လျှို့ဝှက်တည်နေရာ
........................
ဤလက်နက်အပြည့်ဖြင့် ခြေလျင်တပ်အကူနှင့် ကျန်ချောင်း၏စစ်တပ်က ရန်သူ၏နယ်မြေကို ထောပတ်ခဲအား ဓားအပူဖြင့်ဖြတ်လိုက်သကဲ့သို့ ဝင်တိုးနိုင်လိုက်သည်။ နေ့တာကုန်ဆုံးသွားပြီးနောက် ထိုဓားပြများကို တောင်ထိပ်တွင် ချောင်ပိတ်ထားသည်။
တောင်ထိပ်တွင် သဘာဝချောက်နက်ကြီးရှိပြီး ယင်းကဓားပြများမှီခိုနိုင်သည့် နောက်ဆုံးအတားအဆီးပင်။ ယင်းပတ်လည်တွင် ထောင်ချောက်များ ထူထပ်စွာချထားရာ လက်နက်အပြည့်တပ်ဆင်ထားသောခြေလျင်တပ်ပင် ဆက်သွားရန်မလွယ်ချေ။
ကျန်ချောင်းနှင့် သူ့လူများက တောင်ထပ်ကို ပတ်ပတ်လည်ဝိုင်းထားသည်။ ထို့နောက် သူကဓားပြများအရှုံးပေးရန် စစ်သားတစ်ယောက်ကို အော်ခိုင်းလိုက်သည်။
"ဖွီ၊ ငါတို့ဘယ်နည်းနဲ့မှ အရှုံးမပေးဘူး။ ငါ့အသက်နဲ့လဲရရင်တောင် ကျန်ချောင်းရဲ့ခေါင်းကိုဖြတ်မယ်။"
အသက်ရှင်နေသေးသောဓားပြများက အခွင့်ရလျှင် ကျန်ချောင်း၏သွေးကိုသောက်ကာ အသားကိုအရှင်လတ်လတ် စားပစ်ချင်လောက်အောင် မုန်းတီးနေကြသည်။ မျှော်လင့်ချက်ကင်းမဲ့စွာ အကျပ်ရိုက်နေကြသော်လည်း ဤတောပုန်းများထဲမှ မည်သူမျှအရှုံးပေးရန် ဆန္ဒမရှိချေ။ တိုက်ခိုက်နေကြသောနှစ်ဖက်လူများမှာ တောင်ထိပ်တွင် ချောင်ပိတ်ရင်ဆိုင်နေကြသည်။
"တပ်မှူး၊ ကျွန်တော်တို့ သူတို့ကို အခုချက်ချင်း တရကြမ်းတိုက်ခိုက်ရမလား၊ ဒါမှမဟုတ် စစ်တပ်နဲ့ဝိုင်းထားပြီး သူတို့ရိက္ခာပြတ်သွားမှာကို စောင့်ရမလား။"
"သူတို့ကို စစ်တပ်နဲ့ဝိုင်းထားရမယ်ဟုတ်လား။ ငါ့မှာ အဲ့လောက်အချိန်မရှိဘူး။ ခေါင်းဆောင်တွေအားလုံးကို သွားခေါ်လိုက်။ ငါတို့ဗျူဟာတစ်ခုချပြီး ရန်သူရဲ့နေရာကို စီးနင်းတိုက်ခိုက်မယ်။"
"ဒါပေမဲ့ ကျွန်တော်တို့အဲ့လိုလုပ်ရင် အထိအခိုက်များနိုင်ပါတယ်။"
ဤစကားကိုကြားသေယအခါ ကျန်ချောင်းက စဉ်းလဲစွာပြုံးသည်။ "ငါလိုချင်တာ အဲ့ဒိရလဒ်ပဲလေ။ ဧကရာဇ်က ငါ့ရဲ့အဆိုပြုလွှာကို မကြာသေးခင်ကမှ ပယ်ချလိုက်တာ။ အခုသူ့ကို အဲ့ဒါရဲ့နောက်ဆက်တွဲတွေက ဘာလဲဆိုတာ ပြရမဲ့အခွင့်အရေးပဲ။ ငါ့စစ်တပ်နဲ့စခန်းကို ချဲ့ဖို့ သူကိုယ်တိုင်လိုလိုလားလား ခွင့်ပြုစေရမယ်။"
ကျန်ချောင်း၏မျက်နှာထားနှင့်ပြောစကားကြောင့် သူ့လက်အောက်ငယ်သား ကျောစိမ့်သွားကာ အကြည့်မဆုံရဲတော့ပေ။ "ဟုတ်ကဲ့ပါ၊ တပ်မှူး။"
ထိုညတွင် လီတောင်တစ်တောင်လုံးပေါ်၌ မီးတိုင်များအနှံ့ထွန်းထားသည်။ ထန်းယန်တွင်နေထိုင်ကြသူများအားလုံး ၎င်းကိုထင်ရှားစွာမြင်နိုင်သည်။
ထောင်ဖန်းနှင့်လင်းကျောက်ဝမ်တို့က တောင်ဘက်တံခါးမျှော်စင်ပေါ်၌ ရှိနေသေးပြီး လီတောင်ကို သေချာကြည့်နေကြသည်။
ထောင်ဖန်းကပြောသည်။ "ကင်းထောက်တွေပြောတဲ့သတင်းအရဆို ဒီနေ့မနက်အစောပိုင်းမှာ ဓားပြခေါင်းဆောင်တွေအများကြီး နယ်စောင့်တပ်စခန်းဆီလာပြီး ကျန်ချောင်းကိုလက်ဆောင်တွေလာဆက်သပေမဲ့ အဲ့လိုမလုပ်တဲ့ဓားပြတွေလည်းရှိတယ်။ အဲ့လိုမလုပ်တဲ့ဓားပြတွေက အခုလီတောင်ပေါ်မှာ။"
လင်းကျောက်ဝမ်အံ့ဩသွားသည်။ "အားလုံးက သူ့ကိုလက်ဆောင်မပို့တာကြောင့်နဲ့လား။ ကျန်ချောင်းက ဘာတွေတွေးနေတာလဲ။"
"သူလိုချင်တဲ့လက်ဆောင်က ငွေတုံးတစ်သောင်းလေ။"
လင်းကျောက်ဝမ်က အလွန်အံ့ဩကာဆိုသည်။ "ငွေတုံးတစ်သောင်းတောင်လား။ ဒါတော်တော်များတာပဲ။ ကျန်ချောင်းက ဘာလို့ ဒီဓားပြတွေ ဒီလောက်ပေးရမယ်ဆိုပြီး ရုတ်တရက် တောင်းဆိုရတာလဲ။"
သဘာဝကျစွာပင် ထောင်ဖန်းတွင် ဤမေးခွန်းအတွက် အဖြေမရှိပေ။ သူသာ အကြောင်းပြချက်ကို သိနေလျှင် ဤမျှဦးနှောက်ခြောက်မည်မဟုတ်ပေ။
လင်းကျန်က ခေတ္တမျှတွေးပြီးနောက် ပြောလိုက်သည်။ "အရာရှိကြီး၊ ကျွန်တော်အိမ်ပြန်ပြီး ဒီကိစ္စကို အဖေနဲ့တိုင်ပင်ချင်ပါတယ်။"
ထောင်ဖန်းကခေါင်းညှိတ်သည်။
လင်းကျောက်ဝမ်က အိမ်သို့အမြန်ပြန်သွားသည်။သို့သော် သူက လင်းရှင်းကျုံ၏ခြံသို့သွားမည့်အစား ဝါးစိမ်းစံအိမ်သို့ဦးတည်သွားသည်။
"ဒုသခင်ကြီးလင်း" အစောင့်မှာ သူ့ကိုတွေ့ရသည့်အတွက် အတော်အံ့ဩနေသည်။
"ငါ စစ်သူကြီးနဲ့ တိုင်ပင်စရာရှိတယ်။ စစ်သူကြီးများ အချိန်အဆင်ပြေမလား။"
"အားနာပါတယ်၊ ဒုသခင်ကြီးလင်း။ စစ်သူကြီးက အခုလေးတင်ထွက်သွားတာဆိုတော့ အခုမရှိသေးပါဘူး။ ဒါပေမဲ့ ဒီမှာသခင်လေးလင်းရှိပါတယ်။ ဒုသခင်ကြီး သူနဲ့တွေ့ချင်ပါသလား။"
ဤတုံ့ပြန်မှုကြောင့် လင်းကျောက်ဝမ် အနည်းငယ်မှင်တက်သွားသည်။ ထို့နောက် သူကခေါင်းညှိတ်သည်။ "ကောင်းပြီ။"
အခန်းထဲသို့ လင်းကျောက်ဝမ်ဝင်လာသောအခါ လင်းကျန်က ယွီဝမ်ထုန်၏စားပွဲနောက်တွင်ထိုင်၍ တစ်ခုခုဖတ်နေသည်ကိုတွေ့လိုက်ရသည်။ ပီတိဖြစ်နေသည့်လင်းကျန်က သူရောက်လာသည်ကိုပင် သတိမထားမိချေ။
"ကျန်အာ။"
လင်းကျန်ခေါင်းမော့ကြည့်လိုက်သောအခါ ရောက်လာသူကို တွေ့လိုက်ရသည်။ သူကအမြန်ထရပ်ကာ လျှောက်လာသည်။ "ဦးလေး ဒီကိုဘာလို့ရောက်လာတာလဲ။"
လင်းကျောက်ဝမ်မှာ အံ့အားသင့်၍ နှုတ်ခမ်းများ ဆတ်ခနဲတွန့်သွားသည်။ 'ကောင်ဆိုးလေးကတော့၊ သူက ဒီအိမ်ရဲ့ ပိုင်ရှင်ကျနေတာပဲ။ ဒါကိုတောင် ငါ့ကိုအပြင်လူလိုမျိုး သဘောမထားပါဘူးဆိုပြီး အဲ့နေ့ကပြောသွားသေးတယ်။"
"စစ်သူကြီးဘယ်မှာလဲ။ မင်းက ဒီမှာ ဘာလို့တစ်ယောက်တည်းဖြစ်နေရတာလဲ။ ပြီးတော့ မင်းသူ့စားပွဲပေါ်ကဟာတွေကို ဘာလို့ဖွနေတာလဲ။ သူသာသိသွားရင်..."
"ဦးလေး" လင်းကျန်က ပြုံးကာ သု့ဦးလေး၏စကားကို အမြန်ဖြတ်ပြောသည်။ "အဲ့ဒါတွေက မြေပုံလေးတွေပါပဲ။ ယွီဝမ်ထုန်က ကျွန်တော့်ကို ဒါတွေကြည့်ခွင့်ပေးထားတယ်။"
လင်းကျောက်ဝမ်က လင်းကျန်ကိုခေတ္တမျှကြည့်ပြီးနောက် ပြောသည်။ "အဲ့လိုလား။ သူက အရေးကြီးအချက်အလက်တွေကို သိမ်းထားတဲ့ သူ့စာကြည့်ခန်းထဲမှာ မင်းကိုနေခွင့်ပြုတဲ့အထိ တကယ်ယုံတယ်ပေါ့။" လင်းကျန်မှာ ရှက်၍ပြောစရာမဲ့နေသည်။
"ဦးလေး၊ ကျွန်တော်က မကောင်းတာလုပ်တော့မလိုမျိုး ဟန်ဆောင်နေတာ တော်ပေးပါလား။ ဦးလေး ဘယ်သူ့ဦးလေးလဲ။ ကျွန်တော်လား၊ ယွီဝမ်ထုန်လား။"
လင်းကျောက်ဝမ်က ရယ်မောကာ ထိုင်ခုံတစ်ခုတွင် ထိုင်သည်။ "အင်းပါ၊ ငါ စစ်သူကြီးရဲ့ဦးလေးအဖြစ် မခံယူရဲပါဘူး။"
လင်းကျန်က သူ့ဘေးတွင်ထိုင်သည်။ "ဦးလေး ဒီကိုလာတာ ကျွန်တော်နဲ့စကားပြောဖို့လား၊ ယွီဝမ်ထုန်နဲ့စကားပြောဖို့လား။"
"ငါဒီကို စစ်သူကြီးနဲ့တွေ့ဖို့လာတာ၊ ဒါပေမဲ့ သူအထဲမှာမရှိဘူးလို့ အစောင့်ကပြောတယ်။"
"ဟုတ်တယ်။ သူအခုလေးတင်ထွက်သွားတာ။ သူချက်ချင်းဖြေရှင်းရမဲ့ အရေးကြီးကိစ္စရှိပုံပဲ။"
လင်းကျောက်ဝမ်က ခေါင်းညှိတ်သည်။ ထို့နောက် သူကလင်းကျန်အားကြည့်ကာ ပြောထွက်လုနီးနီးစကားများကို ပြန်ထိန်းလိုက်သည်။
"ဦးလေးမှာ ပြောစရာရှိရင် ပြောသာပြောလိုက်ပါ။ ကျွန်တော်က ဦးလေးရဲ့တူလေ။ ဦးလေး ကျွနိတော်နဲ့ပက်သက်ပြီး မပွင့်မလင်းဖြစ်နေစရာမလိုပါဘူး။"
လင်းကျောက်ဝမ်က အရှေ့သို့ကိုင်းကာ အသံတိုး၍မေးသည်။ "မင်းနဲ့စစ်သူကြီးရဲ့ ဆက်ဆံရေးက ဘယ်လိုနေလဲ။"
လင်းကျန်မှာ မျက်ဆန်လှည့်ချင်စိတ်ကို မနည်းထိန်းထားရသည်။ 'ထပ်ပြီး ဒီလိုမေးခွန်းပဲလား၊ ဦးလေးရယ်။ ဘာလို့ဒီအတိုင်းမလွှတ်ထားလိုက်တာလဲ။'
"အရင်အတိုင်း..အရင်အတိုင်းပါပဲ။ အတွေးမလွန်ပါနဲ့၊ ဦးလေးရာ။"
လင်းကျောက်ဝမ်က "အို့" ဟု သိသိသာသာရေရွတ်ကာ အလေးအနက်လေသံဖြင့်ပြောသည်။ "ငါပြောနိုင်တာကတော့ သူမင်းကို အင်မတန်ယုံပြီး လုံးဝသံသယမထားဘူး။ ဒါတွေက တော်တော်အားကောင်းတဲ့အချစ်ပဲ။ မင်းရဲ့ ဆုံးဖြတ်ချက်က ဘာပဲဖြစ်ဖြစ် လိမ္မာသိုသိပ်မယ်လို့ မင်းဦးလေး၊ငါကမျှော်လင့်တယ်။"
လင်းကျန်က ခေတ္တမျှတိတ်နေပြီးနောက် ခေါင်းညှိတ်သည်။ "ဦးလေး စိတ်ချပါ။ ကျွန်တော် ဘယ်သူ့ကို ဘယ်အချိန်မှာ ကျေးဇူးတင်ရမလဲဆိုတာ သိပါတယ်။"
"ငါတော်တော် စိတ်အေးသွားပြီ။" လင်းကျောက်ဝမ်က စိတ်ချသွားပုံပေါ်ကာ မေးခွန်းထပ်မေးသည်။ "ကျန်ချောင်းက ဟိုဓားပြတွေနဲ့ လီတောင်ပေါ်မှာ ရုတ်တရက်ထတိုက်နေတာကို မင်းကြားပြီးပြီ မဟုတ်လား။"
လင်းကျန်က ခေါင်းညှိတ်သည်။ "ကျွန်တော် ကြားပြီးပြီ။"
လင်းကျန်တည်ငြိမ်နေသည်ကို တွေ့သောအခါ လင်းကျောက်ဝမ်ကတွေးသည်။ 'သူတစ်ခုခု သိထားရမယ်။' ထို့ကြောင့် သူမေးလိုက်သည်။ "မင်း အဲ့လိုဖြစ်ရတဲ့ အကြောင်းရင်းကိုသိလား။"
သူ့ဦးလေးဘာကြောင့်ရောက်လာကြောင်း ဤစကားကိုကြားသောအခါ လင်းကျန်နားလည်လိုက်သည်။ သူက သဘောကျကာ ပြောလိုက်သည်။ "ကျွန်တော်က ယွီဝမ်ထုန်ရဲ့ယုံကြည်မှုနဲ့ ထိုက်တန်အောင်လုပ်ရမယ်ဆိုပြီး ဦးလေးပြောထားတယ်မဟုတ်လား။ ကျွန်တော့်ကို ဒါတွေအားလုံးပြောပြထားတဲ့လူက ယွီဝမ်ထုန်လေ။ ကျွန်တော် ဦးလေးဆီ အဲ့ဒါတွေပြောပြလိုက်ရင် သစ္စာဖောက်တာမဟုတ်ဘူးလား။"
လင်းကျောက်ဝမ်က တောက်ခေါက်ကာပြောသည်။ "မင်းဦးလေးရှေ့မှာ စကားကိုကတ်သတ်ပြောနေတာရပ်စမ်းပါ။ ဘယ်မေးခွန်းတွေကို ငါမေးလို့ရတယ်ဆိုတာနဲ့ ဘယ်ဟာတွေကိုတော့ မေးလို့မရဘူးဆိုတာ သေချာသိတယ်။ ငါ့ကို မင်းသိတာတွေသာ ပြောစမ်းပါ။"
လင်းကျန်ကပြုံးသည်။ ယွီဝမ်ထုန်မှ ဓားပြများ၏ ငွေများကိုခိုးသည့်ကိစ္စနှင့် ဤကိစ္စတွင် ယွိဝမ်ထုန်၏အခန်းကဏ္ဍ ကဲ့သို့သောအရာမျိုးကို သူတကယ်ဖွင့်မပြောသင့်သော်လည်း ကျန်ချောင်းနှင့်ထိုဓားပြများအကြား သဘောထားကွဲလွဲရသည့်အကြောင်းရင်းတော့ မပါချေ။
"ဦးလေးလုကိုသတ်သွားတဲ့ လူသတ်သမားလွတ်နေတာ အတော်ကြာပြီဆိုတော့ ကျန်ချောင်းသောကရောက်ပြီး အဲ့ဓားပြတွေကို ဖိအားပေးတာ..."
လင်းကျန်က ထိုဓားပြများအား ကျန်ချောင်းမှတိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်ရသည့်အကြောင်းရင်းကို အကြမ်းဖျင်းပြောပြလိုက်သည်။
"ဒီဓားပြတွေက သူ့ကိုအရှက်ခွဲတယ်ဆိုပြီး ကျန်ချောင်းထင်နေသလို ဓားပြတွေကလည်း ကျန်ချောင်းရဲ့တောင်းဆိုချက်က လက်မခံနိုင်စရာလို့ ထင်ပြီး ထိပ်တိုက်တွေ့ကြတော့တာပဲ။"
ရှင်းပြချက်ကိုကြားပြီးနောက် လင်းကျောက်ဝမ်အလင်းပေါက်သွားသည်။ သူက အရူးမဟုတ်ရာ သူ မမေးသင့်သည့်အသေးစိတ်အချက်အလက်များ ရှိလောက်ကြောင်းသိ၍ မေးခွန်းထပ်မမေးတော့ဘဲ ပြောသည်။ "ကျန်ချောင်းက ဒီလိုပြတ်ပြတ်သားသားတိုက်ခိုက်တာ မထူးဆန်းတော့ဘူး။ ဒါငါတို့နဲ့ တစ်ခုခုပက်သက်နေတာကိုး။"
သူတို့က လုကွေ့၏သေဆုံးမှုကို ကူညီတုပပေးသူများဖြစ်ရာ 'လူသတ်သမား' တကယ်ရှိသလားဆိုသည်ကို ကောင်းကောင်းသိနေသည်။
လင်းကျောက်ဝမ်က ကျန်ချောင်းနဲ့ထိုဓားပြများ၏တိုက်ပွဲကို တွေ့ရသည့်အတွက် အလွန်ပျော်သည်။
"ဦးလေး မျှော်စင်ပေါ်မှာ တစ်နေ့လုံးရပ်နေခဲ့တာလား။" လင်းကျန်က ဦးလေးဖြစ်သူကို စိုးရိမ်ပူပန်စွာကြည့်သည်။
"ငါ အဆင်ပြေပါတယ်။ ငါက အဲ့မှာတကယ်မတ်တပ်ရပ်နေမယ်လို့ မင်းမထင်လောက်ပါဘူးနော်။ အဲ့ဒိမှာ ထိုင်ခုံတွေရှိတယ်လေ။ အဲ့မှာထောင်ဖန်းလဲရှိသေးတယ်။ သူ့ကို အကြာကြီးစောင့်ခိုင်းထားလို့မကောင်းဘူး။ ငါပြန်သွားရမယ်။"
"ဦးလေး ညစာအရင် စားသွားပါလား။"
"ငတုံးလေး၊ ငါက ဘယ်လိုလုပ် အိမ်မှာညစာစားလို့ရမှာလဲ။ ငါသူတို့ကို စားစရာတွေ နှစ်ယောက်စာ ပြင်ခိုင်းထားပြီးပြီ။ ငါအဲ့ဒါတွေကို မျှော်စင်ဆီယူသွားပြီး ထောင်ဖန်းနဲ့အတူ ညစာစားလိုက်မယ်။"
လင်းကျန်က 'အော်' ဟုရွေရွတ်သည်။ သူ့ဦးလေး၏ဆိုလိုရင်းကို သူနားလည်သည်။
လင်းကျောက်ဝမ်က စံအိမ်တွင်ကြာကြာမနေဘဲ မကြာခင်ထွက်သွားသည်။
လင်းကျန်က ခေတ္တမျှတွေးတောနေပြီးနောက် ကိုယ်ပိုင်ခြံဝန်းသို့ပြန်သွားသည်။ ယနေ့က သူဆေးရည်စိမ်ရမည့်နေ့ပင်။ သူ့သွေးကြောများကို ကူညီရှင်းပေးမည့် ယွီဝမ်ထုန်မရှိသော်လည်း သူလုပ်သင့်သည်ကိုလုပ်ရမည်။
သူ့ခြံသို့ပြန်ရောက်သောအခါ ဆေးပင်များအား ရေချိုးကန်ထဲ၌ စိမ်ထားသည်မှာ ကြာပြီဖြစ်သည်။
လင်းကျန်က ရေချိုးခန်းထဲသို့ဝင်ကာ အဝတ်ချွတ်ပြီးနောက် ရေချိုးကန်ထဲသို့ဝင်လိုက်သည်။
*****
ထိုအချိန်တွင် ယွီဝမ်ထုန်က နယ်စောင့်တပ်စခန်း၌ ရောက်နေသည်။
"စစ်သူကြီး လက်နက်တွေအားလုံးကို သိမ်းဆည်းပြီးပါပြီ။ သူတို့က ဒီညမှာ ရွှေ့ပြောင်းလောက်ပါတယ်။"
ယွီဝမ်ထုန်က နယ်စောင့်တပ်စခန်းတစ်ဝိုက်ကို ကြည့်လိုက်သည်။ "လက်နက်အပြည့်တပ်ထားတဲ့ ခြေလျင်တပ်က ဒီနေ့ရုတ်တရက်ပေါ်လာတယ်။ သူတို့ ရှိနေတာကို ငါတို့အရင်ကလုံးဝသတိမထားမိဘူး။ ဒီတပ်စခန်းထဲမှာ တခြားလျှို့ဝှက်နေရာတွေ ရှိဦးမယ်။ ငါတို့အဲ့ဒါတွေကို ဒီညရှာရမယ်။"
"ဟုတ်ကဲ့ပါ၊ စစ်သူကြီး။"
"လက်နက်အလုပ်ရုံကို ကြည့်ကင်းချလိုက်။ ငါအဲ့ဒါတွေကို သွားရှာမယ်။"
"ကျွန်တော်တို့ လုပ်နိုင်ပါတယ်၊ စစ်သူကြီး။"
"ပါးစပ်ပိတ်ပြီး သွားတော့။"
သူ့ဘေးမှလူက ချက်ချင်း တိတ်သွားသည်။
ယွီဝမ်ထုန်က ဘာမှအထူးတလည်မလုပ်ချေ။ သူက နေရာတွင်ပင် ဝမ်းလျားမှောက်ကာ မြေကြီးကိုနားဖြင့်ကပ်၍ သေချာနားထောင်နေသည်။ ရေးရေးမျှသောမြေကြီးလှုပ်ရှားမှုပင် သူ့နားမှမလွတ်ချေ။
အမျိုးမျိုးသောအသံများကြားထဲတွင် တစ်နေရာရာမှ မူမမှန်သော ရေရွတ်သံအချို့ထွက်လာသည်။
ယွီဝမ်ထုန်ကက မတ်တပ်ရပ်ကာ အဝတ်ပေါ်မှအညစ်အကြေးများကို ခါချပြီး နယ်စောင့်တပ်စခန်း၏ လက်နက်တိုက်ရှိရာသို့ ကြည့်သည်။
လက်နက်တိုက်က အစောင့်တင်းကြပ်သော ကန့်သတ်နယ်မြေပင်။ တပ်စခန်းထဲမှ စစ်သားများပင် ခွင့်ပြုချက်မရှိဘဲ ထိုနေရာသို့အနားမကပ်ရဲပေ။ မည်သို့ပင်ဆိုစေ ညအမှောင်၏အကာအကွယ်အောက်တွင် ယွီဝမ်ထုန်ကလက်နက်တိုက်ထဲသို့ အလွယ်တကူဝင်သွားပြီး ဝမ်းလျားထပ်မှောက်ကာ အသံများကိုနားထောင်သည်။
ယခုတစ်ကြိမ်တွင် မူမမှန်သည့် ရေရွတ်သံများက ပိုထင်ရှားပြီး စကားသံအချို့ပင် ရောနေသည်။
'ဒီအောက်မှာ မြေအောက်ခန်းတစ်ခန်းရှိတယ်။ ငါမှန်းတဲ့အတိုင်းသာမှန်မယ်ဆိုရင် ဒီမြေအောက်ခန်းက လက်နက်အပြည့်တပ်ထားတဲ့ခြေလျင်တပ်ကို ဝှက်ထားတဲ့နေရာဖြစ်ရမယ်။ ဒါပေမဲ့ ငါဝင်ပေါက််ကိုရှာဝင်ပြီး အတည်ပြုရမယ်။' ယွီဝမ်ထုန်ကတွေးသည်။
ကံကောင်းစွာဖြင့် ယနေ့တွင် ကျန်ချောင်းက လက်နက်အပြည့်တပ်ထားသောခြေလျင်တပ်အား တောင်ပေါ်သို့ခေါ်သွားသည်။ မကြာခင်တွင် တဲများစွာထဲမှ ထူးခြားသောတဲတစ်ခုကို ယွီဝမ်ထုန်သတိထားမိသည်။ သာမန်အချိန်တွင် ဤနေရာမှာ စစ်သားအများအပြား လှည့်ပတ်သွားလာနေတတ်သောနေရာဖြစ်ရာ တစ်နေ့လုံးအချိန်ယူ၍ စောင့်ကြည့်ရေတွက်နေသူမှလွဲ၍ ဤတဲသို့ဝင်ထွက်နေသည့် စစ်သားအကြိမ်ရေ ကွာခြားကြောင်းမည်သူမှမပြောနိုင်ချေ။
'ဒီတဲက မြေအောက်ခန်းရဲ့ ဝင်ပေါက်ပဲ။' သူတွေးသည်။
ယွီဝမ်ထုန် ခေတ္တမျှ စောင့်ကြည့်နေစဉ်တွင် ထိုတဲထဲသို့ လူအချို့ ဝင်ထွက်နေသည်ကိုတွေ့ရသည်။ ဤလူများက သာမန်စစ်သားများကဲ့သို့ ဝတ်စားထားသော်လည်း သူတို့ခြေလှမ်းပုံအရ သာမန်စစ်သားနှင့်မတူပေ။
ဤအရာအားလုံးမှာ လက်နက်အပြည့်တပ်ဆင်ထားသော ခြေလျင်တပ်သားတိုင်း မလွဲမသွေ ပျိုးထောင်ရမည့် အကျင့်ပင်။
လက်နက်တိုက်အောက်တွင် လျှို့ဝှက်မြေအောက်ခန်းတစ်ခန်းရှိပြီး ယင်းမှာ လက်နက်အပြည့်တပ်ဆင်ထားသော ခြေလျင်တပ် ပုန်းခိုနေသည့် နေရာမှန်း ယွီဝမ်ထုန် ကိုးဆယ်ရာခိုင်နှုန်းသေချာသည်။
လက်နက်အလုပ်ရုံသို့ပြန်ရောက်သောအခါ ယွီဝမ်ထုန်က ရုတ်တရက်ရပ်ကာ ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။
"မင်း ဒီမှာနေပြီး မျက်စိဒေါက်ထောက်ကြည့်နေ။ ငါမြို့ကို ပြန်ဦးမယ်။"
"ဟုတ်ကဲ့ပါ၊ စစ်သူကြီး။"
ယွီဝမ်ထုန်က နယ်စောင့်တပ်စခန်းမှအမြန်ထွက်လာကာ မြို့သို့တန်းပြန်သွားပြီး လင်းကျန်၏ခြံထဲ၌ ဆင်းလိုက်သည်။
အပြင်ဘက်တွင် စောင့်နေသောရှားဖုန်းမှာ လေထဲမှဆင်းလာသည့်လူကိုတွေ့ပြီးနောက် ကြက်သေသေသွားသည်။ ထိုလူမှာ ယွီဝမ်ထုန်မှန်း သူတွေ့သောအခါ မြန်မြန်အရိုအသေပေးသည်။ "အရာရှိယွီဝမ်။"
"လင်းကျန် အထဲဝင်သွားပြီလား။"
"ဟုတ်ပါတယ်။ သခင်လေးက အထဲမှာပါ။"
ယွီဝမ်ထုန်က မနားတော့ဘဲ အိမ်ထဲသို့ဝင်သွားကာ ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။
"ခင်ဗျား ဘာလို့အမြန်ပြန်ရောက်လာတာလဲ။"
ရေချိုးကန်ထဲမှ လင်းကျန်က ယွီဝမ်ထုန်နှင့်ရှားဖုန်းတို့ ပြောနေသောစကားများကို ကြားပြီးပြီပင်။ ယွီဝမ်ထုန်က နယ်စောင့်တပ်စခန်းသို့ သွားစုံစမ်းမည်ဟု သူသိထားရာ တစ်ညလုံးကြာလိမ့်မည်ဟု ထင်ခဲ့သည်။ ကျန်ချောင်းက နယ်စောင့်တပ်စခန်းထဲမှ တပ်သားအများအပြားကို ခေါ်ထုတ်သွားသည့်အတွက် ယင်းကရွှေအခွင့်အရေးပင်။ လင်းကျန်တွေးမိသည်။ 'သူဘာလို့ ရုတ်တရက်ပြန်လာတာလဲ။'
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
လွ်ို႔ဝွက္တည္ေနရာ
........................
ဤလက္နက္အျပည့္ျဖင့္ ေျခလ်င္တပ္အကူႏွင့္ က်န္ေခ်ာင္း၏စစ္တပ္က ရန္သူ၏နယ္ေျမကို ေထာပတ္ခဲအား ဓားအပူျဖင့္ျဖတ္လိုက္သကဲ့သို႔ ဝင္တိုးနိုင္လိုက္သည္။ ေန႕တာကုန္ဆုံးသြားၿပီးေနာက္ ထိုဓားျပမ်ားကို ေတာင္ထိပ္တြင္ ေခ်ာင္ပိတ္ထားသည္။
ေတာင္ထိပ္တြင္ သဘာဝေခ်ာက္နက္ႀကီးရွိၿပီး ယင္းကဓားျပမ်ားမွီခိုနိုင္သည့္ ေနာက္ဆုံးအတားအဆီးပင္။ ယင္းပတ္လည္တြင္ ေထာင္ေခ်ာက္မ်ား ထူထပ္စြာခ်ထားရာ လက္နက္အျပည့္တပ္ဆင္ထားေသာေျခလ်င္တပ္ပင္ ဆက္သြားရန္မလြယ္ေခ်။
က်န္ေခ်ာင္းႏွင့္ သူ႕လူမ်ားက ေတာင္ထပ္ကို ပတ္ပတ္လည္ဝိုင္းထားသည္။ ထို႔ေနာက္ သူကဓားျပမ်ားအရႈံးေပးရန္ စစ္သားတစ္ေယာက္ကို ေအာ္ခိုင္းလိုက္သည္။
"ဖြီ၊ ငါတို႔ဘယ္နည္းနဲ႕မွ အရႈံးမေပးဘူး။ ငါ့အသက္နဲ႕လဲရရင္ေတာင္ က်န္ေခ်ာင္းရဲ႕ေခါင္းကိုျဖတ္မယ္။"
အသက္ရွင္ေနေသးေသာဓားျပမ်ားက အခြင့္ရလွ်င္ က်န္ေခ်ာင္း၏ေသြးကိုေသာက္ကာ အသားကိုအရွင္လတ္လတ္ စားပစ္ခ်င္ေလာက္ေအာင္ မုန္းတီးေနၾကသည္။ ေမွ်ာ္လင့္ခ်က္ကင္းမဲ့စြာ အက်ပ္ရိုက္ေနၾကေသာ္လည္း ဤေတာပုန္းမ်ားထဲမွ မည္သူမွ်အရႈံးေပးရန္ ဆႏၵမရွိေခ်။ တိုက္ခိုက္ေနၾကေသာႏွစ္ဖက္လူမ်ားမွာ ေတာင္ထိပ္တြင္ ေခ်ာင္ပိတ္ရင္ဆိုင္ေနၾကသည္။
"တပ္မႉး၊ ကြၽန္ေတာ္တို႔ သူတို႔ကို အခုခ်က္ခ်င္း တရၾကမ္းတိုက္ခိုက္ရမလား၊ ဒါမွမဟုတ္ စစ္တပ္နဲ႕ဝိုင္းထားၿပီး သူတို႔ရိကၡာျပတ္သြားမွာကို ေစာင့္ရမလား။"
"သူတို႔ကို စစ္တပ္နဲ႕ဝိုင္းထားရမယ္ဟုတ္လား။ ငါ့မွာ အဲ့ေလာက္အခ်ိန္မရွိဘူး။ ေခါင္းေဆာင္ေတြအားလုံးကို သြားေခၚလိုက္။ ငါတို႔ဗ်ဴဟာတစ္ခုခ်ၿပီး ရန္သူရဲ႕ေနရာကို စီးနင္းတိုက္ခိုက္မယ္။"
"ဒါေပမဲ့ ကြၽန္ေတာ္တို႔အဲ့လိုလုပ္ရင္ အထိအခိုက္မ်ားနိုင္ပါတယ္။"
ဤစကားကိုၾကားေသယအခါ က်န္ေခ်ာင္းက စဥ္းလဲစြာၿပဳံးသည္။ "ငါလိုခ်င္တာ အဲ့ဒိရလဒ္ပဲေလ။ ဧကရာဇ္က ငါ့ရဲ႕အဆိုျပဳလႊာကို မၾကာေသးခင္ကမွ ပယ္ခ်လိဳက္တာ။ အခုသူ႕ကို အဲ့ဒါရဲ႕ေနာက္ဆက္တြဲေတြက ဘာလဲဆိုတာ ျပရမဲ့အခြင့္အေရးပဲ။ ငါ့စစ္တပ္နဲ႕စခန္းကို ခ်ဲ့ဖို႔ သူကိုယ္တိုင္လိုလိုလားလား ခြင့္ျပဳေစရမယ္။"
က်န္ေခ်ာင္း၏မ်က္ႏွာထားႏွင့္ေျပာစကားေၾကာင့္ သူ႕လက္ေအာက္ငယ္သား ေက်ာစိမ့္သြားကာ အၾကည့္မဆုံရဲေတာ့ေပ။ "ဟုတ္ကဲ့ပါ၊ တပ္မႉး။"
ထိုညတြင္ လီေတာင္တစ္ေတာင္လုံးေပၚ၌ မီးတိုင္မ်ားအႏွံ႕ထြန္းထားသည္။ ထန္းယန္တြင္ေနထိုင္ၾကသူမ်ားအားလုံး ၎ကိုထင္ရွားစြာျမင္နိုင္သည္။
ေထာင္ဖန္းႏွင့္လင္းေက်ာက္ဝမ္တို႔က ေတာင္ဘက္တံခါးေမွ်ာ္စင္ေပၚ၌ ရွိေနေသးၿပီး လီေတာင္ကို ေသခ်ာၾကည့္ေနၾကသည္။
ေထာင္ဖန္းကေျပာသည္။ "ကင္းေထာက္ေတြေျပာတဲ့သတင္းအရဆို ဒီေန႕မနက္အေစာပိုင္းမွာ ဓားျပေခါင္းေဆာင္ေတြအမ်ားႀကီး နယ္ေစာင့္တပ္စခန္းဆီလာၿပီး က်န္ေခ်ာင္းကိုလက္ေဆာင္ေတြလာဆက္သေပမဲ့ အဲ့လိုမလုပ္တဲ့ဓားျပေတြလည္းရွိတယ္။ အဲ့လိုမလုပ္တဲ့ဓားျပေတြက အခုလီေတာင္ေပၚမွာ။"
လင္းေက်ာက္ဝမ္အံ့ဩသြားသည္။ "အားလုံးက သူ႕ကိုလက္ေဆာင္မပို႔တာေၾကာင့္နဲ႕လား။ က်န္ေခ်ာင္းက ဘာေတြေတြးေနတာလဲ။"
"သူလိုခ်င္တဲ့လက္ေဆာင္က ေငြတုံးတစ္ေသာင္းေလ။"
လင္းေက်ာက္ဝမ္က အလြန္အံ့ဩကာဆိုသည္။ "ေငြတုံးတစ္ေသာင္းေတာင္လား။ ဒါေတာ္ေတာ္မ်ားတာပဲ။ က်န္ေခ်ာင္းက ဘာလို႔ ဒီဓားျပေတြ ဒီေလာက္ေပးရမယ္ဆိုၿပီး ႐ုတ္တရက္ ေတာင္းဆိုရတာလဲ။"
သဘာဝက်စြာပင္ ေထာင္ဖန္းတြင္ ဤေမးခြန္းအတြက္ အေျဖမရွိေပ။ သူသာ အေၾကာင္းျပခ်က္ကို သိေနလွ်င္ ဤမွ်ဦးႏွောက္ေျခာက္မည္မဟုတ္ေပ။
လင္းက်န္က ေခတၱမွ်ေတြးၿပီးေနာက္ ေျပာလိုက္သည္။ "အရာရွိႀကီး၊ ကြၽန္ေတာ္အိမ္ျပန္ၿပီး ဒီကိစၥကို အေဖနဲ႕တိုင္ပင္ခ်င္ပါတယ္။"
ေထာင္ဖန္းကေခါင္းညွိတ္သည္။
လင္းေက်ာက္ဝမ္က အိမ္သို႔အျမန္ျပန္သြားသည္။သို႔ေသာ္ သူက လင္းရွင္းက်ဳံ၏ၿခံသို႔သြားမည့္အစား ဝါးစိမ္းစံအိမ္သို႔ဦးတည္သြားသည္။
"ဒုသခင္ႀကီးလင္း" အေစာင့္မွာ သူ႕ကိုေတြ႕ရသည့္အတြက္ အေတာ္အံ့ဩေနသည္။
"ငါ စစ္သူႀကီးနဲ႕ တိုင္ပင္စရာရွိတယ္။ စစ္သူႀကီးမ်ား အခ်ိန္အဆင္ေျပမလား။"
"အားနာပါတယ္၊ ဒုသခင္ႀကီးလင္း။ စစ္သူႀကီးက အခုေလးတင္ထြက္သြားတာဆိုေတာ့ အခုမရွိေသးပါဘူး။ ဒါေပမဲ့ ဒီမွာသခင္ေလးလင္းရွိပါတယ္။ ဒုသခင္ႀကီး သူနဲ႕ေတြ႕ခ်င္ပါသလား။"
ဤတုံ႕ျပန္မႈေၾကာင့္ လင္းေက်ာက္ဝမ္ အနည္းငယ္မွင္တက္သြားသည္။ ထို႔ေနာက္ သူကေခါင္းညွိတ္သည္။ "ေကာင္းၿပီ။"
အခန္းထဲသို႔ လင္းေက်ာက္ဝမ္ဝင္လာေသာအခါ လင္းက်န္က ယြီဝမ္ထုန္၏စားပြဲေနာက္တြင္ထိုင္၍ တစ္ခုခုဖတ္ေနသည္ကိုေတြ႕လိုက္ရသည္။ ပီတိျဖစ္ေနသည့္လင္းက်န္က သူေရာက္လာသည္ကိုပင္ သတိမထားမိေခ်။
"က်န္အာ။"
လင္းက်န္ေခါင္းေမာ့ၾကည့္လိုက္ေသာအခါ ေရာက္လာသူကို ေတြ႕လိုက္ရသည္။ သူကအျမန္ထရပ္ကာ ေလွ်ာက္လာသည္။ "ဦးေလး ဒီကိုဘာလို႔ေရာက္လာတာလဲ။"
လင္းေက်ာက္ဝမ္မွာ အံ့အားသင့္၍ ႏႈတ္ခမ္းမ်ား ဆတ္ခနဲတြန့္သြားသည္။ 'ေကာင္ဆိုးေလးကေတာ့၊ သူက ဒီအိမ္ရဲ႕ ပိုင္ရွင္က်ေနတာပဲ။ ဒါကိုေတာင္ ငါ့ကိုအျပင္လူလိုမ်ိဳး သေဘာမထားပါဘူးဆိုၿပီး အဲ့ေန႕ကေျပာသြားေသးတယ္။"
"စစ္သူႀကီးဘယ္မွာလဲ။ မင္းက ဒီမွာ ဘာလို႔တစ္ေယာက္တည္းျဖစ္ေနရတာလဲ။ ၿပီးေတာ့ မင္းသူ႕စားပြဲေပၚကဟာေတြကို ဘာလို႔ဖြေနတာလဲ။ သူသာသိသြားရင္..."
"ဦးေလး" လင္းက်န္က ၿပဳံးကာ သု႔ဦးေလး၏စကားကို အျမန္ျဖတ္ေျပာသည္။ "အဲ့ဒါေတြက ေျမပုံေလးေတြပါပဲ။ ယြီဝမ္ထုန္က ကြၽန္ေတာ့္ကို ဒါေတြၾကည့္ခြင့္ေပးထားတယ္။"
လင္းေက်ာက္ဝမ္က လင္းက်န္ကိုေခတၱမွ်ၾကည့္ၿပီးေနာက္ ေျပာသည္။ "အဲ့လိုလား။ သူက အေရးႀကီးအခ်က္အလက္ေတြကို သိမ္းထားတဲ့ သူ႕စာၾကည့္ခန္းထဲမွာ မင္းကိုေနခြင့္ျပဳတဲ့အထိ တကယ္ယုံတယ္ေပါ့။" လင္းက်န္မွာ ရွက္၍ေျပာစရာမဲ့ေနသည္။
"ဦးေလး၊ ကြၽန္ေတာ္က မေကာင္းတာလုပ္ေတာ့မလိုမ်ိဳး ဟန္ေဆာင္ေနတာ ေတာ္ေပးပါလား။ ဦးေလး ဘယ္သူ႕ဦးေလးလဲ။ ကြၽန္ေတာ္လား၊ ယြီဝမ္ထုန္လား။"
လင္းေက်ာက္ဝမ္က ရယ္ေမာကာ ထိုင္ခုံတစ္ခုတြင္ ထိုင္သည္။ "အင္းပါ၊ ငါ စစ္သူႀကီးရဲ႕ဦးေလးအျဖစ္ မခံယူရဲပါဘူး။"
လင္းက်န္က သူ႕ေဘးတြင္ထိုင္သည္။ "ဦးေလး ဒီကိုလာတာ ကြၽန္ေတာ္နဲ႕စကားေျပာဖို႔လား၊ ယြီဝမ္ထုန္နဲ႕စကားေျပာဖို႔လား။"
"ငါဒီကို စစ္သူႀကီးနဲ႕ေတြ႕ဖို႔လာတာ၊ ဒါေပမဲ့ သူအထဲမွာမရွိဘူးလို႔ အေစာင့္ကေျပာတယ္။"
"ဟုတ္တယ္။ သူအခုေလးတင္ထြက္သြားတာ။ သူခ်က္ခ်င္းေျဖရွင္းရမဲ့ အေရးႀကီးကိစၥရွိပုံပဲ။"
လင္းေက်ာက္ဝမ္က ေခါင္းညွိတ္သည္။ ထို႔ေနာက္ သူကလင္းက်န္အားၾကည့္ကာ ေျပာထြက္လုနီးနီးစကားမ်ားကို ျပန္ထိန္းလိုက္သည္။
"ဦးေလးမွာ ေျပာစရာရွိရင္ ေျပာသာေျပာလိုက္ပါ။ ကြၽန္ေတာ္က ဦးေလးရဲ႕တူေလ။ ဦးေလး ကြၽနိေတာ္နဲ႕ပက္သက္ၿပီး မပြင့္မလင္းျဖစ္ေနစရာမလိုပါဘူး။"
လင္းေက်ာက္ဝမ္က အေရွ႕သို႔ကိုင္းကာ အသံတိုး၍ေမးသည္။ "မင္းနဲ႕စစ္သူႀကီးရဲ႕ ဆက္ဆံေရးက ဘယ္လိုေနလဲ။"
လင္းက်န္မွာ မ်က္ဆန္လွည့္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။ 'ထပ္ၿပီး ဒီလိုေမးခြန္းပဲလား၊ ဦးေလးရယ္။ ဘာလို႔ဒီအတိုင္းမလႊတ္ထားလိုက္တာလဲ။'
"အရင္အတိုင္း..အရင္အတိုင္းပါပဲ။ အေတြးမလြန္ပါနဲ႕၊ ဦးေလးရာ။"
လင္းေက်ာက္ဝမ္က "အို႔" ဟု သိသိသာသာေရ႐ြတ္ကာ အေလးအနက္ေလသံျဖင့္ေျပာသည္။ "ငါေျပာနိုင္တာကေတာ့ သူမင္းကို အင္မတန္ယုံၿပီး လုံးဝသံသယမထားဘူး။ ဒါေတြက ေတာ္ေတာ္အားေကာင္းတဲ့အခ်စ္ပဲ။ မင္းရဲ႕ ဆုံးျဖတ္ခ်က္က ဘာပဲျဖစ္ျဖစ္ လိမၼာသိုသိပ္မယ္လို႔ မင္းဦးေလး၊ငါကေမွ်ာ္လင့္တယ္။"
လင္းက်န္က ေခတၱမွ်တိတ္ေနၿပီးေနာက္ ေခါင္းညွိတ္သည္။ "ဦးေလး စိတ္ခ်ပါ။ ကြၽန္ေတာ္ ဘယ္သူ႕ကို ဘယ္အခ်ိန္မွာ ေက်းဇူးတင္ရမလဲဆိုတာ သိပါတယ္။"
"ငါေတာ္ေတာ္ စိတ္ေအးသြားၿပီ။" လင္းေက်ာက္ဝမ္က စိတ္ခ်သြားပုံေပၚကာ ေမးခြန္းထပ္ေမးသည္။ "က်န္ေခ်ာင္းက ဟိုဓားျပေတြနဲ႕ လီေတာင္ေပၚမွာ ႐ုတ္တရက္ထတိုက္ေနတာကို မင္းၾကားၿပီးၿပီ မဟုတ္လား။"
လင္းက်န္က ေခါင္းညွိတ္သည္။ "ကြၽန္ေတာ္ ၾကားၿပီးၿပီ။"
လင္းက်န္တည္ၿငိမ္ေနသည္ကို ေတြ႕ေသာအခါ လင္းေက်ာက္ဝမ္ကေတြးသည္။ 'သူတစ္ခုခု သိထားရမယ္။' ထို႔ေၾကာင့္ သူေမးလိုက္သည္။ "မင္း အဲ့လိုျဖစ္ရတဲ့ အေၾကာင္းရင္းကိုသိလား။"
သူ႕ဦးေလးဘာေၾကာင့္ေရာက္လာေၾကာင္း ဤစကားကိုၾကားေသာအခါ လင္းက်န္နားလည္လိုက္သည္။ သူက သေဘာက်ကာ ေျပာလိုက္သည္။ "ကြၽန္ေတာ္က ယြီဝမ္ထုန္ရဲ႕ယုံၾကည္မႈနဲ႕ ထိုက္တန္ေအာင္လုပ္ရမယ္ဆိုၿပီး ဦးေလးေျပာထားတယ္မဟုတ္လား။ ကြၽန္ေတာ့္ကို ဒါေတြအားလုံးေျပာျပထားတဲ့လူက ယြီဝမ္ထုန္ေလ။ ကြၽန္ေတာ္ ဦးေလးဆီ အဲ့ဒါေတြေျပာျပလိုက္ရင္ သစၥာေဖာက္တာမဟုတ္ဘူးလား။"
လင္းေက်ာက္ဝမ္က ေတာက္ေခါက္ကာေျပာသည္။ "မင္းဦးေလးေရွ႕မွာ စကားကိုကတ္သတ္ေျပာေနတာရပ္စမ္းပါ။ ဘယ္ေမးခြန္းေတြကို ငါေမးလို႔ရတယ္ဆိုတာနဲ႕ ဘယ္ဟာေတြကိုေတာ့ ေမးလို႔မရဘူးဆိုတာ ေသခ်ာသိတယ္။ ငါ့ကို မင္းသိတာေတြသာ ေျပာစမ္းပါ။"
လင္းက်န္ကၿပဳံးသည္။ ယြီဝမ္ထုန္မွ ဓားျပမ်ား၏ ေငြမ်ားကိုခိုးသည့္ကိစၥႏွင့္ ဤကိစၥတြင္ ယြိဝမ္ထုန္၏အခန္းက႑ ကဲ့သို႔ေသာအရာမ်ိဳးကို သူတကယ္ဖြင့္မေျပာသင့္ေသာ္လည္း က်န္ေခ်ာင္းႏွင့္ထိုဓားျပမ်ားအၾကား သေဘာထားကြဲလြဲရသည့္အေၾကာင္းရင္းေတာ့ မပါေခ်။
"ဦးေလးလုကိုသတ္သြားတဲ့ လူသတ္သမားလြတ္ေနတာ အေတာ္ၾကာၿပီဆိုေတာ့ က်န္ေခ်ာင္းေသာကေရာက္ၿပီး အဲ့ဓားျပေတြကို ဖိအားေပးတာ..."
လင္းက်န္က ထိုဓားျပမ်ားအား က်န္ေခ်ာင္းမွတိုက္ခိုက္ရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္ရသည့္အေၾကာင္းရင္းကို အၾကမ္းဖ်င္းေျပာျပလိုက္သည္။
"ဒီဓားျပေတြက သူ႕ကိုအရွက္ခြဲတယ္ဆိုၿပီး က်န္ေခ်ာင္းထင္ေနသလို ဓားျပေတြကလည္း က်န္ေခ်ာင္းရဲ႕ေတာင္းဆိုခ်က္က လက္မခံနိုင္စရာလို႔ ထင္ၿပီး ထိပ္တိုက္ေတြ႕ၾကေတာ့တာပဲ။"
ရွင္းျပခ်က္ကိုၾကားၿပီးေနာက္ လင္းေက်ာက္ဝမ္အလင္းေပါက္သြားသည္။ သူက အ႐ူးမဟုတ္ရာ သူ မေမးသင့္သည့္အေသးစိတ္အခ်က္အလက္မ်ား ရွိေလာက္ေၾကာင္းသိ၍ ေမးခြန္းထပ္မေမးေတာ့ဘဲ ေျပာသည္။ "က်န္ေခ်ာင္းက ဒီလိုျပတ္ျပတ္သားသားတိုက္ခိုက္တာ မထူးဆန္းေတာ့ဘူး။ ဒါငါတို႔နဲ႕ တစ္ခုခုပက္သက္ေနတာကိုး။"
သူတို႔က လုေကြ႕၏ေသဆုံးမႈကို ကူညီတုပေပးသူမ်ားျဖစ္ရာ 'လူသတ္သမား' တကယ္ရွိသလားဆိုသည္ကို ေကာင္းေကာင္းသိေနသည္။
လင္းေက်ာက္ဝမ္က က်န္ေခ်ာင္းနဲ႕ထိုဓားျပမ်ား၏တိုက္ပြဲကို ေတြ႕ရသည့္အတြက္ အလြန္ေပ်ာ္သည္။
"ဦးေလး ေမွ်ာ္စင္ေပၚမွာ တစ္ေန႕လုံးရပ္ေနခဲ့တာလား။" လင္းက်န္က ဦးေလးျဖစ္သူကို စိုးရိမ္ပူပန္စြာၾကည့္သည္။
"ငါ အဆင္ေျပပါတယ္။ ငါက အဲ့မွာတကယ္မတ္တပ္ရပ္ေနမယ္လို႔ မင္းမထင္ေလာက္ပါဘူးေနာ္။ အဲ့ဒိမွာ ထိုင္ခုံေတြရွိတယ္ေလ။ အဲ့မွာေထာင္ဖန္းလဲရွိေသးတယ္။ သူ႕ကို အၾကာႀကီးေစာင့္ခိုင္းထားလို႔မေကာင္းဘူး။ ငါျပန္သြားရမယ္။"
"ဦးေလး ညစာအရင္ စားသြားပါလား။"
"ငတုံးေလး၊ ငါက ဘယ္လိုလုပ္ အိမ္မွာညစာစားလို႔ရမွာလဲ။ ငါသူတို႔ကို စားစရာေတြ ႏွစ္ေယာက္စာ ျပင္ခိုင္းထားၿပီးၿပီ။ ငါအဲ့ဒါေတြကို ေမွ်ာ္စင္ဆီယူသြားၿပီး ေထာင္ဖန္းနဲ႕အတူ ညစာစားလိုက္မယ္။"
လင္းက်န္က 'ေအာ္' ဟုေ႐ြ႐ြတ္သည္။ သူ႕ဦးေလး၏ဆိုလိုရင္းကို သူနားလည္သည္။
လင္းေက်ာက္ဝမ္က စံအိမ္တြင္ၾကာၾကာမေနဘဲ မၾကာခင္ထြက္သြားသည္။
လင္းက်န္က ေခတၱမွ်ေတြးေတာေနၿပီးေနာက္ ကိုယ္ပိုင္ၿခံဝန္းသို႔ျပန္သြားသည္။ ယေန႕က သူေဆးရည္စိမ္ရမည့္ေန႕ပင္။ သူ႕ေသြးေၾကာမ်ားကို ကူညီရွင္းေပးမည့္ ယြီဝမ္ထုန္မရွိေသာ္လည္း သူလုပ္သင့္သည္ကိုလုပ္ရမည္။
သူ႕ၿခံသို႔ျပန္ေရာက္ေသာအခါ ေဆးပင္မ်ားအား ေရခ်ိဳးကန္ထဲ၌ စိမ္ထားသည္မွာ ၾကာၿပီျဖစ္သည္။
လင္းက်န္က ေရခ်ိဳးခန္းထဲသို႔ဝင္ကာ အဝတ္ခြၽတ္ၿပီးေနာက္ ေရခ်ိဳးကန္ထဲသို႔ဝင္လိုက္သည္။
*****
ထိုအခ်ိန္တြင္ ယြီဝမ္ထုန္က နယ္ေစာင့္တပ္စခန္း၌ ေရာက္ေနသည္။
"စစ္သူႀကီး လက္နက္ေတြအားလုံးကို သိမ္းဆည္းၿပီးပါၿပီ။ သူတို႔က ဒီညမွာ ေ႐ႊ႕ေျပာင္းေလာက္ပါတယ္။"
ယြီဝမ္ထုန္က နယ္ေစာင့္တပ္စခန္းတစ္ဝိုက္ကို ၾကည့္လိုက္သည္။ "လက္နက္အျပည့္တပ္ထားတဲ့ ေျခလ်င္တပ္က ဒီေန႕႐ုတ္တရက္ေပၚလာတယ္။ သူတို႔ ရွိေနတာကို ငါတို႔အရင္ကလုံးဝသတိမထားမိဘူး။ ဒီတပ္စခန္းထဲမွာ တျခားလွ်ို႔ဝွက္ေနရာေတြ ရွိဦးမယ္။ ငါတို႔အဲ့ဒါေတြကို ဒီညရွာရမယ္။"
"ဟုတ္ကဲ့ပါ၊ စစ္သူႀကီး။"
"လက္နက္အလုပ္႐ုံကို ၾကည့္ကင္းခ်လိဳက္။ ငါအဲ့ဒါေတြကို သြားရွာမယ္။"
"ကြၽန္ေတာ္တို႔ လုပ္နိုင္ပါတယ္၊ စစ္သူႀကီး။"
"ပါးစပ္ပိတ္ၿပီး သြားေတာ့။"
သူ႕ေဘးမွလူက ခ်က္ခ်င္း တိတ္သြားသည္။
ယြီဝမ္ထုန္က ဘာမွအထူးတလည္မလုပ္ေခ်။ သူက ေနရာတြင္ပင္ ဝမ္းလ်ားေမွာက္ကာ ေျမႀကီးကိုနားျဖင့္ကပ္၍ ေသခ်ာနားေထာင္ေနသည္။ ေရးေရးမွ်ေသာေျမႀကီးလႈပ္ရွားမႈပင္ သူ႕နားမွမလြတ္ေခ်။
အမ်ိဳးမ်ိဳးေသာအသံမ်ားၾကားထဲတြင္ တစ္ေနရာရာမွ မူမမွန္ေသာ ေရ႐ြတ္သံအခ်ိဳ႕ထြက္လာသည္။
ယြီဝမ္ထုန္ကက မတ္တပ္ရပ္ကာ အဝတ္ေပၚမွအညစ္အေၾကးမ်ားကို ခါခ်ၿပီး နယ္ေစာင့္တပ္စခန္း၏ လက္နက္တိုက္ရွိရာသို႔ ၾကည့္သည္။
လက္နက္တိုက္က အေစာင့္တင္းၾကပ္ေသာ ကန့္သတ္နယ္ေျမပင္။ တပ္စခန္းထဲမွ စစ္သားမ်ားပင္ ခြင့္ျပဳခ်က္မရွိဘဲ ထိုေနရာသို႔အနားမကပ္ရဲေပ။ မည္သို႔ပင္ဆိုေစ ညအေမွာင္၏အကာအကြယ္ေအာက္တြင္ ယြီဝမ္ထုန္ကလက္နက္တိုက္ထဲသို႔ အလြယ္တကူဝင္သြားၿပီး ဝမ္းလ်ားထပ္ေမွာက္ကာ အသံမ်ားကိုနားေထာင္သည္။
ယခုတစ္ႀကိမ္တြင္ မူမမွန္သည့္ ေရ႐ြတ္သံမ်ားက ပိုထင္ရွားၿပီး စကားသံအခ်ိဳ႕ပင္ ေရာေနသည္။
'ဒီေအာက္မွာ ေျမေအာက္ခန္းတစ္ခန္းရွိတယ္။ ငါမွန္းတဲ့အတိုင္းသာမွန္မယ္ဆိုရင္ ဒီေျမေအာက္ခန္းက လက္နက္အျပည့္တပ္ထားတဲ့ေျခလ်င္တပ္ကို ဝွက္ထားတဲ့ေနရာျဖစ္ရမယ္။ ဒါေပမဲ့ ငါဝင္ေပါက္္ကိုရွာဝင္ၿပီး အတည္ျပဳရမယ္။' ယြီဝမ္ထုန္ကေတြးသည္။
ကံေကာင္းစြာျဖင့္ ယေန႕တြင္ က်န္ေခ်ာင္းက လက္နက္အျပည့္တပ္ထားေသာေျခလ်င္တပ္အား ေတာင္ေပၚသို႔ေခၚသြားသည္။ မၾကာခင္တြင္ တဲမ်ားစြာထဲမွ ထူးျခားေသာတဲတစ္ခုကို ယြီဝမ္ထုန္သတိထားမိသည္။ သာမန္အခ်ိန္တြင္ ဤေနရာမွာ စစ္သားအမ်ားအျပား လွည့္ပတ္သြားလာေနတတ္ေသာေနရာျဖစ္ရာ တစ္ေန႕လုံးအခ်ိန္ယူ၍ ေစာင့္ၾကည့္ေရတြက္ေနသူမွလြဲ၍ ဤတဲသို႔ဝင္ထြက္ေနသည့္ စစ္သားအႀကိမ္ေရ ကြာျခားေၾကာင္းမည္သူမွမေျပာနိုင္ေခ်။
'ဒီတဲက ေျမေအာက္ခန္းရဲ႕ ဝင္ေပါက္ပဲ။' သူေတြးသည္။
ယြီဝမ္ထုန္ ေခတၱမွ် ေစာင့္ၾကည့္ေနစဥ္တြင္ ထိုတဲထဲသို႔ လူအခ်ိဳ႕ ဝင္ထြက္ေနသည္ကိုေတြ႕ရသည္။ ဤလူမ်ားက သာမန္စစ္သားမ်ားကဲ့သို႔ ဝတ္စားထားေသာ္လည္း သူတို႔ေျခလွမ္းပုံအရ သာမန္စစ္သားႏွင့္မတူေပ။
ဤအရာအားလုံးမွာ လက္နက္အျပည့္တပ္ဆင္ထားေသာ ေျခလ်င္တပ္သားတိုင္း မလြဲမေသြ ပ်ိဳးေထာင္ရမည့္ အက်င့္ပင္။
လက္နက္တိုက္ေအာက္တြင္ လွ်ို႔ဝွက္ေျမေအာက္ခန္းတစ္ခန္းရွိၿပီး ယင္းမွာ လက္နက္အျပည့္တပ္ဆင္ထားေသာ ေျခလ်င္တပ္ ပုန္းခိုေနသည့္ ေနရာမွန္း ယြီဝမ္ထုန္ ကိုးဆယ္ရာခိုင္ႏႈန္းေသခ်ာသည္။
လက္နက္အလုပ္႐ုံသို႔ျပန္ေရာက္ေသာအခါ ယြီဝမ္ထုန္က ႐ုတ္တရက္ရပ္ကာ ေကာင္းကင္ေပၚသို႔ေမာ့ၾကည့္လိုက္သည္။
"မင္း ဒီမွာေနၿပီး မ်က္စိေဒါက္ေထာက္ၾကည့္ေန။ ငါၿမိဳ႕ကို ျပန္ဦးမယ္။"
"ဟုတ္ကဲ့ပါ၊ စစ္သူႀကီး။"
ယြီဝမ္ထုန္က နယ္ေစာင့္တပ္စခန္းမွအျမန္ထြက္လာကာ ၿမိဳ႕သို႔တန္းျပန္သြားၿပီး လင္းက်န္၏ၿခံထဲ၌ ဆင္းလိုက္သည္။
အျပင္ဘက္တြင္ ေစာင့္ေနေသာရွားဖုန္းမွာ ေလထဲမွဆင္းလာသည့္လူကိုေတြ႕ၿပီးေနာက္ ၾကက္ေသေသသြားသည္။ ထိုလူမွာ ယြီဝမ္ထုန္မွန္း သူေတြ႕ေသာအခါ ျမန္ျမန္အရိုအေသေပးသည္။ "အရာရွိယြီဝမ္။"
"လင္းက်န္ အထဲဝင္သြားၿပီလား။"
"ဟုတ္ပါတယ္။ သခင္ေလးက အထဲမွာပါ။"
ယြီဝမ္ထုန္က မနားေတာ့ဘဲ အိမ္ထဲသို႔ဝင္သြားကာ ေရခ်ိဳးခန္းတံခါးကို ဖြင့္လိုက္သည္။
"ခင္ဗ်ား ဘာလို႔အျမန္ျပန္ေရာက္လာတာလဲ။"
ေရခ်ိဳးကန္ထဲမွ လင္းက်န္က ယြီဝမ္ထုန္ႏွင့္ရွားဖုန္းတို႔ ေျပာေနေသာစကားမ်ားကို ၾကားၿပီးၿပီပင္။ ယြီဝမ္ထုန္က နယ္ေစာင့္တပ္စခန္းသို႔ သြားစုံစမ္းမည္ဟု သူသိထားရာ တစ္ညလုံးၾကာလိမ့္မည္ဟု ထင္ခဲ့သည္။ က်န္ေခ်ာင္းက နယ္ေစာင့္တပ္စခန္းထဲမွ တပ္သားအမ်ားအျပားကို ေခၚထုတ္သြားသည့္အတြက္ ယင္းကေ႐ႊအခြင့္အေရးပင္။ လင္းက်န္ေတြးမိသည္။ 'သူဘာလို႔ ႐ုတ္တရက္ျပန္လာတာလဲ။'