Unicode🧡
"အော်...ချမ်းမင်း"
ကျွန်တော့်နားကို ရေနှစ်ထားတဲ့ကြောင်လေးလို ရှုံ့တွနေတဲ့မျက်နှာနဲ့ ချမ်းမင်းဆိုတဲ့ကလေး စားစရာတွေသယ်ကာ ရောက်လာခဲ့တယ်။
စားပွဲပေါ်ကို ပန်းကန်တွေတင်လိုက်ပေမဲ့ သူ့မျက်လုံးတွေက ကျွန်တော်ကိုင်ထားတဲ့ စာတမ်းကို မီးမြှိုက်မတတ်လှမ်းကြည့်နေလေရဲ့..။
"ချမ်းမင်း ငါကိုင်ထားတဲ့စာတမ်းမှာ ပြဿနာတစ်ခုခုရှိနေလို့လား"
"မရှိပါဘူး"
"ငါမဆာလို့ မစားတာ ၊လာပို့ပေးဖို့အထိမလိုပါဘူးကွာ"
"မဆာလို့ မစားတာလား ၊ ဆာရက်နဲ့စားချင်စိတ်ပျောက်နေတာလား "
"ချမ်းမင်း.."
"ဗျာ..အကို"
ရုတ်တရက် ...ကျွန်တော့်နားထဲမှာ ဗျာအကိုဆိုတဲ့ အသံတွေ ပဲ့တင်ကာကြားနေတယ်။
နှလုံးခုန်ပါမြန်လာပြီး တခုခုက ကျွန်တော့်ကို စီးချုပ်ထားသလို တကယ်ပဲ ဒါကဘယ်လိုခံစားချက်လဲ..။
"အကို.. တစ်ခုခု ပြောမလို့လား"
"အ..အင်း
မင်းရော စားပြီးပြီလား"
"ဟင့်အင်း မစားရသေးဘူး"
"ဘာလို့မစားတာလဲ"
"အကို မျက်နှာပျက်နေတာနဲ့တင်
ကျွန်တော်အစားစားချင်စိတ် ပျောက်နေပြီလေ"
နောက်ထပ် နှလုံးခုန်မြန်စေတဲ့စကား!!
ဒီကလေး ရည်ရွယ်ချက်ရှိရှိ ကျွန်တော့်ကိုပြောနေသလား။ဘာလို့ ကျွန်တော်က ဖုံးမရဖိမရ ပြုံးမိလာတာလဲ...ဘာလို့ သူကရော စိုက်ကြည့်နေရတာလဲ။
"မင်းကွာ တော်တော်နောက်တဲ့ကောင်
တကယ်ပဲ ငါပြောစရာစကားတောက်ပျောက်သွားတယ်"
"မနောက်ပါဘူး အကိုစားမှ ကျွန်တော်လည်းစားမှာမို့ ၊စားတာမစားတာ အကို့သဘောပါ"
"မင်းအခု ငါ့ကိုအကျပ်ကိုင်နေတာလား"
"အဲ့လိုမျိုးအကို့အပေါ် မလုပ်ရဲပါဘူး"
"စားမယ် စာဖတ်ပြီးမှပဲ စားတော့မယ်"
"ဘေးနားမှာ စောင့်နေပါ့မယ်"
"ချမ်းမင်း .."
"ဗျာ အကို "
"ဒီစစ်ဆင်ရေးအောင်ခဲ့ရင် မင်းမွေးရပ်မြေက အိမ်ကိုပြန်လို့ရလောက်ပြီ"
"ကျွန်တော့်ရဲ့မွေးရပ်မြေက အိမ်က မမကြီးနိုရာရှိတဲ့ နှောင်အိမ်တော်ပါပဲ"
"ဟုတ်လား.."
"အကို .."
"အင်း ပြော"
"အဲ့စာတမ်းပေးဖတ်လို့ရမလား"
ကျွန်တော်အစကတည်းက သူဖတ်ချင်နေမှန်းသတိထားမိတယ်။သူ့လက်နှစ်ဖက်ကို လိမ်ကျစ်နေပြီး စဥ်းစားနေတာကိုလည်း မြင်တယ်။ချမ်းမင်းက တကယ့်အဆိုးလေး။
"ဖတ်လို့ရတယ် ဘယ်သူ့ကိုမှပြန်မပြော-
ဟုတ်သားပဲ မင်းကဘယ်သူ့ကိုမှစကားမပြောဘူးပဲ...ရော့ "
ကျွန်တော့်ဘေးကခုံမှာ ထိုင်လိုက်ပြီး စာတမ်းကိုစိတ်ဝင်တစားဖတ်နေလေရဲ့။
' Delta ဗိုလ်မှူးထံသို့ လေးစားစွာရေးသားလိုက်ပါသည်။
ဘာရီယာမြို့ စစ်ဆင်ရေးကို နှစ်ပိုင်းခွဲဆောင်ရွက်စေလိုပြီး ပထမတစ်ပိုင်းစစ်ဆင်ရေးမှာ ကျုပ်တို့က အစောပိုင်းဆွေးနွေးမှုအတိုင်း တံတိုင်းခတ်မည်ဖြစ်ပြီး မြေမြှုပ်မိုင်းအတွက်လည်း အသင့်ဖြစ်နေပြီ။ဒုတိယစစ်ဆင်ရေးအပိုင်းမှာ ကျုပ်တို့က ဗိုလ်မှုးတို့နှစ်ယောက်ရဲ့စွမ်းရည်ကို အားကိုရမှာဖြစ်တယ်။
တစ်နိုင်ငံပတ်လည်လုံးနေရာအစုံမှာ ပုန်ကန်ထကြွမှုနဲ့ ဝင်ရောက်တိုက်ခိုက်မှုတွေရှိတာကြောင့် တပ်ခွဲထပ်မလွှတ်ပေးနိုင်တာကို ကျုပ်အင်မတန်မှ အားနာမိပါတယ်။တော်ဝင်မိသားစုကလည်း ဗိုလ်မှူးရဲ့ကောင်းသတင်းကိုသိရှိပြီး ဖြစ်တာကြောင့် ပြန်ရောက်လာတဲ့အခါ ကျုပ်တို့တပ်မကြီးရဲ့ ဒုတိယဗိုလ်ချုပ်မှူးနေရာကို လက်ခံပေးဖို့ ကျုပ်ကို တိုက်တွန်းထားပါတယ်။
နောက်ပြီး ဗိုလ်မှူးရဲ့အထက်အရာရှိအနေနဲ့မဟုတ်ပဲ ဗိုလ်မှူးအဖေရဲ့သူငယ်ချင်းအနေနဲ့ပြောပါစေ...သေချာပေါက်ပြန်လာပေးပါ
ကျုပ်ဘဝမှာ ကျုပ်အနားကရဲဘော်ရဲဘက်တွေကို ဆုံးရှုံးရခဲ့ပေါင်းများပြီ ဒါ့ကြောင့်
ချည်နှောင်..မင်းလိုအရည်အချင်းရှိတဲ့ ကလေးကိုမဆုံးရှုံးချင်ဘူး။မင်းသာတစ်ခုခုဖြစ်သွားရင် ကျုပ်ကမင်းအဖေပေါ်မှာ အရှက်ဆင့်ရချည်ရဲ့။မင်းသာပြန်လာရင် ကျုပ်နေရာကိုဖယ်ပေးဆိုလည်း ဖယ်ပေးမှာမို့ ဆက်ဆက်ပြန်လာခဲ့ပါချည်နှောင်။
စစ်ဆင်ရေးကတော့ နဂိုကတိုင်ပင်ထားတဲ့အတိုင်းပဲ မပြောင်းလဲတာမို့ ဒီစာကို ဒီမျှပါပဲ။
ဒန်ဒယ်အခြေစိုက်တပ်မှ
ဗိုလ်မှူးချုပ်ထွန်းထင် '
စာကိုဖတ်ပြီး သက်ပြင်းချသံလေးသဲ့သဲ့လေးထွက်လာကာ ကျွန်တော့်အနားထပ်မံကပ်လာတဲ့ ချမ်းမင်း ...။
"အကို.."
"ပြောလေ ချမ်းမင်း "
"မဟုတ်ဘူး ဗိုလ်မှူး"
"ဟမ်"
"ကျွန်တော့်အကိုတစ်ယောက်အနေနဲ့ အသက်မရှင်ရင် နေပါစေ။ကျွန်တော့်ရဲ့ ဗိုလ်မှူးတစ်ယောက်အနေနဲ့ အသက်ရှင်ပါမယ်လို့ကတိပေးပါ"
"ဘာလို့လဲ "
"ပေးပါ ကျွန်တော်အလိုချင်ဆုံးအရာမို့"
"မင်းကရော"
"ကျွန်တော်က.."
ခေတ္တခဏ ရီဝေဝေဖြစ်သွားကာ ဘာဖြေလို့ဖြေရမှန်းမသိတဲ့အခြေအနေ..။
"မင်းတောင်းတဲ့ ကတိလိုတော့မဟုတ်ဘူး
တိုက်ပွဲဆိုတာ ဆုံးရှုံးမှုတော့ရှိတာပဲအနည်းနဲ့အများပဲကွာတာ ဒါပေမဲ့ မင်းကတော့ ငါ့တပ်သားတစ်ယောက်လိုထက် ငါ့ညီတစ်ယောက်လို အသက်ရှင်ပေးရမယ်"
"ဟုတ်"
"သေချာလား"
"သေချာပါတယ်"
"အင်း ငါစားတော့မှာမို့လို့ မင်းလဲသွားစားတော့"
"ပြီးမှပဲစားပါတော့မယ်
အခုတော့ အကို့ဘေးကစာအုပ်တွေဖတ်ကြည့်လို့ရလား"
"ရတယ်လေ ရော့
ဒီကဗျာစာအုပ်ကိုဖတ်ကြည့်"
"ကဗျာ.."
"အင်း မင်းရဲ့စိတ်ကို တစ်နည်းနည်းနဲ့ ပျော်ရွှင်စေမှာပါ"
ကဗျာလေးတွေကတိုတော့ တစ်ရွက်ပြီးတစ်ရွက်ကုန်ဆုံးသွားသည်။ဒါပေမဲ့ ဘယ်တစ်ပုဒ်ကိုမျှ ချမ်းမင်းနားမလည်။အနုပညာကိုမခံစားတတ်ရွေ့လား ကဗျာများကပဲ နားလည်ရခက်သလား ဝေခွဲမရ။သို့ပေမဲ့ မျက်စိရှေ့က တစ်ပုဒ်ကိုတော့ ရင်ဘတ်ချင်းနီး၍ ထပ်ကာတလဲလဲပြန်ဖတ်မိနေသည်။
'အားသုံးပြီး ပြိုင်ဖက်ကိုအနိုင်ပိုင်းဖို့
သံလက်အိတ်များ ဆင်ယင်ထားရသလို
သို့မဟုတ် လှည့်ဖျားကျီစားမလား..
ဒါတော့ ငါမကျွမ်း ။
သို့ပေမဲ့ ဤအရာတွေကို ရှိုတ်စပီးယား ချစ်သလိုငါလည်းချစ်၏ ၊
အရိုင်းဆန်တဲ့နူးညံ့ခြင်းတွေနဲ့ တသက်တာခွဲခြားထားမှု ၊
အချစ်တွေပြည့်နှက်နေတဲ့ ဂူသချိုင်း ၊
သွေးကြောထဲက ယောကျာ်းဆန်မှုကို နိုးဆွလိုက်ရင်း ၊
မြင့်မားတဲ့ နာကျင်မှုထုနဲ့
ပင်လယ်လိုကျယ်ပြောတဲ့ နာကျင်မှုကို
ခံစားနေရ၏။
Wilfred Owen'
စာသားတွေကို ဖတ်ရင်းဖတ်ရင်းနဲ့ ရေးထားတဲ့သူရဲ့ ခံစားချက်ကို ပိုပြီးရင်းနှီးလာသည်။
ထိုလူအကြောင်းပိုသိချင်လာ၍...
"အကို.."
"ပြောလေ "
"ဒီစာကို ဘယ်သူရေးတာလဲ"
"စာပိုဒ်ရဲ့ အောက်ဆုံးမှာသူ့နာမည်ပါတယ်လေ"
"ဝေလ်ဖရက် အိုဝင် တဲ့လား"
"အင်း"
"သူကဘာလို့ ဒါတွေရေးခဲ့တာလဲ"
"ဝါသနာပါလို့ပေါ့"
"သူက ဘယ်ချိန်ထိဆက်ရေးနေမှာလဲ"
"မရေးနိုင်တော့ပါဘူး"
"ဘာလို့လဲ "
"သူကလွန်ခဲ့တဲ့(၁)နှစ်တုန်းက ရှေ့တန်းမှာကျသွားခဲ့ပြီလေ"
"ဟင်"
"မင်းဖတ်နေတာတွေက သူရှေ့တန်းမှာခံစားခဲ့ရတာတွေ ကြုံခဲ့ရတာတွေပေါ့"
"သူကဒီလောက်အများကြီးရေးထားတာ အတွေ့အကြုံများလို့လား"
"အင်းပေါ့ ငါတို့ထက်ပိုတဲ့ တာဝန်တွေသူ့ပခုံးပေါ်ရောက်ခဲ့ဖူးမှာပေါ့"
"သူကအသက်ကြီးပြီပေါ့"
"မဟုတ်ဘူး သူကျသွားတော့ ငါနဲ့ရွယ်တူပဲ
၂၅နှစ်ချင်းတူတူ သူကတော်တယ်မလား"
"မဟုတ်ပါဘူး အကိုကပိုတော်ပါတယ်"
"ငါကအဲ့လိုတွေမရေးတတ်ဘူးလေ"
"ဒါပေမဲ့..
အတွေ့အကြုံတွေ ခံစားချက်တွေကို
ကဗျာအဖြစ်မဟုတ်လည်း တခြားနည်းနဲ့ဖွင့်ပြလို့ရပါတယ်"
"မင်းတော်တော်စကားတတ်တာပဲ"
သူတို့နှစ်ယောက်စကားပြောလို့မဆုံး နိုရာရောက်ချလာကာ ဒေါကြီးမောကြီးနဲ့သူမ
"ချမ်းမင်း! နင်မစားရသေးဘူးမလား"
"ဟုတ်တယ်နိုရာ ဒီကောင်လေးခေါ်သွားပြီး ကျွေးလိုက်"
"ဟုတ် ဗိုလ်မှူး မပြောရင်တောင် ကျွန်မကသူ့ကိုချုပ်ကျွေးမှာ"
နိုရာတစ်ယောက် ခြေထောက်ဆောင့်ကာ ချမ်းမင်းလက်ကိုလာဆွဲလေတော့ သူမလိုက်ချင်ပါဘူးဆိုတဲ့ မျက်ဝန်းတွေနဲ့ ချည်နှောင့်ကို
လ
ှမ်းကာကြည့်နေလျက်။
ချည်နှောင်မမြင်ချင်ယောင်ဆောင်ကာ မြင်ကွင်းကိုစာအူပ်ထံသို့ပို့ကာ နေလိုက်လေသည်။
"စား!! နင်(၁၅)နှစ်ပဲရှိသေးတာ
ပိုပြီးအရပ်ရှည်ပြီး ချောလာဖို့အတွက် စားစမ်း"
အသားတွေကို လှီးထားပြီး ဘေးမှာရေတစ်ခွက်နဲ့ သွေးမတော်သားမစပ်တဲ့ မောင်အတွက် ပူပန်ကာနေတဲ့ နိုရာ။
သူမအတင်းကျွေးမှုကြောင့် ချည်နှောင့်ဆီပြန်မသွားရတာနဲ့တူတူ စားလိူက်တော့၏။
စားပြီးသောက်ပြီး အဖွဲ့သားအားလုံသိမ်းစရာရှိတာသိမ်းကြပြီး စကားစမြည်ပြောတဲ့သူကပြော အိမ်ထံစာရေးတဲ့သူကရေးနေကြပြီ။ညနက်လာသည်နဲ့အမျှ ကိုယ့်တဲထံကိုယ်ပြန်ကာ အိပ်စက်နေကြ၏။
"ချမ်းမင်း မဝင်သေးဘူးလား
အေးလာပြီနော် "
"အင်း"
"ထူးထူးဆန်းဆန်း ငါ့ကိုစကားပြန်ပြောနေတယ်၊ နင်နေချင်လဲ သိပ်နောက်မကျနဲ့ ငါတော့အိပ်တော့မှာမို့ ဝင်တော့မယ်"
"အင်း"
"အိယား...ကျက်သီးတွေတောင်ထလာပြီ
နင်ငါ့ကိုစကားပြန်ပြောတယ်ဆိုတော့ ငါလေးဘာတွေဖြစ်မလဲမသိဘူး"
အမနိုရာက ကြင်နာတတ်တယ် တစ်ခါတစ်လေ ရှပ်ပြာရှပ်ပြာနဲ့ မမကြီးဆူတာ ခဏခဏခံရတယ်။
မိန်းကလေးဖြစ်ပြီး ဂါဝန်ကြီး မ ပြီး ပြေးတတ်သးတယ်။ရီလိုက်ရင်လည်း တစ်ချက်တစ်ချက် လူတောင်တုန်သွားစေတယ်။
ဟင်းချက်လည်းတော်တယ် ၊အလှအပလည်းတော်လာတယ် ၊စကားအပြောအဆိုတွေလည်း သိမ်မွေ့လာပေမဲ့ စိတ်ရူးပေါက်ရင် ပေါက်သလို ရန်ရှာတတ်တယ်။
ဒါပေမဲ့..ကျွန်တော့်မျက်လူံးထဲမှာ သူမက မမကြီးပြီးရင် အလှဆူံးပဲ။
"၁၂ကျော်နေပြီ ဘာထိုင်လုပ်နေတာလဲ"
"လမင်းကြီးကို..."
"ထိုင်ငေးနေတာပေါ့"
"ဟုတ်"
"ချမ်းမင်း"
"ဗျာ အကို"
"မင်း ကြီးလာရင် ဘာဖြစ်ချင်လဲ"
ခေါင်းစားစရာ အမေးပဲ...။
ဘာမှမရှိခဲ့တဲ့ ကျွန်တော့်ဘဝမှာ ဘာမှမရခဲ့ဖူးသလို ဘာမှလည်းလိုချင်စိတ်မရှိခဲ့ဘူး။
ပန်းတိုင်လည်း မရှိသလို လမ်းဆုံးကိုလည်းကြိုမတွေးခဲ့ဘူး။
ဒါပေမဲ့ အခုဖြစ်နေတဲ့ခံစားချက်အတိုင်းဆိုရင်တော့.....
"အကိုရဲ့ ပထမဆုံးအရိပ်"
"ဟင်"
"သေနတ်က အကိုရဲ့ပထမအရိပ်မို့ ကျွန်တော်ကဒုတိယဖြစ်ချင်ဖူးခဲ့တယ် ၊အခုတော့ ကျွန်တော်ပဲပထမဖြစ်ချင်တယ်"
"မင်းဒီစကားကိုမမေ့သေးဘူးပဲကို.."
"အကိုကရော..ဘာဖြစ်ချင်လဲ"
"ငါက...
ကဗျာဆရာဖြစ်ချင်တယ်"
"ပြီးတော့ရော"
"အိမ်တော်လည်း အလုပ်တွေကို အမတော်ဆီဝန်မပိပဲ ကူချင်တယ်"
"ပြီးတော့ရော"
"တပ်ထဲကထွက်ပြီးအနားယူမယ်"
"ပြီးတော့ရော"
"အမတော်ရဲ့ မင်္ဂလာပွဲကို တခမ်းတမားကျင်းပပေးချင်တယ်"
"ပြီးတော့ရော.."
ကျွန်တော် ပြီးတော့ရော ပြီးတော့ရော ဆိုပြီး ကျွန်တော်လိုချင်တဲ့ အဖြေကိုမရောက်မချင်းမေးမိနေတယ်။အကို့စိတ်ထဲ ကျွန်တော်မရှိဘူးထင်ပါရဲ့ ကျွန်တော်နဲ့ပတ်သတ်တဲ့ အတွေးတစ်ခုတစ်လေတောင်မရှိဘူး။
"ပြီးတော့ ...မင်းတို့နဲ့တူတူ
အေးအေးချမ်းချမ်းနေချင်တယ်"
ရပါပြီ။ဒီလောက်အဖြေဆို ရပြီ။မင်းဆိုတဲ့ နာမ်စားပါတာနဲ့ ကျွန်တော်ကျေနပ်ပါပြီ။
ကျွန်တော့်နာမည် ချမ်းမင်းဆိုတာထက်
'မင်း' ဆိုတဲ့ နာမ်စားက ပိုလို့တောင်နှစ်လိုဖွယ်ကောင်းနေပါသေးတယ်။
'မင်းတို့နဲ့တူတူ' ဆိုတဲ့စကားလေးနဲ့တင် ကျွန်တော်ရှေ့ဆက်လို့ရပါပြီ အကိုရယ်။
(A/N ကဗျာဆရာ Wilfred Owen ရဲ့
ကဗျာကို မြန်မာလိုပြန်ဆိုထားတဲ့နေရာမှာအမှားပါခဲ့ရင် တောင်းပန်ပါတယ်ဗျ။
ပြန်ဆိုမှုကြောင့် ကဗျာရဲ့အနှစ်အရသာပေါ့သွားရင် တရားခံကျတော်ပါပဲ (┳◇┳) )
Zawgyi🧡
"ေအာ္...ခ်မ္းမင္း"
ကြၽန္ေတာ့္နားကို ေရႏွစ္ထားတဲ့ေၾကာင္ေလးလို ရႈံ႕တြေနတဲ့မ်က္ႏွာနဲ႕ ခ်မ္းမင္းဆိုတဲ့ကေလး စားစရာေတြသယ္ကာ ေရာက္လာခဲ့တယ္။
စားပြဲေပၚကို ပန္းကန္ေတြတင္လိုက္ေပမဲ့ သူ႕မ်က္လုံးေတြက ကြၽန္ေတာ္ကိုင္ထားတဲ့ စာတမ္းကို မီးျမႇိုက္မတတ္လွမ္းၾကည့္ေနေလရဲ႕..။
"ခ်မ္းမင္း ငါကိုင္ထားတဲ့စာတမ္းမွာ ျပႆနာတစ္ခုခုရွိေနလို႔လား"
"မရွိပါဘူး"
"ငါမဆာလို႔ မစားတာ ၊လာပို႔ေပးဖို႔အထိမလိုပါဘူးကြာ"
"မဆာလို႔ မစားတာလား ၊ ဆာရက္နဲ႕စားခ်င္စိတ္ေပ်ာက္ေနတာလား "
"ခ်မ္းမင္း.."
"ဗ်ာ..အကို"
႐ုတ္တရက္ ...ကြၽန္ေတာ့္နားထဲမွာ ဗ်ာအကိုဆိုတဲ့ အသံေတြ ပဲ့တင္ကာၾကားေနတယ္။
ႏွလုံးခုန္ပါျမန္လာၿပီး တခုခုက ကြၽန္ေတာ့္ကို စီးခ်ဳပ္ထားသလို တကယ္ပဲ ဒါကဘယ္လိုခံစားခ်က္လဲ..။
"အကို.. တစ္ခုခု ေျပာမလို႔လား"
"အ..အင္း
မင္းေရာ စားၿပီးၿပီလား"
"ဟင့္အင္း မစားရေသးဘူး"
"ဘာလို႔မစားတာလဲ"
"အကို မ်က္ႏွာပ်က္ေနတာနဲ႕တင္
ကြၽန္ေတာ္အစားစားခ်င္စိတ္ ေပ်ာက္ေနၿပီေလ"
ေနာက္ထပ္ ႏွလုံးခုန္ျမန္ေစတဲ့စကား!!
ဒီကေလး ရည္႐ြယ္ခ်က္ရွိရွိ ကြၽန္ေတာ့္ကိုေျပာေနသလား။ဘာလို႔ ကြၽန္ေတာ္က ဖုံးမရဖိမရ ၿပဳံးမိလာတာလဲ...ဘာလို႔ သူကေရာ စိုက္ၾကည့္ေနရတာလဲ။
"မင္းကြာ ေတာ္ေတာ္ေနာက္တဲ့ေကာင္
တကယ္ပဲ ငါေျပာစရာစကားေတာက္ေပ်ာက္သြားတယ္"
"မေနာက္ပါဘူး အကိုစားမွ ကြၽန္ေတာ္လည္းစားမွာမို႔ ၊စားတာမစားတာ အကို႔သေဘာပါ"
"မင္းအခု ငါ့ကိုအက်ပ္ကိုင္ေနတာလား"
"အဲ့လိုမ်ိဳးအကို႔အေပၚ မလုပ္ရဲပါဘူး"
"စားမယ္ စာဖတ္ၿပီးမွပဲ စားေတာ့မယ္"
"ေဘးနားမွာ ေစာင့္ေနပါ့မယ္"
"ခ်မ္းမင္း .."
"ဗ်ာ အကို "
"ဒီစစ္ဆင္ေရးေအာင္ခဲ့ရင္ မင္းေမြးရပ္ေျမက အိမ္ကိုျပန္လို႔ရေလာက္ၿပီ"
"ကြၽန္ေတာ့္ရဲ႕ေမြးရပ္ေျမက အိမ္က မမႀကီးနိုရာရွိတဲ့ ေႏွာင္အိမ္ေတာ္ပါပဲ"
"ဟုတ္လား.."
"အကို .."
"အင္း ေျပာ"
"အဲ့စာတမ္းေပးဖတ္လို႔ရမလား"
ကြၽန္ေတာ္အစကတည္းက သူဖတ္ခ်င္ေနမွန္းသတိထားမိတယ္။သူ႕လက္ႏွစ္ဖက္ကို လိမ္က်စ္ေနၿပီး စဥ္းစားေနတာကိုလည္း ျမင္တယ္။ခ်မ္းမင္းက တကယ့္အဆိုးေလး။
"ဖတ္လို႔ရတယ္ ဘယ္သူ႕ကိုမွျပန္မေျပာ-
ဟုတ္သားပဲ မင္းကဘယ္သူ႕ကိုမွစကားမေျပာဘူးပဲ...ေရာ့ "
ကြၽန္ေတာ့္ေဘးကခုံမွာ ထိုင္လိုက္ၿပီး စာတမ္းကိုစိတ္ဝင္တစားဖတ္ေနေလရဲ႕။
' Delta ဗိုလ္မႉးထံသို႔ ေလးစားစြာေရးသားလိုက္ပါသည္။
ဘာရီယာၿမိဳ႕ စစ္ဆင္ေရးကို ႏွစ္ပိုင္းခြဲေဆာင္႐ြက္ေစလိုၿပီး ပထမတစ္ပိုင္းစစ္ဆင္ေရးမွာ က်ဳပ္တို႔က အေစာပိုင္းေဆြးေႏြးမႈအတိုင္း တံတိုင္းခတ္မည္ျဖစ္ၿပီး ေျမျမႇုပ္မိုင္းအတြက္လည္း အသင့္ျဖစ္ေနၿပီ။ဒုတိယစစ္ဆင္ေရးအပိုင္းမွာ က်ဳပ္တို႔က ဗိုလ္မႈးတို႔ႏွစ္ေယာက္ရဲ႕စြမ္းရည္ကို အားကိုရမွာျဖစ္တယ္။
တစ္နိုင္ငံပတ္လည္လုံးေနရာအစုံမွာ ပုန္ကန္ထႂကြမႈနဲ႕ ဝင္ေရာက္တိုက္ခိုက္မႈေတြရွိတာေၾကာင့္ တပ္ခြဲထပ္မလႊတ္ေပးနိုင္တာကို က်ဳပ္အင္မတန္မွ အားနာမိပါတယ္။ေတာ္ဝင္မိသားစုကလည္း ဗိုလ္မႉးရဲ႕ေကာင္းသတင္းကိုသိရွိၿပီး ျဖစ္တာေၾကာင့္ ျပန္ေရာက္လာတဲ့အခါ က်ဳပ္တို႔တပ္မႀကီးရဲ႕ ဒုတိယဗိုလ္ခ်ဳပ္မႉးေနရာကို လက္ခံေပးဖို႔ က်ဳပ္ကို တိုက္တြန္းထားပါတယ္။
ေနာက္ၿပီး ဗိုလ္မႉးရဲ႕အထက္အရာရွိအေနနဲ႕မဟုတ္ပဲ ဗိုလ္မႉးအေဖရဲ႕သူငယ္ခ်င္းအေနနဲ႕ေျပာပါေစ...ေသခ်ာေပါက္ျပန္လာေပးပါ
က်ဳပ္ဘဝမွာ က်ဳပ္အနားကရဲေဘာ္ရဲဘက္ေတြကို ဆုံးရႈံးရခဲ့ေပါင္းမ်ားၿပီ ဒါ့ေၾကာင့္
ခ်ည္ေႏွာင္..မင္းလိုအရည္အခ်င္းရွိတဲ့ ကေလးကိုမဆုံးရႈံးခ်င္ဘူး။မင္းသာတစ္ခုခုျဖစ္သြားရင္ က်ဳပ္ကမင္းအေဖေပၚမွာ အရွက္ဆင့္ရခ်ည္ရဲ႕။မင္းသာျပန္လာရင္ က်ဳပ္ေနရာကိုဖယ္ေပးဆိုလည္း ဖယ္ေပးမွာမို႔ ဆက္ဆက္ျပန္လာခဲ့ပါခ်ည္ေႏွာင္။
စစ္ဆင္ေရးကေတာ့ နဂိုကတိုင္ပင္ထားတဲ့အတိုင္းပဲ မေျပာင္းလဲတာမို႔ ဒီစာကို ဒီမွ်ပါပဲ။
ဒန္ဒယ္အေျခစိုက္တပ္မွ
ဗိုလ္မႉးခ်ဳပ္ထြန္းထင္ '
စာကိုဖတ္ၿပီး သက္ျပင္းခ်သံေလးသဲ့သဲ့ေလးထြက္လာကာ ကြၽန္ေတာ့္အနားထပ္မံကပ္လာတဲ့ ခ်မ္းမင္း ...။
"အကို.."
"ေျပာေလ ခ်မ္းမင္း "
"မဟုတ္ဘူး ဗိုလ္မႉး"
"ဟမ္"
"ကြၽန္ေတာ့္အကိုတစ္ေယာက္အေနနဲ႕ အသက္မရွင္ရင္ ေနပါေစ။ကြၽန္ေတာ့္ရဲ႕ ဗိုလ္မႉးတစ္ေယာက္အေနနဲ႕ အသက္ရွင္ပါမယ္လို႔ကတိေပးပါ"
"ဘာလို႔လဲ "
"ေပးပါ ကြၽန္ေတာ္အလိုခ်င္ဆုံးအရာမို႔"
"မင္းကေရာ"
"ကြၽန္ေတာ္က.."
ေခတၱခဏ ရီေဝေဝျဖစ္သြားကာ ဘာေျဖလို႔ေျဖရမွန္းမသိတဲ့အေျခအေန..။
"မင္းေတာင္းတဲ့ ကတိလိုေတာ့မဟုတ္ဘူး
တိုက္ပြဲဆိုတာ ဆုံးရႈံးမႈေတာ့ရွိတာပဲအနည္းနဲ႕အမ်ားပဲကြာတာ ဒါေပမဲ့ မင္းကေတာ့ ငါ့တပ္သားတစ္ေယာက္လိုထက္ ငါ့ညီတစ္ေယာက္လို အသက္ရွင္ေပးရမယ္"
"ဟုတ္"
"ေသခ်ာလား"
"ေသခ်ာပါတယ္"
"အင္း ငါစားေတာ့မွာမို႔လို႔ မင္းလဲသြားစားေတာ့"
"ၿပီးမွပဲစားပါေတာ့မယ္
အခုေတာ့ အကို႔ေဘးကစာအုပ္ေတြဖတ္ၾကည့္လို႔ရလား"
"ရတယ္ေလ ေရာ့
ဒီကဗ်ာစာအုပ္ကိုဖတ္ၾကည့္"
"ကဗ်ာ.."
"အင္း မင္းရဲ႕စိတ္ကို တစ္နည္းနည္းနဲ႕ ေပ်ာ္႐ႊင္ေစမွာပါ"
ကဗ်ာေလးေတြကတိုေတာ့ တစ္႐ြက္ၿပီးတစ္႐ြက္ကုန္ဆုံးသြားသည္။ဒါေပမဲ့ ဘယ္တစ္ပုဒ္ကိုမွ် ခ်မ္းမင္းနားမလည္။အႏုပညာကိုမခံစားတတ္ေ႐ြ႕လား ကဗ်ာမ်ားကပဲ နားလည္ရခက္သလား ေဝခြဲမရ။သို႔ေပမဲ့ မ်က္စိေရွ႕က တစ္ပုဒ္ကိုေတာ့ ရင္ဘတ္ခ်င္းနီး၍ ထပ္ကာတလဲလဲျပန္ဖတ္မိေနသည္။
'အားသုံးၿပီး ၿပိဳင္ဖက္ကိုအနိုင္ပိုင္းဖို႔
သံလက္အိတ္မ်ား ဆင္ယင္ထားရသလို
သို႔မဟုတ္ လွည့္ဖ်ားက်ီစားမလား..
ဒါေတာ့ ငါမကြၽမ္း ။
သို႔ေပမဲ့ ဤအရာေတြကို ရွိုတ္စပီးယား ခ်စ္သလိုငါလည္းခ်စ္၏ ၊
အရိုင္းဆန္တဲ့ႏူးညံ့ျခင္းေတြနဲ႕ တသက္တာခြဲျခားထားမႈ ၊
အခ်စ္ေတြျပည့္ႏွက္ေနတဲ့ ဂူသခ်ိဳင္း ၊
ေသြးေၾကာထဲက ေယာက်ာ္းဆန္မႈကို နိုးဆြလိုက္ရင္း ၊
ျမင့္မားတဲ့ နာက်င္မႈထုနဲ႕
ပင္လယ္လိုက်ယ္ေျပာတဲ့ နာက်င္မႈကို
ခံစားေနရ၏။
Wilfred Owen'
စာသားေတြကို ဖတ္ရင္းဖတ္ရင္းနဲ႕ ေရးထားတဲ့သူရဲ႕ ခံစားခ်က္ကို ပိုၿပီးရင္းႏွီးလာသည္။
ထိုလူအေၾကာင္းပိုသိခ်င္လာ၍...
"အကို.."
"ေျပာေလ "
"ဒီစာကို ဘယ္သူေရးတာလဲ"
"စာပိုဒ္ရဲ႕ ေအာက္ဆုံးမွာသူ႕နာမည္ပါတယ္ေလ"
"ေဝလ္ဖရက္ အိုဝင္ တဲ့လား"
"အင္း"
"သူကဘာလို႔ ဒါေတြေရးခဲ့တာလဲ"
"ဝါသနာပါလို႔ေပါ့"
"သူက ဘယ္ခ်ိန္ထိဆက္ေရးေနမွာလဲ"
"မေရးနိုင္ေတာ့ပါဘူး"
"ဘာလို႔လဲ "
"သူကလြန္ခဲ့တဲ့(၁)ႏွစ္တုန္းက ေရွ႕တန္းမွာက်သြားခဲ့ၿပီေလ"
"ဟင္"
"မင္းဖတ္ေနတာေတြက သူေရွ႕တန္းမွာခံစားခဲ့ရတာေတြ ႀကဳံခဲ့ရတာေတြေပါ့"
"သူကဒီေလာက္အမ်ားႀကီးေရးထားတာ အေတြ႕အႀကဳံမ်ားလို႔လား"
"အင္းေပါ့ ငါတို႔ထက္ပိုတဲ့ တာဝန္ေတြသူ႕ပခုံးေပၚေရာက္ခဲ့ဖူးမွာေပါ့"
"သူကအသက္ႀကီးၿပီေပါ့"
"မဟုတ္ဘူး သူက်သြားေတာ့ ငါနဲ႕႐ြယ္တူပဲ
၂၅ႏွစ္ခ်င္းတူတူ သူကေတာ္တယ္မလား"
"မဟုတ္ပါဘူး အကိုကပိုေတာ္ပါတယ္"
"ငါကအဲ့လိုေတြမေရးတတ္ဘူးေလ"
"ဒါေပမဲ့..
အေတြ႕အႀကဳံေတြ ခံစားခ်က္ေတြကို
ကဗ်ာအျဖစ္မဟုတ္လည္း တျခားနည္းနဲ႕ဖြင့္ျပလို႔ရပါတယ္"
"မင္းေတာ္ေတာ္စကားတတ္တာပဲ"
သူတို႔ႏွစ္ေယာက္စကားေျပာလို႔မဆုံး နိုရာေရာက္ခ်လာကာ ေဒါႀကီးေမာႀကီးနဲ႕သူမ
"ခ်မ္းမင္း! နင္မစားရေသးဘူးမလား"
"ဟုတ္တယ္နိုရာ ဒီေကာင္ေလးေခၚသြားၿပီး ေကြၽးလိုက္"
"ဟုတ္ ဗိုလ္မႉး မေျပာရင္ေတာင္ ကြၽန္မကသူ႕ကိုခ်ဳပ္ေကြၽးမွာ"
နိုရာတစ္ေယာက္ ေျခေထာက္ေဆာင့္ကာ ခ်မ္းမင္းလက္ကိုလာဆြဲေလေတာ့ သူမလိုက္ခ်င္ပါဘူးဆိုတဲ့ မ်က္ဝန္းေတြနဲ႕ ခ်ည္ေႏွာင့္ကို
လွမ္းကာၾကည့္ေနလ်က္။
ခ်ည္ေႏွာင္မျမင္ခ်င္ေယာင္ေဆာင္ကာ ျမင္ကြင္းကိုစာအူပ္ထံသို႔ပို႔ကာ ေနလိုက္ေလသည္။
"စား!! နင္(၁၅)ႏွစ္ပဲရွိေသးတာ
ပိုၿပီးအရပ္ရွည္ၿပီး ေခ်ာလာဖို႔အတြက္ စားစမ္း"
အသားေတြကို လွီးထားၿပီး ေဘးမွာေရတစ္ခြက္နဲ႕ ေသြးမေတာ္သားမစပ္တဲ့ ေမာင္အတြက္ ပူပန္ကာေနတဲ့ နိုရာ။
သူမအတင္းေကြၽးမႈေၾကာင့္ ခ်ည္ေႏွာင့္ဆီျပန္မသြားရတာနဲ႕တူတူ စားလိူက္ေတာ့၏။
စားၿပီးေသာက္ၿပီး အဖြဲ႕သားအားလုံသိမ္းစရာရွိတာသိမ္းၾကၿပီး စကားစျမည္ေျပာတဲ့သူကေျပာ အိမ္ထံစာေရးတဲ့သူကေရးေနၾကၿပီ။ညနက္လာသည္နဲ႕အမွ် ကိုယ့္တဲထံကိုယ္ျပန္ကာ အိပ္စက္ေနၾက၏။
"ခ်မ္းမင္း မဝင္ေသးဘူးလား
ေအးလာၿပီေနာ္ "
"အင္း"
"ထူးထူးဆန္းဆန္း ငါ့ကိုစကားျပန္ေျပာေနတယ္၊ နင္ေနခ်င္လဲ သိပ္ေနာက္မက်နဲ႕ ငါေတာ့အိပ္ေတာ့မွာမို႔ ဝင္ေတာ့မယ္"
"အင္း"
"အိယား...က်က္သီးေတြေတာင္ထလာၿပီ
နင္ငါ့ကိုစကားျပန္ေျပာတယ္ဆိုေတာ့ ငါေလးဘာေတြျဖစ္မလဲမသိဘူး"
အမနိုရာက ၾကင္နာတတ္တယ္ တစ္ခါတစ္ေလ ရွပ္ျပာရွပ္ျပာနဲ႕ မမႀကီးဆူတာ ခဏခဏခံရတယ္။
မိန္းကေလးျဖစ္ၿပီး ဂါဝန္ႀကီး မ ၿပီး ေျပးတတ္သးတယ္။ရီလိုက္ရင္လည္း တစ္ခ်က္တစ္ခ်က္ လူေတာင္တုန္သြားေစတယ္။
ဟင္းခ်က္လည္းေတာ္တယ္ ၊အလွအပလည္းေတာ္လာတယ္ ၊စကားအေျပာအဆိုေတြလည္း သိမ္ေမြ႕လာေပမဲ့ စိတ္႐ူးေပါက္ရင္ ေပါက္သလို ရန္ရွာတတ္တယ္။
ဒါေပမဲ့..ကြၽန္ေတာ့္မ်က္လူံးထဲမွာ သူမက မမႀကီးၿပီးရင္ အလွဆူံးပဲ။
"၁၂ေက်ာ္ေနၿပီ ဘာထိုင္လုပ္ေနတာလဲ"
"လမင္းႀကီးကို..."
"ထိုင္ေငးေနတာေပါ့"
"ဟုတ္"
"ခ်မ္းမင္း"
"ဗ်ာ အကို"
"မင္း ႀကီးလာရင္ ဘာျဖစ္ခ်င္လဲ"
ေခါင္းစားစရာ အေမးပဲ...။
ဘာမွမရွိခဲ့တဲ့ ကြၽန္ေတာ့္ဘဝမွာ ဘာမွမရခဲ့ဖူးသလို ဘာမွလည္းလိုခ်င္စိတ္မရွိခဲ့ဘူး။
ပန္းတိုင္လည္း မရွိသလို လမ္းဆုံးကိုလည္းႀကိဳမေတြးခဲ့ဘူး။
ဒါေပမဲ့ အခုျဖစ္ေနတဲ့ခံစားခ်က္အတိုင္းဆိုရင္ေတာ့.....
"အကိုရဲ႕ ပထမဆုံးအရိပ္"
"ဟင္"
"ေသနတ္က အကိုရဲ႕ပထမအရိပ္မို႔ ကြၽန္ေတာ္ကဒုတိယျဖစ္ခ်င္ဖူးခဲ့တယ္ ၊အခုေတာ့ ကြၽန္ေတာ္ပဲပထမျဖစ္ခ်င္တယ္"
"မင္းဒီစကားကိုမေမ့ေသးဘူးပဲကို.."
"အကိုကေရာ..ဘာျဖစ္ခ်င္လဲ"
"ငါက...
ကဗ်ာဆရာျဖစ္ခ်င္တယ္"
"ၿပီးေတာ့ေရာ"
"အိမ္ေတာ္လည္း အလုပ္ေတြကို အမေတာ္ဆီဝန္မပိပဲ ကူခ်င္တယ္"
"ၿပီးေတာ့ေရာ"
"တပ္ထဲကထြက္ၿပီးအနားယူမယ္"
"ၿပီးေတာ့ေရာ"
"အမေတာ္ရဲ႕ မဂၤလာပြဲကို တခမ္းတမားက်င္းပေပးခ်င္တယ္"
"ၿပီးေတာ့ေရာ.."
ကြၽန္ေတာ္ ၿပီးေတာ့ေရာ ၿပီးေတာ့ေရာ ဆိုၿပီး ကြၽန္ေတာ္လိုခ်င္တဲ့ အေျဖကိုမေရာက္မခ်င္းေမးမိေနတယ္။အကို႔စိတ္ထဲ ကြၽန္ေတာ္မရွိဘူးထင္ပါရဲ႕ ကြၽန္ေတာ္နဲ႕ပတ္သတ္တဲ့ အေတြးတစ္ခုတစ္ေလေတာင္မရွိဘူး။
"ၿပီးေတာ့ ...မင္းတို႔နဲ႕တူတူ
ေအးေအးခ်မ္းခ်မ္းေနခ်င္တယ္"
ရပါၿပီ။ဒီေလာက္အေျဖဆို ရၿပီ။မင္းဆိုတဲ့ နာမ္စားပါတာနဲ႕ ကြၽန္ေတာ္ေက်နပ္ပါၿပီ။
ကြၽန္ေတာ့္နာမည္ ခ်မ္းမင္းဆိုတာထက္
'မင္း' ဆိုတဲ့ နာမ္စားက ပိုလို႔ေတာင္ႏွစ္လိုဖြယ္ေကာင္းေနပါေသးတယ္။
'မင္းတို႔နဲ႕တူတူ' ဆိုတဲ့စကားေလးနဲ႕တင္ ကြၽန္ေတာ္ေရွ႕ဆက္လို႔ရပါၿပီ အကိုရယ္။
(A/N ကဗ်ာဆရာ Wilfred Owen ရဲ႕
ကဗ်ာကို ျမန္မာလိုျပန္ဆိုထားတဲ့ေနရာမွာအမွားပါခဲ့ရင္ ေတာင္းပန္ပါတယ္ဗ်။
ျပန္ဆိုမႈေၾကာင့္ ကဗ်ာရဲ႕အႏွစ္အရသာေပါ့သြားရင္ တရားခံက်ေတာ္ပါပဲ (┳◇┳) )