ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...
By Vanilla_IceCream61
1M 158K 2.7K
စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More
Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
105
4.7K 725 17
By Vanilla_IceCream61
ကျားမိသားစု တိုက်ခိုက်ခံရခြင်း
........................................
အစောင့်က လင်းကျန်ပြန်ဖြေသောစကားကိုကြားသောအခါ အလွန်အံ့အားသင့်စွာတွေးမိသည်။ 'ဘယ်လိုလုပ်ပြီး သခင်လေးလင်းက စစ်သူကြီး ပြောဖူးတဲ့အတိုင်း ပြောလာရတာလဲ။ သူတို့တွေက လက်မထပ်ရသေးတာတောင် ဒီလိုအံ့ဩစရာ အပြန်အလှန်နားလည်မှု ရှိနေတယ်။'
သူတိတ်တဆိတ် လက်မြှောက်ကာ နှလုံးသားရှိရာရင်အုံနေရာသို့ ဖိထားမိသည်။ သူ့နှလုံးသား၌ ပျက်စီးမှုတစ်မျိုးအား ခံစားနေရသကဲ့သို့ သူထင်လိုက်မိသောကြောင့်ပင်။
အစောင့်က လင်းကျန် မြင်ကွင်းမှပျောက်သွားသည်အထိ လိုက်ကြည့်နေသည်။ ထို့နောက် သူ၏အစောင့်တာဝန်ကို ဆက်ထမ်းဆောင်ရန်အတွက် အစွန်ခန်း၏အပြင်၌ နဂိုအတိုင်းနေရာပြန်ယူလိုက်သည်။  စိတ်ချရရန်အတွက်ပင် သူက အဆိပ်ရှိမည်သည့်ပိုးမွှားမဆို၊ အဆိပ်ရှိမည်သည့်မြွေမဆို၊ သို့မဟုတ် အဆိပ်ရှိမည်သည့်ပုရွက်ဆိတ်မဆိုတို့နှင့် မလိုလားအပ်သောထိတွေ့မှုမဖြစ်စေရန် ဆေးမှုန့်အချို့ကို သူ့ခန္ဓာကိုယ်ပေါ်တွင် ပက်ဖြန်းလိုက်သည်။
*****
ညဉ့်နက်လာသည်နှင့်အမျှ ထန်းယန်တွင် တိတ်ဆိတ်လာသည်။
ကျားမိသားစုတွင်...
"သခင်ကြီးခင်ဗျ၊ သခင်မလျှိုက ထပ်ပြီးစိတ်ဆိုးမာန်ဆိုးဖြစ်နေပြန်ပါပြီ။ သခင်ကြီး သူမနဲ့ စကားသွားပြောချင်ပါသလား။" ကျားမိသားစု၏အိမ်တော်ထိန်းက ကျားယင်ကိုမေးသည်။
"သူမက ပြဿနာရှာတာ မရပ်တော့ဘူးလား။" စံအိမ်အနှံ့တွင် အဝတ်ဖြူများရှိနေခြင်းက ကျားယင်၏မျက်လုံးများကို ခံစားရစေသည်။ ရလဒ်အနေဖြင့် မိန်းမတစ်ယောက်ကို နှစ်သိမ့်ပေးရခြင်းမှာ သူ မလုပ်လိုဆုံးသောကိစ္စပင်။ ထို့အပြင် သူက လျှိုချိန့်ဖန်းအား ဘယ်သောအခါကမှ တကယ်မကြိုက်ခဲ့ပေ။ သူက သခင်မကျားကို ဒေါသထွက်စေလို၍သာ သူမအားအပြိုင်မယားအဖြစ် ယူမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ လျှိုချိန့်ဖန်းအား ဤမိသားစုအတွင်းသို့ သူ၏ကိုယ်လုပ်တော်အဖြစ် လက်ထပ်ယူရမည်မှာ ရှောင်လွှဲ၍မရခဲ့သောကိစ္စပင်။ ထိုနေ့က စားသောက်ဆိုင်တွင် လျှိုချိန့်ဖန်းပေါ်လာရခြင်းမှာ လင်းကျောက်ဝမ်ကြောင့်ဖြစ်ကြောင်း သူကွက်ကွက်ကွင်းကွင်းမှတ်မိသည်။ လင်းကျောက်ဝမ်အကြောင်း သူတွေးမိရုံနှင့်ပင် လျိုချိန့်ဖန်းအား ပို၍မနှစ်မသက်ဖြစ်လာရသည်။
"သူမ ကမူးရှူးထိုးလုပ်နေတာကို အခုချက်ချင်းမရပ်ရင် ဘုရားကျောင်းဆီသွားရမယ်လို့ ပြောလိုက်။"
ကျားမိသားစု၏ အိမ်တော်ထိန်းက 'ဟုတ်ကဲ့ပါ' ဟု နာနာခံခံဖြင့် ခပ်တိုးတိုးဖြေသည်။ ထို့နောက် သူကလျှိုချိန့်ဖန်း၏နေရာသို့ သွားအကြောင်းကြားသော်လည်း ဒေါသပုန်ထနေသော အမျိုးသမီးထံမှ အနိုင်ကျင့်ခံရကာ သူမ၏အစေခံများဖြင့် မောင်းထုတ်ခံလိုက်ရသည်။
"ဖွီ၊ ဒီခွေးမက သူမကိုယ်သူမ သခင်မလို့ထင်နေတယ်။ သူမတော့ သင်ခန်းစာအပေးခံရဖို့လိုနေပြီ။"
ကျားမိသားစု၏အိမ်တော်ထိန်းက ဒေါသထွက်ကာ ကျားယင်၏နေရာသို့ပြန်သွားပြီး လျှိုချိန့်ဖန်း၏တုံ့ပြန်ခဲ့ပုံကို ကျားယင်ထံ ချဲ့ကားဖန်တီးပြောဆိုလိုက်သည်။ စိတ်တိုသွားသည့်ကျားယင်က လျှိုချိန့်ဖန်းကို အပြင်ထွက်ခွင့်ပိတ်လိုက်တော့သည်။
"သခင်ကြီးက ဘယ်မှာညအိပ်မယ်ဆိုတာကို သွားစုံစမ်းလိုက်။" သခင်မကျားက သူမ၏ဘေးမှအစေခံကို ပြောလိုက်သည်။ သူမသား၏သေဆုံးမှုက သူမအပေါ်ရိုက်ချက်ကြီးကြီးမားမားဖြစ်စေခဲ့သော်လည်း မည်သည့်အမျိုးသမီးအား သူမ၏ခင်ပွန်းပစားပေးကြောင်း သူမ သိချင်သေးသည်။
အစေခံမက ချက်ချင်းထွက်သွားကာ အနည်းငယ်စုံစမ်းလိုက်သည်။ မကြာခင်တွင် သူမပြန်ရောက်လာကာ သခင်မကျားအား လျှိုချိန့်ဖန်းဒဏ်ခတ်ခံထားရသည့်သတင်းကို ပြန်ပြောလိုက်သည်။ ထို့နောက် သူမကထပ်ပြောသည်။ "သခင်ကြီးက ဘယ်ကိုမှမသွားပါဘူး။ သခင်ကြီးက ဒီည သူ့ရဲ့ကိုယ်ပိုင်အခန်းမှာ အိပ်နေပါတယ်။"
လျှိုချိန့်ဖန်းဒဏ်ခတ်ခံရကြောင်းကို သခင်မကျားက ကြားသောအခါ အေးစက်စက်လှောင်သည်။ "အဲ့ဒိခွေးမက သူမနဲ့ထိုက်တန်တာကို ရသွားတာပဲ။"
ကျားယင်ကမည်သည့်မိန်းမနှင့်မှ ညမအိပ်ကြောင်း သခင်မကျားသိလိုက်ရပြီးနောက် သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လိမ့်မည်ဟု ယုံကြည်လိုက်သည်။ မမျှော်လင့်ထားစွာဖြင့် ညဉ့်နက်သန်းခေါင်ချိန်တွင် စံအိမ်ထဲ၌ ရုတ်တရက်ပွက်လောရိုက်သံထွက်လာသည်။
"သခင်မကြီး၊ သခင်မကြီး။" သခင်မကျား၏ အစေခံက သူမအားခေါ်ရင်း အခန်းထဲသို့ဝင်လာသည်။ "သခင်ကြီးမှာ တစ်ခုခုဖြစ်ပျက်သွားပါတယ်။ သခင်မကြိး အဲ့ဒိကို ချက်ချင်းသွားရပါမယ်။"
အံ့ဩနေသည့် သခင်မကျားက အမြန်ထလာသည်။ "သခင်ကြီး ဘာဖြစ်သွားတာလဲ။"
"သခင်ကြီးရဲ့တစ်ကိုယ်လုံးမှာ...ကျောက်ကြီးရောဂါလို အရေကြည်ဖုတွေထနေတယ်လို့ အိမ်တော်ထိန်းကပြောပါတယ်။"
"ဘာ" သခင်မကျားက ထိတ်လန့်ကာ ကြက်သေသေသွားပြီး မျက်နှာဖြူဖျော့နေသည်။ ထို့နောက် သူမကစီခနဲထအော်သည်။ "ကျောက်ကြီးရောဂါလား။"
"အခုတော့ ဘာရောဂါလဲဆိုတာ အတည်မပြုရသေးပါဘူး။ အိမ်တော်ထိန်းက သမားတော်ပင့်ထားပါတယ်။" အစေခံသည်လည်း ကြောက်လန့်နေသည်။
ထိုစကားကိုကြားသောအခါ သခင်မကျားက တဒင်္ဂမျှ မိုက်ခနဲဖြစ်သွားသည်။ "ငါ့...ငါ့ကိုလာထူပေးစမ်း။ သမားတော်ရဲ့ ထင်မြင်ချက်ကို သွားနားထောင်ရမယ်။"
အစေခံက သခင်မကျားကိက ထူပေးပြီး အဝတ်လဲရာတွင် အမြန်ပြင်ဆင်ပေးသည်။ ထို့နောက် သူတို့က ကျားယင်၏နေရာသို့ အမြန်သွားကြသည်။
ကျားမိသားစုတစ်ခုလုံးမှာ ဤဖြစ်ရပ်ကြောင့် ထိတ်လန့်နေကြသည်။ လူတိုင်းက ကျားယင်၏ခြံနားသို့ မကပ်ရဲကြပေ။ ကျားမိသားစု၏ အိမ်တော်ထိန်းသည်လည်း ကြောက်လန့်နေသည်။ သူက သမားတော်တစ်ယောက်ကို ခြေတုန်တုန်ဖြင့် ပင့်ထားသော်လည်း ရောဂါကူးမည်ကို စိုးရိမ်သည့်အတွက် ကျားယင်၏အိပ်ခန်းထဲသို့ မဝင်ရဲပေ။
သမားတော်က ပါးစပ်နှင့်နှာခေါင်းတို့ကို အဝတ်စထူထူဖြင့်ကာပြီးနောက် ကျားယင်၏အခန်းထဲသို့ဝင်သွားသည်။
ကျားယင်၏ ပြင်းစွာသောဝေဒနာ ခံစားနေရသံက အထဲမှ ရံဖန်ရံခါ ထွက်လာသည်။
သခင်မကျားက အထဲဝင်ရမလား၊ အပြင်မှာပဲနေရမလားဆိုသည်ကို သူမအစေခံ၏လက်ကို ဆုပ်ကိုင်ထားရင်း တွေဝေနေသည်။ နောက်ဆုံးတွင်တော့ သူမက အရဲမစွန့်ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏မျက်နှာက ဟန်မဆောင်နိုင်သော ကြောက်လန့်မှုဖြင့် သွေးရူးသွေးတန်းဖြစ်နေသည်။
ခေတ္တမျှကြာပြီးနောက် သမားတော်က အခန်းထဲမှထွက်လာကာ သူ၏အပြင်ဝတ်ကိုချွတ်၍ မီးရှို့လိုက်ပြီးနောက် မှတ်ချက်ချသည်။ "သခင်ကြီးကျားဖြစ်နေတာက ကျောက်ကြီးရောဂါနဲ့မတူဘူး။ သူက အဆိပ်ရှိတဲ့ ပိုးမွှား ဒါမှမဟုတ် ပုရွက်ဆိတ်ဆီကနေ အကိုက်ခံရပုံပဲ။ သူ့ကိုယ်ပေါ်မှာရှိတဲ့အရေကြည်ဖုတွေက နီရဲဖောင်းကားပြီး ပြည်တည်နေတယ်။ ငါသခင်ကြီးကျားအတွက် ဆေးညွှန်းပေးပြီး ဆေးအဆီတစ်ချို့ကိုလည်း ပြင်ပေးမယ်။ ပြီးရင် အဲ့ဒါကအလုပ်ဖြစ်သလားဆိုတာကို ငါတို့စောင့်ကြည့်ရမှာပဲ။"
သမားတော်၏စကားများက သခင်မကျားနှင့်အခြားလူများ၏ စိုးရိမ်ပူပန်မှုကို အနည်းငယ်လျော့ပါးသွားစေသော်လည်း သူတို့က ကျားယင်၏အခန်းထဲသို့ မဝင်ရဲကြသေးချေ။ မည်သို့ပင်ဆိုစေ သမားတော်ကပင် ၎င်းကကျောက်ကြီးရောဂါမဟုတ်ကြောင်း တစ်ရာရာခိုင်နှုန်း မသေချာသေးပေ။ ၎င်းက ကျောက်ကြီးရောဂါဖြစ်နေလျှင် ဘယ်လိုလုပ်မည်နည်း။ သူတို့ အရဲစွန့်မိပါက ရောဂါကူးကာ သေသွားနိုင်သည်။
နောက်ဆုံးတွင်တော့ အိမ်တော်ထိန်းက အထဲဝင်ရန် ဖိအားပေးခံလိုက်ရသည်။ သူဝင်လိုက်သည်နှင့် ကျားယင်က သူ့အားဒေါသတကြီး ကြိမ်းမောင်းတော့သည်။ "သောက်သုံးမကျတဲ့ အစေခံကောင်။ မင်းက သေရမှာကို အဲ့လောက်တောင် ကြောက်နေလား။ ငါမင်းကို အဲ့ဒါနဲ့ ချက်ချင်းတွေ့စေရမယ်။"
"ကျွန်တော် တောင်းပန်ပါတယ်၊ သခင်ကြီး၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ခုနက ကျွန်တော် သမားတော်သွားပင့်နေတာပါ။ ကျွန်တော် ဒီကိုလာဖို့အတွက် အချိန်မရလောက်အောင် အလုပ်ရှုပ်နေလို့ပါ။"
"သခင်မကြီး ဘယ်မှာလဲ။"
"သခင်...သခင်မကြီးက အပြင်မှာပါ။"
"သူမကို အထဲဝင်လာဖို့ ပြောလိုက်။"
"ဟုတ်ကဲ့ပါ သခင်ကြီး။" အိမ်တော်ထိန်းက ညွှန်ကြားချက်ကြောင့် ဝမ်းမြောက်သွားကာ သခင်မကျားကို အကြောင်းကြားရန်အတွက် အပြင်သို့ချက်ချင်းပြေးထွက်သွားသည်။ "သခင်မကြီးခင်ဗျ၊ သခင်ကြီးက သခင်မကြီးကို ခေါ်နေပါတယ်။"
"ဘာ။ ငါ...ငါနေမကောင်းဖြစ်နေလို့ ဒီမှာပဲနေမယ်။ နင်တို့တွေ သွားကြ။'' သခင်မကျားက ပြန်ပြောသည်။
အိမ်တော်ထိန်းက သခင်မကျား၏ ဟန်မဆောင်နိုင်သော ဆင်ခြေဆင်လက်ကို ချက်ချင်းထွင်းဖောက်မြင်လိုက်သည်။ သို့သော် သခင်မကျားသာ အထဲမဝင်သွားလျှင် သူကအခန်းထဲသို့ ထပ်ဝင်ရမည်ဖြစ်ပြီး ယင်းက သူ၏အသက်ရှင်လိုစိတ်နှင့်ဆန့်ကျင်နေသည်။
"သခင်မကြီးခင်ဗျ၊ သခင်ကြီးက သခင်မကြီးနဲ့တွေ့ဖို့လိုတယ်လို့ ပြောပါတယ်။ သခင်မကြီး အထဲဝင်ပြီး သခင်ကြီးကို ကိုယ်တိုင်သွားပြာရင် ပိုကောင်းပါလိမ့်မယ်။ ဒီလိုမှသာ ကျွန်တော့်ရဲ့တာဝန် ပြီးမြောက်မှာပါ။"
သခင်ကျားက လက်ကိုင်ပုဝါအားကိုင်ထားသည့်လက်ကို တင်းကြပ်လိုက်သည်။ 'ခွေးမသား။ သူက ငါ့ကိုသခင်ကြီးရဲ့ဩဇာနဲ့ ဖိအားပေးရဲတယ်။'
အစေခံက သခင်မကျား၏လက်ကိုကိုင်ကာ အသည်းအသန်ခေါင်းခါပြပြီး သူမကိုအခန်းထဲသို့မဝင်ရန် တောင်းပန်နေသည်။
"သခင်မကြီး၊ ကျေးဇူးပြုပြီး အမြန်လုပ်ပါခင်ဗျ။ သခင်ကြီးက သခင်မကြီးကို စောင့်နေပါတယ်။" အိမ်တော်ထိန်က အခန်းထဲမှကျားယင် ကြားစေရန် တမင်သက်သက် အသံမြှင့်ပြောသည်။
အံ့ဩစရာမကောင်းစွာပင် ကျားယင်ကလည်း အိမ်တော်ထိန်း၏စကားများကိုကြားကာ သူ့ဇနီးက အခန်းထဲသို့မဝင်ချင်နေမှန်းသိပြီး အော်လိုက်သည်။ "ဖန်းရှီ၊ မင်း ဒီထဲကို ချက်ချင်းဝင်လာမလား။ ဒါမှမဟုတ် မင်းကိုယ်မင်း စွန့်ပစ်ခံမလား။"
ကျားယင်က သခင်ကျားက ပစ်ပယ်မည်ဟုပင် ခြိမ်းခြောက်ရလောက်အောင် ဒေါသထွက်နေသည်။
သခင်မကျားက အအေးဓာတ်ကို စိမ့်ခနဲခံစားလိုက်ရပြီး မျက်နှာဖြူဖျော့လာသည်။
"သခင်မကြီးခင်ဗျ၊ သခင်ကြီးရဲ့ရောဂါက ကျောက်ကြီးရောဂါနဲ့မတူဘူးလို့ သမားတော်ပြောသွားပါတယ်။ သမားတော်ကို သခင်မကြီး ယုံသင့်ပါတယ်။" နို့ထိန်းသည်အိုတစ်ယောက်က သခင်မကျားထံလာကာ နှစ်သိမ့်ရန်ကြိုးစားသည်။
သခင်မကျား၏မျကိနှာပေါ်မှ ကြောက်ရွံ့မှုက အနည်းငယ်လျော့သွားသည်။ သူမက ပြန်ပြောလိုက်သည်။ "ရှင်ပြောတာမှန်တယ်။ အဲ့ဒါက ကျောက်ကြီးရောဂါမဖြစ်နိုင်ဘူး။"
သခင်မကျားက ခြေထောက်လှုပ်၍ အခန်းထဲသို့ဝင်သွားသောအခါ ကျားယင်က အဝတ်များပြေနေကာ အိပ်ရာထဲတွင်လဲနေသည်ကို တွေ့လိုက်ရသည်။ သူ၏ရင်ဘတ်ပေါ်တွင် နီရဲဖောင်းကားကာ ပြည်တည်နေသော အဖုများဖုံးလွှမ်းနေသည့်မြင်ကွင်းက သူမ၏နှလုံးသားထဲအထိကြောက်ရွံ့စေပြီး သူ့အားတစ်ခါမျှပင် ထပ်မကြည့်ရဲပေ။ "သခင်...သခင်ကြီး၊ ကျွန်မက သခင်ကြီးအတွက် သမားတော် ပေးသွားတဲ့ဆေးညွှန်းကို ကြီးကြပ်နေတာပါ။ အဲ့ဒါပြီးပြီးချင်း ကျွန်မဒီကိုလာခဲ့တာ။ ရှင်က အဆိပ်ရှိတဲ့ပိုးမွှားတစ်ချို့ဆီကနေ အကိုက်ခံရတာလို့ သမားတော်ကအတည်ပြုပြီးသွားပြီ။ ရှင် ဆေးသောက်ပြီး ဖယောင်းဆီအပျော့စားလေးလိမ်းလိုက်ရင် သက်သာသွားလိမ့်မယ်လို့ သူပြောခဲ့တယ်။"
"ဒါဆို မင်းကဘာလို့ အဲ့ဒိမှာရပ်နေသေးတာလဲ။ ဒီကိုလာပြီး ငါ့ခန္ဓာကိုယ်ကို လာသန့်ရှင်းချေ။" ကျားယင်က သခင်မကျားကို သေချာစိုက်ကြည့်နေသည်။
ထိုအဖုများအားကြည့်ရုံနှင့်ပင် သခင်မကျား ကြက်သီးထမိသည်။ သူမက အိပ်ရာနားသို့ တစ်လှမ်းချင်းတိုးသွားကာ နှုတ်ခမ်းများအလိုအလျောက်တုန်လာသည်။ "တစ်ယောက်ယောက် ရေနွေးယူလာခဲ့စမ်း။"
"မစိုးရိမ်ပါနဲ့ သခင်ကြီး၊ ဒီကို အစေခံရေနွေးယူလာတာနဲ့ ကျွန်မ ရှင့်ရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းပေးမှာပါ။"
အိပ်ရာနားသို့ သူမလျှောက်လာသည်ကို ကျားယင်တွေ့သောအခါ သူ့မျက်နှာပေါ်မှဒေါသပြေသွားကာ အိပ်ရာခင်အားဆုပ်ကိုင်ထားသည့်လက်က ဖြည်းဖြည်းချင်းလျော့ရဲလာသည်။
ကျားယင်၏ကိုယ်ပေါ်မှ ထိုအဖုများက ယားယံနာကျင်စေသဖြင့် သူ့အားရန်လိုစိတ်ပေါ်လာစေသည်။ ထိုသို့သာမဟုတ်လျှင် သူ သခင်မကျာယကို အထဲသို့ဝင်လာရန် ဤသို့အတင်းအကြပ် တောင်းဆိုမည်မဟုတ်ပေ။
ကျားယင်၏ခန္ဓာကိုယ်ပေါ်တွင် အဖုများပေါက်နေသည့်သတင်းက အမြန်ပျံ့သွားသည်။ ကျားမိသားစုမှလူများက သမားတော်ရှာဖွေစဉ်တွင် များစွာဆူညံခဲ့ပြီး အခြားလူများကို အခြေအနေအား အသိပေးလိုက်သကဲ့သို့ဖြစ်သွားရာ ဤကိစ္စအား အနီးအနားမှနေထိုင်သူအားလုံးသိသွားကြသည်။
သခင်မလင်က တစ်ချိန်လုံးစောင့်နေသည်။ ကျီနာရီ (ညဆယ့်တစ်နာရီမှ တစ်နာရီ) ကျော်လွန်တော့မည့်အချိန်တွင်ပင် ဘာသတင်းကိုမှမရသေးပေ။ သူမက လင်ယွမ်ကို မေးမိသည်။ "ယောက်ျား၊ ဘာလို့သတင်းမထွက်သေးတာလဲ။ သခင်လေးလင်းက ကျွန်မတို့ကို ဟာသများပြောသွားတာလား။"
လင်ယွမ်က သူ၏ဇနီးထက် စိတ်ပိုရှည်သည်။ "အလျင်မလိုပါနဲ့။ အခုမှ သန်းခေါင်ပဲရှိသေးတယ်။ တစ်ခုခုဖြစ်ပျက်နေရင်တောင် ဒီကိုသတင်း အမြန်ပျံ့လာမှာမဟုတ်ဘူး။ သခင်လေးလင်းက အဲ့လိုပြောသွားတယ်ဆိုတော့ သူတစ်ခုခုလုပ်ထားတာဖြစ်ရမယ်။ သူ့မှာ ကိုယ်တို့ကို အရူးလုပ်ဖို့အကြောင်းပြချက်မရှိပါဘူး။"
ထိုစကားကိုကြားသောအခါ သခင်မလင် စိတ်ငြိမ်သွားသည်။ သူမက ကျားမိသားစုတွင် တစ်စုံတစ်ခုဖြစ်ပျက်နေသည်ဟု သတင်းကြားရသောအခါ အသေးစိတ်သတင်းစုံစမ်းရန်အတွက် လူတစ်ယောက်ကိုလွှတ်လိုက်သည်။
အစေခံက လိမ္မာပါးနပ်သူပင်။ စံအိမ်ထဲသို့ အလောတကြီး ဝင်ချည်ထွက်ချည်လုပ်နေသော သမားတော်များကိုမြင်သည်နှင့် သူအကြောင်းအရင်းအတိအကျမဟုတ်သော်လည်း အရေးကိစ္စတစ်ခုခုဖြစ်ပျက်နေပြီမှန်း သိလိုက်သည်။ သူက မြင်ခဲ့ရသမျှအရာအားလုံးကို လင်ယွမ်နှင့် သခင်မလင်တို့ထံ အသေးစိတ်ပြန်တင်ပြလိုက်သည်။
"သူတို့က သမားတော်တွေကို အလောတကြီးပင့်လာကြတယ်။ ကျားယင်ကများ..." သခင်မကျား၏မျက်နှာက အနည်းငယ်ဖြူဖျော့လာသည်။
လင်ယွမ်က သူမဘာပြောမည်ကို သိ၍ကြားဖြတ်ပြောလိုက်သည်။ "သူအဲ့လို မဖြစ်နိုင်ဘူး။ အစီအစဉ်အရ သူ့ကိုသတ်မယ်ဆိုရင် သခင်လေးလင်းက ကိုယ်တို့ကိုဒီအကြောင်း ပြောပြမှာမဟုတ်ဘူး။ သူက အဲ့ဒါကို လျှို့ဝှက်ပြီးလုပ်လောက်တယ်။"
သခင်မလင်ကခေါင်းညှိတ်သည်။ "ယောက်ျား ပြောတာမှန်တယ်။ ဘာများဖြစ်နေတာလဲ မသိဘူး။"
"မနက်ဖြန်မနက်အထိ စောင့်ရအောင်။ အဲ့အချိန်လောက်ဆို သတင်းအတိအကျ ထွက်လောက်ပြီ။'' လင်ယွမ်က တည်ငြိမ်စွာ ပြောသည်။
'ကျားမိသားစုမှာ တစ်ခုခုဖြစ်ပျက်နေမှတော့ သခင်လေးလင်းရဲ့အစီအစဉ် အောင်မြင်သွားတာဖြစ်ရမယ်။ သူက ကတိတည်သားပဲ။ ငါတို့လုပ်ရမှာက မနက်ဖြန်မနက်အထိ စိတ်ရှည်ရှည်နဲ့စောင့်ပြီး ဘာဖြစ်နေတာလဲဆိုတာ စုံစမ်းရမယ်။' သခင်မလင်ကတွေးသည်။
သူမ၏မျက်နှာတွင် အပြုံးခပ်ရေးရေးပေါ်လာသည်။ "ကျားမိသားစုကလူတွေ ဘယ်လိုနည်းနဲ့ခံစားရတာဖြစ်စေ ကျွန်မကျေနပ်တယ်။"
လင်ယွမ်ကလည်း သူ့ဇနီးနှင့်အတွေးတူသည်။ ကျားမိသားစု၏လူများထံတွင် အကြောင်းပြချက်ကောင်းမရှိဘဲ အရိုက်ခံရသူတိုင်းက သူတို့ကိုမုန်းတီးနေကြလောက်သည်။
*****
လင်းကျန်ကလည်း သတင်းစောင့်နေသည်။
သန်းခေါင်းယံအချိန်တွင် ချိုးပင်းက လင်းကျန်၏နေရာသို့အမြန်ရောက်လာသည်။
ညတာဝန်ကျနေသောရှားဖုန်းက ထိုသို့သောညဉ့်နက်သန်းခေါင်ချိန်တွင် ရောက်လာသူကိုတွေ့ကာ မေးလိုက်သည်။ "ဘာကိစ္စလဲ။"
"ကြီးကြပ်ရှား၊ အလုပ်ပြီးသွားပါပြီလို့ သခင်လေးကိုအကြောင်းကြားပေးပါ။" ချိုးပင်က ခပ်တိုးတိုးပြောသည်။
ရှားဖုန်းက အနည်းငယ်အံ့ဩသွားသော်လည်း ချိုးပင်း၏မျက်နှာပေါ်မှအမူအရာအရ ချိုးပင်းဤအချိန်၌ရောက်လာမည်ကို လင်းကျန်သိပြီးသားဖြစ်မည်မှာ သိသာနေသဖြင့် သူအထဲဝင်၍ လင်းကျန်ကိုနှိုးကာ အကြောင်းကြားလိုက်သည်။
မှေးနေရာမှထာလာသည့် လင်းကျန်ကပြန်ပြောလိုက်သည်။ "ချိုးပင်းကို ဝင်လာခိုင်းလိုက်။"
ရှားဖုန်းက အပြင်ထွက်သွားကာ ချိုးပင်းကိုခေါ်လာသည်။ ချိုးပင်းက ဝမ်းမြောက်နေသောမျက်နှာဖြင့် တင်ပြသည်။ "သခင်လေး အဲ့ဒိကိစ္စပြီးမြောက်သွားပါပြီ။ ကျားယင်မှာ အဲ့ဒိရောဂါဖြစ်နေပါတယ်။ သမားတော်လင်ရဲ့နည်းလမ်းက အံ့ဩစရာကောင်းလောက်အောင် ထိရောက်ပါတယ်။"
လင်းကျန်ကပြောသည်။ "ဒီကိစ္စကို မင်းဘာသာမင်း လျှိူ့ဝှက်ထားပါ။ ငါတို့ကို သမားတော်လင်ကူညီခဲ့တဲ့ကိစ္စက လျှို့ဝှက်ချက်ပဲဖြစ်နေရမယ်။ အဲ့ဒါကို ဘယ်သူမှမသိစေနဲ့။"
"ဟုတ်ကဲ့၊ စိတ်ချထားပါသခင်လေးဖယ ကျွန်တော် ပါးစပ်ပိတ်ထားပါ့မယ်။" ချိုးပင်းက အာမခံသည်။
"ကျားမိသားစုကလူတွေက သမားတော်တွေကို အမြန်ပင့်လာကြပါတယ်။ ကျွန်တော် စံအိမ်ထဲကိုခိုးဝင်ပြီး သူတို့ရဲ့စကားတွေကို ညတစ်ပိုင်းလောက်ချောင်းနားထောင်ခဲ့ပါတယ်။ ကျားယင်က ကျောက်ကြီးရောဂါဖြစ်နေတယ်လို့ သူတို့ထင်နေကြပါတယ်။ လူတိုင်းက သေလောက်အောင်ကြောက်နေကြပြီး အခြေအနေက ထိန်းချုပ်မှုလွတ်လုနီးနီးပါပဲ။ ဒါပေမဲ့ သူတို့ပင့်လာတဲ့သမားတော်က တော်တော် တော်ပါတယ်။ အဲ့ဒါက ကျောက်ကြီးရောဂါမဟုတ်ဘူးဆိုတာကို သူသိသွားပါတယ်။ အခုတော့ ကျားမိသားစုကလူတွေ ပြန်တည်ငြိမ်သွားကြပါပြီ။" ချိုးပင်းက နောက်ဆုံးစကားတစ်ခွန်းကို စိတ်ပျက်သွားသောလေသံဖြင့် ပြောသည်။
"ကျောက်ကြီးရောဂါက သေစေနိုင်တဲ့ ကူးစက်မြန်ရောဂါပဲ။ ဒီသတင်းက တစ်မြို့လုံးကို ပျံ့သွားလိမ့်မယ်။ ငါတို့က အဲ့ဒါကိုပဲလိုတာ။ ကျားယင်က အချိန်တစ်ချို့လောက် အိပ်ရာထဲမှာလဲနေမှာပဲ။ မနက်ဖြန် သတင်းထွက်လာရင် ကျန်ချောင်းက ချက်ချင်းလှုပ်ရှားလိမ့်မယ်။ ကျားယင်ရောဂါသက်သာလာရင် သတ္ထုတွင်းက ပိုင်ရှင်ပြောင်းလောက်ပြီ။"
"ကျားယင်က လက်သင့်ခံပါ့မလား။"
"သေချာပေါက် လက်မခံဘူးပေါ့။ ဒါပေမဲ့ သူဘာလုပ်နိုင်မှာ မို့လို့လဲ။ ကျန်ချောင်းက ဘယ်လိုနည်းနဲ့မှ သူ့လူအင်အားကိုသုံးပြီး အတင်းအကြပ်ယူမှာမဟုတ်ဘူး။ သူက အကြောင်းပြချက်ကို ပြင်ဆင်ထားလိမ့်မယ်။ စောင့်ကြည့်နေလိုက်၊ ကျားမိသားစုက ခံစားရတော့မယ်။"
ချိုးပင်းက ပျော်ရွှင်စွာခေါင်းညှိတ်သည်။ "ဒါဆို ကျွန်တော် သွားပါတော့မယ်၊ သခင်လေး။"
"သွားပြီး အနားယူတော့။"
"ဟုတ်ကဲ့ပါ၊ သခင်လေး။"
ရှားဖုန်းက ချိုးပင်းကိုလိုက်ပို့ပြီးနောက် ပြန်လာကာမေးသည်။ "သခင်လေး၊ ကျန်ချောင်းက တကယ်အဲ့လိုလုပ်မှာပါလား။"
"သူလုပ်လိမ့်မယ်။" လင်းကျန်က အခိုင်အမာပြောလိုက်သည်။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
........................................
*****
ကျားမိသားစုတွင်...
"သခင်မကြီး ဘယ်မှာလဲ။"