Part - 37 (Z+U)

4.7K 647 15
                                    

🍼 ကလေးက ကိုယ့်အိမ်မှာ |Uni

နောက်တစ်နေ့တွင်။

မနေ့ကချိယွမ်ရှန်းက ထိုသို့မှာကြားခဲ့တာကြောင့်၊ ချိယွီလည်း ကျေးဇူးမတင်ဘဲမနေနိုင်ပေ။

ကံကောင်းထောက်မစွာဘဲ၊ ဟယ်ကျိုးက အင်အားကြီးသည့် မဟာမိတ်ဖြစ်နေလို့သာ၊ မဟုတ်ပါက ယွီကျိုးလေးကို ခေါ်လာရင် သူနှင့် အဆင်ပြေမည်မဟုတ်ပေ။

သူက ချိယွမ်ရှန်းကိုကြည့်ကာ သူ့အမေးကိုပြန်တုံ့ပြန်လိုက်တယ်။
"ဟုတ်တယ်၊သူက ငါးလအတွင်းမှာမွေးခဲ့တာ"

ချိယွမ်ရှန်းလည်း ခေါင်းကိုအသာအယာငြိမ့်ကာ :
"သူအခုဘယ်မှာလဲ?"

ချိယွီရဲ့ နှလုံးသားကအနည်းငယ် အံ့အားသင့်သွားခဲ့ရတယ်။

ချိယွမ်ရှန်းက၊ သူ ကလေးကို ငါးလအတွင်းမွေးခဲ့သည့်အချက်ကို အံ့ဩသည့်ပုံမပေါ်ပေ။

ချိယွီက ထိုလူ့ရဲ့မျက်နှာအမူအယာကို ဖော်ထုတ်ဖို့ကြိုးစားရင်း : "ဟယ်ကျိုးဆီမှာပါ"

ချိယွမ်ရှန်း စကားထပ်မပြောခင်မှာဘဲ၊ သူ့ဘေးက ချိဟန်က ထရယ်ကာကဲ့ရဲ့လာခဲ့တယ်။"ဟယ်ကျိုး? ဟယ်ကျိုးက မင်းကလေးကို ခေါ်ထားချင်တယ်လား? သူကရူးနေတာများလား?"

ချိယွီကလှည့်ကာ ချိဟန်ကိုကြည့်လိုက်ပြီး အေးစက်စွာပြောလာခဲ့တယ် ။"မင်းက ခါတိုင်းလဲ စကားကို ဒီလိုဘဲပြောနေကျလား?"

ချိဟန်က ပခုံးတွန့်ပြလာကာ၊မထူးမခြားနားစွာ ပြောလာခဲ့တယ်။"အင်းလေ၊ဘာဖြစ်လို့လဲ?"

ချိယွီက ဘေးနားမှာ ချိယွမ်ရှန်းရှိနေလဲဂရုမစိုက်ပါပေ။သူက ချိဟန်ကိုကြည့်ရင်း၊ ရပ်တန့်သွားကာ ပြောလိုက်တယ်။"လုံးဝကို ယဉ်ကျေးမှုမရှိဘူး"

ချိဟန်ရဲ့မျက်နှာအမူအယာက မပြောင်းလဲဘဲ၊သူက ပြုံးရင်း သူ့လက်တွေကိုဆန့်တန်းကာ : "ငါပြောတာ မမှန်လို့လား?"

"သူက အဖေဖြစ်ဖို့သဘောတူတယ်။သူ့ကို ဒီလိုဆက်ဆံခံနေရတာတောင် သူကမင်းကလေးကိုခေါ်ထားပေးတယ်။သူကဘဲတုံးအလွန်းနေတာလား မင်းကဘဲ သူ့ကို စွဲဆောင်ဖို့ ဉာဏ်ကောင်းလွန်းနေတာလား?

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpHikayelerin yaşadığı yer. Şimdi keşfedin