Part - 45 (Z+U)

2.9K 380 28
                                    

🍼ကိုယ်မင်းကို ကာကွယ်ပေးမယ် |UNI

'Sa Century' Global mallမှာတော့ အသံဗလံများဖြင့်ပြည့်နှက်လို့နေလေသည်။

ကြီးမားသော အနီရောင်ပူဖောင်းကြီးများမှာ လေထဲတွင် လွင့်မျောနေသည်။ ကျယ်ပြန့်သော ပင်မစင်မြင့်နှင့် ကုန်တိုက်အတွင်းရှိ ဗဟိုပလာဇာသို့ ဝင်ပေါက်မှတစ်ဆင့် ကော်ဇောနီရှည်ကြီးမှာလည်း တစ်လမ်းလုံး ခင်းကျင်းလို့ထားသေးသည်။ ကော်ဇောနီရဲ့ နှစ်ဖက်စလုံးတွင် မိုက်ခရိုဖုန်းများနှင့် ကင်မရာအမျိုးမျိုးကို ကိုင်ဆောင်ထားသည့် မီဒီယာသမားများရှိကြသည်။

မီးရောင်များမှာ တောက်ပနေကာ ဝတ်ကောင်းစားလှများဝတ်ဆင်ထားသည့် celebrity များက ပြုံးလို့ လက်ပြနှုတ်ဆက်ရင်း တစ်ယောက်ပြီးတစ်ယောက် mallတွင်းသို့ ဝင်လာခဲ့ကြတယ်။

ချိယွီတို့ကား mallနားမရောက်ခင်မှာဘဲ ချိဟန်ကပြောလာခဲ့တယ် : "ငါနဲ့ ရှုကျုံးကအရင် သွားလိုက်မယ်။ မင်းက နောက်မှလိုက်လာခဲ့"

ချိယွီက ကားတံခါးအပြင်ဖက်ရှိ လူအုပ်ကြီးကိုတစ်ချက်ကြည့်ကာ : "ရတယ်လေ"

မူလသားနှင့် ဒုတိယဇနီးရဲ့သားတို့၏ ပုံရိပ်မှာ မီဒီယာသမားများအတွက် hot topic ဖြစ်နေပြီးသားပင်။ ကားပေါ်မှာ တစ်ခါလောက်လေး အတူထိုင်လိုက်ရုံနဲ့ အတူတူလမ်းမလျှောက်ကြလျှင်တောင် အတင်းအဖျင်းတွေကို ရေးဖွဲ့ဖို့ မီဒီယာများအတွက် လုံလောက်ပြီးသားဖြစ်သည်။

သူ ဒီနေရာကိုရောက်နေတဲ့အတွက်ကြောင့် မြင်ကွင်းမှာမထင်ထားလောက်သည့် အနေအထားမျိုးဖြစ်နေသော်လည်း လက်လျှော့ဖို့ စိတ်ကူးမရှိပေ။

ရှုကျုံးက ဖြတ်ပြောလာခဲ့တယ် : "မင်းတို့နှစ်ယောက်သာ အတူသွားကြပါ။ ကိုယ်က နောက်ကနေလိုက်ခဲ့လို့ရတယ်"

ချိဟန်က ရှုကျုံးကို မကျေမနပ်ဖြင့် : "ဘာလို့လဲ?"

ရှုကျုံးက မျက်မှန်ကိုပင့်လိုက်ကာ ရှင်းပြလာခဲ့တယ်။ "မနက်ဖြန် ကျန်းချန်ရဲ့သတင်းအစား မင်းအကိုနဲ့ပတ်သက်တဲ့ သံသယတွေ၊ မင်းအမေရဲ့ကောလဟာလ တွေမပြန့်စေချင်ရင် ကိုယ်ပြောတာကို နားထောင်တာပိုကောင်းလိမ့်မယ်"

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now