ใ€Žomegaแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธโ€Œแ€”แ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€›...

Od hanakim_32398

454K 59.8K 2.5K

๐˜ผ๐™จ๐™จ๐™ค๐™˜๐™ž๐™–๐™ฉ๐™š๐™™ ๐™‰๐™–๐™ข๐™š๐™จ : ็ฉฟๆˆOmegaๅŽๅ‘็Žฐ่‡ชๅทฑๆ€€ๅญ•ไบ† ๐˜ผ๐™ช๐™ฉ๐™๐™ค๐™ง(๐™จ): ้žๆœŸ่€Œ็„ถ ๐™๐™ฎ๐™ฅ๐™š: ๐™’๐™š๐™— ๐™‰๐™ค๐™ซ๐™š๐™ก(๐˜พ๐™‰) ๐™‚... Vรญce

Description ๐Ÿผ
Part - 1 (Z+U)
Part - 2 (Z+U)
Part - 3 (Z+U)
Part - 4 (Z+U)
Part - 5 (Z+U)
Part - 6 (Z+U)
Part - 7 (Z+U)
Part - 8 (Z+U)
Part - 9 (Z+U)
Part - 10 (Z+U)
Part - 11 (Z+U)
Part - 11 . 2 (Z+U)
Part - 12 (Z+U)
part - 13 (Z+U)
Part - 14 (Z+U)
Part - 15 (Z+U)
April Fool แ€กแ€™แ€พแ€แ€บแ€แ€›๐ŸŽ€
Part - 16 (Z+U)
Part - 17 (Z+U)
Part - 18 (Z+U)
Part - 19.2 (Z+U)
Part - 20.1 (Z+U)
Part - 20.2 (Z+U)
Part - 21.1(Z+U)
Part - 21.2 ( Z+U)
Part - 22.1 (Z+U)
Part - 22.2 (Z+U)
Part - 23 (Z+U)
Part - 24 (Z+U)
Part - 25 (Z+U)
Part - 26 (Z+U)
Part - 27 (Z+U)
Part - 28 (Z+U)
Part - 29 (Z+U)
Part - 30 (Z+U)
Part - 31 (Z+U)
Part - 32 (Z+U)
Part - 33 (Z+U)
Part - 34 (Z+U)
Part - 35 (Z+U)
Part - 36 (Z+U)
Part - 37 (Z+U)
Part - 38 (Z+U)
Part - 39 (Z+U)
Part - 40 (Z+U)
Part - 41 (Z+U)
Part - 42 (Z+U)
Part 43 (Z+U)
Part - 44 (Z+U)
Part - 45 (Z+U)
Part - 46 (Z+U)
๐ŸŽ‰
Part - 47 (I'm back y'all)
Part-47
Paid GP ๐ŸŽ€
Part-48
Part-49
Part-50
Part - 51

Part - 19.1 (Z+U)

7.2K 1.2K 24
Od hanakim_32398

🍼 မရည်ရွယ်ပါဘဲ ကြွားမိသွားခြင်း •1| ( Uni )

ဒီတစ်ကြိမ်မှာတော့ ဆရာ့အနေနဲ့ ကြီးကြီးကျယ်ကျယ် တုံ့ပြန်တာမျိုး မရှိခဲ့ဘူး။ သူက အံ့အားသင့်သွားခဲ့သော်လည်း တိတ်တဆိတ်သာ စင်ပေါ်ကို ပြန်တက်လာပြီး ဆက်စောင့်ကြည့်နေခဲ့တယ်။ သူ့မျက်နှာပေါ်မှာတော့ အနည်းငယ် တုန်လှုပ်သွားသည့် အမူအရာ ပေါ်လာခဲ့တယ်။

ဆရာ ထွက်သွားသည်နှင့် တပြိုင်နက် ချိယွီက သူ့လက်ထဲက ဘောပင်ကို ဆက်မလှည့်တော့ဘဲ စားပွဲပေါ်တင်လိုက်ကာ စာမေးပွဲပြီးသည်အထိ နာခံစွာ စောင့်နေခဲ့တယ်။


သူက ဟန်ဆောင်ဖို့ တမင်ကြိုးစားခဲ့တာ မဟုတ်ပေမယ့်လည်း သူ့ဦးနှောက်က တကယ်ကို ပင်ပန်းနွမ်းနယ်နေရုံပါပဲ။

စာမေးပွဲက တကယ်ကို ခက်ခဲလှသည်။

စာမေးပွဲက ယေဘူယျအားဖြင့် ကျောင်းသားအားလုံးအတွက် ရည်ရွယ်ထားသလိုမျိုး မခံစားရပေ။ ဆန့်ကျင်ဘက်အနေနဲ့ ၊ ဘွဲ့လွန်များကြားတွင် အသီး၏ခရင်ကို* စစ်ထုတ်ရန် အထူးပြုလုပ်ထားတဲ့ ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုလို ခံစားရတာဖြစ်တယ်။

(T/N : အသီး၏ခရင် : အကောင်းဆုံး ။ခရင်မ်ကို 16 ရာစုကတည်းက "အကောင်းဆုံး" လို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့တာဖြစ်တယ်။)

ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းအဆင့်ထက် ကျော်လွန်သော မေးခွန်းများပင် ရှိခဲ့သည်။

ချိယွီသာ နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲအပါအဝင် ငယ်ရွယ်စဉ်ကတည်းက သင်္ချာပြိုင်ပွဲအမျိုးမျိုးတွင် ပါဝင်ယှဥ်ပြိုင်ခြင်းမရှိခဲ့ပါက ထိုငရဲမေးခွန်းများကို ဖြေဆိုနိုင်လိမ့်မည်မဟုတ်ပေ။ အဲ့လိုသာဆိုရင်တော့ သူက ဟယ်ကျိုးနဲ့ အလောင်းအစားကို သေချာပေါက် ရှုံးသွားလိမ့်မည်ပင် ။

ချိယွီက သူ့လက်နှစ်ဖက်ကိုစားပွဲပေါ်တင်ကာ ခေါင်းငုံ့ပြီးမှောက်အိပ်နေတာဖြစ်ပြီး ၊သူ့ရဲ့ မျက်လုံးတွေကိုမှိတ်ထားကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်တစ်ခုချလိုက်တယ်။

ဤလုပ်ရပ်က ဆရာနှင့် အနီးနားရှိ ကျောင်းသားတွေရဲ့ အကြည့်ဆီ ရောက်ရှိသွားပြီး အားလုံးက လုံးဝ အံ့အားသင့်သွားခဲ့ကြတယ်။

ဟယ်ကျိုးရဲ့ နားရွက်ကလှုပ်ရှားသွားပြီး ချိယွီရဲ့သက်ပြင်းချသံကို ကြားလိုက်ရတယ် ။

သူက မျက်လုံးထောင့်ကနေ ချီယွီကို လှမ်းကြည့်လိုက်တော့ ‌လက်မောင်းနှစ်ဖက်အောက်ကနေ ရေဆာနေတဲ့ငါးတစ်ကောင်ကဲ့သို့ ပွင့်ဟလို့နေတဲ့ နှုတ်ခမ်းတစ်စုံကိုတွေ့လိုက်ရတယ် ။

အနှီ နှုတ်ခမ်းပါးတစ်စုံဟာ ပန်းရောင်ဖျော့ဖျော့သန်းလို့နေကာ ၊ အလွန်နူးညံ့မယ့်ပုံဘဲ။

"အဟွတ် အဟွတ်!" ဆရာ့ဆီကနေ ချောင်းဟန့်သံ ထွက်ပေါ်လို့လာတယ်။

ဟယ်ကျိုးက မျက်တောင်တဖျက်ဖျက်ခတ်လိုက်ကာ ဘယ်အချိန်ကလမ်းလွဲလို့လွဲသွားမှန်းမသိတဲ့ သူ့အကြည့်တွေကိုပြန်ရုတ်သိမ်းလိုက်ပြီး စာမေးပွဲရဲ့ နောက်ဆုံးမေးခွန်းကို အာရုံစိုက်လိုက်တယ်။

---

"ဒင်"

ခေါင်းလောင်းမြည်လာခဲ့ပြီး စာမေးပွဲလဲပြီးဆုံးသွားခဲ့တယ်။

ချိယွီက သူ့ရဲ့လက်မောင်းနှစ်ဖက်ကြားကနေ ခေါင်းမော့လာကာ သူ့ရဲ့မျက်လုံးတွေကို ပွတ်သပ်လိုက်တယ်။

ချိယွီရဲ့ နှာဖူးနားက ဆံပင်တွေကရှုပ်ထွေးလို့နေပြီး ဝေ့ဝဲကျနေကာ သူ့ရဲ့လက်မောင်း‌တွေနဲ့ ပင့်တင်တာခံလိုက်ရတယ်။ သူ့ရဲ့မျက်လုံးထောင့်နဲ့ပါးပြင်တွေမှာတော့ အနီအစင်းကြောင်း တစ်ချို့ရှိလို့နေတာကြောင့် ချိယွီက အိပ်ပျော်ရာကနေနိုးလာတယ်ဆိုတာ သိသာလို့နေတယ်။

အဝေးမှ စောင့်ကြည့်ရင်း သွေးတက်နေသော ဆရာက ရုံးချုပ်သို့ ပြန်သွားကာ ယနေ့ကိစ္စများကို အခြားဆရာများနှင့် ချက်ချင်း ဆွေးနွေးရမည်ကို အစိုးရိမ်ဆုံးဖြစ်သည်။

ဤသည်မှာ လုံချန်း နံပါတ် 1 အထက်တန်းကျောင်းရှိ စာသင်နှစ်များအတွင်း သူမြင်ဖူးသမျှထဲမှာ မာနထောင်လွှားဆုံး ကျောင်းသားဖြစ်သည်။

သူ့ကိုအခြားမည်သူမှ မနှိုင်းယှဥ်နိုင်ပေ ။

ချိယွီက အနည်းငယ်နေရခက်စွာ သူ့မျက်နှာကိုပွတ်သပ်လိုက်တယ်။

ထိုအချိန်မှာ အခန်းတစ်ခုလုံးက တိတ်ဆိတ်လို့နေပြီး၊ စာရွက်များဆီက လန်းဆန်းသည့်ရနံ့တစ်ခုသာ လွင့်ပြန့်လို့နေလေတယ်။သူက ဒီအတိုင်း လှဲကာမျက်လုံးများကိုမှိတ်ထားရင်း ခဏတာသာအနားယူချင်ခဲ့တာဖြစ်တယ်။
သို့သော် ဤလုပ်ရပ်က အခန်းထဲကလူတိုင်းဆီကို သူတောင်မသိလိုက်ပါဘဲ "ကြွားဝါ" မိလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကထင်ထားပါ့မလဲ။

ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်ပါသလဲ။

သို့သော်လည်း ၊ အရှက်ရရုံထက်မက ဤစာမေးပွဲက ချိယွီကို တစ်ကျောင်းလုံးမှာ ကျော်ကြားသွားအောင် လုပ်ဆောင်ပေးခဲ့တာဖြစ်တယ်။

ကျောင်းဝင်း ဖိုရမ်တွင်၊ ချိယွီက ခိုးချခြင်းရှိ၊ မရှိ မေးခွန်းထုတ်သည့် ပို့စ်များအပြင်၊ ချိယွီက မည်ကဲ့သို့ အားကောင်းပြီး တန်ပြန်တိုက်ခိုက်လိုက်နိုင်ပုံကို ပိုင်းခြားစိတ်ဖြာသည့် Alpha bigshots မှ ပို့စ်များလည်း ပါရှိလို့နေသည်။ ဖန်အနည်းငယ်တောင်ပေါ်ထွက်လာခဲ့ပြီး သူတို့က စာမေးပွဲခန်းထဲမှာ အိပ်နေတဲ့ ချိယွီရဲ့ အမူအရာက 'တကယ့်ကို နိုးထမှုတစ်ခုပဲ။ Alpha-ness ရဲ့ ပေါက်ကွဲသံတစ်ခုလိုပဲ' လို့ပြောဆိုလို့နေကြတယ်။\(° 7°)/

သုံးရက်ကြာ စမ်းသပ်မှု ပြီးဆုံးသွားတဲ့အခါ၊ ဖိုရမ်ပေါ်ရှိ မှတ်ချက်များမှာ အုပ်စုများစွာကွဲလို့သွားခဲ့တယ်။ အချို့က ချိယွီကို ခိုးချခြင်းအတွက် ဝေဖန်နေကြပြီး အချို့က သူ့ကို အံမခန်းဟု ချီးကျူးကြကာ အချို့က စာမေးပွဲမေးခွန်းများ ကြိုတင်ပေါက်ကြားတာကြောင့်ဟုပင် သီအိုရီထုတ်နေကြသည်။ အဆုံးတွင် အမျိုးမျိုးသော ထင်မြင်ယူဆချက်များအားလုံးသည် ဆွေးနွေးနေဆဲသာဖြစ်သည်။

သို့သော်လည်း၊ မည်သို့သောအကြောင်းအရာများကို ဆွေးနွေးကြသည်ဖြစ်စေ အဓိကနေရာကလူမှာ အမြဲတမ်းတစ်ဦးတည်းသာဖြစ်ကာ၊ ထိုလူမှာ - ချိယွီ ပင်။

ချိယွီမှာ လုံချန်း နံပါတ် 1 အထက်တန်းကျောင်းတွင် အကျော်ကြားဆုံးသူ ဖြစ်လာခဲ့သည်။

"ဘာလို့ resultက ခုထိထွက်မလာသေးတာလဲ? ပုံမှန်ဆို အနည်းဆုံးတော့ resultတွေက လေး‌ရက်မြောက်ညနေမှာ ထွက်နေကျလေ။ ခုက ငါးရက်မြောက်နေ့တောင်ရောက်နေပြီ၊ ဘာလို့ခုထိ ရလဒ်က မထွက်ရသေးတာလဲ?"


"ဘာလို့ resultထွက်ဖို့ကအဲ့လောက်ကြာနေရတာလဲကွာ?ဘာဖြစ်နေလို့များလဲ?"

"သူတို့ ချိယွီခိုးချတာကို စစ်ဆေးနေရလို့များလား?ဒါမှမဟုတ် ‌တစ်ကယ်ဘဲ မေးခွန်းပေါက်ကြားခဲ့တာများလား? အဲ့လိုဆိုရင်တော့ အခု သူတို့အတွင်းပိုင်း စုံစမ်းစစ်ဆေးမှု တစ်ခုခု လုပ်ရတော့မှာပေါ့ "

"သတင်းထူး! သတင်းထူး! အခန်း9ရဲ့ အတန်းခေါင်းဆောင်က သူမရဲ့ဆရာကိုအဲ့အကြောင်းမေးချင်နေတာ ၊ အဲ့ဒါ သူမရဲ့ဆရာက စာမေးပွဲအဖြေတွေနဲ့ပတ်သက်ပြီး သံသယဝင်စရာကိစ္စတစ်ချို့ရှိနေတယ်လို့ ပြောတယ်တဲ့ ၊ ဒါ့ကြောင့် သူတို့က အဲ့အကြောင်းဆွေးနွေးဖို့လိုသေးတာကြောင့် resultထွက်ဖို့ နောက်ကျနိုင်တယ်တဲ့!"

"ဖာ့ခ်! သူတို့ ချိယွီခိုးချတာကို စစ်ဆေးနေတာဖြစ်နိုင်တယ်လို့ ငါမပြောခဲ့ဘူးလား!"

"သူတို့ စောင့်ကြည့်ကင်မရာကရိုက်ထားတဲ့ videoတွေကို ကြည့်လိုက်လို့မရဘူးလား?တစ်ကယ်ဆို resultထွက်ဖို့ ဒီလောက်ထိနောက်ကျနေစရာလိုလို့လား? သူတို့ရဲ့ လုပ်ရည်ကိုင်ရည်က တော်တော်ညံ့တာဘဲ။ ဒီနေ့ ကျောင်းမဆင်းခင်လောက်တော့ ထွက်ဖို့မျှော်လင့်ပါတယ်ကွာ ။ ငါဒီတစ်ခါ စာမေးပွဲကို သေချာဖြေခဲ့တာကွ ။ resultကိုယူသွားပြီး ငါ့အမေကိုပြချင်နေပြီ"

"ဘယ်သူကကော စောင့်ကြည့်videoကြည့်ရမှာကို မသိလို့လဲ? ကြည့်ရတာ၊ ခိုးချတဲ့နည်းလမ်းက တော်တော်လေးအဆင့်မြင့်လို့ ဒီလောက်အချိန်ယူနေရတာထင်တယ်"

---

ကျောင်းဝင်းမှာရော အွန်လိုင်းမှာပါ ၊ အဆုံးမရှိ ရန်ပွဲတွေနဲ့ အငြင်းအခုံဖြစ်လို့နေကြတယ်။

သို့သော်လည်း ၊ showရဲ့အဓိကကြယ်ပွင့်လေးဖြစ်တဲ့ ချိယွီကတော့ သူ့စားပွဲခုံပေါ်မှာလှဲလျောင်းလို့နေကာ အခန်းပြတင်းပေါက်က အရာအားလုံးကိုလျစ်လျူရှုလို့ သူ့အကြည့်ကို ဖုန်းscreenဆီပို့လိုက်တယ်...

မကြာခင်မှာဘဲ၊ မက်ဆေ့တစ်စောင်ရောက်လာခဲ့တယ်။

ဒီတစ်ခေါက်နံပါတ်က အရင်တစ်ခေါက်ကနဲ့မတူတော့ဘဲ ၊ နောက်ထပ်မရင်းနှီးတဲ့ နံပါတ်တစ်ခုဆီကဖြစ်လို့နေတယ်။

ဒီနံပါတ်က သူ့ကို ခုလေးတင် နှစ်ကြိမ်ခေါ်ထားပေမယ့် ဘယ်သူခေါ်မှန်း မသိတာကြောင့် ချိယွီက ဖုန်းမကိုင်ဘဲ လိုင်းတစ်ဖက်ကလူကို ဖုန်းချတဲ့အထိသာ စောင့်နေလိုက်တယ်။

ဒီတစ်ခါ၊ ဖုန်းမလာတော့ပေမယ့် စာသားမက်ဆေ့ခ်ျအသစ်ရောက်လာခဲ့တယ်-

[မင်း အမျိုးသားနေ့မှာ ပြန်လာမှာလား?]

ပြန်လာရမယ်? ဘယ်ကိုပြန်လာရမှာလဲ?။

ထိုကဲ့သို့ ရင်းနှီးနေတဲ့အသုံးအနှုန်းက တစ်ဖက်မှလူသည် မူလကိုယ်၏ မိသားစုဝင်တစ်ဦးဟု ထင်ရသော်လည်း ချိယွီက မူလကိုယ်၏မိသားစုအကြောင်း လုံးဝမသိပေ။ သူက လျှို့ဝှက်စုံထောက်ကို မကြာသေးမီကပင် ဆက်သွယ်ခဲ့ပြီး စုံစမ်းစစ်ဆေးရန် အနည်းဆုံး တစ်ရက်မှ နှစ်ရက်ခန့် ကြာမည်ဖြစ်သည်။

ချိယွီ က ရက်စွဲကို စစ်ကြည့်လိုက်တယ်။ ဒီနေ့ စက်တင်ဘာ ၂၂ ရက်နေ့ဟာ အမျိုးသားနေ့ မတိုင်ခင် တစ်ပတ်အလိုဖြစ်တယ်။

အမျိုးသားနေ့မှာ ခွဲစိတ်ရန် စီစဉ်ထားသော်လည်း မူလကိုယ်ရဲ့နောက်ခံအကြောင်း အချက်အလက်များကို တစ်ပတ်အတွင်း လုံလောက်စွာ ရှာဖွေနိုင်ရမည်ဖြစ်သောကြောင့်...

ချိယွီစာပြန်လိုက်တယ်--

[အခြေအနေအရပဲ]

ချိယွီရဲ့ပြန်စာက စိတ်အားထက်သန်မှု မရှိသော်လည်း အေးစက်လွန်းသည်လည်းမဟုတ်ပေ။ ဒီပြန်စာက ပြဿနာမရှိလောက်ပါဘူးလေ။

[ကောင်းပြီ။ အကယ်၍ မင်းပြန်လာမယ်ဆိုရင် ငါ့ကို1ရက်တော့ကြိုပြောပေး၊ ဒါမှ ငါကြိုပြင်ထားလို့ရမှာ။]

[ကောင်းပြီလေ။]

စာပြန်ပြီးနောက် ၊ ချိယွီက ဖုန်းနံပါတ်ကိုcopyလိုက်ကာ ဖုန်းနံပါတ်ပိုင်ရှင်ကိုသိအောင်
သူငှားထားတဲ့စုံထောက်ဆီ ပို့လိုက်တယ်။ အဲ့နောက်မှာတော့ သူက စားပွဲပေါ်ပြန်လှဲကာ ဆက်အနားနေလိုက်တော့တယ်။

---

အဲဒီလို မငြိမ်မသက်ဖြစ်စေတဲ့ အဓိကဇာတ်ကောင်ရဲ့ ငြိမ်သက်မှုနဲ့ ယှဉ်ရင်တော့ ဆရာ့ရုံးခန်းအတွင်းကလည်း တည်တည်ငြိမ်ငြိမ်ပင်။

စာမေးပွဲကာလပြီးသည်နှင့်အမျှ ဆရာ၊ဆရာမများသည် စာမေးပွဲရလဒ်များကို အမြန် အဆင့်သတ်မှတ်ရန် အချိန်ပိုလုပ်ခဲ့ကြရသည်။ ယမန်နေ့မွန်းလွဲပိုင်းတွင် စာမေးပွဲရမှတ်များအားလုံးကို မှတ်တမ်းတင်ထားပြီး အတန်းတစ်ခုစီ၏ အဆင့်သတ်မှတ်ချက်နှင့် တစ်ကျောင်းလုံး၏ အလုံးစုံအဆင့်ကို ကွန်ပျူတာစနစ်တွင် ထည့်သွင်းထားသည်။

ပုံမှန်အားဖြင့်၊ ဤအချိန်တွင် လုပ်စရာကျန်သည်မှာ တစ်ဦးချင်းအဆင့်စာရင်းများကို print ထုတ်ရန်သာဖြစ်ပြီး၊ စာသင်ခန်းတစ်ခုစီ၏ နောက်ကျောတွင် ပို့စ်တင်ရန်နှင့် ကျောင်း၏ PA စနစ်အကြောင်း တရားဝင်ကြေငြာချက်ထုတ်ရန်ဖြစ်သည်။

ကျောင်း၏ အလုံးစုံအဆင့်သတ်မှတ်စာရင်းကို ကျောင်းအုပ်ကြီးက တံဆိပ်ရိုက်နှိပ်ပြီး ကျောင်း၏ သင်ပုန်းကြီးပေါ်တွင် တင်ထားမည်ဖြစ်သည်။

သို့သော်၊ ယခုတစ်ကြိမ်တွင်တော့ ၊ ရလဒ်များကို ဆရာအများအပြားက ကန့်ကွက်သောကြောင့် ပုံနှိပ်ခြင်းအဆင့်တွင် ပိတ်မိနေခဲ့သည်။

အလုံးစုံအဆင့်သတ်မှတ်စာရင်းတွင် ပထမနေရာကို လူတိုင်း၏စိတ်တွင်မဖြစ်နိုင်ဆုံးသောအမည်က နေရာယူလို့နေတယ်။

[ပထမနေရာ- ချိယွီ၊ စုစုပေါင်းရမှတ်- 476၊ ရွေးချယ်ရမှတ်- AA]

[ဒုတိယနေရာ- ဟယ်ကျိုး၊ စုစုပေါင်းရမှတ်- 473၊ ရွေးချယ် ရမှတ်များ- AA]

[တတိယနေရာ- ကျောင်းကျင်း ၊ စုစုပေါင်းရမှတ် - 462၊ ရွေးချယ် ရမှတ်များ- AA]

===================================

Words - 1905

Date - 11,4,2022 ( MON )

=================================

🍼 မရည္႐ြယ္ပါဘဲ ႂကြားမိသြားျခင္း •1 |( Zaw )

ဒီတစ္ႀကိမ္မွာေတာ့ ဆရာ့အေနနဲ႔ ႀကီးႀကီးက်ယ္က်ယ္ တုံ႔ျပန္တာမ်ိဳး မ႐ွိခဲ့ဘူး။ သူက အံ့အားသင့္သြားခဲ့ေသာ္လည္း တိတ္တဆိတ္သာ စင္ေပၚကို ျပန္တက္လာၿပီး ဆက္ေစာင့္ၾကည့္ေနခဲ့တယ္။ သူ႕မ်က္ႏွာေပၚမွာေတာ့ အနည္းငယ္ တုန္လႈပ္သြားသည့္ အမူအရာ ေပၚလာခဲ့တယ္။

ဆရာ ထြက္သြားသည္ႏွင့္ တၿပိဳင္နက္ ခ်ိယြီက သူ႕လက္ထဲက ေဘာပင္ကို ဆက္မလွည့္ေတာ့ဘဲ စားပြဲေပၚတင္လိုက္ကာ စာေမးပြဲၿပီးသည္အထိ နာခံစြာ ေစာင့္ေနခဲ့တယ္။


သူက ဟန္ေဆာင္ဖို႔ တမင္ႀကိဳးစားခဲ့တာ မဟုတ္ေပမယ့္လည္း သူ႕ဦးေႏွာက္က တကယ္ကို ပင္ပန္းႏြမ္းနယ္ေန႐ုံပါပဲ။

စာေမးပြဲက တကယ္ကို ခက္ခဲလွသည္။

စာေမးပြဲက ေယဘူယ်အားျဖင့္ ေက်ာင္းသားအားလုံးအတြက္ ရည္႐ြယ္ထားသလိုမ်ိဳး မခံစားရေပ။ ဆန္႔က်င္ဘက္အေနနဲ႔ ၊ ဘြဲ႕လြန္မ်ားၾကားတြင္ အသီး၏ခရင္ကို* စစ္ထုတ္ရန္ အထူးျပဳလုပ္ထားတဲ့ ခက္ခဲတဲ့စမ္းသပ္မႈတစ္ခုလို ခံစားရတာျဖစ္တယ္။

(T/N : အသီး၏ခရင္ : အေကာင္းဆုံး ။ခရင္မ္ကို 16 ရာစုကတည္းက "အေကာင္းဆုံး" လို႔အဓိပၸာယ္ဖြင့္ဆိုခဲ့တာျဖစ္တယ္။)

ေက်ာင္းရဲ႕ သင္႐ိုးၫႊန္းတမ္းအဆင့္ထက္ ေက်ာ္လြန္ေသာ ေမးခြန္းမ်ားပင္ ႐ွိခဲ့သည္။

ခ်ိယြီသာ ႏိုင္ငံတကာသခ်ၤာအိုလံပစ္ၿပိဳင္ပြဲအပါအဝင္ ငယ္႐ြယ္စဥ္ကတည္းက သခ်ၤာၿပိဳင္ပြဲအမ်ိဳးမ်ိဳးတြင္ ပါဝင္ယွဥ္ၿပိဳင္ျခင္းမ႐ွိခဲ့ပါက ထိုငရဲေမးခြန္းမ်ားကို ေျဖဆိုႏိုင္လိမ့္မည္မဟုတ္ေပ။ အဲ့လိုသာဆိုရင္ေတာ့ သူက ဟယ္က်ိဳးနဲ႔ အေလာင္းအစားကို ေသခ်ာေပါက္ ႐ႈံးသြားလိမ့္မည္ပင္ ။

ခ်ိယြီက သူ႕လက္ႏွစ္ဖက္ကိုစားပြဲေပၚတင္ကာ ေခါင္းငုံ႔ၿပီးေမွာက္အိပ္ေနတာျဖစ္ၿပီး ၊သူ႕ရဲ႕ မ်က္လုံးေတြကိုမွိတ္ထားကာ စိတ္သက္သာရာရစြာျဖင့္ သက္ျပင္း႐ွည္တစ္ခုခ်လိုက္တယ္။

ဤလုပ္ရပ္က ဆရာႏွင့္ အနီးနား႐ွိ ေက်ာင္းသားေတြရဲ႕ အၾကည့္ဆီ ေရာက္႐ွိသြားၿပီး အားလုံးက လုံးဝ အံ့အားသင့္သြားခဲ့ၾကတယ္။

ဟယ္က်ိဳးရဲ႕ နား႐ြက္ကလႈပ္႐ွားသြားၿပီး ခ်ိယြီရဲ႕သက္ျပင္းခ်သံကို ၾကားလိုက္ရတယ္ ။

သူက မ်က္လုံးေထာင့္ကေန ခ်ီယြီကို လွမ္းၾကည့္လိုက္ေတာ့ ‌လက္ေမာင္းႏွစ္ဖက္ေအာက္ကေန ေရဆာေနတဲ့ငါးတစ္ေကာင္ကဲ့သို႔ ပြင့္ဟလို႔ေနတဲ့ ႏႈတ္ခမ္းတစ္စုံကိုေတြ႕လိုက္ရတယ္ ။

အႏွီ ႏႈတ္ခမ္းပါးတစ္စုံဟာ ပန္းေရာင္ေဖ်ာ့ေဖ်ာ့သန္းလို႔ေနကာ ၊ အလြန္ႏူးညံ့မယ့္ပုံဘဲ။

"အဟြတ္ အဟြတ္!" ဆရာ့ဆီကေန ေခ်ာင္းဟန္႔သံ ထြက္ေပၚလို႔လာတယ္။

ဟယ္က်ိဳးက မ်က္ေတာင္တဖ်က္ဖ်က္ခတ္လိုက္ကာ ဘယ္အခ်ိန္ကလမ္းလြဲလို႔လြဲသြားမွန္းမသိတဲ့ သူ႕အၾကည့္ေတြကိုျပန္႐ုတ္သိမ္းလိုက္ၿပီး စာေမးပြဲရဲ႕ ေနာက္ဆုံးေမးခြန္းကို အာ႐ုံစိုက္လိုက္တယ္။

---

"ဒင္"

ေခါင္းေလာင္းျမည္လာခဲ့ၿပီး စာေမးပြဲလဲၿပီးဆုံးသြားခဲ့တယ္။

ခ်ိယြီက သူ႕ရဲ႕လက္ေမာင္းႏွစ္ဖက္ၾကားကေန ေခါင္းေမာ့လာကာ သူ႕ရဲ႕မ်က္လုံးေတြကို ပြတ္သပ္လိုက္တယ္။

ခ်ိယြီရဲ႕ ႏွာဖူးနားက ဆံပင္ေတြက႐ႈပ္ေထြးလို႔ေနၿပီး ေဝ့ဝဲက်ေနကာ သူ႕ရဲ႕လက္ေမာင္း‌ေတြနဲ႔ ပင့္တင္တာခံလိုက္ရတယ္။ သူ႕ရဲ႕မ်က္လုံးေထာင့္နဲ႔ပါးျပင္ေတြမွာေတာ့ အနီအစင္းေၾကာင္း တစ္ခ်ိဳ႕႐ွိလို႔ေနတာေၾကာင့္ ခ်ိယြီက အိပ္ေပ်ာ္ရာကေနႏိုးလာတယ္ဆိုတာ သိသာလို႔ေနတယ္။

အေဝးမွ ေစာင့္ၾကည့္ရင္း ေသြးတက္ေနေသာ ဆရာက ႐ုံးခ်ဳပ္သို႔ ျပန္သြားကာ ယေန႔ကိစၥမ်ားကို အျခားဆရာမ်ားႏွင့္ ခ်က္ခ်င္း ေဆြးေႏြးရမည္ကို အစိုးရိမ္ဆုံးျဖစ္သည္။

ဤသည္မွာ လုံခ်န္း နံပါတ္ 1 အထက္တန္းေက်ာင္း႐ွိ စာသင္ႏွစ္မ်ားအတြင္း သူျမင္ဖူးသမွ်ထဲမွာ မာနေထာင္လႊားဆုံး ေက်ာင္းသားျဖစ္သည္။

သူ႕ကိုအျခားမည္သူမွ မႏိႈင္းယွဥ္ႏိုင္ေပ ။

ခ်ိယြီက အနည္းငယ္ေနရခက္စြာ သူ႕မ်က္ႏွာကိုပြတ္သပ္လိုက္တယ္။

ထိုအခ်ိန္မွာ အခန္းတစ္ခုလုံးက တိတ္ဆိတ္လို႔ေနၿပီး၊ စာ႐ြက္မ်ားဆီက လန္းဆန္းသည့္ရနံ႔တစ္ခုသာ လြင့္ျပန္႔လို႔ေနေလတယ္။သူက ဒီအတိုင္း လွဲကာမ်က္လုံးမ်ားကိုမွိတ္ထားရင္း ခဏတာသာအနားယူခ်င္ခဲ့တာျဖစ္တယ္။
သို႔ေသာ္ ဤလုပ္ရပ္က အခန္းထဲကလူတိုင္းဆီကို သူေတာင္မသိလိုက္ပါဘဲ "ႂကြားဝါ" မိလိုက္သလို ျဖစ္သြားလိမ့္မယ္လို႔ ဘယ္သူကထင္ထားပါ့မလဲ။

ဘယ္ေလာက္ေတာင္ ႐ွက္ဖို႔ ေကာင္းလိုက္ပါသလဲ။

သို႔ေသာ္လည္း ၊ အ႐ွက္ရ႐ုံထက္မက ဤစာေမးပြဲက ခ်ိယြီကို တစ္ေက်ာင္းလုံးမွာ ေက်ာ္ၾကားသြားေအာင္ လုပ္ေဆာင္ေပးခဲ့တာျဖစ္တယ္။

ေက်ာင္းဝင္း ဖိုရမ္တြင္၊ ခ်ိယြီက ခိုးခ်ျခင္း႐ွိ၊ မ႐ွိ ေမးခြန္းထုတ္သည့္ ပို႔စ္မ်ားအျပင္၊ ခ်ိယြီက မည္ကဲ့သို႔ အားေကာင္းၿပီး တန္ျပန္တိုက္ခိုက္လိုက္ႏိုင္ပုံကို ပိုင္းျခားစိတ္ျဖာသည့္ Alpha bigshots မွ ပို႔စ္မ်ားလည္း ပါ႐ွိလို႔ေနသည္။ ဖန္အနည္းငယ္ေတာင္ေပၚထြက္လာခဲ့ၿပီး သူတို႔က စာေမးပြဲခန္းထဲမွာ အိပ္ေနတဲ့ ခ်ိယြီရဲ႕ အမူအရာက 'တကယ့္ကို ႏိုးထမႈတစ္ခုပဲ။ Alpha-ness ရဲ႕ ေပါက္ကြဲသံတစ္ခုလိုပဲ' လို႔ေျပာဆိုလို႔ေနၾကတယ္။\(° 7°)/

သုံးရက္ၾကာ စမ္းသပ္မႈ ၿပီးဆုံးသြားတဲ့အခါ၊ ဖိုရမ္ေပၚ႐ွိ မွတ္ခ်က္မ်ားမွာ အုပ္စုမ်ားစြာကြဲလို႔သြားခဲ့တယ္။ အခ်ိဳ႕က ခ်ိယြီကို ခိုးခ်ျခင္းအတြက္ ေဝဖန္ေနၾကၿပီး အခ်ိဳ႕က သူ႕ကို အံမခန္းဟု ခ်ီးက်ဴးၾကကာ အခ်ိဳ႕က စာေမးပြဲေမးခြန္းမ်ား ႀကိဳတင္ေပါက္ၾကားတာေၾကာင့္ဟုပင္ သီအိုရီထုတ္ေနၾကသည္။ အဆုံးတြင္ အမ်ိဳးမ်ိဳးေသာ ထင္ျမင္ယူဆခ်က္မ်ားအားလုံးသည္ ေဆြးေႏြးေနဆဲသာျဖစ္သည္။

သို႔ေသာ္လည္း၊ မည္သို႔ေသာအေၾကာင္းအရာမ်ားကို ေဆြးေႏြးၾကသည္ျဖစ္ေစ အဓိကေနရာကလူမွာ အၿမဲတမ္းတစ္ဦးတည္းသာျဖစ္ကာ၊ ထိုလူမွာ - ခ်ိယြီ ပင္။

ခ်ိယြီမွာ လုံခ်န္း နံပါတ္ 1 အထက္တန္းေက်ာင္းတြင္ အေက်ာ္ၾကားဆုံးသူ ျဖစ္လာခဲ့သည္။

"ဘာလို႔ resultက ခုထိထြက္မလာေသးတာလဲ? ပုံမွန္ဆို အနည္းဆုံးေတာ့ resultေတြက ေလး‌ရက္ေျမာက္ညေနမွာ ထြက္ေနက်ေလ။ ခုက ငါးရက္ေျမာက္ေန႔ေတာင္ေရာက္ေနၿပီ၊ ဘာလို႔ခုထိ ရလဒ္က မထြက္ရေသးတာလဲ?"


"ဘာလို႔ resultထြက္ဖို႔ကအဲ့ေလာက္ၾကာေနရတာလဲကြာ?ဘာျဖစ္ေနလို႔မ်ားလဲ?"

"သူတို႔ ခ်ိယြီခိုးခ်တာကို စစ္ေဆးေနရလို႔မ်ားလား?ဒါမွမဟုတ္ ‌တစ္ကယ္ဘဲ ေမးခြန္းေပါက္ၾကားခဲ့တာမ်ားလား? အဲ့လိုဆိုရင္ေတာ့ အခု သူတို႔အတြင္းပိုင္း စုံစမ္းစစ္ေဆးမႈ တစ္ခုခု လုပ္ရေတာ့မွာေပါ့ "

"သတင္းထူး! သတင္းထူး! အခန္း9ရဲ႕ အတန္းေခါင္းေဆာင္က သူမရဲ႕ဆရာကိုအဲ့အေၾကာင္းေမးခ်င္ေနတာ ၊ အဲ့ဒါ သူမရဲ႕ဆရာက စာေမးပြဲအေျဖေတြနဲ႔ပတ္သက္ၿပီး သံသယဝင္စရာကိစၥတစ္ခ်ိဳ႕႐ွိေနတယ္လို႔ ေျပာတယ္တဲ့ ၊ ဒါ့ေၾကာင့္ သူတို႔က အဲ့အေၾကာင္းေဆြးေႏြးဖို႔လိုေသးတာေၾကာင့္ resultထြက္ဖို႔ ေနာက္က်ႏိုင္တယ္တဲ့!"

"ဖာ့ခ္! သူတို႔ ခ်ိယြီခိုးခ်တာကို စစ္ေဆးေနတာျဖစ္ႏိုင္တယ္လို႔ ငါမေျပာခဲ့ဘူးလား!"

"သူတို႔ ေစာင့္ၾကည့္ကင္မရာက႐ိုက္ထားတဲ့ videoေတြကို ၾကည့္လိုက္လို႔မရဘူးလား?တစ္ကယ္ဆို resultထြက္ဖို႔ ဒီေလာက္ထိေနာက္က်ေနစရာလိုလို႔လား? သူတို႔ရဲ႕ လုပ္ရည္ကိုင္ရည္က ေတာ္ေတာ္ညံ့တာဘဲ။ ဒီေန႔ ေက်ာင္းမဆင္းခင္ေလာက္ေတာ့ ထြက္ဖို႔ေမွ်ာ္လင့္ပါတယ္ကြာ ။ ငါဒီတစ္ခါ စာေမးပြဲကို ေသခ်ာေျဖခဲ့တာကြ ။ resultကိုယူသြားၿပီး ငါ့အေမကိုျပခ်င္ေနၿပီ"

"ဘယ္သူကေကာ ေစာင့္ၾကည့္videoၾကည့္ရမွာကို မသိလို႔လဲ? ၾကည့္ရတာ၊ ခိုးခ်တဲ့နည္းလမ္းက ေတာ္ေတာ္ေလးအဆင့္ျမင့္လို႔ ဒီေလာက္အခ်ိန္ယူေနရတာထင္တယ္"

---

ေက်ာင္းဝင္းမွာေရာ အြန္လိုင္းမွာပါ ၊ အဆုံးမ႐ွိ ရန္ပြဲေတြနဲ႔ အျငင္းအခုံျဖစ္လို႔ေနၾကတယ္။

သို႔ေသာ္လည္း ၊ showရဲ႕အဓိကၾကယ္ပြင့္ေလးျဖစ္တဲ့ ခ်ိယြီကေတာ့ သူ႕စားပြဲခုံေပၚမွာလွဲေလ်ာင္းလို႔ေနကာ အခန္းျပတင္းေပါက္က အရာအားလုံးကိုလ်စ္လ်ဴ႐ႈလို႔ သူ႕အၾကည့္ကို ဖုန္းscreenဆီပို႔လိုက္တယ္...

မၾကာခင္မွာဘဲ၊ မက္ေဆ့တစ္ေစာင္ေရာက္လာခဲ့တယ္။

ဒီတစ္ေခါက္နံပါတ္က အရင္တစ္ေခါက္ကနဲ႔မတူေတာ့ဘဲ ၊ ေနာက္ထပ္မရင္းႏွီးတဲ့ နံပါတ္တစ္ခုဆီကျဖစ္လို႔ေနတယ္။

ဒီနံပါတ္က သူ႕ကို ခုေလးတင္ ႏွစ္ႀကိမ္ေခၚထားေပမယ့္ ဘယ္သူေခၚမွန္း မသိတာေၾကာင့္ ခ်ိယြီက ဖုန္းမကိုင္ဘဲ လိုင္းတစ္ဖက္ကလူကို ဖုန္းခ်တဲ့အထိသာ ေစာင့္ေနလိုက္တယ္။

ဒီတစ္ခါ၊ ဖုန္းမလာေတာ့ေပမယ့္ စာသားမက္ေဆ့ခ်္အသစ္ေရာက္လာခဲ့တယ္-

[မင္း အမ်ိဳးသားေန႔မွာ ျပန္လာမွာလား?]

ျပန္လာရမယ္? ဘယ္ကိုျပန္လာရမွာလဲ?။

ထိုကဲ့သို႔ ရင္းႏွီးေနတဲ့အသုံးအႏႈန္းက တစ္ဖက္မွလူသည္ မူလကိုယ္၏ မိသားစုဝင္တစ္ဦးဟု ထင္ရေသာ္လည္း ခ်ိယြီက မူလကိုယ္၏မိသားစုအေၾကာင္း လုံးဝမသိေပ။ သူက လွ်ိဳ႕ဝွက္စုံေထာက္ကို မၾကာေသးမီကပင္ ဆက္သြယ္ခဲ့ၿပီး စုံစမ္းစစ္ေဆးရန္ အနည္းဆုံး တစ္ရက္မွ ႏွစ္ရက္ခန္႔ ၾကာမည္ျဖစ္သည္။

ခ်ိယြီ က ရက္စြဲကို စစ္ၾကည့္လိုက္တယ္။ ဒီေန႔ စက္တင္ဘာ ၂၂ ရက္ေန႔ဟာ အမ်ိဳးသားေန႔ မတိုင္ခင္ တစ္ပတ္အလိုျဖစ္တယ္။

အမ်ိဳးသားေန႔မွာ ခြဲစိတ္ရန္ စီစဥ္ထားေသာ္လည္း မူလကိုယ္ရဲ႕ေနာက္ခံအေၾကာင္း အခ်က္အလက္မ်ားကို တစ္ပတ္အတြင္း လုံေလာက္စြာ ႐ွာေဖြႏိုင္ရမည္ျဖစ္ေသာေၾကာင့္...

ခ်ိယြီစာျပန္လိုက္တယ္--

[အေျခအေနအရပဲ]

ခ်ိယြီရဲ႕ျပန္စာက စိတ္အားထက္သန္မႈ မ႐ွိေသာ္လည္း ေအးစက္လြန္းသည္လည္းမဟုတ္ေပ။ ဒီျပန္စာက ျပႆနာမ႐ွိေလာက္ပါဘူးေလ။

[ေကာင္းၿပီ။ အကယ္၍ မင္းျပန္လာမယ္ဆိုရင္ ငါ့ကို1ရက္ေတာ့ႀကိဳေျပာေပး၊ ဒါမွ ငါႀကိဳျပင္ထားလို႔ရမွာ။]

[ေကာင္းၿပီေလ။]

စာျပန္ၿပီးေနာက္ ၊ ခ်ိယြီက ဖုန္းနံပါတ္ကိုcopyလိုက္ကာ ဖုန္းနံပါတ္ပိုင္႐ွင္ကိုသိေအာင္
သူငွားထားတဲ့စုံေထာက္ဆီ ပို႔လိုက္တယ္။ အဲ့ေနာက္မွာေတာ့ သူက စားပြဲေပၚျပန္လွဲကာ ဆက္အနားေနလိုက္ေတာ့တယ္။

---

အဲဒီလို မၿငိမ္မသက္ျဖစ္ေစတဲ့ အဓိကဇာတ္ေကာင္ရဲ႕ ၿငိမ္သက္မႈနဲ႔ ယွဥ္ရင္ေတာ့ ဆရာ့႐ုံးခန္းအတြင္းကလည္း တည္တည္ၿငိမ္ၿငိမ္ပင္။

စာေမးပြဲကာလၿပီးသည္ႏွင့္အမွ် ဆရာ၊ဆရာမမ်ားသည္ စာေမးပြဲရလဒ္မ်ားကို အျမန္ အဆင့္သတ္မွတ္ရန္ အခ်ိန္ပိုလုပ္ခဲ့ၾကရသည္။ ယမန္ေန႔မြန္းလြဲပိုင္းတြင္ စာေမးပြဲရမွတ္မ်ားအားလုံးကို မွတ္တမ္းတင္ထားၿပီး အတန္းတစ္ခုစီ၏ အဆင့္သတ္မွတ္ခ်က္ႏွင့္ တစ္ေက်ာင္းလုံး၏ အလုံးစုံအဆင့္ကို ကြန္ပ်ဴတာစနစ္တြင္ ထည့္သြင္းထားသည္။

ပုံမွန္အားျဖင့္၊ ဤအခ်ိန္တြင္ လုပ္စရာက်န္သည္မွာ တစ္ဦးခ်င္းအဆင့္စာရင္းမ်ားကို print ထုတ္ရန္သာျဖစ္ၿပီး၊ စာသင္ခန္းတစ္ခုစီ၏ ေနာက္ေက်ာတြင္ ပို႔စ္တင္ရန္ႏွင့္ ေက်ာင္း၏ PA စနစ္အေၾကာင္း တရားဝင္ေၾကျငာခ်က္ထုတ္ရန္ျဖစ္သည္။

ေက်ာင္း၏ အလုံးစုံအဆင့္သတ္မွတ္စာရင္းကို ေက်ာင္းအုပ္ႀကီးက တံဆိပ္႐ိုက္ႏွိပ္ၿပီး ေက်ာင္း၏ သင္ပုန္းႀကီးေပၚတြင္ တင္ထားမည္ျဖစ္သည္။

သို႔ေသာ္၊ ယခုတစ္ႀကိမ္တြင္ေတာ့ ၊ ရလဒ္မ်ားကို ဆရာအမ်ားအျပားက ကန္႔ကြက္ေသာေၾကာင့္ ပုံႏွိပ္ျခင္းအဆင့္တြင္ ပိတ္မိေနခဲ့သည္။

အလုံးစုံအဆင့္သတ္မွတ္စာရင္းတြင္ ပထမေနရာကို လူတိုင္း၏စိတ္တြင္မျဖစ္ႏိုင္ဆုံးေသာအမည္က ေနရာယူလို႔ေနတယ္။

[ပထမေနရာ- ခ်ိယြီ၊ စုစုေပါင္းရမွတ္- 476၊ ေ႐ြးခ်ယ္ရမွတ္- AA]

[ဒုတိယေနရာ- ဟယ္က်ိဳး၊ စုစုေပါင္းရမွတ္- 473၊ ေ႐ြးခ်ယ္ ရမွတ္မ်ား- AA]

[တတိယေနရာ- ေက်ာင္းက်င္း ၊ စုစုေပါင္းရမွတ္ - 462၊ ေ႐ြးခ်ယ္ ရမွတ္မ်ား- AA]

==================================

Words - 1905

Date - 11,4,2022 ( MON )

=================================

Pokraฤovat ve ฤtenรญ

Mohlo by se ti lรญbit

3.6M 361K 38
แ€แ€ฐแ€ธแ€†แ€ผแ€แ€นแ€–แ€ญแ€ฏแ‚”แ€™แ€ฑแ€œแ€ฌแ€•แ€ซแ€”แ€ฒแ‚” แ€แ€…แ€นแ€แ€บแ€ญแ€”แ€นแ€™แ€ฝแ€ฌแ€กแ€œแ€ญแ€ฏแ€€แ€นแ€žแ€„แ€นแ€ทแ€ฑแ‚‚แ€€แ€ผแ€€แ€บแ€ฑแ€•แ€ธแ€•แ€ซแ€ทแ€™แ€šแ€น แ€กแ€ฒแ€กแ€แ€บแ€ญแ€”แ€นแ€€แ€บแ€›แ€„แ€นแ€žแ€ฌ แ€แ€šแ€ฏแ€แ€šแ€”แ€ฒแ‚”แ€ฑแ€€แ€ฌแ€€แ€นแ€šแ€ฐแ€•แ€ซ แ€ฑแ€™แ€ฌแ€„แ€นแ€›แ€šแ€น
425K 16.1K 44
แ€€แ€ญแ€ฏแ€šแ€บแ€Ÿแ€ฌ แ€€แ€ผแ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌ แ€€แ€ญแ€ฏแ€šแ€บแ€ทแ€€แ€ญแ€ฏแ€…แ€ญแ€”แ€บแ€แ€ฑแ€ซแ€บแ€œแ€ฌแ€žแ€™แ€ปแ€พแ€€แ€ฑแ€ฌแ€„แ€บแ€แ€ฝแ€ฑแ€กแ€€แ€ฏแ€”แ€บ แ€‘แ€ญแ€ฏแ€ธแ€›แ€ฒแ€แ€šแ€บ แ€žแ€แ€บแ€›แ€ฒแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€”แ€ญแ€ฏแ€„แ€บแ€™แ€šแ€บแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€šแ€ฏแ€ถแ€€แ€ผแ€Šแ€บแ€™แ€พแ€ฏแ€›แ€พแ€ญแ€แ€šแ€บ แ€€แ€ญแ€ฏแ€šแ€บแ€™แ€œแ€ฏแ€•แ€บแ€›แ€ฒแ€แ€ฌแ€˜แ€ฌแ€™แ€พแ€™แ€›แ€พแ€ญแ€˜แ€ฐแ€ธแ€œแ€ญแ€ฏแ€ทแ€‘แ€„...
40.9K 4.6K 91
แ€แ€ปแ€ฏแ€•แ€บแ€”แ€พแ€ฑแ€ฌแ€„แ€บแ€‘แ€ฌแ€ธแ€žแ€ฑแ€ฌ แ€…แ€ญแ€แ€บแ€แ€ญแ€‰แ€ฌแ€ฅแ€บแ€”แ€พแ€„แ€บแ€ท แ€™แ€พแ€ฌแ€ธแ€šแ€ฝแ€„แ€บแ€ธแ€…แ€ฝแ€ฌ แ€žแ€”แ€นแ€“แ€ฑแ€แ€Šแ€บแ€œแ€ฌแ€žแ€ฑแ€ฌ แ€€แ€ญแ€ฏแ€šแ€ทแ€บแ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธ