"နောင့်" ရိုးမ ရာဇာ

By Vi_Vian25

1.9M 170K 13.7K

ကြမ်းတမ်းတဲ့ ရိုးမရာဇာ မုဆိုးကြီးရဲ့ အသည်းနှလုံးကိုခြွေယူဖို့က ဘိလပ်ပြန် သုတေသနပညာရှင်လေးရဲ့ အပြုံးနုနုသာလိုပ... More

Ch 1
Ch 2
Ch 3
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42 (Final)
ရိုးမသခင်၏ တစ်ကိုယ်တော်ခရီး
ကျေးဇူးတင်လွှာ
Q & A

Ch 4

53K 4.3K 168
By Vi_Vian25

Unicode

*ဒုတ် ..........ဒုတ် ....... ဒုတ်*

ကိုဒိုးလုံးလာပို့ပေးသည့် နှင်းနွယ်လက်ရာ ငါးမန်းကျည်းသီးချက်နှင့် ကြက်ဥဆူးပုတ်ကြော်တို့ကိုမြိန်ရည်ယှက်ရည်စားပြီး မျက်စိများမှေးစင်းလာသည်ကြောင့် နေ့လည်နေခင်း တစ်ရေးတစ်မောအိပ်မိသည်ကအချိန်မည်မျှကြာသွားသည်တော့မသိ။ တဒုတ်ဒုတ်ကြားနေရသည့်အသံကြောင့် နောင် နိုးလာရသည်။

အိမ်အပြင်ဘက်မှ လာသည့်အသံဖြစ်သည်ကြောင့် မျက်လုံးများအားယူဖွင့်ကာ စားပွဲပေါ်မှ သံပတ်နာရီလေးကိုကြည့်မိသည်။ ၃ နာရီခွဲလောက်ပင်ရှိပြီဖြစ်သည်ကြောင့် နောင် ၂ နာရီနီးပါးပင်အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ နေကျချိန်ဖြစ်၍ မကြာခင်နေပင်စောင်းတော့မည်။ကြည့်ရသည်က ဆူးပုတ် အစွမ်းပြပုံပင်။

နောင့် အာရုံတို့ အိမ်အပြင်ဘက်ပြန်ရောက်တော့ တဒုတ်ဒုတ် အသံသည် မရပ်သွားသေး။ မျက်မှောင်များကြုတ်ကာ အိမ်ရှေ့ထွက်ကြည့်မိသည်။ နောင့် ခြံထဲဘယ်သူရောက်နေသည်တဲ့လဲ။

အိမ်ရှေ့ထွက်ထွက်ချင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့် နောင် မျက်ခုံးတို့ပင့်ရသည်။ ခြံထောင့်ရှိ သစ်ပိုင်းပုံကြီးနား ပုဆိန်ခပ်ကြီးကြီးတစ်လက်နှင့် သစ်လုံးသစ်စတို့ကို သစ်ငုတ်ပင်ကြီးပေါ် တင်၍ ထင်းစများရအောင် တဒုတ်ဒုတ် ခုတ်နေသူက မုဆိုးကြီးစက္က။

ပခုံးထိ၀ဲကျနေသည့် ဆံပင်တို့ကို သိမ်း၍ခပ်တင်းတင်းစုစည်းထုံးချည်ထားပြီး အပေါ်ပိုင်းဗလာကျင်းနှင့် မုဆိုးကြီးစက္ကက ပုဆိန်ကိုတစ်ချက်မြှောက်လိုက်တိုင်း အမြှောင်းလိုက်ကြွတက်သွားသည့် ပခုံးကြွက်သားခပ်ကျစ်ကျစ်များသည် သစ်ပိုင်းတို့ကိုထင်းစဖြစ်စေဖို့ အားသိပ်စိုက်စရာလိုပုံမပေါ်။ ချွေးစတို့အနည်းငယ်စို့နေပေမယ့် လက်နှစ်ဖက်သည်တော့ ခပ်မှန်မှန် နှင့်ကျွမ်းကျွမ်းကျင်ကျင်လှုပ်ရှားနေ၏

ထိုသူကိုမြင်သည်နှင့် မနက်က ကျွံခဲ့မိသည့်စကားတို့ကိုပြန်တွေးမိတော့ အားနာမှုတို့သည် တရိပ်ရိပ်နှင့်။ နောက်လည်း မဖြစ်မနေမျက်နှာချင်းဆိုင်ရမည့်သူဖြစ်တာကြောင့် သက်ပြင်းဖွဖွချကာ အနားသွားလိုက်သည်။

"ဟေ့...လူ..."

မတိုးမကျယ်ခေါ်မိတော့ ပုဆိန်ကိုင်ထားသည့် မြှောက်တက်လာသည့် လက်နှစ်ဖက်သည် လမ်းခုလတ်တွင်တုန့်ခနဲရပ်၏ သို့သော် စက္ကန့်ပိုင်းသာ။ ထုံးစံအတိုင်းတစ်ချက်မျှ စောင်းငဲ့မကြည့်ပါဘဲ ထင်းစတို့ကိုဆက်ခုတ်နေသည်ကြောင့် နောင် လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

ထုံးစံအတိုင်း လျစ်လျူရှုခံရသည့်အခါ ထုံးစံအတိုင်း သည်းခံရမည့်သူကတော့ နောင်ကိုယ်တိုင်ပင်။ နောင့် ၏လာရင်းကိစ္စဖြစ်သည့် ရိုးမထဲသုတေသနပြုဖို့က ဒီလူ့အကူအညီအများကြီးလိုသည်ကြောင့် စိတ်ကိုလျှော့ချကာ အရှေ့တည့်တည့်သွားရပ်လိုက်သည်။

အတော်အတန်ပင် ပုံနေပြီဖြစ်သည့် သစ်ပုံကြီးကြည့်ရသည်က ဘယ်အချိန်ကတည်းက ခုတ်နေသည်တော့မသိ။ နောင် ဘယ်လိုခုတ်ရမလဲ စဥ်းစားနေသည့်သစ်ပုံကြီးသည် အခုတော့ တစ်၀က်မျှပင်ထင်းစဖြစ်နေပြီ။ ကြည့်ရသည်က သူကြီးကတော် စေခိုင်းမှုကြောင့် လာခုတ်ပေးနေသည်ထင်ပါ၏ မည်သို့ဆိုစေ ကျေးဇူးတင်စကားတော့ပြောမှဖြစ်မည်လေ။

"အမှန်တော့ ကျွန်တော်ထင်းတစ်ခါမှ မခုတ်ဖူးဘူး ဟေ့လူရ။ ခင်ဗျားကိုအကူအညီတောင်းဖို့စဥ်းစားနေပေမယ့် စကားစဖို့အားနာနေတာနဲ့မပြောဖြစ်တာ။ ဘာပဲဖြစ်ဖြစ်အခုလိုကူညီ......."

အကြည့်တို့ ထင်းပုံမှ ဖယ်ခွါကာ စကားဆိုရင်း အရှေ့မှသူကို အကြည့်ရောက်တော့ နောင့် စကားတို့ တုန့်ကနဲရပ်ရ၏ စူးစူးရဲရဲစိုက်ကြည့်နေသည့် မျက်လုံးတစ်စုံသည် ကျားရဲတစ်ကောင်၏ စူးရှမှုမျိုးနှင့်။ နောင် မျက်ခုံးတစ်ချက်ပင့်ရသည်။ နောင့်ဆီမှ သူ့အကြည့်ကိုတုန့်ပြန်မှုရတော့ ထိုသူ့အကြည့်က နောင့် ခြေထောက်များဆီရောက်၏ မည်သူမျှဘာသာပြန်ပေးစရာမလိုပါဘဲ နေရာမှ ဖယ်ခိုင်းသည်ကို နောင် သဘောပေါက်တော့ ရပ်နေရာမှ ဘေးသို့ နှစ်လှမ်းခန့်ရွှေ့ပေးမိသည်။

ထိုအခါမှ နောင် ရပ်နေသည့်နေရာသို့ ခုတ်လက်စထင်းစကို ဘုတ်ကနဲပစ်ချ၏ နောင် ပြုံးလိုက်မိသည်။ ထိုသူနှင့် နောင့်ကြား ကြားလူမလိုပါဘဲ စကားပြောစရာမလိုပါဘဲ ပထမဆုံးအကြိမ်ဆက်သွယ်မှုသည်သိပ်တော့ အဆင်မပြေပေမယ့် ထင်သလောက်လည်းမဆိုးပေ။

"ကျွန်တော်ကျေးဇူးတင်ပါတယ်"

စကားတို့ကိုရှည်ဝေးမနေတော့ဘဲ ကျေးဇူးတင်ကြောင်းပြောတော့ မုဆိုးကြီးကခေါင်းတစ်ချက်ဆတ်ပြ၏ ခန္ဓာကိုယ်အနှံ့ ချွေးတို့စီးကျနေသည်က တစ်မျိုးကြည့်ကောင်းနေသည်ကြောင့် နောင် ခဏမျှ စိုက်ကြည့်နေမိသည်။ ရင်ဘတ်ပေါ် ထင်ထင်ရှားရှားထိုးထားသည့် ကျားတစ်ကောင်မာန်ဖီနေသည့်စုတ်ထိုးရာက အသက်၀င်လွန်းလှသည်ကြောင့် နောင့် အကြည့်တို့ တော်ရုံမဖယ်ခွါနိုင်။

"ခင်ဗျား ခဏနားသင့်တယ်"

နောင့် စကားတို့ကို အာရုံမစိုက်ဟု ထင်လိုက်မိပေမယ့် မုဆိုးကြီးက ပုဆိန်ကို သစ်ပိုင်းတွင် ဒုတ် ကနဲစိုက်ကာ ခပ်လှမ်းလှမ်းရှိ ရေချမ်းအိုးစင်ဆီ ဦးတည်၏

"ချွေးသုတ်လိုက်အုံး"

ရေနှစ်ခွက် သုံးခွက်ခန့် ခပ်သောက်နေသည့်သူကို တစ်ချက်ကြည့်ပြီး အိမ်ထဲခပ်သုတ်သုတ်၀င်ကာ တဘတ်ပိုင်းတစ်ထည်ယူလာ၍ချွေးသုတ်ဖို့ပြောရင်း ကမ်းတော့ မုဆိုးကြီးက လှမ်းမယူပါဘဲ တဘတ်ကိုစိုက်ကြည့်နေ၏

"ရတယ် ....သုတ်လိုက်။ အသစ်မဟုတ်တာကြောင့်ပေသွားလည်း ဘာမှမဖြစ်ဘူး"

ထူးဆန်းစွာပင် ထိုမုဆိုးကြီး၏ မျက်၀န်းထဲမှ အဓိပ္ပါယ်ကိုနောင်သဘောပေါက်မိသည်က စက္ကန့်ပိုင်းအတွင်းပင်။ နှုတ်မှ ရုတ်တရတ်တုန့်ပြန်ပြောလိုက်မိသည့် စကားသည် ထိုမုဆိုးကြီး၏ မျက်၀န်းကို ဘာသာပြန်ကာ ခွန်းတုန့်ပြန်လိုက်မိခြင်းဖြစ်၏ စကား မပြောတတ်သည့်သူတစ်ယောက်နှင့် စကားပြောရသည်က နောင့်အတွက် တော့အံ့သြစရာအတွေ့အကြုံပင်။ ထိုသူ၏ မျက်၀န်းအဓိပ္ပါယ်ကို နောင် က နားလည်ပြီး နှုတ်မှစကားသည် စဥ်းစားရန်ပင်မလိုပါဘဲ အလိုအလျောက်တုန့်ပြန်မိသည်တဲ့။

သဘောတကျ သွားတန်းများပေါ်သည်အထိအသံထွက်ရယ်မိတော့ နောင် ပေးသည့် တဘတ်ပိုင်းနှင့် ချွေးစတို့ကိုသုတ်ရင်း နောင့်ကို တစ်ချက်လှမ်းကြည့်၏ ဘာမှ မဟုတ်ကြောင်းခေါင်းခါပြတော့ မုဆိုးကြီးက ကွပ်ပျစ်ပေါ် သွားထိုင်၏

"ကျွန်တော် ခင်ဗျားနဲ့ ခဏပြောစရာရှိတယ်"

ခပ်လှမ်းလှမ်းတွင်၀င်ထိုင်ကာ ပြောတော့ နောင့် ကိုစိုက်ကြည့်လာသည့်မျက်၀န်းတစ်စုံသည်စူးစူးရဲရဲ။ ထိုသူက လူတိုင်းကို ထိုသို့စူးစူးရဲရဲကြည့်တတ်သည်လားမသိပေမယ့် နောင့် အတွက် အနည်းငယ်ကသိကအောက်ဖြစ်ရသည်။ ထိုခပ်စူးစူးမျက်၀န်းတစ်စုံတွင် ကြီးမားသည့်အင်အားတစ်ခုကိန်းအောင်းနေသည်ဟု ခံစားမိပေမယ့် ဘာဆိုတာ နောင် အဓိပ္ပါယ်မဖော်တတ်။

"ကျွန်တော် ဒီရောက်နေတာလည်း ရက်နည်းနည်းကြာနေပြီဆိုတော့ လာရင်းကိစ္စဖြစ်တဲ့ ပဲခူးရိုးမထဲ၀င်ဖို့ကို အကောင်အထည်စဖော်ချင်တယ်။ ပြောရရင် နောက် ၃ ရက်လောက်အတွင်း စချင်တာကြောင့် ခင်ဗျားအဆင်ပြေမလား"

ရိုးမထဲ ၀င်ဖို့အချိန်မဆွဲချင်တော့သည်ကြောင့် ၃ ရက်လောက်အတွင်း စချင်ကြောင်းပြောပြီး မုဆိုးကြီးကို တစ်ချက်အကဲခတ်ကြည့်သည်။ နောင့် အပြောကို ခေါင်းတစ်ချက်ညိတ် တုန့်ပြန်သည့်အခါ နောက် ၃ ရက်အတွင်းရိုးမထဲ၀င်ဖို့အစီအစဥ်ဆွဲဖို့ စဥ်းစားရတော့သည်။

မုဆိုးကြီးဆီက သဘောတူညီမှုရပြီးတည်းက ဖောင်တိန်တစ်ချောင်း စာအုပ်တစ်အုပ်နှင့် အလုပ်ရှုပ်နေသူကို မုဆိုးကြီးကတော့တစ်ချက်မှ ဂရုပြုပုံမပေါ်။ ခဏမျှ နားပြီး ထင်းချောင်းတို့ကို တဒုတ်ဒုတ်သွားခွဲနေပြန်၏

ညနေ နေစောင်းလာသည့်အချိန်တွင်တော့ သစ်ပိုင်းတို့မှသည် ထင်းစအဖြစ်သို့ လုံးလုံးလျားလျားပြောင်းလဲသွားပြီဖြစ်သည့် ထင်းပုံကြီးကိုထား၍ မုဆိုးကြီးစက္ကသည် ခြံစည်းရိုးတွင်ချိတ်ထားသည့်အင်္ကျီကိုကောက်စွပ်လိုက်သည်ကြောင့် နောင် နေရာတွင်ခဏရပ်နေလိုက်သည်။ အကြောင်းအရင်းသည် နောင့် ဘက်လှည့်လာပါကကျေးဇူးတင်ကြောင်းထပ်ပြောရန်ဖြစ်သည်။

သို့သော် အထင်နှင့်အမြင်သည် တက်တက်စင်အောင်လွဲရ၏ မုဆိုးကြီးသည် ခြံ၀ိုင်းထဲ နောင့် ကိုရှိသည်ဟုပင်သဘောမထား။ တစ်ချက်မှ လှည့်မကြညဘဲ စည်းရိုးကိုဖြတ်၍ အပြင်ထွက်သွားတော့သည်။

"ဟေ့.....ဟေ့လူ"

နှုတ်မှ လွှတ်ကနဲခေါ်လိုက်မိသည့်အခေါ်တွင် ခြေလှမ်းတို့ရပ်သွားသည့်မုဆိုးကြီးနှင့် ဆက်ပြောရန်စကားတို့ပျောက်ရှသည့် နောင် တို့ကြားအခြေအနေသည်စက္ကန့်ပိုင်းမျှတိတ်ဆိတ်ရသည်။

"ကျွန်တော် ညကျ ဘကြီးမြဒင်တို့စကား၀ိုင်းဆီသွားမှာမို့ ခင်ဗျား စောင့်မနေနဲ့တော့"

ပြောမိပြောရာပြောလိုက်မိသည့်စကားတွင် မုဆိုးကြီးကတော့ မလှုပ်မယှက်။ ကိုယ့်စကားကိုယ်ဘာသာပြန်ပြီးချိန် *နှောင်းမိုးရိပ်နောင်ရေ....မင်းရူးနေသလား*လို့သာ ကိုယ့်ကိုယ်ကို ပြန်မေးချင်တော့သည်။

"ဒီတိုင်း......အိမ်နီးချင်းဆိုတော့ ခင်ဗျားကိုပြောပြသင့်တယ်ထင်လို့....."

ကပေါက်တိကပေါက်ချာထွက်သွားသည့်စကားအဆုံး မုဆိုးကြီးက ခပ်ဖြည်းဖြည်းခေါင်းတစ်ချက်ညိတ်ပြ၏ နောင့် ကိုလှည့်မကြည့်သည်ကိုတော့ ဒီတစ်ခါကျေးဇူးတင်နေရသည်။ လှည့်ကြည့်မိပါလျှင် မျက်နှာထက်တရှိန်းရှိန်းတက်နေသည့်အပူငွေ့တို့ကိုထိုမုဆိုးကြီးမြင်ရလိမ့်မည်။

............................................

ဒီနေ့သည် လပြည့်နေ့ဖြစ်သည်ကြောင့် ကောင်းကင်ယံထက် ဝိုင်းစက်စက်လမင်းသည် ထင်ထင်ရှားရှားနေရာယူ၏ ပုရစ်အော်သံ တကျီကျီကို ဟိုတစ်စဒီတစ်စ ကြားရသည့် ညောင်မှိုင်းသာယာရွာလေး၏ လပြည့်ည ညဥ့်ဦးယံသည် နက်ပြာရောင်ကောင်းကင် ကြီးအောက် တိတ်တိတ်ဆိတ်ဆိတ် နှင့်။ ထို တိတ်ဆိတ်သည့် အခြေအနေကို ဖြိုခွင်းနေကြသည်က ရွာ၏ အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်သည့် ဘကြီးမြဒင် နေထိုင်ရာ ခြံဝိုင်း၏ ကုက္ကိုပင်အောက် ကွပ်ပျစ်လေးပေါ်တွင်ဖြစ်သည်။

"ပဲခူးရိုးမ ဆိုတာ ပါးစပ်ရာဇ၀င်များစွာ ရှိသလို ဒီရိုးမတောကြီးရဲ့ ထူးခြားဆန်းပြားမှုနဲ့လျို့၀ှက်ဆန်းကျယ်မှုတွေကို နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရသူတွေဆိုတာလည်းတစ်ယောက်နှစ်ယောက်မှ မဟုတ်ကြဘဲ လူလေးတို့ရဲ့"

"မြောက်ကျွန်းနဲ့ဆက်စပ်နေတဲ့ လမ်းရှိတယ်လို့လည်း ကျုပ်အဘ ပြောပြဖူးပေမယ့် ကျုပ်တော့ ပဲခူးရိုးမထဲ ခြေချင်းလိမ်နေပါပြီ အဲ့ဒီ့လမ်းရယ်လို့ တစ်ခါမှ မတွေ့ဖူးပါဘူး ဘကြီးရာ"

"ဒါမျိူးဆိုတာက ကံအကြောင်းတရားတိုက်ဆိုင်မှ တွေ့ရတယ်ကွဲ့။ တွေ့ချင်တိုင်းတွေ့ရတဲ့အရာတွေမဟုတ်ဘူး။ ပဌာန်းဆက်နဲ့အများကြီးသက်ဆိုင်တယ်လူလေးရဲ့"

သက်ကြီးစကားသက်ငယ်ကြားဆိုသလို ဘကြီးမြဒင်၏ ခြံ၀ိုင်းကွပ်ပျစ်ပေါ်တွင် ရွာ၏ သက်ကြီးပိုင်းပုဂ္ဂိုလ် ၄ ယောက်သည် အဖန်ရည်ကိုသောက်ရင်း စကားစမြည်ပြောကြ၏ အောက်ဘက်မြေပြင်တွင်တော့ စုစုရုံးရုံးထိုင်နေကြသည့်ကာလသားများသည် လူကြီးတို့စကား၀ိုင်းထဲမှ သိလိုရာတို့ကိုတစ်ချက်တစ်ချက်ထမေးမြန်းကြ၏

ဘကြီး မြဒင်နှင့် လူကြီးတချို့က အကြမ်းရေကို ဟန်ပါပါ မော့သောက်ရင်း ကာလသားတချို့၏စပ်စပ်စုစု အမေးတို့ကို စိတ်ကျေနပ်အောင်ပြန်ဖြေပေးနေသည်က လပြည့်ညရောက်တိုင်း ညောင်မှိူင်းသာယာရွာလေးတွင် မြင်နေကျ စိတ်ချမ်းမြေ့ဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။

သို့သော် ဒီနေ့တော့ ထူးထူးခြားခြား မြို့မှလာသည့်သူ ... သူတို့အခေါ် မြို့ကြီးသားဟုခေါ်ကြသည့် နှောင်းမိုးရိပ်နောင် တစ်ယောက်လည်း ဒီစကားဝိုင်းလေးထဲ ရောက်နေသည်က အတော်အတန်ပင်ကြာနေပြီဖြစ်သည်။ စကား၀ိုင်းလေးထဲ နောင် ရောက်လာကာစက အသားဖြူဖြူ နှင့် ခပ်သန့်သန့် ဘိလပ်ပြန်သူဌေးသားဖြစ်သည်ကြောင့် မြေပြင်မှာမထိုင်ဘဲကွပ်ပျစ်ပေါ်ထိုင်ဖို့ ပြောကြပေမယ့် နောင် ကတော့လက်မခံပါ။ ပုဆိုးကို ဒူးထိဆွဲမ၍ ဖိနပ် ခုကာမြေပြင်တွင်ပင်ထိုင်တော့ *မြို့ကြီးသားက ဒါမျိုးလည်း ရသလား* ဟုမေးကာ ကာလသားတို့ သဘောတကျရယ်မောကြသေးသည်။

အသိပညာ ဗဟုသုတဟူသည်နေရာတိုင်းကရနိုင်သည်ဟု လက်ခံထားသည့် နောင့် အတွက်တော့ ဒီစကား၀ိုင်းလေးက ရတနာပင်။ ထို့ကြောင့်အချိန်ကြာသည့်တိုင် နောင် ကိုယ်တိုင် ဘာစကားမှ ဝင်မပြောဖြစ်ဘဲ ကာလသားများ၏ အမေးနှင့် ဘကြီး မြဒင်တို့ ၏ ကျိုးကြောင်းဆီလျော်သည့် အဖြေကို သာ ညိမ်ညိမ်သက်သက် နားထောင်နေပေမယ့် အခုတော့ နောင် သိချင်သည့်အမေးသည် ရှိလာခဲ့ပြီ။

"ကျွန်တော် တစ်ခုလောက်မေးလို့ရမလား အဘ"

အတန်ကြာငြိမ်သက်နေသည့် နောင့် ဆီမှ စကားသံထွက်လာတော့ စကား၀ိုင်း၏ အာရုံအလုံးစုံသည်နောင့်ဆီရောက်လာတော့၏

"မေး.... လူလေး နောင်"

"ကျွန်တော်တို့နေတဲ့အရပ်ကိုဇမ္ဗူဒီပါ လကျာ် တောင်ကျွန်းလို့ခေါ်ကြတာကို သိပေမယ့် မြောက်ကျွန်းဆိုတာကရောတကယ်ပဲ ရှိသလားဗျ"

"ဒါဆို အဘက လူလေးကို မေးခွန်းတစ်ခု ပြန်မေးမယ်။ လူလေးက ဘိလပ်ပြန်ဆိုတော့ အရာရာကို သိပ္ပံပညာဆိုတာနဲ့ပဲ ရှုမြင်သလား ဒါမှ မဟုတ် လောကမှာ လူတွေနားလည်ဖို့ ခက်ခဲတဲ့ ထူးခြားဆန်းပြားမှုတွေရှိတယ်ဆိုတာကိုယုံသလား"

မေးခွန်းကိုမေးခွန်းနှင့်ပြန်ခြေသည့် ဘကြီးမြဒင်၏ အမေးကို နောင် မျက်မှောင်တစ်ချက်ကျုံ့ကာစဥ်းစားလိုက်သည်။

"လောကမှာ သိပ္ပံပညာနဲ့ ရှာဖွေတွေ့ရှိနိုင်ဖို့ ခက်ခဲတဲ့အရာတွေရှိတယ် ဆိုတာကို ကျွန်တော် လက်ခံပါတယ် အဘ"

"အင်း......ခေတ်ပညာတတ်လူငယ် တစ်ယောက်အနေနဲ့ ဒီလို အတွေးအမြင်မျိုးရှိတာက ချီးကျူးစရာပဲကွဲ့။ ခေတ်ပညာတတ်လူငယ်တော်တော်များများက ပညာတွေတတ်‌မြောက်မှုများလေလေ ငါသိ ငါတတ် ငါအမှန် ဆိုတဲ့ အတ္တတွေများလာလေလေပဲ။ တကယ်လို့ လူလေးကသာ ဒီလို အတ္တမျိုးရှိသူဆိုရင် အဘက လူလေးရဲ့မေးခွန်းကို ဖြေပေးလည်း အချည်းနှီးပဲ"

"ဟုတ်ကဲ့ အဘ... ကျွန်တော်က သဘာဝလွန်အကြောင်းအရာတချို့ကို လက်ခံပြီး အဲ့ဒီ့လိုအ‌ကြောင်းအရာ တချို့ကိုလည်း စိတ်ဝင်စားပါတယ်"

"ကောင်းပြီ....ဒါဆို အဘက လူလေးရဲ့မေးခွန်းကို အကျဥ်းချုပ်ဖြေပေးမယ်"

"ဟုတ်ကဲ့ အဘ"

"မြောက်ကျွန်းဆိုတာက မြင်းမိုရ်တောင်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ကျွန်းကြီးလေးကျွန်းထဲက မြောက်ဘက်မှာတည်ရှိပြီး သူ့ရဲ့ နာမည်က ဥတ္တရဂုရု လို့ခေါ်တယ်ကွဲ့။ မြောက်ကျွန်းထိပ်မှာတော့ယူဇနာ ၁၀၀ လောက်ကို ကြီးတဲ့ ပဒေသာပင်ကြီးတစ်ပင်ရှိပြီးမြောက် ကျွန်းသူမြောက်ကျွန်းသားတွေက စီးပွါးဥစ္စာ နဲ့ ဝမ်းရေးအတွက်အစားအသောက်ရှာဖွေစရာမလိုဘဲ အဲ့ဒီ့ ပဒေသာပင်ကြီးကနေ အလိုရှိရာကို ခူးယူစားသောက်၀တ်စားဆင်ယင်ကြလို့ရတယ်တဲ့။ သူတို့ က အသက်အားဖြင့် တစ်ထောင်တန်းထိရှည်ကြပြီး လောဘ ၊ဒေါသ နဲ့ မောဟတို့မရှိပါဘဲ ငါးပါးသီလကို လည်း လုံကြတာကြောင့် သေလွန်တဲ့အခါ နတ်ပြည်ကိုပဲ ရောက်ကြရတယ်။ မြောက်ကျွန်း သူတွေက အမြဲ ဆယ့်ခြောက်နှစ်အရွယ်လို တင့်တယ်နေကြပြီး မြောက်ကျွန်းသားတွေက အမြဲ နှစ်ဆယ့်ငါးနှစ်အရွယ်လို ခန့်ညားနေကြတယ်လို့ အဆိုရှိတယ်ကွဲ့"

"ဒါဆို အဘ သူတို့ဆီမှာ ငရဲပြည်ဆိုတာမရှိဘူးပေါ့"

"ဟုတ်တယ် လူလေး။ မြောက်ကျွန်းမှာ အဘတို့ တောင်ကျွန်းလို ငရဲဘုံဆိုတာမရှိဘူး။ ငရဲဘုံဆိုတာမရှိသလို နိဗ္ဗာန်ဆိုတာလည်းမရှိဘူးကွဲ့။ လူ့ဘဝက သေလွန်ရင် နတ်ပြည်မှာစံစားပြီး နတ်ဘဝက စုတေရင် လူပြန်ဖြစ် နဲ့ သူတို့ဟာ လူဖြစ်လိုက် နတ်ဖြစ်လိုက်ပဲ ကျင်လည်နေကြရတာကွဲ့။ အကုသိုလ်မရှိတဲ့ နေရာအရပ်ဖြစ်တာကြောင့် နိဗ္ဗာန်ရောက်ကြောင်းတရားဟောပြောပြသနိုင်တဲ့ ဘုရားလည်းမပွငင့်ဘူးတဲ့ လူလေးရဲ့"

"မြောက်ကျွန်းကိုရောက်ဖူးတဲ့သူတွေရောရှိသလား အဘ"

"သာမာန်လူတွေအနေနဲ့ ကမြောက်ကျွန်းကို ဘယ်ရောက်အောင် သွားနိုင်ကြမလဲကွဲ့။ ဈာန်ရတဲ့ ရသေ့ ရဟန်းတွေနဲ့ ဝိဇ္ဇာတွေ ဇော်ဂျီတွေ ကတော့သွားနိုင်ကြပြီးတချို့ပဌာန်းဆက် ရှိတဲ့ သူတွေဆိုရင်တော့ မြောက်ကျွန်းသူ မြောက်ကျွန်းသားတွေနဲ့ တွေ့ဆုံနိုင်ကြတယ်။ ဘုရားရှင် လက်ထက်တုန်းကဆိုရင်တော့ ဇောတိက သူဌေးဟာဆိုရင် နတ်တွေခေါ်ဆောင်လာပေးတဲ့ မြောက်ကျွန်းသူနဲ့ လက်ထပ်ထားတယ်လို့ ကျမ်းဂန်တွေက အဆိုရှိကြတယ်။ မြောက်ကျွန်းနဲ့ပတ်သတ်ပြီး ကိုယ်တွေ့ရယ်မရှိပေမယ့် အနီးစပ်ဆုံး အနေနဲ့တော့ အဖြစ်အပျက်တစ်ခုနားထောင်ဖူးတာကိုမှတ်မိနေသေးတယ်"

"ကျွန်တော်တို့ကိုပြောပြပေးလို့ရမလား အဘ"

"အင်း.........ပြောရရင်တော့ တိမ်းပါးသွားပြီဖြစ်တဲ့ အမေဘက်ကတော်စပ်တဲ့ အဘိုးဖြစ်သူရဲ့ ကိုယ်တွေ့ အကြောင်းအရာပေါ့။ငယ်ရွယ်စဥ်ကတော့ နားထောင်ကောင်းတဲ့ ပုံပြင်တစ်ပုဒ်အနေနဲ့ပဲ နားထောင်ခဲ့တာဖြစ်လို့ အသေးစိတ်ရယ်လို့ အဘလည်း မမှတ်မိတော့ဘူး။ မှတ်မိသလောက်ပြန်ပြောရရင်တော့ အဘိုးဖြစ်သူက ပဲခူးရိုးမထဲ တောမှောက်လို့ မျက်စိလည် လမ်းမှားပြီးပြန်မထွက်နိုင်တဲ့အချိန်တုန်းက မြောက်ကျွန်းက သူတော်စင်ကြီးတစ်ယောက်ရဲ့ ကယ်တင်လမ်းပြမှုနဲ့ ရိုးမထဲက ပြန်ထွက်နိုင်ခဲ့တယ်လို့ ပြောပြခဲ့ဖူးတယ်"

"ပဲခူးရိုးမထဲမှာ တွေ့ခဲ့တာလား အဘ။ ပြီးတော့ သူက မြောက်ကျွန်းကလာတယ်ဆိုတာကို ဘယ်လိုသိရတာလဲ"

" အဘ တို့ရဲ့မျိုးရိုးက သမားတော်မျိုးရိုးကဆင်းသက်လာတာဖြစ်တာကြောင့် အဘိုးဖြစ်သူက ရိုးမထဲ ဆေးမြစ်တွေသွားတူးလေ့ရှိတယ်။ တစ်ရက်တော့ တောခြောက်တာနဲ့ကြုံခဲ့ရပြီးကြောက်ကြောက်လန့်လန့်နဲ့ပဲ တောနက်ထဲထိတိုးဝင်မိလိုက်တာ မရောက်ဖူးတဲ့နေရာတွေအထိရောက်သွားသတဲ့။ ဒီလိုနဲ့ လမ်းပျောက်သွားတာ ခုနှစ် ရက်လောက်အထိ အပြန်လမ်းကိုရှာမတွေ့ခဲ့ဘူးတဲ့။ လမ်းရှာမတွေ့တဲ့အဆုံး ရိက္ခာကလည်းပျက် စိတ်ဓါတ်ကလည်းကျနဲ့ ကိုယ့်ကိုယ်ကို သေလူလို့သတ်မှတ်ထားတဲ့ အချိန်မှာပဲ ကယ်တင်ရှင်နဲ့ တွေ့ခဲ့ရတာပေါ့။ အဘိုးပြောပြသလောက်တော့ ခန္ဓာကိုယ်က ကြာပန်းနံ့သင်းနေတဲ့ ဝတ်ရုံဖြူဝတ်ထားတဲ့ အဘိုးအိုတစ်ယောက်က သူ့ကို လမ်းပြပေးခဲ့တယ်တဲ့။ ဆံပင်တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေတာကြောင့် နဲ့ တည်ငြိမ်ရင့်ကျက်တဲ့မျက်နှာသွင်ပြင်ကြောင့်သာ အဖိုးအိုလို့ခေါ်ပေမယ့် ပါးရေနားရေတွန့်ခြင်း၊ ခါးကိုင်းခြင်း အားဖျော့ခြင်း တုန်ရီခြင်း မရှိဘူးတဲ့ကွဲ့။ အဓိက ကတော့ သူ့ရဲ့ ညာဘက်မှာ လည်ဆံမွေးဖားဖားနဲ့ ခါးလောက်ရှိတဲ့ခြင်္သေ့ကြီးတစ်ကောင်ရှိပြီး ဘယ်ဘက်မှာတော့ အဖြူရောင် ကိုးတောင်ကျားကြီးတစ်ကောင်ရှိတယ်တဲ့။ စတွေ့တုန်းကတော့ အဖိုးဖြစ်သူက သားရဲတွေကိုကြောက်ရွံ့နေပေမယ့် လူကိုအန္တရာယ်ပေးမယ့်အရိပ်အယောင်မရှိတဲ့အခါမှာတော့ သူတို့လမ်းပြရာနောက်ကိုပဲလိုက်ခဲ့ရင် တောအစပ်ထိရောက်ခဲ့တယ်တဲ့"

"ဟင်....တောအစပ်ထိလိုက်ပို့ခဲ့တာလားအဘ"

"ဟုတ်တယ်ကွဲ့။ ရွာလမ်းကိုလှမ်းမြင်နေရတဲ့အချိန်မှာတော့ ကျေးဇူးတင်လွန်းတာကြောင့် ဘယ်အရပ်မှာနေသလဲဆိုတာနဲ့ ဖြစ်နိုင်ရင်နောက်တစ်ခေါ်တွေ့ဆုံတဲ့အခါကျေးဇူးဆပ်ချင်ကြောင်းပြောတော့ ပဒေသာပင်ပေါက်ရာအရပ်မှာနေတယ်လို့ တစ်ခွန်းသာဖြေပြီး ရိုးမထဲပြန်၀င်သွားတာမျက်စိရှေ့တင် တရိပ်ရိပ်မှုန်၀ါးပျောက်ကွယ်သွားတယ်တဲ့"

"ဒါဆိုနောက်တစ်ခေါက်ထပ်မတွေ့တော့ဘူးလား အဘ"

"နောက်တစ်ခေါက်ထပ်မတွေ့တော့သလို အဖိုးဖြစ်သူကလည်း ရိုးမထဲ၀င်ရှာဖို့မကြိုးစားတော့ဘူးကွဲ့""

"ဘာဖြစ်လို့လဲ အဘ"

"လူတွေရဲ့လောဘပေါ့ကွယ်။ အဘိုးဖြစ်သူ ခုနှစ် ရက်လောက်ပျောက်ပြီး ပြန်ရောက်လာတော့ သတင်း၀ိုင်းမေးကြတဲ့အခါ ဒီထူးခြားတဲ့အကြောင်းအရင်းကိုသဘောရိုးနဲ့ပြောပြမိတယ်။ ဒါပေမယ့် လောဘရဲ့သားကောင်တွေက အဘိုးရဲ့စကားကြောင့် ရိုးမတောနက်ထဲထိ၀က်ပြီး ကျားဖြူကြီးကိုရှာဖွေသတ်ဖြတ်ဖို့ကြိုးစားကြတော့တာပဲ။ ရိုးမထဲကျားဖြူကြီးတစ်ကောင်နဲ့ ခန္ဓာကိုယ်ကြီးမားတဲ့ခြင်္သေ့ကြီးတစ်ကောင်ကျက်စားတယ်ဆိုတာ ဟိုးအရင်ကတည်းက ကောလဟာလအနေနဲ့ရှိခဲ့ကြတော့ အဘိုးရဲ့အပြောမှာပိုသေချာသွားကြတော့တာပေါ့"

"ဒါဆိုဘယ်လိုဆက်ဖြစ်သွားလဲအဘ"

"ဘယ်လိုဆက်ဖြစ်လိမ့်မလဲကွယ်။ ကျားဖြူကြီးကိုဘယ်သူမှ အရိပ်အယောင်တောင်ရှာမတွေ့ခဲ့သလို တချို့ဆို အန္တရာယ်မျိုးစုံကြုံပြီး သွေးရူးသွေးတန်းနဲ့ပြန်ရောက်လာတဲ့သူတွေတောင်ရှိတယ်။ အဲ့ဒီ့ကတည်းက အဘိုးဖြစ်သူကဒီအကြောင်းတွေကိုစကားတောင်မဟတော့ဘူးကွဲ့။ ကျေးဇူးရှင်တွေကို ကိုယ့်ကြောင့်ဒုက္ခမရောက်စေချင်တာပေါ့ကွယ်"

"ဒါဆိုနောက်ထပ်လည်း ဒီအဖိုးရယ် ၊ကျားဖြူရယ်၊ ခြင်္သေ့ရယ်ကိုဘယ်သူမှ ထပ်မတွေ့ကြတော့ဘူးပေါ့နော်အဘ"

"တောနင်းရှာဖွေကြတာတောင်အရိပ်အယောင်ရယ်တွေ့ကြတော့ပါဘူးကွယ်"

"လူတွေရဲ့လောဘကတကယ်ကြောက်ဖို့ကောင်းတာပဲနော် အဘ"

"လူတွေဟာ လောဘရဲ့သားကောင်ဖြစ်တဲ့အခါ မလုပ်ရဲတာမရှိတော့ဘူး။ ဒေါသရဲ့သားကောင်ဖြစ်တဲ့အခါ မပြောရဲတာမရှိတော့ဘူး။ မောဟရဲ့သားကောင်ဖြစ်တဲ့အခါ မပြုမူရဲတာမရှိတော့ဘူးတဲ့ကွဲ့။ ဒါကြောင့်တစ်ခုခုပြောမယ် လုပ်မယ် ပြုမူမယ်ဆိုရင်တော့အသိဥာဏ်နဲ့ဆင်ခြင်ကြ"

"ဟုတ်ကဲ့.....ကျွန်တော်တို့မှတ်ထားပါ့မယ် ဘကြီး!!"

တန်ဖိုးရှိသည့်စကား၀ိုင်းလေးမှ နောင် ထွက်လာသည့်အချိန်သည် အတော်အတန်ပင်ညနက်နေပြီ။ *လိုက်ပို့ဖို့မလိုတာသေချာရဲ့လား ညီ နောင်ရ* ဆိုသည့် ကိုဒိုးလုံးစကားကို *ကျွန်တော်ယောကျာ်းပါဗျ။ ညလည်းအရမ်းမနက်သေးပါဘူး။ ပြီးတော့လမ်းလည်းကျွမ်းနေပါပြီ* ဟူသည့်စကားနှင့် ပြန်ချေပခဲ့သည့် နောင် တစ်ယောက် အခုတော့ ရွာလမ်းတစ်လျှောက် လ ရောင်သာဖြန့်ကျက်သည်ကြောင့် လမ်းမမှားဖို့အာရုံစိုက်နေရသည်။

လပြည့်ည မဟုတ်ပါဘဲ လရောင်သာမရှိပါလျှင် ထိုလမ်းသည်တော်ရုံမည်သူမျှဖြတ်ရဲမည်မဟုတ်။ စိတ်ထဲဂုဏ်တော်ကိုတော့ အထပ်ထပ်ပွါးများနေမိသည်ကြောင့် ကြောက်စိတ်တို့တော့ အတော်အတန်လျော့၏ ရှေ့သို့အာရုံစိုက်ရင်း လျှောက်လာမိပေမယ့် တိမ်ရိပ်တို့ လကိုဖုံးသည့်အခါ နောင် ရှေ့ကိုပိုစူးစိုက်ရသည်။ ကောင်းကင်ကိုမော့ကြည့်တော့ ခပ်ဖြည်းဖြည်းရွေ့နေသည့်တိမ်စိုင်အကြားမှ ခဏအကြာ ၀ိုင်းစက်စက်လမင်းသည် ထင်ထင်ရှားရှားပြန်ထွက်လာ၏

ခြေလှမ်းတို့ ရှေ့ကိုဆက်ရွေ့မိတော့ အနောက်မှ တစ်ယောက်ယောက်လိုက်လာသည့်ခံစားချက်သည် ထိတ်ကနဲ။ မည်သို့ပင်မကြောက်ဟုဆိုစေ ဒီလိုအချိန် ဒီလိုအခြေအနေတွင်အနောက်မှ တစ်ယောက်ယောက်လိုက်လာသည်ဟုခံစားရသည့် ခံစားချက်သည်သိပ်တော့မကောင်း။

ခပ်သွက်သွက်ခြေလှမ်းတို့ ရှေ့သို့လှမ်းနေပေမယ့် ဆဌမအာရုံအားကောင်းသည့် နောင်ကတော့ ထိုသူ ပိုနီးကပ်လာနေသလိုခံစားနေ၏ သက်ပြင်းကိုခပ်ဖွဖွချလိုက်သည်။ လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်သည်။ *လာမယ့်ဘေးပြေးတွေ့*ဆိုသည့်အတိုင်း နောင် သတ္တိအကုန်ထုတ် ကာ အနောက်သို့ဆတ်ကနဲလှည့်လိုက်၏

"ဟေ့လူ......ခင်ဗျား"

မြင်လိုက်ရသူကြောင့် နောင် အံ့သြရသည်။ ထိုသူကတခြားသူမဟုတ်။ ရိုးမရာဇာဖြစ်သည့် မုဆိုးကြီးစက္က။ နောင့် အနောက်ဘက် ခြေ ခုနှစ်လှမ်းခန့်အကွာမှ တိတ်တိတ်ဆိတ်ဆိတ်လိုက်လာသူကတော့ အံ့သြထိတ်လန့်နေပုံရသည့်နောင့် ကို မထူးဆန်းသလို မှင်သေသေမျက်နှာနှင့်။

"ခင်ဗျား......ရွာထဲကလာတာလား.....ကျစ်.....အနောက်ကပါတယ်ဆိုရင်လည်း အသံလေးဘာလေးပေးလေဗျာ။ ဒီလို ကြီးလိုက်လာတော့ ကျွန်တော်ဘယ်လောက်......"

နောင့် စကားကြောင့် မုဆိုးကြီးက မျက်တောင်တစ်ချက်သာခတ်သွားပေမယ့် နောင် ကတော့ ပြောသည့်စကားကို တိကနဲရပ်ကာအောက်နှုတ်ခမ်းကိုခပ်နာနာဖိကိုက်လိုက်မိသည်။ မင်း....မှားပြန်ပြီ နှောင်းမိုးရိပ်နောင်။

"ဟို....ကျွန်တော်......"

ဘာစကားဆက်ပြောရမှန်းမသိသည် နောင့် ကိုမုဆိုးကြီးကတစ်ချက်ကြည့်၍ အရှေ့သို့သာ ဆက်လျှောက်သွား၏ အိမ်ပြန်ဖို့အဖော်ရှိပြီဖြစ်သည်ကြောင့် အနည်းငယ်စိတ်အေးပေမယ့် တစ်ရက်တည်းတွင် အဓိပ္ပါယ်တူစကားကိုနှစ်ခါထပ်မှားရသည်က မည်သို့ပြန်ဖြေရှင်းရမည်မသိတော့။

*ဒုတ်*

*အ*

အတွေးတို့ဟိုတစ်စ ဒီတစ်စနှင့် မုဆိုးကြီးနောက်မှ လိုက်ခဲ့သည်က ရုတ်တရတ်ရပ်လိုက်သည့် မုဆိုးကြီး၏ ခြေလှမ်းတို့ကြောင့် နောင် အရှိန်မထိန်းနိုင်ဘဲ ခပ်မာမာကျောပြင်ကို ၀င်တိုက်မိသည်။ ဘာဖြစ်လို့လဲဆိုသည့်အမေးနှင့် မော့ကြည့်မိတော့ ထိုသူက နောင့် ကို စောင်းငဲ့ကြည့်လာ၏

ထိုနောက် မုဆိုးကြီး၏မထင်မှတ်ထားသည့် အပြုအမူတစ်ခုသည် နောင် မျက်လုံးတို့ကိုပြူးကျယ်စေတော့သည်။ လက်တစ်ဖက်ကို လှမ်း၍ဆုပ်ကိုင်လာသည့် မုဆိုးကြီး၏ ကြမ်းရှရှလက်ဖ၀ါးကြား နောင့် လက်တစ်ဖက်သည်အံ၀င်ခွင်ကျ။ ထိုသို့လက်ဖ၀ါးတစ်ဖက်ကိုဆုပ်ကိုင်ပြီးအရှေ့မှ ဦးဆောင်ဆွဲခေါ်သွားသည်အထိ နောင် အံ့သြမှုတို့အရှိန်မသေသေး။

အသိပြန်၀င်လာချိန် နောင် ကိုယ်တိုင်မုဆိုးကြီးဆွဲခေါ်ရာနောက် လိုက်နေမိ၏ အံ့သြစွာဆုပ်ကိုင်ဆွဲခေါ်ခံလာရသည့်လက်တစ်ဖက်ကိုကြည့်လိုက်မိသည်။ အခုက ဘယ်လိုအခြေအနေတဲ့လဲ။ လမ်းပျောက်မှာစိုးသည့် ကလေးကို လူကြီးတစ်ယောက်က လက်ဆွဲခေါ်နေသလိုပင်။

"ဒီ.....ဒီမှာ...ဟေ့လူ....အမှန်တော့ ခင်ဗျား လက်မဆွဲလည်းရပါတယယ်။ ဒီလမ်းက ကျွန်တော် အတော်အသင့်ကျွမ်းနေပြီး လရောင်နဲ့ပတ်၀န်းကျင်ကိုလည်းထင်ထင်ရှားရှားမြင်ရ........."

ဆွဲကိုင်ထားသည့် လက်တစ်ဖက်ကိုမရုန်းမိပါဘဲ အထစ်ထစ်အငေါ့ငေါ့ပြောနေမိသည့်စကားသည် ပတ်၀န်းကျင်ကိုအကဲခတ်မိတော့ တိကနဲရပ်ရ၏ ထိုအစား မုဆိုးကြီး၏ လက်ကို ပြန်ဆုပ်ကိုင်လိုက်မိသည်က တင်းတင်းကျပ်ကျပ်နှင့်။ ရွာတောင်ပိုင်းမှ ပတ်လာသည့်လမ်းသည် ပိုနီးပေမယ့် သင်္ချိုင်းမြေ ရှေ့ဖြတ်ရသည် ဆိုသည်ကတော့ နောင် တကယ်မေ့သွားခဲ့ခြင်းပင်။

ငွေရောင်လဲ့လဲ့ ကြီးစိုးသည့် လပြည့်ည လရောင်အောက် မှတ်တိုင်စိုက်ထူထားသည့်ချောက်ချားဖွယ်အုတ်ဂူတို့ခပ်ဝေးဝေးမှလှမ်းမြင်ရပြီး ခွေးအူသံရှည်တို့တစ်ချက်တစ်ချက်ထွက်ပေါ်လာပေမယ့် နောင် ကတော့စိတ်နှလုံးတို့သည်ကြောက်စိတ်ကင်းမဲ့စွာလုံခြုံနွေးထွေးနေသည်က ဆုပ်ကိုင်ထားသည့် ခပ်ကြမ်းကြမ်းလက်ဖ၀ါးကြီးကြီးတစ်ဖက်နှင့်ဆိုင်မယ်ထင်ပါသည်။ဒီည၏ လပြည့်လရောင်သည် ပတ်၀န်းကျင်ကို အလင်းရောင်ဖြန်ကျက်ခဲ့သလို့ နောင့် ရင်တွင်းတစ်နေရာ၌လည်းခပ်ဖျော့ဖျော့အလင်းရောင်သည် တစ်စတစ်စ ထွန်းလင်းဖြန့်ကျက်ဖို့ကြိုးစားနေလေပြီ။

4700 words
10.6.2022(11:58 pm)
Vi vian
90°bow

Zawgyi

*ဒုတ္ ..........ဒုတ္ ....... ဒုတ္*

ကိုဒိုးလံုးလာပို႔ေပးသည့္ ႏွင္းႏြယ္လက္ရာ ငါးမန္းက်ည္းသီးခ်က္ႏွင့္ ၾကက္ဥဆူးပုတ္ေၾကာ္တို႔ကိုၿမိန္ရည္ယွက္ရည္စားၿပီး မ်က္စိမ်ားေမွးစင္းလာသည္ေၾကာင့္ ေန့လည္ေနခင္း တစ္ေရးတစ္ေမာအိပ္မိသည္ကအခ်ိန္မည္မ်ွၾကာသြားသည္ေတာ့မသိ။ တဒုတ္ဒုတ္ၾကားေနရသည့္အသံေၾကာင့္ ေနာင္ ႏိုးလာရသည္။

အိမ္အျပင္ဘက္မွ လာသည့္အသံျဖစ္သည္ေၾကာင့္ မ်က္လံုးမ်ားအားယူဖြင့္ကာ စားပြဲေပၚမွ သံပတ္နာရီေလးကိုၾကည့္မိသည္။ ၃ နာရီခြဲေလာက္ပင္ရိွၿပီျဖစ္သည္ေၾကာင့္ ေနာင္ ၂ နာရီနီးပါးပင္အိပ္ေပ်ာ္သြားခဲ့ျခင္းျဖစ္သည္။ ေနက်ခ်ိန္ျဖစ္၍ မၾကာခင္ေနပင္ေစာင္းေတာ့မည္။ၾကည့္ရသည္က ဆူးပုတ္ အစြမ္းျပပံုပင္။

ေနာင့္ အာရံုတို႔ အိမ္အျပင္ဘက္ျပန္ေရာက္ေတာ့ တဒုတ္ဒုတ္ အသံသည္ မရပ္သြားေသး။ မ်က္ေမွာင္မ်ားၾကဳတ္ကာ အိမ္ေရ႔ွထြက္ၾကည့္မိသည္။ ေနာင့္ ၿခံထဲဘယ္သူေရာက္ေနသည္တဲ့လဲ။

အိမ္ေရ႔ွထြက္ထြက္ခ်င္းျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ေနာင္ မ်က္ခံုးတို႔ပင့္ရသည္။ ၿခံေထာင့္ရိွ သစ္ပိုင္းပံုႀကီးနား ပုဆိန္ခပ္ႀကီးႀကီးတစ္လက္ႏွင့္ သစ္လံုးသစ္စတို႔ကို သစ္ငုတ္ပင္ႀကီးေပၚ တင္၍ ထင္းစမ်ားရေအာင္ တဒုတ္ဒုတ္ ခုတ္ေနသူက မုဆိုးႀကီးစကၠ။

ပခံုးထိဝဲက်ေနသည့္ ဆံပင္တို႔ကို သိမ္း၍ခပ္တင္းတင္းစုစည္းထံုးခ်ည္ထားၿပီး အေပၚပိုင္းဗလာက်င္းႏွင့္ မုဆိုးႀကီးစကၠက ပုဆိန္ကိုတစ္ခ်က္ေျမႇာက္လိုက္တိုင္း အေျမႇာင္းလိုက္ႂကြတက္သြားသည့္ ပခံုးႂကြက္သားခပ္က်စ္က်စ္မ်ားသည္ သစ္ပိုင္းတို႔ကိုထင္းစျဖစ္ေစဖို႔ အားသိပ္စိုက္စရာလိုပံုမေပၚ။ ေခြၽးစတို႔အနည္းငယ္စို႔ေနေပမယ့္ လက္ႏွစ္ဖက္သည္ေတာ့ ခပ္မွန္မွန္ ႏွင့္ကြၽမ္းကြၽမ္းက်င္က်င္လႈပ္ရွားေန၏

ထိုသူကိုျမင္သည္ႏွင့္ မနက္က ကြၽံခဲ့မိသည့္စကားတို႔ကိုျပန္ေတြးမိေတာ့ အားနာမႈတို႔သည္ တရိပ္ရိပ္ႏွင့္။ ေနာက္လည္း မျဖစ္မေနမ်က္ႏွာခ်င္းဆိုင္ရမည့္သူျဖစ္တာေၾကာင့္ သက္ျပင္းဖြဖြခ်ကာ အနားသြားလိုက္သည္။

"ေဟ့...လူ..."

မတိုးမက်ယ္ေခၚမိေတာ့ ပုဆိန္ကိုင္ထားသည့္ ေျမႇာက္တက္လာသည့္ လက္ႏွစ္ဖက္သည္ လမ္းခုလတ္တြင္တုန္႔ခနဲရပ္၏ သို႔ေသာ္ စကၠန္႔ပိုင္းသာ။ ထံုးစံအတိုင္းတစ္ခ်က္မ်ွ ေစာင္းငဲ့မၾကည့္ပါဘဲ ထင္းစတို႔ကိုဆက္ခုတ္ေနသည္ေၾကာင့္ ေနာင္ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္မိသည္။

ထံုးစံအတိုင္း လ်စ္လ်ူရႈခံရသည့္အခါ ထံုးစံအတိုင္း သည္းခံရမည့္သူကေတာ့ ေနာင္ကိုယ္တိုင္ပင္။ ေနာင့္ ၏လာရင္းကိစၥျဖစ္သည့္ ရိုးမထဲသုေတသနျပဳဖို႔က ဒီလူ႔အကူအညီအမ်ားႀကီးလိုသည္ေၾကာင့္ စိတ္ကိုေလ်ွာ့ခ်ကာ အေရ႔ွတည့္တည့္သြားရပ္လိုက္သည္။

အေတာ္အတန္ပင္ ပံုေနၿပီျဖစ္သည့္ သစ္ပံုႀကီးၾကည့္ရသည္က ဘယ္အခ်ိန္ကတည္းက ခုတ္ေနသည္ေတာ့မသိ။ ေနာင္ ဘယ္လိုခုတ္ရမလဲ စဥ္းစားေနသည့္သစ္ပံုႀကီးသည္ အခုေတာ့ တစ္၀က္မ်ွပင္ထင္းစျဖစ္ေနၿပီ။ ၾကည့္ရသည္က သူႀကီးကေတာ္ ေစခိုင္းမႈေၾကာင့္ လာခုတ္ေပးေနသည္ထင္ပါ၏ မည္သို႔ဆိုေစ ေက်းဇူးတင္စကားေတာ့ေျပာမျွဖစ္မည္ေလ။

"အမွန္ေတာ့ ကြၽန္ေတာ္ထင္းတစ္ခါမွ မခုတ္ဖူးဘူး ေဟ့လူရ။ ခင္ဗ်ားကိုအကူအညီေတာင္းဖို႔စဥ္းစားေနေပမယ့္ စကားစဖို႔အားနာေနတာနဲ႔မေျပာျဖစ္တာ။ ဘာပဲျဖစ္ျဖစ္အခုလိုကူညီ......."

အၾကည့္တို႔ ထင္းပံုမွ ဖယ္ခြါကာ စကားဆိုရင္း အေရ႔ွမွသူကို အၾကည့္ေရာက္ေတာ့ ေနာင့္ စကားတို႔ တုန္႔ကနဲရပ္ရ၏ စူးစူးရဲရဲစိုက္ၾကည့္ေနသည့္ မ်က္လံုးတစ္စံုသည္ က်ားရဲတစ္ေကာင္၏ စူးရွမႈမ်ိဳးႏွင့္။ ေနာင္ မ်က္ခံုးတစ္ခ်က္ပင့္ရသည္။ ေနာင့္ဆီမွ သူ႔အၾကည့္ကိုတုန္႔ျပန္မႈရေတာ့ ထိုသူ႔အၾကည့္က ေနာင့္ ေျခေထာက္မ်ားဆီေရာက္၏ မည္သူမ်ွဘာသာျပန္ေပးစရာမလိုပါဘဲ ေနရာမွ ဖယ္ခိုင္းသည္ကို ေနာင္ သေဘာေပါက္ေတာ့ ရပ္ေနရာမွ ေဘးသို႔ ႏွစ္လွမ္းခန္႔ေရႊ့ေပးမိသည္။

ထိုအခါမွ ေနာင္ ရပ္ေနသည့္ေနရာသို႔ ခုတ္လက္စထင္းစကို ဘုတ္ကနဲပစ္ခ်၏ ေနာင္ ၿပံဳးလိုက္မိသည္။ ထိုသူႏွင့္ ေနာင့္ၾကား ၾကားလူမလိုပါဘဲ စကားေျပာစရာမလိုပါဘဲ ပထမဆံုးအႀကိမ္ဆက္သြယ္မႈသည္သိပ္ေတာ့ အဆင္မေျပေပမယ့္ ထင္သေလာက္လည္းမဆိုးေပ။

"ကြၽန္ေတာ္ေက်းဇူးတင္ပါတယ္"

စကားတို႔ကိုရွည္ေဝးမေနေတာ့ဘဲ ေက်းဇူးတင္ေၾကာင္းေျပာေတာ့ မုဆိုးႀကီးကေခါင္းတစ္ခ်က္ဆတ္ျပ၏ ခႏၶာကိုယ္အႏွံ႔ ေခြၽးတို႔စီးက်ေနသည္က တစ္မ်ိဳးၾကည့္ေကာင္းေနသည္ေၾကာင့္ ေနာင္ ခဏမ်ွ စိုက္ၾကည့္ေနမိသည္။ ရင္ဘတ္ေပၚ ထင္ထင္ရွားရွားထိုးထားသည့္ က်ားတစ္ေကာင္မာန္ဖီေနသည့္စုတ္ထိုးရာက အသက္၀င္လြန္းလွသည္ေၾကာင့္ ေနာင့္ အၾကည့္တို႔ ေတာ္ရံုမဖယ္ခြါႏိုင္။

"ခင္ဗ်ား ခဏနားသင့္တယ္"

ေနာင့္ စကားတို႔ကို အာရံုမစိုက္ဟု ထင္လိုက္မိေပမယ့္ မုဆိုးႀကီးက ပုဆိန္ကို သစ္ပိုင္းတြင္ ဒုတ္ ကနဲစိုက္ကာ ခပ္လွမ္းလွမ္းရိွ ေရခ်မ္းအိုးစင္ဆီ ၪီးတည္၏

"ေခြၽးသုတ္လိုက္အံုး"

ေရႏွစ္ခြက္ သံုးခြက္ခန္႔ ခပ္ေသာက္ေနသည့္သူကို တစ္ခ်က္ၾကည့္ၿပီး အိမ္ထဲခပ္သုတ္သုတ္၀င္ကာ တဘတ္ပိုင္းတစ္ထည္ယူလာ၍ေခြၽးသုတ္ဖို႔ေျပာရင္း ကမ္းေတာ့ မုဆိုးႀကီးက လွမ္းမယူပါဘဲ တဘတ္ကိုစိုက္ၾကည့္ေန၏

"ရတယ္ ....သုတ္လိုက္။ အသစ္မဟုတ္တာေၾကာင့္ေပသြားလည္း ဘာမွမျဖစ္ဘူး"

ထူးဆန္းစြာပင္ ထိုမုဆိုးႀကီး၏ မ်က္၀န္းထဲမွ အဓိပၸါယ္ကိုေနာင္သေဘာေပါက္မိသည္က စကၠန္႔ပိုင္းအတြင္းပင္။ ႏႈတ္မွ ရုတ္တရတ္တုန္႔ျပန္ေျပာလိုက္မိသည့္ စကားသည္ ထိုမုဆိုးႀကီး၏ မ်က္၀န္းကို ဘာသာျပန္ကာ ခြန္းတုန္႔ျပန္လိုက္မိျခင္းျဖစ္၏ စကား မေျပာတတ္သည့္သူတစ္ေယာက္ႏွင့္ စကားေျပာရသည္က ေနာင့္အတြက္ ေတာ့အံ့ၾသစရာအေတြ့အႀကံဳပင္။ ထိုသူ၏ မ်က္၀န္းအဓိပၸါယ္ကို ေနာင္ က နားလည္ၿပီး ႏႈတ္မွစကားသည္ စဥ္းစားရန္ပင္မလိုပါဘဲ အလိုအေလ်ာက္တုန္႔ျပန္မိသည္တဲ့။

သေဘာတက် သြားတန္းမ်ားေပၚသည္အထိအသံထြက္ရယ္မိေတာ့ ေနာင္ ေပးသည့္ တဘတ္ပိုင္းႏွင့္ ေခြၽးစတို႔ကိုသုတ္ရင္း ေနာင့္ကို တစ္ခ်က္လွမ္းၾကည့္၏ ဘာမွ မဟုတ္ေၾကာင္းေခါင္းခါျပေတာ့ မုဆိုးႀကီးက ကြပ္ပ်စ္ေပၚ သြားထိုင္၏

"ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ ခဏေျပာစရာရိွတယ္"

ခပ္လွမ္းလွမ္းတြင္၀င္ထိုင္ကာ ေျပာေတာ့ ေနာင့္ ကိုစိုက္ၾကည့္လာသည့္မ်က္၀န္းတစ္စံုသည္စူးစူးရဲရဲ။ ထိုသူက လူတိုင္းကို ထိုသို႔စူးစူးရဲရဲၾကည့္တတ္သည္လားမသိေပမယ့္ ေနာင့္ အတြက္ အနည္းငယ္ကသိကေအာက္ျဖစ္ရသည္။ ထိုခပ္စူးစူးမ်က္၀န္းတစ္စံုတြင္ ႀကီးမားသည့္အင္အားတစ္ခုကိန္းေအာင္းေနသည္ဟု ခံစားမိေပမယ့္ ဘာဆိုတာ ေနာင္ အဓိပၸါယ္မေဖာ္တတ္။

"ကြၽန္ေတာ္ ဒီေရာက္ေနတာလည္း ရက္နည္းနည္းၾကာေနၿပီဆိုေတာ့ လာရင္းကိစၥျဖစ္တဲ့ ပဲခူးရိုးမထဲ၀င္ဖို႔ကို အေကာင္အထည္စေဖာ္ခ်င္တယ္။ ေျပာရရင္ ေနာက္ ၃ ရက္ေလာက္အတြင္း စခ်င္တာေၾကာင့္ ခင္ဗ်ားအဆင္ေျပမလား"

ရိုးမထဲ ၀င္ဖို႔အခ်ိန္မဆြဲခ်င္ေတာ့သည္ေၾကာင့္ ၃ ရက္ေလာက္အတြင္း စခ်င္ေၾကာင္းေျပာၿပီး မုဆိုးႀကီးကို တစ္ခ်က္အကဲခတ္ၾကည့္သည္။ ေနာင့္ အေျပာကို ေခါင္းတစ္ခ်က္ညိတ္ တုန္႔ျပန္သည့္အခါ ေနာက္ ၃ ရက္အတြင္းရိုးမထဲ၀င္ဖို႔အစီအစဥ္ဆြဲဖို႔ စဥ္းစားရေတာ့သည္။

မုဆိုးႀကီးဆီက သေဘာတူညီမႈရၿပီးတည္းက ေဖာင္တိန္တစ္ေခ်ာင္း စာအုပ္တစ္အုပ္ႏွင့္ အလုပ္ရႈပ္ေနသူကို မုဆိုးႀကီးကေတာ့တစ္ခ်က္မွ ဂရုျပဳပံုမေပၚ။ ခဏမ်ွ နားၿပီး ထင္းေခ်ာင္းတို႔ကို တဒုတ္ဒုတ္သြားခြဲေနျပန္၏

ညေန ေနေစာင္းလာသည့္အခ်ိန္တြင္ေတာ့ သစ္ပိုင္းတို႔မွသည္ ထင္းစအျဖစ္သို႔ လံုးလံုးလ်ားလ်ားေျပာင္းလဲသြားၿပီျဖစ္သည့္ ထင္းပံုႀကီးကိုထား၍ မုဆိုးႀကီးစကၠသည္ ၿခံစည္းရိုးတြင္ခ်ိတ္ထားသည့္အက်ႌကိုေကာက္စြပ္လိုက္သည္ေၾကာင့္ ေနာင္ ေနရာတြင္ခဏရပ္ေနလိုက္သည္။ အေၾကာင္းအရင္းသည္ ေနာင့္ ဘက္လွၫ့္လာပါကေက်းဇူးတင္ေၾကာင္းထပ္ေျပာရန္ျဖစ္သည္။

သို႔ေသာ္ အထင္ႏွင့္အျမင္သည္ တက္တက္စင္ေအာင္လြဲရ၏ မုဆိုးႀကီးသည္ ၿခံဝိုင္းထဲ ေနာင့္ ကိုရိွသည္ဟုပင္သေဘာမထား။ တစ္ခ်က္မွ လွည့္မၾကညဘဲ စည္းရိုးကိုျဖတ္၍ အျပင္ထြက္သြားေတာ့သည္။

"ေဟ့.....ေဟ့လူ"

ႏႈတ္မွ လႊတ္ကနဲေခၚလိုက္မိသည့္အေခၚတြင္ ေျခလွမ္းတို႔ရပ္သြားသည့္မုဆိုးႀကီးႏွင့္ ဆက္ေျပာရန္စကားတို႔ေပ်ာက္ရွသည့္ ေနာင္ တို႔ၾကားအေျခအေနသည္စကၠန္႔ပိုင္းမ်ွတိတ္ဆိတ္ရသည္။

"ကြၽန္ေတာ္ ညက် ဘႀကီးျမဒင္တို႔စကားဝိုင္းဆီသြားမွာမို႔ ခင္ဗ်ား ေစာင့္မေနနဲ႔ေတာ့"

ေျပာမိေျပာရာေျပာလိုက္မိသည့္စကားတြင္ မုဆိုးႀကီးကေတာ့ မလႈပ္မယွက္။ ကိုယ့္စကားကိုယ္ဘာသာျပန္ၿပီးခ်ိန္ *ေနွာင္းမိုးရိပ္ေနာင္ေရ....မင္းရူးေနသလား*လို႔သာ ကိုယ့္ကိုယ္ကို ျပန္ေမးခ်င္ေတာ့သည္။

"ဒီတိုင္း......အိမ္နီးခ်င္းဆိုေတာ့ ခင္ဗ်ားကိုေျပာျပသင့္တယ္ထင္လို႔....."

ကေပါက္တိကေပါက္ခ်ာထြက္သြားသည့္စကားအဆံုး မုဆိုးႀကီးက ခပ္ျဖည္းျဖည္းေခါင္းတစ္ခ်က္ညိတ္ျပ၏ ေနာင့္ ကိုလွည့္မၾကည့္သည္ကိုေတာ့ ဒီတစ္ခါေက်းဇူးတင္ေနရသည္။ လွည့္ၾကည့္မိပါလ်ွင္ မ်က္ႏွာထက္တရိွန္းရိွန္းတက္ေနသည့္အပူေငြ့တို႔ကိုထိုမုဆိုးႀကီးျမင္ရလိမ့္မည္။

............................................

ဒီေန့သည္ လျပၫ့္ေန့ျဖစ္သည္ေၾကာင့္ ေကာင္းကင္ယံထက္ ဝိုင္းစက္စက္လမင္းသည္ ထင္ထင္ရွားရွားေနရာယူ၏ ပုရစ္ေအာ္သံ တက်ီက်ီကို ဟိုတစ္စဒီတစ္စ ၾကားရသၫ့္ ေညာင္မိႈင္းသာယာရြာေလး၏ လျပည့္ည ညဥ့္ၪီးယံသည္ နက္ျပာေရာင္ေကာင္းကင္ ႀကီးေအာက္ တိတ္တိတ္ဆိတ္ဆိတ္ ႏွင့္။ ထို တိတ္ဆိတ္သၫ့္ အေျခအေနကို ၿဖိဳခြင္းေနၾကသည္က ရြာ၏ အသက္အႀကီးဆံုးပုဂၢိုလ္ ျဖစ္သၫ့္ ဘႀကီးျမဒင္ ေနထိုင္ရာ ၿခံဝိုင္း၏ ကုကၠိုပင္ေအာက္ ကြပ္ပ်စ္ေလးေပၚတြင္ျဖစ္သည္။

"ပဲခူးရိုးမ ဆိုတာ ပါးစပ္ရာဇ၀င္မ်ားစြာ ရိွသလို ဒီရိုးမေတာႀကီးရဲ့ ထူးျခားဆန္းျပားမႈနဲ႔လ်ိဳ႕၀ွက္ဆန္းက်ယ္မႈေတြကို နဖူးေတြ့ဒူးေတြ့ႀကံဳခဲ့ရသူေတြဆိုတာလည္းတစ္ေယာက္ႏွစ္ေယာက္မွ မဟုတ္ၾကဘဲ လူေလးတို႔ရဲ့"

"ေျမာက္ကြၽန္းနဲ႔ဆက္စပ္ေနတဲ့ လမ္းရိွတယ္လို႔လည္း က်ဳပ္အဘ ေျပာျပဖူးေပမယ့္ က်ဳပ္ေတာ့ ပဲခူးရိုးမထဲ ေျခခ်င္းလိမ္ေနပါၿပီ အဲ့ဒီ့လမ္းရယ္လို႔ တစ္ခါမွ မေတြ့ဖူးပါဘူး ဘႀကီးရာ"

"ဒါမ်ိူးဆိုတာက ကံအေၾကာင္းတရားတိုက္ဆိုင္မွ ေတြ့ရတယ္ကြဲ႔။ ေတြ့ခ်င္တိုင္းေတြ့ရတဲ့အရာေတြမဟုတ္ဘူး။ ပဌာန္းဆက္နဲ႔အမ်ားႀကီးသက္ဆိုင္တယ္လူေလးရဲ့"

သက္ႀကီးစကားသက္ငယ္ၾကားဆိုသလို ဘႀကီးျမဒင္၏ ၿခံဝိုင္းကြပ္ပ်စ္ေပၚတြင္ ရြာ၏ သက္ႀကီးပိုင္းပုဂၢိုလ္ ၄ ေယာက္သည္ အဖန္ရည္ကိုေသာက္ရင္း စကားစျမည္ေျပာၾက၏ ေအာက္ဘက္ေျမျပင္တြင္ေတာ့ စုစုရံုးရံုးထိုင္ေနၾကသည့္ကာလသားမ်ားသည္ လူႀကီးတို႔စကားဝိုင္းထဲမွ သိလိုရာတို႔ကိုတစ္ခ်က္တစ္ခ်က္ထေမးျမန္းၾက၏

ဘႀကီး ျမဒင္ႏွင့္ လူႀကီးတခ်ိဳ႕က အၾကမ္းေရကို ဟန္ပါပါ ေမာ့ေသာက္ရင္း ကာလသားတခ်ိဳ႕၏စပ္စပ္စုစု အေမးတို႔ကို စိတ္ေက်နပ္ေအာင္ျပန္ေျဖေပးေနသည္က လျပၫ့္ညေရာက္တိုင္း ေညာင္မိွူင္းသာယာရြာေလးတြင္ ျမင္ေနက် စိတ္ခ်မ္းေျမ့ဖြယ္ျမင္ကြင္းတစ္ခုျဖစ္သည္။

သို႔ေသာ္ ဒီေန့ေတာ့ ထူးထူးျခားျခား ၿမိဳ႔မွလာသၫ့္သူ ... သူတို႔အေခၚ ၿမိဳ႔ႀကီးသားဟုေခၚၾကသၫ့္ ေနွာင္းမိုးရိပ္ေနာင္ တစ္ေယာက္လည္း ဒီစကားဝိုင္းေလးထဲ ေရာက္ေနသည္က အေတာ္အတန္ပင္ၾကာေနၿပီျဖစ္သည္။ စကားဝိုင္းေလးထဲ ေနာင္ ေရာက္လာကာစက အသားျဖဴျဖဴ ႏွင့္ ခပ္သန္႔သန္႔ ဘိလပ္ျပန္သူေဌးသားျဖစ္သည္ေၾကာင့္ ေျမျပင္မွာမထိုင္ဘဲကြပ္ပ်စ္ေပၚထိုင္ဖို႔ ေျပာၾကေပမယ့္ ေနာင္ ကေတာ့လက္မခံပါ။ ပုဆိုးကို ဒူးထိဆြဲမ၍ ဖိနပ္ ခုကာေျမျပင္တြင္ပင္ထိုင္ေတာ့ *ၿမိဳ႔ႀကီးသားက ဒါမ်ိဳးလည္း ရသလား* ဟုေမးကာ ကာလသားတို႔ သေဘာတက်ရယ္ေမာၾကေသးသည္။

အသိပညာ ဗဟုသုတဟူသည္ေနရာတိုင္းကရႏိုင္သည္ဟု လက္ခံထားသည့္ ေနာင့္ အတြက္ေတာ့ ဒီစကားဝိုင္းေလးက ရတနာပင္။ ထို႔ေၾကာင့္အခ်ိန္ၾကာသည့္တိုင္ ေနာင္ ကိုယ္တိုင္ ဘာစကားမွ ဝင္မေျပာျဖစ္ဘဲ ကာလသားမ်ား၏ အေမးႏွင့္ ဘႀကီး ျမဒင္တို႔ ၏ က်ိဳးေၾကာင္းဆီေလ်ာ္သၫ့္ အေျဖကို သာ ညိမ္ညိမ္သက္သက္ နားေထာင္ေနေပမယ့္ အခုေတာ့ ေနာင္ သိခ်င္သၫ့္အေမးသည္ ရိွလာခဲ့ၿပီ။

"ကြၽန္ေတာ္ တစ္ခုေလာက္ေမးလို႔ရမလား အဘ"

အတန္ၾကာၿငိမ္သက္ေနသည့္ ေနာင့္ ဆီမွ စကားသံထြက္လာေတာ့ စကားဝိုင္း၏ အာရံုအလံုးစံုသည္ေနာင့္ဆီေရာက္လာေတာ့၏

"ေမး.... လူေလး ေနာင္"

"ကြၽန္ေတာ္တို႔ေနတဲ့အရပ္ကိုဇမၺူဒီပါ လက်ာ္ ေတာင္ကြၽန္းလို႔ေခၚၾကတာကို သိေပမယ့္ ေျမာက္ကြၽန္းဆိုတာကေရာတကယ္ပဲ ရိွသလားဗ်"

"ဒါဆို အဘက လူေလးကို ေမးခြန္းတစ္ခု ျပန္ေမးမယ္။ လူေလးက ဘိလပ္ျပန္ဆိုေတာ့ အရာရာကို သိပၸံပညာဆိုတာနဲ႔ပဲ ရႈျမင္သလား ဒါမွ မဟုတ္ ေလာကမွာ လူေတြနားလည္ဖို႔ ခက္ခဲတဲ့ ထူးျခားဆန္းျပားမႈေတြရိွတယ္ဆိုတာကိုယံုသလား"

ေမးခြန္းကိုေမးခြန္းႏွင့္ျပန္ေျခသည့္ ဘႀကီးျမဒင္၏ အေမးကို ေနာင္ မ်က္ေမွာင္တစ္ခ်က္က်ံဳ႔ကာစဥ္းစားလိုက္သည္။

"ေလာကမွာ သိပၸံပညာနဲ႔ ရွာေဖြေတြ့ရိွႏိုင္ဖို႔ ခက္ခဲတဲ့အရာေတြရိွတယ္ ဆိုတာကို ကြၽန္ေတာ္ လက္ခံပါတယ္ အဘ"

"အင္း......ေခတ္ပညာတတ္လူငယ္ တစ္ေယာက္အေနနဲ႔ ဒီလို အေတြးအျမင္မ်ိဳးရိွတာက ခ်ီးက်ူးစရာပဲကြဲ႔။ ေခတ္ပညာတတ္လူငယ္ေတာ္ေတာ္မ်ားမ်ားက ပညာေတြတတ္‌ေျမာက္မႈမ်ားေလေလ ငါသိ ငါတတ္ ငါအမွန္ ဆိုတဲ့ အတၲေတြမ်ားလာေလေလပဲ။ တကယ္လို႔ လူေလးကသာ ဒီလို အတၲမ်ိဳးရိွသူဆိုရင္ အဘက လူေလးရဲ့ေမးခြန္းကို ေျဖေပးလည္း အခ်ည္းႏွီးပဲ"

"ဟုတ္ကဲ့ အဘ... ကြၽန္ေတာ္က သဘာဝလြန္အေၾကာင္းအရာတခ်ိဳ႕ကို လက္ခံၿပီး အဲ့ဒီ့လိုအ‌ေၾကာင္းအရာ တခ်ိဳ႕ကိုလည္း စိတ္ဝင္စားပါတယ္"

"ေကာင္းၿပီ....ဒါဆို အဘက လူေလးရဲ့ေမးခြန္းကို အက်ဥ္းခ်ဳပ္ေျဖေပးမယ္"

"ဟုတ္ကဲ့ အဘ"

"ေျမာက္ကြၽန္းဆိုတာက ျမင္းမိုရ္ေတာင္ရဲ့ ပတ္ပတ္လည္မွာရိွတဲ့ ကြၽန္းႀကီးေလးကြၽန္းထဲက ေျမာက္ဘက္မွာတည္ရိွၿပီး သူ႔ရဲ့ နာမည္က ဥတၲရဂုရု လို႔ေခၚတယ္ကြဲ႔။ ေျမာက္ကြၽန္းထိပ္မွာေတာ့ယူဇနာ ၁၀၀ ေလာက္ကို ႀကီးတဲ့ ပေဒသာပင္ႀကီးတစ္ပင္ရိွၿပီးေျမာက္ ကြၽန္းသူေျမာက္ကြၽန္းသားေတြက စီးပြါးဥစၥာ နဲ႔ ဝမ္းေရးအတြက္အစားအေသာက္ရွာေဖြစရာမလိုဘဲ အဲ့ဒီ့ ပေဒသာပင္ႀကီးကေန အလိုရိွရာကို ခူးယူစားေသာက္၀တ္စားဆင္ယင္ၾကလို႔ရတယ္တဲ့။ သူတို႔ က အသက္အားျဖင့္ တစ္ေထာင္တန္းထိရွည္ၾကၿပီး ေလာဘ ၊ေဒါသ နဲ႔ ေမာဟတို႔မရိွပါဘဲ ငါးပါးသီလကို လည္း လံုၾကတာေၾကာင့္ ေသလြန္တဲ့အခါ နတ္ျပည္ကိုပဲ ေရာက္ၾကရတယ္။ ေျမာက္ကြၽန္း သူေတြက အၿမဲ ဆယ့္ေျခာက္ႏွစ္အရြယ္လို တင့္တယ္ေနၾကၿပီး ေျမာက္ကြၽန္းသားေတြက အၿမဲ ႏွစ္ဆယ့္ငါးႏွစ္အရြယ္လို ခန႔္ညားေနၾကတယ္လို႔ အဆိုရိွတယ္ကြဲ႔"

"ဒါဆို အဘ သူတို႔ဆီမွာ ငရဲျပည္ဆိုတာမရိွဘူးေပါ့"

"ဟုတ္တယ္ လူေလး။ ေျမာက္ကြၽန္းမွာ အဘတို႔ ေတာင္ကြၽန္းလို ငရဲဘံုဆိုတာမရိွဘူး။ ငရဲဘံုဆိုတာမရိွသလို နိဗၺာန္ဆိုတာလည္းမရိွဘူးကြဲ႔။ လူ႔ဘဝက ေသလြန္ရင္ နတ္ျပည္မွာစံစားၿပီး နတ္ဘဝက စုေတရင္ လူျပန္ျဖစ္ နဲ႔ သူတို႔ဟာ လူျဖစ္လိုက္ နတ္ျဖစ္လိုက္ပဲ က်င္လည္ေနၾကရတာကြဲ႔။ အကုသိုလ္မရိွတဲ့ ေနရာအရပ္ျဖစ္တာေၾကာင့္ နိဗၺာန္ေရာက္ေၾကာင္းတရားေဟာေျပာျပသႏိုင္တဲ့ ဘုရားလည္းမပြငင့္ဘူးတဲ့ လူေလးရဲ့"

"ေျမာက္ကြၽန္းကိုေရာက္ဖူးတဲ့သူေတြေရာရိွသလား အဘ"

"သာမာန္လူေတြအေနနဲ႔ ကေျမာက္ကြၽန္းကို ဘယ္ေရာက္ေအာင္ သြားႏိုင္ၾကမလဲကြဲ႔။ ဈာန္ရတဲ့ ရေသ့ ရဟန္းေတြနဲ႔ ဝိဇၨာေတြ ေဇာ္ဂ်ီေတြ ကေတာ့သြားႏိုင္ၾကၿပီးတခ်ိဳ႕ပဌာန္းဆက္ ရိွတဲ့ သူေတြဆိုရင္ေတာ့ ေျမာက္ကြၽန္းသူ ေျမာက္ကြၽန္းသားေတြနဲ႔ ေတြ့ဆံုႏိုင္ၾကတယ္။ ဘုရားရွင္ လက္ထက္တုန္းကဆိုရင္ေတာ့ ေဇာတိက သူေဌးဟာဆိုရင္ နတ္ေတြေခၚေဆာင္လာေပးတဲ့ ေျမာက္ကြၽန္းသူနဲ႔ လက္ထပ္ထားတယ္လို႔ က်မ္းဂန္ေတြက အဆိုရိွၾကတယ္။ ေျမာက္ကြၽန္းနဲ႔ပတ္သတ္ၿပီး ကိုယ္ေတြ့ရယ္မရိွေပမယ့္ အနီးစပ္ဆံုး အေနနဲ႔ေတာ့ အျဖစ္အပ်က္တစ္ခုနားေထာင္ဖူးတာကိုမွတ္မိေနေသးတယ္"

"ကြၽန္ေတာ္တို႔ကိုေျပာျပေပးလို႔ရမလား အဘ"

"အင္း.........ေျပာရရင္ေတာ့ တိမ္းပါးသြားၿပီျဖစ္တဲ့ အေမဘက္ကေတာ္စပ္တဲ့ အဘိုးျဖစ္သူရဲ့ ကိုယ္ေတြ့ အေၾကာင္းအရာေပါ့။ငယ္ရြယ္စဥ္ကေတာ့ နားေထာင္ေကာင္းတဲ့ ပံုျပင္တစ္ပုဒ္အေနနဲ႔ပဲ နားေထာင္ခဲ့တာျဖစ္လို႔ အေသးစိတ္ရယ္လို႔ အဘလည္း မမွတ္မိေတာ့ဘူး။ မွတ္မိသေလာက္ျပန္ေျပာရရင္ေတာ့ အဘိုးျဖစ္သူက ပဲခူးရိုးမထဲ ေတာေမွာက္လို႔ မ်က္စိလည္ လမ္းမွားၿပီးျပန္မထြက္ႏိုင္တဲ့အခ်ိန္တုန္းက ေျမာက္ကြၽန္းက သူေတာ္စင္ႀကီးတစ္ေယာက္ရဲ့ ကယ္တင္လမ္းျပမႈနဲ႔ ရိုးမထဲက ျပန္ထြက္ႏိုင္ခဲ့တယ္လို႔ ေျပာျပခဲ့ဖူးတယ္"

"ပဲခူးရိုးမထဲမွာ ေတြ့ခဲ့တာလား အဘ။ ၿပီးေတာ့ သူက ေျမာက္ကြၽန္းကလာတယ္ဆိုတာကို ဘယ္လိုသိရတာလဲ"

" အဘ တို႔ရဲ့မ်ိဳးရိုးက သမားေတာ္မ်ိဳးရိုးကဆင္းသက္လာတာျဖစ္တာေၾကာင့္ အဘိုးျဖစ္သူက ရိုးမထဲ ေဆးျမစ္ေတြသြားတူးေလ့ရိွတယ္။ တစ္ရက္ေတာ့ ေတာေျခာက္တာနဲ႔ႀကံဳခဲ့ရၿပီးေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ပဲ ေတာနက္ထဲထိတိုးဝင္မိလိုက္တာ မေရာက္ဖူးတဲ့ေနရာေတြအထိေရာက္သြားသတဲ့။ ဒီလိုနဲ႔ လမ္းေပ်ာက္သြားတာ ခုႏွစ္ ရက္ေလာက္အထိ အျပန္လမ္းကိုရွာမေတြ့ခဲ့ဘူးတဲ့။ လမ္းရွာမေတြ့တဲ့အဆံုး ရိကၡာကလည္းပ်က္ စိတ္ဓါတ္ကလည္းက်နဲ႔ ကိုယ့္ကိုယ္ကို ေသလူလို႔သတ္မွတ္ထားတဲ့ အခ်ိန္မွာပဲ ကယ္တင္ရွင္နဲ႔ ေတြ့ခဲ့ရတာေပါ့။ အဘိုးေျပာျပသေလာက္ေတာ့ ခႏၶာကိုယ္က ၾကာပန္းနံ႔သင္းေနတဲ့ ဝတ္ရံုျဖဴဝတ္ထားတဲ့ အဘိုးအိုတစ္ေယာက္က သူ႔ကို လမ္းျပေပးခဲ့တယ္တဲ့။ ဆံပင္တစ္ေခါင္းလံုးဆြတ္ဆြတ္ျဖဴေနတာေၾကာင့္ နဲ႔ တည္ၿငိမ္ရင့္က်က္တဲ့မ်က္ႏွာသြင္ျပင္ေၾကာင့္သာ အဖိုးအိုလို႔ေခၚေပမယ့္ ပါးေရနားေရတြန႔္ျခင္း၊ ခါးကိုင္းျခင္း အားေဖ်ာ့ျခင္း တုန္ရီျခင္း မရိွဘူးတဲ့ကြဲ႔။ အဓိက ကေတာ့ သူ႔ရဲ့ ညာဘက္မွာ လည္ဆံေမြးဖားဖားနဲ႔ ခါးေလာက္ရိွတဲ့ျခေသၤ့ႀကီးတစ္ေကာင္ရိွၿပီး ဘယ္ဘက္မွာေတာ့ အျဖဴေရာင္ ကိုးေတာင္က်ားႀကီးတစ္ေကာင္ရိွတယ္တဲ့။ စေတြ့တုန္းကေတာ့ အဖိုးျဖစ္သူက သားရဲေတြကိုေၾကာက္ရြံ႔ေနေပမယ့္ လူကိုအႏၲရာယ္ေပးမယ့္အရိပ္အေယာင္မရိွတဲ့အခါမွာေတာ့ သူတို႔လမ္းျပရာေနာက္ကိုပဲလိုက္ခဲ့ရင္ ေတာအစပ္ထိေရာက္ခဲ့တယ္တဲ့"

"ဟင္....ေတာအစပ္ထိလိုက္ပို႔ခဲ့တာလားအဘ"

"ဟုတ္တယ္ကြဲ႔။ ရြာလမ္းကိုလွမ္းျမင္ေနရတဲ့အခ်ိန္မွာေတာ့ ေက်းဇူးတင္လြန္းတာေၾကာင့္ ဘယ္အရပ္မွာေနသလဲဆိုတာနဲ႔ ျဖစ္ႏိုင္ရင္ေနာက္တစ္ေခၚေတြ့ဆံုတဲ့အခါေက်းဇူးဆပ္ခ်င္ေၾကာင္းေျပာေတာ့ ပေဒသာပင္ေပါက္ရာအရပ္မွာေနတယ္လို႔ တစ္ခြန္းသာေျဖၿပီး ရိုးမထဲျပန္၀င္သြားတာမ်က္စိေရ႔ွတင္ တရိပ္ရိပ္မႈန္ဝါးေပ်ာက္ကြယ္သြားတယ္တဲ့"

"ဒါဆိုေနာက္တစ္ေခါက္ထပ္မေတြ့ေတာ့ဘူးလား အဘ"

"ေနာက္တစ္ေခါက္ထပ္မေတြ့ေတာ့သလို အဖိုးျဖစ္သူကလည္း ရိုးမထဲ၀င္ရွာဖို႔မႀကိဳးစားေတာ့ဘူးကြဲ႔""

"ဘာျဖစ္လို႔လဲ အဘ"

"လူေတြရဲ့ေလာဘေပါ့ကြယ္။ အဘိုးျဖစ္သူ ခုႏွစ္ ရက္ေလာက္ေပ်ာက္ၿပီး ျပန္ေရာက္လာေတာ့ သတင္းဝိုင္းေမးၾကတဲ့အခါ ဒီထူးျခားတဲ့အေၾကာင္းအရင္းကိုသေဘာရိုးနဲ႔ေျပာျပမိတယ္။ ဒါေပမယ့္ ေလာဘရဲ့သားေကာင္ေတြက အဘိုးရဲ့စကားေၾကာင့္ ရိုးမေတာနက္ထဲထိ၀က္ၿပီး က်ားျဖဴၾကီးကိုရွာေဖြသတ္ျဖတ္ဖို႔ႀကိဳးစားၾကေတာ့တာပဲ။ ရိုးမထဲက်ားျဖဴၾကီးတစ္ေကာင္နဲ႔ ခႏၶာကိုယ္ႀကီးမားတဲ့ျခေသၤ့ႀကီးတစ္ေကာင္က်က္စားတယ္ဆိုတာ ဟိုးအရင္ကတည္းက ေကာလဟာလအေနနဲ႔ရိွခဲ့ၾကေတာ့ အဘိုးရဲ့အေျပာမွာပိုေသခ်ာသြားၾကေတာ့တာေပါ့"

"ဒါဆိုဘယ္လိုဆက္ျဖစ္သြားလဲအဘ"

"ဘယ္လိုဆက္ျဖစ္လိမ့္မလဲကြယ္။ က်ားျဖဴၾကီးကိုဘယ္သူမွ အရိပ္အေယာင္ေတာင္ရွာမေတြ့ခဲ့သလို တခ်ိဳ႕ဆို အႏၲရာယ္မ်ိဳးစံုႀကံဳၿပီး ေသြးရူးေသြးတန္းနဲ႔ျပန္ေရာက္လာတဲ့သူေတြေတာင္ရိွတယ္။ အဲ့ဒီ့ကတည္းက အဘိုးျဖစ္သူကဒီအေၾကာင္းေတြကိုစကားေတာင္မဟေတာ့ဘူးကြဲ႔။ ေက်းဇူးရွင္ေတြကို ကိုယ့္ေၾကာင့္ဒုကၡမေရာက္ေစခ်င္တာေပါ့ကြယ္"

"ဒါဆိုေနာက္ထပ္လည္း ဒီအဖိုးရယ္ ၊က်ားျဖဴရယ္၊ ျခေသၤ့ရယ္ကိုဘယ္သူမွ ထပ္မေတြ့ၾကေတာ့ဘူးေပါ့ေနာ္အဘ"

"ေတာနင္းရွာေဖြၾကတာေတာင္အရိပ္အေယာင္ရယ္ေတြ့ၾကေတာ့ပါဘူးကြယ္"

"လူေတြရဲ့ေလာဘကတကယ္ေၾကာက္ဖို႔ေကာင္းတာပဲေနာ္ အဘ"

"လူေတြဟာ ေလာဘရဲ့သားေကာင္ျဖစ္တဲ့အခါ မလုပ္ရဲတာမရိွေတာ့ဘူး။ ေဒါသရဲ့သားေကာင္ျဖစ္တဲ့အခါ မေျပာရဲတာမရိွေတာ့ဘူး။ ေမာဟရဲ့သားေကာင္ျဖစ္တဲ့အခါ မျပဳမူရဲတာမရိွေတာ့ဘူးတဲ့ကြဲ႔။ ဒါေၾကာင့္တစ္ခုခုေျပာမယ္ လုပ္မယ္ ျပဳမူမယ္ဆိုရင္ေတာ့အသိဥာဏ္နဲ႔ဆင္ျခင္ၾက"

"ဟုတ္ကဲ့.....ကြၽန္ေတာ္တို႔မွတ္ထားပါ့မယ္ ဘႀကီး!!"

တန္ဖိုးရိွသည့္စကားဝိုင္းေလးမွ ေနာင္ ထြက္လာသည့္အခ်ိန္သည္ အေတာ္အတန္ပင္ညနက္ေနၿပီ။ *လိုက္ပို႔ဖို႔မလိုတာေသခ်ာရဲ့လား ညီ ေနာင္ရ* ဆိုသည့္ ကိုဒိုးလံုးစကားကို *ကြၽန္ေတာ္ေယာက်ာ္းပါဗ်။ ညလည္းအရမ္းမနက္ေသးပါဘူး။ ၿပီးေတာ့လမ္းလည္းကြၽမ္းေနပါၿပီ* ဟူသည့္စကားႏွင့္ ျပန္ေခ်ပခဲ့သည့္ ေနာင္ တစ္ေယာက္ အခုေတာ့ ရြာလမ္းတစ္ေလ်ွာက္ လ ေရာင္သာျဖန္႔က်က္သည္ေၾကာင့္ လမ္းမမွားဖို႔အာရံုစိုက္ေနရသည္။

လျပည့္ည မဟုတ္ပါဘဲ လေရာင္သာမရိွပါလ်ွင္ ထိုလမ္းသည္ေတာ္ရံုမည္သူမ်ျွဖတ္ရဲမည္မဟုတ္။ စိတ္ထဲဂုဏ္ေတာ္ကိုေတာ့ အထပ္ထပ္ပြါးမ်ားေနမိသည္ေၾကာင့္ ေၾကာက္စိတ္တို႔ေတာ့ အေတာ္အတန္ေလ်ာ့၏ ေရ႔ွသို႔အာရံုစိုက္ရင္း ေလ်ွာက္လာမိေပမယ့္ တိမ္ရိပ္တို႔ လကိုဖံုးသည့္အခါ ေနာင္ ေရ႔ွကိုပိုစူးစိုက္ရသည္။ ေကာင္းကင္ကိုေမာ့ၾကည့္ေတာ့ ခပ္ျဖည္းျဖည္းေရြ့ေနသည့္တိမ္စိုင္အၾကားမွ ခဏအၾကာ ဝိုင္းစက္စက္လမင္းသည္ ထင္ထင္ရွားရွားျပန္ထြက္လာ၏

ေျခလွမ္းတို႔ ေရ႔ွကိုဆက္ေရြ့မိေတာ့ အေနာက္မွ တစ္ေယာက္ေယာက္လိုက္လာသည့္ခံစားခ်က္သည္ ထိတ္ကနဲ။ မည္သို႔ပင္မေၾကာက္ဟုဆိုေစ ဒီလိုအခ်ိန္ ဒီလိုအေျခအေနတြင္အေနာက္မွ တစ္ေယာက္ေယာက္လိုက္လာသည္ဟုခံစားရသည့္ ခံစားခ်က္သည္သိပ္ေတာ့မေကာင္း။

ခပ္သြက္သြက္ေျခလွမ္းတို႔ ေရ႔ွသို႔လွမ္းေနေပမယ့္ ဆဌမအာရံုအားေကာင္းသည့္ ေနာင္ကေတာ့ ထိုသူ ပိုနီးကပ္လာေနသလိုခံစားေန၏ သက္ျပင္းကိုခပ္ဖြဖြခ်လိုက္သည္။ လက္သီးကိုခပ္တင္းတင္းဆုပ္လိုက္သည္။ *လာမယ့္ေဘးေျပးေတြ့*ဆိုသည့္အတိုင္း ေနာင္ သတၲိအကုန္ထုတ္ ကာ အေနာက္သို႔ဆတ္ကနဲလွည့္လိုက္၏

"ေဟ့လူ......ခင္ဗ်ား"

ျမင္လိုက္ရသူေၾကာင့္ ေနာင္ အံ့ၾသရသည္။ ထိုသူကတျခားသူမဟုတ္။ ရိုးမရာဇာျဖစ္သည့္ မုဆိုးႀကီးစကၠ။ ေနာင့္ အေနာက္ဘက္ ေျခ ခုႏွစ္လွမ္းခန္႔အကြာမွ တိတ္တိတ္ဆိတ္ဆိတ္လိုက္လာသူကေတာ့ အံ့ၾသထိတ္လန္႔ေနပံုရသည့္ေနာင့္ ကို မထူးဆန္းသလို မွင္ေသေသမ်က္ႏွာႏွင့္။

"ခင္ဗ်ား......ရြာထဲကလာတာလား.....က်စ္.....အေနာက္ကပါတယ္ဆိုရင္လည္း အသံေလးဘာေလးေပးေလဗ်ာ။ ဒီလို ႀကီးလိုက္လာေတာ့ ကြၽန္ေတာ္ဘယ္ေလာက္......"

ေနာင့္ စကားေၾကာင့္ မုဆိုးႀကီးက မ်က္ေတာင္တစ္ခ်က္သာခတ္သြားေပမယ့္ ေနာင္ ကေတာ့ ေျပာသည့္စကားကို တိကနဲရပ္ကာေအာက္ႏႈတ္ခမ္းကိုခပ္နာနာဖိကိုက္လိုက္မိသည္။ မင္း....မွားျပန္ၿပီ ေနွာင္းမိုးရိပ္ေနာင္။

"ဟို....ကြၽန္ေတာ္......"

ဘာစကားဆက္ေျပာရမွန္းမသိသည္ ေနာင့္ ကိုမုဆိုးႀကီးကတစ္ခ်က္ၾကည့္၍ အေရ႔ွသို႔သာ ဆက္ေလ်ွာက္သြား၏ အိမ္ျပန္ဖို႔အေဖာ္ရိွၿပီျဖစ္သည္ေၾကာင့္ အနည္းငယ္စိတ္ေအးေပမယ့္ တစ္ရက္တည္းတြင္ အဓိပၸါယ္တူစကားကိုႏွစ္ခါထပ္မွားရသည္က မည္သို႔ျပန္ေျဖရွင္းရမည္မသိေတာ့။

*ဒုတ္*

*အ*

အေတြးတို႔ဟိုတစ္စ ဒီတစ္စႏွင့္ မုဆိုးႀကီးေနာက္မွ လိုက္ခဲ့သည္က ရုတ္တရတ္ရပ္လိုက္သၫ့္ မုဆိုးႀကီး၏ ေျခလွမ္းတို႔ေၾကာင့္ ေနာင္ အရိွန္မထိန္းႏိုင္ဘဲ ခပ္မာမာေက်ာျပင္ကို ၀င္တိုက္မိသည္။ ဘာျဖစ္လို႔လဲဆိုသည့္အေမးႏွင့္ ေမာ့ၾကည့္မိေတာ့ ထိုသူက ေနာင့္ ကို ေစာင္းငဲ့ၾကည့္လာ၏

ထိုေနာက္ မုဆိုးႀကီး၏မထင္မွတ္ထားသည့္ အျပဳအမူတစ္ခုသည္ ေနာင္ မ်က္လံုးတို႔ကိုျပဴးက်ယ္ေစေတာ့သည္။ လက္တစ္ဖက္ကို လွမ္း၍ဆုပ္ကိုင္လာသည့္ မုဆိုးႀကီး၏ ၾကမ္းရွရွလက္ဖဝါးၾကား ေနာင့္ လက္တစ္ဖက္သည္အံ၀င္ခြင္က်။ ထိုသို႔လက္ဖဝါးတစ္ဖက္ကိုဆုပ္ကိုင္ၿပီးအေရ႔ွမွ ၪီးေဆာင္ဆြဲေခၚသြားသည္အထိ ေနာင္ အံ့ၾသမႈတို႔အရိွန္မေသေသး။

အသိျပန္၀င္လာခ်ိန္ ေနာင္ ကိုယ္တိုင္မုဆိုးႀကီးဆြဲေခၚရာေနာက္ လိုက္ေနမိ၏ အံ့ၾသစြာဆုပ္ကိုင္ဆြဲေခၚခံလာရသည့္လက္တစ္ဖက္ကိုၾကည့္လိုက္မိသည္။ အခုက ဘယ္လိုအေျခအေနတဲ့လဲ။ လမ္းေပ်ာက္မွာစိုးသည့္ ကေလးကို လူႀကီးတစ္ေယာက္က လက္ဆြဲေခၚေနသလိုပင္။

"ဒီ.....ဒီမွာ...ေဟ့လူ....အမွန္ေတာ့ ခင္ဗ်ား လက္မဆြဲလည္းရပါတယယ္။ ဒီလမ္းက ကြၽန္ေတာ္ အေတာ္အသင့္ကြၽမ္းေနၿပီး လေရာင္နဲ႔ပတ္၀န္းက်င္ကိုလည္းထင္ထင္ရွားရွားျမင္ရ........."

ဆြဲကိုင္ထားသည့္ လက္တစ္ဖက္ကိုမရုန္းမိပါဘဲ အထစ္ထစ္အေငါ့ေငါ့ေျပာေနမိသည့္စကားသည္ ပတ္၀န္းက်င္ကိုအကဲခတ္မိေတာ့ တိကနဲရပ္ရ၏ ထိုအစား မုဆိုးႀကီး၏ လက္ကို ျပန္ဆုပ္ကိုင္လိုက္မိသည္က တင္းတင္းက်ပ္က်ပ္ႏွင့္။ ရြာေတာင္ပိုင္းမွ ပတ္လာသည့္လမ္းသည္ ပိုနီးေပမယ့္ သခ်ၤိဳင္းေျမ ေရ႔ျွဖတ္ရသည္ ဆိုသည္ကေတာ့ ေနာင္ တကယ္ေမ့သြားခဲ့ျခင္းပင္။

ေငြေရာင္လဲ့လဲ့ ႀကီးစိုးသည့္ လျပည့္ည လေရာင္ေအာက္ မွတ္တိုင္စိုက္ထူထားသည့္ေခ်ာက္ခ်ားဖြယ္အုတ္ဂူတို႔ခပ္ေဝးေဝးမွလွမ္းျမင္ရၿပီး ေခြးအူသံရွည္တို႔တစ္ခ်က္တစ္ခ်က္ထြက္ေပၚလာေပမယ့္ ေနာင္ ကေတာ့စိတ္ႏွလံုးတို႔သည္ေၾကာက္စိတ္ကင္းမဲ့စြာလံုၿခံဳေနြးေထြးေနသည္က ဆုပ္ကိုင္ထားသည့္ ခပ္ၾကမ္းၾကမ္းလက္ဖဝါးႀကီးႀကီးတစ္ဖက္ႏွင့္ဆိုင္မယ္ထင္ပါသည္။ဒီည၏ လျပည့္လေရာင္သည္ ပတ္၀န္းက်င္ကို အလင္းေရာင္ျဖန္က်က္ခဲ့သလို႔ ေနာင့္ ရင္တြင္းတစ္ေနရာ၌လည္းခပ္ေဖ်ာ့ေဖ်ာ့အလင္းေရာင္သည္ တစ္စတစ္စ ထြန္းလင္းျဖန္႔က်က္ဖို႔ႀကိဳးစားေနေလၿပီ။

4700 words
10.6.2022(11:58 pm)
Vi vian
90°bow

Continue Reading

You'll Also Like

69.5K 4.4K 21
ခင္​ဗ်ားႀကီ​းမ႐ွိလို႔ မျဖစ္​ပါဘူးဆိုၿပီး parasiteလို အပျီပင္​ ကပ္​​ေနတဲ့ krist တစ္​​ေယာက္​​ေၾကာင္​့ ​ခံစားခ်က္​ မဲ့တဲ့ ​ေအးစက္​စက္​ ​ေရခဲတံုးႀကီး sin...
4.4K 120 8
ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး...ဒီလေးငယ်ကsemeတေကိုရှယ်ပလန်နဲ့ကိုချစ်တာမို့လို့လေးငယ်လက်ထွက်ဆန်မဲမှန်သမျှကတော့ကောင်းကောင်းမွန်မွန်နေရမှာတော့မဟုတ်ဘူးလို...
𝗪𝗛𝗢? By @kim

Mystery / Thriller

2.3K 225 26
ကျွန်တော့်ကို မင်းမြင်နိုင်တယ်။ဒါပေမဲ့ ကျွန်တော်ရှိနေတဲ့နေရာကို မင်းမရောက်နိုင်ဘူး။ကျွန်တော်က မင်းအနားမှာအမြဲရှိပေမဲ့ မင်းသာမရှာခဲ့ရင် မင်း ကျွန်တော့...