Part - 16 (Z+U)

8.3K 1.3K 57
                                    

🍼 မင်းငါ့ကိုကြိုက်နေတာမို့လား ၊ ငါသိသားဘဲ ( Uni )

ချိယွီမော့ကြည့်လိုက်မိတော့ ၊ ကြင်နာစွာနဲ့ပြုံးပြနေပုံပေါ်တဲ့ မျက်နှာကြီးတစ်ခုကိုတွေ့လိုက်ရတယ်။

သူ တစ်စက္ကန့်လောက်တောင့်ခဲသွားခဲ့ပြီးမှ ပြောလိုက်တယ်။"ဆရာ အဲ့ဒါက ၊ ကျွန်တော် ဒီအတိုင်း ခပ်မြန်မြန်ရေးလိုက်ရုံပါဘဲ။ ဒါပေမယ့်...ဆရာတွေက စာမေးပွဲချိန်အတွင်းမှာ ကျောင်းသားတွေကို အနှောက်အယှက်ပေးလို့မရဘူးမလား? "

ဆရာ့ရဲ့မျက်နှာအမူအရာဟာ ရုတ်တရက် ငြိမ်ကျသွားခဲ့ပြီး သူ့မျက်နှာပေါ်က အပြုံးဟာလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။ သူ့မျက်နှာအမူအရာပျက်သွားပြီး သူ့ရဲ့နှုတ်ခမ်းထောင့်တွေဟာလည်း ရှုံမဲ့လို့သွားကာ ၊ မျက်မှန်အနောက်မှာကွယ်ထားတဲ့ သူ့မျက်လုံးရဲ့အကြည့်တွေဟာလည်း အဓိပ္ပါယ်ဖော်လို့မရနိုင်တော့ပေ။

ချိယွီက ဆက်ပြောလိုက်တယ်။ "တစ်ကယ်လို့ ဆရာ့မှာမေးစရာရှိတယ်ဆိုရင် ၊ စာမေးပွဲပြီးတဲ့အထိစောင့်မှရမယ်"

ဆရာက သူ့မျက်မှန်ကိုချိန်ညှိလိုက်ပြီး အသံခပ်တိုးတိုးနဲ့ပြောလာခဲ့တယ်။ "မင်းမှန်ပါတယ်"

ထိုသို့ပြောပြီးနောက် ၊ ထိုသူက ခါးပြန်မတ်လိုက်ကာ ချိယွီကိုကြည့်ဖို့သူ့ရဲ့မျက်ခုံးကိုပင့်လိုက်ပြီး ၊ အဲ့နောက်တွင်တော့ ချိယွီရဲ့အဖြေလွှာစာရွက်ကိုကြည့်ကာ နောက်ဆုံးတွင် ထိုသူက စင်ပေါ်မပြန်မီ ခေါင်းညိတ်ပြလာတယ်။

အဲ့ဒီနောက် ၊ ထိုဆရာက ဆရာမတစ်ယောက်ဆီ ချဉ်းကပ်လို့ တစ်စုံတစ်ခုကိုဆွေး‌နွေးနေပုံရတယ်။ သူတို့နှစ်ယောက်သား ချိယွီကိုအကြိမ်ကြိမ် ခေါင်းထောင်ထောင်ပြီး ကြည့်လာကြတယ်။

ချိယွီက ထိုဆရာက ထူးဆန်းတယ်လို့ထင်ပေမယ့်လည်း ၊ သူစိတ်ထဲသိပ်မထားမိဘူး။

သူရဲ့မူလကမ္ဘာတုန်းကဆို ဆရာတော်တော်များများက သူ့ရဲ့ စာဖြေနှုန်းကြောင့် အံ့အားသင့်သွားကြစမြဲဘဲ။ အကယ်၍ ကောလိပ်ဝင်ခွင့် မူဝါဒနှင့် ကျောင်း၏ စည်းမျဉ်း နှစ်ခုစလုံးကသာ စာမေးပွဲကိုစောစီးစွာဖြေဆိုခွင့်မပြုခဲ့ဘူးဆိုရင် စာမေးပွဲခန်းမှပထမဆုံးထွက်လာနိုင်မည့်သူမှာ သူပင် ဖြစ်ပေလိမ့်မည်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now