Transmigrating into a mob cha...

By SHIN_s

278K 52.1K 3.5K

Type : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Hell... More

Vol 1. Chapter 1
Vol 1 Chapter 2
Vol 1 Chapter 3
Vol 1 Chapter 4
Vol 1 chapter 5
Vol 1 Chapter 6
Vol 1 Chapter 7
Vol 1 Chapter 8
Vol 1 Chapter 9
Vol 1: Chapter 10
Vol 1 : Chapter 11
Not update
Vol 1: Chapter 12
Vol 1 : Chapter 13
Vol 1 : Chapter 14
Vol 1 : Chapter 15
Vol 1 : Chapter 16
Vol 1 : Chapter 17
Vol 1 : Chapter 18
Vol 1 : Chapter 19
Vol 1 : Chapter 20
Vol 1 : Chapter 21
Vol 1 : Chapter 22
Vol 1 : Chapter 23
Vol 1 : Chapter 24
Vol 1 : Chapter 25
Vol 1 : Chapter 26
Vol 1 : Chapter 27
Vol 1 : Chapter 28
Vol 1 : Chapter 29
Vol 2 : Chapter 1
Vol 2 : Chapter 2
Vol 2 : Chapter 3
Vol 2 : Chapter 4
Vol 2 : Chapter 5
Vol 2 : Chapter 6
Vol 2 : Chapter 7
Vol 2 : Chapter 8
Vol 2 : Chapter 9
Vol 2 : Chapter 10
Vol 2 : Chapter 11
Vol 2 : Chapter 12
Vol 2 : Chapter 13
Vol 2 : Chapter 14
Vol 2 : Chapter 15
Vol 2 : Chapter 16
Vol 2 : Chapter 17
Vol 2 : Chapter 18
Vol 2 : Chapter 19
Vol 2 : Chapter 20
Vol 2 : Chapter 21
Vol 2 : Chapter 22
Vol2 : Chapter 23
Vol 3 : Chapter 1
Vol 3 : Chapter 2
Vol 3 : Chapter 3
Vol 3 : Chapter 4
Vol 3 : Chapter 5
Vol 3 : Chapter 6
Vol 3 : Chapter 7
Vol 3 : Chapter 8
Vol 3 : Chapter 9
Vol 3 : Chapter 10
Vol 3 : Chapter 11
Vol 3 : Chapter 12
Vol 3 : Chapter 14
⛔️ Notice ⛔️

Vol 3 : Chapter 13

2.4K 440 25
By SHIN_s

< Zawgyi>

လင္းရွ သည္ ယုဇီေကြၽး နွင့္ စကားေသေသခ်ာခ်ာေျပာဖို႔ ဆံုးျဖတ္လိုက္၏။

အစကတည္းကပင္ အိပ္ယာေပၚမွ ကိစၥမ်ားအေၾကာင္းကို ေျပာဖို႔ဆိုသည္မွာ အေတာ္ေလး ရွက္ဖို႔ေကာင္းလွေခ်သည္။ သို႔ေသာ္လည္း မည္သို႔ပင္ ရွက္ဖို႔ေကာင္းေနေစကာမူ ေရရွည္တြင္ အလြန္အကြၽံမျဖစ္ရအာင္ ေျပာသင့္တာေတာ့ ေျပာရမွာပင္။ သူသည္လည္း ေန႔တိုင္းလိုလို အိပ္ယာထလိုက္တိုင္း ေနျမင့္ေနၿပီးျဖစ္ေနတာကို မလိုခ်င္ေခ်။

ဒုတိယအေနျဖင့္ လင္းရွ သည္ ခ်င္နန္းေတာ္ထဲတြင္ ေန႔တိုင္း ေနမေနခ်င္ေပ။ သူ႔ခႏၶာကိုယ္မွာ  လံုးဝသက္သာသြားၿပီ ျဖစ္ေသာ္လည္း သူသည္ ေန႔တိုင္းလိုလုိ ယုဇီေကြ်း တစ္ေယာက္တည္းကိုသာ ေတြ႔ခြင့္ရေလသည္။

ထို႔အျပင္ သူသည္ ဆုန္းေရွာင္ဟူ ႏွင့္ အျခားသူမ်ားအတြက္လည္း စိတ္ပူေနမိေသးေပ၏။ ဤဇာတ္ေၾကာင္းမွာ မည္သို႔မည္ပံု ရႈပ္ယွက္ခတ္ေနသည့္ ဦးတည္ဖက္ဆီသို႔ ေရာက္ေနၿပီမွန္း မသိရေသာ္လည္း ယခုေလာက္ဆို ဆုန္းေရွာင္ဟူ ဆီမွာ ညီမေလးေတြ ႏွစ္ေယာက္သံုးေယာက္ေလာက္ေတာ့ ရွိေနေလာက္ၿပီမလား ? သူသည္ အနည္းငယ္ ေနာင္တရေနမိ၏၊ သူသည္ ဆုန္းေရွာင္ဟူ အား တစ္လင္တစ္မယားစနစ္၏ အေရးႀကီးပံုမ်ားကို ေျပာျပရန္ပင္ အခ်ိန္မရွိလိုက္ခဲ့ေခ်။ ဤကမာ႓မွ မိန္းကေလးမ်ားမွာ ပြင့္လင္းရဲတင္းလွၾကေသာ္လည္း အမ်ားစုမွာ ခ်စ္ဖို႔ေကာင္းၾကသည့္သူမ်ားပင္။

ယေန႔တြင္ ယုဇီေကြ်း သည္ ေစာစီးစြာ ျပန္ေရာက္လာေလ၏။ ျပန္ေရာက္လာသည္ႏွင့္ ယုဇီေကြ်း သည္ သူ႔ထံသို႔ တန္းတန္းမတ္မတ္လာကာ အေနာက္ဖက္မွ တင္းၾကပ္စြာ ေပြ႔ဖက္ထားရင္း လင္းရွ ၏ ပခံုးေပၚတြင္ ေခါင္းမွီလာေခ်သည္။

လင္းရွ သည္ သူ႔အနမ္းကို တိမ္းကာေရွာင္လိုက္၏။ ထို႔ေနာက္ ျပံဳးကာ ဆိုလိုက္ေလသည္။

" အားေကြ်း၊ ငါ မင္းနဲ႔ ေျပာစရာကိစၥတစ္ခုရွိတယ္။ "

သူသည္ သြယ္ဝိုက္ကာ ရွက္အမ္းအမ္းျဖင့္ ထိုအေၾကာင္းအရာမ်ားကို ေျပာျပလိုက္၏။ ယုဇီေကြ်း သည္ လင္းရွ ေဘးနားတြင္ လွဲခ်လာကာ သူ႔မ်က္ႏွာမွာ အမူအရာကင္းမဲ့ေနၿပီး သူ၏ လွပသိမ္ေမြ႔သည့္ သစ္အယ္ေစ့သဏၭာန္မ်က္ဝန္းမ်ားမွာ က်ဥ္းေျမာင္းသြားၾကေလသည္။

လင္းရွ သည္ ရုတ္တရက္ သူ႔ေခါင္းတစ္ခုလံုး ထံုးက်ဥ္သြားသလို ခံစားလိုက္ရကာ အသက္ရႈရသည္ပင္ အနည္းငယ္ ခက္ခဲလာရ၏။ သူသည္ အတပ္မေျပာႏိုင္ေသာ္လည္း ယခုဗီလိန္ျဖစ္သူ ယုဇီေကြ်း မွာ အေတာ္ေလးကို စိတ္ပ်က္ေနေသာ္ျငား ယခုလိုသာမန္ အခ်ိန္ေလးမ်ားကို မဖ်က္ဆီးလိုေသာေၾကာင့္ သူ႔ေရွ႕တြင္ ထုတ္မျပျခင္း ျဖစ္လိမ့္မည္ဟု ေျပာႏိုင္ေလသည္။

သူသည္ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ကာ ဆက္ေျပာလိုက္၏။

" အားေကြ်း၊ ငါက အဲ့ဒါကို မႀကိဳက္ဘူးလို႔ ေျပာတာမဟုတ္ပါဘူး၊ ဒါေပမယ့္ …… "

" ဒါဆို လင္းရွ က ပ်င္းေနတာေပါ့ ? "

ယုဇီေကြ်း သည္ သူ႔ေဘးတြင္ထိုင္ကာ သူ႔ဆံပင္အား ႏူးႏူးညံ့ညံ့ ျဖီးေပးလာေလသည္။

" ကိုယ္သတိမထားမိလိုက္တာ ခြင့္လႊတ္ပါ။ "

လင္းရွ သည္ စိတ္သက္သာရာရသြားကာ ျပံဳးျပလိုက္၏။
" အစ္ကိုက အခုလို ဘာမွမလုပ္ပဲ ေနေနရတာ အရမ္းၾကာေနၿပီေလ။ အားေကြ်း၊ အစ္ကို ၿပီးခဲ့တဲ့ ရက္ေတြတုန္းက ၿမိဳ႕ေတာ္ဆီသြားၿပီး ဆုန္းေရွာင္ဟူ ကို သြားရွာမလားလို႔ ေတြးေနတာ။ ေျပာရရင္ သူက အစ္ကုိ ျပန္သတိရလာၿပီဆိုတဲ့အေၾကာင္းကို မသိေသးဘူးပဲေလ။ အစ္ကို ျမန္ျမန္ျပန္လာခဲ့မွာပါ …… "

ယုဇီေကြ်း ၏ လက္ေခ်ာင္းမ်ားမွာ ရပ္တန္႔သြားရ၏။ သူသည္

" ခရီးက လီတစ္ေသာင္းေလာက္ေတာင္ေဝးတာ၊ မင္းအႏၲရာယ္တစ္ခုခုေတြ႔ရင္ ဘယ္လိုလုပ္မလဲ ? "

ဟု ေျပာလာေလသည္။

(T/N ; တစ္လီ = မီတာငါးရာ )

လင္းရွ သည္ အနည္းငယ္ စိတ္ပ်က္သြားရေသာ္လည္း ယုဇီေကြ်း ေျပာသည္မွာ အမွန္ျဖစ္ေၾကာင္းကို သဘာေပါက္ေပ၏။

ယုဇီေကြ်း သည္ ဂိုဏ္းေခါင္းေဆာင္တစ္ဦးျဖစ္ေလရာ သူ႔တာဝန္မ်ားကို ပစ္ထားၿပီး လင္းရွ ကို အေဖာ္ျပဳေပးဖို႔ မျဖစ္ႏိုင္သည္မွာ သဘာဝက်ေခ်သည္။

ထို႔အျပင္ ယုဇီေကြ်း မွ သူေတာ္ေကာင္းဂိုဏ္းမ်ား၏ ပိုင္နက္အတြင္းသို႔ ခ်န္ခြင္း ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္အေနျဖင့္ ေျခခ်ဖို႔ ဆိုသည္မွာ အလြန္အႏၲရာယ္မ်ာလွကာ ထိုသို႔ေသာ အႏၲရာယ္မ်ားကို ရင္ဆိုင္ေနရမည္မွာ ဂိုဏ္းခ်ဳပ္တစ္ဦး၏ အလုပ္မဟုတ္ေခ်။ ၿပီးေတာ့ လင္းရွ ၏ လက္ရွိ က်န္းမာေရးအေျခအေနႏွင့္ဆို သူသည္ ဤကမာ႓မွ အႏၲရာယ္မ်ားႏွင့္ ၾကံဳရၿပီး ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔လုပ္သည့္အခါ တကယ့္ျပႆနာႀကီး ျဖစ္လာႏိုင္ေပသည္။

ယုဇီေကြ်း သည္ သူ႔ႏႈတ္ခမ္းမ်ားကို လင္းရွ ၏ ႏွဖူးေပၚသို႔ ဖိကပ္လိုက္ၿပီးေနာက္ သူ၏ သံလိုက္ပမာ ျငိဳ႕ငင္ႏိုင္သည့္ အသံနိမ့္နိမ့္ျဖင့္ ေအးေဆးစြာ ေျပာလာေလ၏။

" မင္းေျပာတာေတြ အကုန္လံုးကို ကုိယ္မွတ္ထားပါ့မယ္ ___ ဒါဆိုရင္ တစ္ရက္ျခားတစ္ခါဆိုရင္ေရာ အဆင္ေျပလား ? "

လင္းရွ သည္ ယုဇီေကြ်း သည္ ပထမေျပာခဲ့သည့္ အေၾကာင္းအရာကို ရည္ညႊန္းေနမွန္း သိသည့္အတြက္ ရွက္ရြံ႕စြာျဖင့္ ေခါင္းၿငိမ့္ျပလိုက္ေပသည္။ အမွန္တကယ္မွာ ယုဇီေကြ်း ၏ ယင္းကို ထပ္ခါတစ္လဲလဲလုပ္ႏိုင္သည့္ သက္လံုအားႏွင့္ဆို တစ္ပတ္တစ္ခါသည္ပို၍ ျဖစ္သင့္ကာ သူသည္ တစ္ေန႔ျခားတစ္ခါကိုပင္ မခံႏိုင္မွာ စိုးရိမ္ရေခ်၏။ သို႔ေသာ္လည္း ဤသို႔ေသာ ကိစၥမ်ိဳးကို သူမည္သို႔ ထပ္ေဈးဆစ္ရမည္နည္း ?

ညေရာက္သည့္အခါ ယုဇီေကြ်း သည္ တကယ့္ကိုပင္ သူ႔ကို ဖက္ရံုသာဖက္ထားကာ ေနာက္တစ္ေန႔နံနက္ေရာက္သည္အထိ ထိုအတိုင္းသာ အိပ္လာေခ်သည္။ လင္းရွ မွ သူ၏ ညအိပ္ဝတ္ရံုကို မေတာ္တဆ ထိၾကည့္မိသြားသည့္အခါ ထိုေနရာမွ စိုထိုင္းထိုင္းႏွင့္ ေစးကပ္ေနကာ ငါးညွီနံ႔ခပ္ေဖ်ာ့ေဖ်ာ့ ရေနေၾကာင္းကို သတိထားမိသြားရ၏။

လင္းရွ သည္ သဘာဝက်ေအာင္ ဟန္ေဆာင္ကာ မနက္တာကိစၥမ်ားကို လုပ္ရန္အတြက္ အိပ္ယာေပၚမွ ထလိုက္ၿပီးေနာက္ ယုဇီေကြ်း ၏ ဆာေလာင္ေနသည့္ စိတ္ဆႏၵမ်ားႏွင့္ သူ၏ စိတ္အလိုမျပည့္ေသာေၾကာင့္ ထိတ္လန္႔စရာေကာင္းေအာင္ မည္းေမွာင္ေနသည့္ မ်က္ႏွာတို႔ကို မျမင္ခ်င္ေယာင္ေဆာင္လိုက္ေခ်သည္။

အမ္း၊ ငါလည္း လူပ်ိဳေပါက္ေလးေတြရဲ႕ စိတ္အားထက္သန္တာကို နားလည္ေပးႏိုင္ပါတယ္ ……

ယုဇီေကြ်း သည္ အနက္ေရာင္ ဝတ္စံုကို လွ်င္ျမန္စြာ လဲလွယ္လိုက္ၿပီးေနာက္ ေငြေရာင္ မ်က္ႏွာဖံုးတစ္ခုကို တပ္လိုက္ေလသည္။ လင္းရွ သည္လည္း လံုျခံဳမႈအတြက္ သူ႔ေနာက္ဖက္တြင္ေနရင္း ခိုးေၾကာင္းခိုးဝွက္ႏိုင္စြာ အဝတ္အစားမ်ား လဲလိုက္ေပ၏။

သူသည္ ရုတ္တရက္ သိခ်င္စိတ္ေပၚလာကာ ေမးၾကည့္လိုက္မိေခ်သည္။

" ဟိုးတစ္ေခါက္တုန္းက သားရဲက မင္းရဲ႕ ေမွာ္သားရဲလား ? "

မွန္မွန္ေျပာရလွ်င္ ထိုေခါင္းႏွစ္လံုးေႁမြ၏ ပံုသဏၭာန္မွာ စြမ္းအားႀကီးကာ လႊမ္းမိုးႏိုင္လွေသာ္လည္း ယင္း၏ ႀတိဂံပံု မ်က္လံုးမ်ားအတြင္းသို႔ ၾကည့္ရသည္မွာ ေၾကာက္စရာေကာင္းလွၿပီး ႏွင္းမီးေတာက္ေလးလုိ ခ်စ္ဖို႔ေကာင္းမေနေခ်။ သူေနာက္ဆံုး ေတြ႔ခဲ့ရသည့္ ထိုေန႔မွစ၍ သူသည္ ထိုသားရဲကို ေနာက္တစ္ခါ မေတြ႔ရေတာ့ေခ်။

" ကိုယ့္ဆီမွာ ရွိတဲ့စြမ္းအားေတြက သူ႔ကို ခ်ိပ္ပိတ္ထားတဲ့စည္းကို ဖ်က္ဖို႔ မလံုေလာက္ေသးဘူး။ "

ယုဇီေကြ်း သည္ စိတ္ရွည္စြာျဖင့္ ရွင္းျပလာေလ၏။

" ဒါေပမယ့္လည္း အဲ့ဒီစည္းက ေတာ္ေတာ္ေလး ေလ်ာ့ေနၿပီဆိုေတာ့ ကိုယ္က သူ႔မူလသဏၭာန္ရဲ႕တစ္ဝက္အထိကို ဖန္တီးႏိုင္တယ္၊ ဒါေပမယ့္ သူက အဲ့ဒီသဏၭာန္ကို သံုးနာရီေလာက္အထိပဲ ထိန္းထားႏိုင္ၿပီးေတာ့ ၿပီးတာနဲ႔ ေပ်ာက္သြားလိမ့္မယ္။ "

လင္းရွ သည္ အံ့အားသင့္သြားရ၏။ အကယ္လို႔ အဲ့ဒီ ေခါင္းႏွစ္လံုးေႁမြရဲ႕ စြမ္းအားတစ္ဝက္ကေတာင္ ထိန္းခ်ဳပ္ဖို႔ ဒီေလာက္ခက္ခဲေနရင္ သူ႔ရဲ႕ ခ်ိပ္စည္းကိုေျဖၿပီးတဲ့အခါက် ဘယ္ေလာက္ေတာင္ စြမ္းအားႀကီးလာလိမ့္မလဲ ? သူသည္ ႏွင္းမီးေတာက္ေလးအတြက္ တကယ့္ကို စိတ္ပူသြားမိ၏။ ဝတၳဳထဲတြင္ ဤေႁမြမွာ ႏွင္းမီးေတာက္ေလး၏ ရန္ဖက္ျဖစ္ေနေသာေၾကာင့္ပင္။

ဟုတ္တယ္၊ ယုဇီေကြ်း နဲ႔ ဆုန္းေရွာင္ဟူ တို႔ မတိုက္ခိုက္ၾကဘူးဆိုရင္ အားလံုးအဆင္ေျပသြားမွာပါ ……

ေမွာ္နက္ဂိုဏ္းတြင္ ေန႔တိုင္းလိုလို အစည္းအေဝးမ်ား မရွိၾကပဲ သာမန္ျပႆနာမ်ားကို ခ်ိပ္ပိတ္ထားသည့္ စာလႊာမ်ားမွတစ္ဆင့္ တင္ျပၾကေလသည္။ လင္းရွ သည္ ဝတၳဳထဲတြင္ ေျပာထားသည့္ ဗီလိန္ျဖစ္သူ၏ စစ္တပ္ႀကီးအေၾကာင္းကို စိတ္ဝင္စားေနမိဆဲျဖစ္ကာ သူသည္ လက္ရွိတြင္ လက္ဝဲရံအႀကီးအကဲ ေသြးမိစာၦ ခ်ဴးယင္၊ အျဖဴေရာင္ေရကန္ အေစာင့္အေရွာက္ မင္က်ဲ႕၊  အစိမ္းေရာင္ ေျမေအာက္ေလာက အေစာင့္အေရွာက္ ခဲ့လန္မင္အာ့ပိုင္ တို႔ကို မေတြ႔ရေသးေခ်။

လက္ယာရံအႀကီးအကဲမွာ ေက်ာက္စိမ္းတိမ္လႊာသခင္ မက်စ္ ျဖစ္ေလသည္။ ထို႔အျပင္ သူမေတြ႔ရေသးသည့္ အႀကီးအကဲအခ်ိဳ႕လည္း က်န္ေသးေပ၏။ ဝတၳဳဇာတ္လမ္းအရဆိုလွ်င္ ထိုလူမ်ားအနက္ ခ်ဴးယင္ ႏွင့္ မင္က်ဲ႕ တို႔မွာ ယုဇီေကြ်း အား သစၥာအရွိဆံုးသူမ်ား ျဖစ္ၾကေလသည္။ ထိုမွ်မက မိစာၦလက္နက္မ်ားဖန္တီးရာတြင္ ဆရာသခင္ျဖစ္သည့္ သူနာမည္မသိေသာ အေစာင့္အေရွာက္တစ္ဦးလည္း ရွိေသး၏။ ဗီလိန္ျဖစ္သူ၏ စစ္တပ္မွ က်န္သူမ်ားမွာ အကုန္လံုး သူ႔အဖြဲႏွင့္သူ ျဖစ္ၾကကာ အျပင္ပန္းတြင္သာ နာခံရိုက်ိဳးဟန္ ျပေနၾကျခင္း ျဖစ္ၾကေလသည္။ ထို႔ေၾကာင့္ သံုးသပ္ခ်က္အေနျဖင့္ သူသည္ ခဲ့လန္မင္အာ့ပိုင္ မွလြဲ၍ က်န္သူမ်ားႏွင့္ ေျပာဆို မဆက္ဆံလိုေခ်။

ခ်န္ခြင္း ဂိုဏ္းမွာ ႀကီးမားလွသည့္အတြက္ သူ ဤတစ္ေလွ်ာက္တြင္ ေတြ႔ခဲ့ရသည့္ သူမ်ားမွာ အနည္းငယ္သာ ရွိေလသည္။ လင္းရွ သည္ ယုဇီေကြ်း ေနာက္မွလိုက္ကာ သူ၏ ပံုမွန္ေလ့က်င့္ကြင္းႏွင့္ အေရးႀကီးကိစၥမ်ားဆံုးျဖတ္သည့္ ခန္းမတို႔ကို လိုက္ၾကည့္မိေလ၏။ ခ်န္ခြင္း ဂိုဏ္းတြင္ ေနရာအႏွံ႔အျပားမွာရွိသည့္ ေမွာ္နက္ဂိုဏ္းမ်ားမွ ခ်ိပ္ပိတ္စာလႊာမ်ားကို လက္ခံႏိုင္သည့္ စင္တစ္ခုကို ထားရွိေလသည္။ သို႔မွသာ သူတို႔ထံတြင္ အေရးႀကီးသည့္ ကိစၥတစ္စံုတစ္ရာေပၚလာပါက ခ်ိပ္ပိတ္စာလႊာမ်ားျဖင့္ သတင္းေပးပို႔ႏိုင္မည္ ျဖစ္၏။

လင္းရွ ၏ ႏွလံုးသားမွာ တုန္လႈပ္သြားရ၏။ ဝတၳဳထဲတြင္ ယုဇီေကြ်း သည္ ၾကမ္းတမ္းရက္စက္သည့္ သားရဲမ်ားအေျမာက္အျမားကို ယဥ္ပါးေအာင္လုပ္ၿပီး ေလ့က်င့္ေပးထားသည္သာမက သူေတာ္ေကာင္းဂိုဏ္းမွ လူမ်ားကို  ႏွိပ္စက္ရန္အတြက္ အက်ဥ္းေထာင္တစ္ခုလည္း ထားရွိေပေသးသည္။ သူသည္ ၎တို႔မွာ ယခုေကာ ရွိေနသလားဆိုသည္ကို ေတြးေနမိေခ်၏။

သူသည္ ေတြးရင္းျဖင့္ ဤကမာ႓မွာ ထိုကမာ႓ႏွင့္ အတူတူပင္ျဖစ္ေၾကာင္း သတိထားမိသြားၿပီး သူ႔ကိုယ္သူ ငွက္ကုလားအုတ္လို ေျမႀကီးထဲေခါင္းထည့္ၿပီး ပုန္းခ်င္စိတ္မ်ား ေပၚလာေပေတာ့သည္။ ထို႔ေၾကာင့္ သူသည္ တတ္ႏိုင္ပါက ယုဇီေကြ်း အား ထိုသို႔အလြန္အက်ဴး အထက္ဆီးဆန္သည့္ ဇာတ္ေကာင္အျဖစ္သို႔ ေရာက္ေစမည့္ ေကြ႔ေကာက္သည့္လမ္းေပၚသို႔ ေနာက္တစ္ေက်ာ့ထပ္ျပန္ အေရာက္မခံႏိုင္ေပ။ အကယ္လို႔ ယုဇီေကြ်း ကသာ လူေကာင္းျဖစ္လာခဲ့မယ္ဆိုရင္ သူေတာ္ေကာင္းဂိုဏ္းက လူေတြကလည္း သူ႔ကို အေလွ်ာ့ေပးလိုက္ဖို႔ မျဖစ္ႏိုင္ဘူးလား ?

လင္းရွ သည္ ယုဇီေကြ်း ၏ ေနာက္ေက်ာကို ေငးၾကည့္ေနမိ၏။ ယခုလက္ရွိကမာ႓တြင္ ဤလူသည္ သူ႔အတြက္ အေရးအပါဆံုးလူျဖစ္ကာ ယင္းမွာ ထိုသံုးႏွစ္မွ ငါးႏွစ္အတြင္းတြင္လည္း အတူတူပင္ ျဖစ္ခဲ့ေလသည္။ ထို႔အျပင္ သူ႔မ်က္စိေရွ႕ရွိ ဤသူမွာ သူအျမဲလိုလို ႀကိဳးစားကာကြယ္ေပးလိုသည့္သူလည္း ျဖစ္ေပ၏။ ထပ္ေပါင္းထည့္ရလွ်င္ ဤလူသည္ လက္ရွိတြင္ သူႏွင့္ အရင္းႏွီးဆံုးေသာသူလည္း ျဖစ္ေခ်သည္။

" ပင္းပန္းေနၿပီလား ? "

သူတို႔သည္ နန္းေဆာင္တစ္ခုနားတြင္ ေရာက္ေနျခင္းျဖစ္ကာ ယုဇီေကြ်း သည္ လမ္းေလွ်ာက္ေနသည္ကို ရပ္လိုက္ၿပီးေနာက္ ေနာက္လွည့္ၾကည့္လာေလသည္။ သူသည္ လင္းရွ မွ သူ႔ေနာက္မွ လိုက္ေလွ်ာက္လာသည္ကို သေဘာမက်ေခ်။ အေၾကာင္းမွာ ထိုသူ႔မ်က္ႏွာကို သူမျမင္ႏိုင္ေသာေၾကာင့္ပင္။

လင္းရွ သည္ ျပံဳးကာ ေခါင္းခါျပလိုက္၏။ ယုဇီေကြ်း သည္ အစကတည္းက ခပ္ျဖည္းျဖည္း ေလွ်ာက္ေပးေနသည္ျဖစ္ကာ သူသည္လည္း ထိုမွ်ေလာက္ က်ိဳးပဲ့လြယ္ေနသည္ မဟုတ္ေခ်။ သူသည္ သူတို႔ေဘးပတ္လည္ရွိ ရႈခင္းမ်ားကို တစ္ခ်က္လွည့္ပတ္ၾကည့္လိုက္၏။ ခ်န္ခြင္း ဂိုဏ္း၏ ေခါင္းေဆာင္ေဟာင္းမ်ားသည္ အေတာ္ေလးကို ထူးျခားဆန္းၾကယ္သည့္ ေနရာမ်ိဳးကို ေရြးခ်ယ္ထားခဲ့ၾကကာ ဤေနရာမွ ရႈခင္းမ်ားသည္ ခ်င္နန္းေတာ္ႏွင့္ ယွဥ္လွ်င္ ကြဲျပားျခားနားလွၿပီး ယင္းမွာ ကိုယ္ပိုင္ဆြဲေဆာင္မႈတစ္မ်ိဳး ရွိေနေခ်သည္။

ယုဇီေကြ်း ၏ မ်က္ခံုးမ်ားမွာ ရုတ္တရက္ စုက်ံဳ႕သြားသည့္အတြက္ လင္းရွ သည္ တစ္ေယာက္ေယာက္ ေရာက္လာေတာ့မည္ျဖစ္ေၾကာင္းကို အလိုလိုသိလိုက္ကာ သူ၏ အက်ီမ်ားကို သပ္ရပ္သြားေရာင္ အလွ်င္အျမန္ျပင္လိုက္ၿပီး က်ိဳးႏြံသည့္ အမူအရာသို႔ ေျပာင္းလိုက္ေလ၏။

ထင္ထားသည့္အတိုင္းပင္၊ သိပ္မၾကာမီမွာပင္ အလြန္တရာမွ လွ်င္ျမန္လွသည့္ ေမွာ္သားရဲဆြဲေသာ လွည္းတစ္စီးသည့္ အနီးအနားမွ ျဖတ္သြားေလသည္။ လင္းရွ သည္ စပ္စုစြာျဖင့္ တစ္ခ်က္ေခ်ာင္းၾကည့္လိုက္ေသာအခါ ယင္းမွာ အက်ဥ္းသားမ်ားကို သယ္ေဆာင္သည့္ လွည္းျဖစ္ေၾကာင္း ေတြ႔လိုက္ရ၏။ အထဲတြင္မူ ရႈပ္ပြေနသည့္ အသြင္သဏၭာန္ျဖင့္ မိန္းမပ်ိဳတစ္ဦး ပါလာေလသည္။ သူအေသအခ်ာ မျမင္လိုက္ႏိုင္ေသာ္ျငား သူမ၏ အေတာ္ေလးလွပသည့္ ေကာက္ေၾကာင္းကို ခန္႔မွန္းလိုက္ႏိုင္ေပ၏။

မင္က်ဲ႕ သည္ ေမွာ္သားရဲတစ္ေကာင္ကိုစီးကာ ေနာက္မွလိုက္လာေလသည္။ ဤကိစၥမွာ သူ႔အားအေတာ္ေလး အလုပ္ရႈပ္သြားေစခဲ့ၿပီး ယင္း ယုကလန္ ၏ မိန္းမေခါင္းေဆာင္ကို ဖမ္းဖို႔အတြက္ႏွင့္ သူယံုၾကည္ရသည့္ ေနာက္လိုက္အေတာ္မ်ားမ်ားကိုပင္ ဆံုးရံႈးခဲ့ရ၏။ သူသည္ ယခုအခါ သူမအား ႏွိပ္စက္သည့္ ခန္းမထဲသို႔ေခၚသြားၿပီး စစ္ေမးဖို႔ပင္။

မင္က်ဲ႕ သည္ ယုဇီေကြ်း မွ ဤေနရာတြင္ ရွိေနလိမ့္မည္မွန္း မထင္ထားခဲ့မိပဲ ခ်က္ခ်င္းလိုလိုပင္ စိတ္ေက်နပ္သြားရေလသည္။ သူသည္ လွည္းထဲရွိ ထိုအမ်ိဳးသမီးအား စစ္ေမးသည့္ေနရာသို႔ အရင္ဆံုးေခၚသြားဖို႔ အမိန္႔ေပးလိုက္ၿပီးေနာက္ သူေနာက္မွ လိုက္လာခဲ့မည့္အေၾကာင္း ေျပာလိုက္၏။ ထို႔ေနာက္ သူသည္ ယုဇီေကြ်း ထံသို႔ ေျခလွမ္းက်ဲမ်ားျဖင့္ ခပ္သြက္သြက္ေလွ်ာက္လာၿပီး အေလးျပဳလာေလသည္။

" ဂိုဏ္းခ်ဳပ္သခင္ကို သတင္းပို႔ပါတယ္၊ ေဟာဒီေနာက္လိုက္က ယုေဖးရန္ ကို ေအာင္ေအာင္ျမင္ျမင္ ဖမ္းဆီးလာႏိုင္ခဲ့ၿပီးၿပီျဖစ္လို႔ တာဝန္ကို သတင္းလာပို႔တာ ျဖစ္ပါတယ္။ "

ယုဇီေကြ်း ကမူ အနည္းငယ္ စိတ္မလံုမလဲျဖစ္ေနဟန္ ေပၚေနေလသည္။ သူသည္

" အမ္း၊ သိၿပီ။ ငါမင္းကို ဒီကိစၥအပ္လိုက္မယ္၊ သတင္းလာပို႔စရာ မလိုဘူး။ "

ဟု ဆိုလာ၏။

" နားလည္ပါၿပီ။ "

မင္က်ဲ႕ သည္ ေျဖာင့္တန္းစြာ မတ္တပ္ရပ္လိုက္ၿပီးေနာက္ ယုဇီေကြ်း သည္ သူ႔ေနာက္ဖက္တြင္ တစ္စံုတစ္ေယာက္ကို လွ်ိဳ႕ဝွက္စြာ ဝွက္ထားေၾကာင္း သတိထားမိသြားေလ၏။ သူသည္ မသိစိတ္အတြင္းမွ မသိမသာ တုန္လႈပ္သြားရေခ်သည္၊ ေျပာရလွ်င္ ယုဇီေကြ်း သည္ သူ႔ေနာက္သို႔ ထိုမွ်ေလာက္ နီးနီးကပ္ကပ္အကြာအေဝးမွေန၍ မည္သူတစ္ဦးတစ္ေယာက္ကိုမွ် လိုက္ေစသည္မဟုတ္ေခ်။ သို႔ေသာ္လည္း သူသည္ ထိုအေၾကာင္းကို သိပ္မေတြးေတာ့ပဲ ရိုက်ိဳးစြာသာ ဆိုလိုက္၏။

" ဒီလက္ေအာက္ငယ္သား ေသေသခ်ာခ်ာ ကြပ္ကဲလိုက္ပါ့မယ္။ "

ယုေဖးရန္ ၏ အခ်ိဳးအေပါက္က်နသည့္ ကိုယ္ခႏၶာမွာ ရုပ္ေသးရုပ္အျဖစ္သာ ေျပာင္းလိုက္ပါက အနည္းဆံုး အဆင့္ရွစ္ ရုပ္ေသးရုပ္ျဖစ္လာႏိုင္သည့္အတြက္ သူသည္ ေသခ်ာေပါက္ အလကားျဖစ္ေစမည္မဟုတ္ေခ်။

မင္က်ဲ႕ သည္ ထြက္သြားဖို႔ ျပင္ေနစဥ္မွာပင္ အံ့အားသင့္မိသြားရ၏။ ဘာလို႔ ယုဇီေကြ်း ေနာက္မွာဖြက္ထားတဲ့ဟာဆီက ရုပ္ေသးဝိဉာဥ္အေငြ႔အသက္ေတြ ရေနတာလဲ ? သို႔ေသာ္လည္း သူသည္ ေသေသခ်ာခ်ာ စစ္ေဆးခြင့္မရေလရာ အတပ္မေျပာႏိုင္ေခ်။ မင္က်ဲ႕ သည္ ခ်က္ခ်င္းပင္ သတိအျပည့္ထားလိုက္ေသာ္ျငား ယုဇီေကြ်း ၏ အၾကည့္ေၾကာင့္ အရိုအေသးေပးၿပီး ျပန္ထြက္လာဖ႔ိုသာ တတ္ႏိုင္ေပ၏။

ေျပာရလွ်င္ ယခုတစ္ေလာတြင္ အေတာ္ေလး ထူးဆန္းေနေခ်သည္။ ဂိုဏ္းေခါင္းေဆာင္၏ အေျပာင္းအလဲမ်ားကို လူတိုင္းနီးပါးပင္ သတိထားမိႏိုင္ၾကေလ၏။ သူ႔မ်က္ခံုးမ်ားမွ အမူအရာမ်ားသည္ သူ၏ ေပ်ာ္ရႊင္မႈမ်ားကို မဖံုးဖိထားႏိုင္ပဲ ေန႔တိုင္းလိုလို ေခါင္းေဆာင္သည္ အေတြးမ်ားထဲေမ်ာရင္း သြားလိုက္လာလိုက္ လုပ္ေနေပေတာ့သည္။

မင္က်ဲ႕ သည္ မ်က္ခံုးမ်ားကို စုက်ံဳ႕လိုက္မိ၏။

ငါ ဘယ္ေနရာမွာမ်ား လိုသြားတာလဲ ?

ယုဇီေကြ်း သည္ မင္က်ဲ႕ ၏ မ်က္ႏွာေပၚမွ အေတြးႏြံနစ္ေနသည့္ အမူအရာကို ဂရုပင္မထားပဲ လင္းရွ ကိုသာ ပိုၿပီး စိုးရိမ္ေနမိေခ်သည္။

သူသည္ လင္းရွ အား ထိုသို႔ေသာ ကိစၥမ်ားကို မထိေတြ႔ရေလေအာင္ ႀကိဳးစားပမ္းစား အားထုတ္ခဲ့ရေသာ္လည္း တစ္ခ်ိန္ခ်ိန္မွာေတာ့ ထိုသူသည္ ယင္းအေၾကာင္းအရာမ်ားကို သိလာရမည္ပင္ ……

သူသည္ ဘာေျဖရွင္းခ်က္မွ မေပးပဲ လင္းရွ တံု႔ျပန္လာမည္ကိုသာ တိတ္တဆိတ္ ေစာင့္ဆိုင္းေနမိ၏။

လင္းရွ သည္လည္း တိတ္ဆိတ္ေနမိေပသည္။ သူသည္ အတန္ၾကာမွ ေခါင္းေမာ့လာၿပီးေနာက္ ဆိုလိုက္၏။

" အားေကြ်း၊ အဲ့ဒီ ယုေဖးရန္ ဆိုတာက ဟိုတစ္ေန႔က မင္းေျပာတဲ့ ေစ့စပ္ထားတဲ့ သူတို႔သမီးေလာင္း ဆိုတာလား ? "

မည္သို႔ပင္ျဖစ္ျဖစ္ သူသည္ အမ်ိဳးသမီးငယ္ေလးအတြက္ဆိုပါက စိတ္ေပ်ာ့ေပ်ာင္းသြားရျမဲပင္။

ယုဇီေကြ်း သည္ ေခါင္းၿငိမ့္ျပလိုက္ကာ ေလးနက္သည့္ဟန္ျဖင့္ ျပန္ေျဖလာေလ၏။

" မင္း ဒီကိစၥကို စိတ္ပူစရာမလိုပါဘူး ___ ယုကလန္ က ေမွာ္နက္ဂိုဏ္းထဲမွာ တိတ္တဆိတ္လႈပ္ရွားေနတာ ဆယ္ႏွစ္ေက်ာ္ေနၿပီ၊ မဂၤလာပြဲစီစဥ္ၿပီး ပုန္ကန္ဖို႔ဆိုတာကလည္း သူတို႔အၾကံေတြပဲ၊ အဲ့ဒီအၾကံအမ်ားစုက အဲ့ဒီမိန္းမဆီက ထြက္လာတာ၊ ဆိုေတာ့ သူက မင္းထင္သလို ျဖဴစင္ရိုးသားတဲ့လူမဟုတ္ဘူး။ "

လင္းရွ သည္ ေခါင္းၿငိမ့္ျပလိုက္၏။ သူသည္ ယုဇီေကြ်း မွ သူ႔ကို မလိမ္မွန္းသိေသာ္လည္း သူ႔ရင္ထဲမွ ေလးလံကာ ခြန္းအားမဲ့သည့္ ခံစားခ်က္ႀကီးမွာ ဖယ္ထုတ္ရန္ ခက္ခဲလွေခ်သည္။ သူသည္ ဤကမာ႓၏ စည္းမ်ဥ္းစည္းကမ္းမ်ားကို ဖ်က္ဆီးဖို႔ စီစဥ္ေနသည္ မဟုတ္ေသာ္ျငား သူ႔ကိုယ္ပိုင္အျမင္ႏွင့္မူ လက္မခံႏိုင္စရာ ျဖစ္ေနဆဲပင္။

ယုဇီေကြ်း သည္ လက္ကို ျဖည္းညင္းစြာ ဆန္႔ထုတ္လိုက္ၿပီးေနာက္ သူ၏ ေငြေရာင္မ်က္ႏွာဖံုး ကို ခြ်တ္လိုက္ေလ၏။ သူသည္ လင္းရွ ၏ ဆံပင္အဖ်ားေလးကို ကိုင္ရင္း ခပ္ဖြဖြ ပြတ္သပ္လိုက္ေပသည္။

" မင္း ေဒါသထြက္ေနသလား ?"

" ဟင့္အင္း။ "

လင္းရွ သည္ ေခါင္းေမာ့ကာ ယုဇီေကြ်း ကို ျပန္ေငးၾကည့္လိုက္ရင္း ေျပာလိုက္၏။

" ဒါေပမယ့္ အားေကြ်း အစ္ကို႔ကို တစ္ခုကတိေပးလို႔ ရမလား ? "

ယုဇီေကြ်း သည္ သူ၏ ၾကည္လင္နက္ေမွာင္လွသည့္ မ်က္လံုးမ်ားကို ေငးၾကည့္လာ၏။ တကယ္ကိုပင္၊ လင္းရွ သည္ သူ႔အားဆန္႔က်င္မုန္းတီးသည့္ အရိပ္အေယာင္မရွိေလရာ သူ႔ႏွလံုးသားမွာ ခ်က္ခ်င္းပင္ စိတ္သက္သာရာ ရသြားရေလသည္။ သူသည္ ျပန္ေျဖလာ၏။

" ေျပာေလ။ "

လင္းရွ သည္ ျပံဳးကာ ဆိုလာသည္။

" ဘာေတြပဲ ျဖစ္ျဖစ္ ရွာင္ဟူ နဲ႔ မုရုန္ရႊယ္ တို႔ကို အႏၲရာယ္မေပးရဘူး။ အမ္၊ ၿပီးေတာ့ င္းမီးေတာက္ေလး၊ ၿပီးေတာ့ ခဲ့လန္ မင္အာ့ပိုင္ … တို႔ကိုေရာပဲ …… "

ယုဇီေကြ်း သည္ မေနႏိုင္ပဲ အေရွ႕သို႔ ေျခတစ္လွမ္းတိုးကာ သူ႔ႏႈတ္ခမ္းေထာင့္စြန္းကုိ နမ္းလာေလေတာ့၏။ ထို႔ေနာက္

" ကုိယ္သေဘာေပါက္ၿပီ။ မင္း ဂရုစိုက္တဲ့လူေတြကို ကိုယ္မထိခိုက္ေစရဘူး၊ ကုိယ္မင္းရဲ႕ ႏွလံုးသားကို အကြဲမခံႏိုင္ဘူး ……

ၿပီးေတာ့ လင္းရွ၊ မင္း ကိုယ့္ကို တစ္ခုကတိေပးႏိုင္မလား ? "

" ဘာမ်ားလဲ ? "

လင္းရွ သည္ သိလိုစြာ ေမးၾကည့္လိုက္မိ၏။

" ကုိယ့္ေဘးနားက ဘယ္ေတာ့မွ ခြာမသြားပါနဲ႔။ "

ယုဇီေကြ်း သည္ လင္းရွ ကို တိုင္လံုးတစ္ခုေနာက္တြင္ ေခ်ာင္ပိတ္ကာ ျပင္းျပစြာ နမ္းရႈိက္လာေလေတာ့သည္။

လင္းရွ သည္ ေဝဝါးစြာ ေတြးမိလိုက္၏။

ဘယ္လိုေတာင္ တံုးအလိုက္တဲ့ ေတာင္းဆိုမႈမ်ိဳးလဲ ? ဒါေပါ့။ ငါ သူ႔ကို ခြဲသြားမွာ မဟုတ္ဘူး __ ဒီတစ္ေခါက္ေတာ့ ဘယ္လိုကိစၥပဲရွိရွိ ငါသူ႔ကို ေသေသခ်ာခ်ာ ကာကြယ္ေပးမယ္၊ အဲ့ဒါက မလြယ္ဘူး ဆိုရင္ေတာင္မွပဲ။

မင္က်ဲ႕ သည္ ႏွိပ္စက္သည့္ ခန္းမေဆာင္ထဲတြင္ ထိုင္ေနကာ အေစာပိုင္းမွ သံသယဝင္သည့္ ခံစားခ်က္မွာ နန္းေဆာင္အနီး တစ္ေနရာရာမွ ရလိုက္သည့္ ေမွာ္သားရဲမ်ားမွ ဖန္တီးထားေသာ လက္သီးဆုပ္အရြယ္ ရုပ္ေသးဝိဉာဥ္မွ ျဖစ္ေၾကာင္းကို စဥ္းစားေနမိ၏။ ဤရုပ္ေသးမွာ လႈပ္ရွားမေနႏိုင္ပဲ သူသည္ ၎ကို သူ႔ေၾကးမံု၏ ငါးကီလိုမီတာ ပတ္လည္တြင္ ရွိေနပါက စစ္ေဆးေနႏိုင္ကာ ယင္းမွာ သူ႔အတြက္ အဆင္အေျပဆံုး ျဖစ္ေလသည္။

မင္က်ဲ႕ သည္ ေၾကးမံုေပၚတြင္ ေတြ႔ရသည့္ ျဖစ္ရပ္ဆန္းၾကယ္ျမင္ကြင္းေၾကာင့္ အူေၾကာင္ေၾကာင္ျဖစ္သြားကာ ယင္းကို ယံုပင္မယံုၾကည္ႏိုင္ေခ်။

သူသည္ ထို လူသားေဆးေပါင္းအိုးမွာ လြန္ခဲ့သည့္ ႏွစ္အေတာ္ၾကာကတည္းက ေသသြားၿပီးျဖစ္ေၾကာင္း ေသခ်ာလွကာ ထိုႏွစ္မ်ားအတြင္းတြင္ ဂိုဏ္းခ်ဳပ္မွ လူအမ်ားေရွ႕ ရပ္ေနႏိုင္ခဲ့သည္မွာ သူ႔ႀကိဳးစားအားထုတ္မႈမ်ားေၾကာင့္ပင္။ လူတိုင္းသည္ ဤ လူသားေဆးေပါင္းအိုးမွာ ကိုမာဝင္ေနသည္ဟု သိထားၾကေသာ္လည္း သူႏွင့္ လက္ဝဲရံအႀကီးအကဲ ခ်ဴးယင္ တို႔ကသာ ထိုသူမွာ ေနာက္တစ္ႀကိမ္ျပန္ႏိုးလာရန္ လံုးဝမျဖစ္ႏိုင္ဟူသည့္ အမွန္တရားကို သိထားၾကေလသည္။

ဒါေပမယ့္လည္း အဲ့ဒီလူသားေဆးေပါင္းအိုးနဲ႔ တစ္ပံုစံတည္းတူတဲ့ လူက ဘယ္ေနရာကေန ထြက္လာတာလဲ ? ငါထားခဲ့တဲ့ ရုပ္ေသးဝိဉာဥ္ကလည္း အဲ့ဒီကုိယ္ထဲမွာ ရွိေနတုန္းပဲ။ ၿပီးေတာ့ သူက ဂိုဏ္းခ်ဳပ္ေနာက္ကေနေတာင္ တစ္ေကာက္ေကာက္ လိုက္ရဲေသးတယ္ ……

သူသည္ ေလထဲကို လက္ျဖင့္ရိုက္ခ်လိုက္ၿပီးေနာက္ ေၾကးမံုသည္လည္း အပိုင္းပိုင္းအစစ ကြဲသြားရေတာ့၏။

ဒါက ဂိုဏ္းခ်ဳပ္ကို ႏွီးႏြယ္လာႏိုင္ေနၿပီဆိုေတာ့ ခ်ဴးယင္ ကို ရွာၿပီး ဘာလုပ္သင့္သလဲဆိုတာကို တိုင္ပင္တာက အေကာင္းဆံုးပဲ။

သူသည္ ရုတ္တရက္ မတ္တပ္ထရပ္လိုက္ၿပီးေနာက္ ေလထဲမွ ႏွင္တံကို ဆြဲထုတ္လိုက္ကာ ယုေဖးရန္ အား အခ်က္အနည္းငယ္ခန္႔ ရက္စက္စြာ ရိုက္ႏွက္လိုက္၏။ ထို႔ေနာက္ သူသည္ ေအးစက္စြာေျပာလိုက္ေလသည္။

" ယုကလန္ ရဲ႕ အဆိပ္ေပလႊာ၊ မင္း အပ္မွာလား မအပ္ဘူးလား ? "
သည္ ေသြးစမ်ားကို ေထြးထုတ္လိုက္ၿပီးေနာက္ သူ႔အားေလွာင္ရယ္လာေလ၏။

" ၿပီးေတာ့ နင္က အဲ့ဒါကို ဂိုဏ္းခ်ဳပ္ဆီေပးမယ္ေပါ့၊ နင္ ဘာနည္းလမ္းသံုးသံုး အသံုးမဝင္ဘူး ! သူေမြးလာတဲ့အခ်ိန္ကေနစၿပီး သူ႔လူေတြကို စြန္႔ပစ္ေနသမွ် ကာလပတ္လံုး ငါသူ႔ကို က်ိန္စာတိုက္တယ္ ! …… အားး ! "

မင္က်ဲ႕ ၏ ႏွင္တံသည္ သူမပါးစပ္ေပၚသို႔ က်ေရာက္လာကာ သူမသြားႏွစ္ေခ်ာင္းပါ ကြ်တ္ထြက္သြားရေခ်သည္။ မင္က်ဲ႕ ၏ အမူအရာမဲ့ေနသည့္ မ်က္ႏွာေပၚတြင္မူ သူ၏ ႏႈတ္ခမ္းေထာင့္စြန္းမွာ ျဖည္းညင္းစြာ ေကာ့တက္လာရေလ၏။

" မင္းက တကယ့္ကို အေၾကာက္အလန္႔ကင္းတာပဲ ___ စိတ္ခ်ပါ၊ ငါက မင္းကို ေသတာထက္ပိုဆိုးတဲ့အရာကို ခံစားခိုင္းဦးမွာ။ "

တစ္ဖက္တြင္မူ၊ ယုဇီေကြ်း မွ သူ႔ကို ျပန္လႊတ္ေပးလာသည့္အခါတြင္ လင္းရွ သည္ ကိုယ့္ေျခေထာက္ေပၚတြင္ပင္ ေသခ်ာမရပ္ႏိုင္ေတာ့ေခ်။ သူ႔ႏႈတ္ခမ္းမ်ားမွာလည္း ေယာင္ယမ္းကာ အနီရင့္ရင့္ပင္ သမ္းေနေခ်ၿပီျဖစ္၏။ သူသည္ အလွ်င္အျမန္ပင္ ေျခလွမ္းမ်ားကို ျပန္ထိန္းလိုက္ကာ ဆံပင္ကိုလည္း ျပန္ျပင္လိုက္ေပသည္။ ထို႔ေနာက္

" ငါတို႔ ျပန္ေရာက္တဲ့အထိ မေစာင့္ႏိုင္ဘူးလား ? "

ဟု ဆိုလိုက္မိ၏။

ယုဇီေကြ်း သည္ အလြန္တရာမွ စိတ္ေက်နပ္ေနဟန္ျဖင့္ ေငြေရာင္မ်က္ႏွာဖံုးကို ျပန္တပ္လိုက္ေလသည္။ သူသည္ အျမဲလိုလိုပင္ လင္းရွ မွ အရြယ္ေရာက္ေႏွးလွသည္ဟု ခံစားေနမိၿပီး သူ႔မ်က္ႏွာမွာလည္း ျဖဴေဖ်ာ့လြန္းလွေနေပေသး၏။ သူသည္ လင္းရွ ႏႈတ္ခမ္းမ်ားကို နမ္းရရံုျဖင့္ အားမရႏိုင္ေခ်။

" ခ်ိဳလြန္းတယ္။ "

" …… "

လင္းရွ မွာ ေျပာစရာစကားမဲ့သြားရ၏။

ဒီေကာင္စုတ္ေလး ယုဇီေကြ်း ရဲ႕ မ်က္ႏွာက ဘယ္လိုလုပ္ ဒီေလာက္အေရထူႏိုင္ရတာလဲ ?!

ထိုအခ်ိန္မွာပင္ ယုဇီေကြ်း ၏ ခါးေပၚမွ ခ်ိပ္ပိတ္စာလႊာလက္ခံသည့္ စက္သည္ တုန္ခါလာေလသည္။ သူသည္ ဖြင့္ကာ စာလႊာကို ဖတ္ၾကည့္လိုက္ၿပီေနာက္ မ်က္ဆံမ်ားမွာ မသိမသာ က်ံဳ႕သြားရ၏ ___ ဆုန္းေရွာင္ဟူ သည္ ေမွာ္နက္ဂိုဏ္းအတြင္းသို႔ ရုတ္တရက္ ေဖာက္ဝင္လာခဲ့သည္ပင္ !

(T/N ; EPC ရဲ႕ ေက်းဇူးအျဖာျဖာေၾကာင့္ မီးလည္းပ်က္၊ ေရလည္းပ်က္၊ wifi လည္းပ်က္နဲ႔ လူလည္း မီးလာတာနဲ႔ လုပ္စရာရွိတာေတြ ေျပးလုပ္ရင္း အခုမွအားလို႔တင္ျဖစ္တာ။ ဒီတစ္ပိုင္းကိုေတာင္ ႏွစ္ရက္ခြဲၿပီး ဘာသာျပန္လိုက္ရတယ္။ (╥﹏╥) အားလံုးပဲ စိတ္မေကာင္းပါဘူး။ )

~~~~~
< Unicode>

လင်းရှ သည် ယုဇီကျွေး နှင့် စကားသေသေချာချာပြောဖို့ ဆုံးဖြတ်လိုက်၏။

အစကတည်းကပင် အိပ်ယာပေါ်မှ ကိစ္စများအကြောင်းကို ပြောဖို့ဆိုသည်မှာ အတော်လေး ရှက်ဖို့ကောင်းလှချေသည်။ သို့သော်လည်း မည်သို့ပင် ရှက်ဖို့ကောင်းနေစေကာမူ ရေရှည်တွင် အလွန်အကျွံမဖြစ်ရအာင် ပြောသင့်တာတော့ ပြောရမှာပင်။ သူသည်လည်း နေ့တိုင်းလိုလို အိပ်ယာထလိုက်တိုင်း နေမြင့်နေပြီးဖြစ်နေတာကို မလိုချင်ချေ။

ဒုတိယအနေဖြင့် လင်းရှ သည် ချင်နန်းတော်ထဲတွင် နေ့တိုင်း နေမနေချင်ပေ။ သူ့ခန္ဓာကိုယ်မှာ  လုံးဝသက်သာသွားပြီ ဖြစ်သော်လည်း သူသည် နေ့တိုင်းလိုလို ယုဇီကျွေး တစ်ယောက်တည်းကိုသာ တွေ့ခွင့်ရလေသည်။

ထို့အပြင် သူသည် ဆုန်းရှောင်ဟူ နှင့် အခြားသူများအတွက်လည်း စိတ်ပူနေမိသေးပေ၏။ ဤဇာတ်ကြောင်းမှာ မည်သို့မည်ပုံ ရှုပ်ယှက်ခတ်နေသည့် ဦးတည်ဖက်ဆီသို့ ရောက်နေပြီမှန်း မသိရသော်လည်း ယခုလောက်ဆို ဆုန်းရှောင်ဟူ ဆီမှာ ညီမလေးတွေ နှစ်ယောက်သုံးယောက်လောက်တော့ ရှိနေလောက်ပြီမလား ? သူသည် အနည်းငယ် နောင်တရနေမိ၏၊ သူသည် ဆုန်းရှောင်ဟူ အား တစ်လင်တစ်မယားစနစ်၏ အရေးကြီးပုံများကို ပြောပြရန်ပင် အချိန်မရှိလိုက်ခဲ့ချေ။ ဤကမ္ဘာမှ မိန်းကလေးများမှာ ပွင့်လင်းရဲတင်းလှကြသော်လည်း အများစုမှာ ချစ်ဖို့ကောင်းကြသည့်သူများပင်။

ယနေ့တွင် ယုဇီကျွေး သည် စောစီးစွာ ပြန်ရောက်လာလေ၏။ ပြန်ရောက်လာသည်နှင့် ယုဇီကျွေး သည် သူ့ထံသို့ တန်းတန်းမတ်မတ်လာကာ အနောက်ဖက်မှ တင်းကြပ်စွာ ပွေ့ဖက်ထားရင်း လင်းရှ ၏ ပခုံးပေါ်တွင် ခေါင်းမှီလာချေသည်။

လင်းရှ သည် သူ့အနမ်းကို တိမ်းကာရှောင်လိုက်၏။ ထို့နောက် ပြုံးကာ ဆိုလိုက်လေသည်။

" အားကျွေး၊ ငါ မင်းနဲ့ ပြောစရာကိစ္စတစ်ခုရှိတယ်။ "

သူသည် သွယ်ဝိုက်ကာ ရှက်အမ်းအမ်းဖြင့် ထိုအကြောင်းအရာများကို ပြောပြလိုက်၏။ ယုဇီကျွေး သည် လင်းရှ ဘေးနားတွင် လှဲချလာကာ သူ့မျက်နှာမှာ အမူအရာကင်းမဲ့နေပြီး သူ၏ လှပသိမ်မွေ့သည့် သစ်အယ်စေ့သဏ္ဌာန်မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားကြလေသည်။

လင်းရှ သည် ရုတ်တရက် သူ့ခေါင်းတစ်ခုလုံး ထုံးကျဉ်သွားသလို ခံစားလိုက်ရကာ အသက်ရှုရသည်ပင် အနည်းငယ် ခက်ခဲလာရ၏။ သူသည် အတပ်မပြောနိုင်သော်လည်း ယခုဗီလိန်ဖြစ်သူ ယုဇီကျွေး မှာ အတော်လေးကို စိတ်ပျက်နေသော်ငြား ယခုလိုသာမန် အချိန်လေးများကို မဖျက်ဆီးလိုသောကြောင့် သူ့ရှေ့တွင် ထုတ်မပြခြင်း ဖြစ်လိမ့်မည်ဟု ပြောနိုင်လေသည်။

သူသည် တည်ငြိမ်ချင်ယောင်ဆောင်ကာ ဆက်ပြောလိုက်၏။

" အားကျွေး၊ ငါက အဲ့ဒါကို မကြိုက်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ဒါပေမယ့် …… "

" ဒါဆို လင်းရှ က ပျင်းနေတာပေါ့ ? "

ယုဇီကျွေး သည် သူ့ဘေးတွင်ထိုင်ကာ သူ့ဆံပင်အား နူးနူးညံ့ညံ့ ဖြီးပေးလာလေသည်။

" ကိုယ်သတိမထားမိလိုက်တာ ခွင့်လွှတ်ပါ။ "

လင်းရှ သည် စိတ်သက်သာရာရသွားကာ ပြုံးပြလိုက်၏။
" အစ်ကိုက အခုလို ဘာမှမလုပ်ပဲ နေနေရတာ အရမ်းကြာနေပြီလေ။ အားကျွေး၊ အစ်ကို ပြီးခဲ့တဲ့ ရက်တွေတုန်းက မြို့တော်ဆီသွားပြီး ဆုန်းရှောင်ဟူ ကို သွားရှာမလားလို့ တွေးနေတာ။ ပြောရရင် သူက အစ်ကို ပြန်သတိရလာပြီဆိုတဲ့အကြောင်းကို မသိသေးဘူးပဲလေ။ အစ်ကို မြန်မြန်ပြန်လာခဲ့မှာပါ …… "

ယုဇီကျွေး ၏ လက်ချောင်းများမှာ ရပ်တန့်သွားရ၏။ သူသည်

" ခရီးက လီတစ်သောင်းလောက်တောင်ဝေးတာ၊ မင်းအန္တရာယ်တစ်ခုခုတွေ့ရင် ဘယ်လိုလုပ်မလဲ ? "

ဟု ပြောလာလေသည်။

(T/N ; တစ်လီ = မီတာငါးရာ )

လင်းရှ သည် အနည်းငယ် စိတ်ပျက်သွားရသော်လည်း ယုဇီကျွေး ပြောသည်မှာ အမှန်ဖြစ်ကြောင်းကို သဘာပေါက်ပေ၏။

ယုဇီကျွေး သည် ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်လေရာ သူ့တာဝန်များကို ပစ်ထားပြီး လင်းရှ ကို အဖော်ပြုပေးဖို့ မဖြစ်နိုင်သည်မှာ သဘာဝကျချေသည်။

ထို့အပြင် ယုဇီကျွေး မှ သူတော်ကောင်းဂိုဏ်းများ၏ ပိုင်နက်အတွင်းသို့ ချန်ခွင်း ဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် ခြေချဖို့ ဆိုသည်မှာ အလွန်အန္တရာယ်မျာလှကာ ထိုသို့သော အန္တရာယ်များကို ရင်ဆိုင်နေရမည်မှာ ဂိုဏ်းချုပ်တစ်ဦး၏ အလုပ်မဟုတ်ချေ။ ပြီးတော့ လင်းရှ ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့်ဆို သူသည် ဤကမ္ဘာမှ အန္တရာယ်များနှင့် ကြုံရပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လုပ်သည့်အခါ တကယ့်ပြဿနာကြီး ဖြစ်လာနိုင်ပေသည်။

ယုဇီကျွေး သည် သူ့နှုတ်ခမ်းများကို လင်းရှ ၏ နှဖူးပေါ်သို့ ဖိကပ်လိုက်ပြီးနောက် သူ၏ သံလိုက်ပမာ ငြို့ငင်နိုင်သည့် အသံနိမ့်နိမ့်ဖြင့် အေးဆေးစွာ ပြောလာလေ၏။

" မင်းပြောတာတွေ အကုန်လုံးကို ကိုယ်မှတ်ထားပါ့မယ် ___ ဒါဆိုရင် တစ်ရက်ခြားတစ်ခါဆိုရင်ရော အဆင်ပြေလား ? "

လင်းရှ သည် ယုဇီကျွေး သည် ပထမပြောခဲ့သည့် အကြောင်းအရာကို ရည်ညွှန်းနေမှန်း သိသည့်အတွက် ရှက်ရွံ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပေသည်။ အမှန်တကယ်မှာ ယုဇီကျွေး ၏ ယင်းကို ထပ်ခါတစ်လဲလဲလုပ်နိုင်သည့် သက်လုံအားနှင့်ဆို တစ်ပတ်တစ်ခါသည်ပို၍ ဖြစ်သင့်ကာ သူသည် တစ်နေ့ခြားတစ်ခါကိုပင် မခံနိုင်မှာ စိုးရိမ်ရချေ၏။ သို့သော်လည်း ဤသို့သော ကိစ္စမျိုးကို သူမည်သို့ ထပ်ဈေးဆစ်ရမည်နည်း ?

ညရောက်သည့်အခါ ယုဇီကျွေး သည် တကယ့်ကိုပင် သူ့ကို ဖက်ရုံသာဖက်ထားကာ နောက်တစ်နေ့နံနက်ရောက်သည်အထိ ထိုအတိုင်းသာ အိပ်လာချေသည်။ လင်းရှ မှ သူ၏ ညအိပ်ဝတ်ရုံကို မတော်တဆ ထိကြည့်မိသွားသည့်အခါ ထိုနေရာမှ စိုထိုင်းထိုင်းနှင့် စေးကပ်နေကာ ငါးညှီနံ့ခပ်ဖျော့ဖျော့ ရနေကြောင်းကို သတိထားမိသွားရ၏။

လင်းရှ သည် သဘာဝကျအောင် ဟန်ဆောင်ကာ မနက်တာကိစ္စများကို လုပ်ရန်အတွက် အိပ်ယာပေါ်မှ ထလိုက်ပြီးနောက် ယုဇီကျွေး ၏ ဆာလောင်နေသည့် စိတ်ဆန္ဒများနှင့် သူ၏ စိတ်အလိုမပြည့်သောကြောင့် ထိတ်လန့်စရာကောင်းအောင် မည်းမှောင်နေသည့် မျက်နှာတို့ကို မမြင်ချင်ယောင်ဆောင်လိုက်ချေသည်။

အမ်း၊ ငါလည်း လူပျိုပေါက်လေးတွေရဲ့ စိတ်အားထက်သန်တာကို နားလည်ပေးနိုင်ပါတယ် ……

ယုဇီကျွေး သည် အနက်ရောင် ဝတ်စုံကို လျှင်မြန်စွာ လဲလှယ်လိုက်ပြီးနောက် ငွေရောင် မျက်နှာဖုံးတစ်ခုကို တပ်လိုက်လေသည်။ လင်းရှ သည်လည်း လုံခြုံမှုအတွက် သူ့နောက်ဖက်တွင်နေရင်း ခိုးကြောင်းခိုးဝှက်နိုင်စွာ အဝတ်အစားများ လဲလိုက်ပေ၏။

သူသည် ရုတ်တရက် သိချင်စိတ်ပေါ်လာကာ မေးကြည့်လိုက်မိချေသည်။

" ဟိုးတစ်ခေါက်တုန်းက သားရဲက မင်းရဲ့ မှော်သားရဲလား ? "

မှန်မှန်ပြောရလျှင် ထိုခေါင်းနှစ်လုံးမြွေ၏ ပုံသဏ္ဌာန်မှာ စွမ်းအားကြီးကာ လွှမ်းမိုးနိုင်လှသော်လည်း ယင်း၏ တြိဂံပုံ မျက်လုံးများအတွင်းသို့ ကြည့်ရသည်မှာ ကြောက်စရာကောင်းလှပြီး နှင်းမီးတောက်လေးလို ချစ်ဖို့ကောင်းမနေချေ။ သူနောက်ဆုံး တွေ့ခဲ့ရသည့် ထိုနေ့မှစ၍ သူသည် ထိုသားရဲကို နောက်တစ်ခါ မတွေ့ရတော့ချေ။

" ကိုယ့်ဆီမှာ ရှိတဲ့စွမ်းအားတွေက သူ့ကို ချိပ်ပိတ်ထားတဲ့စည်းကို ဖျက်ဖို့ မလုံလောက်သေးဘူး။ "

ယုဇီကျွေး သည် စိတ်ရှည်စွာဖြင့် ရှင်းပြလာလေ၏။

" ဒါပေမယ့်လည်း အဲ့ဒီစည်းက တော်တော်လေး လျော့နေပြီဆိုတော့ ကိုယ်က သူ့မူလသဏ္ဌာန်ရဲ့တစ်ဝက်အထိကို ဖန်တီးနိုင်တယ်၊ ဒါပေမယ့် သူက အဲ့ဒီသဏ္ဌာန်ကို သုံးနာရီလောက်အထိပဲ ထိန်းထားနိုင်ပြီးတော့ ပြီးတာနဲ့ ပျောက်သွားလိမ့်မယ်။ "

လင်းရှ သည် အံ့အားသင့်သွားရ၏။ အကယ်လို့ အဲ့ဒီ ခေါင်းနှစ်လုံးမြွေရဲ့ စွမ်းအားတစ်ဝက်ကတောင် ထိန်းချုပ်ဖို့ ဒီလောက်ခက်ခဲနေရင် သူ့ရဲ့ ချိပ်စည်းကိုဖြေပြီးတဲ့အခါကျ ဘယ်လောက်တောင် စွမ်းအားကြီးလာလိမ့်မလဲ ? သူသည် နှင်းမီးတောက်လေးအတွက် တကယ့်ကို စိတ်ပူသွားမိ၏။ ဝတ္ထုထဲတွင် ဤမြွေမှာ နှင်းမီးတောက်လေး၏ ရန်ဖက်ဖြစ်နေသောကြောင့်ပင်။

ဟုတ်တယ်၊ ယုဇီကျွေး နဲ့ ဆုန်းရှောင်ဟူ တို့ မတိုက်ခိုက်ကြဘူးဆိုရင် အားလုံးအဆင်ပြေသွားမှာပါ ……

မှော်နက်ဂိုဏ်းတွင် နေ့တိုင်းလိုလို အစည်းအဝေးများ မရှိကြပဲ သာမန်ပြဿနာများကို ချိပ်ပိတ်ထားသည့် စာလွှာများမှတစ်ဆင့် တင်ပြကြလေသည်။ လင်းရှ သည် ဝတ္ထုထဲတွင် ပြောထားသည့် ဗီလိန်ဖြစ်သူ၏ စစ်တပ်ကြီးအကြောင်းကို စိတ်ဝင်စားနေမိဆဲဖြစ်ကာ သူသည် လက်ရှိတွင် လက်ဝဲရံအကြီးအကဲ သွေးမိစ္ဆာ ချူးယင်၊ အဖြူရောင်ရေကန် အစောင့်အရှောက် မင်ကျဲ့၊  အစိမ်းရောင် မြေအောက်လောက အစောင့်အရှောက် ခဲ့လန်မင်အာ့ပိုင် တို့ကို မတွေ့ရသေးချေ။

လက်ယာရံအကြီးအကဲမှာ ကျောက်စိမ်းတိမ်လွှာသခင် မေကျစ် ဖြစ်လေသည်။ ထို့အပြင် သူမတွေ့ရသေးသည့် အကြီးအကဲအချို့လည်း ကျန်သေးပေ၏။ ဝတ္ထုဇာတ်လမ်းအရဆိုလျှင် ထိုလူများအနက် ချူးယင် နှင့် မင်ကျဲ့ တို့မှာ ယုဇီကျွေး အား သစ္စာအရှိဆုံးသူများ ဖြစ်ကြလေသည်။ ထိုမျှမက မိစ္ဆာလက်နက်များဖန်တီးရာတွင် ဆရာသခင်ဖြစ်သည့် သူနာမည်မသိသော အစောင့်အရှောက်တစ်ဦးလည်း ရှိသေး၏။ ဗီလိန်ဖြစ်သူ၏ စစ်တပ်မှ ကျန်သူများမှာ အကုန်လုံး သူ့အဖွဲနှင့်သူ ဖြစ်ကြကာ အပြင်ပန်းတွင်သာ နာခံရိုကျိုးဟန် ပြနေကြခြင်း ဖြစ်ကြလေသည်။ ထို့ကြောင့် သုံးသပ်ချက်အနေဖြင့် သူသည် ခဲ့လန်မင်အာ့ပိုင် မှလွဲ၍ ကျန်သူများနှင့် ပြောဆို မဆက်ဆံလိုချေ။

ချန်ခွင်း ဂိုဏ်းမှာ ကြီးမားလှသည့်အတွက် သူ ဤတစ်လျှောက်တွင် တွေ့ခဲ့ရသည့် သူများမှာ အနည်းငယ်သာ ရှိလေသည်။ လင်းရှ သည် ယုဇီကျွေး နောက်မှလိုက်ကာ သူ၏ ပုံမှန်လေ့ကျင့်ကွင်းနှင့် အရေးကြီးကိစ္စများဆုံးဖြတ်သည့် ခန်းမတို့ကို လိုက်ကြည့်မိလေ၏။ ချန်ခွင်း ဂိုဏ်းတွင် နေရာအနှံ့အပြားမှာရှိသည့် မှော်နက်ဂိုဏ်းများမှ ချိပ်ပိတ်စာလွှာများကို လက်ခံနိုင်သည့် စင်တစ်ခုကို ထားရှိလေသည်။ သို့မှသာ သူတို့ထံတွင် အရေးကြီးသည့် ကိစ္စတစ်စုံတစ်ရာပေါ်လာပါက ချိပ်ပိတ်စာလွှာများဖြင့် သတင်းပေးပို့နိုင်မည် ဖြစ်၏။

လင်းရှ ၏ နှလုံးသားမှာ တုန်လှုပ်သွားရ၏။ ဝတ္ထုထဲတွင် ယုဇီကျွေး သည် ကြမ်းတမ်းရက်စက်သည့် သားရဲများအမြောက်အမြားကို ယဉ်ပါးအောင်လုပ်ပြီး လေ့ကျင့်ပေးထားသည်သာမက သူတော်ကောင်းဂိုဏ်းမှ လူများကို  နှိပ်စက်ရန်အတွက် အကျဉ်းထောင်တစ်ခုလည်း ထားရှိပေသေးသည်။ သူသည် ၎င်းတို့မှာ ယခုကော ရှိနေသလားဆိုသည်ကို တွေးနေမိချေ၏။

သူသည် တွေးရင်းဖြင့် ဤကမ္ဘာမှာ ထိုကမ္ဘာနှင့် အတူတူပင်ဖြစ်ကြောင်း သတိထားမိသွားပြီး သူ့ကိုယ်သူ ငှက်ကုလားအုတ်လို မြေကြီးထဲခေါင်းထည့်ပြီး ပုန်းချင်စိတ်များ ပေါ်လာပေတော့သည်။ ထို့ကြောင့် သူသည် တတ်နိုင်ပါက ယုဇီကျွေး အား ထိုသို့အလွန်အကျူး အထက်ဆီးဆန်သည့် ဇာတ်ကောင်အဖြစ်သို့ ရောက်စေမည့် ကွေ့ကောက်သည့်လမ်းပေါ်သို့ နောက်တစ်ကျော့ထပ်ပြန် အရောက်မခံနိုင်ပေ။ အကယ်လို့ ယုဇီကျွေး ကသာ လူကောင်းဖြစ်လာခဲ့မယ်ဆိုရင် သူတော်ကောင်းဂိုဏ်းက လူတွေကလည်း သူ့ကို အလျှော့ပေးလိုက်ဖို့ မဖြစ်နိုင်ဘူးလား ?

လင်းရှ သည် ယုဇီကျွေး ၏ နောက်ကျောကို ငေးကြည့်နေမိ၏။ ယခုလက်ရှိကမ္ဘာတွင် ဤလူသည် သူ့အတွက် အရေးအပါဆုံးလူဖြစ်ကာ ယင်းမှာ ထိုသုံးနှစ်မှ ငါးနှစ်အတွင်းတွင်လည်း အတူတူပင် ဖြစ်ခဲ့လေသည်။ ထို့အပြင် သူ့မျက်စိရှေ့ရှိ ဤသူမှာ သူအမြဲလိုလို ကြိုးစားကာကွယ်ပေးလိုသည့်သူလည်း ဖြစ်ပေ၏။ ထပ်ပေါင်းထည့်ရလျှင် ဤလူသည် လက်ရှိတွင် သူနှင့် အရင်းနှီးဆုံးသောသူလည်း ဖြစ်ချေသည်။

" ပင်းပန်းနေပြီလား ? "

သူတို့သည် နန်းဆောင်တစ်ခုနားတွင် ရောက်နေခြင်းဖြစ်ကာ ယုဇီကျွေး သည် လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီးနောက် နောက်လှည့်ကြည့်လာလေသည်။ သူသည် လင်းရှ မှ သူ့နောက်မှ လိုက်လျှောက်လာသည်ကို သဘောမကျချေ။ အကြောင်းမှာ ထိုသူ့မျက်နှာကို သူမမြင်နိုင်သောကြောင့်ပင်။

လင်းရှ သည် ပြုံးကာ ခေါင်းခါပြလိုက်၏။ ယုဇီကျွေး သည် အစကတည်းက ခပ်ဖြည်းဖြည်း လျှောက်ပေးနေသည်ဖြစ်ကာ သူသည်လည်း ထိုမျှလောက် ကျိုးပဲ့လွယ်နေသည် မဟုတ်ချေ။ သူသည် သူတို့ဘေးပတ်လည်ရှိ ရှုခင်းများကို တစ်ချက်လှည့်ပတ်ကြည့်လိုက်၏။ ချန်ခွင်း ဂိုဏ်း၏ ခေါင်းဆောင်ဟောင်းများသည် အတော်လေးကို ထူးခြားဆန်းကြယ်သည့် နေရာမျိုးကို ရွေးချယ်ထားခဲ့ကြကာ ဤနေရာမှ ရှုခင်းများသည် ချင်နန်းတော်နှင့် ယှဉ်လျှင် ကွဲပြားခြားနားလှပြီး ယင်းမှာ ကိုယ်ပိုင်ဆွဲဆောင်မှုတစ်မျိုး ရှိနေချေသည်။

ယုဇီကျွေး ၏ မျက်ခုံးများမှာ ရုတ်တရက် စုကျုံ့သွားသည့်အတွက် လင်းရှ သည် တစ်ယောက်ယောက် ရောက်လာတော့မည်ဖြစ်ကြောင်းကို အလိုလိုသိလိုက်ကာ သူ၏ အကျီများကို သပ်ရပ်သွားရောင် အလျှင်အမြန်ပြင်လိုက်ပြီး ကျိုးနွံသည့် အမူအရာသို့ ပြောင်းလိုက်လေ၏။

ထင်ထားသည့်အတိုင်းပင်၊ သိပ်မကြာမီမှာပင် အလွန်တရာမှ လျှင်မြန်လှသည့် မှော်သားရဲဆွဲသော လှည်းတစ်စီးသည့် အနီးအနားမှ ဖြတ်သွားလေသည်။ လင်းရှ သည် စပ်စုစွာဖြင့် တစ်ချက်ချောင်းကြည့်လိုက်သောအခါ ယင်းမှာ အကျဉ်းသားများကို သယ်ဆောင်သည့် လှည်းဖြစ်ကြောင်း တွေ့လိုက်ရ၏။ အထဲတွင်မူ ရှုပ်ပွနေသည့် အသွင်သဏ္ဌာန်ဖြင့် မိန်းမပျိုတစ်ဦး ပါလာလေသည်။ သူအသေအချာ မမြင်လိုက်နိုင်သော်ငြား သူမ၏ အတော်လေးလှပသည့် ကောက်ကြောင်းကို ခန့်မှန်းလိုက်နိုင်ပေ၏။

မင်ကျဲ့ သည် မှော်သားရဲတစ်ကောင်ကိုစီးကာ နောက်မှလိုက်လာလေသည်။ ဤကိစ္စမှာ သူ့အားအတော်လေး အလုပ်ရှုပ်သွားစေခဲ့ပြီး ယင်း ယုကလန် ၏ မိန်းမခေါင်းဆောင်ကို ဖမ်းဖို့အတွက်နှင့် သူယုံကြည်ရသည့် နောက်လိုက်အတော်များများကိုပင် ဆုံးရှုံးခဲ့ရ၏။ သူသည် ယခုအခါ သူမအား နှိပ်စက်သည့် ခန်းမထဲသို့ခေါ်သွားပြီး စစ်မေးဖို့ပင်။

မင်ကျဲ့ သည် ယုဇီကျွေး မှ ဤနေရာတွင် ရှိနေလိမ့်မည်မှန်း မထင်ထားခဲ့မိပဲ ချက်ချင်းလိုလိုပင် စိတ်ကျေနပ်သွားရလေသည်။ သူသည် လှည်းထဲရှိ ထိုအမျိုးသမီးအား စစ်မေးသည့်နေရာသို့ အရင်ဆုံးခေါ်သွားဖို့ အမိန့်ပေးလိုက်ပြီးနောက် သူနောက်မှ လိုက်လာခဲ့မည့်အကြောင်း ပြောလိုက်၏။ ထို့နောက် သူသည် ယုဇီကျွေး ထံသို့ ခြေလှမ်းကျဲများဖြင့် ခပ်သွက်သွက်လျှောက်လာပြီး အလေးပြုလာလေသည်။

" ဂိုဏ်းချုပ်သခင်ကို သတင်းပို့ပါတယ်၊ ဟောဒီနောက်လိုက်က ယုဖေးရန် ကို အောင်အောင်မြင်မြင် ဖမ်းဆီးလာနိုင်ခဲ့ပြီးပြီဖြစ်လို့ တာဝန်ကို သတင်းလာပို့တာ ဖြစ်ပါတယ်။ "

ယုဇီကျွေး ကမူ အနည်းငယ် စိတ်မလုံမလဲဖြစ်နေဟန် ပေါ်နေလေသည်။ သူသည်

" အမ်း၊ သိပြီ။ ငါမင်းကို ဒီကိစ္စအပ်လိုက်မယ်၊ သတင်းလာပို့စရာ မလိုဘူး။ "

ဟု ဆိုလာ၏။

" နားလည်ပါပြီ။ "

မင်ကျဲ့ သည် ဖြောင့်တန်းစွာ မတ်တပ်ရပ်လိုက်ပြီးနောက် ယုဇီကျွေး သည် သူ့နောက်ဖက်တွင် တစ်စုံတစ်ယောက်ကို လျှို့ဝှက်စွာ ဝှက်ထားကြောင်း သတိထားမိသွားလေ၏။ သူသည် မသိစိတ်အတွင်းမှ မသိမသာ တုန်လှုပ်သွားရချေသည်၊ ပြောရလျှင် ယုဇီကျွေး သည် သူ့နောက်သို့ ထိုမျှလောက် နီးနီးကပ်ကပ်အကွာအဝေးမှနေ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လိုက်စေသည်မဟုတ်ချေ။ သို့သော်လည်း သူသည် ထိုအကြောင်းကို သိပ်မတွေးတော့ပဲ ရိုကျိုးစွာသာ ဆိုလိုက်၏။

" ဒီလက်အောက်ငယ်သား သေသေချာချာ ကွပ်ကဲလိုက်ပါ့မယ်။ "

ဤ ယုဖေးရန် ၏ အချိုးအပေါက်ကျနသည့် ကိုယ်ခန္ဓာမှာ ရုပ်သေးရုပ်အဖြစ်သာ ပြောင်းလိုက်ပါက အနည်းဆုံး အဆင့်ရှစ် ရုပ်သေးရုပ်ဖြစ်လာနိုင်သည့်အတွက် သူသည် သေချာပေါက် အလကားဖြစ်စေမည်မဟုတ်ချေ။

မင်ကျဲ့ သည် ထွက်သွားဖို့ ပြင်နေစဉ်မှာပင် အံ့အားသင့်မိသွားရ၏။ ဘာလို့ ယုဇီကျွေး နောက်မှာဖွက်ထားတဲ့ဟာဆီက ရုပ်သေးဝိဉာဉ်အငွေ့အသက်တွေ ရနေတာလဲ ? သို့သော်လည်း သူသည် သေသေချာချာ စစ်ဆေးခွင့်မရလေရာ အတပ်မပြောနိုင်ချေ။ မင်ကျဲ့ သည် ချက်ချင်းပင် သတိအပြည့်ထားလိုက်သော်ငြား ယုဇီကျွေး ၏ အကြည့်ကြောင့် အရိုအသေးပေးပြီး ပြန်ထွက်လာဖ့ိုသာ တတ်နိုင်ပေ၏။

ပြောရလျှင် ယခုတစ်လောတွင် အတော်လေး ထူးဆန်းနေချေသည်။ ဂိုဏ်းခေါင်းဆောင်၏ အပြောင်းအလဲများကို လူတိုင်းနီးပါးပင် သတိထားမိနိုင်ကြလေ၏။ သူ့မျက်ခုံးများမှ အမူအရာများသည် သူ၏ ပျော်ရွှင်မှုများကို မဖုံးဖိထားနိုင်ပဲ နေ့တိုင်းလိုလို ခေါင်းဆောင်သည် အတွေးများထဲမျောရင်း သွားလိုက်လာလိုက် လုပ်နေပေတော့သည်။

မင်ကျဲ့ သည် မျက်ခုံးများကို စုကျုံ့လိုက်မိ၏။

ငါ ဘယ်နေရာမှာများ လိုသွားတာလဲ ?

ယုဇီကျွေး သည် မင်ကျဲ့ ၏ မျက်နှာပေါ်မှ အတွေးနွံနစ်နေသည့် အမူအရာကို ဂရုပင်မထားပဲ လင်းရှ ကိုသာ ပိုပြီး စိုးရိမ်နေမိချေသည်။

သူသည် လင်းရှ အား ထိုသို့သော ကိစ္စများကို မထိတွေ့ရလေအောင် ကြိုးစားပမ်းစား အားထုတ်ခဲ့ရသော်လည်း တစ်ချိန်ချိန်မှာတော့ ထိုသူသည် ယင်းအကြောင်းအရာများကို သိလာရမည်ပင် ……

သူသည် ဘာဖြေရှင်းချက်မှ မပေးပဲ လင်းရှ တုံ့ပြန်လာမည်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေမိ၏။

လင်းရှ သည်လည်း တိတ်ဆိတ်နေမိပေသည်။ သူသည် အတန်ကြာမှ ခေါင်းမော့လာပြီးနောက် ဆိုလိုက်၏။

" အားကျွေး၊ အဲ့ဒီ ယုဖေးရန် ဆိုတာက ဟိုတစ်နေ့က မင်းပြောတဲ့ စေ့စပ်ထားတဲ့ သူတို့သမီးလောင်း ဆိုတာလား ? "

မည်သို့ပင်ဖြစ်ဖြစ် သူသည် အမျိုးသမီးငယ်လေးအတွက်ဆိုပါက စိတ်ပျော့ပျောင်းသွားရမြဲပင်။

ယုဇီကျွေး သည် ခေါင်းငြိမ့်ပြလိုက်ကာ လေးနက်သည့်ဟန်ဖြင့် ပြန်ဖြေလာလေ၏။

" မင်း ဒီကိစ္စကို စိတ်ပူစရာမလိုပါဘူး ___ ယုကလန် က မှော်နက်ဂိုဏ်းထဲမှာ တိတ်တဆိတ်လှုပ်ရှားနေတာ ဆယ်နှစ်ကျော်နေပြီ၊ မင်္ဂလာပွဲစီစဉ်ပြီး ပုန်ကန်ဖို့ဆိုတာကလည်း သူတို့အကြံတွေပဲ၊ အဲ့ဒီအကြံအများစုက အဲ့ဒီမိန်းမဆီက ထွက်လာတာ၊ ဆိုတော့ သူက မင်းထင်သလို ဖြူစင်ရိုးသားတဲ့လူမဟုတ်ဘူး။ "

လင်းရှ သည် ခေါင်းငြိမ့်ပြလိုက်၏။ သူသည် ယုဇီကျွေး မှ သူ့ကို မလိမ်မှန်းသိသော်လည်း သူ့ရင်ထဲမှ လေးလံကာ ခွန်းအားမဲ့သည့် ခံစားချက်ကြီးမှာ ဖယ်ထုတ်ရန် ခက်ခဲလှချေသည်။ သူသည် ဤကမ္ဘာ၏ စည်းမျဉ်းစည်းကမ်းများကို ဖျက်ဆီးဖို့ စီစဉ်နေသည် မဟုတ်သော်ငြား သူ့ကိုယ်ပိုင်အမြင်နှင့်မူ လက်မခံနိုင်စရာ ဖြစ်နေဆဲပင်။

ယုဇီကျွေး သည် လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီးနောက် သူ၏ ငွေရောင်မျက်နှာဖုံး ကို ချွတ်လိုက်လေ၏။ သူသည် လင်းရှ ၏ ဆံပင်အဖျားလေးကို ကိုင်ရင်း ခပ်ဖွဖွ ပွတ်သပ်လိုက်ပေသည်။

" မင်း ဒေါသထွက်နေသလား ?"

" ဟင့်အင်း။ "

လင်းရှ သည် ခေါင်းမော့ကာ ယုဇီကျွေး ကို ပြန်ငေးကြည့်လိုက်ရင်း ပြောလိုက်၏။

" ဒါပေမယ့် အားကျွေး အစ်ကို့ကို တစ်ခုကတိပေးလို့ ရမလား ? "

ယုဇီကျွေး သည် သူ၏ ကြည်လင်နက်မှောင်လှသည့် မျက်လုံးများကို ငေးကြည့်လာ၏။ တကယ်ကိုပင်၊ လင်းရှ သည် သူ့အားဆန့်ကျင်မုန်းတီးသည့် အရိပ်အယောင်မရှိလေရာ သူ့နှလုံးသားမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားရလေသည်။ သူသည် ပြန်ဖြေလာ၏။

" ပြောလေ။ "

လင်းရှ သည် ပြုံးကာ ဆိုလာသည်။

" ဘာတွေပဲ ဖြစ်ဖြစ် ရှောင်ဟူ နဲ့ မုရုန်ရွှယ် တို့ကို အန္တရာယ်မပေးရဘူး။ အမ်၊ ပြီးတော့ နှင်းမီးတောက်လေး၊ ပြီးတော့ ခဲ့လန် မင်အာ့ပိုင် … တို့ကိုရောပဲ …… "

ယုဇီကျွေး သည် မနေနိုင်ပဲ အရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့နှုတ်ခမ်းထောင့်စွန်းကို နမ်းလာလေတော့၏။ ထို့နောက်

" ကိုယ်သဘောပေါက်ပြီ။ မင်း ဂရုစိုက်တဲ့လူတွေကို ကိုယ်မထိခိုက်စေရဘူး၊ ကိုယ်မင်းရဲ့ နှလုံးသားကို အကွဲမခံနိုင်ဘူး ……

ပြီးတော့ လင်းရှ၊ မင်း ကိုယ့်ကို တစ်ခုကတိပေးနိုင်မလား ? "

" ဘာများလဲ ? "

လင်းရှ သည် သိလိုစွာ မေးကြည့်လိုက်မိ၏။

" ကိုယ့်ဘေးနားက ဘယ်တော့မှ ခွာမသွားပါနဲ့။ "

ယုဇီကျွေး သည် လင်းရှ ကို တိုင်လုံးတစ်ခုနောက်တွင် ချောင်ပိတ်ကာ ပြင်းပြစွာ နမ်းရှိုက်လာလေတော့သည်။

လင်းရှ သည် ဝေဝါးစွာ တွေးမိလိုက်၏။

ဘယ်လိုတောင် တုံးအလိုက်တဲ့ တောင်းဆိုမှုမျိုးလဲ ? ဒါပေါ့။ ငါ သူ့ကို ခွဲသွားမှာ မဟုတ်ဘူး __ ဒီတစ်ခေါက်တော့ ဘယ်လိုကိစ္စပဲရှိရှိ ငါသူ့ကို သေသေချာချာ ကာကွယ်ပေးမယ်၊ အဲ့ဒါက မလွယ်ဘူး ဆိုရင်တောင်မှပဲ။

မင်ကျဲ့ သည် နှိပ်စက်သည့် ခန်းမဆောင်ထဲတွင် ထိုင်နေကာ အစောပိုင်းမှ သံသယဝင်သည့် ခံစားချက်မှာ နန်းဆောင်အနီး တစ်နေရာရာမှ ရလိုက်သည့် မှော်သားရဲများမှ ဖန်တီးထားသော လက်သီးဆုပ်အရွယ် ရုပ်သေးဝိဉာဉ်မှ ဖြစ်ကြောင်းကို စဉ်းစားနေမိ၏။ ဤရုပ်သေးမှာ လှုပ်ရှားမနေနိုင်ပဲ သူသည် ၎င်းကို သူ့ကြေးမုံ၏ ငါးကီလိုမီတာ ပတ်လည်တွင် ရှိနေပါက စစ်ဆေးနေနိုင်ကာ ယင်းမှာ သူ့အတွက် အဆင်အပြေဆုံး ဖြစ်လေသည်။

မင်ကျဲ့ သည် ကြေးမုံပေါ်တွင် တွေ့ရသည့် ဖြစ်ရပ်ဆန်းကြယ်မြင်ကွင်းကြောင့် အူကြောင်ကြောင်ဖြစ်သွားကာ ယင်းကို ယုံပင်မယုံကြည်နိုင်ချေ။

သူသည် ထို လူသားဆေးပေါင်းအိုးမှာ လွန်ခဲ့သည့် နှစ်အတော်ကြာကတည်းက သေသွားပြီးဖြစ်ကြောင်း သေချာလှကာ ထိုနှစ်များအတွင်းတွင် ဂိုဏ်းချုပ်မှ လူအများရှေ့ ရပ်နေနိုင်ခဲ့သည်မှာ သူ့ကြိုးစားအားထုတ်မှုများကြောင့်ပင်။ လူတိုင်းသည် ဤ လူသားဆေးပေါင်းအိုးမှာ ကိုမာဝင်နေသည်ဟု သိထားကြသော်လည်း သူနှင့် လက်ဝဲရံအကြီးအကဲ ချူးယင် တို့ကသာ ထိုသူမှာ နောက်တစ်ကြိမ်ပြန်နိုးလာရန် လုံးဝမဖြစ်နိုင်ဟူသည့် အမှန်တရားကို သိထားကြလေသည်။

ဒါပေမယ့်လည်း အဲ့ဒီလူသားဆေးပေါင်းအိုးနဲ့ တစ်ပုံစံတည်းတူတဲ့ လူက ဘယ်နေရာကနေ ထွက်လာတာလဲ ? ငါထားခဲ့တဲ့ ရုပ်သေးဝိဉာဉ်ကလည်း အဲ့ဒီကိုယ်ထဲမှာ ရှိနေတုန်းပဲ။ ပြီးတော့ သူက ဂိုဏ်းချုပ်နောက်ကနေတောင် တစ်ကောက်ကောက် လိုက်ရဲသေးတယ် ……

သူသည် လေထဲကို လက်ဖြင့်ရိုက်ချလိုက်ပြီးနောက် ကြေးမုံသည်လည်း အပိုင်းပိုင်းအစစ ကွဲသွားရတော့၏။

ဒါက ဂိုဏ်းချုပ်ကို နှီးနွယ်လာနိုင်နေပြီဆိုတော့ ချူးယင် ကို ရှာပြီး ဘာလုပ်သင့်သလဲဆိုတာကို တိုင်ပင်တာက အကောင်းဆုံးပဲ။

သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီးနောက် လေထဲမှ နှင်တံကို ဆွဲထုတ်လိုက်ကာ ယုဖေးရန် အား အချက်အနည်းငယ်ခန့် ရက်စက်စွာ ရိုက်နှက်လိုက်၏။ ထို့နောက် သူသည် အေးစက်စွာပြောလိုက်လေသည်။

" ယုကလန် ရဲ့ အဆိပ်ပေလွှာ၊ မင်း အပ်မှာလား မအပ်ဘူးလား ? "
သည် သွေးစများကို ထွေးထုတ်လိုက်ပြီးနောက် သူ့အားလှောင်ရယ်လာလေ၏။

" ပြီးတော့ နင်က အဲ့ဒါကို ဂိုဏ်းချုပ်ဆီပေးမယ်ပေါ့၊ နင် ဘာနည်းလမ်းသုံးသုံး အသုံးမဝင်ဘူး ! သူမွေးလာတဲ့အချိန်ကနေစပြီး သူ့လူတွေကို စွန့်ပစ်နေသမျှ ကာလပတ်လုံး ငါသူ့ကို ကျိန်စာတိုက်တယ် ! …… အားး ! "

မင်ကျဲ့ ၏ နှင်တံသည် သူမပါးစပ်ပေါ်သို့ ကျရောက်လာကာ သူမသွားနှစ်ချောင်းပါ ကျွတ်ထွက်သွားရချေသည်။ မင်ကျဲ့ ၏ အမူအရာမဲ့နေသည့် မျက်နှာပေါ်တွင်မူ သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ ဖြည်းညင်းစွာ ကော့တက်လာရလေ၏။

" မင်းက တကယ့်ကို အကြောက်အလန့်ကင်းတာပဲ ___ စိတ်ချပါ၊ ငါက မင်းကို သေတာထက်ပိုဆိုးတဲ့အရာကို ခံစားခိုင်းဦးမှာ။ "

တစ်ဖက်တွင်မူ၊ ယုဇီကျွေး မှ သူ့ကို ပြန်လွှတ်ပေးလာသည့်အခါတွင် လင်းရှ သည် ကိုယ့်ခြေထောက်ပေါ်တွင်ပင် သေချာမရပ်နိုင်တော့ချေ။ သူ့နှုတ်ခမ်းများမှာလည်း ယောင်ယမ်းကာ အနီရင့်ရင့်ပင် သမ်းနေချေပြီဖြစ်၏။ သူသည် အလျှင်အမြန်ပင် ခြေလှမ်းများကို ပြန်ထိန်းလိုက်ကာ ဆံပင်ကိုလည်း ပြန်ပြင်လိုက်ပေသည်။ ထို့နောက်

" ငါတို့ ပြန်ရောက်တဲ့အထိ မစောင့်နိုင်ဘူးလား ? "

ဟု ဆိုလိုက်မိ၏။

ယုဇီကျွေး သည် အလွန်တရာမှ စိတ်ကျေနပ်နေဟန်ဖြင့် ငွေရောင်မျက်နှာဖုံးကို ပြန်တပ်လိုက်လေသည်။ သူသည် အမြဲလိုလိုပင် လင်းရှ မှ အရွယ်ရောက်နှေးလှသည်ဟု ခံစားနေမိပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့လွန်းလှနေပေသေး၏။ သူသည် လင်းရှ နှုတ်ခမ်းများကို နမ်းရရုံဖြင့် အားမရနိုင်ချေ။

" ချိုလွန်းတယ်။ "

" …… "

လင်းရှ မှာ ပြောစရာစကားမဲ့သွားရ၏။

ဒီကောင်စုတ်လေး ယုဇီကျွေး ရဲ့ မျက်နှာက ဘယ်လိုလုပ် ဒီလောက်အရေထူနိုင်ရတာလဲ ?!

ထိုအချိန်မှာပင် ယုဇီကျွေး ၏ ခါးပေါ်မှ ချိပ်ပိတ်စာလွှာလက်ခံသည့် စက်သည် တုန်ခါလာလေသည်။ သူသည် ဖွင့်ကာ စာလွှာကို ဖတ်ကြည့်လိုက်ပြီနောက် မျက်ဆံများမှာ မသိမသာ ကျုံ့သွားရ၏ ___ ဆုန်းရှောင်ဟူ သည် မှော်နက်ဂိုဏ်းအတွင်းသို့ ရုတ်တရက် ဖောက်ဝင်လာခဲ့သည်ပင် !

(T/N ; EPC ရဲ့ ကျေးဇူးအဖြာဖြာကြောင့် မီးလည်းပျက်၊ ရေလည်းပျက်၊ wifi လည်းပျက်နဲ့ လူလည်း မီးလာတာနဲ့ လုပ်စရာရှိတာတွေ ပြေးလုပ်ရင်း အခုမှအားလို့တင်ဖြစ်တာ။ ဒီတစ်ပိုင်းကိုတောင် နှစ်ရက်ခွဲပြီး ဘာသာပြန်လိုက်ရတယ်။ (╥﹏╥) အားလုံးပဲ စိတ်မကောင်းပါဘူး။ )

Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
378K 26.9K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
271K 22K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
651K 56.6K 51
အိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်...