ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

1M 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

56

6.9K 1.1K 47
By Vanilla_IceCream61

ကျွန်တော့်ဘာသာကျွန်တော် လျှောက်လို့ရမလား။
.............................................................

"အစ်ကိုကြီး" လင်းမောက်မောက်က လင်းကျန်ကို အဝေးမှလှမ်းမြင်စဉ်ကတည်းကပင် အမြန်ပြေးလာသည်။

လင်းကျန်က လင်းမောက်မောက်အပေါ် ချက်ချင်းအာရုံစိုက်မိသွားပြီး အမြန်ပြေးလာသောကောင်လေးအား ကြည့်လိုက်သည်။ ထန်းယန်မြို့တွင်းနှင့်မတူသည်မှာ ဤစိုက်ခင်းမြေ၌ ခလုတ်တိုက်လဲရန်လွယ်သည်။ လင်းကျန်က လင်းမောက်မောက်ကိုအော်၍ မရပ်ခိုင်းဘဲ လင်းမောက်မောက်၏ခြေလှမ်းကိုသာ သေချာကြည့်နေသည်။

လင်းမောက်မောက်က တစ်ချက်ပင်မနားဘဲ လင်းကျန်၏ရင်ခွင်ထဲသို့ ဝင်လာသည်။

ယွီဝမ်ထုန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မြန်မြန်ရွှေ့လိုက်ပြီး လင်းကျန်၏နောက်၌ သွားရပ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ပြန်လမ်းတစ်လျှောက်လုံး၌ ခန္ဓာကိုယ်အားတောင့်ထား၍ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည့် လင်းကျန်မှာ လင်းမောက်မောက်၏ အလေးချိန်ကိုမခံနိုင်ဘဲ အနောက်ဘက်သို့ယိုင်လာသည်။

လင်းကျန် အနည်းငယ် လန့်ဖျပ်သွားကာ လင်းမောက်နောက် မနာကျင်စေရန် သူ့ကိုယ်သူ အကာအကွယ်တစ်ခုအဖြစ် လုပ်ဆောင်မည်ဟုရည်ရွယ်၍ လင်းမောက်မောက်ကို မြဲမြံစွာဖက်ထားလိုက်သည်။ သို့သော် မြေပြင်ပေါ်သို့လဲကျသွားရမည့်အစား သူက ရင်အုပ်ကျယ်ကြီးပေါ်လဲကျသွားကာ ရင်းနှီးသော အေးစက်စက်ရနံ့အား ရှူရှိုက်မိသည်။

ယွီဝမ်ထုန်က လင်းကျန်နှင့် လင်းကျန်၏ရင်ခွင်ထဲမှ လင်းမောက်မောက်အား တည်ငြိမ်စွာကိုင်ပေးထားကာ ငုံကြည့်၍ပြောသည်။ "တစ်ယောက်က နမော်နမဲ့ပြေးလာတယ်။ တခြားတစ်ယောက်က  ကိုယ့်ခန္ဓာကိုယ်အခြေအနေကိုယ် မသိဘဲ ကလေးတစ်ယောက်ကို မချီရဲတယ်။"

လင်းကျန်မှာ ပြောစရာမဲ့သွားသည်။

သူက ယွီဝမ်ထုန်အား သူ့ကိုမဖမ်းခိုင်းခဲ့ချေ။

လင်းမောက်မောက်က လင်းကျန်၏ရင်ခွင်ထဲမှ ခေါင်းမော့လာကာ ယွီဝမ်ထုန်ထံ စပ်စပ်စုစု လှမ်းကြည့်သည်။ "ဦးလေးက ဘယ်သူလဲ။"

သတိဝင်လာသောအခါ လင်းကျန် မြန်မြန်ကျောမတ်ကာ လင်းမောက်မောက်အား မြေကြီးပေါ်၌ ရပ်ခိုင်းလိုက်သည်။ "ငါမင်းကို ခဏခဏ ပြောဖူးတယ်နော်။ လျှောက်မပြေးပါနဲ့ဆို။"

လင်းမောက်မောက်က ရယ်ကာ မဲ့ရွဲ့ပြသည်။ ထို့နောက် သူက ယွီဝမ်ထုန့်ထံကြည့်ကာ မေးလိုက်သည်။ "အစ်ကိုကြီး၊ ဒီဦးလေးကြီးက ဘယ်သူလဲ။"

ဦးလေးဆိုသူမှာ ပြောစရာမဲ့သွားသည်။

ယွီဝမ်ထုန်၏မျက်နှာကြီး တောင့်တင်းသွားသည်။

လင်းကျန်က ထိုစကားကို ကြားပြီးနောက် အလွန်ကျေနပ်မိနေရာ ရယ်မိတော့မလိုပင်။ တကယ်တမ်းတွင် ယွီဝမ်ထုန်က စစ်တလင်းသို့ စောရောက်နေသော်လည်း ယခုအချိန်တွင် နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ထို့အပြင် သူကရှိရင်းစွဲအသက်ထက်ပင် ငယ်ပုံပေါ်သည်။ သို့သော် လင်းမောက်မောက်၏ အမြင်တွင် ယွီဝမ်ထုန်က အရပ်ရှည်ကာသန်မာသည့်အတွက် 'ဦးလေး' ဟုခေါ်သင့်သည်။

"ဒီဦးလေးက... ငါတို့မိသားစုရဲ့ ဧည့်သည်ပဲ။" လင်းကျန်က 'ဦးလေး' ဟူသော စကားလုံးကို တမင်အသံရှည်ဆွဲခေါ်သည်။

လင်းကျန်အား အဓိပ္ပါယ်ပါပါကြည့်ကာ ယွီဝမ်ထုန်က လင်းမောက်မောက်အားပြောလိုက်သည်။ "ငါ့ကို 'အစ်ကို' လို့ခေါ်။ ငါ့ မျိုးရိုးနာမည်က ယွီဝမ်။" လင်းမောက်မောက်က လင်းကျန်ကိုတစ်ချက်ကြည့်ကာ ယွီဝမ်ထုန်ဘက်သို့လှည့်၍ ပြောင်းခေါ်လိုက်သည်။ "အစ်ကိုယွီဝမ်"

လင်းကျန်က စိတ်ထဲ၌ မကျေမနပ်ဖြစ်ကာ လှောင်လိုက်သည်။ သို့သော် ယွီဝမ်ထုန်အား ပေါ်တင်မဆန့်ကျင်သင့်ရာ သူလင်းမောက်မောက်ကို 'အစ်ကိုယွီဝမ်'ဟု ပြောင်းခေါ်ခွင့်ပြုလိုက်ရသည်။

ယွီဝမ်ထုန်က လင်းမောက်မောက်အား ခေါင်းပွတ်ပေးသည်။ ထို့နောက် ကျောက်စိမ်းဖြူတစ်ပြားကိုထုတ်ကာ လင်းမောက်မောက်၏လက်ထဲသို့ ထည့်ပေးသည်။ "ငါတို့ ပထမဆုံးအကြိမ်တွေ့တဲ့အထိန်းအမှတ် လက်ဆောင်။"

လင်းကျန်က လက်ဆောင်ကို လင်းမောက်မောက်အစား ငြင်းချင်သော်လည်း ယွီဝမ်ထုန်က လင်းကျန်ဘာပြောမည်ကို သိသည့်ပုံစံဖြင့်ကြည့်သည်။ "ဒါက ပထမဆုံးအကြိမ် တွေ့တာအတွက် လက်ဆောင်လေးပဲလေ။ မင်းဘာကြောင့် ငြင်းရမှာလဲ။"

'ခင်ဗျားက အဲ့လိုပြောတော့ ကျွန်တော် ဘာပြောနိုင်ဦးမှာလဲ။' လင်းကျန်က နှုတ်ခမ်းစေ့ထားပြီးနောက် ပြောသည်။ "ဒီကျောက်စိမ်းက တအားအဖိုးတန်လွန်းတယ်။"

"ဒါ့ကြာင့် ကိုယ်ပေးတာလေ။ ဒါဆို ဘာပေးရမလဲ၊ မြက်တစ်မျှင်လား။" ယွီဝမ်ထုန်က မေးသည်။

လင်းကျန် "..."

အဓိပ္ပါယ် မရှိတဲ့ တစ်ပတ်ရိုက်တာကြီး။

"ယူလိုက်" ယွီဝမ်ထုန်က လင်းမောက်မောက်အားကြည့်ကာပြောသည်။

လင်းမောက်မောက်က သူ့အစ်ကိုကြီးကို ကြည့်လိုက်သည်။ သူ့အစ်ကိုမှ အငြင်းစကားမပြောတော့သည်ကို တွေ့သောအခါ ကျောက်စိမ်းအားယူလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ အစ်ကိုယွီဝမ်။" သူ့အကြည့်များမှာ ယွီဝမ်ထုန်အကြောင်း သိလိုစိတ်များဖြင့် ပြည့်နေဆဲပင်။

ယွီဝမ်ထုန်က ခေါင်းညှိတ်ပြကာ ဆေးစိုက်ခင်းအားကြည့်လိုက်သည်။ "ဒီဆေးစိုက်ခင်းက တော်တော်ကျယ်တာပဲ။ ကိုယ်ကြားတာ ထန်းယန်မှာ ဆေးပင်တွေကို အလျှံအပယ်စိုက်ကြတယ်ဆို၊ ဟုတ်လား။"

ဆေးပင်အချို့ကို စစ်ပွဲတွင် မကြာခဏသုံးရရာ ယွီဝမ်ထုန်က ဆေးပင်များနှင့်ပက်သက်၍ ပိုဗဟုသုတရစေရန် လင်းကျန်အား ဆေးစိုက်ခင်းတစ်ဝိုက် လိုက်ပြရန်တောင်းဆိုလိုက်သည်။

သို့ရာတွင် လင်းကျန်က သူ၏ထုံကျင်နေသော နောက်ကျောနှင့်ခြေထောက်တို့အနားရရန် ထိုင်ချကာနားချင်နေသည်။

သို့သော် ယွီဝမ်ထုန်၏ အရှေ့တွင် အားနည်းချက်ကို မပြသချင်သဖြင့် သူသဘောတူလိုက်ရသည်။

ယွီဝမ်ထုန်အား ဆေးစိုက်ခင်းဘက်သို့ခေါ်သွားရင်း လင်းကျန်မှာ ဆေးပင်အားလုံးနီးပါးနှင့်ပက်သက်၍ ယွီဝမ်ထုန်၏ဗဟုသုတပြည့်စုံမှုကြောင့် အတော်အံ့ဩမိသည်။ ထိုအချက်များထဲမှအချို့ကို သူကိုယ်တိုင်ပင် သိပ်မသိချေ။

ယွီဝမ်ထုန်က လင်းကျန်၏မျက်ဝန်းများထဲမှ သံသယကို ထွင်းဖောက်မြင်နိုင်ပုံပေါ်သည်။ သူကရှင်းပြသည်။ "စစ်မြေပြင်မှာ ဆေးပင်တွေက မရှိမဖြစ်လေ။ စစ်သူကြီးတစ်ယောက်အနေနဲ့ ကိုယ်ကဆေးပင်တွေအကြောင်း လေ့လာဖို့လိုတယ်။ ဒါမှ သေရေးရှင်ရေးအခြေအနေမှာ စစ်သားတွေကိုအသက်ကယ်နိုင်မှာ။"

လင်းကျန် အံ့ဩသွားသည်။ 'ယွီဝမ်ထုန်က စစ်သားတစ်သန်းလောက်ကိုအမိန်ံ့ပေးနိုင်တဲ့ စစ်သူကြီးလေ။ ဒါတောင် သူကသာမန်စစ်သားတွေကို ဂရုစိုက်သေးတာလား။"

အချိန်အတော်ကြာမျှ လျှောက်ပြီးနောက် လင်းကျန်၏ခြေထောက်များတုန်လာသည်။ တကယ်တမ်းတွင် သူမြင်းပေါ်မှဆင်းလာစဉ်တည်းက မတ်တပ်ပင်မနည်းရပ်ရသည်။ သူက တောင့်ခံထားရန် အားတင်း၍ကြိုးစားနေသော်လည်း ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်သည်။

ကျောက်တုံးတစ်တုံးနှင့် မတော်တဆ ခလုတ်တိုက်မိရာ လင်းကျန်မှာ ဒူးထောက်ကျသွားတော့မလိုပင်။

ယွီဝမ်ထုန်က သူ့ကိုသွက်သွက်လက်လက်လာထူပေးသည်။ "ဂရုစိုက်။"

လင်းကျန်အား ထူပေးပြီးနောက် လင်းကျန်၏ခြေထောက်များ အားနည်းကာတုန်ရီနေသည်ကို ယွီဝမ်ထုန်သိလိုက်ရသည်။ တစ်ချက်တွေးရုံနှင့်ပင် အကြောင်းရင်းကို သဘောပေါက်သွားပြီး သူမျက်မှောင်ကြုတ်မိသည်။ "မင်းလမ်းမလျှောက်နိုင်ဘူးဆိုတာ ကိုယ့်ကိုဘာလို့ မပြောတာလဲ။"

လင်းကျန်က အံကြိတ်ကာပြောသည်။ "လျှောက်နိုင်တယ်။"

ယွီဝမ်ထုန်က သူ့အားသဘောမတူသကဲ့သို့ ကြည့်သည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူအပြစ်တင်မိသည်။ အဘယ့်ကြောင့်ဆိုသော် စစ်မြေပြင်၌ နှစ်ပေါင်းများစွာကျော်ဖြတ်ခဲ့ပြီးနောက် ခဏတာမြင်းစီးခြင်းမှာ သူ့အတွက် ဘာမှမဟုတ်ပေ။ သို့သော် လင်းကျန်က သူကဲ့သို့ ခက်ခက်ခဲခဲမလေ့ကျင့်ဖူးသည်ကို သူမေ့ခဲ့မိသည်။

"ပြန်ရအောင်။" ယွိဝမ်ထုန်က ခပ်ဩဩပြောသည်။

လင်းကျန်က ခေါင်းညှိတ်ကာ အနောက်သို့လှည့်ပြန်ရန်ပြင်သည်။ သို့သော် သူခြေစလှမ်းရန် ခြေထောက်မလိုက်သည်နှင့် အားနည်းလာပြန်သည်။

ယွီဝမ်ထုန်က သူ့ကိုရင်ခွင်ထဲသွင်းကာ မချီလိုက်ပြီး ပြန်ခေါ်သွားသည်။

လင်းကျန်၏မျက်နှာမှာ ရှက်သောကြောင့် ပူရှိန်းရှိန်းဖြစ်လာသည်။ သူဤမျှအားနည်းမည်ဟု သူ့ကိုယ်သူမထင်ထားခဲ့ပေ။ သူက မနက်တိုင်းလေ့ကျင့်ခန်းလုပ်နေရာ ပြန်လည်မွေးဖွားလာသည့်အချိန်ကထက် ပိုသန်မာလာသည်။ ထို့အပြင် ယွီဝမ်ထုန်ထံမှ ဤသို့အချီခံထားရခြင်းမှာ ရှက်စရာကောင်းသည်။

"ကျွန်တော့်ကို အောက်ချပေး။ ကိုယ့်ဘာသာကိုယ် လျှောက်နိုင်တယ်။" တစ်စုံတစ်ယောက်မှ သူတို့အားကြည့်နေသည်ကို လင်းကျန်သတိထားမိသောအခါ ရှက်ရွံ့ပူလောင်လာသဖြင့် အံကြိတ်၍ပြောလိုက်သည်။

ယွီဝမ်ထုန်က ခေါင်းငုံ့ကာ သူ့ကိုစိုက်ကြည့်သည်။ "မလှုပ်နဲ့။"

ယွီဝမ်ထုန့်ထံမှ စိုက်ကြည့်ခံရပြီးနောက် လင်းကျန်မလှုပ်ရဲတော့သည်မှာ အလွန်ထူးဆန်းသည်။

"ကျွန်တော့်ကို အောက်ချပေး။" လင်းကျန်က ယွီဝမ်ထုန်၏ လွှမ်းမိုးမှုကို လစ်လျူရှုကာ လက်မလျှော့ဘဲ ဆက်ကြိုးစားသည်။

ယွီဝမ်ထုန်က တစ်ချက်စိုက်ကြည့်ပြီးနောက် လင်းကျန်ကိုချီကာ လေပေါ်သို့ရုတ်တရက်ပျံတက်သွားသည်။ ထို့နောက် သူကဆေးစိုက်ခင်းကို အကြိမ်အနည်းငယ်မျှခုန်ပျံရုံနှင့်ပင် ကျော်သွားသည်။ သူကရွာသို့ရောက်သည်အထိ လင်းကျန်ကိုအောက်မချပေးခဲ့ပေ။

လင်းကျန်က ခပ်မြန်မြန်ပျံသန်းမှုကြောင့် ထိတ်လန့်နေပြီး မြေကြီးနှင့်ခြေထောက်ထိသွားသောအခါတွင်ပင် မိန်းမောနေဆဲသာ။

"အစ်ကိုကြီး၊ ဘာဖြစ်နေတာလဲ။" လင်းမောက်မောက်က စိုးရိမ်ပူပန်နေသောအကြည့်ဖြင့် ရောက်လာသည်။

ကျိုးချွမ်းဖူနှင့် လူအချို့လည်း စုဝေးလာသည်။ "သခင်လေးရဲ့ခြေထောက် ဘာဖြစ်သွားတာပါလဲ။"

"အဆင်ပြေပါတယ်။ တစ်ခုခုနဲ့ ခပ်ပြင်းပြင်းတိုက်မိသွားလို့ နည်းနည်းထုံနေတာ။" လင်းကျန်က အလျင်စလိုရှင်းပြသည်။

"ဒါဆို သခင်လေး အခန်းထဲပြန်သွားပြီး အနားယူရင် ပိုကောင်းမယ်။ " ကျိုးချွမ်းဖူက အကြံပေးသည်။

အစောင့်များနှင့်လိုက်ပို့ခံရသော ဆေးပင်စိုက်သမားများမှာလည်း လင်းကျန်က သူတို့အား နယ်စောင့်တပ်သားများလက်မှ ကယ်ခဲ့သည့်အတွက် ကျေးဇူးတင်နေကြသည်။ ဟုတ်သည်။ သူတို့က အံ့ဖွယ်ကောင်းသောလူကိုလည်း ကျေးဇူးတင်ချင်သည်။ သို့သော် ထိုလူအနားသို့ မကပ်ရဲပေ။

လင်းကျန်က ခေါင်းညှိတ်ပြသည်။ "ကျေးဇူးပဲ။ ကျွန်တော် အခုပဲသွားနားလိုက်မယ်။"

အခန်းထဲသို့ရောက်ကာ ထိုင်ချလိုက်သောအခါမှ လင်းကျန် သက်သာသွားသည်။

အခန်းထဲသို့ လိုက်ဝင်လာသော ယွီဝမ်ထုန်အားကြည့်ကာ လင်းကျန်ကပြောသည်။ "အားနာပါတယ်။ ကျွန်တော် ခင်ဗျားနဲ့အတူ ဆေးပင်တွေကို လိုက်မကြည့်နိုင်တော့ဘူး။"

ယွီဝမ်ထုန်က သူ့မျကိနှာအားကြည့်လိုက်ရာ နောင်တရသည့်အရိပ်အယောင် အနည်းငယ်မျှကိုပင်မတွေ့၍ လင်းကျန်သည် ထိုကိစ္စနှင့်ပက်သက်၍ အတော်ပျော်ရွှင်နေသည်ကို သူရှင်းလင်းစွာသိလိုက်ရသည်။

"ဘာမှ မဖြစ်ပါဘူး။ ကိုယ်လည်း နားဖို့လိုနေတာ။" ယွီဝမ်ထုန်က သူ့ဝတ်စုံအနားစကိုမကာ ထိုင်ရန် ထိုင်ခုံတစ်ခုရှာလိုက်သည်။

လင်းကျန်က သူ့ကိုစိုက်ကြည့်နေသညိ။ "ဒီအခန်းက တော်တော်ကျဉ်းတယ်။ ကျွန်တော် သူတို့ကို ခန်းမထဲမှာ လက်ဖက်ရည်နဲ့ အာသာပြေစားစရာတွေ ပြင်ခိုင်းထားတယ်။ ကျေးဇူးပြုပြီး အဲ့မှာသွားနားပါ။"

"ကိုယ် စိတ်မဝင်စားဘူး။ နေရာတိုင်းက ကိုယ့်အတွက် အတူတူပဲ။" ယွီဝမ်ထုန်က တည်ငြိမ်စွာပြောသည်။

လင်းကျန်မှာ သူ့လက်ထဲမှ ပစ္စည်းအား ယွီဝမ်ထုန့်ထံ ကောက်မပေါက်မိစေရန် မနည်းထိန်းထားရသည်။ သူက သိသိသာသာကို နှင်နေခြင်းဖြစ်သည်။ ယင်းကို ယွီဝမ်ထုန်က နားမလည်ဘူးလား။

သူက အချိန်တစ်ခုမျှ တစ်ယောက်တည်းနေချင်မိခြင်းပင်။ သူက ယွီဝမ်ထုန်နှင့် တစ်ခန်းတည်း မနေချင်ပေ။

"မင်းက မြင်းပေါ်မှာ နည်းလမ်းအမှားကြီးနဲ့ထိုင်လာတာဆိုတော့ ခြေထောက်နာပြီး မြဲမြဲရပ်နိုင်မှာမဟုတ်ဘူး။ မင်းရဲ့ နာနေတဲ့ကြွက်သားတွေကို ကိုယ်နှိပ်ပေးနိုင်တယ်။" ယွီဝမ်ထုန်က မအောင့်နိုင်ဘဲ လင်းကျန်အား ရန်စသည့်စကားမျိုး ပြောလိုက်သည်။ လင်းကျန်မှ မောင်းထုတ်လိုသည့်ဆန္ဒကို ထိန်းချုပ်ထားနေရခြင်းအား မြင်ရသည်မှာ သူ့အတွက်အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ လင်းကျန်က အားစိုက်ကာ ယွီဝမ်ထုန်ကို စိုက်ကြည့်၍ သတိဖြင့်ပြောသည်။ "မလိုဘူး။"

"တကယ်လား။ ဒါဆို နောက်ပိုင်း မင်းလမ်းမလျှောက်နိုင်ရင် ကိုယ့်ကိုကိုင်ပေးစေချင်တာလား။" ယွီဝမ်ထုန်ကမေးသည်။

"မလိုဘူးလို့ ပြောပြီးပြီလေ။ ကျွန်တော် ကိုယ့်ဘာသာလျှောက်နိုင်တယ်။ ခင်ဗျားရဲ့အကူအညီကို မလိုဘူး။" နောက်ဆုံးတွင်တော့ လင်းကျန်မထိန်းနိုင်တော့ဘဲ အသံကျယ်လိုက်ရသည်။

"အစ်ကိုကြီး။" အခန်းထဲမှ အသံအား ကြားသောအခါ လင်းမောက်မောက်က ပြေးဝင်လာပြီး လင်းကျန်ကို စိုးရိမ်ပူပန်စွာ ကြည့်သည်။ "အစ်ကိုကြီး ဘာပြောလိုက်တာလဲ။ အစ်ကို မသက်မသာဖြစ်နေတာလား။"

လင်းကျန်က ဒေါသထိန်းလိုက်ရသည်။ သူ့မျက်နှာမှာ ဖွင့်ထုတ်၍မရနိုင်လိုက်သောဒေါသကြောင့် အနည်းငယ်မာဆတ်ဆတ်ဖြစ်နေသည်။

ယွီဝမ်ထုန်က ကြိတ်ပြုံးကာ မတ်တပ်ရပ်ပြီး လင်းမောက်မောက်၏ခေါင်းကိုပွတ်ပေး၍ ထွက်သွားသည်။

"ကောင်းကောင်းနားနော်၊ သခင်လေးလင်း။"

ယွီဝမ်ထုန်ထွက်သွားသည်ကို မြင်မှသာ စောစောပိုင်းတွင် ယွီဝမ်ထုန်မှ သူ့အား စနောက်နေခဲ့ခြင်းဖြစ်ကြောင်း လင်းကျန်တဖြည်းဖြည်း သဘောပေါက်လာသည်။

ဒေါသမထိန်းနိုင်တော့သဖြင့် လင်းကျန် စားပွဲကို ခပ်ပြင်းပြင်းထုလိုက်သည်။ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်များ လှုပ်ကာ အသံမြည်သွားသည်။

လင်းမောက်မောက်က အံ့အားသင့်သွားကာ သူ့အား မဝံ့မရဲကြည့်သည်။ "အစ်ကိုကြီး"

လင်းကျန်က အကြိမ်အနည်းငယ်မျှ အသက်ရှိုက်ရှူပြီးနောက် ပြန်တည်ငြိမ်သွားကာ ပြောသည်။ "ရပါတယ်။ အစ်ကိုက မင်းကိုဒေါသထွက်နေတာမဟုတ်ဘူး။"

လင်းမောက်မေယက် စိတ်အေးသွားကာ အနားကပ်လာသည်။ "အစ်ကိုကြီး စိတ်တိုအောင် ဘယ်သူလုပ်တာလဲ။"

ဘယ်သူဖြစ်မလဲ။ စောစောပိုင်းက ယွီဝမ်ထုန် ကျီစယ်နေခဲ့ပုံကို လင်းကျန်ပြန်တွေးမိသောအခါ တကယ်ရိုက်ချင်လာသည်။

"စိတ်ရှုပ်စရာကောင်းတဲ့ ယင်ကောင်ပါ။ အစ်ကို သူ့ကိုသတ်လိုက်ပြီ။" လင်းကျန်က သတ်တော့ဖြတ်တော့မည့် လေသံဖြင့်ပြောသည်။

အခန်း၏ အပြင်ဘက်တွင် အဝေးသို့မရောက်သေးသည့် ယွီဝမ်ထုန်က သူတို့၏ပြောစကားအား ကြားလိုက်ရသည်။  သူမျက်ခုံးပင့်ကာ ပြုံးမိသည်။

၎င်းက မသိသာသောအပြုံးမျိုးဖြစ်သော်လည်း ယွီဝမ်ထုန်၏နောက်လိုက်က တွေ့သွားကာ ယွီဝမ်ထုန်အား အံ့အားသင့်၍ကြည့်လာသည်။ "စစ်သူကြီး"

ယွီဝမ်ထုန်က ထိုခပ်ဖျော့ဖျော့အပြုံးကိုဖျောက်ကာ ပြောသည်။ "ဒီမှာ လူတွေအများကြီးပဲ။ မင်းငါ့ကိုခေါ်တဲ့ပုံကို ဂရုစိုက်။"

"ဟုတ်ကဲ့ပါ၊ အရာရှိကြီး။"

"ထန်းယန်နယ်စောင့်တပ်နဲ့ပက်သက်တဲ့ အသေးစိတ်အချက်တချို့ကို သွားစုံစမ်းလိုက်။" ယွီဝမ်ထုန်က အမိန့်ပေးသည်။

"ဟုတ်ကဲ့ပါ။" ငယ်သားကဖြေသည်။ "ဒီမှာ ဘယ်လောက်ကြာကြာ နေမှာပါလဲ။"

"လင်းကျန်က ဒီမှာအကြာကြီးမနေလောက်ဘူး။ မင်း စုံစမ်းပြီးရင် ထန်းယန်ဆီပြန်တော့။" ယွီဝမ်ထုန်ကပြောသည်။

"ဟုတ်ကဲ့ပါ။"

ယွီဝမ်ထုန်က အဝေးမှ နယ်စောင့်တပ်များတပ်စခန်းကိုကြည့်လိုက်သည်။ တပ်စခန်းက သူထင်ထားသည်ထက် ပိုကျယ်နေသည်။ သူမှန်းထားသည်ထက် စစ်သားပိုများလိမ့်မည်။ သူက ကျန်ချောင်းသည် ထန်းယန်၏'ဧကရာဇ်' ဖြစ်လာကြောင်း ကြားဖူးသည်မှာကြာပြီဖြစ်သည်။ ကြည့်ရသည်မှာ ကောလဟာလများက မှန်နေသည့်ပုံပင်။ ထန်းယန်သို့လာသည့်လမ်းတွင် သူ့လူအချို့ကို ထန်းယန်နှင့်ပက်သက်သည့် အချက်အလက်များအား စုံစမ်းခိုင်းရာ ဒေသခံများသည် နယ်စောင့်တပ်သားများအပေါ် အလွန်အားကိုးကြောင်း သိခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဓားပြများအား တိုက်ထုတ်ပေးရန် ဒေသခံများယုံကြည်နိုင်သည်မှာ နယ်စောင့်တပ်သားများပင်။ သို့သော် နှစ်ပေါင်းများစွာကြာလာသော်လည်း ဓားပြများလုံးဝမပျောက်သွားပေ။ သို့မဟုတ် တိတိကျကျပြောရလျှင် ဓားပြများက ပို၍လွှမ်းမိုးနိုင်လာသည်။ ယင်းက မူမမှန်ပေ။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ ေလွ်ာက္လို႔ရမလား။
.............................................................

"အစ္ကိုႀကီး" လင္းေမာက္ေမာက္က လင္းက်န္ကို အေဝးမွလွမ္းျမင္စဥ္ကတည္းကပင္ အျမန္ေျပးလာသည္။

လင္းက်န္က လင္းေမာက္ေမာက္အေပၚ ခ်က္ခ်င္းအာ႐ုံစိုက္မိသြားၿပီး အျမန္ေျပးလာေသာေကာင္ေလးအား ၾကည့္လိုက္သည္။ ထန္းယန္ၿမိဳ႕တြင္းႏွင့္မတူသည္မွာ ဤစိုက္ခင္းေျမ၌ ခလုတ္တိုက္လဲရန္လြယ္သည္။ လင္းက်န္က လင္းေမာက္ေမာက္ကိုေအာ္၍ မရပ္ခိုင္းဘဲ လင္းေမာက္ေမာက္၏ေျခလွမ္းကိုသာ ေသခ်ာၾကည့္ေနသည္။

လင္းေမာက္ေမာက္က တစ္ခ်က္ပင္မနားဘဲ လင္းက်န္၏ရင္ခြင္ထဲသို႔ ဝင္လာသည္။

ယြီဝမ္ထုန္က အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ကာ ျမန္ျမန္ေ႐ႊ႕လိုက္ၿပီး လင္းက်န္၏ေနာက္၌ သြားရပ္သည္။

ေမွ်ာ္လင့္ထားသည့္အတိုင္းပင္။ ျပန္လမ္းတစ္ေလွ်ာက္လုံး၌ ခႏၶာကိုယ္အားေတာင့္ထား၍ တစ္ကိုယ္လုံးနာက်င္ကိုက္ခဲေနသည့္ လင္းက်န္မွာ လင္းေမာက္ေမာက္၏ အေလးခ်ိန္ကိုမခံနိုင္ဘဲ အေနာက္ဘက္သို႔ယိုင္လာသည္။

လင္းက်န္ အနည္းငယ္ လန့္ဖ်ပ္သြားကာ လင္းေမာက္ေနာက္ မနာက်င္ေစရန္ သူ႕ကိုယ္သူ အကာအကြယ္တစ္ခုအျဖစ္ လုပ္ေဆာင္မည္ဟုရည္႐ြယ္၍ လင္းေမာက္ေမာက္ကို ၿမဲၿမံစြာဖက္ထားလိုက္သည္။ သို႔ေသာ္ ေျမျပင္ေပၚသို႔လဲက်သြားရမည့္အစား သူက ရင္အုပ္က်ယ္ႀကီးေပၚလဲက်သြားကာ ရင္းႏွီးေသာ ေအးစက္စက္ရနံ႕အား ရႉရွိုက္မိသည္။

ယြီဝမ္ထုန္က လင္းက်န္ႏွင့္ လင္းက်န္၏ရင္ခြင္ထဲမွ လင္းေမာက္ေမာက္အား တည္ၿငိမ္စြာကိုင္ေပးထားကာ ငုံၾကည့္၍ေျပာသည္။ "တစ္ေယာက္က နေမာ္နမဲ့ေျပးလာတယ္။ တျခားတစ္ေယာက္က  ကိုယ့္ခႏၶာကိုယ္အေျခအေနကိုယ္ မသိဘဲ ကေလးတစ္ေယာက္ကို မခ်ီရဲတယ္။"

လင္းက်န္မွာ ေျပာစရာမဲ့သြားသည္။

သူက ယြီဝမ္ထုန္အား သူ႕ကိုမဖမ္းခိုင္းခဲ့ေခ်။

လင္းေမာက္ေမာက္က လင္းက်န္၏ရင္ခြင္ထဲမွ ေခါင္းေမာ့လာကာ ယြီဝမ္ထုန္ထံ စပ္စပ္စုစု လွမ္းၾကည့္သည္။ "ဦးေလးက ဘယ္သူလဲ။"

သတိဝင္လာေသာအခါ လင္းက်န္ ျမန္ျမန္ေက်ာမတ္ကာ လင္းေမာက္ေမာက္အား ေျမႀကီးေပၚ၌ ရပ္ခိုင္းလိုက္သည္။ "ငါမင္းကို ခဏခဏ ေျပာဖူးတယ္ေနာ္။ ေလွ်ာက္မေျပးပါနဲ႕ဆို။"

လင္းေမာက္ေမာက္က ရယ္ကာ မဲ့႐ြဲ႕ျပသည္။ ထို႔ေနာက္ သူက ယြီဝမ္ထုန့္ထံၾကည့္ကာ ေမးလိုက္သည္။ "အစ္ကိုႀကီး၊ ဒီဦးေလးႀကီးက ဘယ္သူလဲ။"

ဦးေလးဆိုသူမွာ ေျပာစရာမဲ့သြားသည္။

ယြီဝမ္ထုန္၏မ်က္ႏွာႀကီး ေတာင့္တင္းသြားသည္။

လင္းက်န္က ထိုစကားကို ၾကားၿပီးေနာက္ အလြန္ေက်နပ္မိေနရာ ရယ္မိေတာ့မလိုပင္။ တကယ္တမ္းတြင္ ယြီဝမ္ထုန္က စစ္တလင္းသို႔ ေစာေရာက္ေနေသာ္လည္း ယခုအခ်ိန္တြင္ ႏွစ္ဆယ့္ေျခာက္ႏွစ္သာ ရွိေသးသည္။ ထို႔အျပင္ သူကရွိရင္းစြဲအသက္ထက္ပင္ ငယ္ပုံေပၚသည္။ သို႔ေသာ္ လင္းေမာက္ေမာက္၏ အျမင္တြင္ ယြီဝမ္ထုန္က အရပ္ရွည္ကာသန္မာသည့္အတြက္ 'ဦးေလး' ဟုေခၚသင့္သည္။

"ဒီဦးေလးက... ငါတို႔မိသားစုရဲ႕ ဧည့္သည္ပဲ။" လင္းက်န္က 'ဦးေလး' ဟူေသာ စကားလုံးကို တမင္အသံရွည္ဆြဲေခၚသည္။

လင္းက်န္အား အဓိပ္ပါယ်ပါပါကြည့်ကာ ယြီဝမ္ထုန္က လင္းေမာက္ေမာက္အားေျပာလိုက္သည္။ "ငါ့ကို 'အစ္ကို' လို႔ေခၚ။ ငါ့ မ်ိဳးရိုးနာမည္က ယြီဝမ္။" လင္းေမာက္ေမာက္က လင္းက်န္ကိုတစ္ခ်က္ၾကည့္ကာ ယြီဝမ္ထုန္ဘက္သို႔လွည့္၍ ေျပာင္းေခၚလိုက္သည္။ "အစ္ကိုယြီဝမ္"

လင္းက်န္က စိတ္ထဲ၌ မေက်မနပ္ျဖစ္ကာ ေလွာင္လိုက္သည္။ သို႔ေသာ္ ယြီဝမ္ထုန္အား ေပၚတင္မဆန့္က်င္သင့္ရာ သူလင္းေမာက္ေမာက္ကို 'အစ္ကိုယြီဝမ္'ဟု ေျပာင္းေခၚခြင့္ျပဳလိုက္ရသည္။

ယြီဝမ္ထုန္က လင္းေမာက္ေမာက္အား ေခါင္းပြတ္ေပးသည္။ ထို႔ေနာက္ ေက်ာက္စိမ္းျဖဴတစ္ျပားကိုထုတ္ကာ လင္းေမာက္ေမာက္၏လက္ထဲသို႔ ထည့္ေပးသည္။ "ငါတို႔ ပထမဆုံးအႀကိမ္ေတြ႕တဲ့အထိန္းအမွတ္ လက္ေဆာင္။"

လင္းက်န္က လက္ေဆာင္ကို လင္းေမာက္ေမာက္အစား ျငင္းခ်င္ေသာ္လည္း ယြီဝမ္ထုန္က လင္းက်န္ဘာေျပာမည္ကို သိသည့္ပုံစံျဖင့္ၾကည့္သည္။ "ဒါက ပထမဆုံးအႀကိမ္ ေတြ႕တာအတြက္ လက္ေဆာင္ေလးပဲေလ။ မင္းဘာေၾကာင့္ ျငင္းရမွာလဲ။"

'ခင္ဗ်ားက အဲ့လိုေျပာေတာ့ ကြၽန္ေတာ္ ဘာေျပာနိုင္ဦးမွာလဲ။' လင္းက်န္က ႏႈတ္ခမ္းေစ့ထားၿပီးေနာက္ ေျပာသည္။ "ဒီေက်ာက္စိမ္းက တအားအဖိုးတန္လြန္းတယ္။"

"ဒါ့ၾကာင့္ ကိုယ္ေပးတာေလ။ ဒါဆို ဘာေပးရမလဲ၊ ျမက္တစ္မွ်င္လား။" ယြီဝမ္ထုန္က ေမးသည္။

လင္းက်န္ "..."

အဓိပ္ပါယ် မရွိတဲ့ တစ္ပတ္ရိုက္တာႀကီး။

"ယူလိုက္" ယြီဝမ္ထုန္က လင္းေမာက္ေမာက္အားၾကည့္ကာေျပာသည္။

လင္းေမာက္ေမာက္က သူ႕အစ္ကိုႀကီးကို ၾကည့္လိုက္သည္။ သူ႕အစ္ကိုမွ အျငင္းစကားမေျပာေတာ့သည္ကို ေတြ႕ေသာအခါ ေက်ာက္စိမ္းအားယူလိုက္သည္။ "ေက်းဇူးတင္ပါတယ္၊ အစ္ကိုယြီဝမ္။" သူ႕အၾကည့္မ်ားမွာ ယြီဝမ္ထုန္အေၾကာင္း သိလိုစိတ္မ်ားျဖင့္ ျပည့္ေနဆဲပင္။

ယြီဝမ္ထုန္က ေခါင္းညွိတ္ျပကာ ေဆးစိုက္ခင္းအားၾကည့္လိုက္သည္။ "ဒီေဆးစိုက္ခင္းက ေတာ္ေတာ္က်ယ္တာပဲ။ ကိုယ္ၾကားတာ ထန္းယန္မွာ ေဆးပင္ေတြကို အလွ်ံအပယ္စိုက္ၾကတယ္ဆို၊ ဟုတ္လား။"

ေဆးပင္အခ်ိဳ႕ကို စစ္ပြဲတြင္ မၾကာခဏသုံးရရာ ယြီဝမ္ထုန္က ေဆးပင္မ်ားႏွင့္ပက္သက္၍ ပိုဗဟုသုတရေစရန္ လင္းက်န္အား ေဆးစိုက္ခင္းတစ္ဝိုက္ လိုက္ျပရန္ေတာင္းဆိုလိုက္သည္။

သို႔ရာတြင္ လင္းက်န္က သူ၏ထုံက်င္ေနေသာ ေနာက္ေက်ာႏွင့္ေျခေထာက္တို႔အနားရရန္ ထိုင္ခ်ကာနားခ်င္ေနသည္။

သို႔ေသာ္ ယြီဝမ္ထုန္၏ အေရွ႕တြင္ အားနည္းခ်က္ကို မျပသခ်င္သျဖင့္ သူသေဘာတူလိုက္ရသည္။

ယြီဝမ္ထုန္အား ေဆးစိုက္ခင္းဘက္သို႔ေခၚသြားရင္း လင္းက်န္မွာ ေဆးပင္အားလုံးနီးပါးႏွင့္ပက္သက္၍ ယြီဝမ္ထုန္၏ဗဟုသုတျပည့္စုံမႈေၾကာင့္ အေတာ္အံ့ဩမိသည္။ ထိုအခ်က္မ်ားထဲမွအခ်ိဳ႕ကို သူကိုယ္တိုင္ပင္ သိပ္မသိေခ်။

ယြီဝမ္ထုန္က လင္းက်န္၏မ်က္ဝန္းမ်ားထဲမွ သံသယကို ထြင္းေဖာက္ျမင္နိုင္ပုံေပၚသည္။ သူကရွင္းျပသည္။ "စစ္ေျမျပင္မွာ ေဆးပင္ေတြက မရွိမျဖစ္ေလ။ စစ္သူႀကီးတစ္ေယာက္အေနနဲ႕ ကိုယ္ကေဆးပင္ေတြအေၾကာင္း ေလ့လာဖို႔လိုတယ္။ ဒါမွ ေသေရးရွင္ေရးအေျခအေနမွာ စစ္သားေတြကိုအသက္ကယ္နိုင္မွာ။"

လင္းက်န္ အံ့ဩသြားသည္။ 'ယြီဝမ္ထုန္က စစ္သားတစ္သန္းေလာက္ကိုအမိန္ံ့ေပးနိုင္တဲ့ စစ္သူႀကီးေလ။ ဒါေတာင္ သူကသာမန္စစ္သားေတြကို ဂ႐ုစိုက္ေသးတာလား။"

အခ်ိန္အေတာ္ၾကာမွ် ေလွ်ာက္ၿပီးေနာက္ လင္းက်န္၏ေျခေထာက္မ်ားတုန္လာသည္။ တကယ္တမ္းတြင္ သူျမင္းေပၚမွဆင္းလာစဥ္တည္းက မတ္တပ္ပင္မနည္းရပ္ရသည္။ သူက ေတာင့္ခံထားရန္ အားတင္း၍ႀကိဳးစားေနေသာ္လည္း ကန့္သတ္ခ်က္သို႔ ေရာက္ေနၿပီျဖစ္သည္။

ေက်ာက္တုံးတစ္တုံးႏွင့္ မေတာ္တဆ ခလုတ္တိုက္မိရာ လင္းက်န္မွာ ဒူးေထာက္က်သြားေတာ့မလိုပင္။

ယြီဝမ္ထုန္က သူ႕ကိုသြက္သြက္လက္လက္လာထူေပးသည္။ "ဂ႐ုစိုက္။"

လင္းက်န္အား ထူေပးၿပီးေနာက္ လင္းက်န္၏ေျခေထာက္မ်ား အားနည္းကာတုန္ရီေနသည္ကို ယြီဝမ္ထုန္သိလိုက္ရသည္။ တစ္ခ်က္ေတြး႐ုံႏွင့္ပင္ အေၾကာင္းရင္းကို သေဘာေပါက္သြားၿပီး သူမ်က္ေမွာင္ၾကဳတ္မိသည္။ "မင္းလမ္းမေလွ်ာက္နိုင္ဘူးဆိုတာ ကိုယ့္ကိုဘာလို႔ မေျပာတာလဲ။"

လင္းက်န္က အံႀကိတ္ကာေျပာသည္။ "ေလွ်ာက္နိုင္တယ္။"

ယြီဝမ္ထုန္က သူ႕အားသေဘာမတူသကဲ့သို႔ ၾကည့္သည္။ တစ္ခ်ိန္တည္းမွာပင္ သူ႕ကိုယ္သူအျပစ္တင္မိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ စစ္ေျမျပင္၌ ႏွစ္ေပါင္းမ်ားစြာေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ ခဏတာျမင္းစီးျခင္းမွာ သူ႕အတြက္ ဘာမွမဟုတ္ေပ။ သို႔ေသာ္ လင္းက်န္က သူကဲ့သို႔ ခက္ခက္ခဲခဲမေလ့က်င့္ဖူးသည္ကို သူေမ့ခဲ့မိသည္။

"ျပန္ရေအာင္။" ယြိဝမ္ထုန္က ခပ္ဩဩေျပာသည္။

လင္းက်န္က ေခါင္းညွိတ္ကာ အေနာက္သို႔လွည့္ျပန္ရန္ျပင္သည္။ သို႔ေသာ္ သူေျခစလွမ္းရန္ ေျခေထာက္မလိုက္သည္ႏွင့္ အားနည္းလာျပန္သည္။

ယြီဝမ္ထုန္က သူ႕ကိုရင္ခြင္ထဲသြင္းကာ မခ်ီလိုက္ၿပီး ျပန္ေခၚသြားသည္။

လင္းက်န္၏မ်က္ႏွာမွာ ရွက္ေသာေၾကာင့္ ပူရွိန္းရွိန္းျဖစ္လာသည္။ သူဤမွ်အားနည္းမည္ဟု သူ႕ကိုယ္သူမထင္ထားခဲ့ေပ။ သူက မနက္တိုင္းေလ့က်င့္ခန္းလုပ္ေနရာ ျပန္လည္ေမြးဖြားလာသည့္အခ်ိန္ကထက္ ပိုသန္မာလာသည္။ ထို႔အျပင္ ယြီဝမ္ထုန္ထံမွ ဤသို႔အခ်ီခံထားရျခင္းမွာ ရွက္စရာေကာင္းသည္။

"ကြၽန္ေတာ့္ကို ေအာက္ခ်ေပး။ ကိုယ့္ဘာသာကိုယ္ ေလွ်ာက္နိုင္တယ္။" တစ္စုံတစ္ေယာက္မွ သူတို႔အားၾကည့္ေနသည္ကို လင္းက်န္သတိထားမိေသာအခါ ရွက္႐ြံ႕ပူေလာင္လာသျဖင့္ အံႀကိတ္၍ေျပာလိုက္သည္။

ယြီဝမ္ထုန္က ေခါင္းငုံ႕ကာ သူ႕ကိုစိုက္ၾကည့္သည္။ "မလႈပ္နဲ႕။"

ယြီဝမ္ထုန့္ထံမွ စိုက္ၾကည့္ခံရၿပီးေနာက္ လင္းက်န္မလႈပ္ရဲေတာ့သည္မွာ အလြန္ထူးဆန္းသည္။

"ကြၽန္ေတာ့္ကို ေအာက္ခ်ေပး။" လင္းက်န္က ယြီဝမ္ထုန္၏ လႊမ္းမိုးမႈကို လစ္လ်ဴရႈကာ လက္မေလွ်ာ့ဘဲ ဆက္ႀကိဳးစားသည္။

ယြီဝမ္ထုန္က တစ္ခ်က္စိုက္ၾကည့္ၿပီးေနာက္ လင္းက်န္ကိုခ်ီကာ ေလေပၚသို႔႐ုတ္တရက္ပ်ံတက္သြားသည္။ ထို႔ေနာက္ သူကေဆးစိုက္ခင္းကို အႀကိမ္အနည္းငယ္မွ်ခုန္ပ်ံ႐ုံႏွင့္ပင္ ေက်ာ္သြားသည္။ သူက႐ြာသို႔ေရာက္သည္အထိ လင္းက်န္ကိုေအာက္မခ်ေပးခဲ့ေပ။

လင္းက်န္က ခပ္ျမန္ျမန္ပ်ံသန္းမႈေၾကာင့္ ထိတ္လန့္ေနၿပီး ေျမႀကီးႏွင့္ေျခေထာက္ထိသြားေသာအခါတြင္ပင္ မိန္းေမာေနဆဲသာ။

"အစ္ကိုႀကီး၊ ဘာျဖစ္ေနတာလဲ။" လင္းေမာက္ေမာက္က စိုးရိမ္ပူပန္ေနေသာအၾကည့္ျဖင့္ ေရာက္လာသည္။

က်ိဳးခြၽမ္းဖူႏွင့္ လူအခ်ိဳ႕လည္း စုေဝးလာသည္။ "သခင္ေလးရဲ႕ေျခေထာက္ ဘာျဖစ္သြားတာပါလဲ။"

"အဆင္ေျပပါတယ္။ တစ္ခုခုနဲ႕ ခပ္ျပင္းျပင္းတိုက္မိသြားလို႔ နည္းနည္းထုံေနတာ။" လင္းက်န္က အလ်င္စလိုရွင္းျပသည္။

"ဒါဆို သခင္ေလး အခန္းထဲျပန္သြားၿပီး အနားယူရင္ ပိုေကာင္းမယ္။ " က်ိဳးခြၽမ္းဖူက အႀကံေပးသည္။

အေစာင့္မ်ားႏွင့္လိုက္ပို႔ခံရေသာ ေဆးပင္စိုက္သမားမ်ားမွာလည္း လင္းက်န္က သူတို႔အား နယ္ေစာင့္တပ္သားမ်ားလက္မွ ကယ္ခဲ့သည့္အတြက္ ေက်းဇူးတင္ေနၾကသည္။ ဟုတ္သည္။ သူတို႔က အံ့ဖြယ္ေကာင္းေသာလူကိုလည္း ေက်းဇူးတင္ခ်င္သည္။ သို႔ေသာ္ ထိုလူအနားသို႔ မကပ္ရဲေပ။

လင္းက်န္က ေခါင္းညွိတ္ျပသည္။ "ေက်းဇူးပဲ။ ကြၽန္ေတာ္ အခုပဲသြားနားလိုက္မယ္။"

အခန္းထဲသို႔ေရာက္ကာ ထိုင္ခ်လိဳက္ေသာအခါမွ လင္းက်န္ သက္သာသြားသည္။

အခန္းထဲသို႔ လိုက္ဝင္လာေသာ ယြီဝမ္ထုန္အားၾကည့္ကာ လင္းက်န္ကေျပာသည္။ "အားနာပါတယ္။ ကြၽန္ေတာ္ ခင္ဗ်ားနဲ႕အတူ ေဆးပင္ေတြကို လိုက္မၾကည့္နိုင္ေတာ့ဘူး။"

ယြီဝမ္ထုန္က သူ႕မ်ကိႏွာအားၾကည့္လိုက္ရာ ေနာင္တရသည့္အရိပ္အေယာင္ အနည္းငယ္မွ်ကိုပင္မေတြ႕၍ လင္းက်န္သည္ ထိုကိစၥႏွင့္ပက္သက္၍ အေတာ္ေပ်ာ္႐ႊင္ေနသည္ကို သူရွင္းလင္းစြာသိလိုက္ရသည္။

"ဘာမွ မျဖစ္ပါဘူး။ ကိုယ္လည္း နားဖို႔လိုေနတာ။" ယြီဝမ္ထုန္က သူ႕ဝတ္စုံအနားစကိုမကာ ထိုင္ရန္ ထိုင္ခုံတစ္ခုရွာလိုက္သည္။

လင္းက်န္က သူ႕ကိုစိုက္ၾကည့္ေနသညိ။ "ဒီအခန္းက ေတာ္ေတာ္က်ဥ္းတယ္။ ကြၽန္ေတာ္ သူတို႔ကို ခန္းမထဲမွာ လက္ဖက္ရည္နဲ႕ အာသာေျပစားစရာေတြ ျပင္ခိုင္းထားတယ္။ ေက်းဇူးျပဳၿပီး အဲ့မွာသြားနားပါ။"

"ကိုယ္ စိတ္မဝင္စားဘူး။ ေနရာတိုင္းက ကိုယ့္အတြက္ အတူတူပဲ။" ယြီဝမ္ထုန္က တည္ၿငိမ္စြာေျပာသည္။

လင္းက်န္မွာ သူ႕လက္ထဲမွ ပစၥည္းအား ယြီဝမ္ထုန့္ထံ ေကာက္မေပါက္မိေစရန္ မနည္းထိန္းထားရသည္။ သူက သိသိသာသာကို ႏွင္ေနျခင္းျဖစ္သည္။ ယင္းကို ယြီဝမ္ထုန္က နားမလည္ဘူးလား။

သူက အခ်ိန္တစ္ခုမွ် တစ္ေယာက္တည္းေနခ်င္မိျခင္းပင္။ သူက ယြီဝမ္ထုန္ႏွင့္ တစ္ခန္းတည္း မေနခ်င္ေပ။

"မင္းက ျမင္းေပၚမွာ နည္းလမ္းအမွားႀကီးနဲ႕ထိုင္လာတာဆိုေတာ့ ေျခေထာက္နာၿပီး ၿမဲၿမဲရပ္နိုင္မွာမဟုတ္ဘူး။ မင္းရဲ႕ နာေနတဲ့ႂကြက္သားေတြကို ကိုယ္ႏွိပ္ေပးနိုင္တယ္။" ယြီဝမ္ထုန္က မေအာင့္နိုင္ဘဲ လင္းက်န္အား ရန္စသည့္စကားမ်ိဳး ေျပာလိုက္သည္။ လင္းက်န္မွ ေမာင္းထုတ္လိုသည့္ဆႏၵကို ထိန္းခ်ဳပ္ထားေနရျခင္းအား ျမင္ရသည္မွာ သူ႕အတြက္အလြန္စိတ္ဝင္စားဖြယ္ေကာင္းသည္။

ေမွ်ာ္လင့္ထားသည့္အတိုင္းပင္။ လင္းက်န္က အားစိုက္ကာ ယြီဝမ္ထုန္ကို စိုက္ၾကည့္၍ သတိျဖင့္ေျပာသည္။ "မလိုဘူး။"

"တကယ္လား။ ဒါဆို ေနာက္ပိုင္း မင္းလမ္းမေလွ်ာက္နိုင္ရင္ ကိုယ့္ကိုကိုင္ေပးေစခ်င္တာလား။" ယြီဝမ္ထုန္ကေမးသည္။

"မလိုဘူးလို႔ ေျပာၿပီးၿပီေလ။ ကြၽန္ေတာ္ ကိုယ့္ဘာသာေလွ်ာက္နိုင္တယ္။ ခင္ဗ်ားရဲ႕အကူအညီကို မလိုဘူး။" ေနာက္ဆုံးတြင္ေတာ့ လင္းက်န္မထိန္းနိုင္ေတာ့ဘဲ အသံက်ယ္လိုက္ရသည္။

"အစ္ကိုႀကီး။" အခန္းထဲမွ အသံအား ၾကားေသာအခါ လင္းေမာက္ေမာက္က ေျပးဝင္လာၿပီး လင္းက်န္ကို စိုးရိမ္ပူပန္စြာ ၾကည့္သည္။ "အစ္ကိုႀကီး ဘာေျပာလိုက္တာလဲ။ အစ္ကို မသက္မသာျဖစ္ေနတာလား။"

လင္းက်န္က ေဒါသထိန္းလိုက္ရသည္။ သူ႕မ်က္ႏွာမွာ ဖြင့္ထုတ္၍မရနိုင္လိုက္ေသာေဒါသေၾကာင့္ အနည္းငယ္မာဆတ္ဆတ္ျဖစ္ေနသည္။

ယြီဝမ္ထုန္က ႀကိတ္ၿပဳံးကာ မတ္တပ္ရပ္ၿပီး လင္းေမာက္ေမာက္၏ေခါင္းကိုပြတ္ေပး၍ ထြက္သြားသည္။

"ေကာင္းေကာင္းနားေနာ္၊ သခင္ေလးလင္း။"

ယြီဝမ္ထုန္ထြက္သြားသည္ကို ျမင္မွသာ ေစာေစာပိုင္းတြင္ ယြီဝမ္ထုန္မွ သူ႕အား စေနာက္ေနခဲ့ျခင္းျဖစ္ေၾကာင္း လင္းက်န္တျဖည္းျဖည္း သေဘာေပါက္လာသည္။

ေဒါသမထိန္းနိုင္ေတာ့သျဖင့္ လင္းက်န္ စားပြဲကို ခပ္ျပင္းျပင္းထုလိုက္သည္။ စားပြဲေပၚမွ လက္ဖက္ရည္ခြက္မ်ား လႈပ္ကာ အသံျမည္သြားသည္။

လင္းေမာက္ေမာက္က အံ့အားသင့္သြားကာ သူ႕အား မဝံ့မရဲၾကည့္သည္။ "အစ္ကိုႀကီး"

လင္းက်န္က အႀကိမ္အနည္းငယ္မွ် အသက္ရွိုက္ရႉၿပီးေနာက္ ျပန္တည္ၿငိမ္သြားကာ ေျပာသည္။ "ရပါတယ္။ အစ္ကိုက မင္းကိုေဒါသထြက္ေနတာမဟုတ္ဘူး။"

လင္းေမာက္ေမယက္ စိတ္ေအးသြားကာ အနားကပ္လာသည္။ "အစ္ကိုႀကီး စိတ္တိုေအာင္ ဘယ္သူလုပ္တာလဲ။"

ဘယ္သူျဖစ္မလဲ။ ေစာေစာပိုင္းက ယြီဝမ္ထုန္ က်ီစယ္ေနခဲ့ပုံကို လင္းက်န္ျပန္ေတြးမိေသာအခါ တကယ္ရိုက္ခ်င္လာသည္။

"စိတ္ရႈပ္စရာေကာင္းတဲ့ ယင္ေကာင္ပါ။ အစ္ကို သူ႕ကိုသတ္လိုက္ၿပီ။" လင္းက်န္က သတ္ေတာ့ျဖတ္ေတာ့မည့္ ေလသံျဖင့္ေျပာသည္။

အခန္း၏ အျပင္ဘက္တြင္ အေဝးသို႔မေရာက္ေသးသည့္ ယြီဝမ္ထုန္က သူတို႔၏ေျပာစကားအား ၾကားလိုက္ရသည္။  သူမ်က္ခုံးပင့္ကာ ၿပဳံးမိသည္။

၎က မသိသာေသာအၿပဳံးမ်ိဳးျဖစ္ေသာ္လည္း ယြီဝမ္ထုန္၏ေနာက္လိုက္က ေတြ႕သြားကာ ယြီဝမ္ထုန္အား အံ့အားသင့္၍ၾကည့္လာသည္။ "စစ္သူႀကီး"

ယြီဝမ္ထုန္က ထိုခပ္ေဖ်ာ့ေဖ်ာ့အၿပဳံးကိုေဖ်ာက္ကာ ေျပာသည္။ "ဒီမွာ လူေတြအမ်ားႀကီးပဲ။ မင္းငါ့ကိုေခၚတဲ့ပုံကို ဂ႐ုစိုက္။"

"ဟုတ္ကဲ့ပါ၊ အရာရွိႀကီး။"

"ထန္းယန္နယ္ေစာင့္တပ္နဲ႕ပက္သက္တဲ့ အေသးစိတ္အခ်က္တခ်ိဳ႕ကို သြားစုံစမ္းလိုက္။" ယြီဝမ္ထုန္က အမိန့္ေပးသည္။

"ဟုတ္ကဲ့ပါ။" ငယ္သားကေျဖသည္။ "ဒီမွာ ဘယ္ေလာက္ၾကာၾကာ ေနမွာပါလဲ။"

"လင္းက်န္က ဒီမွာအၾကာႀကီးမေနေလာက္ဘူး။ မင္း စုံစမ္းၿပီးရင္ ထန္းယန္ဆီျပန္ေတာ့။" ယြီဝမ္ထုန္ကေျပာသည္။

"ဟုတ္ကဲ့ပါ။"

ယြီဝမ္ထုန္က အေဝးမွ နယ္ေစာင့္တပ္မ်ားတပ္စခန္းကိုၾကည့္လိုက္သည္။ တပ္စခန္းက သူထင္ထားသည္ထက္ ပိုက်ယ္ေနသည္။ သူမွန္းထားသည္ထက္ စစ္သားပိုမ်ားလိမ့္မည္။ သူက က်န္ေခ်ာင္းသည္ ထန္းယန္၏'ဧကရာဇ္' ျဖစ္လာေၾကာင္း ၾကားဖူးသည္မွာၾကာၿပီျဖစ္သည္။ ၾကည့္ရသည္မွာ ေကာလဟာလမ်ားက မွန္ေနသည့္ပုံပင္။ ထန္းယန္သို႔လာသည့္လမ္းတြင္ သူ႕လူအခ်ိဳ႕ကို ထန္းယန္ႏွင့္ပက္သက္သည့္ အခ်က္အလက္မ်ားအား စုံစမ္းခိုင္းရာ ေဒသခံမ်ားသည္ နယ္ေစာင့္တပ္သားမ်ားအေပၚ အလြန္အားကိုးေၾကာင္း သိခဲ့ရသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဓားျပမ်ားအား တိုက္ထုတ္ေပးရန္ ေဒသခံမ်ားယုံၾကည္နိုင္သည္မွာ နယ္ေစာင့္တပ္သားမ်ားပင္။ သို႔ေသာ္ ႏွစ္ေပါင္းမ်ားစြာၾကာလာေသာ္လည္း ဓားျပမ်ားလုံးဝမေပ်ာက္သြားေပ။ သို႔မဟုတ္ တိတိက်က်ေျပာရလွ်င္ ဓားျပမ်ားက ပို၍လႊမ္းမိုးနိုင္လာသည္။ ယင္းက မူမမွန္ေပ။

Continue Reading

You'll Also Like

1.5M 223K 163
Both Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Comple...
61K 4.3K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
92.6K 8.2K 65
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
52.8K 5.8K 87
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...