Part - 35 (Z+U)

5.9K 801 36
                                    

🍼 ငါးရောင်းသူကို ရှာနိုင်မယ်ထင်လား?|Uni

ချိယွီ : "...ဘယ်လိုလုပ်ကြမလဲ?"

"ပြောဖို့တော့ခက်တယ်၊အရင်ဆုံးစစ်ဆေးကြည့်ရအုံးမယ်"

ဟယ်ကျိုးက ပုံကိုပြန်ကြည့်လိုက်ပြီး၊စာကိုလည်း တစ်ဖန် ပြန်ဖတ်ကြည့်လိုက်တယ်။ သူ့အမူအယာဟာလည်း အနည်းငယ် လေးနက်လို့သွားခဲ့တယ်။ "ကိုယ့်အတွက် မင်းရဲ့ဖုန်းနဲ့ကဒ် ပြင်ဆင်ထားပေးပါ ၊ စစ်ဆေးကြည့်မှရမယ်"

သူက ချိယွီနဲ့ဖုန်းပြောပြီးပြီးချင်းဘဲ၊ ဆေးရုံကို အလောတ‌ကြီး ထွက်သွားခဲ့တယ်။

ဒီ ကိစ္စတွေက အမှန်ဆိုသူနဲ့မသက်ဆိုင်ပေ။ သို့သော် ထိုအရာများက အန္တရာယ်တစ်ချို့ကို ရည်ညွှန်းလို့နေပေသည်။

ထိုနေ့က စောင့်ကြည့်ကင်မရာမှရိုက်ယူမိထားသည့် videoအားလုံးဟာ လုံးဝဖျက်စီးပစ်ခံလိုက်ရပြီဖြစ်ကာ ဟာကွက်လည်းမရှိခဲ့ပေ။ တဖက်လူက ဤအချက်အလက်တွေကို ချုပ်ကိုင်ထားတာကြောင့်၊ ထပ်ပြီး တခြားအချက်အလက်များလည်း ရှိနေနိုင်သည်။

အခုဆိုရင်တော့ ချိယွီရဲ့ ခြိမ်းခြောက်စာဟာ၊ နောက်မကြာမီမှာဘဲ သူ့ကိုခြိမ်းခြောက်သည့်စာဖြစ်လာနိုင်သည်။

ချိယွီက ဖုန်းကိုညွှန်ပြလိုက်ကာ : "ကဒ်ကအထဲမှာ၊ ငါသုံးနေကျဖုန်းကိုတော့ အိမ်မှာဘဲထားခဲ့တာ။စားပွဲဘေးမှာ မင်းယူကြည့်လို့ရတယ်"

"ကောင်းပြီလေ"

ဟယ်ကျိုးက ဖုန်းကိုပိတ်လိုက်ကာ၊ ဘေးက ကဒ်နှစ်ကဒ်ကိုဆွဲယူလိုက်ပြီး : "ဘယ်တစ်ခုလဲ?"

"အစိမ်းရောင်နဲ့တစ်ခု"

ချိယွီက ဟယ်ကျိုးကိုကြည့်ရင်း၊မနေနိုင်ဘဲ မေးလိုက်မိတယ်။"မင်း သံသယဝင်စရာ ကိစ္စတစ်ချို့တွေးလိုက်မိလို့လား?မင်းမလာခင်ကတည်းက ငါသူနဲ့ဆွေးနွေးနေကြတာ။ ငါထင်တာတော့ မင်းအသိုင်းဝိုင်းဖက်ကလူတစ်ယောက်ယောက် ဘဲဖြစ်ရမယ်"

ရှီးယွီရှင်းကလည်း ခေါင်းငြိမ့်ပြလို့လာခဲ့တယ်။"ဟုတ်တယ်။အဲ့နေ့တုန်းက မင်းသူငယ်ချင်းကဘဲ ‌ စောင့်ကြည့်ကင်မရာကိုချုပ်ကိုင်ခဲ့တာ"

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now