Part-47

1.6K 164 5
                                    

<UNI >


ဟယ်ကျိုးလဲ ချိယွီထိုင်နေတဲ့နေရာစီ လျှောက်လာ၍ မုန့်ပန်းကန်အားဘေးသို့ထားရင်း ထိုင်ချလိုက်ပြီး နို့ဘူးကိုချီယွီအားကမ်းပေးလိုက်တယ်။

သူကပြောလာတယ်။ "မင်းသိတဲ့အတိုင်း ကျောင်းကျောင်းရဲ့မင်းအပေါ်အမြင်ကသိပ်မကောင်းဘူးလေ...ဆိုးချင်လဲဆိုးနိုင်မယ်"

ချိယွီက ဟယ်ကျိုးကမ်းပေးလာတဲ့နို့ဗူးကိုယူကာ ရှောင်ကျိုးလေးအားတိုက်ကျွေးလိုက်တယ်။

ကလေးလေးက ဆူပုတ်နေကာ မကျေမနပ်ဖြစ်နေသေးပေမယ့်၊ နို့ရည်ရဲ့အနံ့ကိုမတွန်းလှန်နိုင်တော့တာကြောင့် နို့ဗူးအားလက်နှစ်ဖက်နှင့်ပွေ့ဖက်ကာ အဆက်မပြတ်စုပ်သောက်နေလေသည်။

"အင်းငါသိပြီးသားပါ ၊ သူမကိုအပစ်တင်စရာမလိုပါဘူး"

ပြောရင်း ချိယွီကပခုံးတွန့်ပြကာ : "သူမနေရာမှာငါသာဆိုလဲ အဲ့လိုတုံ့ပြန်မိမှာပါပဲ။ ဒီမနက်ကကိစ္စအတွက် သူမကိုကျေးဇူးတင်ရမယ်၊ အမှန်တော့ သူမကူညီပေးလာမယ်လို့မမျှော်လင့်ထားဘူး"

"ကိုယ်လဲအကူညီမတောင်းခဲ့ပါဘူး၊ ဒါသူမဆန္ဒအရပါ"

ဟယ်ကျိုးက ဖက်ထုပ်ပန်းကန်ကိုချိယွီစီတွန်းပေးကာ : "သူမ ထွက်မကြိုရင် ချိယွမ်ရှန်းကဟယ်မိသားစုက သူ့ကိုလျစ်လျူရှုပါတယ်ဆိုပြီး အဖေ့အပေါ်မလိုအပ်ပဲဒေါသပုံကျလာမှာစိုးလို့ဝင်ကူခဲ့တာပါ

သူမ မသွားလဲကိစ္စမရှိပေမယ့်ပေါ့..."

"ဒါပေမယ့်လဲ ဒါကသူမရဲ့စိတ်ထားပဲလေ" ချိယွီကပြောလာတယ်။

(*ဟယ်ကျောင်းရဲ့ စိတ်နေသဘောထား
စိတ်ထားကောင်းလို့ကူညီတယ်ဆိုတဲ့သဘောပါ)

ဟယ်ကျိုးကခေါင်းငြိမ့်လာကာ : "အင်းဟုတ်တယ်။ အပြင်မှာ ကျောင်းကျောင်းက မာနကြီးခေါင်းမာပုံရပေမယ့် စာနာထောက်ထားတတ်တဲ့ကောင်မလေးပါ"

ချိယွီက စိတ်ရှုပ်ထွေးစွာပြောလာတယ်။ "ဒီတော့မင်းက ဘာကိုဆိုလိုချင်တာလဲ?"

ဟယ်ကျိုးက ချိယွီကိုနက်ရှိုင်းစွာကြည့်လာကာ : "ကိုယ်တို့ကျောင်းကိုပြန်ရင် အခန်းတူတော့မှာမဟုတ်ဘူး။ ကိုယ်မရှိတဲ့အတောတွင်း တစ်ခုခုအရေးပေါ်ကြုံလာရင် ကိုယ်အချိန်မီကူညီနိုင်မှာမဟုတ်ဘူး။ အကယ်၍ မင်းတစ်ခုခုကြုံတွေ့အခါ သူမကိုသွားရှာလိုက်ပါ။ ကိုယ်ကျောင်းကျောင်းကိုအကုန်မှာပြီးသွားပြီ"

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpOnde histórias criam vida. Descubra agora