော်၀င်ခဲ့မယ်နော်ဗျ"

ခြံတံခါးသည်မပိတ်ထားပေမယ့် အိမ်ထဲ၀င်ဖို့က အိမ်ရှင်ဆီအရင်ခွင့်တောင်းသင့်သည်ထင်သည်ကြောင့် နောင် ခွင့်တောင်းရသည်။ ကွပ်ပျစ်ပေါ်တကုပ်ကုပ်လုပ်နေသည့်မုဆိုးကြီးကတော့ နောင့် ကိုတစ်ချက်သာကြည့်၍ သူ့အလုပ်သူပြန်လုပ်နေ၏ ဆိတ်ဆိတ်နေခြင်းသည် သဘောတူလက်ခံခြင်းဟု မှတ်ယူသည်ကြောင့် ခပ်တည်တည်ပင် ခြံထဲ၀င်၍ ကွပ်ပျစ်အစွန်းတွင်၀င်ထိုင်လိုက်၏

အာရုံအပြည့်အ၀စိုက်ကာ အလုပ်လုပ်နေသည့် မုဆိုးကြီးကတော့ ကျောက်ပြားထူတစ်ချပ်ပေါ်တွင် အနေတော် အပိုင်းသေးလေးများရအောင် ဖြတ်တောက်ထားသည့် ခဲ အပိုင်းအသေးလေးများတင်ကာအလုံးသေးသေးလေးများရအောင် လှိမ့်နေသည်ကြောင့် နောင် ခပ်ငြိမ်ငြိမ်လေးသာ ထိုင်ကြည့်နေလိုက်သည်။ ဘေးတွင်လည်းအရွယ်အစားအကြီးအသေးကွာသည့် ခဲ အလုံးများသည် ခပ်များများပင်။

ထို့နောက် ထို ခဲ အလုံးလေးများကိုကျည်ခွံထဲထည့်လိုက်၏ ပြီးနောက် အရှေ့နားတွင်ပုံထားသည့် မီးခြစ်ဆံခေါင်းမှ ခြစ်ယူထားပုံရသည့် ယမ်းမှုန့် အနည်းငယ်ကိုယူ၍ ကျည် မောင်းရိုက်သည့်နေရာတွင် မနည်းလွန်း မများလွန်းသည့် လိုသလောက်ပမာဏ ကိုကပ်လိုက်၏

ထိုသို့နည်းလမ်းအတိုင်း ကျည်သည်တစ်တောင့်ပြီးတစ်တောင့် ပြုလုပ်ပြီးသည်အထိ နောင် စိတ်၀င်တစားလိုက်ကြည့်နေမိသည်။ မျက်တောင်မခတ်တမ်းကြည့်နေသည့် နောင် ကိုမုဆိုးကြီးက ကျည်တစ်တောင့်ကမ်းပေးလာ၏ နောင် ပြုံးလိုက်မိသည်။ နောင် စိတ်၀င်တစားရှိလှသည်ကို ဒီလူကသိသည်ပဲ။

"ဒါကို စရိတ်ကျည် လို့ခေါ်တယ်မလား ဟေ့လူ"

နောင့် အပြောကို မုဆိုးကြီးက တစ်ချက်မော့ကြည့်ပြီး ခေါင်းညိတ်ပြ၏

"စရိတ်ကျည်ဆိုတာကို ကျွန်တော် စာအုပ်တချို့မှာဖတ်မှတ်ဖူးတယ်။ မြင်ဖူးတာကတော့ ဒါကပထမဆုံးပဲ။ ဒီကျည်က လုပ်ရတာသိပ်ပညာသားပါတယ်လို့လည်း မှတ်သားဖူးတယ်။ ယမ်းနည်းသွားရင် ကျည်က လိုသလောက်အကွာအဝေးမရောက်ဘဲ လမ်းခုလတ်တင်ပြန့်ကျဲသွားတတ်တယ် ယမ်းများသွားရင် ပြောင်းကွဲတတ်တယ် လို့လည်းကြားဖူးတယယ်။ ဒါပေမယ့် ခင်ဗျားလုပ်နေတာကြည့်ရတာတော့ လွယ်လွယ်လေးလိုပဲ"

ကျည် ကိုဟိုလှည့် ဒီလှည့်ကြည့်နေသည့် နောင့် ကို မုဆိုးကြီးက ဘာမှ မပြောဘဲ စိုက်ကြည့်နေ၏ ကိုယ်မတတ်သည့် ပညာရပ်တစ်ခုကို တခြားသူတစ်ယောက် တတ်မြောက်ပါလျှင် နောင် က သိပ်အထင်ကြီးလေးစားတတ်သည်။ မည်မျှပင် သေးငယ်သည့်အတတ်ပညာဖြစ်ပါစေ ကိုယ်မလုပ်တတ်လျှင် ဒါက ကိစ္စကြီးပင်။

"ဒါလုပ်နည်းလည်း ကျွန်တော့်ကိုသင်ပေး။ နောက်တစ်ခါဆို ကျွန်တော်လည်း ၀ိုင်းကူရအောင်"

လက်ထဲမှ ကျည်ကို စိတ်၀င်တစား ဖင်ပြန်ခေါင်းပြန်ကြည့်ပြီးမှ သင်ပေးဖို့ စကားဆိုရင်း ကျည်ကိုပြန်ကမ်းပေးတော့ နောင် အမြင်မမှားဘူးဆိုလျှင် မုဆိုးကြီး၏ မျက်လုံးသည် ပြုံးရိပ်အနည်းငယ်သန်း၍ နှုတ်ခမ်းထောင့်သည် မသိမသာကွေးညွှတ်နေသလို...။ နောင် နှင့် အကြည့်ဆုံမိတော့ ဖြတ်ကနဲ တစ်ဖက်လှည့်လိုက်သည်က သိသိသာသာရယ်....

"ခင်...ခင်ဗျား ပြုံးနေတာမလား"

တအံ့တသြ အနည်းငယ်အရှေ့တိုးကာမေးမိတော့ ထုံးစံအတိုင်း အဖြေသည်ပြန်မရ။ အာရုံစိုက်မှုတို့သည်နောင့်ဆီတွင်မဟုတ်တော့။ မုဆိုးကြီးက သူ့မျက်နှာခပ်တည်တည်အတိုင်း ခဲ လုံးတို့ကိုလှိမ့်နေပြန်၏ နောင် မျက်လုံးများမှေးစဥ်းကာ အရှေ့မှ သူကိုကြည့်လိုက်သည်။ ကျိန်းသေ ဒီလူက ပြုံးလိုက်ပါသည်။ နောင်အကြည့်မမှား။

"နောင်ကြီး စက္က!! နောင်ကြီးစက္က!!!!"

ရင်းနှီးမှု အနည်းငယ်ရစပြုလာပြီဖြစ်သည်ကြောင့် စကားစတို့ဆက်ရှာကာ စကားဆက်ဖို့လုပ်လိုက်စဥ် အထိတ်တလန့်အလောတကြီးအော်ခေါ်သံက အဝေးမှ ပျံ့လွင့်လာသည်မှာ ခဏတွင်းချင်းပင် လျင်မြန်သောအဟုန်နှင့်အနားရောက်လာတော့သည်။

"ဟောဟဲ......ဟောဟဲ......နောင်...နောင်ကြီးစက္က....ရွာ....ရွာထဲ....."

"ဖိုးထောင်"

ပုဆိုးကိုစလွယ်သိုင်း၍ ဖုန်အလိမ်းလိမ်းနဲ့ အလန့်တကြားပြေးလာသူက တခြားသူမဟုတ်။ ခုနကတင်ကိုဒိုးလုံးနှင့် နွားသိမ်းအတူပြန်လာသည်ဟူသည့် ဖိုးထောင် ဖြစ်သည်။ နောင် တအံ့တသြ နာမည်ခေါ်တော့ ဒူးပေါ်လက်နှစ်ဖက်ထောက်ကာ မောဟိုက်နေသည်က အတော်အလောတကြီးပြေးလာပုံပင်။ နောင်ကြီးစက္ကဟု အမောတကောခေါ်၍ ရွာဘက်လက်ညှိုးညွှန်ပြနေပေမယ့် စကားတို့သည်ထွက်မလာသေး။ မုဆိုးကြီးကတော့ဘာမှ မပြောဘဲ ဖိုးထောင်ကိုမျက်ခုံးများတွန့်ချိုး စိုက်ကြည့်နေ၏

"ရွာ...ရွာထဲ....ပြောင်နှောကူးတစ်ကောင်......လမ်း.... လမ်းမှားရောက်ပြီး သောင်းကျန်းနေလို့ နောင်...နောင်ကြီး စက္က....ကိုင်းတောဘက်မှာလို့ပြောတယ်"

ဖိုးထောင်စကားဆုံးသည်နှင့် ကွပ်ပျစ်ပေါ်မှ သေနတ်ကိုဆတ်ကနဲကောက်ယူ၍ ထထွက်သွားသည့်မုဆိုးကြီးက ခြံ၀အရောက် တစ်ခုခုကိုသတိရလာသလို ခြေလှမ်းတို့တုံ့ခနဲရပ်၏ အနည်းငယ်စောင်းငဲ့ကြည့်လာသည့်မျက်၀န်းတို့သည် နောင့်ထံသို့ စူးစူးရဲရဲ။ ထိုမျက်၀န်းစူးစူးတို့ကို ဘာသာပြန်ရပြီး နောင် သဘောပေါက်သည့်အခါတွင်တော့....

"ကျွန်တော် ဘယ်မှ မသွားဘူး ဟေ့လူ ဒီမှာပဲစောင့်နေမယ် .....အဲ့ဒါကြောင့် စိတ်မပူဘဲ မြန်မြန်သွားလိုက်။ ပြီးတော့........ဂရုစိုက်"

နောင့် စကားကို ခေါင်းဆတ်ရုံသာတစ်ချက်ညိတ်ပြီး ရွာဘက်ခပ်သွက်သွက်ထွက်သွားသည့်ကျောပြင်ကျယ်ကို မျက်စိတဆုံးလိုက်ကြည့်နေမိသည်။ ဖိုးထောင်ကတော့ မြေပြင်တွင်ခြေပစ်လက်ပစ်ထိုင်ကာ အမောဖြေနေပြီး အတော်မောဟိုက်နေပုံရသည်ကြောင့် ရေစဥ့်အိုးမှ ရေကိုခပ်ကာ နောင် ကမ်းပေးလိုက်သည်။

"ပြောင်နှောကူးဆိုတာ ဘာလဲ ဖိုးထောင်"

"ပြောင်....ပြောင်နှောကူး .... ဆိုတာက...."

"ရေအရင်သောက်ဖိုးထောင်။ နည်းနည်းအမောပြေမှပြော"

"ဟုတ်....ဟုတ်ကဲ့"

နောင်ကမ်းပေးလိုက်သည့် ရေတစ်ခွက်လုံးကိုတစ်ကျိုက်တည်းမော့သောက်ကာ နှုတ်ခမ်းထောင့်မှစီးကျလာသည့်ရေတို့ကို စလွယ်သိုင်းထားသည့်ပုဆိုးနှင့်သုတ်ပြီးအနည်းငယ်အမော ပြေသွားသည့်အခါ ဖိုးထောင်ကစကားဆက်၏

"ပြောင်နှောကူးဆိုတာက သင်းကွဲလာတဲ့ ပြောင်ကို ပြောတာ နောင်ကြီး မိုးရိပ်ရဲ့"

"သင်းကွဲလာတဲ့ပြောင်"

"သင်းကွဲတယ်ဆိုတာထက်ဗျာ....အသက်ကြီးလာလို့ သူတို့ပြောင်အုပ်ကနေ ကျဥ်လိုက်တာ။ ပြောရရင်မစွမ်းဆောင်နိုင်တော့လို့ စွန့်ပစ်လိုက်တဲ့ သဘောပေါ့"

"အန္တရာယ်ပေးနိုင်လား ဖိုးထောင်"

"ခန္ဓာကိုယ်က ကြီးမားပြီးဒေါသကြီးတတ်တဲ့ သတ္တဝါဖြစ်တာကြောင့် အန္တရာယ်တော့ရှိတယ် နောင်ကြီးမိုးရိပ်။ ဒါပေမယ့် စိတ်မပူပါနဲ့....နောင်ကြီးစက္ကက တော်ရုံမုဆိုးမှ မဟုတ်ဘဲဗျ"

ဖိုးထောင်အပြောကိုနောင် ခေါင်းတဆတ်ဆတ်ညိတ်ရင်းထောက်ခံလိုက်သည်။ မျက်နှာချင်းဆိုင်ထိတွေ့ဖူးသည့်အကြိမ်ရေသည် သိပ်မများပေမယ့် စက္က ဆိုသည့်မုဆိုးကြီးသည် တော်ရုံမဟုတ်ဆိုသည်ကိုတော့ နောင် ကောင်းကောင်းသိသည်။ ထိုသူတွင် ရိုးမတောတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည့် အရှိန်အ၀ါသည်အပြည့်။ အဓိက က ထိုသူ၏ မျက်လုံးပင်။ သာမာန်ထက် ပိုစူးရဲလွန်းနေပြီး ထိုမျက်ဆံခပ်နက်နက်များနောက် အရောင်တစ်ခုခုဖြတ်ပြေးနေသလိုပင်။

"မင်းကနွားသိမ်းနေတာမဟုတ်လား။ ဘယ်လိုဖြစ်လို့ ဒီဘက်ပြန်ပြေးလာတုန်း"

"နွားသိမ်းရင်းခြံထဲသွင်းနေတုန်း ကိုင်းတောဘက်ကလူတွေပြေးလာကြလို့ဗျ။ ဒီကောင်ကြီးက ရွာလမ်းဘက်ဦးတည်နေတယ်ဆိုတော့ အဘက နောင်ကြီးစက္ကကိုအမြန်သွားခေါ်ဖို့ပြောတာ"

"အင်း တော်သေးတာပေါ့ ညအချိန်မှဆိုခက်တော့မှာ"

"ဟို.....ဒါနဲ့ နောင်ကြီးမိုးရိပ်"

"အေး ပြော ဖိုးထောင်"

"ကျုပ်ကို ရွာအစပ်ထိ လိုက်ပို့ပါလား"

"ဟ.....မင်းလာတုန်းက တစ်ယောက်တည်းလေ"

"မတူဘူးလေ နောင်ကြီးရ.....အဲ့ဒီ့တုန်းကကြောက်အားလန့်အားနဲ့ ပြေးလာတာ။ အခုကကျ နေလည်းဝင်လုပြီဗျ။ ပြီးတော့ ဒီလို နွားရိုင်းသွင်းချိန်တွေဆို မကောင်းဆိုး၀ါးတွေထွက်လာတတ်တာကြောင့် ကလေးတွေကိုတောင်အပြင်ပေးမထွက်ရဘူးလို့ ကြီးတော်ကပြောဖူးတယ်"

"မင်းက ကလေးမှ မဟုတ်ဘဲကွ"

"၁၅ နှစ်က ကလေးပေါ့ နောင်ကြီးရ....ပြီးတော့ ရွာအ၀င်က ညောင်ပင်က သရဲခြောက်တယ်ပြောကြတယ်။ ကျုပ်တစ်ယောက်တည်းမပြန်ရဲလို့ပါဗျာ။ လုပ်ပါ နောင်ကြီး မိုးရိပ်ရာ နော်..."

"ဖိုးထောင်ရာ မင်းယောကျာ်း မဟုတ်တဲ့အတိုင်းပဲ"

"ဟ....နောင်ကြီးကလည်း ယောကျာ်းလည်း သရဲကြောက်တတ်တယ်ဗျ"

"အေး...အေး...လာ....လာ ညောင်ပင်ကျော်ရင်ရပြီမလား"

"အင်း ရပြီ။ ညောင်ပင်ကျော်လို့ ကျုပ်ရွာထဲပြေး၀င်သွားရင် နောင်ကြီး ပြန်လို့ရပြီ"

"မင်းကတော့ သတ္တိခဲပဲ"

"နောင်ကြီးကလည်းကျုပ်ကျေးဇူးမမေ့ပါဘူး။ နောက်တစ်ခါ ဒိုးပစ်တမ်းဆော့ရင် နောင်ကြီးကိုကျုပ် ၃ ပွဲ အကြောပေးပါ့မယ်"

"အေး....မင်းစကားနဲ့ မင်းပဲနော်"

"ကတိ....ကတိ"

*ဒိုင်း!!* *ဒိုင်း!!* *ဒိုင်း!!*

စကားတပြောပြောနှင့် ရွာလမ်းဘက်ထွက်လာမိတော့ ပျံ့လွင့်လာသည့် သေနတ်သံခပ်ကျယ်ကျယ်သည် လေအဝှေ့တွင်ခပ်သဲ့သဲ့ကြားရ၏ ကောင်းကင်မှ အိပ်တန်းတက်လာကြသည့် ငှက်အုပ်တို့သည်အလန့်တကြားခပ်သွက်သွက်ပျံကုန်ကြတော့ ဖိုးထောင်ကဂုဏ်ယူဝံ့ကြွားစွာထပြောတော့သည်။

"တွေ့တယ်မလား။ အဲ့ဒါနောင်ကြီးစက္ကရဲ့သေနတ်သံ။ ကျုပ်ပြောပါတယ် နောင်ကြီးစက္ကကသိပ်တော်တာပါဆို။ ဒီနယ်တကြောမှာ နောင်ကြီးစက္ကကိုမှီတဲ့ မုဆိုးရယ်လို့ ကျုပ်ဖြင့်ကြားတောင်မကြားဖူးပေါင်။ နောင်ကြီးစက္က အမဲမလိုက်ဖူးတဲ့ သားကောင်ရယ် ရိုးမထဲမရှိသလောက်ပဲ။ စက္က ဟေ့ဆိုလို့ကတော့ ပဲခူး ရိုးမ တစ်ခွင် ဖိန့်ဖိန့်တုန်ပဲဗျ။ ဟဲ.....ဟဲ.....ပြီးတော့ နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးတွေသာရိတ်လိုက်ရင်ကျုပ်တို့မုဆိုးကြီးက သိပ်ချောတာဗျ။ "

လက်သီးလက်မောင်းတန်းကာ ဂုဏ်ယူ၀ံ့ကြွားစွာနှင့် မုဆိုးဖွဲ့တေးမကြူးရုံပြောနေသည့် ဖိုးထောင်ကိုကြည့်၍ နောင် ပြုံးရင်းခေါင်းတချက်ယမ်းလိုက်မိသည်။ တကယ်ကိုရိုးသားပွင့်လင်းကြသည်ကြောင့် ဒီညောင်မှိုင်းသာယာရွာလေးကို နောင်အမှန်တကယ်ကိုသဘောကျနေမိတော့သည်။

"ဖိုးထောင်"

"ခင်ဗျ"

"အဲ့ဒီ့ပြောင်နှောကူးကို သတ်လိုက်ကြမှာလား"

"အဲ....မသတ်ဘူးဗျ။ နောင်ကြီးစက္က ကလမ်းကြောင်းလွှဲဖို့ခြောက်ပဲခြောက်တာ။ တလောကတောင် ဆင်အိုကြီးတစ်ကောင်လာသောင်းကျန်းတော့ သေနတ်သံပေးခြောက်လှန့်ပြီး တောထဲပြန်သွင်းတာဗျ"

"ဆင်အိုကြီး"

"ဒီလိုပဲပေါ့ဗျာ....နုပျိုစဥ်က ဘယ်လိုပဲစွမ်းဆောင်ရည်တွေရှိတယ်ပြောပြောအသက်ကြီးလို့မစွမ်းဆောင်နိုင်တဲ့အခါ အုပ်စုကနေ ကျဥ် (မောင်းထုတ်) လိုက်ကြတာပါပဲ။ မမြင်မကမ်း တိုးမိတိုးရာတောတိုးရင်း လူတွေနေတဲ့ဘက် နယ်ကျွံတော့ တချို့ဆိုသတ်ခံကြရတာပဲဗျ။ အသက်ကြီးလို့ကျဥ်ကြတယ်ဆိုတာက တိရိစ္ဆာန်တိုင်းရယ်တော့ အဲ့ဒီ့လိုမဟုတ်ပေမယ့် မျိုးစိတ်တော်တော်များများကအဲ့ဒီ့လိုပါပဲ"

နောင် ခေါင်း တဆတ်ဆတ်ညိတ်ရင်း ဖိုးထောင်ပြောသည်ကိုနားထောင်နေမိသည်။ အဲ့ဒါကြောင့်ပဲ သက်ကြီးရွယ်အိုမိဘတွေကို မသန်စွမ်းတော့သည့်အခါ ပစ်ပယ်ကြသည့်သူတွေကို လူ့တိရိစ္ဆာန်ဟုခေါ်သည်ထင်ပါ၏ ငယ်ရွယ်စဥ် ရှာဖွေကျွေးမွေးပညာသင်ကြားပေးခဲ့ရပြီးအသက်ကြီးရင့်လို့ မစွမ်းဆောင်နိုင်တော့သည့်အခါ မရှာဖွေနိုင်တော့သည့်အခါ မိဘကိုစွန့်ပစ်ထားကြသည့် သူများသည်လူ့လောကတွင် ဒုနဲ့ ဒေး။ ထိုသို့သောသူများသည်မည်မျှပင် ပညာတတ်ဂုဏ်ရှိလူတန်းစားဖြစ်စေကာမူ လူ့တိရိစ္ဆာန် စာရင်း၀င်များဖြစ်သည်ကတော့ ကျိန်းသေပင်။

"ဒီနေရာလောက်ထိဆိုရပြီမလားဖိုးထောင်"

"ကျေးဇူးပဲ နောင်ကြီး မိုးရိပ်။ ကျုပ်သွားပြီ"

ရွာလမ်းတလျှောက်မပြေးရုံတမယ် လျှောက်သွားသည့်ဖိုးထောင်ကို နောင် ခဏရပ်ကြည့်နေပြီးမှ လာလမ်းအတိုင်းနောက်ပြန်လှည့်လိုက်သည်။ ရွာထိပ်မှ သက်တမ်းအတော်ကြာရင့်နေပြီဖြစ်သည့် ညောင်ပင်အိုကြီးကိုဖြတ်ရင်း စောင်းငဲ့ကြည့်မိတော့ နေ၀င်ဆည်းဆာနေရာင်ခြည်ကြောင့် အခက်အလက်များသည်ချောက်ချားစရာအတိ။ လေတိုက်တိုင်း တကျွီကျွီ ယိမ်းနွဲ့နေသည်က တစ်ခုခုကို လက်ယပ်ခေါ်နေသလို။ နောင် တစ်ချက်ပြုံးလိုက်မိသည်။ ထို့ကြောင့်လည်းဖိုးထောင် ကြောက်တာဖြစ်နိုင်သည်။

ရွာထဲမှ ထွက်ရင်း တာရိုးတစ်လျှောက် လမ်းကိုခပ်သွက်သွက်လျှောက်နေမိသည်။ ဘာရယ်မဟုတ် မုဆိုးကြီးကို ဘယ်မှ မသွားဟုပြောထားပေမယ့် အခု နောင် ရွာထိပ်ပင်ရောက်နေပြီ။ အရှေ့မှ မြက်ရိုင်းတို့ တစ်ဖက်တစ်ချက်ပေါက်နေသည့် လမ်းကိုဖြတ်ပြီးလျှင်တော့ အိမ်ရောက်ဖို့အနည်းငယ်သာလိုတော့သည်။ ထို့ကြောင့် နောင် ခြေလှမ်းတို့ကိုအရှိန်တင်လိုက်သည်။

*ရှဲ......ရှဲ.......ရှဲ*

*၀ွန်းးးးးးး*

*ရှဲ...ရှဲ*

လှမ်းနေသည့်ခြေလှမ်းတို့သည်တုန့်ကနဲ့။ လူတစ်ရပ်ထက်ပင် ကျော်သည့်မြက်ရိုင်းအုပ်ကြီးသည် ဘေးတစ်ဖက်တစ်ချက်နေရာယူ၏ ဘယ်ဘက်ခြမ်းမှ ထိုမြက်ရိုင်း အုပ်ကြားတစ်ခုခု အရှိန်နှင့် တိုးလာသလို။ ဦးတည်ရာသည် မိမိဆီသို့။ အန္တရာယ်အငွေ့အသက်သည်နီးနီးကပ်ကပ်။ နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည့်အသံသည် ဒေါသထွက်နေသည့် နွားတစ်ကောင်၏ ကြွေးကြော်သံမျိုး။

နားကို ပိုစွင့်လိုက်သည်။ မျက်စိကို တောင်တောင်မြောက်မြောက် လှုပ်ရှားလိုက်သည်။ ခန္ဓာကိုယ်ကို သတိအနေအထားနှင့်။ လက်ထဲ ဘာလက်နက်မှ မပါသည်ကြောင့် အန္တရာယ်ကြုံလျှင်ပြေးရုံမှလွဲ ဘာမှလုပ်မရ။ အသက်ကို အနည်းငယ်အောင့်လိုက်သည်။ ကျိန်းသေေ ထိုခပ်မြန်မြန်ရွှေ့လျားလာသည့်သတ္တ၀ါသည် ပိုနီးကပ်လာ၏

*ရှဲ!! ရှဲ!!....ရှဲ!! ရှဲ!!*

*၀ွန်းးးးး!!!!*

မြက်ရိုင်းများကြား ၀ွန်း ကနဲညာသံပေး၀ုန်းဆို ထွက်ချလာသည့်သတ္တ၀ါကြီးသည် နောင် ရပ်နေရာမှ ၀ါးသုံးပြန်အကွာအဝေးလောက်တွင်ဖြစ်၏ ဦးနှောက်ထဲ အသိစိတ်တို့ တစ်ချက်လွတ်သွားသည်။ ခန္ဓာကိုယ်ကြီးမားပြီးအနည်းငယ်အိုနေပုံရပေမယ့် ထိုသတ္တ၀ါက ကျိန်းသေေပြောင်နှောကူးပင်။

*၀ွန်းးးးးးး!!!*

ညာခြေတို့သည် မြေပြင်ပေါ် ခွါကိုနောက်ပြန်ယှက်နေသည်သည်က ရှေ့သို့အရှိန်ယူနေ၏ ဒေါသတကြီး နှာမှုတ်ကာ ခေါင်းတယမ်းယမ်းနှင့်။ ခေါင်းထက်တွင် ကောက်ကွေးမည်းနက်နေသည့် ဦးချိုကိုဟန်ရေးတပြပြ။ နောင့် ခန္ဓာကိုယ်သည်မလှုပ်မယှက် နေရာမှ မရွေ့။ ချွေးစေးတို့သည် နဖူးထက် တစိမ့်စိမ့်နေရာယူလေပြီ။နောင့် ဆီ ရှေးရှူဦးတည်ဒုန်းဆိုင်း စပြေးလာပြီဖြစ်သည့်တိရိစ္ဆာန်သည် မဲမဲမြင်ရာအကုန်ရန်ရှာတော့မည်။ နောက်ပြန်လှည့်ပြေးဖို့အချိန်သည်မမှီတော့။ မျက်လုံးများကိုစုံမှိတ်ချတော့ ထိုပြောင်နှောကူး ပြေးလာသည့်ခြေလှမ်းအတိုင်း တုန်ခါမှုကိုမြေမြင်မှ သိသိသာသာခံစားလိုက်ရသည်။ စိတ်ထဲရေရွတ်လိုက်မိသည့် နာမည်နာမက.....

*စက္က.......ငါ ဒီမှာ........ငါဒီမှာမို့....ငါ့ဆီလာပါ စက္က.....*

အသက်နဲ့ခန္ဓာ မကွဲကွာဖို့ နောက်ဆုံးအင်အားကို နောင် က ထိုသူ့ကိုတမ်းတဖို့အသုံးချလိုက်လေပြီ။ ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းနေသည့် ကြောက်ရွံ့ထိတ်လန့်မှုနှင့် လက်သီးကိုခပ်တင်းတင်းဆုပ်ရင်း မျက်လုံးကို ခပ်တင်းတင်းမှိတ်ထားမိသည်က အာရုံတို့သည်မှောင်အတိကျ၏ ခန္ဓာကိုယ်ပေါ်ကျရောက်လာမည့် အမည်မသိနာကျင်မှုအတွက် အဆင်သင့်မဖြစ်သေး။

*အင့်*

တလှပ်လှပ်ခုန်နေသည့် နှလုံးခုန်နှုန်းသည် ရုတ်တရတ်ကြောက်ရွံ့မှုမှနွေးထွေးမှုသို့ပြောင်း၏ ခွန်အားကြီးမားသည့် လက်မောင်းတစ်ဖက်နှင့် သိုင်းဖက်ဆွဲလှည့်ခံလိုက်ရပြီး ခပ်မာမာရင်အုပ်ပေါ်မျက်နှာအပ်ရက်။ တောတောင်နံ့တို့ ထုံသင်းနေသည့် ကိုယ်သင်းနံ့သည်နှာခေါင်းထဲတိုး၀င်၏ မိုးရွာကာစ မြေတို့မှ တက်လာသည့် မြေသင်းနံ့ လိုလို....သစ်ရွက် သစ်ကိုင်းနှင့် ပင်စည်တို့တွင် တစ်ခါတစ်ရံရတတ်သည့် သစ်မွှေးနံ့လိုလိုရနံ့မျိုး။

*၀ွန်းးးးးး!!!*

ဒီတစ်ခါပေးသည့် ထိုသတ္တ၀ါ၏ ညာသံသည် ကြောက်ရွံ့စရာတစ်စုံတစ်ခုကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်ကြောင့် ဆောက်တည်ရာမရသည့် ၀မ်းခေါင်းသံမျိုးနှင့်။ နောင် နှင့်အလွန်နီးကပ်လာသည့်အခြေအနေတွင်ခြေလေးချောင်းကို စုန်ကန်ကာ အရှိန်တန့်ဖို့အသည်းအသန်ကြိုးစားနေသည်ကိုခံစားရသည်။ အနောက်ဘက်လှည့်ကြည့်မရအောင် သိုင်းဖက်ဆွဲချုပ်ခံသည်ကြောင့် မျက်လုံးကိုခပ်ဖြည်းဖြည်းဖွင့်ကာ အနီးကပ်မျက်နှာကိုမော့ကြည့်လိုက်မိသည်။

"စက္က"

နီးနီးကပ်ကပ်မြင်လိုက်ရသည့်မြင်ကွင်းက ခန္ဓာကိုယ်မှ အင်အားတို့သည့် ရုတ်တရတ် ဆွဲစုပ်ခံလိုက်ရသလို။ ရပ်နေသည့်ခြေနှစ်ဖက်သည် ညွှတ်ကျမတတ်။ ပတ်၀န်းကျင်မှ ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တို့ကိုပင်မေ့လျော့ကုန်သည့်မြင်ကွင်းမျိုး။ အချိန်သည်မည်မျှကြာအောင် မှင်သက်မိသည်မသိ။ သတိ၀င်လာချိန်တွင် နောင်သည် မြေပြင်တွင်ထိုင်ရက်။ ထိုသတ္တ၀ါသည်မရှိတော့။ လက်မောင်းမှ ဆွဲမခံလိုက်သည့်အခါမှ အသိအာရုံတို့ ခန္ဓာကိုယ်တွင်ကပ်၏

"ရ.....ရတယ်.....ကျွန်တော်....ကိုယ့်ဘာသာ လမ်းလျှောက်နိုင်တယ်"

မုဆိုးကြီးစက္က၏ အထိအတွေ့ကို ဆတ်ခနဲ ရုန်းကာ ခြေနှစ်လှမ်းခန့်နောက်ဆုတ်၍ နောင် မတ်တပ်ရပ်မိသည်။ ခပ်တင်းတင်းမျက်နှာထားနှင့် မုဆိုးကြီးက ကျိန်းသေနောင့်ကိုဒေါသထွက်နေသည့်ပုံနှင့်။ အရှေ့မှ ခြေလှမ်းကျဲနှင့်ထွက်သွားသူနောက် နောင် ခပ်မှန်မှန်လိုက်နေမိသည်။ အာရုံတို့သည်တော့ အပြည့်အ၀မရှိ။

ဟုတ်တယ်.....မုဆိုးကြီးက နောင့် ကိုဒေါသထွက်နေလောက်မည်။ ဘယ်မှ မသွားပါဘူးဆိုတဲ့ကတိကိုနောင်ဖောက်ဖျက်ထားသည်လေ။ သို့သော် ထိုအရာတို့ကိုနောင် ဂရုမစိုက်အား။ ခုနကမြင်လိုက်သည့် မြင်ကွင်းသည် ကျိန်းသေအစစ်အမှန်။ နောင်မျက်စိမမှား။

*၀ုန်း!*

တံခါးကို ဆောင့်ပိတ်ကာ အထဲ၀င်သွားသည့် မုဆိုးကြီးကို နောင်တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် အိမ်ထဲသို့ခပ်သွက်သွက်၀င်လာလိုက်သည်။ တံခါးကို လုံအောင်ဂျက်ချလိုက်သည်။ ပစ္စည်း တိုလီမုတ်စတို့ထည့်ထားသည့် အိပ်ကိုဆွဲမှောက်ချလိုက်သည်။ ထွက်ကျသည့်ပစ္စည်းတို့ကို မွှေနှောက်တော့ ကြည့်မှန် အသေးတစ်ချပ်။

၀တ်ထားသည့် ရှပ်အင်္ကျီကိုဆွဲချွတ်လိုက်သည်။ အနည်းငယ်တုန်ရီနေသည့် လက်နှင့် ဘယ်ဘက်နံဇောင်းနားမြင်ရအောင် မှန်ကိုထားတော့ နောင့် အတွေးတို့ချာချာလည်၏ လက်သည်းငါးချောင်းရာ...။

သွေးခြေဥတက်နေသည့် ဒဏ်ရာသည် ကျိန်းသေလက်သည်းငါးချောင်းရာ။ မုဆိုးကြီးစက္က၏ ရင်ခွင်ထဲခပ်တင်းတင်းဖက်ခံထားရစဥ် ရုတ်တရတ်ပြောင်းလဲမြင့်တက်လာသည့် မုဆိုးကြီး၏ခန္ဓာကိုယ်အပူချိန်။ ၀ဲဘက်ရင်အုံပေါ် တင်ထားမိသည့်လက်ဖ၀ါးကြောင့် ခံစားမိသည့် သာမာန်လူတစ်ယောက်ထက်အဆမတန်မြန်လာသည့် နှလုံးခုန်နှုန်း။ မော့ကြည့်လိုက်မိစဥ် မြင်လိုက်ရသည့် အစိမ်းရောင်မျက်ဆံများ။ မသိမသာရှည်ထွက်လာသည့် သွားစွယ်များ။ ထိုပြောင်းလဲမှုတို့နှင့် တစ်ပြိုင်နက်ခံစားရသည်က ဆွဲဖက်ထားသည်ကြောင့် ဘယ်ဘက်နံဇောင်းပေါ်ရောက်နေသည့်လက်ချောင်းများမှ အသားထဲနစ်၀င်မတတ်ခံစားရသည့်နာကျင်မှု.....။

စက္ကန့်ပိုင်းမျှသာပြောင်းလဲသွားပြီး အားလုံးနဂိုအတိုင်း ပြန်ဖြစ်သွားပေမယ့် ဒါဟာကျိန်းသေေ နောင် အကြည့်မှားခြင်းမဟုတ်။ နောင် မြင်တွေ့လိုက်ရသည်က အစစ်အမှန်ဆိုသည်ကို သက်သေပြနေသည့်နောက်တစ်ချက်....ပြောရလျှင် နောင် အဖြေရှာမရသည့်တစ်ချက်က...အင်အားကြီးမားပြီးဒေါသတကြီးဖြစ်နေသည့်ပြောင်နှောကူးကြီးက သေနတ်တစ်ချက်မပစ်ဖောက်လိုက်ရပါဘဲ မုဆိုးကြီးကိုမြင်ရုံနှင့် ဘာကြောင့် ကြောက်အားလန့်အားလှည့်ပြေးသည်တဲ့လဲ။

အရှေ့စားပွဲတွင်တင်ထားသည့်ဖောင်တိန်တစ်ချောင်း စာအုပ်တစ်အုပ်လှမ်းယူလိုက်သည်။ အနောက်ဘက်ဆုံးစာမျက်နှာကိုလှန်လှောကာအကြောင်းအရာတချို့ချရေးမိသည်။
- မျက်လုံးစိမ်းတွေ
-ရှည်ထွက်လာတဲ့သွားစွယ်တွေ
-သွေးနွေးသတ္တ၀ါတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်အပူမြင့်တင်လာခြင်း
- အဆမတန် မြန်လာတဲ့ နှလုံးခုန်နှုန်း
-သန်မာထူထဲတဲ့ လက်သည်းရှည်တွေ......

4270 words
Vi vian
30.6.2022(2:23 pm)
90°bow

Zawgyi

စာအုပ္၊ ေဖာင္တိန္ ၊ေရဗူး ၊အလြယ္တကူေခါက္သိမ္းရသည့္အိပ္ယာလိပ္ ၊အေရးေပၚသံုးေဆးဝါး ၊မွန္ဘီလူးအေသး၊ နမူနာပစၥည္းတို႔ထည့္ရန္ အိတ္အေသး ႏွင့္ တစ္လက္မအရြယ္အစားေလာက္သာရိွသည့္ ဖန္ပုလင္းအနည္းငယ္၊ လက္အိတ္၊ အစာေျခာက္တခ်ိဳ႕ ၊ဓါးေျမႇာင္အေသး၊ အ၀တ္အစားအပို ႏွစ္စံု ၊သန္႔စင္ေသာအ၀တ္ျဖဴတစ္စ၊ ဆပ္ျပာခဲ ၊ဆားအနည္းငယ္၊ ႏွစ္ေခ်ာင္းထိုးဓါတ္မီးတစ္လံုး၊ ဓါတ္ခဲအပိုတစ္စံု ၊မီးျခစ္ဆံဗူး ၊ဖေယာင္းတိုင္ ......

ပစၥည္းပစၥယတို႔ အေရ႔ွတြင္အစီအရီခ်ကာ ေနာင္ ဘာလိုအပ္ေသးသည္ကို စဥ္းစားေနမိသည္။ ေက်ာပိုးအိတ္ထဲထည့္သယ္ဖို႔က ပစၥည္း ခပ္မ်ားမ်ားထည့္၍မရ။ အေပ်ာ္ခရီးသြားတာမဟုတ္ပါဘဲ ေတာေတာင္ထဲ သုေတသနျပဳရန္ ၀င္ရမည္ျဖစ္သည္ေၾကာင့္ ေက်ာ့ေမာ့ေန၍ မရ။ ဒူေပ ဒဏ္ေပခံႏိုင္ရမည္။ ထိုသို႔ အပင္ပန္းခံႏိုင္သည့္ေနရာတြင္ေတာ့ ေနာင္ က ထူးခြၽန္သည္။

ႏိုင္ငံျခားတြင္ေက်ာင္းတက္ခဲ့စဥ္က လက္ေတြ့အဖြဲ႔လိုက္ကြင္းဆင္းရသည့္အခ်ိန္မ်ားတြင္ ေတာထဲ သုေတသနျပဳဖူးေပမယ့္ ေတာနက္ထိေတာ့မ၀င္ခဲ့ဖူး။ ေျပာရလ်ွင္ ယခုအႀကိမ္ ရိုးမထဲ၀င္ဖို႔ ဆံုးျဖတ္ခဲ့ျခင္းသည္ ေနာင့္အတြက္ပထမၪီးဆံုးအေတြ့အႀကံဳမို႔ စိတ္မလႈပ္ရွားဟုဆိုလ်ွင္ေတာ့ လိမ္ရာက်လိမ့္မည္။

မနက္ျဖန္နံနက္ အာရုဏ္တက္သည္ႏွင့္ ရိုးမထဲ၀င္ၾကမည္ေၾကာင့္ ဒီအခ်ိန္မုဆိုးႀကီးလည္း ေနာင့္ လိုျပင္ဆင္ေနေလာက္မလား သိခ်င္မိသည္။ ထို႔ေၾကာင့္အိမ္ေရ႔ွထြက္ကာတစ္ဖက္ၿခံကို လွမ္းၾကည့္ေတာ့ မုဆိုးႀကီးသည္ တစ္ခုခုကိုျပင္ဆင္ေနပံုပင္။ အိမ္ေရ႔ွ၀ါးကြပ္ပ်စ္ေပၚထိုင္ကာ ေဘးတြင္ ေျပာင္းရွည္ေသနတ္တစ္လက္ခ်၍ တကုပ္ကုပ္လုပ္ေနသည္က ပတ္၀န္းက်င္ကိုေမ့ေလ်ာ့ထားပံုရ၏

"ဗ်ိဳ႕......ညီ ေနာင္ ေရ......."

ေနာင္ တစ္ေယာက္တစ္ဖက္ၿခံကို သြားရႏိုးမသြားရႏိုးခ်ိတံုခ်တံုျဖစ္ေနစဥ္ ခပ္က်ယ္က်ယ္ေခၚသံႏွင့္ ေနာင့္ဆီ အေျပးေရာက္လာသူကေတာ့ ကိုဒိုးလံုးျဖစ္၏

"ဟာ....ကိုဒိုးလံုး လာဗ်ာ။ ထိုင္ "

"မထိုင္ေတာ့ဘူး ညီေနာင္ေရ...ႏြား သိမ္းရင္း ညီေနာင့္ဆီ အေျပးလာတာ။ ေရာ့.....ေျမပဲဆံေၾကာ္"

အနားစတို႔အနည္းငယ္ဖြါေနသည့္ အက်ႌလက္ျပတ္ ႏွင့္ ပုဆိုးဒူးေလာက္တိကို၀တ္ထားသည့္ ကိုဒိုးလံုးကလက္ထဲတြင္လည္း ႀကိမ္တစ္ေခ်ာင္းႏွင့္။ အေမာတေကာႏွင့္ ပခံုးတြင္စလြယ္သိုင္းထားသည့္ လြယ္အိတ္ခပ္ႏြမ္းႏြမ္းထဲမွ အေသအခ်ာထုပ္ပိုးလာၿပီး အေတာ္အသင့္အရြယ္ရိွသည္ ေျမပဲဆံေၾကာ္ထုပ္ကိုထုတ္ေပးေတာ့ ေနာင္ ကမန္းကတန္းလက္ႏွစ္ဖက္ႏွင့္လွမ္းယူရသည္။

"ကြၽန္ေတာ့္အတြက္လားဗ်"

"ဒါေပါ့ ညီေနာင္ရ...။ ႀကီးေတာ္ ေျပာတာေတာ့ ညီေနာင္ တို႔ကမနက္ျဖန္ ေတာထဲ၀င္ၾကမယ္ဆို"

"ဟုတ္တယ္ဗ်.....တစ္ပတ္ ဆယ္ရက္ေတာ့ၾကာမယ္ထင္တယ္"

"အဲ့ဒါေၾကာင့္က်ဳပ္က ေျမပဲဆံေၾကာ္ေလးလာေပးတာ။ က်ဳပ္ႏြားေက်ာင္းထြက္ရင္ ႏွင္းႏြယ္ ကေျမပဲဆံေလးေၾကာ္ၿပီး ထည့္ေပးေနက်ဗ်။ မေန့ကေတာ့ ညီေနာင္တို႔ေတာထဲ၀င္မယ္ဆို တဲ့ႀကီးေတာ္ေျပာစကားၾကားတာနဲ႔ ႏွင္းႏြယ္ကိုပိုေၾကာ္ခိုင္းခဲ့တာ"

"ဟာ....ေက်းဇူးပါဗ်ာ။ ကြၽန္ေတာ္က ေျမပဲဆံဆိုသိပ္ႀကိဳက္တာဗ်။ အခုေတာင္အနံ႔ေလးေမႊးေနေရာ။ စားလိုက္ရင္စိမ့္ေနေတာ့မွာ"

"ႀကိဳက္လို႔ေတာ္ေသးတာေပါ့ဗ်ာ။ ဒါဆိုက်ဳပ္သြားေတာ့မယ္ညီေနာင္ေရ။ က်ဳပ္ႏြားေတြကို ဖိုးေထာင္ႏြားေတြနဲ႔ ထည့္လႊတ္ေပးလိုက္တာ။ ဖိုးေထာင္က စိတ္ခ်ရေပမယ့္ ဒီလိုအခ်ိန္က် တစ္ေယာက္တည္းလႊတ္ထားလို႔မျဖစ္ေပဘူးဗ်"

"ဟုတ္ကဲ့ ကိုဒိုးလံုး။ ဂရုတစိုက္သြားအံုးေနာ္ဗ်!"

ၿခံဝမွာ လွမ္းေအာ္ေျပာသည့္ ေနာင့္ကို လက္ျပကာ ရြာအဝင္လမ္းဘက္ ၪီးတည္ကာခပ္သုတ္သုတ္သြားသည့္ ကိုဒိုးလံုးက သူႀကီးတို႔အတြက္ေတာ့အေတာ္ပင္အားကိုးရေလာက္သည္။ မည္သို႔ေတာ္စပ္သည္ကိုမသိေပမယ့္ ႏြားေက်ာင္း ၊ကြၽဲေက်ာင္းမွအစ ေကာက္စိုက္ ၊ပ်ိဳးႏႈတ္အဆံုး ထင္းေခြ၊ ေရခပ္အထိ ကိုဒိုးလံုးက လွည့္ၾကည့္စရာမလိုေအာင္ လိုက္လုပ္ေပးတတ္သည္ကို ေနာင္ သတိထားမိသည္။

ကိုဒိုးလံုးကို မ်က္စိတဆံုးအေၾကာင္းမဲ့ၾကည့္ရင္း အေတြးတို႔လြင့္ေမ်ာေနရင္းမွ အာရံုတို႔ျပန္စုစည္းမိသည့္အခါ ေနာင္ တစ္ဖက္ၿခံဆီေျခလွမ္းတို႔ ၪီးတည္လိုက္သည္။

"ကြၽန္ေတာ္၀င္ခဲ့မယ္ေနာ္ဗ်"

ၿခံတံခါးသည္မပိတ္ထားေပမယ့္ အိမ္ထဲ၀င္ဖို႔က အိမ္ရွင္ဆီအရင္ခြင့္ေတာင္းသင့္သည္ထင္သည္ေၾကာင့္ ေနာင္ ခြင့္ေတာင္းရသည္။ ကြပ္ပ်စ္ေပၚတကုပ္ကုပ္လုပ္ေနသည့္မုဆိုးႀကီးကေတာ့ ေနာင့္ ကိုတစ္ခ်က္သာၾကည့္၍ သူ႔အလုပ္သူျပန္လုပ္ေန၏ ဆိတ္ဆိတ္ေနျခင္းသည္ သေဘာတူလက္ခံျခင္းဟု မွတ္ယူသည္ေၾကာင့္ ခပ္တည္တည္ပင္ ၿခံထဲ၀င္၍ ကြပ္ပ်စ္အစြန္းတြင္၀င္ထိုင္လိုက္၏

အာရံုအျပည့္အ၀စိုက္ကာ အလုပ္လုပ္ေနသည့္ မုဆိုးႀကီးကေတာ့ ေက်ာက္ျပားထူတစ္ခ်ပ္ေပၚတြင္ အေနေတာ္ အပိုင္းေသးေလးမ်ားရေအာင္ ျဖတ္ေတာက္ထားသည့္ ခဲ အပိုင္းအေသးေလးမ်ားတင္ကာအလံုးေသးေသးေလးမ်ားရေအာင္ လိွမ့္ေနသည္ေၾကာင့္ ေနာင္ ခပ္ၿငိမ္ၿငိမ္ေလးသာ ထိုင္ၾကည့္ေနလိုက္သည္။ ေဘးတြင္လည္းအရြယ္အစားအႀကီးအေသးကြာသည့္ ခဲ အလံုးမ်ားသည္ ခပ္မ်ားမ်ားပင္။

ထို႔ေနာက္ ထို ခဲ အလံုးေလးမ်ားကိုက်ည္ခြံထဲထည့္လိုက္၏ ၿပီးေနာက္ အေရ႔ွနားတြင္ပံုထားသည့္ မီးျခစ္ဆံေခါင္းမွ ျခစ္ယူထားပံုရသည့္ ယမ္းမႈန္႔ အနည္းငယ္ကိုယူ၍ က်ည္ ေမာင္းရိုက္သည့္ေနရာတြင္ မနည္းလြန္း မမ်ားလြန္းသည့္ လိုသေလာက္ပမာဏ ကိုကပ္လိုက္၏

ထိုသို႔နည္းလမ္းအတိုင္း က်ည္သည္တစ္ေတာင့္ၿပီးတစ္ေတာင့္ ျပဳလုပ္ၿပီးသည္အထိ ေနာင္ စိတ္၀င္တစားလိုက္ၾကည့္ေနမိသည္။ မ်က္ေတာင္မခတ္တမ္းၾကည့္ေနသည့္ ေနာင္ ကိုမုဆိုးႀကီးက က်ည္တစ္ေတာင့္ကမ္းေပးလာ၏ ေနာင္ ၿပံဳးလိုက္မိသည္။ ေနာင္ စိတ္၀င္တစားရိွလွသည္ကို ဒီလူကသိသည္ပဲ။

"ဒါကို စရိတ္က်ည္ လို႔ေခၚတယ္မလား ေဟ့လူ"

ေနာင့္ အေျပာကို မုဆိုးႀကီးက တစ္ခ်က္ေမာ့ၾကည့္ၿပီး ေခါင္းညိတ္ျပ၏

"စရိတ္က်ည္ဆိုတာကို ကြၽန္ေတာ္ စာအုပ္တခ်ိဳ႕မွာဖတ္မွတ္ဖူးတယ္။ ျမင္ဖူးတာကေတာ့ ဒါကပထမဆံုးပဲ။ ဒီက်ည္က လုပ္ရတာသိပ္ပညာသားပါတယ္လို႔လည္း မွတ္သားဖူးတယ္။ ယမ္းနည္းသြားရင္ က်ည္က လိုသေလာက္အကြာအေဝးမေရာက္ဘဲ လမ္းခုလတ္တင္ျပန္႔က်ဲသြားတတ္တယ္ ယမ္းမ်ားသြားရင္ ေျပာင္းကြဲတတ္တယ္ လို႔လည္းၾကားဖူးတယယ္။ ဒါေပမယ့္ ခင္ဗ်ားလုပ္ေနတာၾကည့္ရတာေတာ့ လြယ္လြယ္ေလးလိုပဲ"

က်ည္ ကိုဟိုလွည့္ ဒီလွည့္ၾကည့္ေနသည့္ ေနာင့္ ကို မုဆိုးႀကီးက ဘာမွ မေျပာဘဲ စိုက္ၾကည့္ေန၏ ကိုယ္မတတ္သည့္ ပညာရပ္တစ္ခုကို တျခားသူတစ္ေယာက္ တတ္ေျမာက္ပါလ်ွင္ ေနာင္ က သိပ္အထင္ႀကီးေလးစားတတ္သည္။ မည္မ်ွပင္ ေသးငယ္သည့္အတတ္ပညာျဖစ္ပါေစ ကိုယ္မလုပ္တတ္လ်ွင္ ဒါက ကိစၥႀကီးပင္။

"ဒါလုပ္နည္းလည္း ကြၽန္ေတာ့္ကိုသင္ေပး။ ေနာက္တစ္ခါဆို ကြၽန္ေတာ္လည္း ဝိုင္းကူရေအာင္"

လက္ထဲမွ က်ည္ကို စိတ္၀င္တစား ဖင္ျပန္ေခါင္းျပန္ၾကည့္ၿပီးမွ သင္ေပးဖို႔ စကားဆိုရင္း က်ည္ကိုျပန္ကမ္းေပးေတာ့ ေနာင္ အျမင္မမွားဘူးဆိုလ်ွင္ မုဆိုးႀကီး၏ မ်က္လံုးသည္ ၿပံဳးရိပ္အနည္းငယ္သန္း၍ ႏႈတ္ခမ္းေထာင့္သည္ မသိမသာေကြးၫႊတ္ေနသလို...။ ေနာင္ ႏွင့္ အၾကည့္ဆံုမိေတာ့ ျဖတ္ကနဲ တစ္ဖက္လွည့္လိုက္သည္က သိသိသာသာရယ္....

"ခင္...ခင္ဗ်ား ၿပံဳးေနတာမလား"

တအံ့တၾသ အနည္းငယ္အေရ႔ွတိုးကာေမးမိေတာ့ ထံုးစံအတိုင္း အေျဖသည္ျပန္မရ။ အာရံုစိုက္မႈတို႔သည္ေနာင့္ဆီတြင္မဟုတ္ေတာ့။ မုဆိုးႀကီးက သူ႔မ်က္ႏွာခပ္တည္တည္အတိုင္း ခဲ လံုးတို႔ကိုလိွမ့္ေနျပန္၏ ေနာင္ မ်က္လံုးမ်ားေမွးစဥ္းကာ အေရ႔ွမွ သူကိုၾကည့္လိုက္သည္။ က်ိန္းေသ ဒီလူက ၿပံဳးလိုက္ပါသည္။ ေနာင္အၾကည့္မမွား။

"ေနာင္ႀကီး စကၠ!! ေနာင္ႀကီးစကၠ!!!!"

ရင္းႏွီးမႈ အနည္းငယ္ရစျပဳလာၿပီျဖစ္သည္ေၾကာင့္ စကားစတို႔ဆက္ရွာကာ စကားဆက္ဖို႔လုပ္လိုက္စဥ္ အထိတ္တလန္႔အေလာတႀကီးေအာ္ေခၚသံက အေဝးမွ ပ်ံ့လြင့္လာသည္မွာ ခဏတြင္းခ်င္းပင္ လ်င္ျမန္ေသာအဟုန္ႏွင့္အနားေရာက္လာေတာ့သည္။

"ေဟာဟဲ......ေဟာဟဲ......ေနာင္...ေနာင္ႀကီးစကၠ....ရြာ....ရြာထဲ....."

"ဖိုးေထာင္"

ပုဆိုးကိုစလြယ္သိုင္း၍ ဖုန္အလိမ္းလိမ္းနဲ႔ အလန္႔တၾကားေျပးလာသူက တျခားသူမဟုတ္။ ခုနကတင္ကိုဒိုးလံုးႏွင့္ ႏြားသိမ္းအတူျပန္လာသည္ဟူသည့္ ဖိုးေထာင္ ျဖစ္သည္။ ေနာင္ တအံ့တၾသ နာမည္ေခၚေတာ့ ဒူးေပၚလက္ႏွစ္ဖက္ေထာက္ကာ ေမာဟိုက္ေနသည္က အေတာ္အေလာတႀကီးေျပးလာပံုပင္။ ေနာင္ႀကီးစကၠဟု အေမာတေကာေခၚ၍ ရြာဘက္လက္ၫွိုးၫႊန္ျပေနေပမယ့္ စကားတို႔သည္ထြက္မလာေသး။ မုဆိုးႀကီးကေတာ့ဘာမွ မေျပာဘဲ ဖိုးေထာင္ကိုမ်က္ခံုးမ်ားတြန္႔ခ်ိဳး စိုက္ၾကည့္ေန၏

"ရြာ...ရြာထဲ....ေျပာင္ေနွာကူးတစ္ေကာင္......လမ္း.... လမ္းမွားေရာက္ၿပီး ေသာင္းက်န္းေနလို႔ ေနာင္...ေနာင္ႀကီး စကၠ....ကိုင္းေတာဘက္မွာလို႔ေျပာတယ္"

ဖိုးေထာင္စကားဆံုးသည္ႏွင့္ ကြပ္ပ်စ္ေပၚမွ ေသနတ္ကိုဆတ္ကနဲေကာက္ယူ၍ ထထြက္သြားသည့္မုဆိုးႀကီးက ၿခံ၀အေရာက္ တစ္ခုခုကိုသတိရလာသလို ေျခလွမ္းတို႔တံု႔ခနဲရပ္၏ အနည္းငယ္ေစာင္းငဲ့ၾကည့္လာသည့္မ်က္၀န္းတို႔သည္ ေနာင့္ထံသို႔ စူးစူးရဲရဲ။ ထိုမ်က္၀န္းစူးစူးတို႔ကို ဘာသာျပန္ရၿပီး ေနာင္ သေဘာေပါက္သည့္အခါတြင္ေတာ့....

"ကြၽန္ေတာ္ ဘယ္မွ မသြားဘူး ေဟ့လူ ဒီမွာပဲေစာင့္ေနမယ္ .....အဲ့ဒါေၾကာင့္ စိတ္မပူဘဲ ျမန္ျမန္သြားလိုက္။ ၿပီးေတာ့........ဂရုစိုက္"

ေနာင့္ စကားကို ေခါင္းဆတ္ရံုသာတစ္ခ်က္ညိတ္ၿပီး ရြာဘက္ခပ္သြက္သြက္ထြက္သြားသည့္ေက်ာျပင္က်ယ္ကို မ်က္စိတဆံုးလိုက္ၾကည့္ေနမိသည္။ ဖိုးေထာင္ကေတာ့ ေျမျပင္တြင္ေျခပစ္လက္ပစ္ထိုင္ကာ အေမာေျဖေနၿပီး အေတာ္ေမာဟိုက္ေနပံုရသည္ေၾကာင့္ ေရစဥ့္အိုးမွ ေရကိုခပ္ကာ ေနာင္ ကမ္းေပးလိုက္သည္။

"ေျပာင္ေနွာကူးဆိုတာ ဘာလဲ ဖိုးေထာင္"

"ေျပာင္....ေျပာင္ေနွာကူး .... ဆိုတာက...."

"ေရအရင္ေသာက္ဖိုးေထာင္။ နည္းနည္းအေမာေျပမွေျပာ"

"ဟုတ္....ဟုတ္ကဲ့"

ေနာင္ကမ္းေပးလိုက္သည့္ ေရတစ္ခြက္လံုးကိုတစ္က်ိဳက္တည္းေမာ့ေသာက္ကာ ႏႈတ္ခမ္းေထာင့္မွစီးက်လာသည့္ေရတို႔ကို စလြယ္သိုင္းထားသည့္ပုဆိုးႏွင့္သုတ္ၿပီးအနည္းငယ္အေမာ ေျပသြားသည့္အခါ ဖိုးေထာင္ကစကားဆက္၏

"ေျပာင္ေနွာကူးဆိုတာက သင္းကြဲလာတဲ့ ေျပာင္ကို ေျပာတာ ေနာင္ႀကီး မိုးရိပ္ရဲ့"

"သင္းကြဲလာတဲ့ေျပာင္"

"သင္းကြဲတယ္ဆိုတာထက္ဗ်ာ....အသက္ႀကီးလာလို႔ သူတို႔ေျပာင္အုပ္ကေန က်ဥ္လိုက္တာ။ ေျပာရရင္မစြမ္းေဆာင္ႏိုင္ေတာ့လို႔ စြန္႔ပစ္လိုက္တဲ့ သေဘာေပါ့"

"အႏၲရာယ္ေပးႏိုင္လား ဖိုးေထာင္"

"ခႏၶာကိုယ္က ႀကီးမားၿပီးေဒါသႀကီးတတ္တဲ့ သတၲဝါျဖစ္တာေၾကာင့္ အႏၲရာယ္ေတာ့ရိွတယ္ ေနာင္ႀကီးမိုးရိပ္။ ဒါေပမယ့္ စိတ္မပူပါနဲ႔....ေနာင္ႀကီးစကၠက ေတာ္ရံုမုဆိုးမွ မဟုတ္ဘဲဗ်"

ဖိုးေထာင္အေျပာကိုေနာင္ ေခါင္းတဆတ္ဆတ္ညိတ္ရင္းေထာက္ခံလိုက္သည္။ မ်က္ႏွာခ်င္းဆိုင္ထိေတြ့ဖူးသည့္အႀကိမ္ေရသည္ သိပ္မမ်ားေပမယ့္ စကၠ ဆိုသည့္မုဆိုးႀကီးသည္ ေတာ္ရံုမဟုတ္ဆိုသည္ကိုေတာ့ ေနာင္ ေကာင္းေကာင္းသိသည္။ ထိုသူတြင္ ရိုးမေတာတစ္ခုလံုးကို လႊမ္းမိုးထားႏိုင္သည့္ အရိွန္အဝါသည္အျပည့္။ အဓိက က ထိုသူ၏ မ်က္လံုးပင္။ သာမာန္ထက္ ပိုစူးရဲလြန္းေနၿပီး ထိုမ်က္ဆံခပ္နက္နက္မ်ားေနာက္ အေရာင္တစ္ခုခုျဖတ္ေျပးေနသလိုပင္။

"မင္းကႏြားသိမ္းေနတာမဟုတ္လား။ ဘယ္လိုျဖစ္လို႔ ဒီဘက္ျပန္ေျပးလာတုန္း"

"ႏြားသိမ္းရင္းၿခံထဲသြင္းေနတုန္း ကိုင္းေတာဘက္ကလူေတြေျပးလာၾကလို႔ဗ်။ ဒီေကာင္ႀကီးက ရြာလမ္းဘက္ၪီးတည္ေနတယ္ဆိုေတာ့ အဘက ေနာင္ႀကီးစကၠကိုအျမန္သြားေခၚဖို႔ေျပာတာ"

"အင္း ေတာ္ေသးတာေပါ့ ညအခ်ိန္မွဆိုခက္ေတာ့မွာ"

"ဟို.....ဒါနဲ႔ ေနာင္ႀကီးမိုးရိပ္"

"ေအး ေျပာ ဖိုးေထာင္"

"က်ဳပ္ကို ရြာအစပ္ထိ လိုက္ပို႔ပါလား"

"ဟ.....မင္းလာတုန္းက တစ္ေယာက္တည္းေလ"

"မတူဘူးေလ ေနာင္ႀကီးရ.....အဲ့ဒီ့တုန္းကေၾကာက္အားလန္႔အားနဲ႔ ေျပးလာတာ။ အခုကက် ေနလည္းဝင္လုၿပီဗ်။ ၿပီးေတာ့ ဒီလို ႏြားရိုင္းသြင္းခ်ိန္ေတြဆို မေကာင္းဆိုးဝါးေတြထြက္လာတတ္တာေၾကာင့္ ကေလးေတြကိုေတာင္အျပင္ေပးမထြက္ရဘူးလို႔ ႀကီးေတာ္ကေျပာဖူးတယ္"

"မင္းက ကေလးမွ မဟုတ္ဘဲကြ"

"၁၅ ႏွစ္က ကေလးေပါ့ ေနာင္ႀကီးရ....ၿပီးေတာ့ ရြာအ၀င္က ေညာင္ပင္က သရဲေျခာက္တယ္ေျပာၾကတယ္။ က်ဳပ္တစ္ေယာက္တည္းမျပန္ရဲလို႔ပါဗ်ာ။ လုပ္ပါ ေနာင္ႀကီး မိုးရိပ္ရာ ေနာ္..."

"ဖိုးေထာင္ရာ မင္းေယာက်ာ္း မဟုတ္တဲ့အတိုင္းပဲ"

"ဟ....ေနာင္ႀကီးကလည္း ေယာက်ာ္းလည္း သရဲေၾကာက္တတ္တယ္ဗ်"

"ေအး...ေအး...လာ....လာ ေညာင္ပင္ေက်ာ္ရင္ရၿပီမလား"

"အင္း ရၿပီ။ ေညာင္ပင္ေက်ာ္လို႔ က်ဳပ္ရြာထဲေျပး၀င္သြားရင္ ေနာင္ႀကီး ျပန္လို႔ရၿပီ"

"မင္းကေတာ့ သတၲိခဲပဲ"

"ေနာင္ႀကီးကလည္းက်ဳပ္ေက်းဇူးမေမ့ပါဘူး။ ေနာက္တစ္ခါ ဒိုးပစ္တမ္းေဆာ့ရင္ ေနာင္ႀကီးကိုက်ဳပ္ ၃ ပြဲ အေၾကာေပးပါ့မယ္"

"ေအး....မင္းစကားနဲ႔ မင္းပဲေနာ္"

"ကတိ....ကတိ"

*ဒိုင္း!!* *ဒိုင္း!!* *ဒိုင္း!!*

စကားတေျပာေျပာႏွင့္ ရြာလမ္းဘက္ထြက္လာမိေတာ့ ပ်ံ့လြင့္လာသည့္ ေသနတ္သံခပ္က်ယ္က်ယ္သည္ ေလအေဝ႔ွတြင္ခပ္သဲ့သဲ့ၾကားရ၏ ေကာင္းကင္မွ အိပ္တန္းတက္လာၾကသည့္ ငွက္အုပ္တို႔သည္အလန္႔တၾကားခပ္သြက္သြက္ပ်ံကုန္ၾကေတာ့ ဖိုးေထာင္ကဂုဏ္ယူဝံ့ႂကြားစြာထေျပာေတာ့သည္။

"ေတြ့တယ္မလား။ အဲ့ဒါေနာင္ႀကီးစကၠရဲ့ေသနတ္သံ။ က်ဳပ္ေျပာပါတယ္ ေနာင္ႀကီးစကၠကသိပ္ေတာ္တာပါဆို။ ဒီနယ္တေၾကာမွာ ေနာင္ႀကီးစကၠကိုမွီတဲ့ မုဆိုးရယ္လို႔ က်ဳပ္ျဖင့္ၾကားေတာင္မၾကားဖူးေပါင္။ ေနာင္ႀကီးစကၠ အမဲမလိုက္ဖူးတဲ့ သားေကာင္ရယ္ ရိုးမထဲမရိွသေလာက္ပဲ။ စကၠ ေဟ့ဆိုလို႔ကေတာ့ ပဲခူး ရိုးမ တစ္ခြင္ ဖိန္႔ဖိန္႔တုန္ပဲဗ်။ ဟဲ.....ဟဲ.....ၿပီးေတာ့ ႏႈတ္ခမ္းေမႊးမုတ္ဆိတ္ေမႊးေတြသာရိတ္လိုက္ရင္က်ဳပ္တို႔မုဆိုးႀကီးက သိပ္ေခ်ာတာဗ်။ "

လက္သီးလက္ေမာင္းတန္းကာ ဂုဏ္ယူဝံ့ႂကြားစြာႏွင့္ မုဆိုးဖြဲ႔ေတးမၾကဴးရံုေျပာေနသည့္ ဖိုးေထာင္ကိုၾကည့္၍ ေနာင္ ၿပံဳးရင္းေခါင္းတခ်က္ယမ္းလိုက္မိသည္။ တကယ္ကိုရိုးသားပြင့္လင္းၾကသည္ေၾကာင့္ ဒီေညာင္မိႈင္းသာယာရြာေလးကို ေနာင္အမွန္တကယ္ကိုသေဘာက်ေနမိေတာ့သည္။

"ဖိုးေထာင္"

"ခင္ဗ်"

"အဲ့ဒီ့ေျပာင္ေနွာကူးကို သတ္လိုက္ၾကမွာလား"

"အဲ....မသတ္ဘူးဗ်။ ေနာင္ႀကီးစကၠ ကလမ္းေၾကာင္းလႊဲဖို႔ေျခာက္ပဲေျခာက္တာ။ တေလာကေတာင္ ဆင္အိုႀကီးတစ္ေကာင္လာေသာင္းက်န္းေတာ့ ေသနတ္သံေပးေျခာက္လွန္႔ၿပီး ေတာထဲျပန္သြင္းတာဗ်"

"ဆင္အိုႀကီး"

"ဒီလိုပဲေပါ့ဗ်ာ....ႏုပ်ိဳစဥ္က ဘယ္လိုပဲစြမ္းေဆာင္ရည္ေတြရိွတယ္ေျပာေျပာအသက္ႀကီးလို႔မစြမ္းေဆာင္ႏိုင္တဲ့အခါ အုပ္စုကေန က်ဥ္ (ေမာင္းထုတ္) လိုက္ၾကတာပါပဲ။ မျမင္မကမ္း တိုးမိတိုးရာေတာတိုးရင္း လူေတြေနတဲ့ဘက္ နယ္ကြၽံေတာ့ တခ်ိဳ႕ဆိုသတ္ခံၾကရတာပဲဗ်။ အသက္ႀကီးလို႔က်ဥ္ၾကတယ္ဆိုတာက တိရိစၧာန္တိုင္းရယ္ေတာ့ အဲ့ဒီ့လိုမဟုတ္ေပမယ့္ မ်ိဳးစိတ္ေတာ္ေတာ္မ်ားမ်ားကအဲ့ဒီ့လိုပါပဲ"

ေနာင္ ေခါင္း တဆတ္ဆတ္ညိတ္ရင္း ဖိုးေထာင္ေျပာသည္ကိုနားေထာင္ေနမိသည္။ အဲ့ဒါေၾကာင့္ပဲ သက္ႀကီးရြယ္အိုမိဘေတြကို မသန္စြမ္းေတာ့သည့္အခါ ပစ္ပယ္ၾကသည့္သူေတြကို လူ႔တိရိစၧာန္ဟုေခၚသည္ထင္ပါ၏ ငယ္ရြယ္စဥ္ ရွာေဖြေကြၽးေမြးပညာသင္ၾကားေပးခဲ့ရၿပီးအသက္ႀကီးရင့္လို႔ မစြမ္းေဆာင္ႏိုင္ေတာ့သည့္အခါ မရွာေဖြႏိုင္ေတာ့သည့္အခါ မိဘကိုစြန္႔ပစ္ထားၾကသည့္ သူမ်ားသည္လူ႔ေလာကတြင္ ဒုနဲ႔ ေဒး။ ထိုသို႔ေသာသူမ်ားသည္မည္မ်ွပင္ ပညာတတ္ဂုဏ္ရိွလူတန္းစားျဖစ္ေစကာမူ လူ႔တိရိစၧာန္ စာရင္း၀င္မ်ားျဖစ္သည္ကေတာ့ က်ိန္းေသပင္။

"ဒီေနရာေလာက္ထိဆိုရၿပီမလားဖိုးေထာင္"

"ေက်းဇူးပဲ ေနာင္ႀကီး မိုးရိပ္။ က်ဳပ္သြားၿပီ"

ရြာလမ္းတေလ်ွာက္မေျပးရံုတမယ္ ေလ်ွာက္သြားသည့္ဖိုးေထာင္ကို ေနာင္ ခဏရပ္ၾကည့္ေနၿပီးမွ လာလမ္းအတိုင္းေနာက္ျပန္လွည့္လိုက္သည္။ ရြာထိပ္မွ သက္တမ္းအေတာ္ၾကာရင့္ေနၿပီျဖစ္သည့္ ေညာင္ပင္အိုႀကီးကိုျဖတ္ရင္း ေစာင္းငဲ့ၾကည့္မိေတာ့ ေန၀င္ဆည္းဆာေနရာင္ျခည္ေၾကာင့္ အခက္အလက္မ်ားသည္ေခ်ာက္ခ်ားစရာအတိ။ ေလတိုက္တိုင္း တကြၽီကြၽီ ယိမ္းႏြဲ႔ေနသည္က တစ္ခုခုကို လက္ယပ္ေခၚေနသလို။ ေနာင္ တစ္ခ်က္ၿပံဳးလိုက္မိသည္။ ထို႔ေၾကာင့္လည္းဖိုးေထာင္ ေၾကာက္တာျဖစ္ႏိုင္သည္။

ရြာထဲမွ ထြက္ရင္း တာရိုးတစ္ေလ်ွာက္ လမ္းကိုခပ္သြက္သြက္ေလ်ွာက္ေနမိသည္။ ဘာရယ္မဟုတ္ မုဆိုးႀကီးကို ဘယ္မွ မသြားဟုေျပာထားေပမယ့္ အခု ေနာင္ ရြာထိပ္ပင္ေရာက္ေနၿပီ။ အေရ႔ွမွ ျမက္ရိုင္းတို႔ တစ္ဖက္တစ္ခ်က္ေပါက္ေနသည့္ လမ္းကိုျဖတ္ၿပီးလ်ွင္ေတာ့ အိမ္ေရာက္ဖို႔အနည္းငယ္သာလိုေတာ့သည္။ ထို႔ေၾကာင့္ ေနာင္ ေျခလွမ္းတို႔ကိုအရိွန္တင္လိုက္သည္။

*ရွဲ......ရွဲ.......ရွဲ*

*ဝြန္းးးးးးး*

*ရွဲ...ရွဲ*

လွမ္းေနသည့္ေျခလွမ္းတို႔သည္တုန္႔ကနဲ႔။ လူတစ္ရပ္ထက္ပင္ ေက်ာ္သည့္ျမက္ရိုင္းအုပ္ႀကီးသည္ ေဘးတစ္ဖက္တစ္ခ်က္ေနရာယူ၏ ဘယ္ဘက္ျခမ္းမွ ထိုျမက္ရိုင္း အုပ္ၾကားတစ္ခုခု အရိွန္ႏွင့္ တိုးလာသလို။ ၪီးတည္ရာသည္ မိမိဆီသို႔။ အႏၲရာယ္အေငြ့အသက္သည္နီးနီးကပ္ကပ္။ နားႏွင့္ဆတ္ဆတ္ၾကားလိုက္ရသည့္အသံသည္ ေဒါသထြက္ေနသည့္ ႏြားတစ္ေကာင္၏ ေႂကြးေၾကာ္သံမ်ိဳး။

နားကို ပိုစြင့္လိုက္သည္။ မ်က္စိကို ေတာင္ေတာင္ေျမာက္ေျမာက္ လႈပ္ရွားလိုက္သည္။ ခႏၶာကိုယ္ကို သတိအေနအထားႏွင့္။ လက္ထဲ ဘာလက္နက္မွ မပါသည္ေၾကာင့္ အႏၲရာယ္ႀကံဳလ်ွင္ေျပးရံုမွလြဲ ဘာမွလုပ္မရ။ အသက္ကို အနည္းငယ္ေအာင့္လိုက္သည္။ က်ိန္းေသေ ထိုခပ္ျမန္ျမန္ေရႊ့လ်ားလာသည့္သတၲဝါသည္ ပိုနီးကပ္လာ၏

*ရွဲ!! ရွဲ!!....ရွဲ!! ရွဲ!!*

*ဝြန္းးးးး!!!!*

ျမက္ရိုင္းမ်ားၾကား ဝြန္း ကနဲညာသံေပးဝုန္းဆို ထြက္ခ်လာသည့္သတၲဝါႀကီးသည္ ေနာင္ ရပ္ေနရာမွ ဝါးသံုးျပန္အကြာအေဝးေလာက္တြင္ျဖစ္၏ ၪီးေနွာက္ထဲ အသိစိတ္တို႔ တစ္ခ်က္လြတ္သြားသည္။ ခႏၶာကိုယ္ႀကီးမားၿပီးအနည္းငယ္အိုေနပံုရေပမယ့္ ထိုသတၲဝါက က်ိန္းေသေျပာင္ေနွာကူးပင္။

*ဝြန္းးးးးးး!!!*

ညာေျခတို႔သည္ ေျမျပင္ေပၚ ခြါကိုေနာက္ျပန္ယွက္ေနသည္သည္က ေရ႔ွသို႔အရိွန္ယူေန၏ ေဒါသတႀကီး ႏွာမႈတ္ကာ ေခါင္းတယမ္းယမ္းႏွင့္။ ေခါင္းထက္တြင္ ေကာက္ေကြးမည္းနက္ေနသည့္ ၪီးခ်ိဳကိုဟန္ေရးတျပျပ။ ေနာင့္ ခႏၶာကိုယ္သည္မလႈပ္မယွက္ ေနရာမွ မေရြ့။ ေခြၽးေစးတို႔သည္ နဖူးထက္ တစိမ့္စိမ့္ေနရာယူေလၿပီ။ေနာင့္ ဆီ ေရွးရႉၪီးတည္ဒုန္းဆိုင္း စေျပးလာၿပီျဖစ္သည့္တိရိစၧာန္သည္ မဲမဲျမင္ရာအကုန္ရန္ရွာေတာ့မည္။ ေနာက္ျပန္လွည့္ေျပးဖို႔အခ်ိန္သည္မမွီေတာ့။ မ်က္လံုးမ်ားကိုစံုမိွတ္ခ်ေတာ့ ထိုေျပာင္ေနွာကူး ေျပးလာသည့္ေျခလွမ္းအတိုင္း တုန္ခါမႈကိုေျမျမင္မွ သိသိသာသာခံစားလိုက္ရသည္။ စိတ္ထဲေရရြတ္လိုက္မိသည့္ နာမည္နာမက.....

*စကၠ.......ငါ ဒီမွာ........ငါဒီမွာမို႔....ငါ့ဆီလာပါ စကၠ.....*

အသက္နဲ႔ခႏၶာ မကြဲကြာဖို႔ ေနာက္ဆံုးအင္အားကို ေနာင္ က ထိုသူ႔ကိုတမ္းတဖို႔အသံုးခ်လိုက္ေလၿပီ။ ခႏၶာကိုယ္အႏွံ႔ ျဖတ္သန္းစီးဆင္းေနသည့္ ေၾကာက္ရြံ႔ထိတ္လန္႔မႈႏွင့္ လက္သီးကိုခပ္တင္းတင္းဆုပ္ရင္း မ်က္လံုးကို ခပ္တင္းတင္းမိွတ္ထားမိသည္က အာရံုတို႔သည္ေမွာင္အတိက်၏ ခႏၶာကိုယ္ေပၚက်ေရာက္လာမည့္ အမည္မသိနာက်င္မႈအတြက္ အဆင္သင့္မျဖစ္ေသး။

*အင့္*

တလွပ္လွပ္ခုန္ေနသည့္ ႏွလံုးခုန္ႏႈန္းသည္ ရုတ္တရတ္ေၾကာက္ရြံ႔မႈမွေနြးေထြးမႈသို႔ေျပာင္း၏ ခြန္အားႀကီးမားသည့္ လက္ေမာင္းတစ္ဖက္ႏွင့္ သိုင္းဖက္ဆြဲလွည့္ခံလိုက္ရၿပီး ခပ္မာမာရင္အုပ္ေပၚမ်က္ႏွာအပ္ရက္။ ေတာေတာင္နံ႔တို႔ ထံုသင္းေနသည့္ ကိုယ္သင္းနံ႔သည္ႏွာေခါင္းထဲတိုး၀င္၏ မိုးရြာကာစ ေျမတို႔မွ တက္လာသည့္ ေျမသင္းနံ႔ လိုလို....သစ္ရြက္ သစ္ကိုင္းႏွင့္ ပင္စည္တို႔တြင္ တစ္ခါတစ္ရံရတတ္သည့္ သစ္ေမႊးနံ႔လိုလိုရနံ႔မ်ိဳး။

*ဝြန္းးးးးး!!!*

ဒီတစ္ခါေပးသည့္ ထိုသတၲဝါ၏ ညာသံသည္ ေၾကာက္ရြံ႔စရာတစ္စံုတစ္ခုကို ထိပ္တိုက္ရင္ဆိုင္လိုက္ရသည္ေၾကာင့္ ေဆာက္တည္ရာမရသည့္ ၀မ္းေခါင္းသံမ်ိဳးႏွင့္။ ေနာင္ ႏွင့္အလြန္နီးကပ္လာသည့္အေျခအေနတြင္ေျခေလးေခ်ာင္းကို စုန္ကန္ကာ အရိွန္တန္႔ဖို႔အသည္းအသန္ႀကိဳးစားေနသည္ကိုခံစားရသည္။ အေနာက္ဘက္လွည့္ၾကည့္မရေအာင္ သိုင္းဖက္ဆြဲခ်ဳပ္ခံသည္ေၾကာင့္ မ်က္လံုးကိုခပ္ျဖည္းျဖည္းဖြင့္ကာ အနီးကပ္မ်က္ႏွာကိုေမာ့ၾကည့္လိုက္မိသည္။

"စကၠ"

နီးနီးကပ္ကပ္ျမင္လိုက္ရသည့္ျမင္ကြင္းက ခႏၶာကိုယ္မွ အင္အားတို႔သည့္ ရုတ္တရတ္ ဆြဲစုပ္ခံလိုက္ရသလို။ ရပ္ေနသည့္ေျခႏွစ္ဖက္သည္ ၫႊတ္က်မတတ္။ ပတ္၀န္းက်င္မွ ရုန္းရင္းဆန္ခတ္အျဖစ္အပ်က္တို႔ကိုပင္ေမ့ေလ်ာ့ကုန္သည့္ျမင္ကြင္းမ်ိဳး။ အခ်ိန္သည္မည္မ်ွၾကာေအာင္ မွင္သက္မိသည္မသိ။ သတိ၀င္လာခ်ိန္တြင္ ေနာင္သည္ ေျမျပင္တြင္ထိုင္ရက္။ ထိုသတၲဝါသည္မရိွေတာ့။ လက္ေမာင္းမွ ဆြဲမခံလိုက္သည့္အခါမွ အသိအာရံုတို႔ ခႏၶာကိုယ္တြင္ကပ္၏

"ရ.....ရတယ္.....ကြၽန္ေတာ္....ကိုယ့္ဘာသာ လမ္းေလ်ွာက္ႏိုင္တယ္"

မုဆိုးႀကီးစကၠ၏ အထိအေတြ့ကို ဆတ္ခနဲ ရုန္းကာ ေျခႏွစ္လွမ္းခန္႔ေနာက္ဆုတ္၍ ေနာင္ မတ္တပ္ရပ္မိသည္။ ခပ္တင္းတင္းမ်က္ႏွာထားႏွင့္ မုဆိုးႀကီးက က်ိန္းေသေနာင့္ကိုေဒါသထြက္ေနသည့္ပံုႏွင့္။ အေရ႔ွမွ ေျခလွမ္းက်ဲႏွင့္ထြက္သြားသူေနာက္ ေနာင္ ခပ္မွန္မွန္လိုက္ေနမိသည္။ အာရံုတို႔သည္ေတာ့ အျပည့္အ၀မရိွ။

ဟုတ္တယ္.....မုဆိုးႀကီးက ေနာင့္ ကိုေဒါသထြက္ေနေလာက္မည္။ ဘယ္မွ မသြားပါဘူးဆိုတဲ့ကတိကိုေနာင္ေဖာက္ဖ်က္ထားသည္ေလ။ သို႔ေသာ္ ထိုအရာတို႔ကိုေနာင္ ဂရုမစိုက္အား။ ခုနကျမင္လိုက္သည့္ ျမင္ကြင္းသည္ က်ိန္းေသအစစ္အမွန္။ ေနာင္မ်က္စိမမွား။

*ဝုန္း!*

တံခါးကို ေဆာင့္ပိတ္ကာ အထဲ၀င္သြားသည့္ မုဆိုးႀကီးကို ေနာင္တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ အိမ္ထဲသို႔ခပ္သြက္သြက္၀င္လာလိုက္သည္။ တံခါးကို လံုေအာင္ဂ်က္ခ်လိုက္သည္။ ပစၥည္း တိုလီမုတ္စတို႔ထည့္ထားသည့္ အိပ္ကိုဆြဲေမွာက္ခ်လိုက္သည္။ ထြက္က်သည့္ပစၥည္းတို႔ကို ေမႊေနွာက္ေတာ့ ၾကည့္မွန္ အေသးတစ္ခ်ပ္။

၀တ္ထားသည့္ ရွပ္အက်ႌကိုဆြဲခြၽတ္လိုက္သည္။ အနည္းငယ္တုန္ရီေနသည့္ လက္ႏွင့္ ဘယ္ဘက္နံေဇာင္းနားျမင္ရေအာင္ မွန္ကိုထားေတာ့ ေနာင့္ အေတြးတို႔ခ်ာခ်ာလည္၏ လက္သည္းငါးေခ်ာင္းရာ...။

ေသြးေျခဥတက္ေနသည့္ ဒဏ္ရာသည္ က်ိန္းေသလက္သည္းငါးေခ်ာင္းရာ။ မုဆိုးႀကီးစကၠ၏ ရင္ခြင္ထဲခပ္တင္းတင္းဖက္ခံထားရစဥ္ ရုတ္တရတ္ေျပာင္းလဲျမင့္တက္လာသည့္ မုဆိုးႀကီး၏ခႏၶာကိုယ္အပူခ်ိန္။ ဝဲဘက္ရင္အံုေပၚ တင္ထားမိသည့္လက္ဖဝါးေၾကာင့္ ခံစားမိသည့္ သာမာန္လူတစ္ေယာက္ထက္အဆမတန္ျမန္လာသည့္ ႏွလံုးခုန္ႏႈန္း။ ေမာ့ၾကည့္လိုက္မိစဥ္ ျမင္လိုက္ရသည့္ အစိမ္းေရာင္မ်က္ဆံမ်ား။ မသိမသာရွည္ထြက္လာသည့္ သြားစြယ္မ်ား။ ထိုေျပာင္းလဲမႈတို႔ႏွင့္ တစ္ၿပိဳင္နက္ခံစားရသည္က ဆြဲဖက္ထားသည္ေၾကာင့္ ဘယ္ဘက္နံေဇာင္းေပၚေရာက္ေနသည့္လက္ေခ်ာင္းမ်ားမွ အသားထဲနစ္၀င္မတတ္ခံစားရသည့္နာက်င္မႈ.....။

စကၠန္႔ပိုင္းမ်ွသာေျပာင္းလဲသြားၿပီး အားလံုးနဂိုအတိုင္း ျပန္ျဖစ္သြားေပမယ့္ ဒါဟာက်ိန္းေသေ ေနာင္ အၾကည့္မွားျခင္းမဟုတ္။ ေနာင္ ျမင္ေတြ့လိုက္ရသည္က အစစ္အမွန္ဆိုသည္ကို သက္ေသျပေနသည့္ေနာက္တစ္ခ်က္....ေျပာရလ်ွင္ ေနာင္ အေျဖရွာမရသည့္တစ္ခ်က္က...အင္အားႀကီးမားၿပီးေဒါသတႀကီးျဖစ္ေနသည့္ေျပာင္ေနွာကူးႀကီးက ေသနတ္တစ္ခ်က္မပစ္ေဖာက္လိုက္ရပါဘဲ မုဆိုးႀကီးကိုျမင္ရံုႏွင့္ ဘာေၾကာင့္ ေၾကာက္အားလန္႔အားလွည့္ေျပးသည္တဲ့လဲ။

အေရ႔ွစားပြဲတြင္တင္ထားသည့္ေဖာင္တိန္တစ္ေခ်ာင္း စာအုပ္တစ္အုပ္လွမ္းယူလိုက္သည္။ အေနာက္ဘက္ဆံုးစာမ်က္ႏွာကိုလွန္ေလွာကာအေၾကာင္းအရာတခ်ိဳ႕ခ်ေရးမိသည္။
- မ်က္လံုးစိမ္းေတြ
-ရွည္ထြက္လာတဲ့သြားစြယ္ေတြ
-ေသြးေနြးသတၲဝါတစ္ေကာင္ကဲ့သို႔ ခႏၶာကိုယ္အပူျမင့္တင္လာျခင္း
- အဆမတန္ ျမန္လာတဲ့ ႏွလံုးခုန္ႏႈန္း
-သန္မာထူထဲတဲ့ လက္သည္းရွည္ေတြ......

4270 words
Vi vian
30.6.2022(2:23 pm)
90°bow

Continue Reading

You'll Also Like

16K 750 7
မိုးသောက်ကြယ်♥ Kong နေယံ
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
811K 67K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
751K 30.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....