Me, You, The Ghost & Her

By PurpleNway

778 50 12

Me You the Ghost & Her More

Explanation & Introduction
Chapter-1 [Am I a Ghost?]
Chapter-2 [I Meet Her Again]
Chapter-3 [Work-Partner]
Chapter-4 [Strange Old Man]
Chapter-5 [A Night With Her]
Chapter-6 [F W M A,D]
Chapter-7 [Can you always protect me?]
Chapter-8 [I have An Answer But...]
Chapter-9 [Strange & Unseen]
Chapter-10 [Visit To Her Work]
Chapter-11 [Who Saved Me?]
Chapter-12 [Can You See Me?]
Chapter-13 [Secrets With People]
Chapter-14 [Secrets With People 2]
Chapter-15 [Who Is She?]
Chapter-16 [Again To Meet 1]
Chapter-17 [Again To Meet 2]
Chapter-18 [Can You Help Me?]
Chapter-19 [I Don't Know The Way To Help Your Friend]
Chapter-21 [She Has Many Secrets]
Chapter - 22 [Her World's Other Side]
Chapter - 23 [ A Strange Place ]
Chapter - 24 [ Pieces of Memories ]
Chapter - 25 [ Pain & Pale ]
Chapter - 26 [ Me,You The Ghost And Her ]
Chapter - 27 [ After Situation ]
Chapter - 28 [ MaskOwner ]
Chapter - 29 [The Person Who Knows]
Chapter - 30 [ Hospital Out Day ]
Chapter - 31 [ Uncle's Idea ]
Chapter - 32 [ Events On That Day ]
Chapter - 33 [ That Twelve Years ]
Chapter - 34 [ Destiny Date ]
Chapter - 35 [ One Step Near ]
Chapter - 36 [ Our Past ]
Chapter - 37 [ Thought or Truth ]
Chapter - 38 [ Team's Dinner ]
Chapter - 39 [ Something Between Them ]
Chapter - 40 [ Did We meet back ??? ]

Chapter-20 [ The One Who Know To Solve This Problem]

11 0 0
By PurpleNway

Unicode Version

ဆက်နွယ်သူသာသိသောအဖြေ

မည်းမည်းမှောင်နေသောနေရာတစ်ခုတွင်သော်ပြေးနေမိသည်။ပြေးရပါများလွန်း၍ညောင်းညာနေပြီခြေထောက်တို့ကိုမျက်ကွယ်ပြုကာသော်ဆက်လက်ပြေးနေမိသည်။သော်ပြေးနေသော်လည်း​ပြေးနေရသည့်အကြောင်းအရင်းကိုသော်မသိ။သို့သော်လည်းသော်ပြေးနေစဲပဲ။​သော်ခြေလှမ်းတို့ရပ်သွားသည်နှင့်သော်မြင်ရသည်ကသစ်ပင်များအုပ်စိုင်းနေသောတောအုပ်တစ်ခုဖြစ်ဟန်တွင်ရှိနေသောအိမ်ဟောင်းလေးတစ်အိမ်​တွင်။ထိုနောက်တွင်သော်မြင်နေရသည်ကပြောင်းသွားသည်။ကားတစ်စီးထဲရောက်နေပုံရသောသော်မြင်နေရသည့်လမ်းညွှန်ဆိုင်းဘုတ်တစ်ခုပင်။ဘယ်ညာလမ်းညွှန်သောထိုဆိုင်းဘုတ်တွင်သော်​အသေအချာတွေ့ရသည့်က
"စိုးမိုးစံအိမ်တော်သို့ရောက်ရန်(၂)မိုင်အလို။"
ဆိုသောစာသားပင်။သော်ထိုစာသားကိုဖတ်နေစဥ်နားထဲတွင်မိန်းကလေးတစ်ယောက်အော်သံလိုလို၊စကားပြောသံလိုလိုကိုကြားရကာထိုးကိုက်လာသောခေါင်းနဲ့အတူလေးလံနေသောမျက်လုံးတို့ကိုအတင်းဖွင့်ရန်​သော်ကြိုးစားမိသည်။
"ဟူး"
လေးလံနေသောမျက်လုံးများကိုပွင့်သွားသည်နှင့်သော်မြင်ရသည်က​ရင်းနှီးနေသောမိမိအခန်း၏မျက်နှာကြက်ပင်ဖြစ်နေ၍စိတ်အေးသွားကာသက်ပြင်းတစ်ချက်ချလိုက်ပြီးလှဲလျောင်းနေရာမှထထိုင်လိုက်သည်။ထိုစဥ်ပွင့်လာသောအခန်းတံခါးနဲ့အတူအစ်မဖြစ်သူ,သူဇာကဝင်လာပြီး
"သတိရပြီလား သော်။"
သူဇာမေးခွန်းကိုသော်ခေါင်းအသာညိတ်ပြလိုက်ပြီးသော်ပြန်မေးလိုက်သည်။
"အစ်မ ကျွန်တော်ဘယ်နှရက်တောင်မေ့နေတာလဲ။"
"သိပ်မကြာပါဘူး။ ၄၈နာရီနီးပါးပါပဲ။"
"ဒါနဲ့ဦးလေးရော.."
"ငါကိုစိတ်မပူပဲနဲ့မင်းဘာသာမင်းသာစိတ်ပူစမ်းပါ။ ပတ်တီးလူသားရဲ့။"
သော်၏မေးခွန်းကိုသော်အခန်းထဲထပ်ဝင်လာသောဦးလေးဖြစ်သူဦးမိုးလကပဲဝင်ဖြေပေးလာသဖြင့်သော်ကိုယ်ကိုယ့်ကိုပြန်ကြည့်လိုက်တော့ခန္ဓာကိုယ်အပေါ်ပိုင်းကအကျ်ီဝတ်စရာမလိုလောက်အောင်ပတ်တီးအပြည့်နဲ့ဖြစ်နေသည်။
"ဒါဘယ်သူလက်ချက်လဲ။ အစ်မနဲ့ဦးလေးတော့မဖြစ်နိုင်ဘူး။ တီအယ်လ်ဒေါက်တာရမ်းကုပဲဖြစ်မယ်။"
သော်စကားကြောင့်သူဇာနဲ့ဦးမိုးလတို့ကိုတစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်ကြသည်။ပြီးနောက်တွင်ဦးမိုးလကသော်ကိုရှုတည်တည်ကြည့်ရင်းပြောလာသည်။
"ရယ်စရာပြောနိုင်ပြီဆိုတော့သော်ကသက်သာနေပြီထင်တယ်။ အဲဒါတော့သူဇာ,ငါ့တူမလုပ်ပေးစရာမလိုတော့ဘူးမလား။"
"အာ ဘယ်ဟုတ်မလဲ။ ကျွန်တော်ကအစ်မနဲ့ဦးလေးစိတ်ပူမှာစိုးလို့ရယ်စရာတွေပြောနေတာ။ တကယ်တော့ကျွန်တော်ခေါင်းကကိုက်နေသလိုလို..။"
"သော်ချွဲ ချွဲမနေနဲ့။ နင်မချွဲလည်းငါကနင်ကိုငါသတ်မှတ်ထားတဲ့စိတ်ချရပြီဆိုတဲ့အခြေအနေအထိဆက်စောင့်ကြည့်အုံးမှာပါ။"
ဦးမိုးလစကားကြောင့်ချက်ချင်းပင်ခေါင်းကိုက်ပြသောမောင်ဖြစ်သူသော်ကိုသူဇာပြုံးတုံ့တုံ့နဲ့ကြည့်ရင်းပြန်ပြောမှသော်တစ်ယောက်ဆက်မချွဲတော့ပေ။
"ငါတော့နင်တို့မောင်နှမကိုမနိုင်ဘူးဟေ့။ ကဲကဲနဲ့ချွဲချွဲတို့ကိုဒီကလေးလေးလက်မြှောက်တယ်ဟေ့။ လက်မြှောက်တယ်။"
ဦးမိုးလကသော်နဲ့သူဇာတို့မောင်နှမကိုကြည့်ရင်းဟန်ပါပါနဲ့ပြောပြီးနောက်တွင်သော့်အခန်းထဲမှဦးမိုးလကထွက်သွားသည်။ဦးလေးပုံစံကြောင့်ဦးလေးထွက်သွားမှသူဇာနဲ့သော်တို့နှစ်ယောက်သားရယ်လိုက်ကြသည်။
"ဟား ဟားဟား။"
"ဟားဟား ဦးလေးကတော့ဗျာ။ ဒါနဲ့အစ်မကျွန်တော်ဗိုက်ဆာတယ်။ ပြီးတော့ရေလည်းသောက်ချင်တယ်။"
ဦးလေးထွက်သွားသည်နှင့်သူဇာကိုစခိုင်းသောသော်ကိုသူဇာမကျေမနပ်ဖြစ်ဟန်ဆောင်ကာတစ်ချက်ကြည့်ပြီး
"ခဏလေးပြန်မှေးရင်းစောင့်နေ။"
ပြောပြီးသူဇာကသော်ကိုပြန်လှဲစေ​ပြီးစောင်ခြုံပေးကာအခန်းထဲမှထွက်သွားသည်။အစ်မဖြစ်သူ,သူဇာအခန်းထဲမှထွက်သွားသည်နှင့်သော်,ကုတင်ဘေးကစားပွဲတွင်တင်ထားသောလက်တော့ပ်ကိုလှမ်းယူလိုက်ပြီးနောက်စခရင်ဖွင့်ပြီးအိမ်မက်တွင်သေသေချာချာ​မြင်လိုက်ရသည့်စာသားကိုရိုက်နှိပ်ကာရှာဖွေမိတော့နီးစပ်သည့်လိပ်စာတစ်ခုပေါ်လာသည်။ပေါ်လာသောလိပ်စာကိုသော်အသေအချာခေါင်းထဲမှတ်ထားလိုက်ပြီးလက်တော့ပ်ကိုနေရာတွင်ပြန်ထားလိုက်သည်။

အမိကသူ့တိုက်သို့ရောက်သည်နှင့်သူ့အခန်းထဲသူဝင်သွားသော်လည်းသူလိုက်မဝင်ဖြစ်ပဲအပေါ်ခေါင်မိုးထပ်သို့သာဆက်တက်လာဖြစ်သည်။ခေါင်မိုးထပ်တွင်သူကိုဖြတ်ကာတိုက်ခတ်သွားသောညခင်းလေပြေများကိုသူဝဝရှုရှိုက်ရင်းအောက်ကသွားလာနေသောလူများကိုကြည့်နေမိသည်။ပုံမှန်အနေအထားရှိသော်လည်းအပေါ်စီးကကြည့်နေသည်ဖြစ်၍သူမျက်ဝန်းထဲကသွားလာနေသောလူများ၊ကားများ၊ဆိုင်များကသေးငယ်သွားသလိုမြင်ရသည်။ထိုကြောင့်လည်းလူတော်တော်များများကအထက်စီးကပြောဆိုဆက်ဆံရတာကြိုက်ခြင်းဖြစ်လိမ့်မည်ဟုသူတွေးတောရင်းအမှတ်မထင်အောက်သို့အကြည့်ရောက်တော့ဟိုအရင်တစ်ခါကသူ့ကိုမြင်ရသည့်အဘိုးအိုဖြတ်လျှောက်သွားသည်ကိုတွေ့ရသဖြင့်သူအမြန်ပင်အဘိုးအိုနောက်လိုက်လာမိခဲ့သည်။
"အဘိုး အဘိုး ခဏလေးပါ။"
သူ့ခေါ်သံကိုကြားပုံရသောအဘိုးကလူရှင်းသည့်တနေရာတွင်ခြေလှမ်းကိုရပ်တန့်လိုက်သည်။
"အဘိုးကကျွန်တော်ကိုမြင်နေရတယ်ဆိုတော့ကျွန်တော်ကိုကူညီနိုင်မယ်ထင်တယ်။"
သူ့စကားကိုအဘိုးအိုကခေါင်းတစ်ချက်ညိတ်ပြပြီးမျက်လုံးတို့ကိုမှိတ်လိုက်သဖြင့်သူလည်းအဘိုးအိုကိုသေချာကြည့်နေမိသည်။
"လက်ပတ်​ မင်းကိုအာရုံခံကြည့်တာလက်ပတ်ပဲတွေ့ရတယ်။"
ခဏအကြာတွင်အဘိုးအိုကမျက်လုံးကိုပြန်ဖွင့်ပြီးပြောလာသည့်စကားအဆုံးတွင်သူရေရွတ်ကာမေးမိသည်။
"လက်ပတ် ဘာလက်ပတ်လဲ။ ဘယ်သူ့လက်ပတ်လဲ။.."
"အဲဒီအထိငါမ​မြင်နိုင်ဘူး။ ငါဒီလောက်မြင်ရတာဆိုတာကမင်းနဲ့ငါနဲ့အတိတ်ဘဝတစ်ခုမှာထူးထူးကဲကဲဆက်နွယ်မှုတွေရှိခဲ့လို့ပဲ။"
"ခဏ ကျွန်တော်ကရိုင်းတယ်လို့တော့မထင်ပါနဲ့။ အဘိုးကဘာလဲ။ အကြားအမြင်ဆရာကြီးလားဗျ။"
"မင်းမှတ်ချင်သလိုသာမှတ်ထားလိုက်ပါ။ ငါမြင်တာလည်းပြောပြီးပြီဆိုတော့ငါသွားစရာရှိသေးတယ်။"
သူ့မေးခွန်းအဆုံးတွင်အဘိုးအိုကခပ်အေးအေးပင်ဖြေပြီးထွက်သွားသဖြင့်သူတစ်ယောက်သာ'လက်ပတ်'ဆိုသည်ကိုသာစဥ်းစားတွေးကာအဖြေထုတ်နေမိသည်။

"အဖေ ဒီမှာဘာလုပ်နေတာလဲ။ လာမယ်ဆိုရင်လည်းဖုန်းကြိုဆက်တာမဟုတ်ဘူး။ အခုတော့အဖေအကြာကြီးစောင့်နေရတာပေါ့​ဗျာ။"
နေ့တေးဆိုကားပါကင်တွင်ကားရပ်ပြီးကားပေါ်ကဆင်းလာတော့အထုပ်တစ်ထုပ်နဲ့ရပ်စောင့်နေသောဖခင်ဖြစ်သူကိုတွေ့၍ပြောလိုက်သော်လည်းဘာမှပြန်မဖြေလာသောဖခင်ကြောင့်နေ့တေးဆိုဖခင်အနားသွားရပ်ကာ
"အဖေ အဖေ"
နှစ်ခါထပ်ခေါ်သံအဆုံးတွင်ဖခင်ဖြစ်သူတစ်ယောက်ဟိုဒီကြည့်နေပြီးမှနေ့တေးဆိုကတွေ့သွားပုံရကာ
"သား သားရောက်နေတာကြာပြီလား။"
"ခုနကမှရောက်တာ။ အဖေဘာဖြစ်နေတာလဲ။"
"အဖေ သားကိုစောင့်နေရင်းအိမ်မက်မက်နေတာ။"
"အိမ်မက် ဒါဆိုအဖေကမတ်တပ်ရပ်ရင်းအိပ်ပျော်နေတာလား။"
ဖခင်ဖြစ်သူစကားကြောင့်နေ့တေးဆိုမေးတော့ဖခင်ဖြစ်သူခေါင်းညိတ်ပြီးဆက်ဖြေလာသည်က
"အဲဝိညာဥ်ကြောင့်သားကသားကျိန်စာကိုဖြေနိုင်မယ်။...."
"အဖေ အခန်းရောက်မှအေးအေးဆေးဆေးပြောတာပေါ့​ဗျာ။ လာ အဖေ။"
ဖခင်ဖြစ်သူစကားစကိုနေ့တေးဆိုဖြတ်ပြောပြီးဖခင်ဖြစ်သူနဲ့အခန်းဆီသို့​လာခဲ့သည်။အခန်းတွင်ရောက်မှဖခင်ဖြစ်သူကိုထိုင်စေသလိုနေ့တေးဆိုလည်းဝင်ထိုင်လိုက်တော့
"သားအခုတလောဝိညာဥ်တွေကိုတွေ့သေးလား။"
ဖခင်ဖြစ်သူ၏အမေးကိုသူခေါင်းခါလိုက်ပြီးမှ
"မဟုတ်ဘူး။ လက်စွပ်ဝတ်ထားလို့အခြားဝိညာဥ်တွေကိုမတွေ့ရပေမယ့် ဝိညာဥ်တစ်ခုကိုတော့လက်စွပ်ဝတ်ထားတာတောင်မြင်နေရတယ်။"
"ဒါဆိုရင်အမှာစကားကမှန်တာပေါ့။ သားကဆက်နွယ်သူကိုသာရှာ။ အမှာစကားနောက်ဆက်တွဲကဆက်နွယ်သူဆီမှာသာအဖြေရှိတယ်တဲ့။"
"ဆက်နွယ်သူကိုဘယ်လိုသိရမှာလဲ။"
"ဒါတော့အဖေလည်းအသေအချာမပြောနိုင်ဘူး။ မင်းအဘိုးတော့သိလောက်မယ်။"
ဖခင်ဖြစ်သူစကားကြောင့်မျက်လုံးအရောင်လက်သွားသောနေ့တေးဆိုကိုကြည့်ရင်းဖခင်ဖြစ်သူတစ်ယောက်လည်းဝမ်းသာမိသည်။
"အဖြေရရင်ဖုန်းဆက်ပေးမယ်။ မင်းကြည့်ရတာပိန်လိုက်တာ။ ဟင်းတွေယူလာလို့အစားကိုအချိန်မှန်မှန်စား။ ငါသွားတော့မယ်။"
ဖခင်ဖြစ်သူကနေ့တေးဆိုလက်ထဲယူလာသောအထုပ်ကိုထည့်ပြီးမတ်တပ်ထရပ်လိုက်သည်။
"တံခါးကိုသာသေချာပိတ် ငါကိုလိုက်မပို့နဲ့တော့။"
ဖခင်ဖြစ်သူကပြောပြီးထွက်သွားသဖြင့်နေ့တေးဆိုအခန်းဝအထိလိုက်ပို့ပေးပြီးနောက်တံခါးပြန်ပိတ်ကာတနေ့ကုန်၏အမောကိုဖြေရန်ရေအေးအေးလေးကိုစိမ်ပြေနပြေချိုးရန်ရေချိုးခန်းထဲသို့နေ့တေးဆိုဝင်သွားလေသည်။

"အဖေ စောင့်ရတာကြာသွားလား​ဗျ။"
ဖခင်ဖြစ်သူစောင့်နေမည့်နေရာသို့သူ့ကားရပ်သည်နှင့်ကားပေါ်တက်လာသောဖခင်ဖြစ်သူကိုသူမေးမိတော့ဖခင်ဖြစ်သူကခေါင်းခါပြရင်း
"မြေးလေးဆီဝင်ပြီးပြီလား။"
ဖခင်ဖြစ်သူ၏အမေးကိုသူခေါင်းညိတ်ပြပြီး
"အဖေ ကျွန်တော်သူ့ကိုစောင့်နေရင်းအိမ်မက်မက်ခဲ့တယ်။အိမ်မက်အမှာစကားနှစ်ခုက..."
သူ့အိမ်မက်အကြောင်းဖခင်ဖြစ်သူကိုပြောပြလိုက်တော့ဖခင်ဖြစ်သူကခေတ္တတိတ်ဆိတ်သွားပြီးမှ
"ကားကိုပြန်လှည့်လိုက် မြေးလေးဆီပြန်သွားရမယ်။"
"ဟုတ်ကဲ့ပါ အဖေ။"
ဖခင်ဖြစ်သူ၏စကားအတိုင်းသူကားကိုပြန်လှည့်ကာသားဖြစ်သူ၏အိမ်ရှိရာသို့ပြန်မောင်းလာခဲ့သည်။သားဖြစ်သူနေထိုင်ရာတိုက်အောက်ရောက်သည်နှင့်ကားပါကင်တွင်ကားကိုရပ်ထားခဲ့ပြီးနောက်တွင်သားအ​ဖနှစ်ယောက်မြေးဖြစ်သူနေသည့်အထပ်သို့ဓာတ်လှေကားဖြင့်တက်လာခဲ့ကြသည်။
"တီးတောင် တီးတောင်"
အဖေဖြစ်သူယူလာသောဟင်းများဖြင့်ထမင်းများများစားလိုက်ပြီးပန်းကန်ဆေးကာအနားယူရန်အိပ်ခန်းသို့သွားနေသောနေ့တေးဆိုတစ်ယောက်ဘဲလ်မြည်သံကြောင့်အခန်းတံခါးကိုသွားဖွင့်လိုက်သည်။ပွင့်လာသောအခန်းတံခါးနဲ့အတူမြင်လိုက်ရသည့်အဘိုးနဲ့အဖေဖြစ်သူကြောင့်နေ့တေးဆိုအံ့သြနေရင်း
"အဘိုး အဖေဘယ်လိုဖြစ်လို့လဲ။"
နေ့တေးဆိုမေးမြန်းရင်းနဲ့အဘိုးနဲ့အဖေဖြစ်သူကိုဝင်ခွင့်ပေးလိုက်သည်။ထိုနောက်တွင်မြေးအဘိုးသုံးယောက်ဧည့်ခန်းတွင်းကထိုင်ခုံတွင်ဝင်ထိုင်လိုက်ရင်း
"ငါ့မြေးကိုအဘိုးပြောစရာရှိလို့ မင်းအဖေကိုကားပြန်လှည့်ခိုင်းလိုက်တာ။"
"ပြောပါ အဘိုး။"
စပြောလာသောအဘိုးဖြစ်သူစကားကိုနေ့တေးဆိုစကားထောက်ပေးလိုက်တော့အဘိုးဖြစ်သူပြောလာသည်က
"သားကျိန်စာသင့်တာကအဖိုးကြောင့်ပဲ။ အဖိုးကအနွယ်မတူတဲ့မင်းအဖွားနဲ့နှစ်ဖက်မျိုးရိုးစည်ကမ်းတွေကိုဆန့်ကျင်ပြီးလက်ထပ်ခဲ့ကြတယ်။ အဖိုးရဲ့အကြားအမြင်ပါရမီထူးကိုအဖိုးသား၊မင်းအဖေဆီလက်ဆင့်မကမ်းနိုင်ခဲ့ဘူး။အဲဒါကြောင့်မင်းအဖေကသာမန်လူတစ်ယောက်ဖြစ်သွားရတာကစည်းကမ်းဖောက်ဖျက်လို့ရတဲ့ပထမအပြစ်ဒဏ်ပဲ။....."
"......ဒုတိယပြစ်ဒဏ်ကတော့ဆန့်ကျင့်ခဲ့တဲ့အဖိုးရဲ့တစ်ဆက်ကျော်မျိုးဆက်မှာမွေးဖွားလာတဲ့သူရဲ့ဖူးစာရှင်ကသူနဲ့မျိုးတူလူဖြစ်ကိုဖြစ်လိမ့်မယ်။ ပြီးတော့အဲဒီမွေးဖွားလာတဲ့သူမှာလူမ​ဟုတ်တဲ့အရာတွေကိုမြင်နိုင်မယ့်ကျိန်စာပါတယ်။ အဲဒီကျိန်စာကပျမ်းမျှသက်တမ်းရဲ့လေးပုံတစ်ပုံအတွင်းပြေအောင်မလုပ်နိုင်ရင်တစ်သက်လုံးအဲဒီအရာတွေကိုမြင်နေရမယ်တဲ့။"
"ဒါဆို..."
အဘိုးဖြစ်သူစကားကြောင့်နေ့တေးဆိုအံ့သြနေမိသည်မှာစကားတောင်ဆက်မပြောနိုင်။နေ့တေးဆိုအဖေက​တော့နေ့တေးဆိုပခုံးကိုလာဆုပ်ကိုင်ပေးထားသည်။
"အဘိုးအပြစ်တွေကြောင့်ငါ့မြေးလေးအဲလိုတွေခံနေရတာပါ။"
နေ့တေးဆိုကိုပြောလာသောအဘိုးဖြစ်သူ၏သူကိုယ့်သူပြစ်တင်ပြောဆိုမှုကိုနေ့တေးဆိုချက်ချင်းပင်ဝင်ပြောလိုက်သည်။
"မဟုတ်ပါဘူး အဘိုး။ တကယ်လို့အဘိုးသာအဖွားကိုလက်မထပ်ခဲ့ရင်ကျွန်တော်ဆိုတာရှိလာမယ်လို့ကိုမထင်ဘူး။"
"ဟုတ်ပါတယ် အဖေရယ်။ ဖြစ်လာသမျှကကောင်းဖို့ပဲဗျာ။"
နေ့တေးဆိုစကားအဆုံးတွင်နေ့တေးဆိုဖခင်ကပါဝင်ပြောပေးလာသည်။
"ငါ့အပေါ်မင်းတို့တွေနားလည်ပေးကြတာပေါ့။ ဒါနဲ့မင်းအဖေပြောတဲ့ဆက်နွယ်သူဆိုတဲ့စကားကိုအဘိုးနားလည်တယ်။"
အဘိုးဖြစ်သူစကားအဆုံးတွင်နေ့တေးဆိုတို့သားအဖနှစ်ယောက်လုံးစိတ်ဝင်စားစွာနားထောင်နေမိသည်။အဘိုးဖြစ်သူဆက်ပြောလာသည်က
"ဆက်နွယ်သူဆိုတဲ့စကားသာမန်လူတစ်ယောက်ကိုပဲညွှန်းတာ။ဝေးကွာနေတဲ့သူတွေကိုပြန်ဆက်စပ်​သွားစေမှာကအဲဒီလူရဲ့ကံကြမ္မာပဲ။"
"အဲဒီလူကိုဘယ်လိုရှာရမှာလဲ အဖေ။"
"ရှာစရာမလိုပဲတွေ့လိမ့်မယ်။ ဒါမှမဟုတ်တွေ့ပြီးတာတောင်ဖြစ်နေမလားဆိုတာတော့အဖိုးလည်းမပြောတတ်ဘူး။"
"အဖိုးရော၊အဖေရောဒီနေ့ပင်ပန်းနေလောက်ပြီ။ ဒီညတော့ဒီမှာအိပ်ပြီးမနက်အလုပ်သွားတဲ့အချိန်မှပြန်။ ဒီညအိပ်ဖို့ပြင်ဆင်ပေးပါ့မယ်။"
အဖိုးဖြစ်သူစကားအဆုံးတွင်နေ့တေးဆိုပြောလာပြီးအဖိုးနဲ့အဖေဖြစ်သူတို့နားရန်နေရာကိုနေ့တေးဆိုပြင်ဆင်လိုက်လေသည်။

With Love,
PurpleNwayW

__________________
Zawgyi Version

ဆက္ႏြယ္သူသာသိေသာအေျဖ

မည္းမည္းေမွာင္ေနေသာေနရာတစ္ခုတြင္ေသာ္ေျပးေနမိသည္။ေျပးရပါမ်ားလြန္း၍ေညာင္းညာေနၿပီေျခေထာက္တို႔ကိုမ်က္ကြယ္ျပဳကာေသာ္ဆက္လက္ေျပးေနမိသည္။ေသာ္ေျပးေနေသာ္လည္း​ေျပးေနရသည့္အေၾကာင္းအရင္းကိုေသာ္မသိ။သို႔ေသာ္လည္းေသာ္ေျပးေနစဲပဲ။​ေသာ္ေျခလွမ္းတို႔ရပ္သြားသည္ႏွင့္ေသာ္ျမင္ရသည္ကသစ္ပင္မ်ားအုပ္စိုင္းေနေသာေတာအုပ္တစ္ခုျဖစ္ဟန္တြင္ရွိေနေသာအိမ္ေဟာင္းေလးတစ္အိမ္​တြင္။ထိုေနာက္တြင္ေသာ္ျမင္ေနရသည္ကေျပာင္းသြားသည္။ကားတစ္စီးထဲေရာက္ေနပုံရေသာေသာ္ျမင္ေနရသည့္လမ္းၫႊန္ဆိုင္းဘုတ္တစ္ခုပင္။ဘယ္ညာလမ္းၫႊန္ေသာထိုဆိုင္းဘုတ္တြင္ေသာ္​အေသအခ်ာေတြ႕ရသည့္က
"စိုးမိုးစံအိမ္ေတာ္သို႔ေရာက္ရန္(၂)မိုင္အလို။"
ဆိုေသာစာသားပင္။ေသာ္ထိုစာသားကိုဖတ္ေနစဥ္နားထဲတြင္မိန္းကေလးတစ္ေယာက္ေအာ္သံလိုလို၊စကားေျပာသံလိုလိုကိုၾကားရကာထိုးကိုက္လာေသာေခါင္းနဲ႕အတူေလးလံေနေသာမ်က္လုံးတို႔ကိုအတင္းဖြင့္ရန္​ေသာ္ႀကိဳးစားမိသည္။
"ဟူး"
ေလးလံေနေသာမ်က္လုံးမ်ားကိုပြင့္သြားသည္ႏွင့္ေသာ္ျမင္ရသည္က​ရင္းႏွီးေနေသာမိမိအခန္း၏မ်က္ႏွာၾကက္ပင္ျဖစ္ေန၍စိတ္ေအးသြားကာသက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီးလွဲေလ်ာင္းေနရာမွထထိုင္လိုက္သည္။ထိုစဥ္ပြင့္လာေသာအခန္းတံခါးနဲ႕အတူအစ္မျဖစ္သူ,သူဇာကဝင္လာၿပီး
"သတိရၿပီလား ေသာ္။"
သူဇာေမးခြန္းကိုေသာ္ေခါင္းအသာညိတ္ျပလိုက္ၿပီးေသာ္ျပန္ေမးလိုက္သည္။
"အစ္မ ကြၽန္ေတာ္ဘယ္ႏွရက္ေတာင္ေမ့ေနတာလဲ။"
"သိပ္မၾကာပါဘူး။ ၄၈နာရီနီးပါးပါပဲ။"
"ဒါနဲ႕ဦးေလးေရာ.."
"ငါကိုစိတ္မပူပဲနဲ႕မင္းဘာသာမင္းသာစိတ္ပူစမ္းပါ။ ပတ္တီးလူသားရဲ႕။"
ေသာ္၏ေမးခြန္းကိုေသာ္အခန္းထဲထပ္ဝင္လာေသာဦးေလးျဖစ္သူဦးမိုးလကပဲဝင္ေျဖေပးလာသျဖင့္ေသာ္ကိုယ္ကိုယ့္ကိုျပန္ၾကည့္လိုက္ေတာ့ခႏၶာကိုယ္အေပၚပိုင္းကအက်္ီဝတ္စရာမလိုေလာက္ေအာင္ပတ္တီးအျပည့္နဲ႕ျဖစ္ေနသည္။
"ဒါဘယ္သူလက္ခ်က္လဲ။ အစ္မနဲ႕ဦးေလးေတာ့မျဖစ္နိုင္ဘူး။ တီအယ္လ္ေဒါက္တာရမ္းကုပဲျဖစ္မယ္။"
ေသာ္စကားေၾကာင့္သူဇာနဲ႕ဦးမိုးလတို႔ကိုတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာၿပဳံးလိုက္ၾကသည္။ၿပီးေနာက္တြင္ဦးမိုးလကေသာ္ကိုရႈတည္တည္ၾကည့္ရင္းေျပာလာသည္။
"ရယ္စရာေျပာနိုင္ၿပီဆိုေတာ့ေသာ္ကသက္သာေနၿပီထင္တယ္။ အဲဒါေတာ့သူဇာ,ငါ့တူမလုပ္ေပးစရာမလိုေတာ့ဘူးမလား။"
"အာ ဘယ္ဟုတ္မလဲ။ ကြၽန္ေတာ္ကအစ္မနဲ႕ဦးေလးစိတ္ပူမွာစိုးလို႔ရယ္စရာေတြေျပာေနတာ။ တကယ္ေတာ့ကြၽန္ေတာ္ေခါင္းကကိုက္ေနသလိုလို..။"
"ေသာ္ခြၽဲ ခြၽဲမေနနဲ႕။ နင္မခြၽဲလည္းငါကနင္ကိုငါသတ္မွတ္ထားတဲ့စိတ္ခ်ရၿပီဆိုတဲ့အေျခအေနအထိဆက္ေစာင့္ၾကည့္အုံးမွာပါ။"
ဦးမိုးလစကားေၾကာင့္ခ်က္ခ်င္းပင္ေခါင္းကိုက္ျပေသာေမာင္ျဖစ္သူေသာ္ကိုသူဇာၿပဳံးတုံ႕တုံ႕နဲ႕ၾကည့္ရင္းျပန္ေျပာမွေသာ္တစ္ေယာက္ဆက္မခြၽဲေတာ့ေပ။
"ငါေတာ့နင္တို႔ေမာင္ႏွမကိုမနိုင္ဘူးေဟ့။ ကဲကဲနဲ႕ခြၽဲခြၽဲတို႔ကိုဒီကေလးေလးလက္ျမႇောက္တယ္ေဟ့။ လက္ျမႇောက္တယ္။"
ဦးမိုးလကေသာ္နဲ႕သူဇာတို႔ေမာင္ႏွမကိုၾကည့္ရင္းဟန္ပါပါနဲ႕ေျပာၿပီးေနာက္တြင္ေသာ့္အခန္းထဲမွဦးမိုးလကထြက္သြားသည္။ဦးေလးပုံစံေၾကာင့္ဦးေလးထြက္သြားမွသူဇာနဲ႕ေသာ္တို႔ႏွစ္ေယာက္သားရယ္လိုက္ၾကသည္။
"ဟား ဟားဟား။"
"ဟားဟား ဦးေလးကေတာ့ဗ်ာ။ ဒါနဲ႕အစ္မကြၽန္ေတာ္ဗိုက္ဆာတယ္။ ၿပီးေတာ့ေရလည္းေသာက္ခ်င္တယ္။"
ဦးေလးထြက္သြားသည္ႏွင့္သူဇာကိုစခိုင္းေသာေသာ္ကိုသူဇာမေက်မနပ္ျဖစ္ဟန္ေဆာင္ကာတစ္ခ်က္ၾကည့္ၿပီး
"ခဏေလးျပန္ေမွးရင္းေစာင့္ေန။"
ေျပာၿပီးသူဇာကေသာ္ကိုျပန္လွဲေစ​ၿပီးေစာင္ၿခဳံေပးကာအခန္းထဲမွထြက္သြားသည္။အစ္မျဖစ္သူ,သူဇာအခန္းထဲမွထြက္သြားသည္ႏွင့္ေသာ္,ကုတင္ေဘးကစားပြဲတြင္တင္ထားေသာလက္ေတာ့ပ္ကိုလွမ္းယူလိုက္ၿပီးေနာက္စခရင္ဖြင့္ၿပီးအိမ္မက္တြင္ေသေသခ်ာခ်ာ​ျမင္လိုက္ရသည့္စာသားကိုရိုက္ႏွိပ္ကာရွာေဖြမိေတာ့နီးစပ္သည့္လိပ္စာတစ္ခုေပၚလာသည္။ေပၚလာေသာလိပ္စာကိုေသာ္အေသအခ်ာေခါင္းထဲမွတ္ထားလိုက္ၿပီးလက္ေတာ့ပ္ကိုေနရာတြင္ျပန္ထားလိုက္သည္။

အမိကသူ႕တိုက္သို႔ေရာက္သည္ႏွင့္သူ႕အခန္းထဲသူဝင္သြားေသာ္လည္းသူလိုက္မဝင္ျဖစ္ပဲအေပၚေခါင္မိုးထပ္သို႔သာဆက္တက္လာျဖစ္သည္။ေခါင္မိုးထပ္တြင္သူကိုျဖတ္ကာတိုက္ခတ္သြားေသာညခင္းေလေျပမ်ားကိုသူဝဝရႈရွိုက္ရင္းေအာက္ကသြားလာေနေသာလူမ်ားကိုၾကည့္ေနမိသည္။ပုံမွန္အေနအထားရွိေသာ္လည္းအေပၚစီးကၾကည့္ေနသည္ျဖစ္၍သူမ်က္ဝန္းထဲကသြားလာေနေသာလူမ်ား၊ကားမ်ား၊ဆိုင္မ်ားကေသးငယ္သြားသလိုျမင္ရသည္။ထိုေၾကာင့္လည္းလူေတာ္ေတာ္မ်ားမ်ားကအထက္စီးကေျပာဆိုဆက္ဆံရတာႀကိဳက္ျခင္းျဖစ္လိမ့္မည္ဟုသူေတြးေတာရင္းအမွတ္မထင္ေအာက္သို႔အၾကည့္ေရာက္ေတာ့ဟိုအရင္တစ္ခါကသူ႕ကိုျမင္ရသည့္အဘိုးအိုျဖတ္ေလွ်ာက္သြားသည္ကိုေတြ႕ရသျဖင့္သူအျမန္ပင္အဘိုးအိုေနာက္လိုက္လာမိခဲ့သည္။
"အဘိုး အဘိုး ခဏေလးပါ။"
သူ႕ေခၚသံကိုၾကားပုံရေသာအဘိုးကလူရွင္းသည့္တေနရာတြင္ေျခလွမ္းကိုရပ္တန့္လိုက္သည္။
"အဘိုးကကြၽန္ေတာ္ကိုျမင္ေနရတယ္ဆိုေတာ့ကြၽန္ေတာ္ကိုကူညီနိုင္မယ္ထင္တယ္။"
သူ႕စကားကိုအဘိုးအိုကေခါင္းတစ္ခ်က္ညိတ္ျပၿပီးမ်က္လုံးတို႔ကိုမွိတ္လိုက္သျဖင့္သူလည္းအဘိုးအိုကိုေသခ်ာၾကည့္ေနမိသည္။
"လက္ပတ္​ မင္းကိုအာ႐ုံခံၾကည့္တာလက္ပတ္ပဲေတြ႕ရတယ္။"
ခဏအၾကာတြင္အဘိုးအိုကမ်က္လုံးကိုျပန္ဖြင့္ၿပီးေျပာလာသည့္စကားအဆုံးတြင္သူေရ႐ြတ္ကာေမးမိသည္။
"လက္ပတ္ ဘာလက္ပတ္လဲ။ ဘယ္သူ႕လက္ပတ္လဲ။.."
"အဲဒီအထိငါမ​ျမင္နိုင္ဘူး။ ငါဒီေလာက္ျမင္ရတာဆိုတာကမင္းနဲ႕ငါနဲ႕အတိတ္ဘဝတစ္ခုမွာထူးထူးကဲကဲဆက္ႏြယ္မႈေတြရွိခဲ့လို႔ပဲ။"
"ခဏ ကြၽန္ေတာ္ကရိုင္းတယ္လို႔ေတာ့မထင္ပါနဲ႕။ အဘိုးကဘာလဲ။ အၾကားအျမင္ဆရာႀကီးလားဗ်။"
"မင္းမွတ္ခ်င္သလိုသာမွတ္ထားလိုက္ပါ။ ငါျမင္တာလည္းေျပာၿပီးၿပီဆိုေတာ့ငါသြားစရာရွိေသးတယ္။"
သူ႕ေမးခြန္းအဆုံးတြင္အဘိုးအိုကခပ္ေအးေအးပင္ေျဖၿပီးထြက္သြားသျဖင့္သူတစ္ေယာက္သာ'လက္ပတ္'ဆိုသည္ကိုသာစဥ္းစားေတြးကာအေျဖထုတ္ေနမိသည္။

"အေဖ ဒီမွာဘာလုပ္ေနတာလဲ။ လာမယ္ဆိုရင္လည္းဖုန္းႀကိဳဆက္တာမဟုတ္ဘူး။ အခုေတာ့အေဖအၾကာႀကီးေစာင့္ေနရတာေပါ့​ဗ်ာ။"
ေန႕ေတးဆိုကားပါကင္တြင္ကားရပ္ၿပီးကားေပၚကဆင္းလာေတာ့အထုပ္တစ္ထုပ္နဲ႕ရပ္ေစာင့္ေနေသာဖခင္ျဖစ္သူကိုေတြ႕၍ေျပာလိုက္ေသာ္လည္းဘာမွျပန္မေျဖလာေသာဖခင္ေၾကာင့္ေန႕ေတးဆိုဖခင္အနားသြားရပ္ကာ
"အေဖ အေဖ"
ႏွစ္ခါထပ္ေခၚသံအဆုံးတြင္ဖခင္ျဖစ္သူတစ္ေယာက္ဟိုဒီၾကည့္ေနၿပီးမွေန႕ေတးဆိုကေတြ႕သြားပုံရကာ
"သား သားေရာက္ေနတာၾကာၿပီလား။"
"ခုနကမွေရာက္တာ။ အေဖဘာျဖစ္ေနတာလဲ။"
"အေဖ သားကိုေစာင့္ေနရင္းအိမ္မက္မက္ေနတာ။"
"အိမ္မက္ ဒါဆိုအေဖကမတ္တပ္ရပ္ရင္းအိပ္ေပ်ာ္ေနတာလား။"
ဖခင္ျဖစ္သူစကားေၾကာင့္ေန႕ေတးဆိုေမးေတာ့ဖခင္ျဖစ္သူေခါင္းညိတ္ၿပီးဆက္ေျဖလာသည္က
"အဲဝိညာဥ္ေၾကာင့္သားကသားက်ိန္စာကိုေျဖနိုင္မယ္။...."
"အေဖ အခန္းေရာက္မွေအးေအးေဆးေဆးေျပာတာေပါ့​ဗ်ာ။ လာ အေဖ။"
ဖခင္ျဖစ္သူစကားစကိုေန႕ေတးဆိုျဖတ္ေျပာၿပီးဖခင္ျဖစ္သူနဲ႕အခန္းဆီသို႔​လာခဲ့သည္။အခန္းတြင္ေရာက္မွဖခင္ျဖစ္သူကိုထိုင္ေစသလိုေန႕ေတးဆိုလည္းဝင္ထိုင္လိုက္ေတာ့
"သားအခုတေလာဝိညာဥ္ေတြကိုေတြ႕ေသးလား။"
ဖခင္ျဖစ္သူ၏အေမးကိုသူေခါင္းခါလိုက္ၿပီးမွ
"မဟုတ္ဘူး။ လက္စြပ္ဝတ္ထားလို႔အျခားဝိညာဥ္ေတြကိုမေတြ႕ရေပမယ့္ ဝိညာဥ္တစ္ခုကိုေတာ့လက္စြပ္ဝတ္ထားတာေတာင္ျမင္ေနရတယ္။"
"ဒါဆိုရင္အမွာစကားကမွန္တာေပါ့။ သားကဆက္ႏြယ္သူကိုသာရွာ။ အမွာစကားေနာက္ဆက္တြဲကဆက္ႏြယ္သူဆီမွာသာအေျဖရွိတယ္တဲ့။"
"ဆက္ႏြယ္သူကိုဘယ္လိုသိရမွာလဲ။"
"ဒါေတာ့အေဖလည္းအေသအခ်ာမေျပာနိုင္ဘူး။ မင္းအဘိုးေတာ့သိေလာက္မယ္။"
ဖခင္ျဖစ္သူစကားေၾကာင့္မ်က္လုံးအေရာင္လက္သြားေသာေန႕ေတးဆိုကိုၾကည့္ရင္းဖခင္ျဖစ္သူတစ္ေယာက္လည္းဝမ္းသာမိသည္။
"အေျဖရရင္ဖုန္းဆက္ေပးမယ္။ မင္းၾကည့္ရတာပိန္လိုက္တာ။ ဟင္းေတြယူလာလို႔အစားကိုအခ်ိန္မွန္မွန္စား။ ငါသြားေတာ့မယ္။"
ဖခင္ျဖစ္သူကေန႕ေတးဆိုလက္ထဲယူလာေသာအထုပ္ကိုထည့္ၿပီးမတ္တပ္ထရပ္လိုက္သည္။
"တံခါးကိုသာေသခ်ာပိတ္ ငါကိုလိုက္မပို႔နဲ႕ေတာ့။"
ဖခင္ျဖစ္သူကေျပာၿပီးထြက္သြားသျဖင့္ေန႕ေတးဆိုအခန္းဝအထိလိုက္ပို႔ေပးၿပီးေနာက္တံခါးျပန္ပိတ္ကာတေန႕ကုန္၏အေမာကိုေျဖရန္ေရေအးေအးေလးကိုစိမ္ေျပနေျပခ်ိဳးရန္ေရခ်ိဳးခန္းထဲသို႔ေန႕ေတးဆိုဝင္သြားေလသည္။

"အေဖ ေစာင့္ရတာၾကာသြားလား​ဗ်။"
ဖခင္ျဖစ္သူေစာင့္ေနမည့္ေနရာသို႔သူ႕ကားရပ္သည္ႏွင့္ကားေပၚတက္လာေသာဖခင္ျဖစ္သူကိုသူေမးမိေတာ့ဖခင္ျဖစ္သူကေခါင္းခါျပရင္း
"ေျမးေလးဆီဝင္ၿပီးၿပီလား။"
ဖခင္ျဖစ္သူ၏အေမးကိုသူေခါင္းညိတ္ျပၿပီး
"အေဖ ကြၽန္ေတာ္သူ႕ကိုေစာင့္ေနရင္းအိမ္မက္မက္ခဲ့တယ္။အိမ္မက္အမွာစကားႏွစ္ခုက..."
သူ႕အိမ္မက္အေၾကာင္းဖခင္ျဖစ္သူကိုေျပာျပလိုက္ေတာ့ဖခင္ျဖစ္သူကေခတၱတိတ္ဆိတ္သြားၿပီးမွ
"ကားကိုျပန္လွည့္လိုက္ ေျမးေလးဆီျပန္သြားရမယ္။"
"ဟုတ္ကဲ့ပါ အေဖ။"
ဖခင္ျဖစ္သူ၏စကားအတိုင္းသူကားကိုျပန္လွည့္ကာသားျဖစ္သူ၏အိမ္ရွိရာသို႔ျပန္ေမာင္းလာခဲ့သည္။သားျဖစ္သူေနထိုင္ရာတိုက္ေအာက္ေရာက္သည္ႏွင့္ကားပါကင္တြင္ကားကိုရပ္ထားခဲ့ၿပီးေနာက္တြင္သားအမိႏွစ္ေယာက္ေျမးျဖစ္သူေနသည့္အထပ္သို႔ဓာတ္ေလွကားျဖင့္တက္လာခဲ့ၾကသည္။
"တီးေတာင္ တီးေတာင္"
အေဖျဖစ္သူယူလာေသာဟင္းမ်ားျဖင့္ထမင္းမ်ားမ်ားစားလိုက္ၿပီးပန္းကန္ေဆးကာအနားယူရန္အိပ္ခန္းသို႔သြားေနေသာေန႕ေတးဆိုတစ္ေယာက္ဘဲလ္ျမည္သံေၾကာင့္အခန္းတံခါးကိုသြားဖြင့္လိုက္သည္။ပြင့္လာေသာအခန္းတံခါးနဲ႕အတူျမင္လိုက္ရသည့္အဘိုးနဲ႕အေဖျဖစ္သူေၾကာင့္ေန႕ေတးဆိုအံ့ၾသေနရင္း
"အဘိုး အေဖဘယ္လိုျဖစ္လို႔လဲ။"
ေန႕ေတးဆိုေမးျမန္းရင္းနဲ႕အဘိုးနဲ႕အေဖျဖစ္သူကိုဝင္ခြင့္ေပးလိုက္သည္။ထိုေနာက္တြင္ေျမးအဘိုးသုံးေယာက္ဧည့္ခန္းတြင္းကထိုင္ခုံတြင္ဝင္ထိုင္လိုက္ရင္း
"ငါ့ေျမးကိုအဘိုးေျပာစရာရွိလို႔ မင္းအေဖကိုကားျပန္လွည့္ခိုင္းလိုက္တာ။"
"ေျပာပါ အဘိုး။"
စေျပာလာေသာအဘိုးျဖစ္သူစကားကိုေန႕ေတးဆိုစကားေထာက္ေပးလိုက္ေတာ့အဘိုးျဖစ္သူေျပာလာသည္က
"သားက်ိန္စာသင့္တာကအဖိုးေၾကာင့္ပဲ။ အဖိုးကအႏြယ္မတူတဲ့မင္းအဖြားနဲ႕ႏွစ္ဖက္မ်ိဳးရိုးစည္ကမ္းေတြကိုဆန့္က်င့္ၿပီးလက္ထပ္ခဲ့ၾကတယ္။ အဖိုးရဲ႕အၾကားအျမင္ပါရမီထူးကိုအဖိုးသား၊မင္းအေဖဆီလက္ဆင့္မကမ္းနိုင္ခဲ့ဘူး။အဲဒါေၾကာင့္မင္းအေဖကသာမန္လူတစ္ေယာက္ျဖစ္သြားရတာကစည္းကမ္းေဖာက္ဖ်က္လို႔ရတဲ့ပထမအျပစ္ဒဏ္ပဲ။....."
"......ဒုတိယျပစ္ဒဏ္ကေတာ့ဆန့္က်င့္ခဲ့တဲ့အဖိုးရဲ႕တစ္ဆက္ေက်ာ္မ်ိဳးဆက္မွာေမြးဖြားလာတဲ့သူရဲ႕ဖူးစာရွင္ကသူနဲ႕မ်ိဳးတူလူျဖစ္ကိုျဖစ္လိမ့္မယ္။ ၿပီးေတာ့အဲဒီေမြးဖြားလာတဲ့သူမွာလူမ​ဟုတ္တဲ့အရာေတြကိုျမင္နိုင္မယ့္က်ိန္စာပါတယ္။ အဲဒီက်ိန္စာကပ်မ္းမွ်သက္တမ္းရဲ႕ေလးပုံတစ္ပုံအတြင္းေျပေအာင္မလုပ္နိုင္ရင္တစ္သက္လုံးအုဒိအရာေတြကိုျမင္ေနရမယ္တဲ့။"
"ဒါဆို..."
အဘိုးျဖစ္သူစကားေၾကာင့္ေန႕ေတးဆိုအံ့ၾသေနမိသည္မွာစကားေတာင္ဆက္မေျပာနိုင္။ေန႕ေတးဆိုအေဖက​ေတာ့ေန႕ေတးဆိုပခုံးကိုလာဆုပ္ကိုင္ေပးထားသည္။
"အဘိုးအျပစ္ေတြေၾကာင့္ငါ့ေျမးေလးအဲလိုေတြခံေနရတာပါ။"
ေန႕ေတးဆိုကိုေျပာလာေသာအဘိုးျဖစ္သူ၏သူကိုယ့္သူျပစ္တင္ေျပာဆိုမႈကိုေန႕ေတးဆိုခ်က္ခ်င္းပင္ဝင္ေျပာလိုက္သည္။
"မဟုတ္ပါဘူး အဘိုး။ တကယ္လို႔အဘိုးသာအဖြားကိုလက္မထပ္ခဲ့ရင္ကြၽန္ေတာ္ဆိုတာရွိလာမယ္လို႔ကိုမထင္ဘူး။"
"ဟုတ္ပါတယ္ အေဖရယ္။ ျဖစ္လာသမွ်ကေကာင္းဖို႔ပဲဗ်ာ။"
ေန႕ေတးဆိုစကားအဆုံးတြင္ေန႕ေတးဆိုဖခင္ကပါဝင္ေျပာေပးလာသည္။
"ငါ့အေပၚမင္းတို႔ေတြနားလည္ေပးၾကတာေပါ့။ ဒါနဲ႕မင္းအေဖေျပာတဲ့ဆက္ႏြယ္သူဆိုတဲ့စကားကိုအဘိုးနားလည္တယ္။"
အဘိုးျဖစ္သူစကားအဆုံးတြင္ေန႕ေတးဆိုတို႔သားအဖႏွစ္ေယာက္လုံးစိတ္ဝင္စားစြာနားေထာင္ေနမိသည္။အဘိုးျဖစ္သူဆက္ေျပာလာသည္က
"ဆက္ႏြယ္သူဆိုတဲ့စကားသာမန္လူတစ္ေယာက္ကိုပဲၫႊန္းတာ။ေဝးကြာေနတဲ့သူေတြကိုျပန္ဆက္စပ္​သြားေစမွာကအဲဒီလူရဲ႕ကံၾကမၼာပဲ။"
"အဲဒီလူကိုဘယ္လိုရွာရမွာလဲ အေဖ။"
"ရွာစရာမလိုပဲေတြ႕လိမ့္မယ္။ ဒါမွမဟုတ္ေတြ႕ၿပီးတာေတာင္ျဖစ္ေနမလားဆိုတာေတာ့အဖိုးလည္းမေျပာတတ္ဘူး။"
"အဖိုးေရာ၊အေဖေရာဒီေန႕ပင္ပန္းေနေလာက္ၿပီ။ ဒီညေတာ့ဒီမွာအိပ္ၿပီးမနက္အလုပ္သြားတဲ့အခ်ိန္မွျပန္။ ဒီညအိပ္ဖို႔ျပင္ဆင္ေပးပါ့မယ္။"
အဖိုးျဖစ္သူစကားအဆုံးတြင္ေန႕ေတးဆိုေျပာလာၿပီးအဖိုးနဲ႕အေဖျဖစ္သူတို႔နားရန္ေနရာကိုေန႕ေတးဆိုျပင္ဆင္လိုက္ေလသည္။

With Love,
PurpleNwayW 
_

__________________

Continue Reading

You'll Also Like

1.2M 58.3K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
18.4K 247 15
အဆင်တွေငမ်းတတ်တဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းလေးပါဗျ
55.6K 1K 94
Continuation of Modesto story who happens to intercourse with friends,mature,classmates,strangers and even family...
239K 11.9K 91
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...