ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

1M 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

75

5.4K 921 12
By Vanilla_IceCream61

အဲ့ဒါကို ခင်ဗျားဘာသာ လက်စသတ်လိုက်တာလား။
................................................................

မြို့တော်တွင်

နန်းတော်တံခါးက အရုဏ်တက်မတိုင်ခင်မှာပင် ပွင့်လာသည်။ ထို့နောက် အရာရှိများက ရွှေခန်းမသို့ ဦးတည်သွားကြသည်။

နာရီဝက်မျှကြာပြီးနောက် မိန်းမစိုးတစ်ယောက်က မင်းသားခြောက်စံရာနေရာသို့ အလျင်စလိုရောက်လာသည်။ "အရှင့်သား၊ နယ်စောင့်တပ်စခန်းချဲ့ဖို့ တပ်မှူးကျန်တောင်းဆိုထားတာကို အရှင်ကဒီမနက်မှာပဲ ပယ်ချလိုက်ပါတယ်။"

"ဘာ။ ကျန်ချောင်းပို့လိုက်တဲ့စာက မြို့တော်ဆီဘယ်အချိန်မှာ ရောက်လာတာလဲ။ အဲ့ဒါက ဒီမနက်ညီလာခံမှာ ဘယ်လိုလုပ်ရွေးထုတ်ခံလိုက်ရတာလဲ။"

မင်းသားခြောက် ကျိုးမင်းရှန်က နုနယ်ချောမောနေဆဲပင်။ သူ့မျက်နှာမှာ ကလေးရုပ်မပျောက်သေးရာ လက်ရှိအသက်ထက် ပိုငယ်ပုံပေါ်စေသည်။ အသက်ဝင်တက်ကြွသောလူငယ်လေးဖြစ်နေသင့်သူမှာ လက်ရှိတွင် အနည်းငယ် သုန်မှုန်နေသည်။

"အဲ့ဒါကို စစ်ရေးဝန်ကြီးက တင်ပြလိုက်တာပါ။ တပ်မှူးကျန်က ယခင်တင်ပြထားတာထက် ပိုကျယ်ကျယ်နယ်မြေချဲ့ချင်နေပြီး အဲ့ဒါက ဥပဒေအရ နယ်စောင့်တပ်စခန်းအတိုင်းအတာထက် အတော်ကျော်နေတဲ့အတွက် ဒီကိစ္စကိုညီလာခံမှာဆွေးနွေးသင့်ပါတယ်ဆိုပြီး စစ်ရေးဝန်ကြီးကျောက်ကျန်ကပြောပါတယ်။"

"သေစမ်း။ အယုတ်တမာကောင် ကျောက်ကျန်။"

ကျိုးမင်းရှန်က မတ်တပ်ထရပ်ကာ အခန်းထဲတွင် စိုးရိမ်ပူပန်စွာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ ထို့နောက် သူကရပ်လိုက်ကာ မေးသည်။ "ကျန်ချောင်းနောက်ဆုံးပို့လိုက်တဲ့စာ ဘယ်တုန်းကရောက်လာတာလဲ။"

"အရှင့်သား၊ လွန်ခဲ့တဲ့ရှစ်ရက်တုန်းကပါ။ စာကို စာပို့ခိုနဲ့ ပို့ခဲ့ပါတယ်။"

"အမြန်ဆုံးအရှိန်နဲ့ဆိုရင် ထန်းယန်ကနေမြို့တော်ဆီ သူ့စာရောက်လာဖို့ ခုနစ်ရက်ကြာတယ်။ ဒီစာကို ဧကရာဇ်ဆီ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက တင်ပြပြီးသားဖြစ်ရမှာလေ။ စစ်ရေးဝန်ကြီးက ဘာလို့တင်ပြဖို့ဆိုင်းငံ့ထားရတာလဲ။"

ကျိုးမင်ရှန်းက တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်သည်။ "ငါ့ဦးရီးတော်ကို သွားတွေ့ဦးမယ်။"

"အရှင့်သားအဲ့လိုလုပ်လို့မရပါဘူး။ မနေ့က အရှင် တော်ဝင်ကိုယ်လုပ်တော်ကို ပြစ်တင်မောင်းမဲခဲ့ပြီး အရှင့်ကိုလည်း အပြစ်ဆိုခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ အရှင့်သားထပ်ထွက်သွားလို့မရပါဘူး။ အရှင်သာဒါကိုသိသွားရင် အရှင့်သားအပေါ် ပိုငြိုငြင်မှာကို ဒီအစေခံစိုးရိမ်မိပါတယ်။"

မိန်းမစိုးက ကျိုးမင်းရှန် နန်းတော်မှ စိတ်ရှိတိုင်းထွက်သွားမည်ကို စိုးရိမ်သဖြင့် အလျင်စလိုဖျောင်းဖျသည်။

ကျိုးမင်းရှန် မျက်နှာမဲ့သွားကာ ခေတ္တကြာပြီးနောက်ပြောသည်။ "ကောင်းပြီ။ ဒါဆို ငါ့အမှာကို သွားပို့ပေး။"

"ဟုတ်ကဲ့ပါ၊ အရှင့်သား။"

ကျောက်မင်ရှန်းက စာရေးပြီးသည်နှင့် မိန်းမစိုးကိုပို့ခိုင်းလိုက်သည်။ ထို့နောက် သူက သူ့မယ်တော် တော်ဝင်ကိုယ်လုပ်တော်ရှုဆီ သွားသည်။

"အမေ၊ ကျန်ချောင်းတောင်းဆိုတာ အပယ်ခံလိုက်ရတယ်။ စစ်ရေးဝန်ကြီးက သူ့တောင်းဆိုချက်ကို နှစ်ရက်ဆိုင်းထားခဲ့တယ်။"

တော်ဝင်ကိုယ်လုပ်တော်ရှုက သက်လတ်ပိုင်းအရွယ်အမျိုးသမီးပင်။ သို့သော် သူမကနန်းတော်အတွင်းတွင် ထိန်းထိန်းသိမ်းသိမ်းနေရာ ဆယ့်ခြောက်နှစ်အရွယ်မိန်းမပျိုလေးအလားပင်။ သူမ၏မျက်လုံးများကပင် အကြွင်းမဲ့ဖမ်းစားနိုင်သည်။

"ကျောက်ကျန်လား။ သူက အရှင့်ရဲ့လူယုံပဲ။ သူကဘယ်ဘက်ကိုမှ မပါဘူး။ သူကထန်းယန်ကနေ တင်ပြလာတဲ့စာကို ဘာကြောင့် ဆိုင်းထားတာလဲ။"

ကိုယ်လုပ်တော်ရှုက မျက်မှောင်ကြုတ်ကာ အတွေးထဲနစ်နေသည်။

"ကျွန်တော် ဦးရီးတော်ဆီ စာတစ်စောင်ပို့ထားတယ်။ ဦးရီးတော်က တစ်ခုခုကိုရှာတွေ့နိုင်မယ်လို့ ကျွန်တော်မျှော်လင့်တာပဲ။"

"ကောင်းတယ်။ အခု ထန်းယန်ကနေပို့လိုက်တဲ့စာ အပယ်ခံရတယ်။ ခုလတ်တလောအတွင်းမှာ မင်းရဲ့ဦးရီးတော်က ဘာကိစ္စကိုမှနန်းတွင်းဆီမတင်နိုင်မှာ မယ်တော်စိုးရိမ်မိတယ်။ အခု ထန်းယန်မှာရှိတဲ့ သူ့အင်အားက မယ်တေယ်တို့ရဲ့နောက်ခံဆိုတော့ မယ်တော်တို့တွေကဘာမှအသုံးမဝင်ဘူးလို့ သူ မထင်သွားစေနဲ့။ သူ့ကိုချွေးသိပ်ဖို့ စာတစ်စောင်ရေးပို့လိုက်။"

"ဟုတ်ကဲ့ပါ၊ မယ်တော်။"

သူမ၏သားတော်ပြန်သွားပြီးနောက် ကိုယ်လုပ်တော်ရှု၏မျက်နှာထား ခက်ထန်သွားသည်။ "ဒါတွေအားလုံး ခွေးမကိုယ်လုပ်တော်ရှန်းရဲ့အမှားပဲ။ သူမရဲ့ အကွက်ဆင်မှုကြောင့်သာမဟုတ်ရင် ငါအရှင့်ရဲ့ရှေ့မှာ ပုံစံပျက်သွားမှာမဟုတ်ဘူး။ အဲ့လိုသာမဟုတ်ရင် ငါအရှင့်ကို နည်းနည်းလောက်နားချလို့ရဦးမယ်။"

"အရှင်မ၊ ဒေါသမထွက်ပါနဲ့။ ကျွန်တော်မျိုးမတို့ စိတ်ရှည်ဖို့ပဲလိုပါတယ်။ အရှင့်ရဲ့ဒေါသလျော့ပါးသွားရင် အရှင်မ သူမကိုကိုင်တွယ်ဖို့ လွယ်ပါလိမ့်မယ်။"

"အဲ့ခွေးမကတော့။" ကိုယ်လုပ်တော်က ဒေါသထိန်းနေရင်း ကျိန်ဆဲလိုက်သည်။ "အရင်ကဆို အရှင်က ထန်းယန်ကနေလာတဲ့ ဘာတောင်းဆိုလွှာကိုမှ မပယ်ဖူးဘူး။ ဒီတစ်ကြိမ်မှာ သူဘာလို့အဲ့လိုလုပ်တာများလဲ။"

*****

ယွီဝမ်စံအိမ်တွင်

"ခေါင်းဆောင်၊ ကျန်ချောင်းရဲ့တောင်းဆိုလွှာ အပယ်ခံလိုက်ရပါပြီ။ အစ်ကိုခြောက်ခရီးထွက်သွားတာ နှစ်ရက်လောက်ရှိပါပြီ။ ကျွန်တော်တို့က ထန်းယန်ဆီ ဘယ်တော့ သွားရမှာပါလဲ။ စစ်သူကြီးက သခင်လေးလင်းကို တကယ်လက်ထပ်တော့မှာလား။"

ယွီဝမ်စံအိမ်တွင် ယွီဝမ်ထုန်၏ခြံမှာ ကန့်သတ်နယ်မြေပင်။ မြို့တော်တွင် ယွီဝမ်ထုန်မရှိလျှင်ပင် သူ့ခြံအတွင်းသို့ မည်သူမှဝင်၍မရပေ။ ယွဲ့ချီနှင့်အဖွဲ့ဝင်များက မြို့တော်သို့ပြန်ရောက်လာပြီးနောက် ဤခြံအတွင်း၌ ပုန်းနေကြသည်။

"အဲ့ဒါက မကြာမီရောက်သွားမှာပါ။ စစ်သူကြီးပေးလိုက်တဲ့တာဝန် မပြီးသေးဘူး။ လီချောင်းနဲ့ပက်သက်ပြီး မင်းဘာရှာတွေ့ထားလဲ။"

"ကျွန်တော် သက်သေတချို့ရထားတယ်။ ကျွန်တော် သဲလွန်စတွေအရ စုံစမ်းနေတုန်းပဲ။ မတော်တဆသာမရှိရင် ကျွန်တော်တို့ရက်အနည်းငယ်အတွင်းမှာ အဖြေရှာတွေ့ပါလိမ့်မယ်။"

"ဟုတ်ပြီ။" ယွဲ့ချီကခေါင်းညှိတ်သည်။ "ဝုဟုခြံမှာကော အားလုံးပြင်ဆင်ပြီးပြီလား။"

"အားလုံး ပြင်ပြီးပါပြီ။ ဒုသခင်ကြိးက ဒီည ဝုဟုခြံမှာနေမယ်လို့ပြောပါတယ်။ စာကြည့်ခန်းမှာ တာဝန်ကျတဲ့လူတွေကလွဲပြီး ဘယ်သူမှရှိမှာမဟုတ်ပါဘူး။"

"ကောင်းတယ်။ မင်းတို့တွေ ဂရုစိုက်ကြနော်။ ငါတို့ စာကြည့်ခန်းကို ရှာဖို့ပဲကျန်တော့တယ်။"

"ကျွန်တော်တို့ နှစ်ရက်လောက်ရှာကြည့်ခဲ့ပေမဲ့ ဒုသခင်ကြီးနဲ့ ဒုသခင်မတို့က လင်းမိသားစုကို အခက်တွေ့အောင် လူလွှတ်ထားတာနဲ့ပက်သက်ပြီး ဘာသက်သေမှရှာမတွေ့ပါဘူး။ ဒီညစာကြည့်ခန်းမှာတောင် ကျွန်တော်တို့ ဘာသဲလွန်စကိုမှ ရှာမတွေ့ရင် ဆက်စုံစမ်းရဦးမှာလား။"

"စစ်သူကြီးကို ရလဒ်တွေတင်ပြလိုက်။ အဲ့လိုဆိုရင်တောင် ငါတို့သတိလျော့လို့မရဘူး။ လက်ကြောတင်းတင်းရှာကြ။"

"ဟုတ်ကဲ့ပါ။"

"စစ်သူကြီး ထန်းယန်ဆီရောက်နေတဲ့အကြောင်းက မပေါ်သေးတော့ မြို့တော်မှာ အတော်ငြိမ်းချမ်းနေပုံပေါ်တယ်။ ဒီကိစ္စသာ လမ်းပေါ်ရောက်သွားရင် အကြီးအကျယ်ရှုပ်ထွေးသွားနိုင်တယ်။ တခြားအငြင်းပွားစရာတွေကိုထားဦး၊ မင်းသားခြောက်သာ ဒီကိစ္စကို သိသွားရင် စစ်သူကြီးကိုသံသယဝင်လိမ့်မယ်။ စစ်သူကြီးက ဒီတော်ဝင်ဆွေမျိုးတွေရဲ့ ကိစ္စမှာ တစ်ခါမှဝင်မပါဖူးပါဘူး။ ဒီတစ်ကြိမ်မှာ သူဘာလုပ်မလို့လဲမသိဘူး။"

ယွဲ့ချီက မျက်နှာသေကြီးနှင့်စဉ်းစားနေသည်။

*****

လင်းကျန်က အစောင့်များနေရာသို့ မနက်ပိုင်းတွင် အချိန်မှန်ရောက်လာသည်။ သူက တစ်ညနားပြီးနောက် ပြန်လည်တက်ကြွလာသည်။ အစောင့်များကိုသင်ရန် ခက်ခဲမည်ဆိုလျှင်ပင် သူ ဆက်သင်ပေးမည်။

အစောင့်များကလည်း လက်မလျှော့ချင်ပေ။ ဤအစောင့်များ မနေ့ကသင်ယူခဲ့သည့် အခြေခံအချို့ကို မေ့သွားမည်ဟု သူထင်ခဲ့သော်လည်း သူတို့က အားလုံးကိုမှတ်မိနေရုံသာမက အခြေခံပုံစံကိုပင် ကျွမ်းကျင်စွာခွဲခြားနိုင်သည်။

"သခင်လေး၊ ကျွန်တော်တို့ဒီနေ့စောစောထပြီး ဒီမှာထပ်ခါထပ်ခါလေ့ကျင့်ထားပါတယ်။ လျှိုရိက ကျွန်တော်တို့သင်ယူခဲ့တာနဲ့ပက်သက်ပြီး ကောင်းကောင်းမှတ်မိလို့ ကျွန်တော်တို့ကို အမှားထောက်ပြပေးပါတယ်။"

လင်းကျန်၏အံ့ဩသွားသည့်ပုံစံကိုကြည့်ကာ ဝမ်တရှန်က ဂုဏ်ယူစွာပြောသည်။

လင်းကျန်ကြည့်လိုက်သောအခါ လျှိုရိရောက်လာသည်။ "သခင်လေး မနေ့ကသင်ပေးခဲ့တာကို ကျွန်တော်ကပိုမှတ်မိပါတယ်။ သူတို့ကလည်း အဲ့ဒါကို မြန်မြန်ကျွမ်းကျင်ပြီး သခင်လေးရဲ့သင်ပြမှုနဲ့ အမှီလိုက်ချင်နေကြပါတယ်။"

လင်းကျန်၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ "ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့တွေ ကောင်းကောင်းလုပ်ခဲ့ကြပါတယ်။"

"သခင်လေးက ယဉ်ကျေးနေလွန်းပါပြီ။ သခင်လေးဆန္ဒပြည့်ဖို့ ကျွန်တော်တို့ ကောင်းကောင်းလုပ်ဆောင်ရမှာပါ။"

လင်းကျန်၏စိတ်အခြေအနေ ချက်ချင်းကောင်းသွားသည်။ ယခုအခါ သူမျှော်လင့်ချက်လမ်းစကို မြင်နိုင်ပြီဖြစ်သည်။ မနေ့ကသူတို့သင်ယူခဲ့သည့် အသိနှင့်ဆိုလျှင် ယနေ့သင်ကြားမှုက ပိုချောမွ့လောက်သည်။ လင်းကျန်က တစ်မနက်လုံးတွင် တည်နေရာနှင့်ပက်သက်၍ အခြေခံအချက်များကို သင်ပေးခဲ့သည်။ ထို့နောက် သူကတည်နေရာ အကြောင်းအသေးစိတ်အချက်များနှင့် ဆယ့်နှစ်ယောက်ထောင်ချောက်ဆင်သတ်ဖြတ်ခြင်းရှိ တည်နေရာများ၏ထူးခြားမှုကို သင်ပေးမည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် လင်းကျန်အလျင်မလိုပေ။ ဤအချက်အလက်များမှာ အစောင့်များနှင့် မရင်းနှီးရာ မြန်မြန်သဘောပေါက်နိုင်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် သူက အစောင့်များကို အခြေခံအချက်အချို့သာ သင်ပေးခဲ့ရာ သူတို့၏စိတ်ထဲတွင် ရိုးရှင်းသောပုံစံပေါ်လာရန် ကူညီပေးလိမ့်မည်။ ထို့နောက် သူက သူတို့ကို ဆယ့်နှစ်ယောက်ထောင်ချောက်ဆင်သတ်ဖြတ်ခြင်းမှ တည်နေရာများကို တိကျစွာမှတ်သားစေပြီး လေ့ကျင့်ခိုင်းကာ အကျင့်ဖြစ်ခိုင်းစေမည်။ နောက်ဆုံးတွင်တော့ သူတို့က ထိုပညာကိုကျွမ်းကျင်ကာ တဖြည်းဖြည်း အသုံးချလာနိုင်လိမ့်မည်။

ဤအစီအရင်ကို သူတို့အသုံးချနိုင်သောအချိန်ရောက်မှသာ သူ့ပန်းတိုင်ဖြစ်မြောက်သွားမည်ပင်။ သူ့ပန်းတိုင်က နောက်ကျသွားလျှင်လည်း ကိစ္စမရှိပေ။

လင်းကျန်က တစ်မနက်လုံးအလုပ်များနေသည်။ ခြံပေါက်ဝ၌ ယွီဝမ်ထုန်စောင့်နေသည်ကို တွေ့သောအခါ လင်းကျန်အံ့ဩသွားသည်။

"ခင်ဗျား၊ ဘယ်တုန်းက ပြန်ရောက်တာလဲ။"

"မနေ့ညက။ မင်း အိပ်ရာစောစောဝင်သွားတယ်ဆိုလို့ ကိုယ်မင်းကို မနှောင့်ယှက်တော့တာ။"

လင်းကျန် ချွေးစိုရွှဲနေသည်ကို တွေ့သောအခါ ယွီဝမ်ထုန်၏မျက်ဝန်းများ ဝင်းလက်သွားသည်။ ယခုအချိန်တွင် နေရောင်တောက်ပနေပြီး လင်းကျန်၏မျက်နှာပေါ်မှ ချွေးသီးချွေးပေါက်များမှာ နေရောင်အောက်တွင် တောက်ပကြည်လင်နေသည်။ သူ၏မျက်နှာမှာ အနာအဆာမရှိသည့်ကျောက်စိမ်းနှင့်တူပြီး အချိန်အတော်ကြာ လေ့ကျင့်ခန်းလုပ်ခဲ့သောကြောင့် ပါးအို့များရဲနေသည်။ သူအနားတိုးလာသည်နှင့် ငယ်ရွယ်သည့်အငွေ့အသက်က ယွီဝမ်ထုန့်အား ရုပ်ပိုင်းဆိုင်ရာတုန့်ပြန်မှု ဖြစ်ပေါ်စေလုနီးနီးပင်။

"ခင်ဗျား ကျွန်တော့်ကို ဘာလို့အဲ့လိုစိုက်ကြည့်နေတာလဲ။ ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား။"

လင်းကျန်က မျက်နှာကို စိတ်ရှုပ်ထွေးစွာပွတ်သပ်လိုက်သည်။ ယွီဝမ်ထုန်က သူ့ကိုစိုက်ကြည့်နေသောအခါ သူထူးဆန်းသကဲ့သို့ခံစားရသည်။

"ဘာမှ မရှိပါဘူး။ မင်းက ချွေးတွေစိုရွှဲနေတာကို ကိုယ်တွေ့လို့။ ပြန်သွားပြီး မြန်မြန်အဝတ်လဲလိုက်။"

ယွီဝမ်ထုန်က သူ၏အနည်းငယ်ထက်သန်သောအကြည့်များကို ပြန်ရုတ်ကာ လင်းကျန်နှင့်အတူ ခြံထဲသို့ဝင်လာသည်။

သူက စာရွက်လိပ်တစ်ခုကို ကိုင်ထားကြောင်း လင်းကျန်သတိပြုမိလိုက်သည်။ "အဲ့ဒါက ဘာလဲ။"

"အကူအညီဖြစ်မဲ့အရာ တစ်ခုခုပေါ့။ မင်းအဝတ်လဲပြီးရင် ကိုယ်ပြောပြမယ်။"

ယွီဝမ်ထုန်က လင်းကျန်အားခန့်မှန်းစေရာ လင်းကျန်သိလိုစိတ် ပေါ်လာသည်။ ထို့ကြောင့် သူက အဝတ်လဲရန် အိမ်ထဲသို့ချက်ချင်းဝင်သွားသည်။

"သခင်လေး။"

ယောက်ျားလေးတစ်ယောက်ရောက်လာကာ လင်းကျန်ကို အရိုအသေပေးသည်။

"ရှားဖုန်း၊ ကျွန်တော်အဝတ်ဝတ်လဲဖို့နဲ့ ဆံပင်ဖြီးဖို့ ကူညီပေးပါဦး။ ပြီးတော့ ရေလည်းပြင်ထားခိုင်းပေး။ ကျွန်တော်ဆေးကြောချင်တယ်။"

လင်းကျန်က ရှားဖုန်းကို ခိုင်းလိုက်ပြီး ရှားဖုန်းကလည်း အမိန့်အတိုင်း အမြန်လုပ်ဆောင်ကာ အခြားအစေခံများကို ရေပြင်ခိုင်းလိုက်သည်။ ထို့နောက် သူကလင်းကျန်ကို အနောက်ဘက်မှအခန်းသို့ လိုက်ပို့သည်။ သူတို့နှစ်ယောက်က လှုပ်ရှားမှုတိုင်းတွင် အပြန်အလှန်နားလည်ပြီးသားပင်။

ယွီဝမ်ထုန်က မျက်မှောင်ကြုတ်ကာ ရှားဖုန်းကို ခေါင်းအစခြေအဆုံးကြည့်နေသည်။

ပြောဆိုပြုမူပုံတည်ငြိမ်သည့်ရှားဖုန်းမှာ လင်းကျန်ထက် နှစ်အနည်းငယ်မျှအသက်ကြီးသည်။ သူကလင်းကျန်၏ခြံထဲရှိ အခြားအစေခံများနှင့်မတူပေ။ လင်းကျန်က သူ့ကိုယုံကြည်သည်မှာ ထင်ရှားသည်။ 'သူ ယန်ကျိုးကနေ ဒီလောက်အမြန်ကြီး ပြန်ရောက်လာတာလား။'

ယွီဝမ်ထုန်က အကြည့်လွှဲကာ ဧည့်ခန်းထဲသို့ဝင်သွားသည်။ ယွီဝမ်ထုန်က ရာထူးအကြီးပိုင်းမှလူဖြစ်ပြီး သခင်လေးနှင့်အဆင်ပြေသည်ကို အစေခံများသိကြသည်။ ထို့ကြောင့် သူတို့ကသူ့ကို ပစ်တောင်းဆန်ခါမဆက်ဆံရဲကြပေ။

လင်းကျန်က အမြန်ဆေးကြောသန့်စင်လာသည်။

"ခင်ဗျား အခုပြောလို့ရပြီလား။"

ရှားဖုန်းနှင့်အခြားလူများအား ယွီဝမ်ထုန်မော့ကြည့်လိုက်သောအခါ သူဘာဆိုလိုချင်သည်ကို လင်းကျန်သဘောပေါက်သည်။ ထို့ကြောင့် သူကပြောလိုက်သည်။ "မင်းတို့အားလုံး ထွက်သွားကြ။ ရှားဖုန်းက စားဖိုဆောင်ဆီသွားပြီး နေ့လည်စာပို့ဖို့ အကြောင်းကြားလိုက်။ ကျွန်တော် အရာရှိယွီဝမ်နဲ့အတူနေ့လည်စာစားမယ်။ ဒါနဲ့ ကျွန်တော်တို့နေ့လည်စာလာမစားတော့ဘူးဆိုတာကိုလည်း အဖိုးဆီပြောပေး။"

"ဟုတ်ကဲ့ပါ၊ သခင်လေး။"

ရှားဖုန်းက အနောက်လှည့်ကာ အခြားလူများကိုပါခေါ်၍ ထွက်သွားသည်။

လင်းကျန်က ယွီဝမ်ထုန်ကို မျှော်လင့်တကြီးမျက်ဝန်းများဖြင့် လောဆော်လိုက်သည်။

'သူအရင်ကလို ရှက်ကိုးရှက်ကန်းမဖြစ်တော့ဘူးပဲ။' ယွီဝမ်ထုန်က ထိုသို့တွေးကာ စာရွက်လိပ်ကိုဖြေ၍ လင်းကျန်ထံကမ်းပေးလိုက်သည်။

ယင်းစာရွက်ကို ယွီဝမ်ထုန်ဆီမှယူကာ တစ်ချက်ကြည့်ရုံနှင့် လင်းကျန်အံ့ဩသွားသည်။ ထို့နောက်သူကယွီဝမ်ထုန်ကို ဆတ်ခနဲမော့ကြည့်သည်။ "ခင်ဗျား..."

"ဟုတ်တယ်၊ ကိုယ်အဲ့ဒါကို မင်းဆီကနေသိတာ။ မင်းအဲ့ဒါကို ဆွဲနေတုန်း ကိုယ်ရောက်လာတဲ့နေ့ကို မှတ်မိလား။"

ယွီဝမ်ထုန်၏ ရိုးသားမှုက လင်းကျန်အား တည်ငြိမ်သွားစေသည်။

"ကျွန်တော်အဲ့ဒါကို တစ်ခုခုနဲ့ဖုံးထားတယ်မဟုတ်လား။"

"လေတိုက်လို့ စာရွက်လန်သွားတော့ ကိုယ်အဲ့ဒါရဲ့တစ်ဝက်ကို တွေ့လိုက်တယ်။"

'သူက အဲ့ဒါကို တစ်ဝက်ပဲတွေ့တာမဟုတ်လား။ ဒါပေမဲ့ ငါ့လက်ထဲကဟာက အပြည့်အစုံကြီးလေ။"

လင်းကျန်တွင် အတွေးတစ်ခုပေါ်လာကာ ယွီဝမ်ထုန်အား မယုံနိုင်စွာကြည့်လိုက်သည်။ "ကျန်တာကို ခင်ဗျားဘာသာခင်ဗျားဆွဲလိုက်တာလား။"

ယွီဝမ်ထုန်က ခေါင်းညှိတ်သည်။ "ဟုတ်တယ်၊ အစီအရင်ရဲ့ တခြားအပိုင်းကိုသိဖို့ မခက်ပါဘူး။ ဒီအစီအရင်မှာ သူ့စည်းကမ်းရှိတယ်။ ဒီတော့ ကိုယ်ကအလိုက်အထိုက် အဖြေထုတ်ရုံပဲ။"

လင်းကျန် လုံးဝလန့်ဖျပ်သွားသည်။ ယင်းက မည်သို့လွယ်ကူမည်နည်း။ ပို၍ အံ့အားသင့်စရာကောင်းသောအချက်မှာ ယွီဝမ်ထုန်ကသူ၏အစီအရင်အကြောင်း သိနေခြင်းပင်။ သူသာ အစီအရင်ပညာကို အလွန်မကျွမ်းကျင်လျှင် ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။ အစီအရင်နှင့်ပက်သက်၍ ယွီဝမ်ထုန်၏ကျွန်းကျင်မှုမှာ တကယ်ကိုထူးကဲသည်။ သူက ယွီဝမ်မိသားစုဝင်၊ ကြီးမြတ်သောယွဲ့ပြည်ထောင်စု၏ အထူးချွန်ဆုံးစစ်သူကြီးဖြစ်ထိုက်ပေသည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

အဲ့ဒါကို ခင္ဗ်ားဘာသာ လက္စသတ္လိုက္တာလား။
................................................................

ၿမိဳ႕ေတာ္တြင္

နန္းေတာ္တံခါးက အ႐ုဏ္တက္မတိုင္ခင္မွာပင္ ပြင့္လာသည္။ ထို႔ေနာက္ အရာရွိမ်ားက ေ႐ႊခန္းမသို႔ ဦးတည္သြားၾကသည္။

နာရီဝက္မွ်ၾကာၿပီးေနာက္ မိန္းမစိုးတစ္ေယာက္က မင္းသားေျခာက္စံရာေနရာသို႔ အလ်င္စလိုေရာက္လာသည္။ "အရွင့္သား၊ နယ္ေစာင့္တပ္စခန္းခ်ဲ့ဖို႔ တပ္မႉးက်န္ေတာင္းဆိုထားတာကို အရွင္ကဒီမနက္မွာပဲ ပယ္ခ်လိဳက္ပါတယ္။"

"ဘာ။ က်န္ေခ်ာင္းပို႔လိုက္တဲ့စာက ၿမိဳ႕ေတာ္ဆီဘယ္အခ်ိန္မွာ ေရာက္လာတာလဲ။ အဲ့ဒါက ဒီမနက္ညီလာခံမွာ ဘယ္လိုလုပ္ေ႐ြးထုတ္ခံလိုက္ရတာလဲ။"

မင္းသားေျခာက္ က်ိဳးမင္းရွန္က ႏုနယ္ေခ်ာေမာေနဆဲပင္။ သူ႕မ်က္ႏွာမွာ ကေလး႐ုပ္မေပ်ာက္ေသးရာ လက္ရွိအသက္ထက္ ပိုငယ္ပုံေပၚေစသည္။ အသက္ဝင္တက္ႂကြေသာလူငယ္ေလးျဖစ္ေနသင့္သူမွာ လက္ရွိတြင္ အနည္းငယ္ သုန္မႈန္ေနသည္။

"အဲ့ဒါကို စစ္ေရးဝန္ႀကီးက တင္ျပလိုက္တာပါ။ တပ္မႉးက်န္က ယခင္တင္ျပထားတာထက္ ပိုက်ယ္က်ယ္နယ္ေျမခ်ဲ့ခ်င္ေနၿပီး အဲ့ဒါက ဥပေဒအရ နယ္ေစာင့္တပ္စခန္းအတိုင္းအတာထက္ အေတာ္ေက်ာ္ေနတဲ့အတြက္ ဒီကိစၥကိုညီလာခံမွာေဆြးႏြေးသင့္ပါတယ္ဆိုၿပီး စစ္ေရးဝန္ႀကီးေက်ာက္က်န္ကေျပာပါတယ္။"

"ေသစမ္း။ အယုတ္တမာေကာင္ ေက်ာက္က်န္။"

က်ိဳးမင္းရွန္က မတ္တပ္ထရပ္ကာ အခန္းထဲတြင္ စိုးရိမ္ပူပန္စြာ ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနသည္။ ထို႔ေနာက္ သူကရပ္လိုက္ကာ ေမးသည္။ "က်န္ေခ်ာင္းေနာက္ဆုံးပို႔လိုက္တဲ့စာ ဘယ္တုန္းကေရာက္လာတာလဲ။"

"အရွင့္သား၊ လြန္ခဲ့တဲ့ရွစ္ရက္တုန္းကပါ။ စာကို စာပို႔ခိုနဲ႕ ပို႔ခဲ့ပါတယ္။"

"အျမန္ဆုံးအရွိန္နဲ႕ဆိုရင္ ထန္းယန္ကေနၿမိဳ႕ေတာ္ဆီ သူ႕စာေရာက္လာဖို႔ ခုနစ္ရက္ၾကာတယ္။ ဒီစာကို ဧကရာဇ္ဆီ လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္ကတည္းက တင္ျပၿပီးသားျဖစ္ရမွာေလ။ စစ္ေရးဝန္ႀကီးက ဘာလို႔တင္ျပဖို႔ဆိုင္းငံ့ထားရတာလဲ။"

က်ိဳးမင္ရွန္းက တစ္ခုခုမွားယြင္းေနသည္ကို ခံစားမိသျဖင့္ မ်က္ေမွာင္ၾကဳတ္သည္။ "ငါ့ဦးရီးေတာ္ကို သြားေတြ႕ဦးမယ္။"

"အရွင့္သားအဲ့လိုလုပ္လို႔မရပါဘူး။ မေန႕က အရွင္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ကို ျပစ္တင္ေမာင္းမဲခဲ့ၿပီး အရွင့္ကိုလည္း အျပစ္ဆိုခဲ့ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အရွင့္သားထပ္ထြက္သြားလို႔မရပါဘူး။ အရွင္သာဒါကိုသိသြားရင္ အရွင့္သားအေပၚ ပိုၿငိဳျငင္မွာကို ဒီအေစခံစိုးရိမ္မိပါတယ္။"

မိန္းမစိုးက က်ိဳးမင္းရွန္ နန္းေတာ္မွ စိတ္ရွိတိုင္းထြက္သြားမည္ကို စိုးရိမ္သျဖင့္ အလ်င္စလိုေဖ်ာင္းဖ်သည္။

က်ိဳးမင္းရွန္ မ်က္ႏွာမဲ့သြားကာ ေခတၱၾကာၿပီးေနာက္ေျပာသည္။ "ေကာင္းၿပီ။ ဒါဆို ငါ့အမွာကို သြားပို႔ေပး။"

"ဟုတ္ကဲ့ပါ၊ အရွင့္သား။"

ေက်ာက္မင္ရွန္းက စာေရးၿပီးသည္ႏွင့္ မိန္းမစိုးကိုပို႔ခိုင္းလိုက္သည္။ ထို႔ေနာက္ သူက သူ႕မယ္ေတာ္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ရႈဆီ သြားသည္။

"အေမ၊ က်န္ေခ်ာင္းေတာင္းဆိုတာ အပယ္ခံလိုက္ရတယ္။ စစ္ေရးဝန္ႀကီးက သူ႕ေတာင္းဆိုခ်က္ကို ႏွစ္ရက္ဆိုင္းထားခဲ့တယ္။"

ေတာ္ဝင္ကိုယ္လုပ္ေတာ္ရႈက သက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသမီးပင္။ သို႔ေသာ္ သူမကနန္းေတာ္အတြင္းတြင္ ထိန္းထိန္းသိမ္းသိမ္းေနရာ ဆယ့္ေျခာက္ႏွစ္အ႐ြယ္မိန္းမပ်ိဳေလးအလားပင္။ သူမ၏မ်က္လုံးမ်ားကပင္ အႂကြင္းမဲ့ဖမ္းစားနိုင္သည္။

"ေက်ာက္က်န္လား။ သူက အရွင့္ရဲ႕လူယုံပဲ။ သူကဘယ္ဘက္ကိုမွ မပါဘူး။ သူကထန္းယန္ကေန တင္ျပလာတဲ့စာကို ဘာေၾကာင့္ ဆိုင္းထားတာလဲ။"

ကိုယ္လုပ္ေတာ္ရႈက မ်က္ေမွာင္ၾကဳတ္ကာ အေတြးထဲနစ္ေနသည္။

"ကြၽန္ေတာ္ ဦးရီးေတာ္ဆီ စာတစ္ေစာင္ပို႔ထားတယ္။ ဦးရီးေတာ္က တစ္ခုခုကိုရွာေတြ႕နိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္တာပဲ။"

"ေကာင္းတယ္။ အခု ထန္းယန္ကေနပို႔လိုက္တဲ့စာ အပယ္ခံရတယ္။ ခုလတ္တေလာအတြင္းမွာ မင္းရဲ႕ဦးရီးေတာ္က ဘာကိစၥကိုမွနန္းတြင္းဆီမတင္နိုင္မွာ မယ္ေတာ္စိုးရိမ္မိတယ္။ အခု ထန္းယန္မွာရွိတဲ့ သူ႕အင္အားက မယ္ေတယ္တို႔ရဲ႕ေနာက္ခံဆိုေတာ့ မယ္ေတာ္တို႔ေတြကဘာမွအသုံးမဝင္ဘူးလို႔ သူ မထင္သြားေစနဲ႕။ သူ႕ကိုေခြၽးသိပ္ဖို႔ စာတစ္ေစာင္ေရးပို႔လိုက္။"

"ဟုတ္ကဲ့ပါ၊ မယ္ေတာ္။"

သူမ၏သားေတာ္ျပန္သြားၿပီးေနာက္ ကိုယ္လုပ္ေတာ္ရႈ၏မ်က္ႏွာထား ခက္ထန္သြားသည္။ "ဒါေတြအားလုံး ေခြးမကိုယ္လုပ္ေတာ္ရွန္းရဲ႕အမွားပဲ။ သူမရဲ႕ အကြက္ဆင္မႈေၾကာင့္သာမဟုတ္ရင္ ငါအရွင့္ရဲ႕ေရွ႕မွာ ပုံစံပ်က္သြားမွာမဟုတ္ဘူး။ အဲ့လိုသာမဟုတ္ရင္ ငါအရွင့္ကို နည္းနည္းေလာက္နားခ်လိဳ႕ရဦးမယ္။"

"အရွင္မ၊ ေဒါသမထြက္ပါနဲ႕။ ကြၽန္ေတာ္မ်ိဳးမတို႔ စိတ္ရွည္ဖို႔ပဲလိုပါတယ္။ အရွင့္ရဲ႕ေဒါသေလ်ာ့ပါးသြားရင္ အရွင္မ သူမကိုကိုင္တြယ္ဖို႔ လြယ္ပါလိမ့္မယ္။"

"အဲ့ေခြးမကေတာ့။" ကိုယ္လုပ္ေတာ္က ေဒါသထိန္းေနရင္း က်ိန္ဆဲလိုက္သည္။ "အရင္ကဆို အရွင္က ထန္းယန္ကေနလာတဲ့ ဘာေတာင္းဆိုလႊာကိုမွ မပယ္ဖူးဘူး။ ဒီတစ္ႀကိမ္မွာ သူဘာလို႔အဲ့လိုလုပ္တာမ်ားလဲ။"

*****

ယြီဝမ္စံအိမ္တြင္

"ေခါင္းေဆာင္၊ က်န္ေခ်ာင္းရဲ႕ေတာင္းဆိုလႊာ အပယ္ခံလိုက္ရပါၿပီ။ အစ္ကိုေျခာက္ခရီးထြက္သြားတာ ႏွစ္ရက္ေလာက္ရွိပါၿပီ။ ကြၽန္ေတာ္တို႔က ထန္းယန္ဆီ ဘယ္ေတာ့ သြားရမွာပါလဲ။ စစ္သူႀကီးက သခင္ေလးလင္းကို တကယ္လက္ထပ္ေတာ့မွာလား။"

ယြီဝမ္စံအိမ္တြင္ ယြီဝမ္ထုန္၏ၿခံမွာ ကန့္သတ္နယ္ေျမပင္။ ၿမိဳ႕ေတာ္တြင္ ယြီဝမ္ထုန္မရွိလွ်င္ပင္ သူ႕ၿခံအတြင္းသို႔ မည္သူမွဝင္၍မရေပ။ ယြဲ႕ခ်ီႏွင့္အဖြဲ႕ဝင္မ်ားက ၿမိဳ႕ေတာ္သို႔ျပန္ေရာက္လာၿပီးေနာက္ ဤၿခံအတြင္း၌ ပုန္းေနၾကသည္။

"အဲ့ဒါက မၾကာမီေရာက္သြားမွာပါ။ စစ္သူႀကီးေပးလိုက္တဲ့တာဝန္ မၿပီးေသးဘူး။ လီေခ်ာင္းနဲ႕ပက္သက္ၿပီး မင္းဘာရွာေတြ႕ထားလဲ။"

"ကြၽန္ေတာ္ သက္ေသတခ်ိဳ႕ရထားတယ္။ ကြၽန္ေတာ္ သဲလြန္စေတြအရ စုံစမ္းေနတုန္းပဲ။ မေတာ္တဆသာမရွိရင္ ကြၽန္ေတာ္တို႔ရက္အနည္းငယ္အတြင္းမွာ အေျဖရွာေတြ႕ပါလိမ့္မယ္။"

"ဟုတ္ၿပီ။" ယြဲ႕ခ်ီကေခါင္းညွိတ္သည္။ "ဝုဟုၿခံမွာေကာ အားလုံးျပင္ဆင္ၿပီးၿပီလား။"

"အားလုံး ျပင္ၿပီးပါၿပီ။ ဒုသခင္ႀကိးက ဒီည ဝုဟုၿခံမွာေနမယ္လို႔ေျပာပါတယ္။ စာၾကည့္ခန္းမွာ တာဝန္က်တဲ့လူေတြကလြဲၿပီး ဘယ္သူမွရွိမွာမဟုတ္ပါဘူး။"

"ေကာင္းတယ္။ မင္းတို႔ေတြ ဂ႐ုစိုက္ၾကေနာ္။ ငါတို႔ စာၾကည့္ခန္းကို ရွာဖို႔ပဲက်န္ေတာ့တယ္။"

"ကြၽန္ေတာ္တို႔ ႏွစ္ရက္ေလာက္ရွာၾကည့္ခဲ့ေပမဲ့ ဒုသခင္ႀကီးနဲ႕ ဒုသခင္မတို႔က လင္းမိသားစုကို အခက္ေတြ႕ေအာင္ လူလႊတ္ထားတာနဲ႕ပက္သက္ၿပီး ဘာသက္ေသမွရွာမေတြ႕ပါဘူး။ ဒီညစာၾကည့္ခန္းမွာေတာင္ ကြၽန္ေတာ္တို႔ ဘာသဲလြန္စကိုမွ ရွာမေတြ႕ရင္ ဆက္စုံစမ္းရဦးမွာလား။"

"စစ္သူႀကီးကို ရလဒ္ေတြတင္ျပလိုက္။ အဲ့လိုဆိုရင္ေတာင္ ငါတို႔သတိေလ်ာ့လို႔မရဘူး။ လက္ေၾကာတင္းတင္းရွာၾက။"

"ဟုတ္ကဲ့ပါ။"

"စစ္သူႀကီး ထန္းယန္ဆီေရာက္ေနတဲ့အေၾကာင္းက မေပၚေသးေတာ့ ၿမိဳ႕ေတာ္မွာ အေတာ္ၿငိမ္းခ်မ္းေနပုံေပၚတယ္။ ဒီကိစၥသာ လမ္းေပၚေရာက္သြားရင္ အႀကီးအက်ယ္ရႈပ္ေထြးသြားနိုင္တယ္။ တျခားအျငင္းပြားစရာေတြကိုထားဦး၊ မင္းသားေျခာက္သာ ဒီကိစၥကို သိသြားရင္ စစ္သူႀကီးကိုသံသယဝင္လိမ့္မယ္။ စစ္သူႀကီးက ဒီေတာ္ဝင္ေဆြမ်ိဳးေတြရဲ႕ ကိစၥမွာ တစ္ခါမွဝင္မပါဖူးပါဘူး။ ဒီတစ္ႀကိမ္မွာ သူဘာလုပ္မလို႔လဲမသိဘူး။"

ယြဲ႕ခ်ီက မ်က္ႏွာေသႀကီးႏွင့္စဥ္းစားေနသည္။

*****

လင္းက်န္က အေစာင့္မ်ားေနရာသို႔ မနက္ပိုင္းတြင္ အခ်ိန္မွန္ေရာက္လာသည္။ သူက တစ္ညနားၿပီးေနာက္ ျပန္လည္တက္ႂကြလာသည္။ အေစာင့္မ်ားကိုသင္ရန္ ခက္ခဲမည္ဆိုလွ်င္ပင္ သူ ဆက္သင္ေပးမည္။

အေစာင့္မ်ားကလည္း လက္မေလွ်ာ့ခ်င္ေပ။ ဤအေစာင့္မ်ား မေန႕ကသင္ယူခဲ့သည့္ အေျခခံအခ်ိဳ႕ကို ေမ့သြားမည္ဟု သူထင္ခဲ့ေသာ္လည္း သူတို႔က အားလုံးကိုမွတ္မိေန႐ုံသာမက အေျခခံပုံစံကိုပင္ ကြၽမ္းက်င္စြာခြဲျခားနိုင္သည္။

"သခင္ေလး၊ ကြၽန္ေတာ္တို႔ဒီေန႕ေစာေစာထၿပီး ဒီမွာထပ္ခါထပ္ခါေလ့က်င့္ထားပါတယ္။ လွ်ိုရိက ကြၽန္ေတာ္တို႔သင္ယူခဲ့တာနဲ႕ပက္သက္ၿပီး ေကာင္းေကာင္းမွတ္မိလို႔ ကြၽန္ေတာ္တို႔ကို အမွားေထာက္ျပေပးပါတယ္။"

လင္းက်န္၏အံ့ဩသြားသည့္ပုံစံကိုၾကည့္ကာ ဝမ္တရွန္က ဂုဏ္ယူစြာေျပာသည္။

လင္းက်န္ၾကည့္လိုက္ေသာအခါ လွ်ိုရိေရာက္လာသည္။ "သခင္ေလး မေန႕ကသင္ေပးခဲ့တာကို ကြၽန္ေတာ္ကပိုမွတ္မိပါတယ္။ သူတို႔ကလည္း အဲ့ဒါကို ျမန္ျမန္ကြၽမ္းက်င္ၿပီး သခင္ေလးရဲ႕သင္ျပမႈနဲ႕ အမွီလိုက္ခ်င္ေနၾကပါတယ္။"

လင္းက်န္၏မ်က္ႏွာတြင္ အၿပဳံးတစ္ပြင့္ေပၚလာသည္။ "ေက်းဇူးတင္ပါတယ္။ ခင္ဗ်ားတို႔ေတြ ေကာင္းေကာင္းလုပ္ခဲ့ၾကပါတယ္။"

"သခင္ေလးက ယဥ္ေက်းေနလြန္းပါၿပီ။ သခင္ေလးဆႏၵျပည့္ဖို႔ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းလုပ္ေဆာင္ရမွာပါ။"

လင္းက်န္၏စိတ္အေျခအေန ခ်က္ခ်င္းေကာင္းသြားသည္။ ယခုအခါ သူေမွ်ာ္လင့္ခ်က္လမ္းစကို ျမင္နိုင္ၿပီျဖစ္သည္။ မေန႕ကသူတို႔သင္ယူခဲ့သည့္ အသိႏွင့္ဆိုလွ်င္ ယေန႕သင္ၾကားမႈက ပိုေခ်ာမြ႕ေလာက္သည္။ လင္းက်န္က တစ္မနက္လုံးတြင္ တည္ေနရာႏွင့္ပက္သက္၍ အေျခခံအခ်က္မ်ားကို သင္ေပးခဲ့သည္။ ထို႔ေနာက္ သူကတည္ေနရာ အေၾကာင္းအေသးစိတ္အခ်က္မ်ားႏွင့္ ဆယ့္ႏွစ္ေယာက္ေထာင္ေခ်ာက္ဆင္သတ္ျဖတ္ျခင္းရွိ တည္ေနရာမ်ား၏ထူးျခားမႈကို သင္ေပးမည္ျဖစ္သည္။

ယခုတစ္ႀကိမ္တြင္ လင္းက်န္အလ်င္မလိုေပ။ ဤအခ်က္အလက္မ်ားမွာ အေစာင့္မ်ားႏွင့္ မရင္းႏွီးရာ ျမန္ျမန္သေဘာေပါက္နိုင္ရန္ ခက္ခဲလိမ့္မည္။ ထို႔ေၾကာင့္ သူက အေစာင့္မ်ားကို အေျခခံအခ်က္အခ်ိဳ႕သာ သင္ေပးခဲ့ရာ သူတို႔၏စိတ္ထဲတြင္ ရိုးရွင္းေသာပုံစံေပၚလာရန္ ကူညီေပးလိမ့္မည္။ ထို႔ေနာက္ သူက သူတို႔ကို ဆယ့္ႏွစ္ေယာက္ေထာင္ေခ်ာက္ဆင္သတ္ျဖတ္ျခင္းမွ တည္ေနရာမ်ားကို တိက်စြာမွတ္သားေစၿပီး ေလ့က်င့္ခိုင္းကာ အက်င့္ျဖစ္ခိုင္းေစမည္။ ေနာက္ဆုံးတြင္ေတာ့ သူတို႔က ထိုပညာကိုကြၽမ္းက်င္ကာ တျဖည္းျဖည္း အသုံးခ်လာနိုင္လိမ့္မည္။

ဤအစီအရင္ကို သူတို႔အသုံးခ်နိဳင္ေသာအခ်ိန္ေရာက္မွသာ သူ႕ပန္းတိုင္ျဖစ္ေျမာက္သြားမည္ပင္။ သူ႕ပန္းတိုင္က ေနာက္က်သြားလွ်င္လည္း ကိစၥမရွိေပ။

လင္းက်န္က တစ္မနက္လုံးအလုပ္မ်ားေနသည္။ ၿခံေပါက္ဝ၌ ယြီဝမ္ထုန္ေစာင့္ေနသည္ကို ေတြ႕ေသာအခါ လင္းက်န္အံ့ဩသြားသည္။

"ခင္ဗ်ား၊ ဘယ္တုန္းက ျပန္ေရာက္တာလဲ။"

"မေန႕ညက။ မင္း အိပ္ရာေစာေစာဝင္သြားတယ္ဆိုလို႔ ကိုယ္မင္းကို မႏွောင့္ယွက္ေတာ့တာ။"

လင္းက်န္ ေခြၽးစို႐ႊဲေနသည္ကို ေတြ႕ေသာအခါ ယြီဝမ္ထုန္၏မ်က္ဝန္းမ်ား ဝင္းလက္သြားသည္။ ယခုအခ်ိန္တြင္ ေနေရာင္ေတာက္ပေနၿပီး လင္းက်န္၏မ်က္ႏွာေပၚမွ ေခြၽးသီးေခြၽးေပါက္မ်ားမွာ ေနေရာင္ေအာက္တြင္ ေတာက္ပၾကည္လင္ေနသည္။ သူ၏မ်က္ႏွာမွာ အနာအဆာမရွိသည့္ေက်ာက္စိမ္းႏွင့္တူၿပီး အခ်ိန္အေတာ္ၾကာ ေလ့က်င့္ခန္းလုပ္ခဲ့ေသာေၾကာင့္ ပါးအို႔မ်ားရဲေနသည္။ သူအနားတိုးလာသည္ႏွင့္ ငယ္႐ြယ္သည့္အေငြ႕အသက္က ယြီဝမ္ထုန့္အား ႐ုပ္ပိုင္းဆိုင္ရာတုန့္ျပန္မႈ ျဖစ္ေပၚေစလုနီးနီးပင္။

"ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာလို႔အဲ့လိုစိုက္ၾကည့္ေနတာလဲ။ ကြၽန္ေတာ့္မ်က္ႏွာမွာ တစ္ခုခုေပေနလို႔လား။"

လင္းက်န္က မ်က္ႏွာကို စိတ္ရႈပ္ေထြးစြာပြတ္သပ္လိုက္သည္။ ယြီဝမ္ထုန္က သူ႕ကိုစိုက္ၾကည့္ေနေသာအခါ သူထူးဆန္းသကဲ့သို႔ခံစားရသည္။

"ဘာမွ မရွိပါဘူး။ မင္းက ေခြၽးေတြစို႐ႊဲေနတာကို ကိုယ္ေတြ႕လို႔။ ျပန္သြားၿပီး ျမန္ျမန္အဝတ္လဲလိုက္။"

ယြီဝမ္ထုန္က သူ၏အနည္းငယ္ထက္သန္ေသာအၾကည့္မ်ားကို ျပန္႐ုတ္ကာ လင္းက်န္ႏွင့္အတူ ၿခံထဲသို႔ဝင္လာသည္။

သူက စာ႐ြက္လိပ္တစ္ခုကို ကိုင္ထားေၾကာင္း လင္းက်န္သတိျပဳမိလိုက္သည္။ "အဲ့ဒါက ဘာလဲ။"

"အကူအညီျဖစ္မဲ့အရာ တစ္ခုခုေပါ့။ မင္းအဝတ္လဲၿပီးရင္ ကိုယ္ေျပာျပမယ္။"

ယြီဝမ္ထုန္က လင္းက်န္အားခန့္မွန္းေစရာ လင္းက်န္သိလိုစိတ္ ေပၚလာသည္။ ထို႔ေၾကာင့္ သူက အဝတ္လဲရန္ အိမ္ထဲသို႔ခ်က္ခ်င္းဝင္သြားသည္။

"သခင္ေလး။"

ေယာက္်ားေလးတစ္ေယာက္ေရာက္လာကာ လင္းက်န္ကို အရိုအေသေပးသည္။

"ရွားဖုန္း၊ ကြၽန္ေတာ္အဝတ္ဝတ္လဲဖို႔နဲ႕ ဆံပင္ၿဖီးဖို႔ ကူညီေပးပါဦး။ ၿပီးေတာ့ ေရလည္းျပင္ထားခိုင္းေပး။ ကြၽန္ေတာ္ေဆးေၾကာခ်င္တယ္။"

လင္းက်န္က ရွားဖုန္းကို ခိုင္းလိုက္ၿပီး ရွားဖုန္းကလည္း အမိန့္အတိုင္း အျမန္လုပ္ေဆာင္ကာ အျခားအေစခံမ်ားကို ေရျပင္ခိုင္းလိုက္သည္။ ထို႔ေနာက္ သူကလင္းက်န္ကို အေနာက္ဘက္မွအခန္းသို႔ လိုက္ပို႔သည္။ သူတို႔ႏွစ္ေယာက္က လႈပ္ရွားမႈတိုင္းတြင္ အျပန္အလွန္နားလည္ၿပီးသားပင္။

ယြီဝမ္ထုန္က မ်က္ေမွာင္ၾကဳတ္ကာ ရွားဖုန္းကို ေခါင္းအစေျခအဆုံးၾကည့္ေနသည္။

ေျပာဆိုျပဳမူပုံတည္ၿငိမ္သည့္ရွားဖုန္းမွာ လင္းက်န္ထက္ ႏွစ္အနည္းငယ္မွ်အသက္ႀကီးသည္။ သူကလင္းက်န္၏ၿခံထဲရွိ အျခားအေစခံမ်ားႏွင့္မတူေပ။ လင္းက်န္က သူ႕ကိုယုံၾကည္သည္မွာ ထင္ရွားသည္။ 'သူ ယန္က်ိဳးကေန ဒီေလာက္အျမန္ႀကီး ျပန္ေရာက္လာတာလား။'

ယြီဝမ္ထုန္က အၾကည့္လႊဲကာ ဧည့္ခန္းထဲသို႔ဝင္သြားသည္။ ယြီဝမ္ထုန္က ရာထူးအႀကီးပိုင္းမွလူျဖစ္ၿပီး သခင္ေလးႏွင့္အဆင္ေျပသည္ကို အေစခံမ်ားသိၾကသည္။ ထို႔ေၾကာင့္ သူတို႔ကသူ႕ကို ပစ္ေတာင္းဆန္ခါမဆက္ဆံရဲၾကေပ။

လင္းက်န္က အျမန္ေဆးေၾကာသန့္စင္လာသည္။

"ခင္ဗ်ား အခုေျပာလို႔ရၿပီလား။"

ရွားဖုန္းႏွင့္အျခားလူမ်ားအား ယြီဝမ္ထုန္ေမာ့ၾကည့္လိုက္ေသာအခါ သူဘာဆိုလိုခ်င္သည္ကို လင္းက်န္သေဘာေပါက္သည္။ ထို႔ေၾကာင့္ သူကေျပာလိုက္သည္။ "မင္းတို႔အားလုံး ထြက္သြားၾက။ ရွားဖုန္းက စားဖိုေဆာင္ဆီသြားၿပီး ေန႕လည္စာပို႔ဖို႔ အေၾကာင္းၾကားလိုက္။ ကြၽန္ေတာ္ အရာရွိယြီဝမ္နဲ႕အတူေန႕လည္စာစားမယ္။ ဒါနဲ႕ ကြၽန္ေတာ္တို႔ေန႕လည္စာလာမစားေတာ့ဘူးဆိုတာကိုလည္း အဖိုးဆီေျပာေပး။"

"ဟုတ္ကဲ့ပါ၊ သခင္ေလး။"

ရွားဖုန္းက အေနာက္လွည့္ကာ အျခားလူမ်ားကိုပါေခၚ၍ ထြက္သြားသည္။

လင္းက်န္က ယြီဝမ္ထုန္ကို ေမွ်ာ္လင့္တႀကီးမ်က္ဝန္းမ်ားျဖင့္ ေလာေဆာ္လိုက္သည္။

'သူအရင္ကလို ရွက္ကိုးရွက္ကန္းမျဖစ္ေတာ့ဘူးပဲ။' ယြီဝမ္ထုန္က ထိုသို႔ေတြးကာ စာ႐ြက္လိပ္ကိုေျဖ၍ လင္းက်န္ထံကမ္းေပးလိုက္သည္။

ယင္းစာ႐ြက္ကို ယြီဝမ္ထုန္ဆီမွယူကာ တစ္ခ်က္ၾကည့္႐ုံႏွင့္ လင္းက်န္အံ့ဩသြားသည္။ ထို႔ေနာက္သူကယြီဝမ္ထုန္ကို ဆတ္ခနဲေမာ့ၾကည့္သည္။ "ခင္ဗ်ား..."

"ဟုတ္တယ္၊ ကိုယ္အဲ့ဒါကို မင္းဆီကေနသိတာ။ မင္းအဲ့ဒါကို ဆြဲေနတုန္း ကိုယ္ေရာက္လာတဲ့ေန႕ကို မွတ္မိလား။"

ယြီဝမ္ထုန္၏ ရိုးသားမႈက လင္းက်န္အား တည္ၿငိမ္သြားေစသည္။

"ကြၽန္ေတာ္အဲ့ဒါကို တစ္ခုခုနဲ႕ဖုံးထားတယ္မဟုတ္လား။"

"ေလတိုက္လို႔ စာ႐ြက္လန္သြားေတာ့ ကိုယ္အဲ့ဒါရဲ႕တစ္ဝက္ကို ေတြ႕လိုက္တယ္။"

'သူက အဲ့ဒါကို တစ္ဝက္ပဲေတြ႕တာမဟုတ္လား။ ဒါေပမဲ့ ငါ့လက္ထဲကဟာက အျပည့္အစုံႀကီးေလ။"

လင္းက်န္တြင္ အေတြးတစ္ခုေပၚလာကာ ယြီဝမ္ထုန္အား မယုံနိုင္စြာၾကည့္လိုက္သည္။ "က်န္တာကို ခင္ဗ်ားဘာသာခင္ဗ်ားဆြဲလိုက္တာလား။"

ယြီဝမ္ထုန္က ေခါင္းညွိတ္သည္။ "ဟုတ္တယ္၊ အစီအရင္ရဲ႕ တျခားအပိုင္းကိုသိဖို႔ မခက္ပါဘူး။ ဒီအစီအရင္မွာ သူ႕စည္းကမ္းရွိတယ္။ ဒီေတာ့ ကိုယ္ကအလိုက္အထိုက္ အေျဖထုတ္႐ုံပဲ။"

လင္းက်န္ လုံးဝလန့္ဖ်ပ္သြားသည္။ ယင္းက မည္သို႔လြယ္ကူမည္နည္း။ ပို၍ အံ့အားသင့္စရာေကာင္းေသာအခ်က္မွာ ယြီဝမ္ထုန္ကသူ၏အစီအရင္အေၾကာင္း သိေနျခင္းပင္။ သူသာ အစီအရင္ပညာကို အလြန္မကြၽမ္းက်င္လွ်င္ ထိုသို႔လုပ္နိုင္မည္မဟုတ္ေပ။ အစီအရင္ႏွင့္ပက္သက္၍ ယြီဝမ္ထုန္၏ကြၽန္းက်င္မႈမွာ တကယ္ကိုထူးကဲသည္။ သူက ယြီဝမ္မိသားစုဝင္၊ ႀကီးျမတ္ေသာယြဲ႕ျပည္ေထာင္စု၏ အထူးခြၽန္ဆုံးစစ္သူႀကီးျဖစ္ထိုက္ေပသည္။

Continue Reading

You'll Also Like

546K 63.9K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
112K 13.6K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
764K 96.5K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...