မြတ်နိုးရပါသော သုံ့ပန်း[ Belo...
By Ren_Thaw
47.5K 3.5K 583
"ဤသုံ့ပန်းငယ်..ဘယ်လမ်းဝယ် ပွင့်လန်းနိုင်မည်လဲ။" This fiction is my own creation. Places and names are just my... More
Episode[ 1 ]🧡
Episode[ 2 ]🧡
Episode[ 3 ]🧡
Episode[ 4 ]🧡
Episode[ 5 ]🧡
Episode[ 6 ]🧡
Episode[ 7 ]🧡
Episode[ 8 ]🧡
Episode[ 9 ]🧡
Episode[ 11 ]🧡
Episode[ 12 ]🧡
Episode[13]🧡
Episode[ 14 ]🧡
Episode[ 15 ]🧡
Episode[ 16 ]🧡
Episode[ 17 ]🧡
Episode[ 18 ]🧡
Episode[ 19 ]🧡
Episode[ 20 ]🧡
Episode[ 21 ]🧡
Episode[ 22 ]🧡
Episode[ 23 ]🧡
Episode[ 24 ]🧡
Episode[ 25 ]🧡
Episode[ 26 ]🧡
The End🧡✨
Episode[ 10 ]🧡
1.3K 123 7
By Ren_Thaw
Unicode🧡
တစ်ရက်ထဲ ဂရုစိုက်ပေးခဲ့တဲ့လူကို သံယောဇဉ်တွယ်မိခဲ့တာလို့ပြောရင် ရီစရာကြီးဖြစ်နေမလား...
ထိုလူကြီးက ကျွန်တော့်ကို ဂရုစိုက်ပေးတယ်..ပထမဆုံး ဂရုစိုက်ခံရခြင်းနဲ့ပေါ့။
ထိုလူကြီးက စကားပြောပြတ်တယ်၊ကျွန်တော့်ထက် အရပ်ရှည်တယ်၊မျက်နှာလည်းတည်တယ် ဒါပေမဲ့ သူ့ရဲ့အမတော်ဆိုသူနဲ့ စကားပြောနေချိန်မှာတော့ ပြုံးနေခဲ့တယ်။
တစ်ရက်တည်းနဲ့သံယောဇဥ်တွယ်မိခဲ့တဲ့ ထိုလူကြီးဆီကို လေ့ကျင့်ရေးဆင်းတဲ့နေ့ကစပြီး စာပို့ခွင့်ရခဲ့တယ်။လေ့ကျင့်ရေးက ပင်ပန်းတယ်၊ခြေတွေလက်တွေနာတယ်၊
တစ်ခါတစ်ကျ ကြောက်တယ်၊တစ်ခါတစ်ခါကျ ပျော်မိသလိုပဲ..အတိအကျနားမလည်ဘူး ဒါပေမဲ့ ဗိုလ်မှူးဆီစာပို့ဖို့ မှင်တံကိုကိုင်တဲ့အချိန်မှာတော့ ကျွန်တော်တွေဝေနေမိတယ်။
ဘယ်ကစရေးရမလဲ ၊ဘာအကြောင်းကိုရေးရမလဲ၊ ကျွန်တော်ရေးတာတွေကို ဗိုလ်မှူးသဘောကျပါ့မလား၊ ကျတော်ပင်ပန်းကြောင်းတွေရေးမိရင် ဗိုလ်မှူးအတွက်ရီစရာကြီးဖြစ်နေမလား၊ အဓိပ္ပာယ်ရောရှိပါ့မလား၊
(၁၂)နှစ်တောင်ရှိနေပြီ တအားပျော့ညံ့တဲ့သူလို့ ထင်သွားမလား..တကယ်ပဲ ဘာရေးရမလဲ။
ဒါမှမဟုတ် ဗိုလ်မှူးသိချင်နေတဲ့ ကျွန်တော့်ငယ်ဘဝအကြောင်းပြောပြရမလား။
နှုတ်တစ်ရာစာတစ်လုံးတဲ့..အဲ့စာတစ်လုံးကလည်းခက်လိုက်တာဗျာ။
'သို့
ဗိုလ်မှူး
အကုန်အဆင်ပြေပါတယ်။
ကျွန်တော်မျိုး သေချာသင်နေပါတယ်။
ဂရုစိုက်ပါ။
ချမ်းမင်း '
"တကယ်ကိုဒါကိုစာပို့တယ်လို့ခေါ်နေတာလား"
"ဘာလို့လဲ ဗိုလ်မှူး
အိမ်က စာပဲလား "
"အင်း မင်းတောင်အလွတ်ရနေပြီပဲ"
"မဟုတ်ပါဘူး ဗိုလ်မှူးက အထက်ကစာမိန့်ဆို မျက်နှာကြီးကမာထန်နေတာပဲ၊
အိမ်က စာဆိုရင် အမြဲပြုံးနေလို့ပါ"
"ဟုတ်လား..."
နိုရာ့စာကတော့ သူမရဲ့တတ်ကြွမှုအလုံးစုံကိုမြင်နေရသလို ဘယ်လောက်ပင်ပန်းကြောင်းလဲညည်းစာတွေပါနေသည်။ဒီအထဲမှာ
ချည်နှောင် အကြိုက်ဆုံးစာသားကတော့
'ဗိုလ်မှူး..ကျွန်မက အဝေးမှုန်ဆိုတာ မမကြီးသိသွားပြီး မျက်မှန်တစ်လက်ဆင်ပေးတယ်။
ဒါပေမဲ့ လေ့ကျင့်ရေးမှာ ခဏခဏအကြောင်းအမျိုးမျိုးနဲ့ဖိမိပြီး ကွဲလွန်းလို့ အခုဆို မမကြီးက ကျွန်မကို မျက်မှန်လုပ်နည်းသင်တန်းတောင်တတ်ခိုင်းထားတယ်'
နိုရာကအရိပ်အကဲမသိပျော်နေ၏။
ချမ်းမင်းကျပြန်တော့လည်း စာပို့တာတောင် သတင်းပေးစာကြီးနဲ့တူနေအောင် ရေးထားသည်။တကယ်ကို လူတွေနဲ့အနေဝေးတဲ့ကလေးပင်။ဒါကိုတော့ ဖြေးဖြေးချင်းပြုပြင်ယူရမည်။
'ချမ်းမင်း
မင်းငါ့ဆီစာပို့ရင် ဒီ့ထက်ပိုပြီး သဘာဝဆန်လို့ရပါတယ်။မင်းဖြစ်သမျှငါ့ကို တိုင်ပင်လို့ရတယ်။ဘာပဲဖြစ်ဖြစ် ငါမင်းအတွက်ရှိနေပါတယ်..အစဆိုတော့ ပင်ပန်းမယ် ကြောက်နေမိမယ် နောက်ပိုင်းမှာအဆင်ပြေသွားလိမ့်မယ် ဒါကြောင့်စိတ်မပူပါနဲ့..
မင်းချည်နှောင်ကြိုး '
ဗိုလ်မှူးက ကျွန်တော့်ရဲ့စိတ်ကို ဖောက်ထွင်းမြင်နေရတာလား...သူအကုန်ကိုသိနေတာပဲ။ဒါပေမဲ့ ဗိုလ်မှုးက အဲ့လိုပြောတော့ စိတ်သက်သာရာရခဲ့တယ်။ဗိုလ်မှူးနဲ့ ပိုနီးလာသလိုခံစားရခဲ့တယ်။ဒီနေ့ လေ့ကျင့်ရေးမှာ ကျွန်တော့်လက် သေနတ်ပြောင်းမှာတပ်ထားတဲ့ ဗက်နက်နဲ့ထိုးမိခဲ့တယ်။(ဗက်နက်ဆိုတာက 1900ကျော်တုန်းက စစ်ပွဲတွေမှာ သေနတ်ပြောင်းအပေါ်မှာတပ်ထားတဲ့ ၈လက်မအသွားရှိတဲ့ ဓားရှည်ဖြစ်ပါတယ်)
လေ့ကျင့်ရင်းဖြစ်သွားခဲ့ပေမဲ့ မမကြီးကိုကြည့်ရတာ တော်တော်စိတ်ပူနေတဲ့ပုံပေါက်နေခဲ့တယ်..ဒီအကြောင်းကို ဗိုလ်မှူးကိုဖွင့်ပြောမိတဲ့အခါ
"အဲ့ဒါတွေကို သေချာဂရုစိုက် ဒဏ်ရာဖြစ်တာမကောင်းဘူး။တခါတခါကျ ဖြတ်ပစ်ရတတ်တယ်။ နောက်တစ်ခါထပ်မဖြစ်စေနဲ့ ချမ်းမင်း ဒီ့ထက်လုံလုံခြုံခြုံလေ့ကျင့်ပါ။ငါနောက်နေတာမဟုတ်ဘူး တကယ်ဖြတ်ရလိမ့်မယ်" တဲ့
အဲ့ဒါကြောင့် မမကြီးကတအားစိတ်ပူနေတာဖြစ်မယ်။ဗိုလ်မှူးစကားကို သေချာနားထောင်ကြီးနောက်အဲ့လိုထပ်မဖြစ်အောင် နေနေပြီလေ။
ဗိုလ်မှူးကလိမ်တယ်...(၁)နှစ်လို့ ပြောပြီး
(၄)နှစ်တောင််ကြာခဲ့တယ်၊ကျွန်တော်အသက်(၁၅)ထဲရောက်ခဲ့တဲ့အထိ ဗိုလ်မှူးကျွန်တော်တို့ကိုလာမတွေ့ခဲ့ဘူး။
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာပေးတာလား ၊ကျွန်တော်ကံကောင်းခဲ့တာလား..လေ့ကျင့်ရေး(၃)နှစ်အကြာမှာ ပထမဆုံးစစ်ဆင်ရေးအနေနဲ့ ရုတ်တရက်တာဝန်ကျခဲ့တယ်။
တကယ်ရုတ်တရက်ပါပဲ...
"ဘာ စစ်ဆင်ရေး!!"
"ဟုတ်ပါတယ်မမကြီး ကျွန်တော်မျိုးမတို့ ခရင်ဂါမြို့ကို ဒီည(၆)နာရီထွက်ရပါမယ်"
"မဟုတ်သေးပါဘူး နင်တို့က ခုမှလေ့ကျင့်ရေးဆင်းတုန်းလေ"
"ဟုတ်ပါတယ် မမကြီး
ဒါပေမဲ့ ခရင်ဂါမြို့ကိုဝင်ပြီးရင် ဗိုလ်မှူးတို့ရဲ့ စခန်းမကြီးကိုသွားရမှာပါ"
"ခုတောင် ၅နာရီခွဲနေပြီကို ဘာတွေပြောနေကြလဲ..ချည်နှောင်တို့ကရှေ့တန်းမှာလေ ဘာလို့နင်တို့ကိုရှေ့တန်းကိုလိုက်သွားရမှာလဲ"
"အဲ့ဒါက ဒေးရန်းမြို့ရဲ့အနောက်က နိုက်ရန်းမြို့ကိုပြန်ယူဖို့ black codeကျလာလို့ပါ"
"ဒါပေမဲ့-"
"ကျွန်တော်မျိုးမတို့ အချိန်မရှိတော့ပါဘူး မမကြီး ၊ လာနှုတ်ဆက်တာပါ။
မယ်တော်ကြီးရော မမကြီးရော အိမ်ထိန်းအန်တီလေးကိုရော နှုတ်ဆက်ပါတယ်"
နှောင်ရစ်ရဲ့မျက်စိရှေ့က ကလေးနှစ်ယောက် သူမကို ဦးညွတ်ကာ နှုတ်ဆက်နေကြသည်။
ရုတ်တရက်ကြီးမို့ သူမခြေမကိုင်မိဖြစ်နေမိသည်။အခုထိမယုံနိုင်သေး ဒီကလေးနှစ်ယောက်ရှေ့တန်းထွက်ရမယ်ဆိုတာကိုသိနေပေမဲ့ သူမမပြင်ဆင်ရသေး
"နေပါဦး !ငါ့ဆီစာမှန်မှန်ရေးနော်"
"စိတ်ချပါ မမကြီး"
"နင်တို့နှစ်ယောက်လုံး သတိထားနော်
တစ်ယောက်ကို တစ်ယောက်ကူညီကျနော်"
"ဟုတ်ကဲ့မမကြီး"
"အဓိက နှစ်ယောက်လုံး မဟုတ်ဘူး သုံးယောက်လုံး ကျန်းကျန်းမာမာနဲ့ပြန်လာတာပဲမြင်ချင်တယ်"
"ဟုတ်မမကြီး"
"နိုရာ မင်းကအကြီးမို့ ငါစိတ်ချမယ်"
"ဟ..ဟုတ် မမကြီး"
နိုရာမမကြီးရဲ့ မှာတမ်းခြွေမှုတွေကြားမှာငိုချင်စိတ်များဖြစ်လာပြီ။အံကိုကြိတ်ကာတင်းထားရင်း သူမကိုပြုံးပြလိုက်သည်။မမကြီးကတော့ အရင်လိုအသံမာမာမဟုတ်တော့ပဲ အရာရာကို ဂရုစိုက်ဖို့ဆုံးမနေပြီ။
"ချမ်းမင်း မင်းရဲ့အမနိုရာကို ဂရုစိုက်ပါ"
သွေးမတော်သားမစပ်ကလေးတွေပေမဲ့ နိုရာက ချမ်းမင်းကို မောငိအရင်းလိုဂရုစိုက်သည်။ချမ်းမင်းကတော့ အေးစက်စက်ပေမဲ့ ထုတ်မပြခြင်းလို့ထင်မိတယ်။ဒါကြောင့် သူတို့နှစ်ယောက်က သူမမျက်လုံးထဲမှာ မောင်နှမနှစ်ယောက်နဲ့တူနေသည်။
ချမ်းမင်းခေါင်းကိုဆတ်ကနဲ ညိမ့်လိုက်ပြီး တပ်မကိုပြန်သွားရတော့မည်။ထွက်သွားလုဆဲ မောင်နှမနှစ်ယောက်ကို နှောင်ရစ်က
' ခဏနေဦး ' ဆိုကာ အိမ်ပေါ်ကိုပြေးတတ်သွားပြီး သူမလက်ထဲတွင် လက်ကိုင်ပဝါနဲ့
ဆွဲကြိုးတစ်ကုံးပါလာ၏။
"ရော့ နိုရာ "
"ရှင် "
နို့ရာ့ရဲ့ အိပ်ကပ်ထဲကို သူမရဲ့ လက်ကိုင်ပုဝါလေးကိုအတင်းထိုးထည့်လိုက်သည်။
ချမ်းမင်းကိုကျ ဆွဲကြိုးလေးဆွဲပေးလိုက်ကာ
"သွားတော့ ရပြီ"
"မမကြီး ဒါမမကြီးထိုးထားတဲ့ ပုဝါမလား
ဘာလို့ကျွန်တော်မျိုးမကို..."
"ယူသွား
ဒီဆွဲကြိုးကို သေချာသိမ်းသွား အဲ့ဒါကငါ့ခမည်းတော်ရဲ့ဆွဲကြိုးမို့လို့"
"မမကြီး.."
"သွားတော့ နောက်ကျမယ်"
"ဟုတ်မမကြီး"
အိမ်ရှေ့အဝကိုရောက်သွားတဲ့ ကလေးနှစ်ယောက်ကို နှောင်ရစ်ငယ်ကြည့်နေရင်း ဝမ်းနည်းလာမိသည်။
သူတို့နှစ်ဦးထံ အပြေးသွားကာ ထွေးဖက်ထားလိုက်ပြီး
"ပြီးတော့ မမေ့နေ့ဦး
ငါကမင်းတို့တွေစစ်ပြန်လာမှ အိမ်ထောင်ပြုမှာ"
"ဟုတ်..ဟုတ်ကဲ့ မမကြီး"
"မမကြီးလည်း ဂရုစိုက်ပါ"
တခါမှစကားမပြောတဲ့ ချမ်းမင်းဒီတစ်ခါတော့ ဂရုစိုက်ပါတဲ့ ။ပြေးဖို့နေနေသာသာ တစ်ခါမှလမ်းမြန်မြန်မလျှောက်တဲ့ ရစ်ငယ်က သူတို့နှစ်ယောက်ကို အပြေးလာကာပွေ့ဖက်ထားသည်။ချည်နှောင့်ကို အဖေလို့ဆိုလျှင် နှောင်ရစ်ငယ်က အမေပင်။
သူမလွှတ်လိုက်တဲ့ အချိန်မှာတော့ ပင်မစခန်းကိုပြန်လာကာ ခရင်ဂါမြို့ကိုသွားဖို့ ကားစီးနေရပြီဖြစ်သည်။
နိုရာတစ်လမ်းလုံး တရှိုက်ရှိုက်ငိုယိုနေသည်။
ချမ်းမင်းကတော့ မမကြီးပေးလိုက်တဲ့ ဆွဲကြိုးကိုထိုင်ကြည့်နေမိသည်။
Aceတစ်ယောက်ကတော့ (၄)နှစ်ကျော်ကြာမှာ deltaတပ်နဲ့ပြန်ပေါင်းဖက်ရတော့မှာမို့ ပျော်နေသည်။လွန်ခဲ့တဲ့ (၄)နှစ်တာကာလလုံးမှာ သူအပါအဝင် deltaတပ်ဖွဲ့ဝင်အကုန်လုံးနဂိုထက် သန်မာလာကြပြီ ကြီးမားတောင့်တင်းတဲ့ခန္တာကိုယ်နဲ့ လက်ရုံးရည်လဲတိုးတတ်လာကြပြီ။
တစ်ဦးတည်းသော အမျိုးသမီးဖြစ်တဲ့ နိုရာကလည်း မျက်မှန်သာတပ်ထားရတယ် အဝေးမှုန်သာဆိုတာ သူ့နီးနီးတော်တဲ့ စနိုက်ပါသမားတစ်ယောက်ဖြစ်နေပြီ။ချမ်းမင်းဆိုသည်မှာလည်း ခန္တာကိုယ်ရော စိတ်ဓာတ်ရောအပြစ်ပြောစရာမရှိ ဒါပေမဲ့ ညာခြေထောက်က ငယ်ငယ်တုန်းက တော်တော်နှိိပ်စက်ခံခဲ့ရသည့်ပုံပေါ်သည်။ခုချိန်ထိ ခြေမခိုင်ဒါပေမဲ့ တိုက်ရေးခိုက်ရေးတွင် အဲ့ခြေထောက်ကိုသာ အဓိကထားတိုက်တဲ့ချမ်းမင်းကို သူနားမလည်နိုင်တော့ပါ။
တစ်ညလုံးနီးပါး ကားစီးသွားကာမှ ခရင်ဂါမြို့ကို မနက်(၁၀)နာရီခွဲတွင်ဆိုက်ရောက်ခဲ့ကြသည်။ဒေသခံလူတွေ တစ်ယောက်မှမရှိဘဲ မြင်ရတဲ့မြင်ကွင်းမှာ မီးဟုန်းဟုန်းတောက်နေသည်။ဤသည်မှာ ကျူးကျော်သူများက မြို့ကိုမီးလောင်တိုက်သွင်းထားပုံပေါ်မည်။
မီးစတွေဟိုတစ်စ ဒီတစ်လွင့်ကျဲကာ အိမ်တွေမှာ မီးလောင်ထား၏။
ပထမတော့ aceရှင်းပြသည်က ခရင်ဂါမြို့ကိုစစ်ကူပေးပြီးလျှင် ချည်နှောင်တို့ရှိရာဆီလိုက်သွားရမည်။အခုတော့ တိုက်ပွဲပြီးသွားပုံရသည်။အနောက်တောင်ဘကစစ်တမ်းကို အောင်မြင်စွာသိမ်းနိုင်ခဲ့ပေမဲ့ အကုန်လုံးအထိအခိုက်အပျက်အစီးများပြီး အားလုံးနီးပါး ပြင်းထန်စွာရထားကြသည်။
"ဆင်း..ဒဏ်ရာရနေတဲ့လူတွေကို ထရပ်ပေါ်တင်ကြ!!!"
Aceရဲ့ အော်သံကြီးနောက်မှာ မြေပြင်ပေါ်ကို တပ်သားတွေ တဒုန်းဒုန်း ပြေးဆင်လာကြကာ ဒဏ်ရာရနေတဲ့သုတွေဆီအမြန်သွားကြရတော့သည်။တတ်နိုင်သမျှ တစ်ယောက်တစ်ယောက်စီထမ်းခေါ်ကာ ထရပ်ကားပေါ်သို့တင်ပေးလိုက်ခြင်းဖြင့် တပ်မကြီးဆီပြန်ကာ ဆေးကုသကြရတော့မည်။
ငယ်သားတွေကို အော်ဟစ်အမိန့်ပေးနေရင်း Aceသတိရသွားသည်မှာ အနောက်တောင်တပ်ကို တာဝန်ကျသည်မှာ ဗိုလ်မှူးရဲ့သူငယ်ချင်း ဗိုလ်မှူးကြီးသစ္စာလင်းဆောင်။
"ဆိုးတာပဲ ဗိုလ်မှူးကြီးကို လိုက်ရှာရမှာပေါ့!"
ခုနကတော့တခြားလူတွေကို ခိုင်းနေရင်းတန်းလန်း အခုသူပါ ဗိုလ်မှုးကြီးကို ရှာနေရပြီ။
ထိုစဥ်...
ချမ်းမင်းက ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို တွေ့လို့ပြေးသွားလေသည်။ထိုလူမှာတခြားလူမဟုတ်တဲ့ ဗိုလ်မှူးလင်းဆောင်။
ညာဘက်ပေါင်ကို သေနတ်ထိမှန်ထားပြီး သွေးတော်တော်ဆုံးရှုံးထားသည်။ချမ်းမင်းကို လင်းဆောင်မြင်သွားတဲ့အချိန်မှာ
"အော်..ရောက်လာပြီလား
ငါဒဏ်ရာရထားလို့ လမ်းမလျှောက်နိုင်ဘူး
မင်းတွဲမှရမယ်ကွ"
ချမ်းမင်းက လင်းဆောင်ကိုသေချာစူးစိူက်ကြည့်ပြီး ခဏအကြာ သူယူလာတဲ့ သေနတ်ပြောင်းထပ်က ဗက်နက်(လှံစွပ်)ကို ပေါင်နားတေ့လိုက်တော့
"ဟေ့ကောင် ဘာလုပ်တာတုန်းငါ့ကိုမထူဘဲ
ဓားကြီးထောက်ပြီး"
"မ..မရပါဘူး ဖြတ်.ဖြတ်ရပါမယ်"
"ဟမ်!!ဘာ...ဘာဖြစ်တယ်"
"ဖြတ်ရပါမယ်"
"ဘာကိုဖြတ်ရမှာလဲ"
"ခင်ဗျားရဲ့ ခြေထောက်ကို"
"ဟ!! ဟေ့ကောင်မဟုတ်သေးဘူးနော် မင်းဟာက၊ ငါကသေနတ်ထိထားတာကွ ငါ့ကိုတွဲ၊ မင်းတို့ထရပ်ပါလာတယ်မလား အဲ့ကိုလိုက်ပို့"
"မရဘူး အရင်ဖြတ်ရမယ်"
"မအေဘေး!!
မင်းကို ဘယ်သူတောင်းစားက ဒဏ်ရာရရင် ဖြတ်ရမယ်လို့ပြောထားလဲ"
"ဗိုလ်..ဗိုလ်မှူး "
"ဘာ!!ဘာဖြစ်တယ်
ဟေ့ ဟေ့ကောင် ရပ်လိုက်နော် မလုပ်ရဘူး
ဘယ်ဗိုလ်မှူးက မင်းကိုအဲ့လိုပြောထားတာလဲ"
"ဗိုလ်..မှူး မင်းချည်နှောင်ကြိုး "
"ဘာ!!ချည်နှောင် "
လင်းဆောင်ခဗျာ စိတ်ကလဲဆိုး ချမ်းမင်းကိုလည်း လန့်နေရသည်။တကယ်လုပ်မဲ့ပုံနဲ့ ဗက်နက်ကြီးနဲ့ သူ့ရဲ့ခြေထောက်ကို ချိန်နေပြီ။
"ချည်နှောင်ရေ မင်းဒီကောင်ကို ဘာတွေသင်ပေးထားတာလဲ!!!"
Zawgyi🧡
'သို့
ဗိုလ်မှူး
အကုန်အဆင်ပြေပါတယ်။
ဂရုစိုက်ပါ။
ချမ်းမင်း '
"ဘာလို့လဲ ဗိုလ်မှူး
အိမ်က စာပဲလား "
"ဟုတ်လား..."
'ချမ်းမင်း
မင်းချည်နှောင်ကြိုး '
(၄)နှစ်တောင်ကြာခဲ့တယ်၊ကျွန်တော်အသက်(၁၅)ထဲရောက်ခဲ့တဲ့အထိ ဗိုလ်မှူးကျွန်တော်တို့ကိုလာမတွေ့ခဲ့ဘူး။
တကယ်ရုတ်တရက်ပါပဲ...
"ဘာ စစ်ဆင်ရေး!!"
"ဟုတ်ပါတယ် မမကြီး
"ဒါပေမဲ့-"
"စိတ်ချပါ မမကြီး"
"ဟုတ်ကဲ့မမကြီး"
"ဟုတ်မမကြီး"
"ဟ..ဟုတ် မမကြီး"
"ရော့ နိုရာ "
"ရှင် "
"သွားတော့ ရပြီ"
"ယူသွား
"မမကြီး.."
"သွားတော့ နောက်ကျမယ်"
"ဟုတ်မမကြီး"
"ပြီးတော့ မမေ့နေ့ဦး
"ဟုတ်..ဟုတ်ကဲ့ မမကြီး"
ထိုစဉ်...
"အော်..ရောက်လာပြီလား
မင်းတွဲမှရမယ်ကွ"
ချမ်းမင်းက လင်းဆောင်ကိုသေချာစူးစိုက်ကြည့်ပြီး ခဏအကြာ သူယူလာတဲ့ သေနတ်ပြောင်းထပ်က ဗက်နက်(လှံစွပ်)ကို ပေါင်နားတေ့လိုက်တော့
ဓားကြီးထောက်ပြီး"
"ဟမ်!!ဘာ...ဘာဖြစ်တယ်"
"ဖြတ်ရပါမယ်"
"ဘာကိုဖြတ်ရမှာလဲ"
"မရဘူး အရင်ဖြတ်ရမယ်"
"မအေဘေး!!
"ဗိုလ်..ဗိုလ်မှူး "
"ဘာ!!ဘာဖြစ်တယ်
"ဘာ!!ချည်နှောင် "
Continue Reading
You'll Also Like
1M 77.7K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
47.7K 2.4K 66
ဦးဦး က ရုပ်ကြမ်းပြီးလူမိုက်ဆန်ပေမယ့် ဇံ့ကိုသိပ်ချစ်ရှာတာ။ (ရန်စောရ+ဇံကို) ဦးဦး က ရုပ်ကြမ်းပြီးလူမိုက်ဆန်ပေမယ့် ဇ့ံကိုသိပ်ချစ်ရှာတာ။ (ရန်စောရ+ဇံကို)...
85.2K 3.3K 29
ဖတ်ကြည့်ကြည့်ပါ ပြီးရင်ဝေဖန်ပေးပေါ့ !
18.4K 2K 34