ကျားမိသားစု၏အိမ်တော်ထိန်း
......................................
"မင်းရဲ့သွေးကြောတွေကို ရှင်းပေးပြီးသွားရင် ကိုယ်ပြန်သွားမှာ။" ယွီဝမ်ထုန်က လင်းကျန်၏အမေးကို ဖြေသည်။
လင်းကျန်မှာ ဤတုံ့ပြန်မှုကြောင့် အနည်းငယ်အံ့ဩမိသည်။ "ခင်ဗျား ကျွန်တော့်သွေးကြောတွေကို ရှင်းပေးဖို့ တကူးတကပြန်လာတာလား။"
"ဟုတ်တယ်။" ယွီဝမ်ထုန်ကပြန်ပြောကာ အဝတ်အမြန်ချွတ်နေသည်။ သူ့မျက်ဝန်းများက လင်းကျန်၏ လည်တိုင်သွယ်သွယ်၊ လှပသော လက်ပြင်ရိုးနှင့် ချောမွေ့သောကျောပြင်တို့အား သိမ်းကျုံးကြည့်နေသည်။
"ခင်ဗျားမှာ အရေးကြီးကိုင်တွယ်စရာကိစ္စရှိရင် သွားသာသွားပါ။ ကျွန်တော့်အတွက် ငဲ့မနေနဲ့။" လင်းကျန် အနည်းငယ်ဘဝင်မကျသကဲ့သို့ ခံစားနေရသည်။ 'သူက ဒီလိုအခွင့်ကောင်းမျိုးကို ဘယ်လိုလုပ်ဖြုန်းတီးနိုင်ရတာလဲ။'
"စကားမပြောနဲ့တော့။ အာရုံစိုက်ပြီး စိတ်ငြိမ်အောင်ထိန်းထား။" ယွီဝမ်ထုန်က လင်းကျန်၏ကျောကို လက်ဖဝါးနှစ်ဖက်ဖြင့်ဖိထားသည်။ နွေးထွေး၊ စိုစွတ်သောအထိအတွေ့ကြောင့် လင်းကျန်မျက်စိမှေးသွားသည်။
လင်းကျန် တားချင်သော်လည်း ယွီဝမ်ထုန်က သူ့ကိုကူညီရန်တကူးတကပြန်လာရသည်ဟု တွေးမိသောအခါ ယွီဝမ်ထုန်၏ခံစားချက်များကိုမနာကျင်စေချင်ပေ။ သူသာ ယွီဝမ်ထုမ်ကို ထပ်မံဖျောင်းဖျလျှင် အချိန်ဖြုန်းသကဲ့သို့သာဖြစ်မည်ဖြစ်ရာ ဘာမှထပ်မပြောတော့ဘဲ အာရုံစိုက်ရန်ကြိုးစားလိုက်သည်။
သူစိတ်ငြိမ်သွားသောအခါ ယွီဝမ်ထုန်က အတွင်းအားကိုဖြည်းဖြည်းချင်း စုစည်းကာ လင်းကျန်၏ကိုယ်ထဲသို့ သတိဖြင့်သွင်းပေးသည်။
လင်းကျန်နှင့်ရင်းနှီးနေသော ထုံထိုင်း၊ ယားယံ၊ နာကျင်မှုကို စတင်ခံစားလာရသည်။
နှစ်နာရီကြာပြီးနောက် ယွီဝမ်ထုန်မတ်တပ်ရပ်ကာ ရေချိုးခန်းထဲမှထွက်သွားပြီး မကြာခင်ပျောက်သွားသည်။ သူက နယ်စောင့်တပ်စခန်းသို့အမြန်ပြန်သွားရန် အလျင်လိုနေကြောင်း သိသာသည်။
လင်းကျန်က အဝတ်လဲပီးနောက် ထိုင်ကာ နောက်နေ့တွင် ထိုဝယ်သူကိုဖမ်းပြီးနောက် ဘာလုပ်သင့်ကြောင်းစဉ်းစားရင်း ယွီဝမ်ထုန့်ထံ စိတ်ရောက်သွားသည်။ယွီဝမ်ထုန်များ သူရှာဖွေလိုသည်ကို ရှာတွေ့နိုင်မလားဟု သူတွေးမိသည်။ သူ၏သွေးကြောများကို ကူညီရှင်းလင်းပေးရန် ယွီဝမ်ထုန်အမြန်ပြန်လာသည့် မြင်ကွင်းနှင့်အတူ အလျင်စလိုပြန်သွားသောမြင်ကွင်းတို့က သူ့စိတ်ထဲ၌ ပြန်ပေါ်လာသည်။
နောက်ဆုံးတွင်တော့ သူဘာတွေးနေခဲ့သည်ကို ကိုယ်ကိုယ်တိုင်ပင် မမှတ်မိတော့ချေ။ သူသတိပြန်ဝင်လာသောအခါ စာရွက်ပေါ်တွင် အစီအရင်ဗျူဟာပုံအချို့အား ရေးဆွဲထားပြီးပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ ယင်းတို့ထဲမှ တစ်ခုချင်းစီအား အသေးစိတ်ကျကျ အပတ်တကုတ်ဆွဲထားရာ တစ်စုံတစ်ယောက်အား လက်ဆောင်အဖြစ်ပေးရန်ရည်ရွယ်ထားပုံပေါ်သည်။
လင်းကျန် အနည်းငယ်ငိုင်ကျသွားသည်။ စာရေးသည့်စုတ်တံပေါ်မှ မင်စက်ကျတော့မည်ကို သူတွေ့သောအခါ အမြန်ဘေးဖယ်လိုက်သည်။
အံ့ဩဖွယ်ကောင်းသည်မှာ သူက ယွီဝမ်ထုန်အတွက် တစ်ခုခုအလိုအလျောက် လုပ်ဆောင်ပေးချင်နေပြီး ဤအစီအရင်ပုံများကို မတုန့်မဆိုင်း စရေးဆွဲခဲ့ခြင်းပင်။ ၎င်းတို့ကို ယွီဝမ်ထုန်က အသုံးဝင်သည်ဟု ယူဆနိုင်သလားဆိုသည့်အချက်ကို ဖယ်ထားလျှင်၊ ဤအစီအရင်များကို သူ့အမေမှ သူ့အားသင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သူ့အဖိုးနှင့်ဦးလေးတို့က ၎င်းတို့၏တည်ရှိမှုကို အတော်ကြိုးကြိုးစားစားဖုံးကွယ်နေပုံအရ သူ့အမေမှာ သေချာပေါက်ကို သာမန်မိသားစုမှလာသူ မဖြစ်နိုင်ချေ။ ဤအစီအရင်များရှိနေကြောင်း အပြင်လူများသိသွားလျှင် ပြဿနာတက်နိုင်ရာ ဤကိစ္စနှင့်ပက်သက်၍ သူသိုသိပ်ရမည်။
ထိုသို့စိတ်ထဲတွင်တွေး၍ ရပ်တန့်လိုက်ရမည့် လင်းကျန်က အစီအရင်ပုံများကု တစ်ချက်ချင်းဆွဲ၍ အဆုံးသတ်လိုက်သည်။
စုစုပေါင်း ခြောက်ပုံပင်။
သူက မင်ခြောက်စေရန် လေသလပ်ခံပြီးနောက် အတူစုကာ အရှေ့ဖုံးကိုအသေးစိတ်ပြင်ဆင်၍ ချုပ်လိုက်သည်။
ဤစာအုပ်အပါးကိုကြည့်ရင်း လင်းကျန်၏မျက်နှာပေါ်မှအမူအရာမှာ အကြိမ်အနည်းငယ်မျှပြောင်းလဲသွားသည်။ နောက်ဆုံးတွင်တော့ သူ၎င်းကိုဖျက်ဆီးရမည့်အစား ဖွက်ထားရန်ရွေးချယ်လိုက်သည်။
သူက ယွီဝမ်ထုန်ကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်လေ့လာ၍ တကယ်စိတ်ချယုံကြည်ရကြောင်း အတည်ပြုပြီးသောအခါမှ ဤစာအုပ်ကိုပေးမည်။
ယွီဝမ်ထုန်က ကြီးမြတ်သောယွဲ့စစ်တပ်၏တပ်မှူးဖြစ်ရာ ဤအရာများက သူကိုယ်တိုင်ထက် ယွီဝမ်ထုန်၏လက်ထဲတွင် ပိုအသုံးဝင်လိမ့်မည်။
"သခင်လေး၊ ညဉ့်နက်နေပါပြီ။ သွားအိပ်သင့်ပါတယ်။" အထဲဝင်လာသည့်ရှားဖုန်းက လင်းကျန်မအိပ်သေးသည်ကို တွေ့သောအခါ လောဆော်သည်။
"ငါ သိပြီ။"
လင်းကျန်က အိပ်ရန် ထိုင်ခုံမှထကာ အိပ်ခန်းထဲသို့ဝင်သွားသည်။ သူက ယခုလေးတင် သွေးကြောဖွင့်ထားရာ တစ်ကိုယ်လုံးနွေးထွေးနေသည်။ တကယ်တမ်းတွင် သူအိပ်ချင်လျှင် ခေါင်းအုံးနှင့်ခေါင်းထိသည်နှင့် ချက်ချင်းအိပ်ပျော်သွားနိုင်သော်လည်း သူကလှဲပြီးနောက် မျက်လုံးမပိတ်ချေ။ ထိုအစား သူကရှားဖုန်းကိုပြောသည်။ "အရာရှိယွီဝမ်ပြန်ရောက်ရင် ငါ့ကိုနှိုးဖို့မမေ့နဲ့။"
ရှားဖုန်း အနည်းငယ်တုံ့ဆိုင်းသွားသည်။ 'ယခုပင် ဟိုင်အချိန် (ညကိုးနာရီမှဆယ့်တစ်နာရီ)ဖြစ်နေလေပြီ။ မကြာခင်တွင် ကျီနာရီ(ညဆယ့်တစ်နာရီမှ တစ်နာရီ)ဖြစ်တော့မည်။ ဘေးခြံမှ အရာရှိယွီဝမ်က မည်သည့်အချိန်တွင် ပြန်ရောက်မည်ကို မည်သူသိမည်နည်း။'
"ရှားဖုန်း" ရှားဖုန်းမကြားဘူးဟု လင်းကျန်ထင်လိုက်သဖြင့် ထပ်ခေါ်လိုက်သည်။
ရှားဖုန်းက ခေတ္တမျှမိန်းမောသွားရာမှ ပြန်သတိဝင်လာကာ အမြန်ဖြေသည်။ "ဟုတ်ကဲ့ပါ။"
လင်းကျန်စိတ်ပြောင်းရန်မှာ အလွန်ခက်ခဲသည့်အတွက် ယနေ့ညယွီဝမ်ထုန်ပြန်လာချိန်တွင် သူလင်းကျန်အားမနှိုးမိပါက နောက်တစ်နေ့မနက်၌ သေချာပေါက်အပြစ်ပေးခံရလိမ့်မည်။
ရှားဖုန်းအား မှာပြီးနောက် များမကြာမီတွင် လင်းကျန် အိပ်ပျော်သွားသည်။
ထိုအချိန်တွင် နယ်စောင့်တပ်စခန်း၌ ယောင်ရိကသူဖမ်းထားသော စစ်သားတစ်ယောက်ကို တိတ်တိတ်ပုန်းစစ်ဆေးပြီးခါစပင်။ ထို့နောက် သူကသူ့လက်အောက်ငယ်သားတစ်ယောက်ကို ထိုစစ်သားအဖြစ် ရုပ်ဖျက်စေပြီး နယ်စောင့်တပ်စခန်းမှ ထူးဆန်းသောထိုတဲထဲသို့ ဝင်ရန်ကူညီပေးသည်။
"မင်းမှာ တာဝန်နှစ်ခုရှိတယ်။ ပထမတစ်ခုက မြေအောက်ခန်းထဲမှာ လက်နက်တပ်ဆင်ထားတဲ့ ခြေလျင်တပ်သားနဲ့ လက်နက်ကြီးအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာပဲ။ ဒုတိယတစ်ခုက အဲ့ဒိလက်နက်တစ်သုတ်ကို ဒီအောက်မှာ ဖွက်ထားသလားဆိုတာ အတည်ပြုရမယ်။"
"ဟုတ်ကဲ့ပါ။"
"အလုပ်ပြီးသွားရင် ကျန်ချောင်းကို ရှင်းပစ်ပြီးတဲ့အထိ မင်းဒီလိုပဲရုပ်ဖျက်ပြီး ဒီမှာနေရလောက်တယ်။"
"ကျွန်တော် နားလည်ပါပြီ။"
"သွားတော့။"
ဤသို့စီစဉ်ပြီးနောက် ယောင်ရိက ယွီဝမ်ထုန်ကိုပြောသည်။ "စစ်သူကြီး၊ ကျွန်တော် လက်နက်အလုပ်ရုံကို အနီးကပ်စောင့်ကြည့်ထားပါ့မယ်။ စစ်သူကြီးက ပြန်သွားပြီး ခဏလောက်နားလို့ရပါတယ်။"
"မလိုဘူး။"
ထိုလက်နက်များအား မည်သည့်နေရာတွင်ဖွက်ထားကြောင်း ရှာရန် ယွီဝမ်ထုန်ဆုံးဖြတ်ချက်ချထားသည်။
ကျီနာရီလွန်ပြီးခဏကြာသောအခါ လက်နက်အလုပ်ရုံမှ အသံအချို့ထွက်လာသည်။ ထိုင်ကာ မျက်လုံးမှိတ်၍မှေးနေသော ယွီဝမ်ထုန်က ချက်ချင်းမျက်လုံးပွင့်လာသည်။
*****
နောက်တစ်နေ့မနက်တွင် လင်းကျန်နိုးလာသောအခါ ရှားဖုန်းကိုခေါ်လိုက်သည်။ "ဘေးခြံကလူတွေ ပြန်မရောက်သေးဘူးလား။"
ရှားဖုန်းက ခေါင်းခါသည်။ "ကျွန်တော် တစ်ညလုံးစောင့်နေပေမဲ့ အရာရှိယွီဝမ် ပြန်မလာပါဘူး။"
လင်းကျန်က မျက်မှောင်ကြုတ်၍ထရပ်သည်။ မျက်နှာသစ်ကာ အဝတ်လဲပြီးနောကိ သူကရှားဖုန်းကိုပြောသည်။"မင်းမနေ့ညက မအိပ်ခဲ့ရဘူး။ တစ်ရက်ခွင့်ယူပြီး နားလိုက်။"
"ဟုတ်ကဲ့ပါသခင်လေး။ သခင်လေးရဲ့ ထောက်ထားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"
လင်းကျန်က ဘေးခြံသို့သွားသောအခါ တာဝန်ကျနေသောအစောင့်ကိုတွေ့၍ မေးလိုက်သည်။ "သူ မနေ့ညကပြန်မလာဘူးလား။"
အစောင့်ကပြုံးသည်။ "ဟုတ်ပါတယ်။ အဲ့ဒါက စစ်သူကြီးတစ်စုံတစ်ခုကို ရှာတွေ့ပြီလို့ ဆိုလိုတာပါ။"
လင်းကျန်သည်လည်း ထိုလူနှင့်အတွေးတူရာ မေးလိုက်သည်။ "သူပြန်လာရင် ကျွန်တော့်ကို လာအသိပေးနိုင်မလား။"
"ကိစ္စမရှိပါဘူး။" အစောင့်က လိုလိုလားလား သဘောတူသည်။
နဂိုက သူယွီဝမ်ထုန်၏အစောင့်များထဲမှတစ်ယောက်ကို ဆယ့်နှစ်ယောက်ထောင်ချောက်ဆင်သတ်ဖြတ်ခြင်းအား စမ်းသပ်စေလိုသော်လည်း ယွီဝမ်ထုန်ပြန်မရောက်သေးရာ ခြံထဲတွင် အစောင့်အချို့မှလွဲ၍ မည်သူမှမရှိသဖြင့် လင်းကျန်အချိန်ရွှေ့ဆိုင်းလိုက်ရသည်။
တစ်မနက်လုံး တက်ကြွနေကြသည့် လင်းမိသားစုအစောင့်များမှာ စမ်းသပ်မှုရွှေ့ဆိုင်းလိုက်ကြောင်း ကြားသောအခါ အနည်းငယ်စိတ်ပျက်သွားကြသည်။ သူတို့တစ်ညနှင့်တစ်မနက်လုံးတည်ဆောက်ထားသော စိတ်အားထက်သန်မှုအတွက် ထွက်ပေါက်ရှာချင်သည်။
"ဆက်လေ့ကျင့်ပြီး ခင်ဗျားတို့ရဲ့အရည်အချင်းတွေကို တိုးတက်အောင်လုပ်ကြပါ။ ခင်ဗျားတို့မှာ သူတို့နဲ့ပြိုင်ဖို့ အခွင့်အရေးတွေအများကြီးရှိလာလိမ့်မယ်။ ဒီကိစ္စကြောင့် မလျော့ရဲသွားနဲ့။"
"ဟုတ်ကဲ့ပါ။"
အစောင့်များ၏ခြံတွင် လက်သီးထိုးနည်းကို နှစ်နာရီမျှ လေ့ကျင့်ပြီးနောက် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် သူပို၍ပို၍တိုးတက်လာကြောင်း သိလိုက်သည်။ ယခုအခါ သူက ဝမ်တရှန်နှင့်တိုက်ခိုက်ရာတွင် အချီအနည်းငယ်မျှ ထူးထူးခြားခြားခံနိုင်ရည်ရှိနေသည်။
"သခင်လေးက အထင်ကြီးလောက်တဲ့နှုန်းနဲ့ တိုးတက်လာတာပဲ။ သခင်လေးရဲ့ အားထုတ်မှုကို ကျွန်တော် လေးစားပါတယ်။"
သို့သော် ဤအရာအားလုံးအတွက် သူသွေးကြောများကို ကူညီဖွင့်ပေးခဲ့သည့် ယွီဝမ်ထုန့်အပေါ် အကြွေးတင်နေကြောင်း လင်းကျန်ကောင်းကောင်းသတိထားမိသည်။ ယခုအခါ သူ၏အမြင်နှင့်အကြားအာရုံများ ပိုစူးရှထက်မြက်လာသည်။ သူ၏အခြားအာရုံခံနိုင်စွမ်းများသည်လည်း ပိုကောင်းလာသည်။ ယခုအခါ ဝမ်တရှန်လှုက်ရှားလိုက်သည်နှင့် ဝမ်တရှန်၏လက်သီးလှုပ်ရှားမှုများကို သူကြိုတင်ခန့်မှန်းနိုင်နေပြီဖြစ်သည်။ သို့ရာတွင် သူ၏တုံ့ပြန်နိုင်စွမ်းက လုံလောက်အောင်မမြန်သေးရာ အချိန်အများစုတွင် ထိုးချက်ကို မရှောင်နိုင်သေးပေ။
သူ၏ခန္ဓာကိုယ်တုံ့ပြန်နိုင်စွမ်းသာ မြန်လာလျှင် သူ့အား ဝမ်တရှန် ထိုးနိုင်ရန် ခက်ခဲလိမ့်မည်။
"ခေါင်းဆောင်ဝမ်၊ ခန္ဓာကိုယ်တုံ့ပြန်နိုင်စွမ်းတိုးတက်စေတဲ့ နည်းလမ်းတစ်ခုခုကိုများ သိသလား။"
"ကျွန်တော်သိတယ်။ ဒါပေမဲ့ သခင်လေးရဲ့ ကိုယ်နေဟန်ထားနဲ့ လက်သီးထိုးတဲ့နည်းလမ်းမှာ နည်းနည်းတိုးတက်လာဖို့လိုသေးတယ်။ သခင်လေးက အဲ့ဒါကိုလေ့ကျင့်ဖို့ အလျင်မလိုသေးရင် ရက်နည်းနည်းလောက် ထပ်စောင့်ဖို့ ကျွန်တော်အကြံပေးချင်တယ်။"
ဝမ်တရှန်ပြောနေသည်ကို လင်းကျန်နားလည်သည်။ ဝမ်တရှန်က သူ့ကိုအခြေခံခိုင်ရန် အကြံပေးနေခြင်းပင်။
"ကျွန်တော်သိပြီ။ ခင်ဗျားရဲ့အကြံအတွက် ကျေးဇူးပါပဲ၊ ခေါင်းဆောင်ဝမ်။"
ဝမ်တရှန်မှာ အနည်းငယ်ရှက်နေသည်။ "ကျွန်တော့်ကို လေပေါတယ်ဆိုပြီး အပြစ်မတင်တဲ့အတွက် ဝမ်းသာပါတယ်။ သခင်လေး။"
"ခင်ဗျားက ကျွန်တော့်ကို အကူအညီဖြစ်စေမဲ့အကြံပေးတာပဲ။ အဲ့ဒါအတွက် ကျွန်တော်ကဘာလို့ အပြစ်တင်ရမှာလဲ။ ဒါနဲ့ ကျွန်တော် နေရာတစ်ခုကိုသွားဖို့ ခင်ဗျားနဲ့ အစ်ကိုကြီးလျှိုတို့ လိုက်ခဲ့စေချင်တယ်။ နောက်တစ်နာရီကျရင် တံခါးမကြီးမှာ ကျွန်တော့်ကိုလာတွေ့ပါ။"
"ဟုတ်ကဲ့ပါ၊ သခင်လေး။" ဝမ်တရှန်ကဖြေသည်။ သူတို့ဘယ်ကိုသွားမည်မှန်း လင်းကျန်ကမပြောရာ သူဘာမှမမေးတော့ချေ။
*****
ဝူအားနျိုနှင့် ဝယ်သူတို့အတည်ပြုထားသည့်အချိန် ရောက်တော့မည်ဖြစ်သည်။ လင်းကျန်က ဝမ်တရှန်၊ လျှိုရိတို့နှင့်အတူ စံအိမ်မှထွက်လာသည်။ လမ်းလွှဲအတိုင်းလျှောက်လာပြီးနောက် မြို့အရှေ့ပိုင်းရှိခေါက်ဆွဲဆိုင်နားမှ နေရာတစ်နေရာကိုတွေ့၍ သူတို့ထိုင်လိုက်သည်။ သူတို့က သာမန်လူများကဲ့သို့ မထင်ရှားသောအဝတ်များကိုဝတ်ထားကာ ခေါင်းငုံ့၍စကားပြောနေကြသဖြင့် မည်သူကမှသတိမထားမိကြပေ။
ခေတ္တမျှထိုင်ပြီးနောက် ခေါက်ဆွဲဆိုင်ထဲမှ လူအားလုံးကို သုံးသပ်ပြီးပြီပင်။ သူက ထိုလူများထဲမှ တစ်ယောက်ကို မှတ်မိလိုက်သည်။ ကျားမိသားစု၏အိမ်တော်ထိန်းပင်။
အံ့ဩဖွယ်ရာမကောင်းစွာပင် ဤဖြစ်ရပ်၏နောက်ကွယ်၌ ကျားမိသားစုရှိနေသည်။
သူ့ထင်ကြေးမှန်ကြောင်း အတည်ပြုပြီးနောက် လင်းကျန် စိတ်သက်သာရာရကာ သက်ပြင်းရှိုက်လိုက်သည်။ 'ဝယ်သူက ကျန်ချောင်းလက်အောက်ကလူ မဟုတ်ဘူး။ ဒီအတိုင်းဆို အနည်းဆုံးတော့ ယွီဝမ်ထုန်ရှိနေတာကို ကျန်ချောင်းမသိသေးဘူးပဲ။' သူတွေးသည်။
ထိုအချိန်မှာပင် ဝူအားနျိုပေါ်လာသည်။ သူက ဖြည်းဖြည်းချင်းခြေလှမ်းနေရာ တော်တော်ချူချာပုံပေါက်သည်။
"မင်းဘာလို့ ဒီလောက်ကြာနေတာလဲ။ ငါတို့ချန်အချိန် (မနက် ၇နာရီမှကိုးနာရီ) မှာတွေ့ဖို့ သဘောတူထားတယ်မဟုတ်လား။" ကျားမိသားစု၏ အိမ်တော်ထိန်းက ဝူအားနျိုကို ခပ်တိုးတိုးဖြင့် မကျေမနပ်ပြောသည်။
ဝူအားနျို၏မျက်နှာထားမှာ အတော်ပုံမမှန်ချေ။ သူကအနီးအနားပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုသည့်ဆန္ဒကို ကြိုးစားဖိနှိပ်ထားရာ စကားပင်ဖြောင့်ဖြောင့်မပြောနိုင်ချေ။ "ကျွန်တော်...ကျွန်တော် အိပ်ရာထနောက်ကျသွားလို့။"
ကျားမိသားစု၏အိမ်တော်ထိန်းက ဝူအားနျိုကို အကဲခတ်ကာ မျက်မှောင်ကြုတ်သည်။ "မင်း ဘာဖြစ်ခဲ့တာလဲ။"
"ကျွန်တော် ကျွန်တော် ရေချိုးခန်းမှာချော်လဲလို့ ခါးနဲ့မြေကြီးရိုက်မိသွားတယ်။ အဲ့ဒါကနာနေတုန်းပဲ။" ဝူအားနျိုက ပြန်ပြောသည်။
အိမ်တော်ထိန်းက သူ့ကိုစက်ဆုပ်ရွံရှာစွာ တစ်ချက်ကြည့်ကာ အတွင်းအိတ်ကပ်ထဲမှ အိတ်တစ်အိတ်ကို စားပွဲပေါ်သို့တင်လိုက်သည်။ "မြင်လား၊ ဒီမှာပိုက်ဆံ။ မင်းသိတာကို ငါ့ဆီပြောပြတာနဲ့ ပိုက်ဆံကမင်းဟာပဲ။"
ထိုသို့ငွေအများအပြားကိုတွေ့သောအခါ ဝူအားနျို အလိုအလျောက် တံတွေးမျိုချလိုက်ရာ အိမ်တော်ထိန်းအား ပိုအထင်သေးစေသည်။
"မြန်မြန်ပြော၊ ချီတုံချတုံ လုပ်မနေနဲ့တော့။ မင်းသိတာကိုပြောပြရင် ပိုက်ဆံကမင်းအပိုင်ပဲ။"
"အထူးဧည့်သည်တချို့ တကယ်ရောက်လာတယ်။ ကျွန်တော်နည်းနည်း စုံစမ်းထားတယ်။ သူတို့က ဒုသခင်မကြီးရဲ့အမျိုးတွေပါ။ သူတို့ထဲကတစ်ယောက်ဆို အရာရှိတစ်ယောက်ရဲ့သားတဲ့။" မနေ့ညက လင်းကျန်သူ့အားပြောခိုင်းလိုက်သည့်စကားကို ဝူအားနျိုမှ အိမ်တော်ထိန်းထံပြောလိုက်သည်။
ထိုနေ့က ယွီဝမ်ထုန်နှင့်သူ့လူများ မြို့ထဲသို့ဝင်လာသည်ကို တစ်စုံတစ်ယောက်ကမြင်လိုက်ရာ သူဝန်ခံလိုက်ရမည်ပင်။ သူတို့က ဖုချိုက်ဝေ၏ဆွေမျိုးများဖြစ်သည်ဟု ပြောလိုက်ခြင်းမှာ လက်တွေ့ကျသည်။
"ဘယ်အရာရှိလဲ၊ တိတိကျကျပြောစမ်းပါ။" ကျားမိသားစု၏အိမ်တော်ထိန်းက မေးခွန်းထပ်မေးသည်။
"ကျွန်တော်မသိဘူး။ အဲ့ဒိလူတွေက စံအိမ်ထဲမှာ ရက်နည်းနည်းလောက်နေခဲ့တယ်။ နောက်တော့ သူတို့ရဲ့အိမ်မှာ အရေးကြီးကိစ္စပေါ်လာတယ်ဆိုပြီး တစ်ယောက်ကလာပြောလို့ ညဘက်ကြီးပြန်သွားကြတယ်။ သူတို့ကို ဧည့်ခံတာ သခင်လေးပဲ။ ကျွန်တော်တို့တွေက သခင်လေးရဲ့ခြံထဲကိုမဝင်ရဲဘူး။" ဝူအားနျိုက ခပ်ရွံ့ရွံ့ဖြေသည်။
ကျားမိသားစု၏အိမ်တော်ထိန်းက စိတ်မရှည်တော့ပေ။ "မင်းက ဘာမှအသုံးမကျဘူး။ မင်း သိတာ ဒါအကုန်ပဲလား။ အဲ့လူက ဘယ်သူလဲဆိုတာကိုတောင် မင်းရှာမတွေ့ခဲ့ဘူး။"
"ကျွန်တော်သိတာ ဒါအကုန်ပဲ။"
"သူတို့တွေက အဲ့နေ့မနက်မှာ မြို့ထဲဝင်လာတဲ့လူတွေဆိုတာ သေချာလား။"
ဝူအားနျိုက ခေါင်းညှိတ်သည်။ "သေချာတယ်။ သူတို့က လွဲပြီး ဘယ်ဧည့်သည်မှမလာဘူး။ ညအိပ်လာနေတဲ့လူဆို ပိုတောင်နည်းသေးတယ်။"
"သူတို့ ဘယ်ညတုန်းက ပြန်သွားတာလဲ။"
"လွန်ခဲ့တဲ့ရှစ်ရက်က။"
လွန်ခဲ့တဲ့ရှစ်ရက်ကလား။ အိမ်တော်ထိန်း၏မျက်လုံးထဲမှအကြည့်က ရုတ်တရက်ပြောင်းလဲသွားသည်။ ထိုညမှာ သူ့သခင်ကြီး ပြန်ပေးဆွဲခံရကာ စားသောက်ဆိုင်တွင်ချန်ထားခံရသည့်ညပင်။
'ငါ သိသားပဲ။ အဲ့ဒါ လင်းမိသားစုကလူတွေ လုပ်ခဲ့တာ။ အဲ့လူတွေက အဲ့လိုလုပ်ပြီးတော့ တခြားလူတွေရှာတွေ့သွားမှာကိုကြောက်လို့ မြို့ကနေထွက်သွားကြတာ။' အိမ်တော်ထိန်းကတွေးသည်။
ကျားမိသားစု၏အိမ်တော်ထိန်းက အမှန်တရားအား ရှာတွေ့လိုက်သည်ဟုယုံကြည်ကာ ဝူအားနျိုထံအိတ်ထိုးပေးပြီး လေးနက်သောလေသံဖြင့်မေးသည်။ "ဒီဟာကလွဲပြီး လင်းမိသားစုမှာ တခြားကိစ္စဖြစ်သေးလား။ ငါအသေးစိတ်သိချင်တယ်။"
"ကျွန်တော်...ကျွန်တော်က စားဖိုဆောင်မှာ လက်တိုလက်တောင်းလုပ်ရတဲ့လူပါ။ စားဖိုဆောင်ကလွဲပြီး တခြားနေရာကို ကြီးကြပ်ရဲ့ခွင့်ပြုချက်မရဘဲ ကျွန်တော်သွားလို့မရဘူး။ စံအိမ်ရဲ့တခြားနေရာတွေမှာ ဘာဖြစ်နေတယ်ဆိုတာ ကျွန်တော်တကယ်မသိဘူး။" ဝူအားနျို ကြောက်စိတ်မွှန်နေသည်။
'ဒီလိုမေးခွန်းမျိုးကို ဘယ်လိုဖြေရမလဲဆိုတာ သခင်လေး ငါ့ကိုမပြောထားဘူး။ ငါဘာပြောသင့်လဲ။' သူစိုးရိမ်ပူပန်စွာတွေးမိသည်။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
က်ားမိသားစု၏အိမ္ေတာ္ထိန္း
......................................
"မင္းရဲ႕ေသြးေၾကာေတြကို ရွင္းေပးၿပီးသြားရင္ ကိုယ္ျပန္သြားမွာ။" ယြီဝမ္ထုန္က လင္းက်န္၏အေမးကို ေျဖသည္။
လင္းက်န္မွာ ဤတုံ႕ျပန္မႈေၾကာင့္ အနည္းငယ္အံ့ဩမိသည္။ "ခင္ဗ်ား ကြၽန္ေတာ့္ေသြးေၾကာေတြကို ရွင္းေပးဖို႔ တကူးတကျပန္လာတာလား။"
"ဟုတ္တယ္။" ယြီဝမ္ထုန္ကျပန္ေျပာကာ အဝတ္အျမန္ခြၽတ္ေနသည္။ သူ႕မ်က္ဝန္းမ်ားက လင္းက်န္၏ လည္တိုင္သြယ္သြယ္၊ လွပေသာ လက္ျပင္ရိုးႏွင့္ ေခ်ာေမြ႕ေသာေက်ာျပင္တို႔အား သိမ္းက်ဳံးၾကည့္ေနသည္။
"ခင္ဗ်ားမွာ အေရးႀကီးကိုင္တြယ္စရာကိစၥရွိရင္ သြားသာသြားပါ။ ကြၽန္ေတာ့္အတြက္ ငဲ့မေနနဲ႕။" လင္းက်န္ အနည္းငယ္ဘဝင္မက်သကဲ့သို႔ ခံစားေနရသည္။ 'သူက ဒီလိုအခြင့္ေကာင္းမ်ိဳးကို ဘယ္လိုလုပ္ျဖဳန္းတီးနိုင္ရတာလဲ။'
"စကားမေျပာနဲ႕ေတာ့။ အာ႐ုံစိုက္ၿပီး စိတ္ၿငိမ္ေအာင္ထိန္းထား။" ယြီဝမ္ထုန္က လင္းက်န္၏ေက်ာကို လက္ဖဝါးႏွစ္ဖက္ျဖင့္ဖိထားသည္။ ႏြေးေထြး၊ စိုစြတ္ေသာအထိအေတြ႕ေၾကာင့္ လင္းက်န္မ်က္စိေမွးသြားသည္။
လင္းက်န္ တားခ်င္ေသာ္လည္း ယြီဝမ္ထုန္က သူ႕ကိုကူညီရန္တကူးတကျပန္လာရသည္ဟု ေတြးမိေသာအခါ ယြီဝမ္ထုန္၏ခံစားခ်က္မ်ားကိုမနာက်င္ေစခ်င္ေပ။ သူသာ ယြီဝမ္ထုမ္ကို ထပ္မံေဖ်ာင္းဖ်လွ်င္ အခ်ိန္ျဖဳန္းသကဲ့သို႔သာျဖစ္မည္ျဖစ္ရာ ဘာမွထပ္မေျပာေတာ့ဘဲ အာ႐ုံစိုက္ရန္ႀကိဳးစားလိုက္သည္။
သူစိတ္ၿငိမ္သြားေသာအခါ ယြီဝမ္ထုန္က အတြင္းအားကိုျဖည္းျဖည္းခ်င္း စုစည္းကာ လင္းက်န္၏ကိုယ္ထဲသို႔ သတိျဖင့္သြင္းေပးသည္။
လင္းက်န္ႏွင့္ရင္းႏွီးေနေသာ ထုံထိုင္း၊ ယားယံ၊ နာက်င္မႈကို စတင္ခံစားလာရသည္။
ႏွစ္နာရီၾကာၿပီးေနာက္ ယြီဝမ္ထုန္မတ္တပ္ရပ္ကာ ေရခ်ိဳးခန္းထဲမွထြက္သြားၿပီး မၾကာခင္ေပ်ာက္သြားသည္။ သူက နယ္ေစာင့္တပ္စခန္းသို႔အျမန္ျပန္သြားရန္ အလ်င္လိုေနေၾကာင္း သိသာသည္။
လင္းက်န္က အဝတ္လဲပီးေနာက္ ထိုင္ကာ ေနာက္ေန႕တြင္ ထိုဝယ္သူကိုဖမ္းၿပီးေနာက္ ဘာလုပ္သင့္ေၾကာင္းစဥ္းစားရင္း ယြီဝမ္ထုန့္ထံ စိတ္ေရာက္သြားသည္။ယြီဝမ္ထုန္မ်ား သူရွာေဖြလိုသည္ကို ရွာေတြ႕နိုင္မလားဟု သူေတြးမိသည္။ သူ၏ေသြးေၾကာမ်ားကို ကူညီရွင္းလင္းေပးရန္ ယြီဝမ္ထုန္အျမန္ျပန္လာသည့္ ျမင္ကြင္းႏွင့္အတူ အလ်င္စလိုျပန္သြားေသာျမင္ကြင္းတို႔က သူ႕စိတ္ထဲ၌ ျပန္ေပၚလာသည္။
ေနာက္ဆုံးတြင္ေတာ့ သူဘာေတြးေနခဲ့သည္ကို ကိုယ္ကိုယ္တိုင္ပင္ မမွတ္မိေတာ့ေခ်။ သူသတိျပန္ဝင္လာေသာအခါ စာ႐ြက္ေပၚတြင္ အစီအရင္ဗ်ဴဟာပုံအခ်ိဳ႕အား ေရးဆြဲထားၿပီးၿပီျဖစ္ေၾကာင္း သူေတြ႕လိုက္ရသည္။ ယင္းတို႔ထဲမွ တစ္ခုခ်င္းစီအား အေသးစိတ္က်က် အပတ္တကုတ္ဆြဲထားရာ တစ္စုံတစ္ေယာက္အား လက္ေဆာင္အျဖစ္ေပးရန္ရည္႐ြယ္ထားပုံေပၚသည္။
လင္းက်န္ အနည္းငယ္ငိုင္က်သြားသည္။ စာေရးသည့္စုတ္တံေပၚမွ မင္စက္က်ေတာ့မည္ကို သူေတြ႕ေသာအခါ အျမန္ေဘးဖယ္လိုက္သည္။
အံ့ဩဖြယ္ေကာင္းသည္မွာ သူက ယြီဝမ္ထုန္အတြက္ တစ္ခုခုအလိုအေလ်ာက္ လုပ္ေဆာင္ေပးခ်င္ေနၿပီး ဤအစီအရင္ပုံမ်ားကို မတုန့္မဆိုင္း စေရးဆြဲခဲ့ျခင္းပင္။ ၎တို႔ကို ယြီဝမ္ထုန္က အသုံးဝင္သည္ဟု ယူဆနိုင္သလားဆိုသည့္အခ်က္ကို ဖယ္ထားလွ်င္၊ ဤအစီအရင္မ်ားကို သူ႕အေမမွ သူ႕အားသင္ၾကားေပးခဲ့ျခင္းျဖစ္သည္။ သူ႕အဖိုးႏွင့္ဦးေလးတို႔က ၎တို႔၏တည္ရွိမႈကို အေတာ္ႀကိဳးႀကိဳးစားစားဖုံးကြယ္ေနပုံအရ သူ႕အေမမွာ ေသခ်ာေပါက္ကို သာမန္မိသားစုမွလာသူ မျဖစ္နိုင္ေခ်။ ဤအစီအရင္မ်ားရွိေနေၾကာင္း အျပင္လူမ်ားသိသြားလွ်င္ ျပႆနာတက္နိုင္ရာ ဤကိစၥႏွင့္ပက္သက္၍ သူသိုသိပ္ရမည္။
ထိုသို႔စိတ္ထဲတြင္ေတြး၍ ရပ္တန့္လိုက္ရမည့္ လင္းက်န္က အစီအရင္ပုံမ်ားကု တစ္ခ်က္ခ်င္းဆြဲ၍ အဆုံးသတ္လိုက္သည္။
စုစုေပါင္း ေျခာက္ပုံပင္။
သူက မင္ေျခာက္ေစရန္ ေလသလပ္ခံၿပီးေနာက္ အတူစုကာ အေရွ႕ဖုံးကိုအေသးစိတ္ျပင္ဆင္၍ ခ်ဳပ္လိုက္သည္။
ဤစာအုပ္အပါးကိုၾကည့္ရင္း လင္းက်န္၏မ်က္ႏွာေပၚမွအမူအရာမွာ အႀကိမ္အနည္းငယ္မွ်ေျပာင္းလဲသြားသည္။ ေနာက္ဆုံးတြင္ေတာ့ သူ၎ကိုဖ်က္ဆီးရမည့္အစား ဖြက္ထားရန္ေ႐ြးခ်ယ္လိုက္သည္။
သူက ယြီဝမ္ထုန္ကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ေစာင့္ၾကည့္ေလ့လာ၍ တကယ္စိတ္ခ်ယဳံၾကည္ရေၾကာင္း အတည္ျပဳၿပီးေသာအခါမွ ဤစာအုပ္ကိုေပးမည္။
ယြီဝမ္ထုန္က ႀကီးျမတ္ေသာယြဲ႕စစ္တပ္၏တပ္မႉးျဖစ္ရာ ဤအရာမ်ားက သူကိုယ္တိုင္ထက္ ယြီဝမ္ထုန္၏လက္ထဲတြင္ ပိုအသုံးဝင္လိမ့္မည္။
"သခင္ေလး၊ ညဥ့္နက္ေနပါၿပီ။ သြားအိပ္သင့္ပါတယ္။" အထဲဝင္လာသည့္ရွားဖုန္းက လင္းက်န္မအိပ္ေသးသည္ကို ေတြ႕ေသာအခါ ေလာေဆာ္သည္။
"ငါ သိၿပီ။"
လင္းက်န္က အိပ္ရန္ ထိုင္ခုံမွထကာ အိပ္ခန္းထဲသို႔ဝင္သြားသည္။ သူက ယခုေလးတင္ ေသြးေၾကာဖြင့္ထားရာ တစ္ကိုယ္လုံးႏြေးေထြးေနသည္။ တကယ္တမ္းတြင္ သူအိပ္ခ်င္လွ်င္ ေခါင္းအုံးႏွင့္ေခါင္းထိသည္ႏွင့္ ခ်က္ခ်င္းအိပ္ေပ်ာ္သြားနိုင္ေသာ္လည္း သူကလွဲၿပီးေနာက္ မ်က္လုံးမပိတ္ေခ်။ ထိုအစား သူကရွားဖုန္းကိုေျပာသည္။ "အရာရွိယြီဝမ္ျပန္ေရာက္ရင္ ငါ့ကိုႏွိုးဖို႔မေမ့နဲ႕။"
ရွားဖုန္း အနည္းငယ္တုံ႕ဆိုင္းသြားသည္။ 'ယခုပင္ ဟိုင္အခ်ိန္ (ညကိုးနာရီမွဆယ့္တစ္နာရီ)ျဖစ္ေနေလၿပီ။ မၾကာခင္တြင္ က်ီနာရီ(ညဆယ့္တစ္နာရီမွ တစ္နာရီ)ျဖစ္ေတာ့မည္။ ေဘးၿခံမွ အရာရွိယြီဝမ္က မည္သည့္အခ်ိန္တြင္ ျပန္ေရာက္မည္ကို မည္သူသိမည္နည္း။'
"ရွားဖုန္း" ရွားဖုန္းမၾကားဘူးဟု လင္းက်န္ထင္လိုက္သျဖင့္ ထပ္ေခၚလိုက္သည္။
ရွားဖုန္းက ေခတၱမွ်မိန္းေမာသြားရာမွ ျပန္သတိဝင္လာကာ အျမန္ေျဖသည္။ "ဟုတ္ကဲ့ပါ။"
လင္းက်န္စိတ္ေျပာင္းရန္မွာ အလြန္ခက္ခဲသည့္အတြက္ ယေန႕ညယြီဝမ္ထုန္ျပန္လာခ်ိန္တြင္ သူလင္းက်န္အားမႏွိုးမိပါက ေနာက္တစ္ေန႕မနက္၌ ေသခ်ာေပါက္အျပစ္ေပးခံရလိမ့္မည္။
ရွားဖုန္းအား မွာၿပီးေနာက္ မ်ားမၾကာမီတြင္ လင္းက်န္ အိပ္ေပ်ာ္သြားသည္။
ထိုအခ်ိန္တြင္ နယ္ေစာင့္တပ္စခန္း၌ ေယာင္ရိကသူဖမ္းထားေသာ စစ္သားတစ္ေယာက္ကို တိတ္တိတ္ပုန္းစစ္ေဆးၿပီးခါစပင္။ ထို႔ေနာက္ သူကသူ႕လက္ေအာက္ငယ္သားတစ္ေယာက္ကို ထိုစစ္သားအျဖစ္ ႐ုပ္ဖ်က္ေစၿပီး နယ္ေစာင့္တပ္စခန္းမွ ထူးဆန္းေသာထိုတဲထဲသို႔ ဝင္ရန္ကူညီေပးသည္။
"မင္းမွာ တာဝန္ႏွစ္ခုရွိတယ္။ ပထမတစ္ခုက ေျမေအာက္ခန္းထဲမွာ လက္နက္တပ္ဆင္ထားတဲ့ ေျခလ်င္တပ္သားနဲ႕ လက္နက္ႀကီးအေရအတြက္ ဘယ္ေလာက္ရွိတယ္ဆိုတာပဲ။ ဒုတိယတစ္ခုက အဲ့ဒိလက္နက္တစ္သုတ္ကို ဒီေအာက္မွာ ဖြက္ထားသလားဆိုတာ အတည္ျပဳရမယ္။"
"ဟုတ္ကဲ့ပါ။"
"အလုပ္ၿပီးသြားရင္ က်န္ေခ်ာင္းကို ရွင္းပစ္ၿပီးတဲ့အထိ မင္းဒီလိုပဲ႐ုပ္ဖ်က္ၿပီး ဒီမွာေနရေလာက္တယ္။"
"ကြၽန္ေတာ္ နားလည္ပါၿပီ။"
"သြားေတာ့။"
ဤသို႔စီစဥ္ၿပီးေနာက္ ေယာင္ရိက ယြီဝမ္ထုန္ကိုေျပာသည္။ "စစ္သူႀကီး၊ ကြၽန္ေတာ္ လက္နက္အလုပ္႐ုံကို အနီးကပ္ေစာင့္ၾကည့္ထားပါ့မယ္။ စစ္သူႀကီးက ျပန္သြားၿပီး ခဏေလာက္နားလို႔ရပါတယ္။"
"မလိုဘူး။"
ထိုလက္နက္မ်ားအား မည္သည့္ေနရာတြင္ဖြက္ထားေၾကာင္း ရွာရန္ ယြီဝမ္ထုန္ဆုံးျဖတ္ခ်က္ခ်ထားသည္။
က်ီနာရီလြန္ၿပီးခဏၾကာေသာအခါ လက္နက္အလုပ္႐ုံမွ အသံအခ်ိဳ႕ထြက္လာသည္။ ထိုင္ကာ မ်က္လုံးမွိတ္၍ေမွးေနေသာ ယြီဝမ္ထုန္က ခ်က္ခ်င္းမ်က္လုံးပြင့္လာသည္။
*****
ေနာက္တစ္ေန႕မနက္တြင္ လင္းက်န္နိုးလာေသာအခါ ရွားဖုန္းကိုေခၚလိုက္သည္။ "ေဘးၿခံကလူေတြ ျပန္မေရာက္ေသးဘူးလား။"
ရွားဖုန္းက ေခါင္းခါသည္။ "ကြၽန္ေတာ္ တစ္ညလုံးေစာင့္ေနေပမဲ့ အရာရွိယြီဝမ္ ျပန္မလာပါဘူး။"
လင္းက်န္က မ်က္ေမွာင္ၾကဳတ္၍ထရပ္သည္။ မ်က္ႏွာသစ္ကာ အဝတ္လဲၿပီးေနာကိ သူကရွားဖုန္းကိုေျပာသည္။"မင္းမေန႕ညက မအိပ္ခဲ့ရဘူး။ တစ္ရက္ခြင့္ယူၿပီး နားလိုက္။"
"ဟုတ္ကဲ့ပါသခင္ေလး။ သခင္ေလးရဲ႕ ေထာက္ထားေပးမႈအတြက္ ေက်းဇူးတင္ပါတယ္။"
လင္းက်န္က ေဘးၿခံသို႔သြားေသာအခါ တာဝန္က်ေနေသာအေစာင့္ကိုေတြ႕၍ ေမးလိုက္သည္။ "သူ မေန႕ညကျပန္မလာဘူးလား။"
အေစာင့္ကၿပဳံးသည္။ "ဟုတ္ပါတယ္။ အဲ့ဒါက စစ္သူႀကီးတစ္စုံတစ္ခုကို ရွာေတြ႕ၿပီလို႔ ဆိုလိုတာပါ။"
လင္းက်န္သည္လည္း ထိုလူႏွင့္အေတြးတူရာ ေမးလိုက္သည္။ "သူျပန္လာရင္ ကြၽန္ေတာ့္ကို လာအသိေပးနိုင္မလား။"
"ကိစၥမရွိပါဘူး။" အေစာင့္က လိုလိုလားလား သေဘာတူသည္။
နဂိုက သူယြီဝမ္ထုန္၏အေစာင့္မ်ားထဲမွတစ္ေယာက္ကို ဆယ့္ႏွစ္ေယာက္ေထာင္ေခ်ာက္ဆင္သတ္ျဖတ္ျခင္းအား စမ္းသပ္ေစလိုေသာ္လည္း ယြီဝမ္ထုန္ျပန္မေရာက္ေသးရာ ၿခံထဲတြင္ အေစာင့္အခ်ိဳ႕မွလြဲ၍ မည္သူမွမရွိသျဖင့္ လင္းက်န္အခ်ိန္ေ႐ႊ႕ဆိုင္းလိုက္ရသည္။
တစ္မနက္လုံး တက္ႂကြေနၾကသည့္ လင္းမိသားစုအေစာင့္မ်ားမွာ စမ္းသပ္မႈေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း ၾကားေသာအခါ အနည္းငယ္စိတ္ပ်က္သြားၾကသည္။ သူတို႔တစ္ညႏွင့္တစ္မနက္လုံးတည္ေဆာက္ထားေသာ စိတ္အားထက္သန္မႈအတြက္ ထြက္ေပါက္ရွာခ်င္သည္။
"ဆက္ေလ့က်င့္ၿပီး ခင္ဗ်ားတို႔ရဲ႕အရည္အခ်င္းေတြကို တိုးတက္ေအာင္လုပ္ၾကပါ။ ခင္ဗ်ားတို႔မွာ သူတို႔နဲ႕ၿပိဳင္ဖို႔ အခြင့္အေရးေတြအမ်ားႀကီးရွိလာလိမ့္မယ္။ ဒီကိစၥေၾကာင့္ မေလ်ာ့ရဲသြားနဲ႕။"
"ဟုတ္ကဲ့ပါ။"
အေစာင့္မ်ား၏ၿခံတြင္ လက္သီးထိုးနည္းကို ႏွစ္နာရီမွ် ေလ့က်င့္ၿပီးေနာက္ လြန္ခဲ့သည့္ရက္အနည္းငယ္အတြင္းတြင္ သူပို၍ပို၍တိုးတက္လာေၾကာင္း သိလိုက္သည္။ ယခုအခါ သူက ဝမ္တရွန္ႏွင့္တိုက္ခိုက္ရာတြင္ အခ်ီအနည္းငယ္မွ် ထူးထူးျခားျခားခံနိုင္ရည္ရွိေနသည္။
"သခင္ေလးက အထင္ႀကီးေလာက္တဲ့ႏႈန္းနဲ႕ တိုးတက္လာတာပဲ။ သခင္ေလးရဲ႕ အားထုတ္မႈကို ကြၽန္ေတာ္ ေလးစားပါတယ္။"
သို႔ေသာ္ ဤအရာအားလုံးအတြက္ သူေသြးေၾကာမ်ားကို ကူညီဖြင့္ေပးခဲ့သည့္ ယြီဝမ္ထုန့္အေပၚ အေႂကြးတင္ေနေၾကာင္း လင္းက်န္ေကာင္းေကာင္းသတိထားမိသည္။ ယခုအခါ သူ၏အျမင္ႏွင့္အၾကားအာ႐ုံမ်ား ပိုစူးရွထက္ျမက္လာသည္။ သူ၏အျခားအာ႐ုံခံနိုင္စြမ္းမ်ားသည္လည္း ပိုေကာင္းလာသည္။ ယခုအခါ ဝမ္တရွန္လႈက္ရွားလိုက္သည္ႏွင့္ ဝမ္တရွန္၏လက္သီးလႈပ္ရွားမႈမ်ားကို သူႀကိဳတင္ခန့္မွန္းနိုင္ေနၿပီျဖစ္သည္။ သို႔ရာတြင္ သူ၏တုံ႕ျပန္နိုင္စြမ္းက လုံေလာက္ေအာင္မျမန္ေသးရာ အခ်ိန္အမ်ားစုတြင္ ထိုးခ်က္ကို မေရွာင္နိုင္ေသးေပ။
သူ၏ခႏၶာကိုယ္တုံ႕ျပန္နိုင္စြမ္းသာ ျမန္လာလွ်င္ သူ႕အား ဝမ္တရွန္ ထိုးနိုင္ရန္ ခက္ခဲလိမ့္မည္။
"ေခါင္းေဆာင္ဝမ္၊ ခႏၶာကိုယ္တုံ႕ျပန္နိုင္စြမ္းတိုးတက္ေစတဲ့ နည္းလမ္းတစ္ခုခုကိုမ်ား သိသလား။"
"ကြၽန္ေတာ္သိတယ္။ ဒါေပမဲ့ သခင္ေလးရဲ႕ ကိုယ္ေနဟန္ထားနဲ႕ လက္သီးထိုးတဲ့နည္းလမ္းမွာ နည္းနည္းတိုးတက္လာဖို႔လိုေသးတယ္။ သခင္ေလးက အဲ့ဒါကိုေလ့က်င့္ဖို႔ အလ်င္မလိုေသးရင္ ရက္နည္းနည္းေလာက္ ထပ္ေစာင့္ဖို႔ ကြၽန္ေတာ္အႀကံေပးခ်င္တယ္။"
ဝမ္တရွန္ေျပာေနသည္ကို လင္းက်န္နားလည္သည္။ ဝမ္တရွန္က သူ႕ကိုအေျခခံခိုင္ရန္ အႀကံေပးေနျခင္းပင္။
"ကြၽန္ေတာ္သိၿပီ။ ခင္ဗ်ားရဲ႕အႀကံအတြက္ ေက်းဇူးပါပဲ၊ ေခါင္းေဆာင္ဝမ္။"
ဝမ္တရွန္မွာ အနည္းငယ္ရွက္ေနသည္။ "ကြၽန္ေတာ့္ကို ေလေပါတယ္ဆိုၿပီး အျပစ္မတင္တဲ့အတြက္ ဝမ္းသာပါတယ္။ သခင္ေလး။"
"ခင္ဗ်ားက ကြၽန္ေတာ့္ကို အကူအညီျဖစ္ေစမဲ့အႀကံေပးတာပဲ။ အဲ့ဒါအတြက္ ကြၽန္ေတာ္ကဘာလို႔ အျပစ္တင္ရမွာလဲ။ ဒါနဲ႕ ကြၽန္ေတာ္ ေနရာတစ္ခုကိုသြားဖို႔ ခင္ဗ်ားနဲ႕ အစ္ကိုႀကီးလွ်ိုတို႔ လိုက္ခဲ့ေစခ်င္တယ္။ ေနာက္တစ္နာရီက်ရင္ တံခါးမႀကီးမွာ ကြၽန္ေတာ့္ကိုလာေတြ႕ပါ။"
"ဟုတ္ကဲ့ပါ၊ သခင္ေလး။" ဝမ္တရွန္ကေျဖသည္။ သူတို႔ဘယ္ကိုသြားမည္မွန္း လင္းက်န္ကမေျပာရာ သူဘာမွမေမးေတာ့ေခ်။
*****
ဝူအားန်ိဳႏွင့္ ဝယ္သူတို႔အတည္ျပဳထားသည့္အခ်ိန္ ေရာက္ေတာ့မည္ျဖစ္သည္။ လင္းက်န္က ဝမ္တရွန္၊ လွ်ိုရိတို႔ႏွင့္အတူ စံအိမ္မွထြက္လာသည္။ လမ္းလႊဲအတိုင္းေလွ်ာက္လာၿပီးေနာက္ ၿမိဳ႕အေရွ႕ပိုင္းရွိေခါက္ဆြဲဆိုင္နားမွ ေနရာတစ္ေနရာကိုေတြ႕၍ သူတို႔ထိုင္လိုက္သည္။ သူတို႔က သာမန္လူမ်ားကဲ့သို႔ မထင္ရွားေသာအဝတ္မ်ားကိုဝတ္ထားကာ ေခါင္းငုံ႕၍စကားေျပာေနၾကသျဖင့္ မည္သူကမွသတိမထားမိၾကေပ။
ေခတၱမွ်ထိုင္ၿပီးေနာက္ ေခါက္ဆြဲဆိုင္ထဲမွ လူအားလုံးကို သုံးသပ္ၿပီးၿပီပင္။ သူက ထိုလူမ်ားထဲမွ တစ္ေယာက္ကို မွတ္မိလိုက္သည္။ က်ားမိသားစု၏အိမ္ေတာ္ထိန္းပင္။
အံ့ဩဖြယ္ရာမေကာင္းစြာပင္ ဤျဖစ္ရပ္၏ေနာက္ကြယ္၌ က်ားမိသားစုရွိေနသည္။
သူ႕ထင္ေၾကးမွန္ေၾကာင္း အတည္ျပဳၿပီးေနာက္ လင္းက်န္ စိတ္သက္သာရာရကာ သက္ျပင္းရွိုက္လိုက္သည္။ 'ဝယ္သူက က်န္ေခ်ာင္းလက္ေအာက္ကလူ မဟုတ္ဘူး။ ဒီအတိုင္းဆို အနည္းဆုံးေတာ့ ယြီဝမ္ထုန္ရွိေနတာကို က်န္ေခ်ာင္းမသိေသးဘူးပဲ။' သူေတြးသည္။
ထိုအခ်ိန္မွာပင္ ဝူအားန်ိဳေပၚလာသည္။ သူက ျဖည္းျဖည္းခ်င္းေျခလွမ္းေနရာ ေတာ္ေတာ္ခ်ဴခ်ာပုံေပါက္သည္။
"မင္းဘာလို႔ ဒီေလာက္ၾကာေနတာလဲ။ ငါတို႔ခ်န္အခ်ိန္ (မနက္ ၇နာရီမှကိုးနာရီ) မွာေတြ႕ဖို႔ သေဘာတူထားတယ္မဟုတ္လား။" က်ားမိသားစု၏ အိမ္ေတာ္ထိန္းက ဝူအားန်ိဳကို ခပ္တိုးတိုးျဖင့္ မေက်မနပ္ေျပာသည္။
ဝူအားန်ိဳ၏မ်က္ႏွာထားမွာ အေတာ္ပုံမမွန္ေခ်။ သူကအနီးအနားပတ္ဝန္းက်င္အား လွည့္ပတ္ၾကည့္ရႈလိုသည့္ဆႏၵကို ႀကိဳးစားဖိႏွိပ္ထားရာ စကားပင္ေျဖာင့္ေျဖာင့္မေျပာနိုင္ေခ်။ "ကြၽန္ေတာ္...ကြၽန္ေတာ္ အိပ္ရာထေနာက္က်သြားလို႔။"
က်ားမိသားစု၏အိမ္ေတာ္ထိန္းက ဝူအားန်ိဳကို အကဲခတ္ကာ မ်က္ေမွာင္ၾကဳတ္သည္။ "မင္း ဘာျဖစ္ခဲ့တာလဲ။"
"ကြၽန္ေတာ္ ကြၽန္ေတာ္ ေရခ်ိဳးခန္းမွာေခ်ာ္လဲလို႔ ခါးနဲ႕ေျမႀကီးရိုက္မိသြားတယ္။ အဲ့ဒါကနာေနတုန္းပဲ။" ဝူအားန်ိဳက ျပန္ေျပာသည္။
အိမ္ေတာ္ထိန္းက သူ႕ကိုစက္ဆုပ္႐ြံရွာစြာ တစ္ခ်က္ၾကည့္ကာ အတြင္းအိတ္ကပ္ထဲမွ အိတ္တစ္အိတ္ကို စားပြဲေပၚသို႔တင္လိုက္သည္။ "ျမင္လား၊ ဒီမွာပိုက္ဆံ။ မင္းသိတာကို ငါ့ဆီေျပာျပတာနဲ႕ ပိုက္ဆံကမင္းဟာပဲ။"
ထိုသို႔ေငြအမ်ားအျပားကိုေတြ႕ေသာအခါ ဝူအားန်ိဳ အလိုအေလ်ာက္ တံေတြးမ်ိဳခ်လိဳက္ရာ အိမ္ေတာ္ထိန္းအား ပိုအထင္ေသးေစသည္။
"ျမန္ျမန္ေျပာ၊ ခ်ီတုံခ်တဳံ လုပ္မေနနဲ႕ေတာ့။ မင္းသိတာကိုေျပာျပရင္ ပိုက္ဆံကမင္းအပိုင္ပဲ။"
"အထူးဧည့္သည္တခ်ိဳ႕ တကယ္ေရာက္လာတယ္။ ကြၽန္ေတာ္နည္းနည္း စုံစမ္းထားတယ္။ သူတို႔က ဒုသခင္မႀကီးရဲ႕အမ်ိဳးေတြပါ။ သူတို႔ထဲကတစ္ေယာက္ဆို အရာရွိတစ္ေယာက္ရဲ႕သားတဲ့။" မေန႕ညက လင္းက်န္သူ႕အားေျပာခိုင္းလိုက္သည့္စကားကို ဝူအားန်ိဳမွ အိမ္ေတာ္ထိန္းထံေျပာလိုက္သည္။
ထိုေန႕က ယြီဝမ္ထုန္ႏွင့္သူ႕လူမ်ား ၿမိဳ႕ထဲသို႔ဝင္လာသည္ကို တစ္စုံတစ္ေယာက္ကျမင္လိုက္ရာ သူဝန္ခံလိုက္ရမည္ပင္။ သူတို႔က ဖုခ်ိဳက္ေဝ၏ေဆြမ်ိဳးမ်ားျဖစ္သည္ဟု ေျပာလိုက္ျခင္းမွာ လက္ေတြ႕က်သည္။
"ဘယ္အရာရွိလဲ၊ တိတိက်က်ေျပာစမ္းပါ။" က်ားမိသားစု၏အိမ္ေတာ္ထိန္းက ေမးခြန္းထပ္ေမးသည္။
"ကြၽန္ေတာ္မသိဘူး။ အဲ့ဒိလူေတြက စံအိမ္ထဲမွာ ရက္နည္းနည္းေလာက္ေနခဲ့တယ္။ ေနာက္ေတာ့ သူတို႔ရဲ႕အိမ္မွာ အေရးႀကီးကိစၥေပၚလာတယ္ဆိုၿပီး တစ္ေယာက္ကလာေျပာလို႔ ညဘက္ႀကီးျပန္သြားၾကတယ္။ သူတို႔ကို ဧည့္ခံတာ သခင္ေလးပဲ။ ကြၽန္ေတာ္တို႔ေတြက သခင္ေလးရဲ႕ၿခံထဲကိုမဝင္ရဲဘူး။" ဝူအားန်ိဳက ခပ္႐ြံ႕႐ြံ႕ေျဖသည္။
က်ားမိသားစု၏အိမ္ေတာ္ထိန္းက စိတ္မရွည္ေတာ့ေပ။ "မင္းက ဘာမွအသုံးမက်ဘဴး။ မင္း သိတာ ဒါအကုန္ပဲလား။ အဲ့လူက ဘယ္သူလဲဆိုတာကိုေတာင္ မင္းရွာမေတြ႕ခဲ့ဘူး။"
"ကြၽန္ေတာ္သိတာ ဒါအကုန္ပဲ။"
"သူတို႔ေတြက အဲ့ေန႕မနက္မွာ ၿမိဳ႕ထဲဝင္လာတဲ့လူေတြဆိုတာ ေသခ်ာလား။"
ဝူအားန်ိဳက ေခါင္းညွိတ္သည္။ "ေသခ်ာတယ္။ သူတို႔က လြဲၿပီး ဘယ္ဧည့္သည္မွမလာဘူး။ ညအိပ္လာေနတဲ့လူဆို ပိုေတာင္နည္းေသးတယ္။"
"သူတို႔ ဘယ္ညတုန္းက ျပန္သြားတာလဲ။"
"လြန္ခဲ့တဲ့ရွစ္ရက္က။"
လြန္ခဲ့တဲ့ရွစ္ရက္ကလား။ အိမ္ေတာ္ထိန္း၏မ်က္လုံးထဲမွအၾကည့္က ႐ုတ္တရက္ေျပာင္းလဲသြားသည္။ ထိုညမွာ သူ႕သခင္ႀကီး ျပန္ေပးဆြဲခံရကာ စားေသာက္ဆိုင္တြင္ခ်န္ထားခံရသည့္ညပင္။
'ငါ သိသားပဲ။ အဲ့ဒါ လင္းမိသားစုကလူေတြ လုပ္ခဲ့တာ။ အဲ့လူေတြက အဲ့လိုလုပ္ၿပီးေတာ့ တျခားလူေတြရွာေတြ႕သြားမွာကိုေၾကာက္လို႔ ၿမိဳ႕ကေနထြက္သြားၾကတာ။' အိမ္ေတာ္ထိန္းကေတြးသည္။
က်ားမိသားစု၏အိမ္ေတာ္ထိန္းက အမွန္တရားအား ရွာေတြ႕လိုက္သည္ဟုယုံၾကည္ကာ ဝူအားန်ိဳထံအိတ္ထိုးေပးၿပီး ေလးနက္ေသာေလသံျဖင့္ေမးသည္။ "ဒီဟာကလြဲၿပီး လင္းမိသားစုမွာ တျခားကိစၥျဖစ္ေသးလား။ ငါအေသးစိတ္သိခ်င္တယ္။"
"ကြၽန္ေတာ္...ကြၽန္ေတာ္က စားဖိုေဆာင္မွာ လက္တိုလက္ေတာင္းလုပ္ရတဲ့လူပါ။ စားဖိုေဆာင္ကလြဲၿပီး တျခားေနရာကို ႀကီးၾကပ္ရဲ႕ခြင့္ျပဳခ်က္မရဘဲ ကြၽန္ေတာ္သြားလို႔မရဘူး။ စံအိမ္ရဲ႕တျခားေနရာေတြမွာ ဘာျဖစ္ေနတယ္ဆိုတာ ကြၽန္ေတာ္တကယ္မသိဘူး။" ဝူအားန်ိဳ ေၾကာက္စိတ္မႊန္ေနသည္။
'ဒီလိုေမးခြန္းမ်ိဳးကို ဘယ္လိုေျဖရမလဲဆိုတာ သခင္ေလး ငါ့ကိုမေျပာထားဘူး။ ငါဘာေျပာသင့္လဲ။' သူစိုးရိမ္ပူပန္စြာေတြးမိသည္။