ပစ်မှတ်ကိုတွေ့ကာ ချောင်းမြောင်းခြင်း
.................................................
ချွေးစက်ချွေးပေါက်များက သူ့ပါးပေါ်မှဖြတ်၍ ကျနေသည်။ လင်းကျန်က ပူလောင်သည့်ဆေးရည်နှင့် ချစ်ချစ်တောက်ပူသောရေနွေးငွေ့ကြားတွင် ချွေးတလုံးလုံးဖြစ်နေသည်။ ယခုတစ်ကြိမ်မှာ သူဒုတိယအကြိမ်အဖြစ် ဆေးစိမ်ခြင်းဖြစ်သော်လည်း များလှစွာသောပုရွက်ဆိတ်များက သူ့နှလုံးသားအား ကိုက်ဖြတ်နေသကဲ့သို့ မခံမရပ်နိုင်သည့် ထုံထိုင်း၊ယားယံ၊နာကျင်မှုကို ခံစားနေရဆဲပင်။ သူလက်သီးကျစ်ကျစ်ဆုပ်ထားသည်။ သူ့လက်ချောင်းထိပ်များက လက်ဖဝါးထဲသို့ ခပ်နက်နက်စိုက်ဝင်နေသည်။ ကံကောင်းစွာဖြင့် သူ့တွင်လက်သည်းအရှည်မရှိပေ။ မဟုတ်လျှင် ယခုအချိန်၌ သူ့လက်ဖဝါးများ ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ သွေးထွက်နေလောက်သည်။
ဤသည်မှာ မသက်မသာဖြစ်ရသော အတွေ့အကြုံတစ်ခုပင်။
လင်းကျန်မှာ အချက်ပြချက်တစ်ခုကြောင့် သူပြိုလဲသွားမည်ကိုစိုးရိမ်သည့်အလား၊ နှုတ်ခမ်းဖျားမှ ညည်းသံတစ်ချက်ပင်မထွက်စေရအောင် တင်းခံထားသည်။
လင်းကျန်၏ကျောပေါ်သို့ လက်ဖဝါးများဖြင့် ဖိကပ်ထားသော ယွီဝမ်ထုန်က နွေးထွေးသည့်စွမ်းအင်ကို ဆက်တိုက်ပို့ပေးနေပြီး သွေးကြောများကို နည်းနည်းချင်းချဲ့နေသည်။ သူသည်လည်း ချွေးအလွန်ထွက်နေသည်။
"တောင့်ထား။"
လုပ်ငန်းစဉ်ကြောင့် လင်းကျန်ခံစားနေရသည်ကို ယွီဝမ်ထုန်မြင်သောအခါ အားပေးလိုက်သည်။
ပထမဆုံးတစ်ကြိမ်က အနာကျင်ရဆုံးဖြစ်သော်လည်း ဒုတိယတစ်ကြိမ်မှာ ပို၍သည်းမခံနိုင်စရာပင်။
ပထမဆုံးနှစ်ကြိမ်ကို တောင့်ခံကာ ဆေးရည်၏သက်ရောက်မှုနှင့် အကျွမ်းဝင်သွားမှသာ လင်းကျန်ပို၍သက်တောင့်သက်သာဖြစ်လာမည်ပင်။
နောက်ဆုံးတွင်တော့ ဒုတိယတစ်ကြိမ်ဆေးစိမ်ခြင်း ပြီးသွားသည်။ လင်းကျန်အာရုံစူးစိုက်မှု ဖြေလျှော့လိုက်သောအခါ သတိထပ်လစ်သွားသည်မှာ မထူးဆန်းတော့ပေ။
ယခင်တစ်ကြိမ်ကကဲ့သို့ပင် ယွီဝမ်ထုန်က သူ့ကိုရေချိုးကန်ထဲမှပွေ့ချီလာကာ အဝတ်လဲပေးပြီး ထွက်သွားသည်။
ရှားဖုန်းက ဤကဲ့သို့သောဖြစ်ရပ်ကို တစ်ကြိမ်မြင်ပြီးသားဖြစ်ရာ အစမှအဆုံးတိုင် တိတ်နေသည်။ ယွီဝမ်ထုန်ထွက်သွားပြီးနောက် သူကခန်းမအဝင်ခန်းငယ်ထဲတွင် နေနေသည်။
လင်းကျန်အိမ်ပျော်နေစဉ်တွင် နယ်စောင့်တပ်စခန်းအပြင်ဘက်၌လည်း မူမမှန်သောတစ်စုံတစ်ခုဖြစ်ပျက်ခဲ့သည်။
"အစ်ကိုကြီးဝမ်၊ ကျွန်တော်တို့ အဖော်ရပြီ။"
နယ်စောင့်တပ်စခန်းအပြင်ဘက်တွင် ပုန်းနေသော လျှိုရိက သူ့ဘေးတွက်အိပ်နေသောဝမ်တရှန်ကို တွန်းနှိုးလိုက်သည်။ ဝမ်တရှန်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံပေါ်သော်လည်း လျှိုရိထိသည်နှင့် ချက်ချင်းနိုးလာသည်။ "သူတို့ရောက်လာပြီလား။"
"ဟုတ်တယ်။" လျှိုရိက လားရာတစ်ခုဘက်သို့ ညွှန်ပြသည်။ "အဲ့ဒိမှာ။"
ဝမ်တရှန်က အကာအကွယ်အောက်မှ လည်ဆန့်၍ကြည့်လိုက်သောအခါ သာမန်ဝတ်စားထားသော်လည်း ဓားပြနှင့်အလွန်တူစွာလျှောက်လာသော ကြမ်းကြမ်းရမ်းရမ်းလူဆယ်ယောက်ကျော်ခန့်ကို မြင်လိုက်ရသည်။ ၎င်းတို့က နယ်စောင့်တပ်စခန်း၏ဝင်ပေါက်သို့သွားကာ အစောင့်များအား အမှတ်အသားအပြားတစ်ခုကဲ့သို့အရာကိုပြ၍ စခန်းထဲသို့ ကားကားကားကားဖြင့်လျှောက်ဝင်သွားသည်။
"သခင်လေး မှန်တယ်။ ဒီလူတွေက ဒီညတင်ရောက်လာကြတယ်။"
ဝမ်တရှန်က နယ်စောင့်တပ်စခန်းဘက်သို့ စူးစိုက်ကြည့်ကာ ဤလူများက ထိုအထဲ၌ ဘာလုပ်နေကြကြောင်းအား အဖြေရှာရန်ကြိုးစားနေသည်။ နှမြောစရာကောင်းသည်မှာ သူ၏အမြင်အာရုံကသိပ်မကောင်းသဖြင့် ဒေါသတကြီး အရှုံးပေးလိုက်ရသည်။
"သောကရောက်စရာမလိုဘူး၊ အစ်ကိုကြီးဝမ်။ စိုးရိမ်ပူပန်တာက အစ်ကိုကြီးရဲ့ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို မဖုံးသွားစေနဲ့။ သခင်လေးက ကျွန်တော်တို့ကို ဒီဓားပြတွေကိုချောင်းမြောင်းဖို့ပဲ အမိန့်ပေးထားတော့ ကျွန်တော်တို့ လုပ်ရမှာက ဒီဓားပြတွေထွက်လာရင် အနီးကပ်လိုက်သွားရုံပဲ။ နယ်စောင့်တပ်စခန်းမှာက အစောင့်တင်းကြပ်တယ်။ ကျွန်တော်တို့ ခိုးဝင်နိုင်ရင်တောင် သူတို့ပြောတာကို ချောင်းနားထောင်နိုင်မှာမဟုတ်ဘူး။"
"ငါသိတယ်။ ငါဒေါသထွက်တာက နယ်စောင့်တပ်မှူးဖြစ်တဲ့ကျန်ချောင်းက ဒီဓားပြတွေကို နယ်စောင့်တပ်စခန်းထဲ ဘာဒွိဟမှတောင်အဖြစ်မခံရဘဲ ထိုးထိုးထောင်ထောင်နဲ့ ဝင်ခွင့်ပြုထားတာကြောင့်ပဲ။"
"ဒါကို ကျွန်တော်ပြောပြထားတာ ကြာပြီမဟုတ်လား။ အစ်ကိုဘာကြောင့် မခံမရပ်နိုင်ဖြစ်နေရသေးတာလဲ။"
"ဘာကြောင့်လဲဆိုတော့ အခုက ငါ့မျက်လုံးတွေနဲ့ တပ်အပ်မြင်တာလေ။"
ပြောစရာမဲ့သွားသောလျှိုရိက သူ့ကိုလစ်လျူရှုလိုက်ကာ နယ်စောင့်တပ်စခန်းအပေါက့်ဝသို့ အာရုံပြန်စိုက်၍ ထိုဓားပြများထွက်လာမည်ကို စောင့်နေသည်။
သူတို့၏အဝေးမှသစ်ကိုင်းတစ်ကိုင်းပေါ်တွင် အမည်းရောင်ဝတ်စုံဝတ်လူတစ်ယောက်က ပင်စည်ကိုမှီကာထိုင်နေရင်း ဆားမုန့်တစ်ချပ်ကို စိမ်ပြေနပြေဝါးနေသည်။ နိုးနိုးကြားကြားဖြစ်နေသောဝမ်တရှန်နှင့်ယှဉ်လျှင် သူက အပျော်ခရီးထွက်လာပုံပေါ်သည်။
"ဒီငတုံးနှစ်ယောက်ကတော့။" လျှိုရိနှင့်ဝမ်တရှန်တို့၏ပြောစကားကို ကြားသောအခါ အမည်းရောင်ဝတ်စုံနှင့်လူက လှောင်သည်။ "သူတို့က ဒီမှာလူလာချောင်းတယ်လို့တောင် ပြောရဲကြသေးတယ်။ ငါမင်းတို့ကိုစောင့်ကြည့်လာတာ ရက်တွေများပြီ၊ ဒါတောင်မင်းတို့ ငါ့ကို တစ်ကြိမ်တောင်မတွေ့ကြဘူး။ ဒီကိစ္စကိုသခင်လေးလင်းမသိစေရဘူးလို့သာ စစ်သူကြီးကအမိန့်မပေးထားရင် ငါမင်းတို့ကို သင်ခန်းစာပေးလိုက်တာကြာပြီ။" တစ်စုံတစ်ယောက်ကလည်း သူတို့ကဲ့သို့ပင် နယ်စောင့်တပ်စခန်းအား ချောင်းမြောင်းနေသည်ဟု လျှိုရိနှင့်ဝမ်တရှန်တို့ မရိပ်မိကြပေ။ နောက်ဆုံးတွင်တော့ နှစ်နာရီကြာပြီးနောက် ထိုဓားပြများက နယ်စောင့်တပ်စခန်းမှထွက်လာကြသည်။ သူတို့အားလုံးက ယိုင်တီးယိုင်တိုင်လျှောက်လာကြရာ အရက်အများအပြားသောက်လာခြင်း ဖြစ်လောက်သည်။
"ကျန်ချောင်းက ဒီဓားပြတွေကို ညစာစားပွဲနဲ့တောင် ဧည့်ခံလိုက်သေးတယ်။ ကြီးမြတ်သောယွဲ့ပြည်ထောင်စုရဲ့ နယ်စောင့်တပ်မှူးတစ်ယောက်အနေနဲ့ သူကအရှက်ရစေတာပဲ။"
"ကျိန်ဆဲနေတာကိုရပ်ပြီး သူတို့နောက်ကို လိုက်တော့။"
လျှိုရိက ဝမ်တရှန်ကိုဆွဲကာ ထိုဓားပြများနောက်သို့လိုက်လာသည်။ တဖြည်းဖြည်းနှင့် သူတို့ကနယ်စောင့်တပ်စခန်း၏အပေါက်ဝမှ ဝေးသွားကာ ပိန်းပိတ်အောင်မှောင်သော အမှောင်ထုထဲသို့ဝင်ရောက်သွားစဉ်တွင် ထိုဓားပြများက မြင်းများပေါ်သို့တက်၍ ထွက်သွားတော့မည်ကို သူတို့တွေ့လိုက်ရသည်။
"မြန်မြန်။ မြန်မြန် သူတို့နောက်ကိုလိုက်။ " လျှိုရိက စိုးရိမ်တကြီး လောဆော်သည်။
"ငါတို့က ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ။ သူတို့မှာ မြင်းတွေပါတယ်လေ။ မင်းက သူတို့နောက်ကို ပြေးလိုက်မလို့လား။" ဝမ်တရှန်က အမြန်ပြေးနေရင်း ခပ်တိုးတိုးကျိန်ဆဲသည်။
သူနှင့်အတူ ဘေးချင်းကပ်ပြေးနေသော လျှိုရိကပြော၏။ "သူတို့က အခုလေးတင် အရက်သောက်လာကြတာဆိုတော့ မြင်းအမြန်စီးနိုင်ကြမှာ မဟုတ်ဘူး။"
"ကောင်းပြီလေ။ သူတို့အခုလေးတင် အရက်သောက်လာတာ ငါတို့အတွက်ကံကောင်းတာပဲ။" ဝမ်တရှန်မှာ ချွေးအေးများထွက်လာသည်။ 'ဒီဓားပြတွေသာ အရက်မသောက်လာကြရင် ငါတို့ရဲ့သာမန်ကိုယ်ဖော့ပညာနဲ့ သူတို့နောက်အမှီလိုက်နိုင်ပါ့မလား။' ဟု သူတွေးမိသည်။
"နောက်တစ်ကြိမ်ကျရင် ငါတို့မြင်းတွေပြင်ထားရမယ်။" ဝမ်တရှန်က နောက်မှတွေးကြည့်လျှင် လုံးဝ အဓိပ္ပာယ် မရှိသော အချိန်နှောင်းအကြံတစ်ခုပြုသည်။
လျှိုရိမှာ ပြောစရာမဲ့သွားကာ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
လျှိုရိပြောသလိုပင်၊ ဤဓားပြများက အရက်အများအပြားသောက်လာကြသဖြင့် မြင်းအမြန်မစီးရဲကြပေ။ သူတို့က ညစ်ညစ်ညမ်းညမ်းပြောဆိုကာ လမ်းတစ်လျှောက်လုံး ရယ်မောနေကြသည်။
တစ်နာရီမျှကြာပြီးနောက်...
"ဒီလားရာက..." ဝမ်တရှန်က ဘေးပတ်ဝန်းကျင်ကို လရောင်၏အကူဖြင့် ကြည့်လိုက်သည်။ "သူတို့က ချီစီရင်စုဆီ ဦးတည်နေကြတာပဲ။"
"ချီစီရင်စုနဲ့ပက်သက်ပြီး တစ်ခုခုထူးခြားလို့လား။" လျှိုရိကသူ့ကိုမေးသည်။
"အကြီးဆုံး ဓားပြဒုစရိုက်သိုက်မြုံက ချီစီရင်စုမှာလေ။ သူတို့က မဟာမာန်တောင်မှာ ပုန်းခိုနေကြတာ။ အဲ့တောင်က တအားကျယ်ပြောလွန်းပြီး ပတ်ဝန်းကျင်ကလည်းဆိုးတော့ အဲ့မှာပုန်းနေတဲ့ဓားပြတွေက ရှင်းပစ်ဖို့ဆုံးပဲ။ နှစ်တိုင်းမှာ နယ်စောင့်တပ်သားတွေ..."
"ထားလိုက်တော့။ သူတို့တွေက ဓားပြတွေကိုနှိမ်နှင်းဖို့ တကယ်အားစိုက်ထုတ်ခဲ့လားဆိုတာကိုတောင် ငါသံသယဝင်နေပြီ။ ဘာပဲဖြစ်ဖြစ် မဟာမာန်တောင်မှာရှိတဲ့ ဓားပြအုပ်စုက အားအကောင်းဆုံးပဲ။ သူတို့တွေက သူတို့ရဲ့အမာခံနယ်မြေတွေကို တစ်ချိန်လုံးပြောင်းနေတာလို့လဲ ကောလဟာလထွက်ထားတယ်။ ဓားပြနှိမ်နှင်းတဲ့စစ်ဆင်ရေးတွေအများကြီးလုပ်နေပေမဲ့ ဒီဓားပြတွေရဲ့ဒုစရိုက်သိုက်မြုံကို တစ်ခါမှ ရှာမတွေ့ဖူးဘူး။ သူတို့တွေ စုစုပေါင်းအရေအတွက် ဘယ်နှယောက်ကျန်နေသေးတယ်ဆိုတာကိုလည်း မသိရဘူး။"
"မဟာမာန်တောင်..." လျှိုရိက ရေရွတ်လိုက်စဉ် တစ်စုံတစ်ခုအား သတိရသွားပုံပေါ်သည်။ "အဲ့ဒါက ယန်ကျိုးအထိပေါက်တဲ့ပုံပဲ။ သဲဝါမြစ်က မဟာမာန်တောင်ထဲမှာရှိတဲ့ ချောက်တစ်ခုကို ဖြတ်စီးနေတာ။"
"ဟုတ်တယ်။ ငါပြောနေတာ အဲ့မဟာမာန်တောင်လေ။"
"အစ်ကိုကြီးပြောသလိုဆို ဒီမဟာမာန်တောင်က တော်တော်ကြီးတာပဲ။ ဒီဓားပြတွေက ပုန်းတာတော်တော့ သူတို့ကိုင်တွယ်ဖို့ တကယ်မလွယ်တာပဲ။"
"အဲ့အကြောင်းပြောရရင် မဟာမာန်တောင်ထဲမှာရှိတဲ့ဓားပြတွေက အရင်ဆုံးထကြွသောင်းကျန်းခဲ့တာပဲ။ သူတို့တွေက ဒေသခံအစိုးရခင်းထားတဲ့ တရားဝင်လမ်းမကြီးကို မထိန်းချုပ်ပေမဲ့ အနီးအနားရွာတွေက ဓားပြတိုက်သတ်ဖြတ်တာတွေအတွက် တာဝန်ရှိတယ်။ သူတို့တွေက သွေးအေးရက်စက်တဲ့ ဥပဒေမဲ့ လူတစ်စုလေ။ အရင်နှစ်အနည်းငယ်လောက်တုန်းကဆို ဆန်ကုန်မြေလေးသိုင်းပညာရှင်တချို့က အဲ့ဓားပြတွေရဲ့သတင်းကိုကြားပြီး မဟာမာန်တောင်မှာသွားပေါင်းတယ်။ အဲ့ဒါကြောင့် ဒီဓားပြတွေ ပိုအင်အားကြီးလာတာ။"
"သခင်လေးက လက်ရှိအခြေအနေကို လစ်လျူရှုပြီး ဒီဓားပြတွေနဲ့တကယ် ရင်ဆိုင်ချင်နေတာလား။"
လျှိုရိက ခြေလှမ်းကိုနှေးကာ အလွန်စိုးရိမ်နေပုံဖြင့်မေးသည်။
ဝမ်တရှန်က သူ့ကိုတစ်ချက်ဆွဲ၍မေးသည်။ "မရပ်လိုက်နဲ့။ သခင်လေးက သူတို့ကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်သည်ဖြစ်စေ၊ မဆုံးဖြတ်သည်ဖြစ်စေ ငါတို့ရဲ့အလုပ်ကို အရင်ပြီးအောင်လုပ်ရမယ်။ ပြီးတော့ ငါတို့အဲ့ကိုသွားပြီး အရင်ထောက်လှမ်းထားရင် ဒီဓားပြတွေရဲ့တကယ့်အင်အားအကြောင်း ကနဦးအချက်အလက်တွေရနိုင်တယ်။ အဲ့ဒါဆို ဒီဓားပြတွေနဲ့ ရင်ဆိုင်မဲ့အကြံကိုလက်လွှတ်ဖို့ သခင်လေးကိုနားချတဲ့အခါကျ ငါတို့ရဲ့စကားတွေက ပိုလက်ခံနိုင်စရာကောင်းလိမ့်မယ်။"
ဤသည်ကို ကြားသောအခါ လျှိုရိက အရှိန်မြှင့်လိုက်သည်။ "အစ်ကိုပြောတာမှန်တယ်။"
သူတို့နောက်သို့လိုက်လာသည့် အမည်းရောင်ဝတ်စုံနှင့်လူက ခိုးနားထောင်ရင်း တစ်ခုခုအားတွေးမိသွားပုံပေါ်သည်။ 'စစ်သူကြီး ဒီရက်ပိုင်းမှာ စုံစမ်းနေခဲ့တဲ့နေရာကလည်း ဒီမဟာမာန်တောင်လားမသိဘူး။ မဟာမာန်တောင်ထဲမှာ လျှို့ဝှက်ချက်တစ်ချို့ ရှိနေတာများလား။ ကျွတ်စ်၊ ထားလိုက်တော့။ လက်ရှိမှာ ဒီနှစ်ယောက် တာဝန်ထမ်းဆောင်ရင်း အသတ်မခံရဖို့ပဲ ငါစောင့်ကြည့်နေရမယ်။'
*****
သတိလစ်သွားပြီးနောက် လင်းကျန်က အရုဏ်တက်ချိန်မတိုင်မီအထိ အိပ်နေခဲ့ပြီး ဘာဖြစ်ပျက်သွားသည်ကို လုံးဝသတိမထားမိပေ။ ယခုတစ်ကြိမ်တွင်တော့ ညဉ့်နက်ချိန်၌ သူအကြောမဆွဲဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်ခဲ့သည်။ သူနိုးလာသောအခါ ယခင်နှစ်ရက်ကထက် ပိုသန်မာသောခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။ သူက ပိုသန်မြန်လာကာ တက်ကြွလာပြီး အမြင်နှင့် အကြားအာရုံများပင် တိုးတက်လာသည်။ သူအဝေးသို့ လှမ်းကြည့်လိုက်သောအခါ မြင်ကွင်းပိုကျယ်လာပြီး အဝေးမှအရာများကိုပင် ထင်ထင်ရှားရှားမြင်နိုင်နေသည်။ အကြားအာရုံတိုးတက်လာသည့်ကျေးဇူးကြောင့် သူခြံအရှေ့ဘက်တံခါးမှ အသံများကိုပင် ခွဲခြားနေနိုင်ပြီဖြစ်သည်။
"သွေးကြောတွေကိုရှင်းလိုက်တာ တော်တော်အကျိုးရှိတာပဲ။ ငါသာ အတွင်းအား စလေ့ကျင့်ရင် အနာဂတ်မှာ ဘယ်လိုအံ့ဩစရာအပြောင်းအလဲတွေ ဖြစ်လာမလဲ။"
စိတ်လှုပ်ရှားမှုကို အောင့်အည်းကာ လင်းကျန်အိပ်ရာထ၍ မျက်နှာသစ်ပြီး ဆံပင်ဖြီးသည်။ တံခါးဘက်မှ ခြေသံများထွက်လာရာ သူ ဇဝေဇဝါဖြင့် မတ်တပ်ရပ်လိုက်သည်။ 'အခုလေးတင် အရုဏ်တက်တာလေ။ ဒီလိုအစောကြီးမှာ ဘယ်သူများရောက်လာတာလဲ။'
"သခင်လေး၊ ခေါင်းဆောင်ဝမ်နဲ့ အစောင့်လျှိုတို့ ရောက်လာပါပြီ။" ရှားဖုန်းက အထဲဝင်လာကာပြောသည်။
'သူတို့လား။ ဒါဆို..."
"သူတို့ကို ဝင်ခွင့်ပြုလိုက်။"
"သခင်လေး၊ ကျွန်တော်တို့ အရေးတကြီးတင်ပြစရာရှိပါတယ်။" ဝမ်တရှန်နှင့်လျှိုရိတို့က အခန်းထဲသို့ဝင်လာသည်နှင့်ပြောသည်။ သူတို့ကခရီးပန်းနေပုံပေါ်ပြီး အဝတ်အစားများတွင်လည်း နှင်းရွှဲ၍ ဖုန်လူးနေကာ ခရီးကြမ်းဖြတ်လာခဲ့ရပုံပင်။
"ရှားဖုန်း၊ ဆေးကြောတဲ့ရေပူ၊ ပုဝါတွေနဲ့၊ စားစရာတွေ သွားပြင်လိုက်။" လင်းကျန်က ရှားဖုန်းကိုပြောသည်။
ရှားဖုန်းက ခေါင်းညှိတ်ကာ အခန်းထဲမှ ထွက်သွားသည်။
လျှိုရိနှင့်ဝမ်တရှန်တို့က ထိုင်ခုံများနားသို့လာကာ ထိုင်လိုက်သည်။
"သခင်လေး အဲ့ဓားပြတွေက ဘယ်အဖွဲ့ကလဲဆိုတာကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်။"
"အလျင်မလိုပါဘူး။ ခဏလောက်နားပြီး ရေနွေးနည်းနည်းသောက်ကြပါဦး။"
ဤလူများ၏ပုံစံအရ သူတို့သည် တစ်ညလုံး ပင်ပင်ပန်းပန်း ပြေးလွှားခဲ့ရပြီး သေချာပေါက် မောပန်းနွမ်းနယ်နေမည်ကို လင်းကျန်သိလိုက်သည်။
ရှားဖုန်းက အလုပ်လုပ်ရာတွင် မြန်ဆန်သည်။ မကြာခင်တွင်သူက ဆေးကြောသည့်ရေပူ၊ ပုဝါများ၊ အသစ်ပြင်ဆင်ထားသော ရေနွေးကြမ်းနှင့် စားစရာများအား သယ်ဆောင်ထားသည့် အစေခံအချို့နှင့်အတူ ပြန်လာသည်။
"ပင်ပန်းတာပျောက်သွားအောင် ခင်ဗျားတို့ မျကိနှာအရင်သွားသစ်ကြပါလား။"
လျှိုရိနှင့်ဝမ်တရှန်တို့ အကြည့်ချင်းဖလှယ်ပြီးနောက် ယဉ်ကျေးမနေတော့ဘဲ အစေခံများယူလာသည့် ရေပူနှင့် မျက်နှာသစ်ကာ လည်ပင်းကို သုတ်လိုက်သည်။ ထို့နောက် သူတို့ကပြန်ထိုင်ကာ ရေနွေးကြမ်းပူသောက်၍ တစ်ယောက်လျှင် ပေါက်စီနွေးနွေးငါးခုကျော်ခန့်စီစားကြသည်။ ထို့နောက်တွင်မှ သူတို့လန်းဆန်းရွှင်ပျလာကြသည်။
လင်းကျန်က သူတို့လုံလုံလောက်လောက်စားသောက်ပြိးသည်အထိ စောင့်ပေးသည်။ "သူတို့တွေက ဘယ်အဖွဲ့ကလဲ။"
ဝမ်တရှန်က ရေနွေးချမ်းခွက်ကိုချကာ ဖြေသည်။ "မဟာမာန်တောင်ထဲကအဖွဲ့ပါ သခင်လေး။"
"မဟာမာန်တောင်လား။" ယင်းမှာတကယ်ကို ခဲရာခဲဆစ်နိုင်သောကိစ္စဖြစ်မှန်း လင်းကျန်ချက်ချင်းသဘောပေါက်ကာ မျက်မှောင်ကြုတ်မိသည်။ "သေချာလား။"
"ကျိန်းသေပေါက်ပါပဲ။ လျှိုရိနဲ့ကျွန်တော် သူတို့နောက်လိုက်ကြည့်တာ တောင်ထဲဝင်သွားတာကိုတွေ့လိုက်ရတယ်။ သူတို့က အဲ့တောင်ထဲကို ပိုနက်နက်ဝင်သွားကြပါတယ်။ နဂိုက ကျွန်တော်တို့ သူတို့နောက်ကို လိုက်ဖို့လုပ်ထားပေမဲ့..."
"ပြီးတော့ ဘာဖြစ်သွားလဲ။" ဝမ်တရှန်အနည်းငယ်တုန်းဆိုင်းနေသည်ကို လင်းကျန်တွေ့သောအခါ မေးလိုက်သည်။
"ဘေးခြံမှာနေတဲ့ အရာရှိယွီဝမ်ရဲ့ အစောင့်တစ်ယောက်က ရုတ်တရက်ပေါ်လာပြီး ကျွန်တော်တို့ အဲ့ဓားပြတွေနောက်လိုက်မှာကို တားပါတယ်။ တောင်ထဲမှာ နေရာတိုင်း ထောင်ချောက်ဆင်ထားလို့ နေ့အချိန်မှာတောင် ထောင်ချောက်မိသွားနိုင်တဲ့အတွက် သူတို့နောက်ကို ညဘက်ကြီးလိုက်သွားရင် သေလိမ့်မယ်လို့ သူကပြောပါတယ်။ သူက ကျွန်တော်တို့ကို ပြန်ခိုင်းပါတယ်။" လျှိုရိက ဝမ်တရှန်အားမေးသည့်မေးခွန်းကို ဝင်ဖြေသည်။
ယွီဝမ်ထုန်ရဲ့အစောင့်လား။ ဓားပြဟုယူဆရသည့်လူအချို့က နယ်စောင့်တပ်စခန်းထဲဝင်သွားသည်ဟု သူယွီဝမ်ထုန်အားပြောဖူးသည်။ ယွီဝမ်ထုန်သည်လည်း ထိုနေရာကို ချောင်းမြောင်းထောက်လှမ်းရန် လူတစ်ယောက်လွှတ်ထားခြင်းဖြစ်ရမည်။
"ကျွန်တော် သိပြီ။ ဒီကိစ္စအကြောင်းကို ကျွန်တော်သူ့ဆီ နောက်မှပြောလိုက်မယ်။ တခြား ရှာတွေ့တာတစ်ခုခုများ ရှိသေးလား။"
"ကျွန်တော်တို့ ဒါပဲသိလာတဲ့အတွက် အားနာပါတယ်။ ဒါပေမဲ့ မဟာမာန်တောင်ထဲက အဲ့ဓားပြအရိုင်းအစိုင်းတွေက တခြားအဖွဲ့ကဓားပြတွေထက် အများကြီးပိုအန္တရာယ်များပါတယ်။ သခင်လေး သူတို့နဲ့တကယ် ထိပ်တိုက်ရင်ဆိုင်ချင်တာလား။" ဝမ်တရှန်က စိုးရိမ်ပူပန်စွာမေးသည်။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ပစ္မွတ္ကိုေတြ႕ကာ ေခ်ာင္းေျမာင္းျခင္း
.................................................
ေခြၽးစက္ေခြၽးေပါက္မ်ားက သူ႕ပါးေပၚမွျဖတ္၍ က်ေနသည္။ လင္းက်န္က ပူေလာင္သည့္ေဆးရည္ႏွင့္ ခ်စ္ခ်စ္ေတာက္ပူေသာေရႏြေးေငြ႕ၾကားတြင္ ေခြၽးတလုံးလုံးျဖစ္ေနသည္။ ယခုတစ္ႀကိမ္မွာ သူဒုတိယအႀကိမ္အျဖစ္ ေဆးစိမ္ျခင္းျဖစ္ေသာ္လည္း မ်ားလွစြာေသာပု႐ြက္ဆိတ္မ်ားက သူ႕ႏွလုံးသားအား ကိုက္ျဖတ္ေနသကဲ့သို႔ မခံမရပ္နိုင္သည့္ ထုံထိုင္း၊ယားယံ၊နာက်င္မႈကို ခံစားေနရဆဲပင္။ သူလက္သီးက်စ္က်စ္ဆုပ္ထားသည္။ သူ႕လက္ေခ်ာင္းထိပ္မ်ားက လက္ဖဝါးထဲသို႔ ခပ္နက္နက္စိုက္ဝင္ေနသည္။ ကံေကာင္းစြာျဖင့္ သူ႕တြင္လက္သည္းအရွည္မရွိေပ။ မဟုတ္လွ်င္ ယခုအခ်ိန္၌ သူ႕လက္ဖဝါးမ်ား ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ကာ ေသြးထြက္ေနေလာက္သည္။
ဤသည္မွာ မသက္မသာျဖစ္ရေသာ အေတြ႕အႀကဳံတစ္ခုပင္။
လင္းက်န္မွာ အခ်က္ျပခ်က္တစ္ခုေၾကာင့္ သူၿပိဳလဲသြားမည္ကိုစိုးရိမ္သည့္အလား၊ ႏႈတ္ခမ္းဖ်ားမွ ညည္းသံတစ္ခ်က္ပင္မထြက္ေစရေအာင္ တင္းခံထားသည္။
လင္းက်န္၏ေက်ာေပၚသို႔ လက္ဖဝါးမ်ားျဖင့္ ဖိကပ္ထားေသာ ယြီဝမ္ထုန္က ႏြေးေထြးသည့္စြမ္းအင္ကို ဆက္တိုက္ပို႔ေပးေနၿပီး ေသြးေၾကာမ်ားကို နည္းနည္းခ်င္းခ်ဲ့ေနသည္။ သူသည္လည္း ေခြၽးအလြန္ထြက္ေနသည္။
"ေတာင့္ထား။"
လုပ္ငန္းစဥ္ေၾကာင့္ လင္းက်န္ခံစားေနရသည္ကို ယြီဝမ္ထုန္ျမင္ေသာအခါ အားေပးလိုက္သည္။
ပထမဆုံးတစ္ႀကိမ္က အနာက်င္ရဆုံးျဖစ္ေသာ္လည္း ဒုတိယတစ္ႀကိမ္မွာ ပို၍သည္းမခံနိုင္စရာပင္။
ပထမဆုံးႏွစ္ႀကိမ္ကို ေတာင့္ခံကာ ေဆးရည္၏သက္ေရာက္မႈႏွင့္ အကြၽမ္းဝင္သြားမွသာ လင္းက်န္ပို၍သက္ေတာင့္သက္သာျဖစ္လာမည္ပင္။
ေနာက္ဆုံးတြင္ေတာ့ ဒုတိယတစ္ႀကိမ္ေဆးစိမ္ျခင္း ၿပီးသြားသည္။ လင္းက်န္အာ႐ုံစူးစိုက္မႈ ေျဖေလွ်ာ့လိုက္ေသာအခါ သတိထပ္လစ္သြားသည္မွာ မထူးဆန္းေတာ့ေပ။
ယခင္တစ္ႀကိမ္ကကဲ့သို႔ပင္ ယြီဝမ္ထုန္က သူ႕ကိုေရခ်ိဳးကန္ထဲမွေပြ႕ခ်ီလာကာ အဝတ္လဲေပးၿပီး ထြက္သြားသည္။
ရွားဖုန္းက ဤကဲ့သို႔ေသာျဖစ္ရပ္ကို တစ္ႀကိမ္ျမင္ၿပီးသားျဖစ္ရာ အစမွအဆုံးတိုင္ တိတ္ေနသည္။ ယြီဝမ္ထုန္ထြက္သြားၿပီးေနာက္ သူကခန္းမအဝင္ခန္းငယ္ထဲတြင္ ေနေနသည္။
လင္းက်န္အိမ္ေပ်ာ္ေနစဥ္တြင္ နယ္ေစာင့္တပ္စခန္းအျပင္ဘက္၌လည္း မူမမွန္ေသာတစ္စုံတစ္ခုျဖစ္ပ်က္ခဲ့သည္။
"အစ္ကိုႀကီးဝမ္၊ ကြၽန္ေတာ္တို႔ အေဖာ္ရၿပီ။"
နယ္ေစာင့္တပ္စခန္းအျပင္ဘက္တြင္ ပုန္းေနေသာ လွ်ိုရိက သူ႕ေဘးတြက္အိပ္ေနေသာဝမ္တရွန္ကို တြန္းႏွိုးလိုက္သည္။ ဝမ္တရွန္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနပုံေပၚေသာ္လည္း လွ်ိုရိထိသည္ႏွင့္ ခ်က္ခ်င္းနိုးလာသည္။ "သူတို႔ေရာက္လာၿပီလား။"
"ဟုတ္တယ္။" လွ်ိုရိက လားရာတစ္ခုဘက္သို႔ ၫႊန္ျပသည္။ "အဲ့ဒိမွာ။"
ဝမ္တရွန္က အကာအကြယ္ေအာက္မွ လည္ဆန့္၍ၾကည့္လိုက္ေသာအခါ သာမန္ဝတ္စားထားေသာ္လည္း ဓားျပႏွင့္အလြန္တူစြာေလွ်ာက္လာေသာ ၾကမ္းၾကမ္းရမ္းရမ္းလူဆယ္ေယာက္ေက်ာ္ခန့္ကို ျမင္လိုက္ရသည္။ ၎တို႔က နယ္ေစာင့္တပ္စခန္း၏ဝင္ေပါက္သို႔သြားကာ အေစာင့္မ်ားအား အမွတ္အသားအျပားတစ္ခုကဲ့သို႔အရာကိုျပ၍ စခန္းထဲသို႔ ကားကားကားကားျဖင့္ေလွ်ာက္ဝင္သြားသည္။
"သခင္ေလး မွန္တယ္။ ဒီလူေတြက ဒီညတင္ေရာက္လာၾကတယ္။"
ဝမ္တရွန္က နယ္ေစာင့္တပ္စခန္းဘက္သို႔ စူးစိုက္ၾကည့္ကာ ဤလူမ်ားက ထိုအထဲ၌ ဘာလုပ္ေနၾကေၾကာင္းအား အေျဖရွာရန္ႀကိဳးစားေနသည္။ ႏွေျမာစရာေကာင္းသည္မွာ သူ၏အျမင္အာ႐ုံကသိပ္မေကာင္းသျဖင့္ ေဒါသတႀကီး အရႈံးေပးလိုက္ရသည္။
"ေသာကေရာက္စရာမလိုဘူး၊ အစ္ကိုႀကီးဝမ္။ စိုးရိမ္ပူပန္တာက အစ္ကိုႀကီးရဲ႕က်ိဳးေၾကာင္းဆင္ျခင္နိုင္စြမ္းကို မဖုံးသြားေစနဲ႕။ သခင္ေလးက ကြၽန္ေတာ္တို႔ကို ဒီဓားျပေတြကိုေခ်ာင္းေျမာင္းဖို႔ပဲ အမိန့္ေပးထားေတာ့ ကြၽန္ေတာ္တို႔ လုပ္ရမွာက ဒီဓားျပေတြထြက္လာရင္ အနီးကပ္လိုက္သြား႐ုံပဲ။ နယ္ေစာင့္တပ္စခန္းမွာက အေစာင့္တင္းၾကပ္တယ္။ ကြၽန္ေတာ္တို႔ ခိုးဝင္နိုင္ရင္ေတာင္ သူတို႔ေျပာတာကို ေခ်ာင္းနားေထာင္နိုင္မွာမဟုတ္ဘူး။"
"ငါသိတယ္။ ငါေဒါသထြက္တာက နယ္ေစာင့္တပ္မႉးျဖစ္တဲ့က်န္ေခ်ာင္းက ဒီဓားျပေတြကို နယ္ေစာင့္တပ္စခန္းထဲ ဘာဒြိဟမွေတာင္အျဖစ္မခံရဘဲ ထိုးထိုးေထာင္ေထာင္နဲ႕ ဝင္ခြင့္ျပဳထားတာေၾကာင့္ပဲ။"
"ဒါကို ကြၽန္ေတာ္ေျပာျပထားတာ ၾကာၿပီမဟုတ္လား။ အစ္ကိုဘာေၾကာင့္ မခံမရပ္နိုင္ျဖစ္ေနရေသးတာလဲ။"
"ဘာေၾကာင့္လဲဆိုေတာ့ အခုက ငါ့မ်က္လုံးေတြနဲ႕ တပ္အပ္ျမင္တာေလ။"
ေျပာစရာမဲ့သြားေသာလွ်ိုရိက သူ႕ကိုလစ္လ်ဴရႈလိုက္ကာ နယ္ေစာင့္တပ္စခန္းအေပါက့္ဝသို႔ အာ႐ုံျပန္စိုက္၍ ထိုဓားျပမ်ားထြက္လာမည္ကို ေစာင့္ေနသည္။
သူတို႔၏အေဝးမွသစ္ကိုင္းတစ္ကိုင္းေပၚတြင္ အမည္းေရာင္ဝတ္စုံဝတ္လူတစ္ေယာက္က ပင္စည္ကိုမွီကာထိုင္ေနရင္း ဆားမုန့္တစ္ခ်ပ္ကို စိမ္ေျပနေျပဝါးေနသည္။ နိုးနိုးၾကားၾကားျဖစ္ေနေသာဝမ္တရွန္ႏွင့္ယွဥ္လွ်င္ သူက အေပ်ာ္ခရီးထြက္လာပုံေပၚသည္။
"ဒီငတုံးႏွစ္ေယာက္ကေတာ့။" လွ်ိုရိႏွင့္ဝမ္တရွန္တို႔၏ေျပာစကားကို ၾကားေသာအခါ အမည္းေရာင္ဝတ္စုံႏွင့္လူက ေလွာင္သည္။ "သူတို႔က ဒီမွာလူလာေခ်ာင္းတယ္လို႔ေတာင္ ေျပာရဲၾကေသးတယ္။ ငါမင္းတို႔ကိုေစာင့္ၾကည့္လာတာ ရက္ေတြမ်ားၿပီ၊ ဒါေတာင္မင္းတို႔ ငါ့ကို တစ္ႀကိမ္ေတာင္မေတြ႕ၾကဘူး။ ဒီကိစၥကိုသခင္ေလးလင္းမသိေစရဘူးလို႔သာ စစ္သူႀကီးကအမိန့္မေပးထားရင္ ငါမင္းတို႔ကို သင္ခန္းစာေပးလိုက္တာၾကာၿပီ။" တစ္စုံတစ္ေယာက္ကလည္း သူတို႔ကဲ့သို႔ပင္ နယ္ေစာင့္တပ္စခန္းအား ေခ်ာင္းေျမာင္းေနသည္ဟု လွ်ိုရိႏွင့္ဝမ္တရွန္တို႔ မရိပ္မိၾကေပ။ ေနာက္ဆုံးတြင္ေတာ့ ႏွစ္နာရီၾကာၿပီးေနာက္ ထိုဓားျပမ်ားက နယ္ေစာင့္တပ္စခန္းမွထြက္လာၾကသည္။ သူတို႔အားလုံးက ယိုင္တီးယိုင္တိုင္ေလွ်ာက္လာၾကရာ အရက္အမ်ားအျပားေသာက္လာျခင္း ျဖစ္ေလာက္သည္။
"က်န္ေခ်ာင္းက ဒီဓားျပေတြကို ညစာစားပြဲနဲ႕ေတာင္ ဧည့္ခံလိုက္ေသးတယ္။ ႀကီးျမတ္ေသာယြဲ႕ျပည္ေထာင္စုရဲ႕ နယ္ေစာင့္တပ္မႉးတစ္ေယာက္အေနနဲ႕ သူကအရွက္ရေစတာပဲ။"
"က်ိန္ဆဲေနတာကိုရပ္ၿပီး သူတို႔ေနာက္ကို လိုက္ေတာ့။"
လွ်ိုရိက ဝမ္တရွန္ကိုဆြဲကာ ထိုဓားျပမ်ားေနာက္သို႔လိုက္လာသည္။ တျဖည္းျဖည္းႏွင့္ သူတို႔ကနယ္ေစာင့္တပ္စခန္း၏အေပါက္ဝမွ ေဝးသြားကာ ပိန္းပိတ္ေအာင္ေမွာင္ေသာ အေမွာင္ထုထဲသို႔ဝင္ေရာက္သြားစဥ္တြင္ ထိုဓားျပမ်ားက ျမင္းမ်ားေပၚသို႔တက္၍ ထြက္သြားေတာ့မည္ကို သူတို႔ေတြ႕လိုက္ရသည္။
"ျမန္ျမန္။ ျမန္ျမန္ သူတို႔ေနာက္ကိုလိုက္။ " လွ်ိုရိက စိုးရိမ္တႀကီး ေလာေဆာ္သည္။
"ငါတို႔က ဘယ္လိုလုပ္ အဲ့လိုလုပ္နိုင္မွာလဲ။ သူတို႔မွာ ျမင္းေတြပါတယ္ေလ။ မင္းက သူတို႔ေနာက္ကို ေျပးလိုက္မလို႔လား။" ဝမ္တရွန္က အျမန္ေျပးေနရင္း ခပ္တိုးတိုးက်ိန္ဆဲသည္။
သူႏွင့္အတူ ေဘးခ်င္းကပ္ေျပးေနေသာ လွ်ိုရိကေျပာ၏။ "သူတို႔က အခုေလးတင္ အရက္ေသာက္လာၾကတာဆိုေတာ့ ျမင္းအျမန္စီးနိုင္ၾကမွာ မဟုတ္ဘူး။"
"ေကာင္းၿပီေလ။ သူတို႔အခုေလးတင္ အရက္ေသာက္လာတာ ငါတို႔အတြက္ကံေကာင္းတာပဲ။" ဝမ္တရွန္မွာ ေခြၽးေအးမ်ားထြက္လာသည္။ 'ဒီဓားျပေတြသာ အရက္မေသာက္လာၾကရင္ ငါတို႔ရဲ႕သာမန္ကိုယ္ေဖာ့ပညာနဲ႕ သူတို႔ေနာက္အမွီလိုက္နိုင္ပါ့မလား။' ဟု သူေတြးမိသည္။
"ေနာက္တစ္ႀကိမ္က်ရင္ ငါတို႔ျမင္းေတြျပင္ထားရမယ္။" ဝမ္တရွန္က ေနာက္မွေတြးၾကည့္လွ်င္ လုံးဝ အဓိပၸာယ္ မရွိေသာ အခ်ိန္ႏွောင္းအႀကံတစ္ခုျပဳသည္။
လွ်ိုရိမွာ ေျပာစရာမဲ့သြားကာ သူ႕ကိုတစ္ခ်က္ၾကည့္လိုက္သည္။
လွ်ိုရိေျပာသလိုပင္၊ ဤဓားျပမ်ားက အရက္အမ်ားအျပားေသာက္လာၾကသျဖင့္ ျမင္းအျမန္မစီးရဲၾကေပ။ သူတို႔က ညစ္ညစ္ညမ္းညမ္းေျပာဆိုကာ လမ္းတစ္ေလွ်ာက္လုံး ရယ္ေမာေနၾကသည္။
တစ္နာရီမွ်ၾကာၿပီးေနာက္...
"ဒီလားရာက..." ဝမ္တရွန္က ေဘးပတ္ဝန္းက်င္ကို လေရာင္၏အကူျဖင့္ ၾကည့္လိုက္သည္။ "သူတို႔က ခ်ီစီရင္စုဆီ ဦးတည္ေနၾကတာပဲ။"
"ခ်ီစီရင္စုနဲ႕ပက္သက္ၿပီး တစ္ခုခုထူးျခားလို႔လား။" လွ်ိုရိကသူ႕ကိုေမးသည္။
"အႀကီးဆုံး ဓားျပဒုစရိုက္သိုက္ၿမဳံက ခ်ီစီရင္စုမွာေလ။ သူတို႔က မဟာမာန္ေတာင္မွာ ပုန္းခိုေနၾကတာ။ အဲ့ေတာင္က တအားက်ယ္ေျပာလြန္းၿပီး ပတ္ဝန္းက်င္ကလည္းဆိုးေတာ့ အဲ့မွာပုန္းေနတဲ့ဓားျပေတြက ရွင္းပစ္ဖို႔ဆုံးပဲ။ ႏွစ္တိုင္းမွာ နယ္ေစာင့္တပ္သားေတြ..."
"ထားလိုက္ေတာ့။ သူတို႔ေတြက ဓားျပေတြကိုႏွိမ္ႏွင္းဖို႔ တကယ္အားစိုက္ထုတ္ခဲ့လားဆိုတာကိုေတာင္ ငါသံသယဝင္ေနၿပီ။ ဘာပဲျဖစ္ျဖစ္ မဟာမာန္ေတာင္မွာရွိတဲ့ ဓားျပအုပ္စုက အားအေကာင္းဆုံးပဲ။ သူတို႔ေတြက သူတို႔ရဲ႕အမာခံနယ္ေျမေတြကို တစ္ခ်ိန္လုံးေျပာင္းေနတာလို႔လဲ ေကာလဟာလထြက္ထားတယ္။ ဓားျပႏွိမ္ႏွင္းတဲ့စစ္ဆင္ေရးေတြအမ်ားႀကီးလုပ္ေနေပမဲ့ ဒီဓားျပေတြရဲ႕ဒုစရိုက္သိုက္ၿမဳံကို တစ္ခါမွ ရွာမေတြ႕ဖူးဘူး။ သူတို႔ေတြ စုစုေပါင္းအေရအတြက္ ဘယ္ႏွေယာက္က်န္ေနေသးတယ္ဆိုတာကိုလည္း မသိရဘူး။"
"မဟာမာန္ေတာင္..." လွ်ိုရိက ေရ႐ြတ္လိုက္စဥ္ တစ္စုံတစ္ခုအား သတိရသြားပုံေပၚသည္။ "အဲ့ဒါက ယန္က်ိဳးအထိေပါက္တဲ့ပုံပဲ။ သဲဝါျမစ္က မဟာမာန္ေတာင္ထဲမွာရွိတဲ့ ေခ်ာက္တစ္ခုကို ျဖတ္စီးေနတာ။"
"ဟုတ္တယ္။ ငါေျပာေနတာ အဲ့မဟာမာန္ေတာင္ေလ။"
"အစ္ကိုႀကီးေျပာသလိုဆို ဒီမဟာမာန္ေတာင္က ေတာ္ေတာ္ႀကီးတာပဲ။ ဒီဓားျပေတြက ပုန္းတာေတာ္ေတာ့ သူတို႔ကိုင္တြယ္ဖို႔ တကယ္မလြယ္တာပဲ။"
"အဲ့အေၾကာင္းေျပာရရင္ မဟာမာန္ေတာင္ထဲမွာရွိတဲ့ဓားျပေတြက အရင္ဆုံးထႂကြေသာင္းက်န္းခဲ့တာပဲ။ သူတို႔ေတြက ေဒသခံအစိုးရခင္းထားတဲ့ တရားဝင္လမ္းမႀကီးကို မထိန္းခ်ဳပ္ေပမဲ့ အနီးအနား႐ြာေတြက ဓားျပတိုက္သတ္ျဖတ္တာေတြအတြက္ တာဝန္ရွိတယ္။ သူတို႔ေတြက ေသြးေအးရက္စက္တဲ့ ဥပေဒမဲ့ လူတစ္စုေလ။ အရင္ႏွစ္အနည္းငယ္ေလာက္တုန္းကဆို ဆန္ကုန္ေျမေလးသိုင္းပညာရွင္တခ်ိဳ႕က အဲ့ဓားျပေတြရဲ႕သတင္းကိုၾကားၿပီး မဟာမာန္ေတာင္မွာသြားေပါင္းတယ္။ အဲ့ဒါေၾကာင့္ ဒီဓားျပေတြ ပိုအင္အားႀကီးလာတာ။"
"သခင္ေလးက လက္ရွိအေျခအေနကို လစ္လ်ဴရႈၿပီး ဒီဓားျပေတြနဲ႕တကယ္ ရင္ဆိုင္ခ်င္ေနတာလား။"
လွ်ိုရိက ေျခလွမ္းကိုႏွေးကာ အလြန္စိုးရိမ္ေနပုံျဖင့္ေမးသည္။
ဝမ္တရွန္က သူ႕ကိုတစ္ခ်က္ဆြဲ၍ေမးသည္။ "မရပ္လိုက္နဲ႕။ သခင္ေလးက သူတို႔ကိုတိုက္ခိုက္ဖို႔ ဆုံးျဖတ္သည္ျဖစ္ေစ၊ မဆုံးျဖတ္သည္ျဖစ္ေစ ငါတို႔ရဲ႕အလုပ္ကို အရင္ၿပီးေအာင္လုပ္ရမယ္။ ၿပီးေတာ့ ငါတို႔အဲ့ကိုသြားၿပီး အရင္ေထာက္လွမ္းထားရင္ ဒီဓားျပေတြရဲ႕တကယ့္အင္အားအေၾကာင္း ကနဦးအခ်က္အလက္ေတြရနိုင္တယ္။ အဲ့ဒါဆို ဒီဓားျပေတြနဲ႕ ရင္ဆိုင္မဲ့အႀကံကိုလက္လႊတ္ဖို႔ သခင္ေလးကိုနားခ်တဲ့အခါက် ငါတို႔ရဲ႕စကားေတြက ပိုလက္ခံနိုင္စရာေကာင္းလိမ့္မယ္။"
ဤသည္ကို ၾကားေသာအခါ လွ်ိုရိက အရွိန္ျမႇင့္လိုက္သည္။ "အစ္ကိုေျပာတာမွန္တယ္။"
သူတို႔ေနာက္သို႔လိုက္လာသည့္ အမည္းေရာင္ဝတ္စုံႏွင့္လူက ခိုးနားေထာင္ရင္း တစ္ခုခုအားေတြးမိသြားပုံေပၚသည္။ 'စစ္သူႀကီး ဒီရက္ပိုင္းမွာ စုံစမ္းေနခဲ့တဲ့ေနရာကလည္း ဒီမဟာမာန္ေတာင္လားမသိဘူး။ မဟာမာန္ေတာင္ထဲမွာ လွ်ို႔ဝွက္ခ်က္တစ္ခ်ိဳ႕ ရွိေနတာမ်ားလား။ ကြၽတ္စ္၊ ထားလိုက္ေတာ့။ လက္ရွိမွာ ဒီႏွစ္ေယာက္ တာဝန္ထမ္းေဆာင္ရင္း အသတ္မခံရဖို႔ပဲ ငါေစာင့္ၾကည့္ေနရမယ္။'
*****
သတိလစ္သြားၿပီးေနာက္ လင္းက်န္က အ႐ုဏ္တက္ခ်ိန္မတိုင္မီအထိ အိပ္ေနခဲ့ၿပီး ဘာျဖစ္ပ်က္သြားသည္ကို လုံးဝသတိမထားမိေပ။ ယခုတစ္ႀကိမ္တြင္ေတာ့ ညဥ့္နက္ခ်ိန္၌ သူအေၾကာမဆြဲဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္နိုင္ခဲ့သည္။ သူနိုးလာေသာအခါ ယခင္ႏွစ္ရက္ကထက္ ပိုသန္မာေသာခံစားခ်က္တစ္ခုကိုခံစားလိုက္ရသည္။ သူက ပိုသန္ျမန္လာကာ တက္ႂကြလာၿပီး အျမင္ႏွင့္ အၾကားအာ႐ုံမ်ားပင္ တိုးတက္လာသည္။ သူအေဝးသို႔ လွမ္းၾကည့္လိုက္ေသာအခါ ျမင္ကြင္းပိုက်ယ္လာၿပီး အေဝးမွအရာမ်ားကိုပင္ ထင္ထင္ရွားရွားျမင္နိုင္ေနသည္။ အၾကားအာ႐ုံတိုးတက္လာသည့္ေက်းဇူးေၾကာင့္ သူၿခံအေရွ႕ဘက္တံခါးမွ အသံမ်ားကိုပင္ ခြဲျခားေနနိုင္ၿပီျဖစ္သည္။
"ေသြးေၾကာေတြကိုရွင္းလိုက္တာ ေတာ္ေတာ္အက်ိဳးရွိတာပဲ။ ငါသာ အတြင္းအား စေလ့က်င့္ရင္ အနာဂတ္မွာ ဘယ္လိုအံ့ဩစရာအေျပာင္းအလဲေတြ ျဖစ္လာမလဲ။"
စိတ္လႈပ္ရွားမႈကို ေအာင့္အည္းကာ လင္းက်န္အိပ္ရာထ၍ မ်က္ႏွာသစ္ၿပီး ဆံပင္ၿဖီးသည္။ တံခါးဘက္မွ ေျခသံမ်ားထြက္လာရာ သူ ဇေဝဇဝါျဖင့္ မတ္တပ္ရပ္လိုက္သည္။ 'အခုေလးတင္ အ႐ုဏ္တက္တာေလ။ ဒီလိုအေစာႀကီးမွာ ဘယ္သူမ်ားေရာက္လာတာလဲ။'
"သခင္ေလး၊ ေခါင္းေဆာင္ဝမ္နဲ႕ အေစာင့္လွ်ိုတို႔ ေရာက္လာပါၿပီ။" ရွားဖုန္းက အထဲဝင္လာကာေျပာသည္။
'သူတို႔လား။ ဒါဆို..."
"သူတို႔ကို ဝင္ခြင့္ျပဳလိုက္။"
"သခင္ေလး၊ ကြၽန္ေတာ္တို႔ အေရးတႀကီးတင္ျပစရာရွိပါတယ္။" ဝမ္တရွန္ႏွင့္လွ်ိုရိတို႔က အခန္းထဲသို႔ဝင္လာသည္ႏွင့္ေျပာသည္။ သူတို႔ကခရီးပန္းေနပုံေပၚၿပီး အဝတ္အစားမ်ားတြင္လည္း ႏွင္း႐ႊဲ၍ ဖုန္လူးေနကာ ခရီးၾကမ္းျဖတ္လာခဲ့ရပုံပင္။
"ရွားဖုန္း၊ ေဆးေၾကာတဲ့ေရပူ၊ ပုဝါေတြနဲ႕၊ စားစရာေတြ သြားျပင္လိုက္။" လင္းက်န္က ရွားဖုန္းကိုေျပာသည္။
ရွားဖုန္းက ေခါင္းညွိတ္ကာ အခန္းထဲမွ ထြက္သြားသည္။
လွ်ိုရိႏွင့္ဝမ္တရွန္တို႔က ထိုင္ခုံမ်ားနားသို႔လာကာ ထိုင္လိုက္သည္။
"သခင္ေလး အဲ့ဓားျပေတြက ဘယ္အဖြဲ႕ကလဲဆိုတာကြၽန္ေတာ္တို႔ ရွာေတြ႕ခဲ့ပါတယ္။"
"အလ်င္မလိုပါဘူး။ ခဏေလာက္နားၿပီး ေရႏြေးနည္းနည္းေသာက္ၾကပါဦး။"
ဤလူမ်ား၏ပုံစံအရ သူတို႔သည္ တစ္ညလုံး ပင္ပင္ပန္းပန္း ေျပးလႊားခဲ့ရၿပီး ေသခ်ာေပါက္ ေမာပန္းႏြမ္းနယ္ေနမည္ကို လင္းက်န္သိလိုက္သည္။
ရွားဖုန္းက အလုပ္လုပ္ရာတြင္ ျမန္ဆန္သည္။ မၾကာခင္တြင္သူက ေဆးေၾကာသည့္ေရပူ၊ ပုဝါမ်ား၊ အသစ္ျပင္ဆင္ထားေသာ ေရႏြေးၾကမ္းႏွင့္ စားစရာမ်ားအား သယ္ေဆာင္ထားသည့္ အေစခံအခ်ိဳ႕ႏွင့္အတူ ျပန္လာသည္။
"ပင္ပန္းတာေပ်ာက္သြားေအာင္ ခင္ဗ်ားတို႔ မ်ကိႏွာအရင္သြားသစ္ၾကပါလား။"
လွ်ိုရိႏွင့္ဝမ္တရွန္တို႔ အၾကည့္ခ်င္းဖလွယ္ၿပီးေနာက္ ယဥ္ေက်းမေနေတာ့ဘဲ အေစခံမ်ားယူလာသည့္ ေရပူႏွင့္ မ်က္ႏွာသစ္ကာ လည္ပင္းကို သုတ္လိုက္သည္။ ထို႔ေနာက္ သူတို႔ကျပန္ထိုင္ကာ ေရႏြေးၾကမ္းပူေသာက္၍ တစ္ေယာက္လွ်င္ ေပါက္စီႏြေးႏြေးငါးခုေက်ာ္ခန့္စီစားၾကသည္။ ထို႔ေနာက္တြင္မွ သူတို႔လန္းဆန္း႐ႊင္ပ်လာၾကသည္။
လင္းက်န္က သူတို႔လုံလုံေလာက္ေလာက္စားေသာက္ၿပိးသည္အထိ ေစာင့္ေပးသည္။ "သူတို႔ေတြက ဘယ္အဖြဲ႕ကလဲ။"
ဝမ္တရွန္က ေရႏြေးခ်မ္းခြက္ကိုခ်ကာ ေျဖသည္။ "မဟာမာန္ေတာင္ထဲကအဖြဲ႕ပါ သခင္ေလး။"
"မဟာမာန္ေတာင္လား။" ယင္းမွာတကယ္ကို ခဲရာခဲဆစ္နိုင္ေသာကိစၥျဖစ္မွန္း လင္းက်န္ခ်က္ခ်င္းသေဘာေပါက္ကာ မ်က္ေမွာင္ၾကဳတ္မိသည္။ "ေသခ်ာလား။"
"က်ိန္းေသေပါက္ပါပဲ။ လွ်ိုရိနဲ႕ကြၽန္ေတာ္ သူတို႔ေနာက္လိုက္ၾကည့္တာ ေတာင္ထဲဝင္သြားတာကိုေတြ႕လိုက္ရတယ္။ သူတို႔က အဲ့ေတာင္ထဲကို ပိုနက္နက္ဝင္သြားၾကပါတယ္။ နဂိုက ကြၽန္ေတာ္တို႔ သူတို႔ေနာက္ကို လိုက္ဖို႔လုပ္ထားေပမဲ့..."
"ၿပီးေတာ့ ဘာျဖစ္သြားလဲ။" ဝမ္တရွန္အနည္းငယ္တုန္းဆိုင္းေနသည္ကို လင္းက်န္ေတြ႕ေသာအခါ ေမးလိုက္သည္။
"ေဘးၿခံမွာေနတဲ့ အရာရွိယြီဝမ္ရဲ႕ အေစာင့္တစ္ေယာက္က ႐ုတ္တရက္ေပၚလာၿပီး ကြၽန္ေတာ္တို႔ အဲ့ဓားျပေတြေနာက္လိုက္မွာကို တားပါတယ္။ ေတာင္ထဲမွာ ေနရာတိုင္း ေထာင္ေခ်ာက္ဆင္ထားလို႔ ေန႕အခ်ိန္မွာေတာင္ ေထာင္ေခ်ာက္မိသြားနိုင္တဲ့အတြက္ သူတို႔ေနာက္ကို ညဘက္ႀကီးလိုက္သြားရင္ ေသလိမ့္မယ္လို႔ သူကေျပာပါတယ္။ သူက ကြၽန္ေတာ္တို႔ကို ျပန္ခိုင္းပါတယ္။" လွ်ိုရိက ဝမ္တရွန္အားေမးသည့္ေမးခြန္းကို ဝင္ေျဖသည္။
ယြီဝမ္ထုန္ရဲ႕အေစာင့္လား။ ဓားျပဟုယူဆရသည့္လူအခ်ိဳ႕က နယ္ေစာင့္တပ္စခန္းထဲဝင္သြားသည္ဟု သူယြီဝမ္ထုန္အားေျပာဖူးသည္။ ယြီဝမ္ထုန္သည္လည္း ထိုေနရာကို ေခ်ာင္းေျမာင္းေထာက္လွမ္းရန္ လူတစ္ေယာက္လႊတ္ထားျခင္းျဖစ္ရမည္။
"ကြၽန္ေတာ္ သိၿပီ။ ဒီကိစၥအေၾကာင္းကို ကြၽန္ေတာ္သူ႕ဆီ ေနာက္မွေျပာလိုက္မယ္။ တျခား ရွာေတြ႕တာတစ္ခုခုမ်ား ရွိေသးလား။"
"ကြၽန္ေတာ္တို႔ ဒါပဲသိလာတဲ့အတြက္ အားနာပါတယ္။ ဒါေပမဲ့ မဟာမာန္ေတာင္ထဲက အဲ့ဓားျပအရိုင္းအစိုင္းေတြက တျခားအဖြဲ႕ကဓားျပေတြထက္ အမ်ားႀကီးပိုအႏၱရာယ္မ်ားပါတယ္။ သခင္ေလး သူတို႔နဲ႕တကယ္ ထိပ္တိုက္ရင္ဆိုင္ခ်င္တာလား။" ဝမ္တရွန္က စိုးရိမ္ပူပန္စြာေမးသည္။