Part - 12 (Z+U)

9.1K 1.4K 85
                                    


🍼 ဟယ်ကျိုးက တစ်ကယ်ဘဲ ယွီကျိုးလေးရဲ့ အဖေလား ? ( Uni )

ချိယွီနိုးထလာတဲ့အခါမှာ အပြင်မှာ မိုးတောင်လင်းနေပြီဖြစ်တယ်။

ချိယွီက အပြည့်အဝမနိုးသေးဘဲ မှေးနေကာ ကြောင်စီစီဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့တယ်။အချိန်ခဏလောက်ကြာတဲ့အခါမှာ သူအသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ကုတင်ဘေးက ဖုန်းကိုယူဖို့ လက်လှမ်းလိုက်တယ်။ သို့သော်လည်း သူဖုန်းဆီလက်မရောက်နိုင်ခင်လေးမှာဘဲ သူ့ရဲ့လက်ကိုသေးငယ်တဲ့တစ်စုံတစ်ခုက ဖက်လာတယ်။

ငုံ့ကြည့်လိုက်မိတော့ ၊ ယွီကျိူးလေး ဖြစ်နေတယ်။

ပါးဖောင်းဖောင်းလေးတွေ၊ ချိယွီရဲ့လက်ကိုရစ်ပတ်ထားတဲ့ သေးငယ်တဲ့ခြေထောက်ပုတိုလေးတွေ၊ လက်ကလေးတွေနဲ့ သူ့ဘေးနားမှာကပ်နေတဲ့ အကောင်ပေါက်လေးက ချိယွီပြေးထွက်သွားမှာ စိုးရိမ်နေတဲ့အလား ။

အရမ်းချစ်စရာကောင်းတာဘဲ။

ချိယွီရဲ့ အမူအရာတွေဟာ ပိုနူးညံ့လာပြီး သူ ယွီကျိုးလေးကိုနှောက်ယှက်ဖို့မရည်ရွယ်ပေမယ့်လည်း မျက်နှာဖောင်းဖောင်းလေးကိုတို့ထိဖို့ သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်တယ်။

ရှည်လျားတဲ့မျက်တောင်လေးတွေဟာ လှုပ်ရှားသွားပြီး ယွီကျိုးလေးက ချိယွီကိုကြည့်ဖို့ မျက်လုံးဖွင့်လာခဲ့တယ်။ သူ့ရဲ့ပါးစပ်သေးသေးလေးက မဲ့သွားကာ စပျစ်သီးနဲ့တူတဲ့မျက်လုံး ဝိုင်းဝိုင်းကြီးကြီး လေးတွေဟာလည်း မျက်ရည်တွေနဲ့ပြည့်နှက်သွားခဲ့တယ်။ သူ့ရဲ့ခေါင်းသေးသေးလေးကို ချိယွီရဲ့ လက်မောင်းဆီကို စိတ်ဆိုးစွာတွန်းထိုးနေခဲ့တယ်။

ချိယွီက ပြုံးလိုက်ပြီး ယွီကျိုးလေးရဲ့ခေါင်းသေးသေးလေးကို သူ့လက်နဲ့တို့ထိလိုက်လိုက်တယ်။
"ပါပါး မင်းကိုနှိုးမိသွားပြီ ၊ မင်းစိတ်ဆိုးသွားလား?"

"မာ့~" ယွီကျိုးလေးက သနားချင့်စရာ သူ့ရဲ့နှုတ်ခမ်းလေးကိုဆူကာ အသံပြုလာတယ်။သူ့အဖေကသူ့ကိုမဖက်ဘဲထားသွားခဲ့ပြီး မှားနေသလိုခံစားခဲ့ရတာကို သူခုထိမှတ်မိနေသေးတယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now