Unicode🧡
တောင်ပိုင်းဗိုလ် သစ္စာလင်းဆောင်က အိမ်ရှေ့စံရဲ့ အမိန့်နဲ့တူတူ ရေကြောင်းကနေ သငေ်္ဘာနဲ့ ချီတတ်ဖို့ဆုံးဖြတ်လိုက်သည်။သို့သော် ရေလမ်းခရီးကဆောင်းတွင်းမို့ ရေခဲတွေနှင့်ချောမွေ့မည်မဟုတ်။
"ဗိုလ်လင်းဆောင်ဗျ.."
"ပြောပါ.."
"ရေတပ်က မြစ်တွင်းသွားလာဖို့ကိုကြန့်ကြာလိမ့်မယ် ၊လေတပ်ကိုရွေးလိုက်တာ ပိုမကောင်းဘူးလား"
"မကောင်းဘူး မြစ်ထဲကရေခဲတုံးတွေထက် လေယာဉ်နဲ့က နှင်းမုန်တိုင်းများရှိခဲ့ရင် ပိုမဆိုးနိုင်ဘူးလား"
"ဟုတ်သား..ကျွန်တော်မတွေးမိလိုက်ဘူး ၊တောင်းပန်ပါတယ် "
"ရပါတယ် ဖြစ်နိုင်ရင်..မဟုတ်ဘူး
နာရီဝက်အတွင်းထွက်မယ် မဖြစ်ဖြစ်အောင်လုပ်ပါ"
"ဟု..ဟုတ်ကဲ့ ဗိုလ်ကြီး!!
သငေ်္ဘာ(၂)စီးလုံးအသင့်ပြင် နာရီဝက်အတွင်းထွက်မယ် အိမ်ရှေ့စံရဲ့အမိန့်ပဲ"
"ဟုတ်!!"
နာရီဝကိအတွင်းစစ်ကူသွားဖို့ပြင်ချိန်မှာတော့ ညနေ(၄)နာရီကျော်သွားခဲ့ပြီ။
ချည်နှောင်က လင်းဆောင်စီကစာဖတ်ပြီးချင်းချင်းကနေ ည(၇)ထိစောင့်ခဲ့ပါသော်လည်း လင်းဆောင်ပို့မည်ဆိုတဲ့ စာပို့မဲ့စစ်သည်တော်မှာ ရောက်မလာခဲ့။
တစ်ဖွဲ့လုံးလဲ ဖင်တကြွကြွ။
"ဗိုလ်မှူး..အချိန်က"
"အင်း သိတယ် ၊
ဘယ်တတ်နိုင်မလဲ သွားကြမယ်
Betaတပ်တွေက ငါတို့ကိုစောင့်စရာတွေဖြစ်ကုန်လိမ့်မယ်"
"ဟုတ် ဗိုလ်မှူး"
နောက်ဆုံးတော့ deltaတပ်ခွဲမှာ နှင်းထုထဲကနေ စစ်ဆင်ရေးဆက််လက်ဆောက်ရွက်ဖို့ ဒုတိယပစ်မှတ်နေရာကို သွားကြလေသည်။
သစ္စာလင်းဆောင်ကိုယ်တိုင်လည်း တစ်လမ်းလုံးဆုတောင်းနေမိသည်။Delta တပ်ခွဲရဲ့ ဒုတိယစစ်ဆင်ရေးနေရာကိုသူတို့အရင် ရောက်ပါစေဆို၍...
Deltaတပ်ခွဲကတော့ ချည်နှောင်သွားရာနောက်ကို ထပ်ကျပ်မကွာလိုက်လေသည်။
ချမ်းမင်းကတော့ သူ့နဂိုစစ်ဝတ်စုံ ပြန်လဲထားပြီး နိုရာပေးတဲ့ ခေါင်းစီးကြိုးနဲ့ ခေါင်းစီးထား၏။ရန်သူတွေနှင့်တွေ့လျှင် ဆံပင်က မြင်ကွင်းကိုဝင်ရှုပ်မှာ ဆိုးတယ်လို့ နိုရာကဆိုသောကြောင့်ပင်။
"မင်းထိုက် "
"ဟုတ် ဗိုလ်မှူး"
"ငါ့ရဲ့ စာအုပ်တွေခုနကသိမ်းတော့မရှိတော့ဘူး ငါမေးဖို့မေ့နေတာ"
"ချမ်းမင်းသိမ်းထားပါတယ်"
"အော်.."
ချမ်းမင်းကို လှမ်းကြည့်တော့နိုရာ့အနားမှာ နိုရာကလည်းပွစိပွစိနဲ့ ဘာတွေသင်ခန်းစားချနေလည်းမသိ။ပြောကာမှ ချမ်းမင်းရဲ့အရပ်နဲ့ နိုရာယှဉ်လိုက်ရင် သားအဖတွေလိုပင်။
နိုရာကပြောချင်ပြောနေပြီး ချမ်းမင်းကသေချာမကြားရဘူးထင်ပါရဲ့ သူမနားအတင်းကပ်ကာနားထောင်နေရလေရဲ့။
ည(၈)နာရီလောက်မှာ ဒုတိယစစ်ဆင်ရေးနေရာသို့ရောက်ခဲ့ပြီ။ဒုတိယကင်းတဲမှာတော့အစောင့်မရှိ..
တိတ်ဆိတ်နေ၏။တောင်ကုန်းအမြင့်နဲ့ သစ်ပင်ကွယ်ရနေရာကို သေချာရှာကာပုန်းနေလိုက်သည်။အခြေအနေကိုစောင့်ဆိုင်းရင်း ချည်နှောင်သတိထားမိတာက တချို့အပင်တွေခုတ်ထားသည်။မြစ်ကမ်းဘေးနားနဲ့နီးရပ်နဲ့ မီးပုံလိုအရာ မီးရှို့ထားမှု တစ်ခုတစ်လေမှမရှိ။
"စနိုက်ပါတွေ နေရာယူထား"
စစ်ဆင်ရေးစတော့မှာမို့ Ace နဲ့ နိုရာတို့နေရာယူထားလိုက်သည်။ဒီကြားထဲ မင်းထိုက်ပါအရံအနေနှင့် နိုရာဘေးတွင်ရှိလေသည်။
တစ်ဖွဲ့လုံးအသင့်အနေအထားနဲ့ ချည်နှောင့်ထံမှ အမိန့်ကိုစောင့်နေကြသည်။
နိုရာကလည်း အရင်တစ်ခေါက်ကလိုမဟုတ်ဘဲ ဝမ်းလျားထိုးကာ သေနတ်ကိုသေချာချိန်ထားသည်။မျက်မှန်က နှင်းငွေ့ရိုက်ထားတော့ သိပ်မရှင်းလင်း။နှောင်ရစ်ငယ် ပေးလိုက်တဲ့ လက်ကိုင်ပဝါလေးနဲ့ သုတ်ကာ မျက်မှန်ကိုပြန်တပ်လိုက်ပြီး ထိုလက်ကိုင်ပုဝါကို ဘယ်ဘက်လက်မှာ ချည်ထားလိုက်သည်။
ပြုံးစိစိနဲ့သူမ လက်ကိုင်ပုဝါကြည့်ကာ ကြည်နူးမိသေး၏။
ချည်နှောင်တို့တစ်ဖွဲ့လုံးထို ကင်းတဲကိုစောင့်ကြည့်ပြီးမကြာ..ကင်းတဲမှ လူတစ်ယောက်ထွက်လာလေသည်။သိုးမွှေးလိုအနွေးထည်ကြီးခြုံကာ လက်ထဲကဆေးလိပ်မီးကရဲနေသည်။ဆေးလိပ်ကိုဖွာလိုက်ပြီး အခိုးအငွေ့များကိုမှုတ်ထုတ်လိုက်ကာ ထိုအခိုးအငွေ့တွေပျောက်ကွယ်သွားမှ ညအလင်းရောင်ရေးရေးလေးထဲတွင် ထိုလူအားမြင်လိုက်ရသည်။
"ဟမ်! ဗိုလ်မှူးအဂ္ဂ ပါလား"
ချည်နှောင်ဝမ်းမြောက်ဝမ်းသာ ထရပ်လိုက်တော့..
"အော် မင်းချည်နှောင်ကြိုးတောင် ရောက်နေပြီပဲ"
"ကျွန်တော်တို့ နောက်ကျသွားတာလား..betaတောင် ဒီရောက်နေပြီဆိုတေည့ ကျွန်တော်တော်တော်ညံ့တာပဲ"
"မဟုတ်ပါဘူး..beta မရောက်ပါဘူး ငါပဲရောက်တာ ၊ပြီးတော့ မနောက်ကျသေးဘူး ဘာလို့ဆို အခုမှအစလေ.."
"ဟမ်!"
ရုတ်တရက် ဗိုလ်မှူးအဂ္ဂရဲ့ ဘယ်ဘက်ဘောင်းဘီအိတ်ထဲက သေနတ်ဆွဲထုတ်ပြီး ချည်နှောင့်ထံပစ်ချလိုက်သည်။
ကျည်ထွကိသွားတဲ့"ဖောက်"ကနဲ အသံပြီးသွားတဲ့အချိန်မှာ..ချည်နှောင်က ချမ်းမင်းရဲ့ ရင်ခွင်ထဲမှာ အလုံးလိုက်။
တစ်တပ်လုံးပြန်ပစ်ချိန်တောင်မရလိုက် တစ်ဖက်မှ ကျည်ဆံမိုးရွာတော့ချေသညိ။
"တပ်ဆုတ်!!!!!"
တပ်ရဲ့ဒုတိယအသန်မာဆုံးလူသား aceရဲ့ အသံသြရှရှကြီးရဲ့ တပ်ဆုတ်ဆိုတဲ့ အော်သံကြီးနောက်မှာ တစ်တပ်လုံး..အလုံးအရင်းနဲ့ နောက်ပြန်ပြေးကြပေမဲ့ နောက်ကျသွားခဲ့သည်။
တစ်ဖက် ရန်သူဘက် သစ်ပင်ပေါ်မှာ စနိုက်ပါသမားတွေရှိနေပြီး စတင်ပစ်ခတ်မှုကြောင့်..
ပထမဆုံး နိုရာ့ဘေးမှာ တပ်ကြပ်မင်းထိုက် ကျဆုံး...။
"ဟာ့..."
နိုရာရဲ့မျက်နှာတစ်ခြမ်းလူံးသွေးတွေစင်ကုန်သည်။အဘယ်ကြောင့်ဆိုသော် တပ်ကြပ်မင်းထိုက်မှာ နိုရာနှင့်နာရီလက်တံ(၁၀)နေရာမှာရှိနေပြီး တပ်ကြပ်က နိုရာ့ကို ကာလိုက်သောကြောင့်ပင်။
"တပ်ကြပ်!!!"
သူမလန့်ဖျန့်ပြီး သေနတ်ကိုဘေးချလိုက်သည်။တပ်ကြပ်အနားတိုးကိုထွေးပွေးမယ်ကြံသေး..
"လေးလုံးမ မင်းထိုက်သေပြီ!!
သေနတ်ကိုင်ပြီး ပြေး!!"
Aceရဲ့ အော်သံကြောင့်သူမလက်တုံ့သွားသည်။တောအုပ်တစ်ခုလုံး တစ်ဒိုင်းဒိုင်းအသံတွေနဲ့ စစ်သားတွေကျကုန်ကြသည်။
"ဗိုလ်မှူးကို ကာ!!
တပ်ဆုတ်..."
ချမ်းမင်းရဲ့ လက်ထဲက ချည်နှောင်က အန္တရာယ်ကင်းတယ်လို့ဆိုရအောင်လည်း..
ညာဘက်လက်အကောင်းပကတိတိုင်းမရှိတော့ပြီ။အဂ္ဂရှစ်သောင်းရဲ့ပစ်ခတ်မှုမှာ ချမ်းမင်းသာ အနောက်ကို ဆွဲမချနိုင်ခဲ့ရင် အသကိမရှိလောက်ပြီ..အခုတော့လက်တစ်ဖက်ဆုံးရှုံးလိုက်ရ ပြီ။
"အား...ချမ်းမင်း ဖယ်စမ်း!
ငါ့ကိုကာစရာမလိုဘူး မင်းတို့လွတ်အောင်ပြေး"
"ပါးစပ်ပိတ်ထား!!"
"ဟမ်"
ချမ်းမင်းကပထမဆုံး အော်လိုက်တယ်။သူ့အကျီလက်ကို ဆွဲဖြဲလိုက်ပြီး လက်ကို ချည်ပေးနေတယ်။
နာတယ်..တကယ်နာတယ် ပုံမှန်ဆို အဲ့လက်နဲ့သေနတ်ကိုင်ပြီး ပြန်ပစ်နေမိမှာ အခုတော့ ဘာမှမခံစားမိတော့ဘူး..။ချမ်းမင်းကလဲ မျက်ရည်တွေနဲ့ ဒါကြီးကအိပ်မက်ကြီးလိုပဲ။
ဟမ်..ငါ့ရဲ့တပ်သားတွေ ကျနေကြတာလား။
ဒါကြီးက အိပ်မက်ပဲနေမှာ အမြန်နိုးထပါတော့..ကျေးဇူးပြုပြီး။
"ကျေးဇူးပြုပြီး.."
"ထ ဗိုလ်မှူး.."
"ငါ့ကိုဆွဲမနေနဲ့ မင်းသာပြေး အဂ္ဂ..ငါ အဂ္ဂနဲ့ရှင်းရဦးမယ်"
"တော်တော့! ထ "
"ဒါ အမိန့်ပဲ ချမ်းမင်း
ငါ့ကိုထားခဲ့!!"
"တော်လိုက်တော့ အမိန့်တွေဘာတွေနားမလည်ဘူး ထ!!"
"ချမ်းမင်း...
ဗိုလ်မှူးကို ရအောင်ခေါ်သွား"
"ထတော့ ဗိုလ်မှူး"
"ငါသေလဲ ကိစ္စမရှိဘူး ၊
အဲ့သစ္စာဖောက်ကို ငါသတ်ရမှ ကျေနပ်မယ်"
"ခင်ဗျား သေရင် ကျွန်တော့်မှာကိစ္စရှိတယ် ၊
ဒါကြောင့် ခင်ဗျားသေလို့မရဘူး ထတော့ တောင်းပန်ပါတယ်"
ပြေးနေကျတဲ့လူအုပ်ထဲ နောက်ဆုံးတော့ ချည်နှောင့်ကိုဆွဲကာ ချမ်းမင်းထွက်လာသည်။အဂ္ဂရဲ့အနောက် တံခါးပေါက်ကနေ ရန်သူ့တပ်သားများစွာထွက်လာကာလိုက်ကြတော့လေသည်။
သေနတ်သံတွေကြားထဲမှာ deltaတပ်ခွဲ 60ထဲက တစ်ယောက်ပြီးတစ်ယောက်ကျ ကုန်ကြသည်။
"မင်းတို့သေရင်တောင် ဗိုလ်မှူးကို ကာပြီးသေကြ"
Aceက ဗိုလ်မှူးကို ချစ်လွန်းလှသည်။
လွန်ခဲ့တဲ့(၈)နှစ်တုန်းက ကျေးဇူးကြောင့်ပင်။
တိုက်ပွဲရဲ့ ပစ်ခတ်သံတွေကြားမှာ သေနတ်မကိုင်နိုင်ခဲ့တဲ့ aceဖြစ်ခဲ့ဖူးသည်။တပ်သားတွေကျသွားတာကိုကြည့်ရင် တုန်ရီနေခဲ့ဖူးသည်။စီနီယာတွေက ယုံကြည်ထားသော်လည်း သူ့ကိုယုံကြည်တဲ့ စီနီယာတွေပါ ကျခဲ့ဖူးသည်။
ထိုချိန်မှာ သူ့ဘေးကိုရောက်လာတဲ့ အသက်(၂၀)သာရှိသေးတဲ့ တပ်ကြပ်ပေါက်စလေးရဲ့ စကားကို သူအသေအချာမှတ်မိနေသည်။
"ကြောက်နေတယ်မလား ကျွန်တော်တုန်းကလဲ အဲ့လိုပဲ..ဒါပေမဲ့ ဘာမှမဖြစ်ဘူး အောင်ပွဲတိုင်းမှာ စတေးခဲ့ရတာတွေတော့ရှိမှာပဲ အရှုံးပေးမှ ရှုံးတာ..
ကျွန်တော် ခင်ဗျားကိုယုံတယ်"
ထိုတပ်ကြပ်က သူနဲ့ချောင်နေတဲ့ ဦးထုပ်ကြီးကိုဝတ်ထားပြီး သူလည်းကြောက်နေတယ်ထင်တယ် ချွေးစေးတွေနဲ့။တိုက်ပွဲပြီးတော့မှ သိခဲ့ရတာက သူကအသက်(၂၀)ပဲရှိသေးတဲ့ မင်းချည်နှောင်ကြိုးဆိုတဲ့ တပ်ကြပ်အသစ်တဲ့။
ကျွန်တော်ကျွန်တော်နဲ့ သူ့ကိုယ်သူသုံးနေလို့ ခဏခဏတောင်းပန်ခဲ့ရသေးတယ်။သူ့ရဲ့အဖွဲ့ခွဲထဲမှာ အဖွဲ့သားဖြစ်ရာကနေ သူတပ်ခွဲတစ်ခုရဲ့ ဗိုလ်မှူးဖြစ်သွားတဲ့ အထိ ဘေးမှာရှိခဲ့တယ်။
သိပ်လှတဲ့ အမတော်ရှိပြီး ဗိုလ်မှူးက အပြစ်ပြောစရာမရှိအောင် ဘက်စုံ တော်လွန်းတယ်။အခုလည်း ချမ်းမင်းဆိုတဲ့ ဂျစ်ကန်ကန်ကောင်လေးနဲ့ ပုံမှန်ထပ်ပိုတဲ့ ဆက်ဆံရေးတွေရှိတာကို သတိထားမိတယ်။
ဗိုလ်မှူးရဲ့ အပြုံးတွေပေါ်လာအောင် လုပ်ပေးနိုင်တဲ့ သူနဲ့ဗိုလ်မှူးကို နီးစပ်စေချင်တယ်။
ပြီးရင် ဒီအဖွဲ့ထဲက ထာဝရအနားယူမယ်။
မိန်းမယူမယ် ၊သမီးလေးမွေးမယ် ပြီးတော့...
နောက်ထပ် သေနတ်ပစ်သံကြားထဲမှာ..
တစ်ယောက်သော သူရဲ့ကျည်ဆံက သစ်ပင်တွေကိုဖြတ်ပြီး သူ့ရဲ့ရင်အုပ်ထံကို ဖြတ်သွားလေသည်။
၃၂ယောက်မြှောက်အနေနဲ့ ကျသွားတာက
Deltaရဲ့ Ace (သို့မဟုတ်) ခွန်ဇေပိုင်။
ပစ်သူက သစ္စာဖောက် အဂ္ဂရှစ်သောင်း။
Zawgyi🧡
ေတာင္ပိုင္းဗိုလ္ သစၥာလင္းေဆာင္က အိမ္ေရွ႕စံရဲ႕ အမိန့္နဲ႕တူတူ ေရေၾကာင္းကေန သေင္ၻာနဲ႕ ခ်ီတတ္ဖို႔ဆုံးျဖတ္လိုက္သည္။သို႔ေသာ္ ေရလမ္းခရီးကေဆာင္းတြင္းမို႔ ေရခဲေတြႏွင့္ေခ်ာေမြ႕မည္မဟုတ္။
"ဗိုလ္လင္းေဆာင္ဗ်.."
"ေျပာပါ.."
"ေရတပ္က ျမစ္တြင္းသြားလာဖို႔ကိုၾကန့္ၾကာလိမ့္မယ္ ၊ေလတပ္ကိုေ႐ြးလိုက္တာ ပိုမေကာင္းဘူးလား"
"မေကာင္းဘူး ျမစ္ထဲကေရခဲတုံးေတြထက္ ေလယာဥ္နဲ႕က ႏွင္းမုန္တိုင္းမ်ားရွိခဲ့ရင္ ပိုမဆိုးနိုင္ဘူးလား"
"ဟုတ္သား..ကြၽန္ေတာ္မေတြးမိလိုက္ဘူး ၊ေတာင္းပန္ပါတယ္ "
"ရပါတယ္ ျဖစ္နိုင္ရင္..မဟုတ္ဘူး
နာရီဝက္အတြင္းထြက္မယ္ မျဖစ္ျဖစ္ေအာင္လုပ္ပါ"
"ဟု..ဟုတ္ကဲ့ ဗိုလ္ႀကီး!!
သေင္ၻာ(၂)စီးလုံးအသင့္ျပင္ နာရီဝက္အတြင္းထြက္မယ္ အိမ္ေရွ႕စံရဲ႕အမိန့္ပဲ"
"ဟုတ္!!"
နာရီဝကိအတြင္းစစ္ကူသြားဖို႔ျပင္ခ်ိန္မွာေတာ့ ညေန(၄)နာရီေက်ာ္သြားခဲ့ၿပီ။
ခ်ည္ေႏွာင္က လင္းေဆာင္စီကစာဖတ္ၿပီးခ်င္းခ်င္းကေန ည(၇)ထိေစာင့္ခဲ့ပါေသာ္လည္း လင္းေဆာင္ပို႔မည္ဆိုတဲ့ စာပို႔မဲ့စစ္သည္ေတာ္မွာ ေရာက္မလာခဲ့။
တစ္ဖြဲ႕လုံးလဲ ဖင္တႂကြႂကြ။
"ဗိုလ္မႉး..အခ်ိန္က"
"အင္း သိတယ္ ၊
ဘယ္တတ္နိုင္မလဲ သြားၾကမယ္
Betaတပ္ေတြက ငါတို႔ကိုေစာင့္စရာေတြျဖစ္ကုန္လိမ့္မယ္"
"ဟုတ္ ဗိုလ္မႉး"
ေနာက္ဆုံးေတာ့ deltaတပ္ခြဲမွာ ႏွင္းထုထဲကေန စစ္ဆင္ေရးဆက္္လက္ေဆာက္႐ြက္ဖို႔ ဒုတိယပစ္မွတ္ေနရာကို သြားၾကေလသည္။
သစၥာလင္းေဆာင္ကိုယ္တိုင္လည္း တစ္လမ္းလုံးဆုေတာင္းေနမိသည္။Delta တပ္ခြဲရဲ႕ ဒုတိယစစ္ဆင္ေရးေနရာကိုသူတို႔အရင္ ေရာက္ပါေစဆို၍...
Deltaတပ္ခြဲကေတာ့ ခ်ည္ေႏွာင္သြားရာေနာက္ကို ထပ္က်ပ္မကြာလိုက္ေလသည္။
ခ်မ္းမင္းကေတာ့ သူ႕နဂိုစစ္ဝတ္စုံ ျပန္လဲထားၿပီး နိုရာေပးတဲ့ ေခါင္းစီးႀကိဳးနဲ႕ ေခါင္းစီးထား၏။ရန္သူေတြႏွင့္ေတြ႕လွ်င္ ဆံပင္က ျမင္ကြင္းကိုဝင္ရႈပ္မွာ ဆိုးတယ္လို႔ နိုရာကဆိုေသာေၾကာင့္ပင္။
"မင္းထိုက္ "
"ဟုတ္ ဗိုလ္မႉး"
"ငါ့ရဲ႕ စာအုပ္ေတြခုနကသိမ္းေတာ့မရွိေတာ့ဘူး ငါေမးဖို႔ေမ့ေနတာ"
"ခ်မ္းမင္းသိမ္းထားပါတယ္"
"ေအာ္.."
ခ်မ္းမင္းကို လွမ္းၾကည့္ေတာ့နိုရာ့အနားမွာ နိုရာကလည္းပြစိပြစိနဲ႕ ဘာေတြသင္ခန္းစားခ်ေနလည္းမသိ။ေျပာကာမွ ခ်မ္းမင္းရဲ႕အရပ္နဲ႕ နိုရာယွဥ္လိုက္ရင္ သားအဖေတြလိုပင္။
နိုရာကေျပာခ်င္ေျပာေနၿပီး ခ်မ္းမင္းကေသခ်ာမၾကားရဘူးထင္ပါရဲ႕ သူမနားအတင္းကပ္ကာနားေထာင္ေနရေလရဲ႕။
ည(၈)နာရီေလာက္မွာ ဒုတိယစစ္ဆင္ေရးေနရာသို႔ေရာက္ခဲ့ၿပီ။ဒုတိယကင္းတဲမွာေတာ့အေစာင့္မရွိ..
တိတ္ဆိတ္ေန၏။ေတာင္ကုန္းအျမင့္နဲ႕ သစ္ပင္ကြယ္ရေနရာကို ေသခ်ာရွာကာပုန္းေနလိုက္သည္။အေျခအေနကိုေစာင့္ဆိုင္းရင္း ခ်ည္ေႏွာင္သတိထားမိတာက တခ်ိဳ႕အပင္ေတြခုတ္ထားသည္။ျမစ္ကမ္းေဘးနားနဲ႕နီးရပ္နဲ႕ မီးပုံလိုအရာ မီးရွို႔ထားမႈ တစ္ခုတစ္ေလမွမရွိ။
"စနိုက္ပါေတြ ေနရာယူထား"
စစ္ဆင္ေရးစေတာ့မွာမို႔ Ace နဲ႕ နိုရာတို႔ေနရာယူထားလိုက္သည္။ဒီၾကားထဲ မင္းထိုက္ပါအရံအေနႏွင့္ နိုရာေဘးတြင္ရွိေလသည္။
တစ္ဖြဲ႕လုံးအသင့္အေနအထားနဲ႕ ခ်ည္ေႏွာင့္ထံမွ အမိန့္ကိုေစာင့္ေနၾကသည္။
နိုရာကလည္း အရင္တစ္ေခါက္ကလိုမဟုတ္ဘဲ ဝမ္းလ်ားထိုးကာ ေသနတ္ကိုေသခ်ာခ်ိန္ထားသည္။မ်က္မွန္က ႏွင္းေငြ႕ရိုက္ထားေတာ့ သိပ္မရွင္းလင္း။ေႏွာင္ရစ္ငယ္ ေပးလိုက္တဲ့ လက္ကိုင္ပဝါေလးနဲ႕ သုတ္ကာ မ်က္မွန္ကိုျပန္တပ္လိုက္ၿပီး ထိုလက္ကိုင္ပုဝါကို ဘယ္ဘက္လက္မွာ ခ်ည္ထားလိုက္သည္။
ၿပဳံးစိစိနဲ႕သူမ လက္ကိုင္ပုဝါၾကည့္ကာ ၾကည္ႏူးမိေသး၏။
ခ်ည္ေႏွာင္တို႔တစ္ဖြဲ႕လုံးထို ကင္းတဲကိုေစာင့္ၾကည့္ၿပီးမၾကာ..ကင္းတဲမွ လူတစ္ေယာက္ထြက္လာေလသည္။သိုးေမႊးလိုအေႏြးထည္ႀကီးၿခဳံကာ လက္ထဲကေဆးလိပ္မီးကရဲေနသည္။ေဆးလိပ္ကိုဖြာလိုက္ၿပီး အခိုးအေငြ႕မ်ားကိုမႈတ္ထုတ္လိုက္ကာ ထိုအခိုးအေငြ႕ေတြေပ်ာက္ကြယ္သြားမွ ညအလင္းေရာင္ေရးေရးေလးထဲတြင္ ထိုလူအားျမင္လိုက္ရသည္။
"ဟမ္! ဗိုလ္မႉးအဂၢ ပါလား"
ခ်ည္ေႏွာင္ဝမ္းေျမာက္ဝမ္းသာ ထရပ္လိုက္ေတာ့..
"ေအာ္ မင္းခ်ည္ေႏွာင္ႀကိဳးေတာင္ ေရာက္ေနၿပီပဲ"
"ကြၽန္ေတာ္တို႔ ေနာက္က်သြားတာလား..betaေတာင္ ဒီေရာက္ေနၿပီဆိုေတည့ ကြၽန္ေတာ္ေတာ္ေတာ္ညံ့တာပဲ"
"မဟုတ္ပါဘူး..beta မေရာက္ပါဘူး ငါပဲေရာက္တာ ၊ၿပီးေတာ့ မေနာက္က်ေသးဘူး ဘာလို႔ဆို အခုမွအစေလ.."
"ဟမ္!"
႐ုတ္တရက္ ဗိုလ္မႉးအဂၢရဲ႕ ဘယ္ဘက္ေဘာင္းဘီအိတ္ထဲက ေသနတ္ဆြဲထုတ္ၿပီး ခ်ည္ေႏွာင့္ထံပစ္ခ်လိဳက္သည္။
က်ည္ထြကိသြားတဲ့"ေဖာက္"ကနဲ အသံၿပီးသြားတဲ့အခ်ိန္မွာ..ခ်ည္ေႏွာင္က ခ်မ္းမင္းရဲ႕ ရင္ခြင္ထဲမွာ အလုံးလိုက္။
တစ္တပ္လုံးျပန္ပစ္ခ်ိန္ေတာင္မရလိုက္ တစ္ဖက္မွ က်ည္ဆံမိုး႐ြာေတာ့ေခ်သညိ။
"တပ္ဆုတ္!!!!!"
တပ္ရဲ႕ဒုတိယအသန္မာဆုံးလူသား aceရဲ႕ အသံၾသရွရွႀကီးရဲ႕ တပ္ဆုတ္ဆိုတဲ့ ေအာ္သံႀကီးေနာက္မွာ တစ္တပ္လုံး..အလုံးအရင္းနဲ႕ ေနာက္ျပန္ေျပးၾကေပမဲ့ ေနာက္က်သြားခဲ့သည္။
တစ္ဖက္ ရန္သူဘက္ သစ္ပင္ေပၚမွာ စနိုက္ပါသမားေတြရွိေနၿပီး စတင္ပစ္ခတ္မႈေၾကာင့္..
ပထမဆုံး နိုရာ့ေဘးမွာ တပ္ၾကပ္မင္းထိုက္ က်ဆဳံး...။
"ဟာ့..."
နိုရာရဲ႕မ်က္ႏွာတစ္ျခမ္းလူံးေသြးေတြစင္ကုန္သည္။အဘယ္ေၾကာင့္ဆိုေသာ္ တပ္ၾကပ္မင္းထိုက္မွာ နိုရာႏွင့္နာရီလက္တံ(၁၀)ေနရာမွာရွိေနၿပီး တပ္ၾကပ္က နိုရာ့ကို ကာလိုက္ေသာေၾကာင့္ပင္။
"တပ္ၾကပ္!!!"
သူမလန့္ဖ်န့္ၿပီး ေသနတ္ကိုေဘးခ်လိဳက္သည္။တပ္ၾကပ္အနားတိုးကိုေထြးေပြးမယ္ႀကံေသး..
"ေလးလုံးမ မင္းထိုက္ေသၿပီ!!
ေသနတ္ကိုင္ၿပီး ေျပး!!"
Aceရဲ႕ ေအာ္သံေၾကာင့္သူမလက္တုံ႕သြားသည္။ေတာအုပ္တစ္ခုလုံး တစ္ဒိုင္းဒိုင္းအသံေတြနဲ႕ စစ္သားေတြက်ကဳန္ၾကသည္။
"ဗိုလ္မႉးကို ကာ!!
တပ္ဆုတ္..."
ခ်မ္းမင္းရဲ႕ လက္ထဲက ခ်ည္ေႏွာင္က အႏၲရာယ္ကင္းတယ္လို႔ဆိုရေအာင္လည္း..
ညာဘက္လက္အေကာင္းပကတိတိုင္းမရွိေတာ့ၿပီ။အဂၢရွစ္ေသာင္းရဲ႕ပစ္ခတ္မႈမွာ ခ်မ္းမင္းသာ အေနာက္ကို ဆြဲမခ်နိဳင္ခဲ့ရင္ အသကိမရွိေလာက္ၿပီ..အခုေတာ့လက္တစ္ဖက္ဆုံးရႈံးလိုက္ရ ၿပီ။
"အား...ခ်မ္းမင္း ဖယ္စမ္း!
ငါ့ကိုကာစရာမလိုဘူး မင္းတို႔လြတ္ေအာင္ေျပး"
"ပါးစပ္ပိတ္ထား!!"
"ဟမ္"
ခ်မ္းမင္းကပထမဆုံး ေအာ္လိုက္တယ္။သူ႕အက်ီလက္ကို ဆြဲၿဖဲလိုက္ၿပီး လက္ကို ခ်ည္ေပးေနတယ္။
နာတယ္..တကယ္နာတယ္ ပုံမွန္ဆို အဲ့လက္နဲ႕ေသနတ္ကိုင္ၿပီး ျပန္ပစ္ေနမိမွာ အခုေတာ့ ဘာမွမခံစားမိေတာ့ဘူး..။ခ်မ္းမင္းကလဲ မ်က္ရည္ေတြနဲ႕ ဒါႀကီးကအိပ္မက္ႀကီးလိုပဲ။
ဟမ္..ငါ့ရဲ႕တပ္သားေတြ က်ေနၾကတာလား။
ဒါႀကီးက အိပ္မက္ပဲေနမွာ အျမန္နိုးထပါေတာ့..ေက်းဇူးျပဳၿပီး။
"ေက်းဇူးျပဳၿပီး.."
"ထ ဗိုလ္မႉး.."
"ငါ့ကိုဆြဲမေနနဲ႕ မင္းသာေျပး အဂၢ..ငါ အဂၢနဲ႕ရွင္းရဦးမယ္"
"ေတာ္ေတာ့! ထ "
"ဒါ အမိန့္ပဲ ခ်မ္းမင္း
ငါ့ကိုထားခဲ့!!"
"ေတာ္လိုက္ေတာ့ အမိန့္ေတြဘာေတြနားမလည္ဘူး ထ!!"
"ခ်မ္းမင္း...
ဗိုလ္မႉးကို ရေအာင္ေခၚသြား"
"ထေတာ့ ဗိုလ္မႉး"
"ငါေသလဲ ကိစၥမရွိဘူး ၊
အဲ့သစၥာေဖာက္ကို ငါသတ္ရမွ ေက်နပ္မယ္"
"ခင္ဗ်ား ေသရင္ ကြၽန္ေတာ့္မွာကိစၥရွိတယ္ ၊
ဒါေၾကာင့္ ခင္ဗ်ားေသလို႔မရဘူး ထေတာ့ ေတာင္းပန္ပါတယ္"
ေျပးေနက်တဲ့လူအုပ္ထဲ ေနာက္ဆုံးေတာ့ ခ်ည္ေႏွာင့္ကိုဆြဲကာ ခ်မ္းမင္းထြက္လာသည္။အဂၢရဲ႕အေနာက္ တံခါးေပါက္ကေန ရန္သူ႕တပ္သားမ်ားစြာထြက္လာကာလိုက္ၾကေတာ့ေလသည္။
ေသနတ္သံေတြၾကားထဲမွာ deltaတပ္ခြဲ 60ထဲက တစ္ေယာက္ၿပီးတစ္ေယာက္က် ကုန္ၾကသည္။
"မင္းတို႔ေသရင္ေတာင္ ဗိုလ္မႉးကို ကာၿပီးေသၾက"
Aceက ဗိုလ္မႉးကို ခ်စ္လြန္းလွသည္။
လြန္ခဲ့တဲ့(၈)ႏွစ္တုန္းက ေက်းဇူးေၾကာင့္ပင္။
တိုက္ပြဲရဲ႕ ပစ္ခတ္သံေတြၾကားမွာ ေသနတ္မကိုင္နိုင္ခဲ့တဲ့ aceျဖစ္ခဲ့ဖူးသည္။တပ္သားေတြက်သြားတာကိုၾကည့္ရင္ တုန္ရီေနခဲ့ဖူးသည္။စီနီယာေတြက ယုံၾကည္ထားေသာ္လည္း သူ႕ကိုယုံၾကည္တဲ့ စီနီယာေတြပါ က်ခဲ့ဖူးသည္။
ထိုခ်ိန္မွာ သူ႕ေဘးကိုေရာက္လာတဲ့ အသက္(၂၀)သာရွိေသးတဲ့ တပ္ၾကပ္ေပါက္စေလးရဲ႕ စကားကို သူအေသအခ်ာမွတ္မိေနသည္။
"ေၾကာက္ေနတယ္မလား ကြၽန္ေတာ္တုန္းကလဲ အဲ့လိုပဲ..ဒါေပမဲ့ ဘာမွမျဖစ္ဘူး ေအာင္ပြဲတိုင္းမွာ စေတးခဲ့ရတာေတြေတာ့ရွိမွာပဲ အရႈံးေပးမွ ရႈံးတာ..
ကြၽန္ေတာ္ ခင္ဗ်ားကိုယုံတယ္"
ထိုတပ္ၾကပ္က သူနဲ႕ေခ်ာင္ေနတဲ့ ဦးထုပ္ႀကီးကိုဝတ္ထားၿပီး သူလည္းေၾကာက္ေနတယ္ထင္တယ္ ေခြၽးေစးေတြနဲ႕။တိုက္ပြဲၿပီးေတာ့မွ သိခဲ့ရတာက သူကအသက္(၂၀)ပဲရွိေသးတဲ့ မင္းခ်ည္ေႏွာင္ႀကိဳးဆိုတဲ့ တပ္ၾကပ္အသစ္တဲ့။
ကြၽန္ေတာ္ကြၽန္ေတာ္နဲ႕ သူ႕ကိုယ္သူသုံးေနလို႔ ခဏခဏေတာင္းပန္ခဲ့ရေသးတယ္။သူ႕ရဲ႕အဖြဲ႕ခြဲထဲမွာ အဖြဲ႕သားျဖစ္ရာကေန သူတပ္ခြဲတစ္ခုရဲ႕ ဗိုလ္မႉးျဖစ္သြားတဲ့ အထိ ေဘးမွာရွိခဲ့တယ္။
သိပ္လွတဲ့ အမေတာ္ရွိၿပီး ဗိုလ္မႉးက အျပစ္ေျပာစရာမရွိေအာင္ ဘက္စုံ ေတာ္လြန္းတယ္။အခုလည္း ခ်မ္းမင္းဆိုတဲ့ ဂ်စ္ကန္ကန္ေကာင္ေလးနဲ႕ ပုံမွန္ထပ္ပိုတဲ့ ဆက္ဆံေရးေတြရွိတာကို သတိထားမိတယ္။
ဗိုလ္မႉးရဲ႕ အၿပဳံးေတြေပၚလာေအာင္ လုပ္ေပးနိုင္တဲ့ သူနဲ႕ဗိုလ္မႉးကို နီးစပ္ေစခ်င္တယ္။
ၿပီးရင္ ဒီအဖြဲ႕ထဲက ထာဝရအနားယူမယ္။
မိန္းမယူမယ္ ၊သမီးေလးေမြးမယ္ ၿပီးေတာ့...
ေနာက္ထပ္ ေသနတ္ပစ္သံၾကားထဲမွာ..
တစ္ေယာက္ေသာ သူရဲ႕က်ည္ဆံက သစ္ပင္ေတြကိုျဖတ္ၿပီး သူ႕ရဲ႕ရင္အုပ္ထံကို ျဖတ္သြားေလသည္။
၃၂ေယာက္ျမႇောက္အေနနဲ႕ က်သြားတာက
Deltaရဲ႕ Ace (သို႔မဟုတ္) ခြန္ေဇပိုင္။
ပစ္သူက သစၥာေဖာက္ အဂၢရွစ္ေသာင္း။