ပြန်လည်မွေးဖွားပြီးနောက် ထင်ပ...

By Vanilla_IceCream61

1M 158K 2.7K

စေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြ... More

Story Description (Zawgyi)
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199

28

6.6K 1K 4
By Vanilla_IceCream61

မိသားစုနှင့် လက်ဆုံစားခြင်း
...................................

မိသားစုနှင့်အတူ လက်ဆုံစားရန် အရှေ့ဘက်ခန်းမသို့သွားနေစဉ်တွင် စံအိမ်၏အခြေအနေပြောင်းလဲနေသည်ကို လင်းကျန်သိသိသာသာခံစားမိသည်။ သူ့အား အပြုံးတစ်ခုဖြင့် နှုတ်ဆက်တတ်သော အစေခံများက ယခုအခါ ရိုရိုသေသေ ဦးညွှတ်နေကြသည်။

ဤဖြစ်ရပ်အတွက် အကြောင်းရင်းမှာ သိသာသည်။

လင်းကျန်က ၎င်းကိုလုံးဝဆိုးရွားသည်ဟု မထင်ပေ။ ထို့အပြင် သူက ယခင်ကကဲ့သို့သော လူမျိုးမဟုတ်တော့ချေ။ သူ့အားယခင်ကကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ပြက်ရယ်ပြုတတ်သောပုံစံမျိုးအဖြစ် ပြောင်းလဲခိုင်းရန်မှာ မဖြစ်နိုင်ပေ။

အရှေ့ဘက်ခန်းမသို့ သူရောက်သွားသောအခါ လင်းရှင်းကျုံနှင့် လင်းကျိုးဝမ်တို့အပြင် လင်းမောက်မောက်နှင့်ဖုချိုက်ဝေတို့ပါ ရှိနေသည်ကို တွေ့လိုက်ရသည်။ လင်းမိသားစုက အတော်သေးငယ်သောမိသားစုဖြစ်သဖြင့် အခြားမိသားစုများနှင့် မတူဘဲ အချို့စည်းမျဉ်းများအပေါ် အနုမစိတ်ပေ။

ဖုချိုက်ဝေက ခန်းမ၏အရှေ့တွင် စောင့်နေသည်။ သူမက လင်းကျန်လာနေသည်ကို တွေ့သောအခါ အကြည့်များတောက်ပလာသည်။ "ဒီကိုလာ။ ရာသီဥတုက ပိုအေးလာပြီ။ မင်း ကိုယ့်ကျန်းမာရေးအတွက် စွပ်ပြုတ်ပူပူလေးတွေ သောက်သင့်တယ်။"

လင်းကျန်က သူ့အဒေါ်ကို နှုတ်ဆက်ရန်အတွက် မြန်မြန်လျှောက်လာသည်။ "အဒေါ်၊ အပြင်မှာအကြာကြီး ထွက်မစောင့်နေနဲ့လေ။ ဒီမှာ အေးလွန်းတယ်။"

"အိုး၊ ငါအဆင်ပြေပါတယ်။ " ဖုချိုက်ဝေက ပြန်ဖြေသည်။

သူတို့နှစ်ယောက်က လင်းမောက်မောက် စိတ်လှုပ်ရှားစွာ ပြေးလွှားကစားနေသော ခန်းမအတွင်းသို့ အတူဝင်လာကြသည်။

လင်းမောက်မောက်က လင်းကျန်ထံသို့သွားရန် ဟန်ပြင်နေစဉ်တွင် လင်းကျိုးဝမ်က ချောင်းဟန့်လိုက်ရာ လင်းမောက်မောက်တန့်သွားသည်။ လင်းမောက်မောက်၏ အပြုအမူမှာ ရိုရိုသေသေပုံစံမျိုး ပြောင်းလဲသွားသည်။ "အစ်ကိုကြီး" လင်းမောက်မောက်က နှုတ်ဆက်သည်။

သူ့အဖေအား ကျောပေးထားရင်း လင်းမောက်မောက်က လင်းကျန်အား မဲ့ရွဲ့ပြသည်။ "ကျွန်တော့်အဖေက တကယ်လျင်တာပဲ။" သူက တီးတိုးပြောသည်။

လင်းကျန်၏အကြည့်များ နူးညံ့သွားကာ လင်းမောက်မောက်အား ပုန်းလျှိုးကွယ်လျှိုး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ညီအစ်ကိုများက စားပွဲသို့ရောက်သည်အထိ လက်ကိုင်ရင်းလျှောက်လာကြသည်။ လင်းကျန်က လင်းရှင်းကျုံနှင့် လင်းကျိုးဝမ်တို့အား နှုတ်ဆက်သည့်အနေဖြင့် ဦးညွှတ်လိုက်သည်။ ထို့နောက် သူနှင့်လင်းမောက်မောက်တို့က ထိုင်ခုံအသီးသီး၌နေရာယူလိုက်သည်။

ဖုချိုက်ဝေက လင်းကျန်၏ရှေ့၌ စွပ်ပြုတ်တစ်ခွက် ချပေးသည်။ "ရော့၊ ဒါလေး နွေးနေတုန်းသောက်လိုက်။"

လင်းကျန်က သူ့အဒေါ်အား ကျေးဇူးတင်လိုက်ပြီး စွပ်ပြုတ်ပူပူကို ငုံသောက်လိုက်သည်။ စွပ်ပြုတ်က အတော်ပူသေးသော်လည်း အနံမွှေးကာ အရသာရှိသည်။ သူ၎င်းကိုမျိုချလိုက်သောအခါ အနွေးဓာတ်က ဗိုက်ထဲပျံ့သွားပြီး သူလမ်းတစ်လျှောက်၌ ခံစားခဲ့ရသော အအေးဓာတ်ကို ဖယ်ထုတ်လိုက်သည်။

သူ့အဒေါ်က ဤစွပ်ပြုတ်အား သူမသောက်မီ အခိုက်အတန့်ကမှ ပြင်ထားကြောင်း သူသိသည်။ သူ သူ့အဒေါ်၏စွပ်ပြုတ်အား မသောက်ရတော့သည်မှာ မည်မျှကြာပြီဖြစ်သနည်း။

လင်းကျန်က သူ့မျက်ဝန်းများထဲမှ ပြင်းပြသောခံစားချက်များကို မဖော်ထုတ်ရဲသဖြင့် အနည်းငယ်ခေါင်းငုံ့ထားသည်။ သူက စွပ်ပြုတ်အား ဖြည်းဖြည်းချင်း ကုန်အောင်သောက်လိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ပြီးမှသာ ခေါင်းပြန်မော့လာသည်။

သူဤနေရာသို့ ရောက်သောအချိန်မှစ၍ သူ့အဖိုးနှင့်ဦးလေးတို့၏ အမူအရာများ၌ ဘာထူးဆန်းမှုကိုမှ သတိမထားမိပေ။ သူ့ခြံဝန်းထဲ၌ ဖြစ်ပျက်ခဲ့သောအရာများကို မသိသည့်အလား သူတို့၏မျက်နှာများက ပုံမှန်အတိုင်းပင်။

"လူတိုင်း မြန်မြန် စားကြတော့။ မင်းတို့အားလုံး ဆာနေလောက်ပြီ။" လင်းရှင်းကျုံပြောလိုက်ရာ လူတိုင်းက တူများအား အသင့်ပြင်လိုက်သည်။

လင်းမောက်မောက်က လင်းကျန်၏ဘေး၌ ထိုင်သည်။ နှစ်လုတ်မျှစားပြီးနောက် သူက အသားတစ်ဖတ်ကို လင်းကျန်၏ပန်းကန်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်သည်။ "ဒီမှာ အစ်ကိုကြီး။ ဒါအစ်ကိုကြီးအကြိုက် ကြက်ပေါင်။"

လင်းကျန်က ပန်းကန်ထဲမှအသားအားကြည့်ကာ သူ့ရင်ထဲမြင့်တက်လာသော ခါးခါးသီးသီးခံစားချက်အား မျိုချလိုက်သည်။ ထို့နောက်သူကအပြန်အလှန်အနေဖြင့် လင်းမောက်မောက်ကြိုက်သောအသားကို မောက်မောက်၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "ဒီမှာ မင်းအကြိုက်လေး။"

လင်းမောက်မောက်က ပျော်ရွှင်စွာထရယ်သည်။ ထို့နောက်သူက လင်းကျန်မှ သူ့အတွက် ထည့်ထားပေးသောအသားကို ညှပ်ယူကာ တစ်ကိုက်ကိုက်လိုက်သည်။

လင်းကျန်က သူ့အဖိုးနှင့် သူ့ဦးလေးတို့အတွက်လည်း ထိုနည်းတူပင်လုပ်ဆောင်လိုက်သည်။ သို့ရာတွင် သူ့အဒေါ်အတွက် ထိုနည်းတူမထည့်ပေးနိုင်ပေ။ လက်ထပ်ပြီးအမျိုးသမီးတစ်ယောက်၏ပန်းကန်ထဲသို့ ထိုအမျိုးသမီး၏ ခင်ပွန်းမဟုတ်သူက အစားအစာထည့်ပေးခြင်းမှာ မသင့်တော်ပေ။ ထိုအစား သူက အဒေါ်ကို များများစားရန်သာ တီးတိုးပြောလိုက်သည်။

လင်းမောက်မောက်ကလည်း သူ့အစ်ကို၏အပြုအမူကို အတုယူကာ လင်းရှင်းကျုံ၊ လင်းကျိုးဝမ်နှင့် ဖုချိုက်ဝေတို့၏ ပန်းကန်များထဲသို့ စားစရာများလိုက်ထည့်ပေးသည်။

"ရပြီ၊ ရပြီ၊ တော်လောက်ပြီ။ မင်းဘာသာမင်းစား၊ ငါတို့ကိုမစိုးရိမ်နဲ့။" လင်းရှင်းကျုံက တင်းမာသောလေသံဖြင့်ပြောလိုက်သော်လည်း မျက်နှာထားက ပြုံးတုံ့တုံ့နှင့်ပင်။

လင်းမောက်မောက်က နာခံစွာ ပြန်ထိုင်ချကာ သူ့အစ်ကိုကြီးပေးသောအသားအား ကိုက်စားနေသည်။

"အဖိုး၊ ဦးလေးနဲ့ အန်တီတို့ ပြီးရင်ကျွန်တော့်မှာ ပြောစရာရှိတယ်။" လင်းကျန်က ပြောသည်။

သူ့ခြံဝန်းထဲ၌ ဘာဖြစ်ပျက်ခဲ့သည်ကို အကြီးများသိထားလောက်သည်။ လင်းကျန်က ထိုအကြောင်း သေချာနေသည်။ မည်သူကမှသူ့အားလာမမေးရသည့် အကြောင်းကိုလည်း လင်းကျန်ခန့်မှန်းမိသလောက်ပင်။ အကြီးများကသူ့အားယုံကြည်လျှင်ပင် သူရှင်းပြသင့်သည်။

လင်းကျိုးဝမ်းနှင့် ဖုချိုက်ဝေတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေသည်။ လင်းကျန် ဘာပြောချင်သည်ကို သူတို့ခန့်မှန်းမိပြီးသားပင်။

"ကောင်းပြီ။ စားပြီးရင် ငါတို့ဘေးခန်းမဆီသွားကြမယ်။" လင်းရှင်းကျုံကပြောသည်။ "ငါတို့ အဲ့မှာ ဆွေးနွေးလို့ရတယ်။"

လင်းမောက်မောက်က လင်းကျန်အား မဲ့တဲ့တဲ့ ကြည့်နေသည်။ "အစ်ကိုကြီး စကားဝိုင်းမှာ ကျွန်တော်ကျ ဘာကြောင့်ပါလို့မရတာလဲ။"

လင်းကျန်က လင်းမောက်မောက်၏ ခေါင်းအနောက်ဘက်အား ပွတ်ကာ ပြောလိုက်သည်။ "ဒါက အရွယ်ရောက်ပြီးတဲ့လူတွေရဲ့ ကိစ္စလေ။ မင်းအသက်နည်းနည်းကြီးလာရင် အစ်ကိုကြီး မင်းကို ပြောပြမယ်၊ ဟုတ်ပြီလား။"

လင်းမောက်မောက်၏ နှုတ်ခမ်းများကော့လာသည်။ "ကျွန်တော် အရွယ်ရောက်တဲ့ အခမ်းအနားကို ဘယ်တော့မှလုပ်မှာလဲ။"

"မင်း အရပ်ပိုရှည်လာရင် မင်းရဲ့အခမ်းအနားရှိလာမှာပေါ့။" လင်းကျန်က ဖြေသည်။

လင်းကျန်၏ စကားများက လင်းမောက်မောက်အား မျှော်လင့်ချက်မဲ့သွားစေသည်။ သူ၏လက်ရှိအရပ်နှင့်သာဆိုလျှင် သူ့အစ်ကိုကြီးကဲ့သို့သောအရပ်မျိုး ဖြစ်လာနိုင်ရန် ထာဝရမျှကြာလိမ့်မည်။

လင်းကျန်၏နှလုံးသားထဲ လေးလံနေမှုက လင်းမောက်မောက်၏တည်ရှိမှုကြောင့် အတော်ပေါ့ပါးသွားသည်။

မိသားစုလက်ဆုံစားပြီးနောက် လင်းမောက်မောက်မှလွဲ၍ တစ်မိသားစုလုံး ဘေးခန်းမထဲ၌ စုဝေးနေကြသည်။ လင်းမောက်မောက်အား အိမ်တော်ထိန်းမှ ရေချိုးရန်ခေါ်သွားသည်။

လင်းကျန်က သူ့အဖိုး၊ ဦးလေးနှင့်အဒေါ်တို့အပေါ်တွင် ရိုးသားသည်။ သူက တုန်ရှန်းနှင့် တုန်စုန့်တို့လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို မိသားစုဝင်များထံ မဖုံးကွယ်ထားဘဲ ပြောပြလိုက်သည်။ ၎င်းတို့၏အပြစ်အားသက်သေခံပေးနိုင်မည့် ပစ္စည်းများကိုလည်း ရှာတွေ့ခဲ့ကြောင်း ပြောပြသည်။

အရာအားလုံးအကြောင်း ကြားပြီးနောက် လင်းရှင်းကျုံ၏မျက်နှာက သုန်မှုန်သွားသည်။ လင်းကျိုးဝမ်နှင့် ဖုချိုက်ဝေတို့လည်း ဒေါသထွက်နေသည်။

"မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ အဲ့လိုသစ္စာဖောက်အစေခံတွေကို ဆက်ထားထားရင် မင်းနဲ့လင်းမိသားစုအပေါ် တော်တော်အန္တရာယ်ရှိလာနိုင်တယ်။ "လင်းရှင်းကျုံကပြောသည်။

"ဒါတွေအကုန် ငါ့အမှားပဲ။ ဒီနှစ်ယောက်နဲ့ပက်သက်ပြီး တစ်ခုခုမှားနေတာကို ငါသတိမထားမိခဲ့ဘူး။ အဲ့ဒါကြောင့် မင်းထောင်ချောက်မိသွားတော့မလိုတောင် ဖြစ်သွားတယ်။ စိတ်မကောင်းပါဘူးကွယ်။"

"အဲ့လို မပြောပါနဲ့ အဒေါ်ရယ်။ ဒါအဒေါ့်အမှား မဟုတ်ပါဘူး။ တုန်ရှန်းနဲ့ တုန်စုန့်တို့ ကလေးအရွယ်ကတည်းက ကျွန်တော်တို့မိသားစုမှာ နေခဲ့တာပဲ။ သူတို့က ကျွန်တော့်ရဲ့ဘေးမှာ တစ်ချိန်လုံးအလုပ်အကျွေးပြုခဲ့တာ။ သူတို့ကို လုံလုံလောက်လောက် မတင်းကြပ်ခဲ့တာ ကျွန်တော့်အပြစ်ပါ။" လင်းကျန်က ပြောသည်။

မဟုတ်ပေ။ ဤအဖြစ်က သူ့အဒေါ်၏အမှားမဟုတ်ပေ။ သူသာပြန်လည်မွေးဖွားလာခြင်းမဟုတ်လျှင် ၎င်းတို့၏လိမ်လည်လှည့်ဖြားမှုအား တန်းမသိနိုင်လောက်ပေ။

"အဓိကအချက်က ဒီလိုကိစ္စတွေကို ကာကွယ်ဖို့ခက်ခဲတယ်။ ငါတို့ကျန်အာရဲ့ အကြံအတိုင်းမြန်မြန်အကောင်အထည်ဖော်ရမဲ့ပုံပဲ။ ငါတို့အစေခံတွေရဲ့ အဆင့်တွေကို ပြန်စီစဉ်ရမယ်။ ဒီအစေခံနှစ်ယောက်လိုလူမျိုး ထပ်ရှိနေမှာကို ငါမလိုချင်ဘူး။" လင်းကျိုးဝမ်က လေးနက်သောအမူအရာဖြင့် ပြောသည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

မိသားစုႏွင့္ လက္ဆုံစားျခင္း
...................................

မိသားစုႏွင့္အတူ လက္ဆုံစားရန္ အေရွ႕ဘက္ခန္းမသို႔သြားေနစဥ္တြင္ စံအိမ္၏အေျခအေနေျပာင္းလဲေနသည္ကို လင္းက်န္သိသိသာသာခံစားမိသည္။ သူ႕အား အၿပဳံးတစ္ခုျဖင့္ ႏႈတ္ဆက္တတ္ေသာ အေစခံမ်ားက ယခုအခါ ရိုရိုေသေသ ဦးၫႊတ္ေနၾကသည္။

ဤျဖစ္ရပ္အတြက္ အေၾကာင္းရင္းမွာ သိသာသည္။

လင္းက်န္က ၎ကိုလုံးဝဆိုး႐ြားသည္ဟု မထင္ေပ။ ထို႔အျပင္ သူက ယခင္ကကဲ့သို႔ေသာ လူမ်ိဳးမဟုတ္ေတာ့ေခ်။ သူ႕အားယခင္ကကဲ့သို႔ ကိုယ့္ကိုယ္ကိုယ္ ျပက္ရယ္ျပဳတတ္ေသာပုံစံမ်ိဳးအျဖစ္ ေျပာင္းလဲခိုင္းရန္မွာ မျဖစ္နိုင္ေပ။

အေရွ႕ဘက္ခန္းမသို႔ သူေရာက္သြားေသာအခါ လင္းရွင္းက်ဳံႏွင့္ လင္းက်ိဳးဝမ္တို႔အျပင္ လင္းေမာက္ေမာက္ႏွင့္ဖုခ်ိဳက္ေဝတို႔ပါ ရွိေနသည္ကို ေတြ႕လိုက္ရသည္။ လင္းမိသားစုက အေတာ္ေသးငယ္ေသာမိသားစုျဖစ္သျဖင့္ အျခားမိသားစုမ်ားႏွင့္ မတူဘဲ အခ်ိဳ႕စည္းမ်ဥ္းမ်ားအေပၚ အႏုမစိတ္ေပ။

ဖုခ်ိဳက္ေဝက ခန္းမ၏အေရွ႕တြင္ ေစာင့္ေနသည္။ သူမက လင္းက်န္လာေနသည္ကို ေတြ႕ေသာအခါ အၾကည့္မ်ားေတာက္ပလာသည္။ "ဒီကိုလာ။ ရာသီဥတုက ပိုေအးလာၿပီ။ မင္း ကိုယ့္က်န္းမာေရးအတြက္ စြပ္ျပဳတ္ပူပူေလးေတြ ေသာက္သင့္တယ္။"

လင္းက်န္က သူ႕အေဒၚကို ႏႈတ္ဆက္ရန္အတြက္ ျမန္ျမန္ေလွ်ာက္လာသည္။ "အေဒၚ၊ အျပင္မွာအၾကာႀကီး ထြက္မေစာင့္ေနနဲ႕ေလ။ ဒီမွာ ေအးလြန္းတယ္။"

"အိုး၊ ငါအဆင္ေျပပါတယ္။ " ဖုခ်ိဳက္ေဝက ျပန္ေျဖသည္။

သူတို႔ႏွစ္ေယာက္က လင္းေမာက္ေမာက္ စိတ္လႈပ္ရွားစြာ ေျပးလႊားကစားေနေသာ ခန္းမအတြင္းသို႔ အတူဝင္လာၾကသည္။

လင္းေမာက္ေမာက္က လင္းက်န္ထံသို႔သြားရန္ ဟန္ျပင္ေနစဥ္တြင္ လင္းက်ိဳးဝမ္က ေခ်ာင္းဟန့္လိုက္ရာ လင္းေမာက္ေမာက္တန့္သြားသည္။ လင္းေမာက္ေမာက္၏ အျပဳအမူမွာ ရိုရိုေသေသပုံစံမ်ိဳး ေျပာင္းလဲသြားသည္။ "အစ္ကိုႀကီး" လင္းေမာက္ေမာက္က ႏႈတ္ဆက္သည္။

သူ႕အေဖအား ေက်ာေပးထားရင္း လင္းေမာက္ေမာက္က လင္းက်န္အား မဲ့႐ြဲ႕ျပသည္။ "ကြၽန္ေတာ့္အေဖက တကယ္လ်င္တာပဲ။" သူက တီးတိုးေျပာသည္။

လင္းက်န္၏အၾကည့္မ်ား ႏူးညံ့သြားကာ လင္းေမာက္ေမာက္အား ပုန္းလွ်ိုးကြယ္လွ်ိုး မ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။

ညီအစ္ကိုမ်ားက စားပြဲသို႔ေရာက္သည္အထိ လက္ကိုင္ရင္းေလွ်ာက္လာၾကသည္။ လင္းက်န္က လင္းရွင္းက်ဳံႏွင့္ လင္းက်ိဳးဝမ္တို႔အား ႏႈတ္ဆက္သည့္အေနျဖင့္ ဦးၫႊတ္လိုက္သည္။ ထို႔ေနာက္ သူႏွင့္လင္းေမာက္ေမာက္တို႔က ထိုင္ခုံအသီးသီး၌ေနရာယူလိုက္သည္။

ဖုခ်ိဳက္ေဝက လင္းက်န္၏ေရွ႕၌ စြပ္ျပဳတ္တစ္ခြက္ ခ်ေပးသည္။ "ေရာ့၊ ဒါေလး ႏြေးေနတုန္းေသာက္လိုက္။"

လင္းက်န္က သူ႕အေဒၚအား ေက်းဇူးတင္လိုက္ၿပီး စြပ္ျပဳတ္ပူပူကို ငုံေသာက္လိုက္သည္။ စြပ္ျပဳတ္က အေတာ္ပူေသးေသာ္လည္း အနံေမႊးကာ အရသာရွိသည္။ သူ၎ကိုမ်ိဳခ်လိဳက္ေသာအခါ အႏြေးဓာတ္က ဗိုက္ထဲပ်ံ့သြားၿပီး သူလမ္းတစ္ေလွ်ာက္၌ ခံစားခဲ့ရေသာ အေအးဓာတ္ကို ဖယ္ထုတ္လိုက္သည္။

သူ႕အေဒၚက ဤစြပ္ျပဳတ္အား သူမေသာက္မီ အခိုက္အတန့္ကမွ ျပင္ထားေၾကာင္း သူသိသည္။ သူ သူ႕အေဒၚ၏စြပ္ျပဳတ္အား မေသာက္ရေတာ့သည္မွာ မည္မွ်ၾကာၿပီျဖစ္သနည္း။

လင္းက်န္က သူ႕မ်က္ဝန္းမ်ားထဲမွ ျပင္းျပေသာခံစားခ်က္မ်ားကို မေဖာ္ထုတ္ရဲသျဖင့္ အနည္းငယ္ေခါင္းငုံ႕ထားသည္။ သူက စြပ္ျပဳတ္အား ျဖည္းျဖည္းခ်င္း ကုန္ေအာင္ေသာက္လိုက္သည္။ သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္ၿပီးမွသာ ေခါင္းျပန္ေမာ့လာသည္။

သူဤေနရာသို႔ ေရာက္ေသာအခ်ိန္မွစ၍ သူ႕အဖိုးႏွင့္ဦးေလးတို႔၏ အမူအရာမ်ား၌ ဘာထူးဆန္းမႈကိုမွ သတိမထားမိေပ။ သူ႕ၿခံဝန္းထဲ၌ ျဖစ္ပ်က္ခဲ့ေသာအရာမ်ားကို မသိသည့္အလား သူတို႔၏မ်က္ႏွာမ်ားက ပုံမွန္အတိုင္းပင္။

"လူတိုင္း ျမန္ျမန္ စားၾကေတာ့။ မင္းတို႔အားလုံး ဆာေနေလာက္ၿပီ။" လင္းရွင္းက်ဳံေျပာလိုက္ရာ လူတိုင္းက တူမ်ားအား အသင့္ျပင္လိုက္သည္။

လင္းေမာက္ေမာက္က လင္းက်န္၏ေဘး၌ ထိုင္သည္။ ႏွစ္လုတ္မွ်စားၿပီးေနာက္ သူက အသားတစ္ဖတ္ကို လင္းက်န္၏ပန္းကန္ထဲသို႔ ဂ႐ုတစိုက္ ထည့္ေပးလိုက္သည္။ "ဒီမွာ အစ္ကိုႀကီး။ ဒါအစ္ကိုႀကီးအႀကိဳက္ ၾကက္ေပါင္။"

လင္းက်န္က ပန္းကန္ထဲမွအသားအားၾကည့္ကာ သူ႕ရင္ထဲျမင့္တက္လာေသာ ခါးခါးသီးသီးခံစားခ်က္အား မ်ိဳခ်လိဳက္သည္။ ထို႔ေနာက္သူကအျပန္အလွန္အေနျဖင့္ လင္းေမာက္ေမာက္ႀကိဳက္ေသာအသားကို ေမာက္ေမာက္၏ပန္းကန္ထဲသို႔ ထည့္ေပးလိုက္သည္။ "ဒီမွာ မင္းအႀကိဳက္ေလး။"

လင္းေမာက္ေမာက္က ေပ်ာ္႐ႊင္စြာထရယ္သည္။ ထို႔ေနာက္သူက လင္းက်န္မွ သူ႕အတြက္ ထည့္ထားေပးေသာအသားကို ညွပ္ယူကာ တစ္ကိုက္ကိုက္လိုက္သည္။

လင္းက်န္က သူ႕အဖိုးႏွင့္ သူ႕ဦးေလးတို႔အတြက္လည္း ထိုနည္းတူပင္လုပ္ေဆာင္လိုက္သည္။ သို႔ရာတြင္ သူ႕အေဒၚအတြက္ ထိုနည္းတူမထည့္ေပးနိုင္ေပ။ လက္ထပ္ၿပီးအမ်ိဳးသမီးတစ္ေယာက္၏ပန္းကန္ထဲသို႔ ထိုအမ်ိဳးသမီး၏ ခင္ပြန္းမဟုတ္သူက အစားအစာထည့္ေပးျခင္းမွာ မသင့္ေတာ္ေပ။ ထိုအစား သူက အေဒၚကို မ်ားမ်ားစားရန္သာ တီးတိုးေျပာလိုက္သည္။

လင္းေမာက္ေမာက္ကလည္း သူ႕အစ္ကို၏အျပဳအမူကို အတုယူကာ လင္းရွင္းက်ဳံ၊ လင္းက်ိဳးဝမ္ႏွင့္ ဖုခ်ိဳက္ေဝတို႔၏ ပန္းကန္မ်ားထဲသို႔ စားစရာမ်ားလိုက္ထည့္ေပးသည္။

"ရၿပီ၊ ရၿပီ၊ ေတာ္ေလာက္ၿပီ။ မင္းဘာသာမင္းစား၊ ငါတို႔ကိုမစိုးရိမ္နဲ႕။" လင္းရွင္းက်ဳံက တင္းမာေသာေလသံျဖင့္ေျပာလိုက္ေသာ္လည္း မ်က္ႏွာထားက ၿပဳံးတုံ႕တုံ႕ႏွင့္ပင္။

လင္းေမာက္ေမာက္က နာခံစြာ ျပန္ထိုင္ခ်ကာ သူ႕အစ္ကိုႀကီးေပးေသာအသားအား ကိုက္စားေနသည္။

"အဖိုး၊ ဦးေလးနဲ႕ အန္တီတို႔ ၿပီးရင္ကြၽန္ေတာ့္မွာ ေျပာစရာရွိတယ္။" လင္းက်န္က ေျပာသည္။

သူ႕ၿခံဝန္းထဲ၌ ဘာျဖစ္ပ်က္ခဲ့သည္ကို အႀကီးမ်ားသိထားေလာက္သည္။ လင္းက်န္က ထိုအေၾကာင္း ေသခ်ာေနသည္။ မည္သူကမွသူ႕အားလာမေမးရသည့္ အေၾကာင္းကိုလည္း လင္းက်န္ခန့္မွန္းမိသေလာက္ပင္။ အႀကီးမ်ားကသူ႕အားယုံၾကည္လွ်င္ပင္ သူရွင္းျပသင့္သည္။

လင္းက်ိဳးဝမ္းႏွင့္ ဖုခ်ိဳက္ေဝတို႔က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနသည္။ လင္းက်န္ ဘာေျပာခ်င္သည္ကို သူတို႔ခန့္မွန္းမိၿပီးသားပင္။

"ေကာင္းၿပီ။ စားၿပီးရင္ ငါတို႔ေဘးခန္းမဆီသြားၾကမယ္။" လင္းရွင္းက်ဳံကေျပာသည္။ "ငါတို႔ အဲ့မွာ ေဆြးႏြေးလို႔ရတယ္။"

လင္းေမာက္ေမာက္က လင္းက်န္အား မဲ့တဲ့တဲ့ ၾကည့္ေနသည္။ "အစ္ကိုႀကီး စကားဝိုင္းမွာ ကြၽန္ေတာ္က် ဘာေၾကာင့္ပါလို႔မရတာလဲ။"

လင္းက်န္က လင္းေမာက္ေမာက္၏ ေခါင္းအေနာက္ဘက္အား ပြတ္ကာ ေျပာလိုက္သည္။ "ဒါက အ႐ြယ္ေရာက္ၿပီးတဲ့လူေတြရဲ႕ ကိစၥေလ။ မင္းအသက္နည္းနည္းႀကီးလာရင္ အစ္ကိုႀကီး မင္းကို ေျပာျပမယ္၊ ဟုတ္ၿပီလား။"

လင္းေမာက္ေမာက္၏ ႏႈတ္ခမ္းမ်ားေကာ့လာသည္။ "ကြၽန္ေတာ္ အ႐ြယ္ေရာက္တဲ့ အခမ္းအနားကို ဘယ္ေတာ့မွလုပ္မွာလဲ။"

"မင္း အရပ္ပိုရွည္လာရင္ မင္းရဲ႕အခမ္းအနားရွိလာမွာေပါ့။" လင္းက်န္က ေျဖသည္။

လင္းက်န္၏ စကားမ်ားက လင္းေမာက္ေမာက္အား ေမွ်ာ္လင့္ခ်က္မဲ့သြားေစသည္။ သူ၏လက္ရွိအရပ္ႏွင့္သာဆိုလွ်င္ သူ႕အစ္ကိုႀကီးကဲ့သို႔ေသာအရပ္မ်ိဳး ျဖစ္လာနိုင္ရန္ ထာဝရမွ်ၾကာလိမ့္မည္။

လင္းက်န္၏ႏွလုံးသားထဲ ေလးလံေနမႈက လင္းေမာက္ေမာက္၏တည္ရွိမႈေၾကာင့္ အေတာ္ေပါ့ပါးသြားသည္။

မိသားစုလက္ဆုံစားၿပီးေနာက္ လင္းေမာက္ေမာက္မွလြဲ၍ တစ္မိသားစုလုံး ေဘးခန္းမထဲ၌ စုေဝးေနၾကသည္။ လင္းေမာက္ေမာက္အား အိမ္ေတာ္ထိန္းမွ ေရခ်ိဳးရန္ေခၚသြားသည္။

လင္းက်န္က သူ႕အဖိုး၊ ဦးေလးႏွင့္အေဒၚတို႔အေပၚတြင္ ရိုးသားသည္။ သူက တုန္ရွန္းႏွင့္ တုန္စုန့္တို႔လုပ္ေဆာင္ခဲ့သမွ် အရာအားလုံးကို မိသားစုဝင္မ်ားထံ မဖုံးကြယ္ထားဘဲ ေျပာျပလိုက္သည္။ ၎တို႔၏အျပစ္အားသက္ေသခံေပးနိုင္မည့္ ပစၥည္းမ်ားကိုလည္း ရွာေတြ႕ခဲ့ေၾကာင္း ေျပာျပသည္။

အရာအားလုံးအေၾကာင္း ၾကားၿပီးေနာက္ လင္းရွင္းက်ဳံ၏မ်က္ႏွာက သုန္မႈန္သြားသည္။ လင္းက်ိဳးဝမ္ႏွင့္ ဖုခ်ိဳက္ေဝတို႔လည္း ေဒါသထြက္ေနသည္။

"မင္း ေကာင္းေကာင္း လုပ္ခဲ့တယ္။ အဲ့လိုသစၥာေဖာက္အေစခံေတြကို ဆက္ထားထားရင္ မင္းနဲ႕လင္းမိသားစုအေပၚ ေတာ္ေတာ္အႏၱရာယ္ရွိလာနိုင္တယ္။ "လင္းရွင္းက်ဳံကေျပာသည္။

"ဒါေတြအကုန္ ငါ့အမွားပဲ။ ဒီႏွစ္ေယာက္နဲ႕ပက္သက္ၿပီး တစ္ခုခုမွားေနတာကို ငါသတိမထားမိခဲ့ဘူး။ အဲ့ဒါေၾကာင့္ မင္းေထာင္ေခ်ာက္မိသြားေတာ့မလိုေတာင္ ျဖစ္သြားတယ္။ စိတ္မေကာင္းပါဘူးကြယ္။"

"အဲ့လို မေျပာပါနဲ႕ အေဒၚရယ္။ ဒါအေဒၚ့အမွား မဟုတ္ပါဘူး။ တုန္ရွန္းနဲ႕ တုန္စုန႔္တို႔ ကေလးအ႐ြယ္ကတည္းက ကြၽန္ေတာ္တို႔မိသားစုမွာ ေနခဲ့တာပဲ။ သူတို႔က ကြၽန္ေတာ့္ရဲ႕ေဘးမွာ တစ္ခ်ိန္လုံးအလုပ္အေကြၽးျပဳခဲ့တာ။ သူတို႔ကို လုံလုံေလာက္ေလာက္ မတင္းၾကပ္ခဲ့တာ ကြၽန္ေတာ့္အျပစ္ပါ။" လင္းက်န္က ေျပာသည္။

မဟုတ္ေပ။ ဤအျဖစ္က သူ႕အေဒၚ၏အမွားမဟုတ္ေပ။ သူသာျပန္လည္ေမြးဖြားလာျခင္းမဟုတ္လွ်င္ ၎တို႔၏လိမ္လည္လွည့္ျဖားမႈအား တန္းမသိနိုင္ေလာက္ေပ။

"အဓိကအခ်က္က ဒီလိုကိစၥေတြကို ကာကြယ္ဖို႔ခက္ခဲတယ္။ ငါတို႔က်န္အာရဲ႕ အႀကံအတိုင္းျမန္ျမန္အေကာင္အထည္ေဖာ္ရမဲ့ပုံပဲ။ ငါတို႔အေစခံေတြရဲ႕ အဆင့္ေတြကို ျပန္စီစဥ္ရမယ္။ ဒီအေစခံႏွစ္ေယာက္လိုလူမ်ိဳး ထပ္ရွိေနမွာကို ငါမလိုခ်င္ဘူး။" လင္းက်ိဳးဝမ္က ေလးနက္ေသာအမူအရာျဖင့္ ေျပာသည္။

Continue Reading

You'll Also Like

462K 48.4K 169
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
52.5K 5.8K 87
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
63.7K 9.7K 100
reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှီပြီးရန် ကြိုးစားနေသော ကုဟွိုက်က ကူးပြော...
95.4K 10.1K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...