ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

1M 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

86

5K 758 9
By Vanilla_IceCream61

ကျားကျုံး၏ဒေါသ
........................

ဝါးစိမ်းစံအိမ်သို့ လင်းကျန်ပြန်ရောက်သောအခါ ကျန်းလျှိုမရှိတော့ပေ။ ထို့ကြောင့် သူကယွီဝမ်ထုန်ကိုမေးလိုက်သည်။ "ခင်ဗျားတို့ ပြောပြီးပြီလား။ အစောင့်ကျန်း ဘယ်ရောက်သွားတာလဲ။"

"သူအခန်းထဲမှာ အနားယူဖို့ ကိုယ် ယောင်ရိကို ခေါ်သွားခိုင်းလိုက်တယ်။ မင်းဦးလေးနဲ့ စကားပြောတာဘယ်လိုနေလဲ။"

"မက်မွန်ပွင့်ချပ်ဥယျာဉ်ထဲကို အစောင့်ကျန်းဝင်နိုင်ဖို့ စီစဉ်ထားလိုက်မယ်လို့ ကျွန်တော့်ဦးလေးကပြောတယ်။"

ယွီဝမ်ထုန်က ခေါင်းညှိတ်သည်။ "ကောင်းတယ်။"

လင်းကျောက်ဝမ်က အမြန်လုပ်ဆောင်သည်။ နောက်တစ်နေ့မွန်းတည့်ပိုင်းတွင် သူမက်မွန်ပွင့်ချပ်ဥယျာဉ်မှပြန်လာသောအခါ သူလိုအပ်သောအစီအစဉ်များ ပြင်ဆင်ပြီးပြီဖြစ်၍ ကျန်းလျှိုကမွန်းလွဲပိုင်းတွင် မက်မွန်ပွင့်ချပ်ဥယျာဉ်သို့ ဝင်ရောက်နိုင်ကြောင်းကို ယွီဝမ်ထုန်၏နေရာဝယ်သွားပြောသည်။

ကျန်းလျှိုက မီးယပ်ရောဂါကုပညာကို ကျွမ်းကျင်သော မျက်မမြင်သမားတော်အဖြစ် ရုပ်ဖျက်လိုက်သည်။ သူက ပညာရှင်သဖွယ်ဝတ်စားထားပြီး ရိုးရှင်းသော မျက်နှာသွင်ပြင်ပြောင်းလဲမှု လုပ်ထားသည်။ သူက မျက်လုံးပိတ်၍ ဆေးသေတ္တာကိုကျောတွင်လွယ်ကာ လက်တွင် တောင်ဝှေးကိုကိုင်ထားသည်။ သူ့ခြေလှမ်းမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေပြီး ယခင်ညကကဲ့သို့ မျက်လုံးတောက်တောက်၊ ခြေသံလုံလုံ၊ သွက်လတ်ဖျတ်လတ်သော အစောင့်ပုံစံနှင့် အကွာကြီးပင်။

လင်းကျန် အံ့ဩသွားသည်။ "ခင်ဗျားက ရုပ်ဖျက် သိပ်တော်တာပဲ။"

"သခင်လေးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။" ယောင်ရိက လင်းကျန်၏ချီးကျူးစကားကို ဘာမှဟန်မဆောင်ဘဲ ဘဝင်ခိုက်နေသောအပြုံးဖြင့် လက်ခံသည်။

လင်းကျန်ကလည်း ပြုံးသည်။ "အရင်က ခင်ဗျား ဦးလေးလုကို ရုပ်ဖျက်ပေးတယ်။ ဒီနေ့လည်း အလားတူပဲ၊ အစောင့်ကျန်းကိုရုပ်ဖျက်ပေးတယ်။ ခင်ဗျား ရုပ်ဖျက်ပညာကို သင်တာကြာပြီလား။"

"ကျွန်တော်သင်တာ ဆယ့်နှစ်နှစ် ရှိပါပြီ။" ယောင်ရိကဖြေသည်။

'တော်တော်ကြာပြီပဲ။' ဤသို့အံအားသင့်စရာပညာကို နှစ်ချီလေ့ကျင့်မှုမရှိဘဲ မကျွမ်းကျင်နိုင်ကြောင်း သူမျှော်လင့်ထားပြီးသားဖြစ်၍ လင်းကျန် သက်ပြင်းခိုးချသည်။

"ကျွန်တော့်ဦးလေးနဲ့ ကျွန်တော်က ခဏနေရင် လုမိသားစုဆီသွားမလို့။ မနက်တုန်းက ကျွန်တော်အစောင့်တွေကို ပထမဆုံးအစီအရင် သင်ဖို့ပြင်ဆင်ပြီးပြီ။" လင်းကျန်က ယွီဝမ်ထုန်ကိုပြောသည်။

"ကိုယ်တွေ့တယ်။ သူတို့က တော်တော် တော်တယ်။ အခြေခံရသွားတော့ သူတို့က အတော်တိုးတက်လာတာပဲ။" ယွီဝမ်ထုန်က မှတ်ချက်ချသည်။

လင်းကျန်က ဤအစောင့်များအား သင်ကြားရာတွင် အတော်အားစိုက်ထုတ်ထားရာ ယွီဝမ်ထုန့်ထံမှ သူတို့အကြောင်းချီးကျူးသံကြားသောအခါ ဂုဏ်ယူမိသည်။

"ဒီကကိစ္စတွေအားလုံး ပြီးသွားရင် ဆေးစိုက်ခင်းက ဆယ့်နှစ်ယောက်ကို ပြန်ခေါ်ရဦးမယ်။"

"ဆေးစိုက်ခင်းမှာ မဖြေရှင်းရသေးတဲ့ကိစ္စတွေများ ရှိလို့လား။"

ဆေးစိုက်ခင်းတွင် ကြီးကြပ်သူကျိုးနှင့် အစောင့်ဆယ့်နှစ်ယောက်တို့ရှိပြီး လယ်သမားများကလည်း သတိဝီရိယရှိရာ စိုက်ခင်းက အခိုက်အတန့်မျှ လုံခြုံသေးသည်။

ကျန်ချောင်းတွင် ဆေးစိုက်ခင်းထံ လူလွှတ်၍ ပြဿနာရှာရန် အချိန်ရှိလောက်မည်မဟုတ်ဟု လင်းကျန်ယုံကြည်သည်။

*****

ထိုနေ့ မွန်းလွဲပိုင်း၌ လုမိသားစုသို့ သွားစဉ်တွင် ကျန်ချောင်းနှင့် မထင်မှတ်ဘဲတွေ့ဆုံခဲ့သည်။

သဘာဝကျစွာပင် လင်းကျန်က ကျန်ချောင်းနှင့်ပက်သက်သူတိုင်းကို တရင်းတနှီးမဆက်ဆံပေ။ လင်းကျောက်ဝမ်ရှိနေသောကြောင့်သာ သူကကျန်ချောင်းကို ခပ်ပေါ့ပေါ့နှုတ်ဆက်ခြင်းပင်။

ကျန်ချောင်းက လင်းကျန်ကို ခဏအကဲဖြတ်ကာ နားလည်ရခက်စွာ ကြည့်သည်။ "သခင်လေးလင်းလဲ ဒီကိုလာတာလား။ ငါတို့မတွေ့တာ ရက်တော်တော်ကြာပြီ။ မင်းက ပိုကျန်းမာလာပုံပဲ။"

"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တပ်မှူးကျန်။ တပ်မှူးရဲ့စိုးရိမ်ပေးမှုကြောင့် ကျွန်တော်ကျန်းမာရေးကောင်းနေပါတယ်။" လင်းကျန်က ပြန်ပြောသည်။

"ငါက ဒီအတွက် ကျေးဇူးအတင်မခံရဲပါဘူး။ သခင်လေးလင်းက ငါ့အပေါ်အာဃာတမထားဖို့ပဲ ငါမျှော်လင့်ပါတယ်။ " ကျန်ချောင်းကပြောသည်။

"ကျွန်တော် အဲ့လိုလုံးဝမလုပ်ပါဘူး။ တပ်မှူးကန်က ဟာသပြောနေတာဖြစ်ရမယ်။" လင်းကျန်က တည်ငြိမ်စွာပြောသည်။

ကျန်ချောင်းက ခပ်တိုးတိုးနှာမှုတ်ကာ သူ၏နောက်လိုက်များနှင့်အတူ ဝမ်းနည်းခြင်းခန်းမထဲသို့ ဝင်သွားသည်။

သူက ကွယ်လွန်သူကို အမွှေးတိုင်သုံးတိုင်ထွန်း၍ ဂါရဝပြုပြီးနောက် လုဖုန်းနျန်ကိုပြောသည်။ "လုမိသားစုက အရာရှိလုအတွက် သင်္ဂြိုလ်ပွဲကို ဘယ်တော့လုပ်မလဲမသိဘူး။ ကျွန်တော် အချိန်ဖယ်ထားပြီး အရာရှိလုကို လိုက်ပို့ပါ့မယ်။"

လုဖုန်းနျန်က သက်ပြင်းချကာ မခံမရပ်နိုင်ပုံဖြင့် ပြန်ပြောသည်။ "လူသတ်သမားက လွတ်နေတုန်းပဲ။ သန့်စင်ခြင်းရေကန်ကို ကျွန်တော့်သားသွားဖို့ လမ်းကူရှာပေးတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ယောက် မနေ့ကရောက်လာတယ်။ ငါ့သားရဲ့ဝိညာဉ်မှာ မကျေမချမ်းမှုတွေပြည့်နေလို့ အခုက သူ့ကို မြေမြှုပ်ဖို့အချိန်ကောင်း မဟုတ်ဘူးဆိုပြီး သူကပြောတယ်။ လူသတ်သမားကို စီရင်ပြီးမှ သင်္ဂြိုလ်ရင်အကောင်းဆုံးပဲ။"

ကျန်ချောင်းက မသိမသာ မျက်မှောင်ကြုတ်၍ပြောသည်။ "အရာရှိလုရဲ့ခန္ဓာကို ဒီခန်းမမှာပဲဆက်ထားနေမယ်လို့ ပြောချင်တာလား။ ဒါက အရာရှိလု ငြိမ်းငြိမ်းချမ်းချမ်းအနားယူနိုင်ဖို့ကို တားနေတာနဲ့အတူတူပဲ မဟုတ်လား။"

"ငါတို့ အကြာကြီးမစောင့်ပါဘူး။ နောက်ရက်အနည်းငယ်အတွင်းမှာ သူတို့လူသတ်သမားကို မရှာနိုင်သေးရင် ငါတို့ဘုန်းကြီးတစ်ပါးထပ်ပင့်ပြီး တရားနာမယ်။"

ထိုစကားကိုကြားသောအခါမှ ကျန်ချောင်း၏မျကိနှာပေါ်မှ မလိုလားမှုအနည်းငယ်လျော့သွားသည်။ "ရုံးတော်သားတွေက ဒီရက်တွေမှာ အပြစ်သားကို တောက်လျှောက်ရှာနေပေမဲ့ အဲ့လူရမ်းကားက အမြန်ထွက်ပြေးသွားပြီး ဘယ်ရောက်နေလဲမသိရဘူး။ ကျွန်တော် လုမိသားစုကို စိတ်ပျက်စေမိတယ်။"

"တပ်မှူးကျန်က အကောင်းဆုံးလုပ်ခဲ့ပါတယ်။ ငါနားလည်ပါတယ်။"

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုမိသားစုအတွက် တရားမျှတမှုရအောင် ကျွန်တော်သေချာပေါက်လုပ်ပေးပါ့မယ်။"

"တပ်မှူးကျန်ကို ကျေးဇူးအထူးတင်ပါတယ်။"

"ဟန်ကြီးပန်ကြီးတွေ လုပ်စရာမလိုပါဘူး၊ သခင်ဟောင်းလု။ ခင်ဗျား အကူအညီလိုတာနဲ့ ကျွန်တော့်ကို အကြောင်းကြားလို့ရပါတယ်။"

"ငါ ဆက်သွယ်လိုက်ပါ့မယ်။ ကျေးဇူးပဲ။"

ကျန်ချောင်းက လုဖုန်းနျန်နှင့် စကားအဆက်ဖြတ်ကာ ထွက်သွားသည်။ သူက စံအိမ်ထဲမှ မထွက်သွားခင်တွင် လင်းကျန်နှင့်လင်းကျောက်ဝမ်တို့ကို မကြည့်ခဲ့ပေ။

"ရက်နည်းနည်းပဲရှိသေးတာကို ကျန်ချောင်းက ဦးလေးလုသင်္ဂြိုလ်ဖို့ မစောင့်နိုင်တော့ဘူး။" လင်းကျန်က အေးစက်စက်မျက်နှာထားဖြင့်ပြောသည်။

"ဟမ့်၊ ကျားကျုံးက ညာထုန်ကျီရာထူးအတွက် အရာရှိထောင်ကို လာဘ်ထိုးဖို့ ကြိုးစားနေတာလေ။ ဒါပေမဲ့ အရာရှိထောင်က သဘောမတူဘူး။ အရာရှိလုသေသွားတာ ရက်သိပ်မကြာသေးတဲ့အပြင် လူသတ်သမားက လွတ်နေသေးတော့ ဒီကိစ္စကိုခဏလောက်ဆိုင်းထားမယ်လို့တောင် သူကပြောလိုက်တယ်။ ကျားကျုံးက စိတ်စောပြီး ကျန်ချောင်းကို အကူအညီသွားတောင်းတာဖြစ်လောက်တယ်။" လင်းကျောက်ဝမ်က ရှင်းပြသည်။

"အထူးအဆန်းမဟုတ်တော့ပါဘူး။" လင်းကျန်က အေးစက်စက်လေသံဖြင့် ပြောသည်။

လုမိသားစုစံအိမ်မှ ထွက်လာပြီးနောက် ကျန်ချောင်းက နယ်စောင့်တပ်စခန်းသို့တန်းမပြန်ပေ။ ထိုအစား သူကကျားကျုံးနှင့်တွေ့ရန် လက်ဖက်ရည်ဆိုင်သို့သွားသည်။

"ဘယ်လိုနေလဲ၊ တပ်မှူး။ လုမိသားစုက လုကွေ့ကို ဘယ်တော့မှ မြေမြှုပ်မှာလဲ။" ကျားကျုံးက သူ့ကိုမြင်သောအခါ မျှော်လင့်တကြီးမေးသည်။

"လူသတ်သမားလွတ်နေတုန်းမှာ မသင်္ဂြိုလ်ချင်ဘူးလို့ လုဖုန်းနျန်ကပြောတယ်။ သူအဲ့လိုပြောတာ ငါ့ကိုဖိအားပေးဖို့ပဲနေမယ်။ အယုတ်တမာအဖိုးကြီး။" ကျန်ချောင်းက ရှူးသိုးသိုးမျက်နှာထားဖြင့်ပြန်ပြောသည်။

"ဘာ။ သူနဲ့ထောင်ဖန်းက ဘယ်လိုလုပ် အကြောင်းပြချက်တူနေရတာလဲ။ သူတို့က တမင်သက်သက်လုပ်နေတာများလား။" ကျားကျုံးကချက်ချင်းပြောသည်။

"သူတို့က အဲ့လိုတမင်သက်သက်လုပ်နေရင်တောင် ငါတို့အခိုက်အတန့်လောက် စိတ်ရှည်ပြရမှာပဲ။ နောက်ရက်နည်းနည်းကြာသွားတာတောင် လုမိသားစုက လုကွေ့ကိုမြေမမြှုပ်သေးရင် ငါ့မှာသူတို့ကိုဖိအားပေးဖို့ နည်းလမ်းတွေအများကြီးရှိတယ်။" ကျန်ချောင်းက စားပွဲမျက်နှာပြင်ကို လက်ဖြင့်ရိုက်ချသည်။

ကျားကျုံးက သောကပွေနေရာ လုကွေ့အားချက်ချင်းမြေမြှုပ်ရမည်ဟု လုမိသားစုမှလူများကို ဖိအားပေးရန် ကျားကျုံးအား မတိုက်တွန်းရဲပေ။ ရွေးစရာမရှိဘဲ သူ၏စိတ်သောကကိုသာ မျိုသိပ်၍ အိမ်ပြန်ကာ သူ့စာကြည့်ခန်းထဲမှပစ္စည်းများကို ဒေါသဖောက်ခွဲသည့်အနေဖြင့် ဖျက်ဆီးပစ်သည်။

"ဒေါသထိန်းပါ၊ အရာရှိကြီး။ အခုတပ်မှူးကျန်က ကတိပေးလိုက်ပြီဆိုတော့ လုမိသားစုကိုဒီလိုအချိန်ဆက်ဆွဲထားခွင့်ပြုမှာ မဟုတ်ပါဘူး။ စိတ်ရှည်ရှည့်နောက်ရက်နည်းနည်းလောက် စောင့်လိုက်ပါလား။" ဘေးတွင်ရပ်နေသည့်အကြံပေးချန်းက နားချရန်ကြိုးစားသည်။

"ငါစောင့်လာတာ တော်တော်ကြာပြီ။ ငါအဲ့ရာထူးကိုရခါနီးမှ လုမိသားစုနဲ့ အဲ့အယုတ်တမာကောင်ထောင်ဖန်းက ပေကတ်ကတ်လုပ်ပြီး လက်မလျှော့သေးဘူး။ ငါဒေါသထွက်လို့သေတော့မယ်။" ကျားကျုံးက ဟိန်းဟောက်သည်။

"စိတ်လျှော့ပါ၊ အရာရှိကြီး။ လုမိသားစုက ရိုက်ချက်ကြီးထိခိုက်ခံလိုက်ရတော့ ကျွန်တော်တို့ကို မခြိမ်းခြောက်နိုင်တော့ပါဘူး။ တပ်မှူးကျန်ရဲ့ဖိအားအောက်မှာ ထောင်ဖန်းကဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာမို့လို့လဲ။ သူလည်း တဖြည်းဖြည်းနဲ့ သဘောတူလာမှာပါ။ " အကြံပေးချန်းက နှစ်သိမ့်သည်။

စိတ်မလျှော့သေးသည့် ကျားကျုံးက နောက်ထပ်ကျိန်ဆဲစကားအချို့ပြောပြီးမှသာ ဒေါသပြေလာသည်။

"ပသခင်ကြီးရဲ့အိမ်မှာ ဘယ်လိုနေလဲ။ လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ သူတို့ဘာလုပ်နေကြလဲ။ သူတို့ဘာလို့ ရန်မဖြစ်ကြတော့တာလဲ။"

"လျှိုချိန့်ဖန်းက အိမ်ပြောင်းလာပါပြီ။ ပသခင်မကြီးက သူမကိုအနိုင်ကျင့်ရင်းအလုပ်များနေလို့ ပသခင်ကြီးနဲ့ ရန်ဖြစ်စရာအချိန်မရှိပါဘူး။ ပသခင်ကြီးနဲ့ပက်သက်ပြီးကတော့... လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ တိတ်နေပြီး စံအိမ်ကနေတောင် အပြင်သိပ်မထွက်ပါဘူး။"

ကျားကျုံးက မျက်မှောင်ကြုတ်သည်။ သူက အရေးကိစ္စအမျိုးမျိုးဖြင့်ရှုပ်ထွေးနေချိန်တွင် သူ့အစ်ကိုကြီးနှင့်မရီးတို့က ဘာမှမလုပ်ပဲ သူ့လုပ်ဆောင်မှု၏ရလဒ်ကို သက်တောင့်သက်သာ စံစားနေကြသည်။

အကြံပေးချန်က ကျားကျုံး၏မျက်နှာပေါ်မှ ရှူးသိုးသိုးမျက်နှာထားကို သတိထားမိသော်လည်း ဤကိစ္စမှာ ကျားကျုံး၏အစ်ကိုအရင်း ကျားယင်နှင့်သက်ဆိုင်နေရာ သူစကားလွန်သွားလျှင် ကျားကျုံးအားစော်ကားသကဲ့သို့ဖြစ်သွားနိုင်သဖြင့် တိတ်နေသည်။

"ယွမ်လင်းနဲ့ပက်သက်ပြီး သတင်းရသေးလား။" ကျားကျုံးက ကျားယွမ်လင်းအကြောင်းကို ရုတ်တရက်ထမေးသည်။

အကြံပေးချန်းကဖြေသည်။ "အခုထိတော့ သတင်းမရောက်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်အချိန်ကို တွက်ချက်ကြည့်တော့ သူတို့ပန်းတိုင်ကို မကြာခင်ရောက်လောက်မယ်ထင်တယ်။ သတင်းရဖို့ မကြာတော့ပါဘူး။ အဲ့နေရာမှာရှိတဲ့ လူတွေတိုင်းက တပ်မှူးကျန်အတွက် အလုပ်လုပ်ပေးနေတာပါ။ သခင်လေးကို အောင်အောင်မြင်မြင်ကယ်ဆယ်ပြီးတာနဲ့ သူတို့စာပို့ပါလိမ့်မယ်။" ကျားကျုံးက ခေါင်းညှိတ်ကာ မှတ်ချက်ချသည်။ "ဒီအိမ်ကလူတွေ ပြဿနာထပ်မရှာအောင် မင်းရဲ့လူတွေကိုသေချာစောင့်ကြည့်ခိုင်းထားလိုက်။"

"ဟုတ်ကဲ့ပါ၊ အရာရှိကြီး။"

*****

လင်းကျောက်ဝမ်က ကျန်နေရစ်ကာ လုကွေ့နှင့် စကားပြောချင်သော်လည်း လုကွေ့မှာညဘက် လူပြတ်သောအခါမှ အခေါင်းထဲမှထွက်ကာ လေကောင်းလေသန့်ရှူရသည်။ ထိုသို့ညအချိန်မတော်ကြီးတွင် သူလုမိသားစု၌နေရစ်ပါက မလွဲဧကန်သံသယအဝင်ခံရမည်ဖြစ်၍ လုဖုန်းနျန်နှင့်စကားပြောပြီးနောက် ထွက်လာလိုက်ရသည်။

"စိတ်ချပါ၊ ဦးလေး။ ယွီဝမ်ထုန်ရဲ့လူတွေရှိနေလို့ ဦးလေးလုဘာမှဖြစ်မှာမဟုတ်ပါဘူး။"

"ငါသိပါတယ်။ အောင်မလေး၊ အဲ့ကျန်ချောင်းကို ကိုင်တွယ်ဖို့အတွက်သာမဟုတ်ရင် ဒီလိုမင်္ဂလာမရှိတဲ့နည်းလမ်းမျိုး သုံးစရာကိုမလိုဘူး။"

"ဦးလေး၊ ကျန်ချောင်း သူ့အပြစ်သူခံရသ၍ ဦးလေးလုက ဒါကိုစိတ်ဆိုးမှာ မဟုတ်ပါဘူး။"

"ငါ နားလည်ပါတယ်။"

*****

တစ်ချိန်ထဲမှာပင် မက်မွန်ပွင့်ချပ်ဥယျာဉ်၌ မျက်မမြင်သမားတော်အဖြစ်ရုပ်ဖျက်ထားသည့် ကျန်းလျှိုက လုံးဝသံသယအဝင်မခံရဘဲ ဆောင်ကြာမြိုင်ထဲသို့ဝင်ကာ အခန်းတစ်ခန်းယူလိုက်သည်။

ကံကောင်းစွာဖြင့် ကျားမိသားစု၏သတ္ထုတွင်းကြီးကြပ်သူကလည်း ထိုညတွင်ပင် မက်မွန်ပွင့်ချပ်ဥယျာဉ်သို့ ရောက်လာသည်။ ကျန်းလျှိုအား ကြည့်ပြီးနောက် သူကမျက်မှောင်ကြုတ်ကာ မေးသည်။ "ဒီလူကဘယ်သူလဲ။"

"ကျွန်မ ဒီတစ်လော နေမကောင်းဘူး။ ပြန်သက်သာဖို့ဆို အချိန်အတော်ကြာဦးမလားမသိဘူး။ အပြင်က ကျွမ်းကျင်တဲ့အမျိုးသမီးသမားတော်တွေကို တခြားလူတွေငှားသွားပြီ။ ကျန်တာတွေက သမားယောင်တွေ၊ ဒါမှမဟုတ် ပြည့်တန်ဆာတွေအများကြီးကို ကုခဲ့တဲ့လူတွေပဲ။ သူတို့က မသန့်ရှင်းမှာကို ကျွန်မကြောက်လို့ ဒီမျက်မမြင်သမားတော်ကို ပင့်ထားတာ။ သူက ထန်းယန်ကို မကြာသေးခင်ကမှရောက်လာတာလေ။ သူ့ဆေးပညာက တော်တော်ကောင်းတယ်လို့ပြောကြတယ်။ သူကလူနာကို သွေးခုန်နှုန်းစမ်းရုံနဲ့ ရောဂါရှာနိုင်တယ်။အဲ့တော့ တခြားသမားတော်တွေလို ဟိုစမ်းသပ်မှုမျိုးလုပ်ဖို့ မလို...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မွန်းလွဲပိုင်းတုန်းက သူညွှန်းပေးတဲ့ ဆေးတစ်ခွက်ကို ကျွန်မသောက်လိုက်တော့၊ အခုနေလို့ပိုကောင်းသွားပြီ။" အမျိုးသမီးကျင်းဝုက ရှင်းပြသည်။

သူမ၏စကားများကိုကြားမှသာ သတ္ထုတွင်းကြီးကြပ်သူ၏မျက်ခုံးများ ပြေလျော့သွားသည်။ ကျန်းလျှိုက တကယ်မျက်လုံးကန်းနေပြီး သူ့အခန်းထဲ၌ တိတ်နေမည်ဖြစ်ကြောင်း အတည်ပြုပြီးမှသာ သတ္ထုတွင်းကြီးကြပ်သူက သတိလျှော့လိုက်သည်။ သို့သော် သူကမက်မွန်ပွင့်ချပ်ဥယျာဉ်မှအစေခံများကို ဤသမားတော်အား သေချာစောင့်ကြည့်ခိုင်းထားသည်။ သမားတော်အား လူနာထံမှရောဂါကုရန် အခေါ်မခံရမချင်း အခန်းထဲမှမထွက်ခိုင်းဖို့ရာ မှာထားခိုင်းသည်။

"စိတ်ချပါ၊ ကြီးကြပ်သူကြီး။ ခြံထဲမှာတံခါးတစ်ပေါက်ရှိပါတယ်။ အခေါ်မခံရမချင်း တံခါးကိုသော့ခတ်ပြီး အခန်းထဲမှာပဲ နေရမယ်လို့ ကျွန်မပြောပြီးသားပါ။ ကျွန်မသက်သာသွားရင် သူ့ကိုထွက်သွားခိုင်းမှာ။ ကျွန်မက ကုသခနှစ်ဆပေးထားတော့ သူလိုလိုလားလားသဘောတူတယ်။"

"ဟမ့်၊ သူကလည်း သိုက်တူးသမားတစ်မျိုးပဲ။ " တံခါးပေါက်ကို ပိတ်ထားမည်ဟုကြားပြီးမှသာ ကျားမိသားစု၏ သတ္ထုတွင်းကြီးကြပ်သူက ဤကိစ္စကို ခွင့်ပြုသည်။

ဤနည်းဖြင့် ကျန်းလျှိုက မက်မွန်ပွင့်ချပ်ဥယျာဉ်တွင် ဘာပြဿနာမှမတက်ဘဲ နေရသည်။

စာရင်းစာအုပ်တစ်အုပ်လုံးအား အတုလုပ်ရန် ရက်အနည်းငယ်ကြာလိမ့်မည်။ ပထမညတွင် အလောတကြီးလုပ်မည့်အစား ကျန်းလျှိုက သတ္ထုတွင်းကြီးကြပ်သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာ၊ အလေ့အကျင့်နှင့် ကဏ္ဍအမျိုးမျိုးမှ အသေးစိတ်အချက်အလက်များကိုသာ လေ့လာခဲ့သည်။

အမျိုးသမီးကျင်းဝုက အလွန်ပူးပေါင်းဆောင်ရွက်ပေးသည်။ သူမက ဤတာဝန်ပြီးသွားလျှင် ငွေများစွာရမည်ဖြစ်၍ အကြွေးဆပ်နိုင်မည်။ ထို့နောက်သူမကထန်းယန်မှထွက်ခွာကာ နာမည်ပြောင်း၍ အခြားတစ်နေရာရာ၌ ဘဝသစ်စမည်။

*****

"စာရင်းစာအုပ်ကိစ္စက စောင့်လို့ရတယ်။ ကိုယ်တို့အတွက် အရေးအကြီးဆုံးက လက်နက်ကြီးတွေကို ကျန်ချောင်းဘယ်နေရာမှာဖွက်ထားသလဲဆိုတာ ရှာဖို့ပဲ။" ယွီဝမ်ထုန်က လင်းကျန်ကိုဝါးစိမ်းစံအိမ်တွင်ပြောသည်။

"နယ်စောင့်တပ်စခန်းမှာ အစောင့်တင်းကြပ်တယ်။ ကျန်ချောင်းရဲ့နယ်မြေမှာ လက်နက်ကြီးတွေကို ဘယ်နေရာမှထားသလဲဆိုတာ ရှာဖို့တကယ်ခက်တယ်။"

"နယ်စောင့်တပ်စခန်းကပဲ သံသယရှိတဲ့နေရာမဟုတ်ဘူး။"

"သူ ဘယ်နေရာမှာများ ဖွက်ထားနိုင်သေးလဲ။" လင်းကျန် ဇဝေဇဝါဖြစ်နေသည်။

"နယ်စောင့်တပ်စခန်းမှာ လူတအားများတော့ လက်နက်ကြီးတွေကိုသိမ်းဖို့မလုံခြုံဘူး။ ကိုယ်သာ ကျန်ချောင်းဆိုရင် အဲ့ဒါတွေကို အဲ့မှာမထားဘူး။ ဒါတွေကို သူဘယ်မှာဖွက်ထားသလဲဆိုတာကတော့..." ယွီဝမ်ထုန်က သူ့အရှေ့မှ မြေပုံကိုကြည့်သည်။ "ကိုယ် သဲံသယဝင်နေတဲ့နေရာတော့ရှိတယ်။ ဒါပေမဲ့ သဲလွန်စအရင်ရှာရမယ်။"

'ယွီဝမ်ထုန်တောင် မသေချာမှတော့ ကျန်ချောင်းက လက်နက်ကြီးတွေကို တအားလျှို့ဝှက်တဲ့နေရာမှာဖွက်ထားတာဖြစ်ရမယ်။' ဟု လင်းကျန်တွေးမိသည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

က်ားက်ဳံး၏ေဒါသ
........................

ဝါးစိမ္းစံအိမ္သို႔ လင္းက်န္ျပန္ေရာက္ေသာအခါ က်န္းလွ်ိုမရွိေတာ့ေပ။ ထို႔ေၾကာင့္ သူကယြီဝမ္ထုန္ကိုေမးလိုက္သည္။ "ခင္ဗ်ားတို႔ ေျပာၿပီးၿပီလား။ အေစာင့္က်န္း ဘယ္ေရာက္သြားတာလဲ။"

"သူအခန္းထဲမွာ အနားယူဖို႔ ကိုယ္ ေယာင္ရိကို ေခၚသြားခိုင္းလိုက္တယ္။ မင္းဦးေလးနဲ႕ စကားေျပာတာဘယ္လိုေနလဲ။"

"မက္မြန္ပြင့္ခ်ပ္ဥယ်ာဥ္ထဲကို အေစာင့္က်န္းဝင္နိုင္ဖို႔ စီစဥ္ထားလိုက္မယ္လို႔ ကြၽန္ေတာ့္ဦးေလးကေျပာတယ္။"

ယြီဝမ္ထုန္က ေခါင္းညွိတ္သည္။ "ေကာင္းတယ္။"

လင္းေက်ာက္ဝမ္က အျမန္လုပ္ေဆာင္သည္။ ေနာက္တစ္ေန႕မြန္းတည့္ပိုင္းတြင္ သူမက္မြန္ပြင့္ခ်ပ္ဥယ်ာဥ္မွျပန္လာေသာအခါ သူလိုအပ္ေသာအစီအစဥ္မ်ား ျပင္ဆင္ၿပီးၿပီျဖစ္၍ က်န္းလွ်ိုကမြန္းလြဲပိုင္းတြင္ မက္မြန္ပြင့္ခ်ပ္ဥယ်ာဥ္သို႔ ဝင္ေရာက္နိုင္ေၾကာင္းကို ယြီဝမ္ထုန္၏ေနရာဝယ္သြားေျပာသည္။

က်န္းလွ်ိုက မီးယပ္ေရာဂါကုပညာကို ကြၽမ္းက်င္ေသာ မ်က္မျမင္သမားေတာ္အျဖစ္ ႐ုပ္ဖ်က္လိုက္သည္။ သူက ပညာရွင္သဖြယ္ဝတ္စားထားၿပီး ရိုးရွင္းေသာ မ်က္ႏွာသြင္ျပင္ေျပာင္းလဲမႈ လုပ္ထားသည္။ သူက မ်က္လုံးပိတ္၍ ေဆးေသတၱာကိုေက်ာတြင္လြယ္ကာ လက္တြင္ ေတာင္ေဝွးကိုကိုင္ထားသည္။ သူ႕ေျခလွမ္းမွာ အနည္းငယ္ မတည္မၿငိမ္ျဖစ္ေနၿပီး ယခင္ညကကဲ့သို႔ မ်က္လုံးေတာက္ေတာက္၊ ေျခသံလုံလုံ၊ သြက္လတ္ဖ်တ္လတ္ေသာ အေစာင့္ပုံစံႏွင့္ အကြာႀကီးပင္။

လင္းက်န္ အံ့ဩသြားသည္။ "ခင္ဗ်ားက ႐ုပ္ဖ်က္ သိပ္ေတာ္တာပဲ။"

"သခင္ေလးရဲ႕ ခ်ီးက်ဴးမႈအတြက္ ေက်းဇူးတင္ပါတယ္။" ေယာင္ရိက လင္းက်န္၏ခ်ီးက်ဴးစကားကို ဘာမွဟန္မေဆာင္ဘဲ ဘဝင္ခိုက္ေနေသာအၿပဳံးျဖင့္ လက္ခံသည္။

လင္းက်န္ကလည္း ၿပဳံးသည္။ "အရင္က ခင္ဗ်ား ဦးေလးလုကို ႐ုပ္ဖ်က္ေပးတယ္။ ဒီေန႕လည္း အလားတူပဲ၊ အေစာင့္က်န္းကို႐ုပ္ဖ်က္ေပးတယ္။ ခင္ဗ်ား ႐ုပ္ဖ်က္ပညာကို သင္တာၾကာၿပီလား။"

"ကြၽန္ေတာ္သင္တာ ဆယ့္ႏွစ္ႏွစ္ ရွိပါၿပီ။" ေယာင္ရိကေျဖသည္။

'ေတာ္ေတာ္ၾကာၿပီပဲ။' ဤသို႔အံအားသင့္စရာပညာကို ႏွစ္ခ်ီေလ့က်င့္မႈမရွိဘဲ မကြၽမ္းက်င္နိုင္ေၾကာင္း သူေမွ်ာ္လင့္ထားၿပီးသားျဖစ္၍ လင္းက်န္ သက္ျပင္းခိုးခ်သည္။

"ကြၽန္ေတာ့္ဦးေလးနဲ႕ ကြၽန္ေတာ္က ခဏေနရင္ လုမိသားစုဆီသြားမလို႔။ မနက္တုန္းက ကြၽန္ေတာ္အေစာင့္ေတြကို ပထမဆုံးအစီအရင္ သင္ဖို႔ျပင္ဆင္ၿပီးၿပီ။" လင္းက်န္က ယြီဝမ္ထုန္ကိုေျပာသည္။

"ကိုယ္ေတြ႕တယ္။ သူတို႔က ေတာ္ေတာ္ ေတာ္တယ္။ အေျခခံရသြားေတာ့ သူတို႔က အေတာ္တိုးတက္လာတာပဲ။" ယြီဝမ္ထုန္က မွတ္ခ်က္ခ်သည္။

လင္းက်န္က ဤအေစာင့္မ်ားအား သင္ၾကားရာတြင္ အေတာ္အားစိုက္ထုတ္ထားရာ ယြီဝမ္ထုန့္ထံမွ သူတို႔အေၾကာင္းခ်ီးက်ဴးသံၾကားေသာအခါ ဂုဏ္ယူမိသည္။

"ဒီကကိစၥေတြအားလုံး ၿပီးသြားရင္ ေဆးစိုက္ခင္းက ဆယ့္ႏွစ္ေယာက္ကို ျပန္ေခၚရဦးမယ္။"

"ေဆးစိုက္ခင္းမွာ မေျဖရွင္းရေသးတဲ့ကိစၥေတြမ်ား ရွိလို႔လား။"

ေဆးစိုက္ခင္းတြင္ ႀကီးၾကပ္သူက်ိဳးႏွင့္ အေစာင့္ဆယ့္ႏွစ္ေယာက္တို႔ရွိၿပီး လယ္သမားမ်ားကလည္း သတိဝီရိယရွိရာ စိုက္ခင္းက အခိုက္အတန့္မွ် လုံၿခဳံေသးသည္။

က်န္ေခ်ာင္းတြင္ ေဆးစိုက္ခင္းထံ လူလႊတ္၍ ျပႆနာရွာရန္ အခ်ိန္ရွိေလာက္မည္မဟုတ္ဟု လင္းက်န္ယုံၾကည္သည္။

*****

ထိုေန႕ မြန္းလြဲပိုင္း၌ လုမိသားစုသို႔ သြားစဥ္တြင္ က်န္ေခ်ာင္းႏွင့္ မထင္မွတ္ဘဲေတြ႕ဆုံခဲ့သည္။

သဘာဝက်စြာပင္ လင္းက်န္က က်န္ေခ်ာင္းႏွင့္ပက္သက္သူတိုင္းကို တရင္းတႏွီးမဆက္ဆံေပ။ လင္းေက်ာက္ဝမ္ရွိေနေသာေၾကာင့္သာ သူကက်န္ေခ်ာင္းကို ခပ္ေပါ့ေပါ့ႏႈတ္ဆက္ျခင္းပင္။

က်န္ေခ်ာင္းက လင္းက်န္ကို ခဏအကဲျဖတ္ကာ နားလည္ရခက္စြာ ၾကည့္သည္။ "သခင္ေလးလင္းလဲ ဒီကိုလာတာလား။ ငါတို႔မေတြ႕တာ ရက္ေတာ္ေတာ္ၾကာၿပီ။ မင္းက ပိုက်န္းမာလာပုံပဲ။"

"စိတ္ပူေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ တပ္မႉးက်န္။ တပ္မႉးရဲ႕စိုးရိမ္ေပးမႈေၾကာင့္ ကြၽန္ေတာ္က်န္းမာေရးေကာင္းေနပါတယ္။" လင္းက်န္က ျပန္ေျပာသည္။

"ငါက ဒီအတြက္ ေက်းဇူးအတင္မခံရဲပါဘူး။ သခင္ေလးလင္းက ငါ့အေပၚအာဃာတမထားဖို႔ပဲ ငါေမွ်ာ္လင့္ပါတယ္။ " က်န္ေခ်ာင္းကေျပာသည္။

"ကြၽန္ေတာ္ အဲ့လိုလုံးဝမလုပ္ပါဘူး။ တပ္မႉးကန္က ဟာသေျပာေနတာျဖစ္ရမယ္။" လင္းက်န္က တည္ၿငိမ္စြာေျပာသည္။

က်န္ေခ်ာင္းက ခပ္တိုးတိုးႏွာမႈတ္ကာ သူ၏ေနာက္လိုက္မ်ားႏွင့္အတူ ဝမ္းနည္းျခင္းခန္းမထဲသို႔ ဝင္သြားသည္။

သူက ကြယ္လြန္သူကို အေမႊးတိုင္သုံးတိုင္ထြန္း၍ ဂါရဝျပဳၿပီးေနာက္ လုဖုန္းန်န္ကိုေျပာသည္။ "လုမိသားစုက အရာရွိလုအတြက္ သျဂၤိုလ္ပြဲကို ဘယ္ေတာ့လုပ္မလဲမသိဘူး။ ကြၽန္ေတာ္ အခ်ိန္ဖယ္ထားၿပီး အရာရွိလုကို လိုက္ပို႔ပါ့မယ္။"

လုဖုန္းန်န္က သက္ျပင္းခ်ကာ မခံမရပ္နိုင္ပုံျဖင့္ ျပန္ေျပာသည္။ "လူသတ္သမားက လြတ္ေနတုန္းပဲ။ သန့္စင္ျခင္းေရကန္ကို ကြၽန္ေတာ့္သားသြားဖို႔ လမ္းကူရွာေပးတဲ့ ဗုဒၶဘာသာဘုန္းႀကီးတစ္ေယာက္ မေန႕ကေရာက္လာတယ္။ ငါ့သားရဲ႕ဝိညာဥ္မွာ မေက်မခ်မ္းမႈေတြျပည့္ေနလို႔ အခုက သူ႕ကို ေျမျမႇုပ္ဖို႔အခ်ိန္ေကာင္း မဟုတ္ဘူးဆိုၿပီး သူကေျပာတယ္။ လူသတ္သမားကို စီရင္ၿပီးမွ သျဂၤိုလ္ရင္အေကာင္းဆုံးပဲ။"

က်န္ေခ်ာင္းက မသိမသာ မ်က္ေမွာင္ၾကဳတ္၍ေျပာသည္။ "အရာရွိလုရဲ႕ခႏၶာကို ဒီခန္းမမွာပဲဆက္ထားေနမယ္လို႔ ေျပာခ်င္တာလား။ ဒါက အရာရွိလု ၿငိမ္းၿငိမ္းခ်မ္းခ်မ္းအနားယူနိုင္ဖို႔ကို တားေနတာနဲ႕အတူတူပဲ မဟုတ္လား။"

"ငါတို႔ အၾကာႀကီးမေစာင့္ပါဘူး။ ေနာက္ရက္အနည္းငယ္အတြင္းမွာ သူတို႔လူသတ္သမားကို မရွာနိုင္ေသးရင္ ငါတို႔ဘုန္းႀကီးတစ္ပါးထပ္ပင့္ၿပီး တရားနာမယ္။"

ထိုစကားကိုၾကားေသာအခါမွ က်န္ေခ်ာင္း၏မ်ကိႏွာေပၚမွ မလိုလားမႈအနည္းငယ္ေလ်ာ့သြားသည္။ "႐ုံးေတာ္သားေတြက ဒီရက္ေတြမွာ အျပစ္သားကို ေတာက္ေလွ်ာက္ရွာေနေပမဲ့ အဲ့လူရမ္းကားက အျမန္ထြက္ေျပးသြားၿပီး ဘယ္ေရာက္ေနလဲမသိရဘူး။ ကြၽန္ေတာ္ လုမိသားစုကို စိတ္ပ်က္ေစမိတယ္။"

"တပ္မႉးက်န္က အေကာင္းဆုံးလုပ္ခဲ့ပါတယ္။ ငါနားလည္ပါတယ္။"

"နားလည္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လုမိသားစုအတြက္ တရားမွ်တမႈရေအာင္ ကြၽန္ေတာ္ေသခ်ာေပါက္လုပ္ေပးပါ့မယ္။"

"တပ္မႉးက်န္ကို ေက်းဇူးအထူးတင္ပါတယ္။"

"ဟန္ႀကီးပန္ႀကီးေတြ လုပ္စရာမလိုပါဘူး၊ သခင္ေဟာင္းလု။ ခင္ဗ်ား အကူအညီလိုတာနဲ႕ ကြၽန္ေတာ့္ကို အေၾကာင္းၾကားလို႔ရပါတယ္။"

"ငါ ဆက္သြယ္လိုက္ပါ့မယ္။ ေက်းဇူးပဲ။"

က်န္ေခ်ာင္းက လုဖုန္းန်န္ႏွင့္ စကားအဆက္ျဖတ္ကာ ထြက္သြားသည္။ သူက စံအိမ္ထဲမွ မထြက္သြားခင္တြင္ လင္းက်န္ႏွင့္လင္းေက်ာက္ဝမ္တို႔ကို မၾကည့္ခဲ့ေပ။

"ရက္နည္းနည္းပဲရွိေသးတာကို က်န္ေခ်ာင္းက ဦးေလးလုသျဂၤိုလ္ဖို႔ မေစာင့္နိုင္ေတာ့ဘူး။" လင္းက်န္က ေအးစက္စက္မ်က္ႏွာထားျဖင့္ေျပာသည္။

"ဟမ့္၊ က်ားက်ဳံးက ညာထုန္က်ီရာထူးအတြက္ အရာရွိေထာင္ကို လာဘ္ထိုးဖို႔ ႀကိဳးစားေနတာေလ။ ဒါေပမဲ့ အရာရွိေထာင္က သေဘာမတူဘူး။ အရာရွိလုေသသြားတာ ရက္သိပ္မၾကာေသးတဲ့အျပင္ လူသတ္သမားက လြတ္ေနေသးေတာ့ ဒီကိစၥကိုခဏေလာက္ဆိုင္းထားမယ္လို႔ေတာင္ သူကေျပာလိုက္တယ္။ က်ားက်ဳံးက စိတ္ေစာၿပီး က်န္ေခ်ာင္းကို အကူအညီသြားေတာင္းတာျဖစ္ေလာက္တယ္။" လင္းေက်ာက္ဝမ္က ရွင္းျပသည္။

"အထူးအဆန္းမဟုတ္ေတာ့ပါဘူး။" လင္းက်န္က ေအးစက္စက္ေလသံျဖင့္ ေျပာသည္။

လုမိသားစုစံအိမ္မွ ထြက္လာၿပီးေနာက္ က်န္ေခ်ာင္းက နယ္ေစာင့္တပ္စခန္းသို႔တန္းမျပန္ေပ။ ထိုအစား သူကက်ားက်ဳံးႏွင့္ေတြ႕ရန္ လက္ဖက္ရည္ဆိုင္သို႔သြားသည္။

"ဘယ္လိုေနလဲ၊ တပ္မႉး။ လုမိသားစုက လုေကြ႕ကို ဘယ္ေတာ့မွ ေျမျမႇုပ္မွာလဲ။" က်ားက်ဳံးက သူ႕ကိုျမင္ေသာအခါ ေမွ်ာ္လင့္တႀကီးေမးသည္။

"လူသတ္သမားလြတ္ေနတုန္းမွာ မသျဂၤိုလ္ခ်င္ဘူးလို႔ လုဖုန္းန်န္ကေျပာတယ္။ သူအဲ့လိုေျပာတာ ငါ့ကိုဖိအားေပးဖို႔ပဲေနမယ္။ အယုတ္တမာအဖိုးႀကီး။" က်န္ေခ်ာင္းက ရႉးသိုးသိုးမ်က္ႏွာထားျဖင့္ျပန္ေျပာသည္။

"ဘာ။ သူနဲ႕ေထာင္ဖန္းက ဘယ္လိုလုပ္ အေၾကာင္းျပခ်က္တူေနရတာလဲ။ သူတို႔က တမင္သက္သက္လုပ္ေနတာမ်ားလား။" က်ားက်ဳံးကခ်က္ခ်င္းေျပာသည္။

"သူတို႔က အဲ့လိုတမင္သက္သက္လုပ္ေနရင္ေတာင္ ငါတို႔အခိုက္အတန့္ေလာက္ စိတ္ရွည္ျပရမွာပဲ။ ေနာက္ရက္နည္းနည္းၾကာသြားတာေတာင္ လုမိသားစုက လုေကြ႕ကိုေျမမျမႇုပ္ေသးရင္ ငါ့မွာသူတို႔ကိုဖိအားေပးဖို႔ နည္းလမ္းေတြအမ်ားႀကီးရွိတယ္။" က်န္ေခ်ာင္းက စားပြဲမ်က္ႏွာျပင္ကို လက္ျဖင့္ရိုက္ခ်သည္။

က်ားက်ဳံးက ေသာကေပြေနရာ လုေကြ႕အားခ်က္ခ်င္းေျမျမႇုပ္ရမည္ဟု လုမိသားစုမွလူမ်ားကို ဖိအားေပးရန္ က်ားက်ဳံးအား မတိုက္တြန္းရဲေပ။ ေ႐ြးစရာမရွိဘဲ သူ၏စိတ္ေသာကကိုသာ မ်ိဳသိပ္၍ အိမ္ျပန္ကာ သူ႕စာၾကည့္ခန္းထဲမွပစၥည္းမ်ားကို ေဒါသေဖာက္ခြဲသည့္အေနျဖင့္ ဖ်က္ဆီးပစ္သည္။

"ေဒါသထိန္းပါ၊ အရာရွိႀကီး။ အခုတပ္မႉးက်န္က ကတိေပးလိုက္ၿပီဆိုေတာ့ လုမိသားစုကိုဒီလိုအခ်ိန္ဆက္ဆြဲထားခြင့္ျပဳမွာ မဟုတ္ပါဘူး။ စိတ္ရွည္ရွည့္ေနာက္ရက္နည္းနည္းေလာက္ ေစာင့္လိုက္ပါလား။" ေဘးတြင္ရပ္ေနသည့္အႀကံေပးခ်န္းက နားခ်ရန္ႀကိဳးစားသည္။

"ငါေစာင့္လာတာ ေတာ္ေတာ္ၾကာၿပီ။ ငါအဲ့ရာထူးကိုရခါနီးမွ လုမိသားစုနဲ႕ အဲ့အယုတ္တမာေကာင္ေထာင္ဖန္းက ေပကတ္ကတ္လုပ္ၿပီး လက္မေလွ်ာ့ေသးဘူး။ ငါေဒါသထြက္လို႔ေသေတာ့မယ္။" က်ားက်ဳံးက ဟိန္းေဟာက္သည္။

"စိတ္ေလွ်ာ့ပါ၊ အရာရွိႀကီး။ လုမိသားစုက ရိုက္ခ်က္ႀကီးထိခိုက္ခံလိုက္ရေတာ့ ကြၽန္ေတာ္တို႔ကို မၿခိမ္းေျခာက္နိုင္ေတာ့ပါဘူး။ တပ္မႉးက်န္ရဲ႕ဖိအားေအာက္မွာ ေထာင္ဖန္းကဘယ္ေလာက္ၾကာၾကာ ေတာင့္ခံနိုင္မွာမို႔လို႔လဲ။ သူလည္း တျဖည္းျဖည္းနဲ႕ သေဘာတူလာမွာပါ။ " အႀကံေပးခ်န္းက ႏွစ္သိမ့္သည္။

စိတ္မေလွ်ာ့ေသးသည့္ က်ားက်ဳံးက ေနာက္ထပ္က်ိန္ဆဲစကားအခ်ိဳ႕ေျပာၿပီးမွသာ ေဒါသေျပလာသည္။

"ပသခင္ႀကီးရဲ႕အိမ္မွာ ဘယ္လိုေနလဲ။ လြန္ခဲ့တဲ့ရက္ေတြအတြင္းမွာ သူတို႔ဘာလုပ္ေနၾကလဲ။ သူတို႔ဘာလို႔ ရန္မျဖစ္ၾကေတာ့တာလဲ။"

"လွ်ိုခ်ိန့္ဖန္းက အိမ္ေျပာင္းလာပါၿပီ။ ပသခင္မႀကီးက သူမကိုအနိုင္က်င့္ရင္းအလုပ္မ်ားေနလို႔ ပသခင္ႀကီးနဲ႕ ရန္ျဖစ္စရာအခ်ိန္မရွိပါဘူး။ ပသခင္ႀကီးနဲ႕ပက္သက္ၿပီးကေတာ့... လြန္ခဲ့တဲ့ရက္ပိုင္းအတြင္းမွာ တိတ္ေနၿပီး စံအိမ္ကေနေတာင္ အျပင္သိပ္မထြက္ပါဘူး။"

က်ားက်ဳံးက မ်က္ေမွာင္ၾကဳတ္သည္။ သူက အေရးကိစၥအမ်ိဳးမ်ိဳးျဖင့္ရႈပ္ေထြးေနခ်ိန္တြင္ သူ႕အစ္ကိုႀကီးႏွင့္မရီးတို႔က ဘာမွမလုပ္ပဲ သူ႕လုပ္ေဆာင္မႈ၏ရလဒ္ကို သက္ေတာင့္သက္သာ စံစားေနၾကသည္။

အႀကံေပးခ်န္က က်ားက်ဳံး၏မ်က္ႏွာေပၚမွ ရႉးသိုးသိုးမ်က္ႏွာထားကို သတိထားမိေသာ္လည္း ဤကိစၥမွာ က်ားက်ဳံး၏အစ္ကိုအရင္း က်ားယင္ႏွင့္သက္ဆိုင္ေနရာ သူစကားလြန္သြားလွ်င္ က်ားက်ဳံးအားေစာ္ကားသကဲ့သို႔ျဖစ္သြားနိုင္သျဖင့္ တိတ္ေနသည္။

"ယြမ္လင္းနဲ႕ပက္သက္ၿပီး သတင္းရေသးလား။" က်ားက်ဳံးက က်ားယြမ္လင္းအေၾကာင္းကို ႐ုတ္တရက္ထေမးသည္။

အႀကံေပးခ်န္းကေျဖသည္။ "အခုထိေတာ့ သတင္းမေရာက္ေသးပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္အခ်ိန္ကို တြက္ခ်က္ၾကည့္ေတာ့ သူတို႔ပန္းတိုင္ကို မၾကာခင္ေရာက္ေလာက္မယ္ထင္တယ္။ သတင္းရဖို႔ မၾကာေတာ့ပါဘူး။ အဲ့ေနရာမွာရွိတဲ့ လူေတြတိုင္းက တပ္မႉးက်န္အတြက္ အလုပ္လုပ္ေပးေနတာပါ။ သခင္ေလးကို ေအာင္ေအာင္ျမင္ျမင္ကယ္ဆယ္ၿပီးတာနဲ႕ သူတို႔စာပို႔ပါလိမ့္မယ္။" က်ားက်ဳံးက ေခါင္းညွိတ္ကာ မွတ္ခ်က္ခ်သည္။ "ဒီအိမ္ကလူေတြ ျပႆနာထပ္မရွာေအာင္ မင္းရဲ႕လူေတြကိုေသခ်ာေစာင့္ၾကည့္ခိုင္းထားလိုက္။"

"ဟုတ္ကဲ့ပါ၊ အရာရွိႀကီး။"

*****

လင္းေက်ာက္ဝမ္က က်န္ေနရစ္ကာ လုေကြ႕ႏွင့္ စကားေျပာခ်င္ေသာ္လည္း လုေကြ႕မွာညဘက္ လူျပတ္ေသာအခါမွ အေခါင္းထဲမွထြက္ကာ ေလေကာင္းေလသန့္ရႉရသည္။ ထိုသို႔ညအခ်ိန္မေတာ္ႀကီးတြင္ သူလုမိသားစု၌ေနရစ္ပါက မလြဲဧကန္သံသယအဝင္ခံရမည္ျဖစ္၍ လုဖုန္းန်န္ႏွင့္စကားေျပာၿပီးေနာက္ ထြက္လာလိုက္ရသည္။

"စိတ္ခ်ပါ၊ ဦးေလး။ ယြီဝမ္ထုန္ရဲ႕လူေတြရွိေနလို႔ ဦးေလးလုဘာမွျဖစ္မွာမဟုတ္ပါဘူး။"

"ငါသိပါတယ္။ ေအာင္မေလး၊ အဲ့က်န္ေခ်ာင္းကို ကိုင္တြယ္ဖို႔အတြက္သာမဟုတ္ရင္ ဒီလိုမဂၤလာမရွိတဲ့နည္းလမ္းမ်ိဳး သုံးစရာကိုမလိုဘူး။"

"ဦးေလး၊ က်န္ေခ်ာင္း သူ႕အျပစ္သူခံရသ၍ ဦးေလးလုက ဒါကိုစိတ္ဆိုးမွာ မဟုတ္ပါဘူး။"

"ငါ နားလည္ပါတယ္။"

*****

တစ္ခ်ိန္ထဲမွာပင္ မက္မြန္ပြင့္ခ်ပ္ဥယ်ာဥ္၌ မ်က္မျမင္သမားေတာ္အျဖစ္႐ုပ္ဖ်က္ထားသည့္ က်န္းလွ်ိုက လုံးဝသံသယအဝင္မခံရဘဲ ေဆာင္ၾကာၿမိဳင္ထဲသို႔ဝင္ကာ အခန္းတစ္ခန္းယူလိုက္သည္။

ကံေကာင္းစြာျဖင့္ က်ားမိသားစု၏သတၳဳတြင္းႀကီးၾကပ္သူကလည္း ထိုညတြင္ပင္ မက္မြန္ပြင့္ခ်ပ္ဥယ်ာဥ္သို႔ ေရာက္လာသည္။ က်န္းလွ်ိုအား ၾကည့္ၿပီးေနာက္ သူကမ်က္ေမွာင္ၾကဳတ္ကာ ေမးသည္။ "ဒီလူကဘယ္သူလဲ။"

"ကြၽန္မ ဒီတစ္ေလာ ေနမေကာင္းဘူး။ ျပန္သက္သာဖို႔ဆို အခ်ိန္အေတာ္ၾကာဦးမလားမသိဘူး။ အျပင္က ကြၽမ္းက်င္တဲ့အမ်ိဳးသမီးသမားေတာ္ေတြကို တျခားလူေတြငွားသြားၿပီ။ က်န္တာေတြက သမားေယာင္ေတြ၊ ဒါမွမဟုတ္ ျပည့္တန္ဆာေတြအမ်ားႀကီးကို ကုခဲ့တဲ့လူေတြပဲ။ သူတို႔က မသန့္ရွင္းမွာကို ကြၽန္မေၾကာက္လို႔ ဒီမ်က္မျမင္သမားေတာ္ကို ပင့္ထားတာ။ သူက ထန္းယန္ကို မၾကာေသးခင္ကမွေရာက္လာတာေလ။ သူ႕ေဆးပညာက ေတာ္ေတာ္ေကာင္းတယ္လို႔ေျပာၾကတယ္။ သူကလူနာကို ေသြးခုန္ႏႈန္းစမ္း႐ုံနဲ႕ ေရာဂါရွာနိုင္တယ္။အဲ့ေတာ့ တျခားသမားေတာ္ေတြလို ဟိုစမ္းသပ္မႈမ်ိဳးလုပ္ဖို႔ မလို...ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန႕မြန္းလြဲပိုင္းတုန္းက သူၫႊန္းေပးတဲ့ ေဆးတစ္ခြက္ကို ကြၽန္မေသာက္လိုက္ေတာ့၊ အခုေနလို႔ပိုေကာင္းသြားၿပီ။" အမ်ိဳးသမီးက်င္းဝုက ရွင္းျပသည္။

သူမ၏စကားမ်ားကိုၾကားမွသာ သတၳဳတြင္းႀကီးၾကပ္သူ၏မ်က္ခုံးမ်ား ေျပေလ်ာ့သြားသည္။ က်န္းလွ်ိုက တကယ္မ်က္လုံးကန္းေနၿပီး သူ႕အခန္းထဲ၌ တိတ္ေနမည္ျဖစ္ေၾကာင္း အတည္ျပဳၿပီးမွသာ သတၳဳတြင္းႀကီးၾကပ္သူက သတိေလွ်ာ့လိုက္သည္။ သို႔ေသာ္ သူကမက္မြန္ပြင့္ခ်ပ္ဥယ်ာဥ္မွအေစခံမ်ားကို ဤသမားေတာ္အား ေသခ်ာေစာင့္ၾကည့္ခိုင္းထားသည္။ သမားေတာ္အား လူနာထံမွေရာဂါကုရန္ အေခၚမခံရမခ်င္း အခန္းထဲမွမထြက္ခိုင္းဖို႔ရာ မွာထားခိုင္းသည္။

"စိတ္ခ်ပါ၊ ႀကီးၾကပ္သူႀကီး။ ၿခံထဲမွာတံခါးတစ္ေပါက္ရွိပါတယ္။ အေခၚမခံရမခ်င္း တံခါးကိုေသာ့ခတ္ၿပီး အခန္းထဲမွာပဲ ေနရမယ္လို႔ ကြၽန္မေျပာၿပီးသားပါ။ ကြၽန္မသက္သာသြားရင္ သူ႕ကိုထြက္သြားခိုင္းမွာ။ ကြၽန္မက ကုသခႏွစ္ဆေပးထားေတာ့ သူလိုလိုလားလားသေဘာတူတယ္။"

"ဟမ့္၊ သူကလည္း သိုက္တူးသမားတစ္မ်ိဳးပဲ။ " တံခါးေပါက္ကို ပိတ္ထားမည္ဟုၾကားၿပီးမွသာ က်ားမိသားစု၏ သတၳဳတြင္းႀကီးၾကပ္သူက ဤကိစၥကို ခြင့္ျပဳသည္။

ဤနည္းျဖင့္ က်န္းလွ်ိုက မက္မြန္ပြင့္ခ်ပ္ဥယ်ာဥ္တြင္ ဘာျပႆနာမွမတက္ဘဲ ေနရသည္။

စာရင္းစာအုပ္တစ္အုပ္လုံးအား အတုလုပ္ရန္ ရက္အနည္းငယ္ၾကာလိမ့္မည္။ ပထမညတြင္ အေလာတႀကီးလုပ္မည့္အစား က်န္းလွ်ိုက သတၳဳတြင္းႀကီးၾကပ္သူ၏ ေန႕စဥ္လုပ္ငန္းေဆာင္တာ၊ အေလ့အက်င့္ႏွင့္ က႑အမ်ိဳးမ်ိဳးမွ အေသးစိတ္အခ်က္အလက္မ်ားကိုသာ ေလ့လာခဲ့သည္။

အမ်ိဳးသမီးက်င္းဝုက အလြန္ပူးေပါင္းေဆာင္႐ြက္ေပးသည္။ သူမက ဤတာဝန္ၿပီးသြားလွ်င္ ေငြမ်ားစြာရမည္ျဖစ္၍ အေႂကြးဆပ္နိုင္မည္။ ထို႔ေနာက္သူမကထန္းယန္မွထြက္ခြာကာ နာမည္ေျပာင္း၍ အျခားတစ္ေနရာရာ၌ ဘဝသစ္စမည္။

*****

"စာရင္းစာအုပ္ကိစၥက ေစာင့္လို႔ရတယ္။ ကိုယ္တို႔အတြက္ အေရးအႀကီးဆုံးက လက္နက္ႀကီးေတြကို က်န္ေခ်ာင္းဘယ္ေနရာမွာဖြက္ထားသလဲဆိုတာ ရွာဖို႔ပဲ။" ယြီဝမ္ထုန္က လင္းက်န္ကိုဝါးစိမ္းစံအိမ္တြင္ေျပာသည္။

"နယ္ေစာင့္တပ္စခန္းမွာ အေစာင့္တင္းၾကပ္တယ္။ က်န္ေခ်ာင္းရဲ႕နယ္ေျမမွာ လက္နက္ႀကီးေတြကို ဘယ္ေနရာမွထားသလဲဆိုတာ ရွာဖို႔တကယ္ခက္တယ္။"

"နယ္ေစာင့္တပ္စခန္းကပဲ သံသယရွိတဲ့ေနရာမဟုတ္ဘူး။"

"သူ ဘယ္ေနရာမွာမ်ား ဖြက္ထားနိုင္ေသးလဲ။" လင္းက်န္ ဇေဝဇဝါျဖစ္ေနသည္။

"နယ္ေစာင့္တပ္စခန္းမွာ လူတအားမ်ားေတာ့ လက္နက္ႀကီးေတြကိုသိမ္းဖို႔မလုံၿခဳံဘူး။ ကိုယ္သာ က်န္ေခ်ာင္းဆိုရင္ အဲ့ဒါေတြကို အဲ့မွာမထားဘူး။ ဒါေတြကို သူဘယ္မွာဖြက္ထားသလဲဆိုတာကေတာ့..." ယြီဝမ္ထုန္က သူ႕အေရွ႕မွ ေျမပုံကိုၾကည့္သည္။ "ကိုယ္ သဲံသယဝင္ေနတဲ့ေနရာေတာ့ရွိတယ္။ ဒါေပမဲ့ သဲလြန္စအရင္ရွာရမယ္။"

'ယြီဝမ္ထုန္ေတာင္ မေသခ်ာမွေတာ့ က်န္ေခ်ာင္းက လက္နက္ႀကီးေတြကို တအားလွ်ို႔ဝွက္တဲ့ေနရာမွာဖြက္ထားတာျဖစ္ရမယ္။' ဟု လင္းက်န္ေတြးမိသည္။

Continue Reading

You'll Also Like

52.4K 5.8K 87
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
91.9K 8.2K 65
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
462K 48.4K 169
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
1.8M 273K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...