Part - 15 (Z+U)

8.5K 1.3K 36
                                    

🍼ဒါဆိုလဲ ၊ စာမေးပွဲမှာ ဘယ်သူကပထမနေရာရမလဲ ကြည့်ကြတာပေါ့ ( Uni )

စာမေးပွဲသည် လစဉ်ပုံမှန်စာမေးပွဲတစ်ခုသာဖြစ်သော်လည်း တစ်ကျောင်းလုံး ဖြေဆိုရမည်ဖြစ်သည်။

ဤသည်က Alpha၊ Betaနှင့် Omega အားလုံးစုပေါင်းပြီး မတူညီသော စာမေးပွဲခန်းများတွင် ရောနှောပါဝင်ရန် ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်သည်။ စာမေးပွဲခန်းတိုင်းတွင် pheromone စစ်ထုတ်မှုများအားလုံးကိုလည်း ဖွင့်ထားလျက်ရှိသည်။

စာမေးပွဲခန်းတစ်ခုစီကို Alpha နှင့် Beta ဆရာနှစ်ဦးစလုံးက စောင့်ကြည့်ကြမည်​ဖြစ်သည်။ ရုတ်တရက် မတော်တဆမှုမဖြစ်ပွားစေရန်အတွက်လည်း ကော်ရစ်ဒါတွင် ကင်းလှည့်နေသော Alpha ဆရာတစ်ဦးလည်း ရှိသည်။

အတန်းပိုင်ဆရာမက ဝင်ခွင့်လက်မှတ်ကို ထုတ်ပေးပြီး ပြန်ထွက်သွားတော့ အားလုံးရဲ့ အာရုံစိုက်မှုက စာမေးပွဲဆီသာရောက်ရှိသွားပြီး၊ ချိယွီကို ဘယ်သူမှ ထပ်ပြီးအာရုံစိုက်မ‌နေကြတော့ပေ ။ ထို့အစား၊သူတို့ တီးတိုးကာ ပြောဆိုလာကြသည်က :

"မင်းဘယ်အခန်းကျလဲ?ငါကတော့ အခန်း24မှာ"

"ငါက 21"

"ငါတော့ မနေ့ကတစ်ညလုံး ဘုရားသခင်က ငါ့ကို Alphaလေးယောက်လောက် ပေးသနားပြီး သူတို့တွေ ငါ့ပတ်ပတ်လည်မှာ ထိုင်စေဖို့ မျှော်လင့်ရင်း ၊ အင်တာနက်‌ပေါ်မှာ ငါးကြင်းပုံတွေဘဲ ဆက်တိုက်တင်နေခဲ့တာ"

(T/N : "Forwarding Koi"- တရုတ်နိုင်ငံတွင် koi ငါးကြင်းသည် ကျော်ကြားမှု၊ မိသားစုသဟဇာတဖြစ်မှု၊ ချမ်းသာမှုနှင့် ဒုက္ခများကို ကျော်လွှားခြင်းတို့ကို ကိုယ်စားပြုသည်။ ဆိုရှယ်မီဒီယာမှာ Koi ရဲ့ပုံတွေကို ပြန်တင်ခြင်းဟာ ကံကောင်းခြင်းတွေ သယ်ဆောင်လာတယ်လို့ ယုံကြည်ကြသည်။)

"မင်းက ဘာလို့ Alphaလေးယောက်ဝိုင်းတာ ခံချင်နေရတာတုံး?မဟုတ်မှ မင်းရဲ့ နွေဦးနှလုံးသားလေးက ပွင့်နေပြီပေါ့လေ?"

(T/N : 春心荡漾了 [chūn xīn dàng yang] <နွေဦးပေါက် နှလုံးခုန်သံ>- လူနှစ်ယောက်ကြား "မြူးမြူးကြွကြွ" ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် အသုံးအနှုန်းတစ်ခု။)

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now